Millat al-Islam

Chapter 56 · 96 verses · Alin U Yin

Surah Al-Waqi'a in Burmese

Arabic with tafsir Listen to Surah Al-Waqi'a (1348 reciters)

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

إِذَا وَقَعَتِ ٱلۡوَاقِعَةُ ١အဖြစ်အပျက်ကြီး (ရှင်ပြန်ထမည့်နေ့) သည် ဖြစ်ပွားစေတော်မူသောအခါ။ لَيۡسَ لِوَقۡعَتِهَا كَاذِبَةٌ ٢ယင်းအဖြစ်အပျက် (ကိယာမတ်) ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ် နိုင်မည် မဟုတ်ပေ။ خَافِضَةٌ رَّافِعَةٌ ٣(ယင်းအဖြစ်အပျက်သည် အချို့အား) အညွှန့်ချိုး နိမ့်ချစေ၍ (အချို့အား) ဂုဏ်မြှင့်တင်စေမည်။ إِذَا رُجَّتِ ٱلۡأَرۡضُ رَجًّا ٤မြေကမ္ဘာသည် ပြင်းထန်သောတုန်ခါမှုဖြင့် တုန်လှုပ်စေခြင်းခံရသောအခါ။ وَبُسَّتِ ٱلۡجِبَالُ بَسًّا ٥ထို့ပြင် တောင်များသည် တစ်စစီ၊ ညက်ညက်ကြေမွအောင် အစိတ်စိတ်အမြွှာမြွှာကွဲစေခြင်း ခံရသောအခါ။ فَكَانَتۡ هَبَآءً مُّنۢبَثًّا ٦ယင်းတောင်များသည် ဖုန်မှုန့်များအဖြစ် (နေရာအနှံ့သို့ ကျိုးတိုးကျဲတဲ) ဖြန့်ကြဲသွားကြလိမ့်မည်။ وَكُنتُمۡ أَزۡوَٰجًا ثَلَٰثَةً ٧ထို့ပြင် (သတိရှိသူနှင့်သတိမရှိသူများ၊ တာဝန်ကျေသူနှင့်တာဝန်မဲ့သူများ၊ အပေါင်းအဖော်ကြင်ရာများ၊ စသည်ဖြင့်) ဒွယံဒွယံရှိကြသော သင်တို့သည် သုံးမျိုးသုံးစား ဖြစ်သွားကြပေမည်။ فَأَصۡحَٰبُ ٱلۡمَيۡمَنَةِ مَآ أَصۡحَٰبُ ٱلۡمَيۡمَنَةِ ٨မည်သို့ပင်ဖြစ်စေ (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား၊ အဘယ်မျှ ကောင်းမြတ်၍ ဝမ်းမြောက်ပျော်ရွှင်လျက် ပေါက်မြောက်အောင်မြင်သော လက်ယာဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။ وَأَصۡحَٰبُ ٱلۡمَشۡـَٔمَةِ مَآ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ ٩သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ဝဲဘက်၌ ရရှိထားလျက် စိတ်ပျက်စရာကောင်းလောက်အောင် အသုံးမကျသော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ဝဲဘက်၏အဖော်များသည်ကား၊ အဘယ်မျှ စိတ်ဆင်းရဲဖွယ်ရာ အသုံးမကျသောလက်ဝဲဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။ وَٱلسَّٰبِقُونَ ٱلسَّٰبِقُونَ ١٠ထို့ပြင် (လောကီဘဝ၌ ယုံကြည်မှု၊ ကောင်းမှုကုသိုလ်၊ အရှင့်လမ်းတော်၌ စွန့်လွတ်မှု၊ စသည့် အရှင်မြတ်က နှစ်မြို့တော်မူသည့်လုပ်ရပ်များတွင် ရှေ့ဆုံးမှ ဦးဦးဖျားဖျားပါဝင်လှုပ်ရှားခဲ့သော) ရှေ့ပြေးအထင်ကရ ပုဂ္ဂိုလ်တို့မူကား(အရှင်မြတ်၏ကရုဏာတော်ကို လက်ခံရယူလျက်) ထိပ်ဆုံးမှပြေးနေသော အထင်ကရပုဂ္ဂိုလ်များ ဖြစ်ကြလိမ့်မည်။ أُوْلَٰٓئِكَ ٱلۡمُقَرَّبُونَ ١١ထိုသူတို့သည်ကား (အရှင်မြတ်၏အပါးတော်၌ နေရာချထားခြင်းခံရလျက် အရှင်မြတ်နှင့်) နီးစပ်သော သူများပင် ဖြစ်ကြ၏။ فِي جَنَّٰتِ ٱلنَّعِيمِ ١٢(ထိုသူတို့သည်ကား) ထာဝရစံစားဖွယ်ရာ အလျှံပယ်ရက်ရောသောကျေးဇူးတော်များဖြင့် ဂုဏ်ပေးခြင်းများလည်း သုခဥယျာဉ်များ၌ ရှိကြ၏။ ثُلَّةٌ مِّنَ ٱلۡأَوَّلِينَ ١٣(ယင်းသုခဥယျာဉ်များတွင် ပထမဦးဆုံးနှင့်အစောပိုင်းကာလ၌ တမန်တော်မြတ်ထံလာရောက်၍ အစ္စလာမ်လက်ခံခဲ့သော) အဦးဆုံးပုဂ္ဂိုလ်တို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး တစ်ခုရှိ မည်။ وَقَلِيلٌ مِّنَ ٱلۡأٓخِرِينَ ١٤ထို့ပြင် နောင်လာနောင်သားတို့ (နောင်မျိုးဆက်များ) အနက်မှလည်း အနည်းငယ် ရှိကြပေမည်။ عَلَىٰ سُرُرٍ مَّوۡضُونَةٍ ١٥(သူတို့သည်) အဖိုးတန်ကျောက်ရွှေပတ္တမြားများဖြင့် (ပန်းထိုး၍) အလှတန်ဆာဆင်ထားသော သလွန်များထက်ဝယ် (နားနေလိမ့်မည်)။ مُّتَّكِـِٔينَ عَلَيۡهَا مُتَقَٰبِلِينَ ١٦(သူတို့သည်) ထို (အလှတန်ဆာဆင်ထားသော သလွန်များ) ထက်ဝယ် (နောက်မှီ၌ ကျောခင်းလျက်) မျက်နှာချင်းဆိုင် ထိုင်နေကြပေမည်။ يَطُوفُ عَلَيۡهِمۡ وِلۡدَٰنٌ مُّخَلَّدُونَ ١٧သူတို့ထံ သေမျိုးမဟုတ်သော (သူတို့နှင့်အတူထာဝရရှိနေမည့် သားရတနာများနှင့်ဝန်ထမ်းများအဖြစ် အသက်ငယ်သည့်) လူငယ်များ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။ بِأَكۡوَابٍ وَأَبَارِيقَ وَكَأۡسٍ مِّن مَّعِينٍ ١٨(ထိုသို့ လှည့်လည်လျက်) တသွင်သွင် စီးဆင်းနေသောစမ်းချောင်းမှ (သောက်စရာစိမ့်စမ်းရေ ထည့်ထား သော) သောက်ရေဖလားကြီးများ၊ ရေချိုင့်များ (ရေတကောင်းများ) နှင့်ရေခွက်ဖြင့် (တစ်ဦးချင်းစီအား သုံးဆောင်စေရန် ကမ်းလှမ်းကြမည်)။ لَّا يُصَدَّعُونَ عَنۡهَا وَلَا يُنزِفُونَ ١٩(ယင်းသောက်စရာများကို သုံးဆောင်ခြင်ဖြင့် သူတို့သည် အကျိုးဆက်အဖြစ်) ယင်းသောက်စရာများကြောင့် ခေါင်းခဲခြင်းဝေဒနာကို ခံစားမည် မဟုတ်သည့်အပြင် မူးဝေစေခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။ وَفَٰكِهَةٍ مِّمَّا يَتَخَيَّرُونَ ٢٠ထို့ပြင် သူတို့နှစ်သက်ရွေးချယ်ထားကြသော (လက်ရွေးစင်) သစ်သီးဝလံများ (ကိုလည်း သုံးဆောင်စရာအဖြစ် ကမ်းလှမ်းကြလိမ့်မည်)။ وَلَحۡمِ طَيۡرٍ مِّمَّا يَشۡتَهُونَ ٢١တစ်ဖန် သူတို့အာသာဆန္ဒရှိကြသော ကြက်ငှက်တို့၏အသားများ(ကိုလည်း