Millat al-Islam

Chapter 113 · 5 verses · Alin U Yin

Surah Al-Falaq in Burmese

Arabic with tafsir Listen to Surah Al-Falaq (1299 reciters)
Meccanسورة الفلق5 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

قُلۡ أَعُوذُ بِرَبِّ ٱلۡفَلَقِ ١(အို၊ ရစူလ်တမန်တော် အသင်သည်) လျှောက်ထား ပန်ကြားလော့။ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖြစ်ပေါ်စေတော်မူသော အရှင်မြတ်ထံတော်၌ (အကာအကွယ်ရရန်) ခိုလှုံယူပါ၏။ مِن شَرِّ مَا خَلَقَ ٢ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာဟူသမျှအနက်မှ မကောင်းမှုဖြစ်စေသော အရာဟူသမျှ (ထိခိုက်နစ်နာစေနိုင်သည့် ဘေးဒုက္ခအန္တရာယ်ဟူသမျှ) မှလည်းကောင်း။ وَمِن شَرِّ غَاسِقٍ إِذَا وَقَبَ ٣အမှောင်အတိ ဖြစ်လာ၍ လွှမ်းမိုးဖုံးအုပ်သောအခါ ယင်းအမှောင်၏မကောင်းမှု (ဆိုင်ရာဘေးအန္တရာယ်များ) မှလည်းကောင်း။ وَمِن شَرِّ ٱلنَّفَّٰثَٰتِ فِي ٱلۡعُقَدِ ٤(လူ့ဘောင်အဖွဲ့အစည်း၌ စဥ်းစားဉာဏ် ထုံစေသော အယူသည်းမှုများ ပျံ့နှံ့စေလျက်) အထုံးအဖွဲ့များ၌ (ဂါထာမန္တရားရွတ်ဖတ်) မန်းမှုတ်သောသူတို့၏မကောင်းမှု (ဆိုင်ရာဘေးအန္တရာယ်များ) မှလည်းကောင်း။ وَمِن شَرِّ حَاسِدٍ إِذَا حَسَدَ ٥မနာလိုငြူစူသောသူသည် မနာလိုငြူစူသောအခါ (ယင်းမနာလိုမှုနှင့်ပတ်သက်ဆက်နွယ်နေသည့်) မကောင်းမှု (ဆိုင်ရာ ဘေးအန္တရာယ်များ) မှလည်းကောင်း၊ (အရှင်မြတ်ထံ ခိုလှုံပါ၏)။

Translation: Alin U Yin.