بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ ١(အို၊ ရစူလ်တမန်တော်) အပြတ်အသတ် ဖုံးလွှမ်းမည့်အဖြစ်အပျက်ကြီး၏သတင်းအချက်အလက် (အကြောင်းအရာ) များသည် အသင့်ထံ ရောက်ရှိခဲ့ပြီမဟုတ်လော။ وُجُوهٌ يَوۡمَئِذٍ خَٰشِعَةٌ ٢ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ကြောက်ရွံ့ညှို့ငယ်လျက် မျက်လွှာချထားကြပေမည်။ عَامِلَةٌ نَّاصِبَةٌ ٣(လောကီဘဝ၌) ခြေကုန်လက်ပန်းကျလျက် ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ခဲ့သော်လည်း (တမလွန်၌ မည်သည့် ဝေစုမျှ မရသောကြောင့် ဖြစ်၏။) تَصۡلَىٰ نَارًا حَامِيَةً ٤သူတို့သည် အရှိန်ပြင်းစွာ လောင်နေသော မီးထဲသို့ (လောင်ကျွမ်းစေရန်) ဝင်ရောက်ကြရပေမည်။ تُسۡقَىٰ مِنۡ عَيۡنٍ ءَانِيَةٍ ٥သူတို့သည် ပွက်ပွက်ဆူနေသော ရေပူစမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။ لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٍ ٦သူတို့အတွက် အဆိပ်ရှိသောဆူးပင်မှအပ အခြားစားစရာဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။ لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٍ ٧ယင်းဆူးပင်သည် (သူတို့အတွက်) အဟာရမဖြစ်ရုံသာမက ဆာလောင်မှုမှ (ရောင့်ရဲလွတ်ကင်းစေရန် လည်း) မည်သို့မျှ အကျိုးပြု အသုံးဝင်လိမ့်မည် မဟုတ်ပေ။ وُجُوهٌ يَوۡمَئِذٍ نَّاعِمَةٌ ٨ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ပျော်ရွှင်မြူးထူးလျက် (မျက်နှာထားမျိုး) ရှိကြလိမ့်မည်။ لِّسَعۡيِهَا رَاضِيَةٌ ٩(သူတို့သည် လောကီဘဝ၌) သူတို့ကြိုးပမ်းဆောင်ရွက်ခဲ့မှု (၏အသီးအပွင့်များကို ရယူခံစားရမည်ဖြစ်သော) ကြောင့် အလွန်ပင်အားရကျေနပ်လျက် ရှိကြပေမည်။ فِي جَنَّةٍ عَالِيَةٍ ١٠(သူတို့သည်) မြင့်မြတ်လှစွာသော သုခဥယျာဉ်၌ ရှိကြလိမ့်မည်။ لَّا تَسۡمَعُ فِيهَا لَٰغِيَةً ١١သည်တို့သည် ယင်း (သုခဥယျာဉ်) ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားအပြောအဆိုကို ကြားကြမည် မဟုတ်ပေ။ فِيهَا عَيۡنٌ جَارِيَةٌ ١٢ယင်း (သုခဥယျာဉ်) ၌ တသွင်သွင် စီးဆင်းလျက်ရှိသော စိမ့်စမ်းရေ ရှိ၏။ فِيهَا سُرُرٌ مَّرۡفُوعَةٌ ١٣ယင်း (သုခဥယျာဉ်) ၌ မြင့်မားသော သလွန်များ ရှိကြ၏။ وَأَكۡوَابٌ مَّوۡضُوعَةٌ ١٤ထို့ပြင် အသင့်ပြင်ဆင်ထားရှိသောသောက်စရာဖလားများသည်လည်း စီထားလျက် ရှိကြ၏။ وَنَمَارِقُ مَصۡفُوفَةٌ ١٥ထို့ပြင် ဆိုဖာမှီအုံးများသည်လည်း အနှံ့အပြား စီစဉ်ခင်းကျင်းထားလျက် ရှိကြပေမည်။ وَزَرَابِيُّ مَبۡثُوثَةٌ ١٦ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ဖြန့်ခင်းထားလျက် ရှိကြပေသည်။ أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ ١٧(အရှင်မြတ်သည်) ကုလားအုတ်များအား မည်သို့ ဖွဲ့စည်းဖြစ်တည်စေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။ وَإِلَى ٱلسَّمَآءِ كَيۡفَ رُفِعَتۡ ١٨ထိုနည်းတူစွာ (အရှင်မြတ်သည်) မိုးကောင်းကင်အား မည်သို့ မြင့်မားမြဲမြံစွာ ရှိစေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။ وَإِلَى ٱلۡجِبَالِ كَيۡفَ نُصِبَتۡ ١٩ထို့အတူ တောင်များအား မည်သို့ ခိုင်မာမြဲမြံစွာ စိုက်ထူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင် ခြင် မသုံးသပ်ကြလေသလော။) وَإِلَى ٱلۡأَرۡضِ كَيۡفَ سُطِحَتۡ ٢٠ထို့ပြင် မြေကမ္ဘာအား မည်သို့ ခင်းကျင်းဖြန့်ကျဲထားစေတော်မူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။) فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٌ ٢١သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သတိပေးနှိုးဆော်၍ အလေးအနက်တိုက်တွန်း သူတစ်ဦးဖြစ်ခြင်းနှင့်အညီ (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ဖြင့်) သတိပေး ဆုံးမလော့။ لَّسۡتَ عَلَيۡهِم بِمُصَيۡطِرٍ ٢٢အသင်သည် သူတို့အပေါ်၌ ကြီးကြပ်ကွပ်ကဲသူအဖြစ် တာဝန်ပေးခန့်ထားတော်မူသည်မဟုတ် (၍ သူတို့အား အတင်းအဓမ္မ ယုံကြည်စေခွင့် မရှိ) ပေ။ إِلَّا مَن تَوَلَّىٰ وَكَفَرَ ٢٣သို့ရာတွင် မည်သူမဆို (သတိပေးနှိုးဆော်ခြင်းမှ) မျက်နှာလွှဲကျောခိုင်း၍ (အမှန်တရားကို) မယုံကြည်သွေဖည်ငြင်းပယ်ခဲ့လျှင်။ فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ ٢٤အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်၏။ إِنَّ إِلَيۡنَآ إِيَابَهُمۡ ٢٥ဧကန်မလွဲ၊ သူတို့ဘဝခရီး၏နောက်ဆုံးပြန်လည်ရာသည် ငါအရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။ ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم ٢٦ထို့နောက် သူတို့အားစစ်ဆေးမေးမြန်း၍ စာရင်းရှင်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။