သုံးဆောင်စရာအဖြစ် ကမ်းလှမ်းကြလိမ့်မည်)။ وَحُورٌ عِينٌ ٢٢ထို့ပြင် (သူတို့ကိုသာလျှင် မျက်ခြည်မပြတ် စောင့်ကြည့်ရန် ခန့်ထားသော ဖြူစင်ရိုသားသည့်) မျက်လုံး လှဖြင့် အိန္ဒြေရှိရှိ တည်ကြည်စွာ စောင့်ထိန်းစိုက်ကြည့်သူများလည်း ရှိကြ၏။ كَأَمۡثَٰلِ ٱللُّؤۡلُوِٕ ٱلۡمَكۡنُونِ ٢٣(ထို မျက်လုံးလှပိုင်ရှင်တို့သည် ခရုခွံအောက်တွင်) လုံခြုံစွာဖုံးကွယ်နေသည့် ပုလဲရတနာပမာ ဖြစ်၏။ جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ ٢٤(ဤသည်) သူတို့ပြုမူကျင့်ကြံခဲ့သမျှနှင့်အညီ (အကျိုးဆက်အဖြစ် ချီးမြှင့်တော်မူခြင်းခံရမည့်) အစားပေးတော်မူခြင်းပင် ဖြစ်၏။ لَا يَسۡمَعُونَ فِيهَا لَغۡوًا وَلَا تَأۡثِيمًا ٢٥သူတို့သည် ယင်း (သုခဥယျာဉ်များ) ၌ မည်သည့် အကျိုးမဲ့၊ အချည်းနှီးသော အပြောအဆိုကိုမျှ ကြားရ မည်မဟုတ်သည့်အပြင် ပြစ်တင်ရှုတ်ချဖွယ်ရာ မည်သည့် စကားအသုံးအနှုံးမျှလည်း ရှိမည် မဟုတ်ပေ။ إِلَّا قِيلًا سَلَٰمًا سَلَٰمًا ٢٦(ယင်းသုခဥယျာဉ်များ၏မည်သည့်နေရာသို့ပင် ရောက်သည်ဖြစ်စေ) “စလာမ်၊ စလာမ်၊” ငြိမ်းချမ်းပါစေ၊” “ငြိမ်းချမ်းပါစေ” ဟု ပြောဆိုနှုတ်ဆက်ခံရခြင်းမှအပ (အခြား မနှစ်မြို့ဖွယ်ရာအပြော အဆိုမျိုးကို ကြားရလိမ့်မည် မဟုတ်ပေ)။ وَأَصۡحَٰبُ ٱلۡيَمِينِ مَآ أَصۡحَٰبُ ٱلۡيَمِينِ ٢٧ထို့ပြင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား၊ အဘယ်မျှ ကောင်းမြတ်၍ ဝမ်းမြောက် ပျော်ရွှင်လျက် ပေါက်မြောက်အောင်မြင်သောလက်ယာဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။ فِي سِدۡرٍ مَّخۡضُودٍ ٢٨(သုခဥယျာဉ်၌ ရရှိမည့် အကျိုးဆုလဒ်အသီးအပွင့်များသည် အခက်အခဲကင်းမဲ့၍ လုပ်အားစိုက်စရာ လည်း မလိုပေ) အဆူးကင်းရှင်းပြီး အသီးအပွင့်များ ပြွတ်သိပ်နေသော (အပင်များအနက်မှ ချယ်ရီပင် သို့မဟုတ်) ဆီးပင် (နှင့်တူ၏)။ وَطَلۡحٍ مَّنضُودٍ ٢٩ထို့ပြင် အဖီးများ၊ အထပ်လိုက်တန်းစီ၍ မြင့်မားသောအခိုင်ရှိသည့် ငှက်ပျောပင်နှင့်လည်းကောင်း။ وَظِلٍّ مَّمۡدُودٍ ٣٠ထို့ပြင် ကျယ်ဝန်းပြန့်ပြူး၍ မြဲသောအရိပ်အာဝါသ (ပေးသည့်အပင်) နှင့်လည်းကောင်း။ وَمَآءٍ مَّسۡكُوبٍ ٣١တစ်ဖန် အစဉ်အမြဲ အဆက်မပြတ် ပန်းထွက်လျက် စီးဆင်းနေသောရေရှိရာနေရာ (၌ ဖြစ်ထွန်းသော အပင်) နှင့်လည်းကောင်း။ وَفَٰكِهَةٍ كَثِيرَةٍ ٣٢ထို့ပြင် (အချို၊ အချဉ်၊ အမျိုးအစားမျိုးစုံရှိပြီး) အလျှံပယ် မြောက်မြားစွာ လှိုင်လှိုင်သီးနေသော သစ်သီး ဝလံများ (ရရှိခံစားနိုင်သည့်အပင်များ) နှင့်လည်းကောင်း။ لَّا مَقۡطُوعَةٍ وَلَا مَمۡنُوعَةٍ ٣٣(ထိုအပင်များသည် မည်သည့်အခါမျှ ပျက်သုဉ်းခြင်း) ခုတ်ဖြတ်ခြင်းခံရမည်မဟုတ်သည့်အပြင် ပိတ်ပင်တားမြစ်ခြင်းခံရမည်လည်း မဟုတ်ချေ။ وَفُرُشٍ مَّرۡفُوعَةٍ ٣٤ထို့ပြင် (ယင်းသုခဥယျာဉ်၌ အညောင်းအညာပြေစေသည့် မြင့်စွင့်သော သလွန်မျာ၊း အခင်းအကျင်းများနှင့်မွေ့ရာများအပြင်) ဂုဏ်ကျက်သရေမြင့်မြတ်သော ဘဝဖော်များလည်း ရှိကြမည်။ إِنَّآ أَنشَأۡنَٰهُنَّ إِنشَآءً ٣٥ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ယင်း (ဘဝဖော်) တို့အား ဖွဲ့စည်းဖြစ်တည်စေမှုအသစ်အဖြစ် အထူး ဖွဲ့စည်းဖြစ်တည်စေတော်မူမည်။ فَجَعَلۡنَٰهُنَّ أَبۡكَارًا ٣٦ထို့ပြင် ငါအရှင်မြတ်သည် သူမတို့အား အပျိုစင်ကညာများအဖြစ် ဖြစ်စေတော်မူမည်။ عُرُبًا أَتۡرَابًا ٣٧(သူမတို့သည်) ချစ်ခင်မေတ္တာဖြင့်ပြည့်စုံ၍ သစ္စာရှိကြသော သက်တူရွယ်တူများနှင့်လိုက်ဖက်သော (သူများဖြစ်ကြ၏)။ لِّأَصۡحَٰبِ ٱلۡيَمِينِ ٣٨(သူမတို့သည် သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များအတွက်ပင် (ဖြစ်ကြ၏)။ ثُلَّةٌ مِّنَ ٱلۡأَوَّلِينَ ٣٩(ပထမဦးဆုံးနှင့်အစောပိုင်းကာလ၌ တမန်တော်မြတ်ထံလာရောက်၍ အစ္စလာမ်လက်ခံခဲ့သော) အဦးဆုံးပုဂ္ဂိုလ်တို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး (အတွက် လည်းကောင်း)။ وَثُلَّةٌ مِّنَ ٱلۡأٓخِرِينَ ٤٠ထို့ပြင် နောင်လာနောင်သားတို့ (နောင်မျိုးဆက်များ) အနက်မှလည်း အနည်းငယ် ရှိကြပေမည် နောင်လာ နောက်သားတို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး (အတွက်လည်းကောင်း)။ وَأَصۡحَٰبُ ٱلشِّمَالِ مَآ أَصۡحَٰبُ ٱلشِّمَالِ ٤١သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ဝဲဘက်၌ ရရှိထားလျက် စိတ်ပျက်စရာကောင်းလောက်အောင် အသုံးမကျသော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ဝဲဘက်၏ အဖော်များသည်ကား၊ အဘယ်မျှ စိတ်ဆင်းရဲဖွယ်ရာ အသုံးမကျသောလက်ဝဲဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။ فِي سَمُومٍ وَحَمِيمٍ ٤٢(ထိုလက်ဝဲဘက်၏အဖော်တို့သည်) ချစ်ချစ်တောက်ပူသောလေနှင့်ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၌ လည်းကောင်း။ وَظِلٍّ مِّن يَحۡمُومٍ ٤٣လွန်စွာ မည်းနက်သော အခိုးအငွေ့၏အရိပ်၌ လည်းကောင်း၊ (ရှိကြပေမည်)။ لَّا بَارِدٍ وَلَا كَرِيمٍ ٤٤(ယင်းအရိပ်သည်) အေးမြမည် မဟုတ်သည့်အပြင် လန်းဆန်းနှစ်လိုဖွယ်ကောင်းမည်လည်း မဟုတ်ပေ။ إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُتۡرَفِينَ ٤٥ဧကန်စင်စစ်၊ သူတို့သည် ထိုမတိုင်မီ (လောကီဘဝတွင် ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်းမရှိဘဲ) စည်းစိမ်ဥစ္စာကြွယ်ဝမှု၌ အလွန်အကျူး ပျော်ရွှင်မြူးထူး (လျက် နာမ်ရေးရာကို လက်လွတ်စေ) သူများ ဖြစ်ခဲ့ကြ၏။ وَكَانُواْ يُصِرُّونَ عَلَى ٱلۡحِنثِ ٱلۡعَظِيمِ ٤٦ထို့ပြင် (အရှင်မြတ်ကို စွန့်လွှတ်၍ အခြားအရာများကို ကိုးကွယ်ခြင်း၊ ကျမ်းတော်နှင့်တမလွန်ဘဝကို မယုံကြည်ခြင်း၊ စသော) အလွန် ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ခေါင်းမာမာဖြင့် တစ်ဇွတ်ထိုး ကျူးလွန် လျက်ရှိခဲ့ကြ၏။ وَكَانُواْ يَقُولُونَ أَئِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ٤٧တစ်ဖန် သူတို့က “ကျွန်ုပ်တို့သည် ကွယ်လွန်သေဆုံး၍ မြေမှုန့်နှင့်အရိုးများ ဖြစ်သွားကြသောအခါ ကျွန်ုပ် တို့သည် (ပြန်လည်၍) ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။” ဟု မေးမြန်းပြောဆိုလျက်ရှိခဲ့ ကြ၏။ أَوَءَابَآؤُنَا ٱلۡأَوَّلُونَ ٤٨ထို့ပြင် ရှေးခေတ်၌ကွယ်လွန်ခဲ့ကြသော ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည်လည်း (ရှင်ပြန်ထကြဦးမည်လော)။ قُلۡ إِنَّ ٱلۡأَوَّلِينَ وَٱلۡأٓخِرِينَ ٤٩(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်မလွဲ၊ အစောဆုံးကာလ ရှေ့ခေတ်၌ကွယ်လွန် သေဆုံးခဲ့ကြသူတို့နှင့်နောက်ပိုင်းကာလများ၌ ကွယ်လွန်သေဆုံးသူအားလုံးသည်ပင် (ရှင်ပြန်ထလိမ့်မည်) ဟု ပြောလော့။ لَمَجۡمُوعُونَ إِلَىٰ مِيقَٰتِ يَوۡمٍ مَّعۡلُومٍ ٥٠ချိန်းဆိုချက်အဖြစ် (ကြိုတင်) သတ်မှတ်ပြီးဖြစ်ကြောင်း လူသိများသောနေ့တွင် အားလုံး အတူတကွ အမှန်ပင် စုရုံးစေတော်မူခြင်းခံကြရပေမည်။ ثُمَّ إِنَّكُمۡ أَيُّهَا ٱلضَّآلُّونَ ٱلۡمُكَذِّبُونَ ٥١ထို့နောက် အို၊ (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်ခဲ့သူတို့၊ ဧကန်ပင်၊ သင်တို့သည် (တမလွန်ဘဝနှင့်စပ်လျဉ်း၍) မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ခဲ့သူများပင် (ဖြစ်ကြ၏)။ لَأٓكِلُونَ مِن شَجَرٍ مِّن زَقُّومٍ ٥٢(“လောကီဘဝ၌ ခေတ္တခဏ ပျော်ရွှင်မြူးထူး၍ တမလွန်တွင် ငရဲမီးကို ထာဝရခံစားရမည့် ပြစ်ဒဏ်ကို” ကိုယ်စားပြုသော စားချိန်တွင် အရသာအနည်းငယ်ရသော်လည်း အဆိပ်သင့်ပြီး အသက်အန္တရာယ်ပေးနိုင်သည့်) ဇက္ကူမ်ပင်ကို စားကြရမည်ဖြစ်၏။ فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ ٥٣သို့ဖြစ်ပေရာ သင်တို့၏ဝမ်းဗိုက်များအား ယင်း (ဇက္ကူမ်ပင်မှ စားသုံးခြင်း) ဖြင့် ဖြည့်တင်းစေရလိမ့်မည် ဖြစ်၏။ فَشَٰرِبُونَ عَلَيۡهِ مِنَ ٱلۡحَمِيمِ ٥٤ထို (သို့ ဗိုက်ထဲသို့ ဇက္ကူမ်ထည့်ပြီး) နောက် ယင်း (စားထားသောဇက္ကူမ်) အပေါ် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူးကို ထည့်သောက်ကြရမည်ဖြစ်၏။ فَشَٰرِبُونَ شُرۡبَ ٱلۡهِيمِ ٥٥သို့ဖြစ်ပေရာ (သင်တို့သည် ထိုရေနွေးပူကို) လွန်စွာရေငတ်မွတ်၍ ဒေါသထွက်နေသော ကုလားအုတ်များကဲ့သို့ပင် သောက်ကြပေမည်။ هَٰذَا نُزُلُهُمۡ يَوۡمَ ٱلدِّينِ ٥٦ဤသည်ကား (လူတိုင်းအား သူတို့၏လုပ်ရပ်တိုင်းအတွက် အစားပေးမည့်နေ့) ထို (တမလွန် တရားစီရင်မည့်) နေ့တွင် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုကျွေးမွေးခြင်းပင် ဖြစ်၏။ نَحۡنُ خَلَقۡنَٰكُمۡ فَلَوۡلَا تُصَدِّقُونَ ٥٧ငါအရှင်မြတ်သည်ပင်လျှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ပါလျက် သင်တို့သည် မည်သည့်အတွက်ကြောင့် (ငါအရှင်မြတ်က ချမှတ်ပေးအပ်တော်မူသောသတင်းစကားများကို) အမှန်တရားအဖြစ် ဟုတ်မှန်ကြောင်း လက်ခံအတည်ပြုလျက် ဝန်မခံကြလေသနည်း။ أَفَرَءَيۡتُم مَّا تُمۡنُونَ ٥٨သင်တို့သည် ထုတ်လွှတ်ခြင်းခံရသောအရာ (သုက်ရည်) ကို မတွေးတော မဆင်ခြင် မသုံးသပ် ကြလေသလော။ ءَأَنتُمۡ تَخۡلُقُونَهُۥٓ أَمۡ نَحۡنُ ٱلۡخَٰلِقُونَ ٥٩ယင်း (သုက်ရည်) ကို သင်တို့ကိုယ်တိုင် ဖွဲ့စည်းဖြစ်တည်စေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် (ထိုသို့ ဖြစ်တည်စေရန် အရှင့်စည်းမျဉ်းနိယာမတော်များကို သင်တို့ခန္ဓာကိုယ်ထဲတွင် ထည့်ပေးထားတော်မူ၍) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်သလော။ نَحۡنُ قَدَّرۡنَا بَيۡنَكُمُ ٱلۡمَوۡتَ وَمَا نَحۡنُ بِمَسۡبُوقِينَ ٦٠ငါအရှင်မြတ်သည်ပင်လျှင် သင်တို့ကြား၌ မရဏသေဆုံးခြင်းကို (အရှင့်နိယာမတော်နှင့်အညီ မဖြစ်မနေ ကြုံရမည့်အရာအဖြစ်) သတ်မှတ်ပြဌာန်းတော်မူပြီး ငါအရှင်မြတ်သည် (ထိုနိယာမတော်ဆိုင်ရာ စည်းဘောင်ကို ကျော်လွန်၍) ဟန့်တားနှောက်ယှက်ခြင်းကို ခွင့်ပြုတော်မူမည်မဟုတ်ပေ။ عَلَىٰٓ أَن نُّبَدِّلَ أَمۡثَٰلَكُمۡ وَنُنشِئَكُمۡ فِي مَا لَا تَعۡلَمُونَ ٦١သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့ကဲ့သို့သော (အခြားမျိုးဆက်သစ်ကို) သင်တို့၏နေရာတွင် အစားတိုး ပြောင်းလဲစေတော်မူနိုင်ပြီး သင်တို့ကိုလည်း သင်တို့ပင် မသိကြသေးသော အခြေအနေသစ်၊ ပုံစံသစ်၊ (နှင့်ဟန်ပန်အမူအရာသစ်) ၌ ဖြစ်ပေါ်စေတော်မူနိုင်၏။ وَلَقَدۡ عَلِمۡتُمُ ٱلنَّشۡأَةَ ٱلۡأُولَىٰ فَلَوۡلَا تَذَكَّرُونَ ٦٢ထို့ပြင် ဧကန်စင်စစ်၊ သင်တို့သည် သင်တို့အား ပထမအကြိမ် ပေါ်ထွန်းစေတော်မူ၍ (ဤလောကီ ကမ္ဘာ၌) တည်ရှိနေကြောင်းကို အသေအချာပင် သိနေကြပါလျက် (ဒုတိယအကြိမ်လည်း ဖြစ်တည်စေတော်မူနိုင်ကြောင်းကိုမူ) အဘယ်ကြောင့် (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်) အလေးအနက်၊ မတွေးခေါ် မဆင်ခြင် ကြသနည်း။ أَفَرَءَيۡتُم مَّا تَحۡرُثُونَ ٦٣သင်တို့သည် (မြေကြီး၌) သင်တို့ပျိုးကြဲကြသည့်အရာများ (မျိုးစေ့၊ အစေ့များ) ကို (မည်သည့်အခါမျှ) မတွေ့မြင် မဆင်ခြင် မသုံးသပ်ခဲ့ဖူးသလော။ ءَأَنتُمۡ تَزۡرَعُونَهُۥٓ أَمۡ نَحۡنُ ٱلزَّٰرِعُونَ ٦٤ယင်း (ပျိုးကြဲသည့် မျိုးစေ့များ) ကို သင်တို့ကိုယ်တိုင် ဖြစ်ထွန်းကြီးထွားစေကြလေသလော။ သို့တည်းမဟုတ်၊ ငါအရှင်မြတ်သည်ပင် (အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ ဖြစ်ထွန်းကြီးထွားစေတော်မူသောအရှင်မြတ် ဖြစ်တော်မူသလော။) لَوۡ نَشَآءُ لَجَعَلۡنَٰهُ حُطَٰمًا فَظَلۡتُمۡ تَفَكَّهُونَ ٦٥အကယ်၍ ငါအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ယင်း (စိုက်ပျိုးခင်းများ) ကို စဉ်းထားသော ကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူနိုင်သည်ဖြစ်ရာ သင်တို့သည် အံ့အားသင့် မဆုံးဖြစ် (လျက် တွေဝေငေးမှိုင်) နေကြပေမည်။ إِنَّا لَمُغۡرَمُونَ ٦٦“ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် (ရင်းနှီးထားသောငွေကြေး အချိန်နှင့်ကြိုးပမ်းအားထုတ်မှုများ အားလုံး အချည်းနှီ၊း ဆုံးရှုံးလျက်) အကြွေးထဲနစ်နေကြပြီ။” (ဟု ပြောဆိုကြလိမ့်မည်။) بَلۡ نَحۡنُ مَحۡرُومُونَ ٦٧အမှန်မှာ (ထိုသို့မပြောဆိုဘဲ) “ကျွန်ုပ်တို့သည် (အသက်မွေးမှုဆိုင်ရာ အကျိုးခံစားခွင့်များမှ) လုံးလုံးလျားလျား လက်မဲ့ဖြစ်စေ၍ ချို့တဲ့စေတော်မူရန် ပစ်ထားခြင်းခံကြရလေပြီ။ (ဟုသာ ပြောဆိုကြရမည်)။ أَفَرَءَيۡتُمُ ٱلۡمَآءَ ٱلَّذِي تَشۡرَبُونَ ٦٨သင်တို့သည် သင်တို့သောက်သုံးနေကြသော ရေအကြောင်းကို မည်သည့်အခါမျှ အလေးအနက် မတွေးခေါ် ၊ မဆင်ခြင်၊ မသုံးသပ် ကြလေသလော။ ءَأَنتُمۡ أَنزَلۡتُمُوهُ مِنَ ٱلۡمُزۡنِ أَمۡ نَحۡنُ ٱلۡمُنزِلُونَ ٦٩ထိုရေကို သင်တို့ကိုယ်တိုင် မိုးတိမ်မှ ရွာသွန်းစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် (အရှင့် စည်းမျဉ်းတော်များနှင့်နိယာမတော်များနှင့်အညီ) ရွာသွန်းစေတော်မူသောအရှင်မြတ် ဖြစ်သလော။ لَوۡ نَشَآءُ جَعَلۡنَٰهُ أُجَاجًا فَلَوۡلَا تَشۡكُرُونَ ٧٠အကယ်၍ ငါအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ယင်း (မိုးရေ) ရေငန်၊ ရေခါးအဖြစ် စီမံဖြစ်စေတော်မူနိုင်၏။ သို့ပါလျက် သင်တို့သည် မည်သည့်အတွက်ကြောင့် ကျေးဇူးမသိတတ်ကြသနည်း။ أَفَرَءَيۡتُمُ ٱلنَّارَ ٱلَّتِي تُورُونَ ٧١သင်တို့သည် သင်တို့မွှေးကြ (စွဲစေကြ) သော မီးကို မည်သည့်အခါမျှ အလေးအနက် မတွေးခေါ်၊ မဆင်ခြင်၊ မသုံးသပ် ကြလေသလော။ ءَأَنتُمۡ أَنشَأۡتُمۡ شَجَرَتَهَآ أَمۡ نَحۡنُ ٱلۡمُنشِـُٔونَ ٧٢ယင်း (မီးမွှေးရာတွင် လိုအပ်သော အောက်စီဂျင်ရရှိရန် သစ်ပင်) ကို သင်တို့ကိုယ်တိုင် ဖြစ်ထွန်းကြီး ထွားစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ယင်းကို ဖြစ်ထွန်းကြီးထွားစေတော်မူသောအရှင် ဖြစ်တော်မူသလော။ نَحۡنُ جَعَلۡنَٰهَا تَذۡكِرَةً وَمَتَٰعًا لِّلۡمُقۡوِينَ ٧٣ငါအရှင်မြတ်သည်ပင် ယင်း (သစ်ပင်) ကို (အရှင်မြတ်၏သာယာကြည်နူးဖွယ်ကောင်းသောလက်ရာတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလိုကြသောသူတို့အတွက်) တရားရစေသောအရာအဖြစ်လည်းကောင်း၊ ခြေကျင်ခရီးသည်တို့အတွက် လောကီအကျိုးကျေးဇူးရှိစေသောအရာအဖြစ်လည်းကောင်း၊ စီမံဖြစ်စေ တော်မူ၏။ فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ ٧٤သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ ကြီးကျယ်မြင့်မြတ်လှတော်မူသော အရှင်မြတ်၏နာမတော်၊ ဂုဏ်တော်များအားဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။ ۞ فَلَآ أُقۡسِمُ بِمَوَٰقِعِ ٱلنُّجُومِ ٧٥သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (ကျမ်းတော်မြတ် လိုအပ်ချက်နှင့်ဖြည်းဖြည်းချင်း ချမှတ်ပေးအပ်တော်မူကြောင်းနှင့်စပ်လျဉ်း၍) ကြယ်နက္ခတ်တာရာတို့၏တည်နေရာစခန်းများကို တိုင်တည်၍ သက်သေထူ တော်မူ၏။ وَإِنَّهُۥ لَقَسَمٌ لَّوۡ تَعۡلَمُونَ عَظِيمٌ ٧٦အကယ်၍ သင်တို့သိရှိကြလျှင် ဧကန်ပင်၊ ယင်း (တိုင်တည်တော်မူခြင်း) သည် ကြီးကျယ်စွာသော တိုင်တည်ချက်ပင် ဖြစ်၏။ إِنَّهُۥ لَقُرۡءَانٌ كَرِيمٌ ٧٧ဧကန်မလွဲ၊ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော ကျမ်းတော်မြတ်ပင် ဖြစ်၏။ فِي كِتَٰبٍ مَّكۡنُونٍ ٧٨ထိန်းသိမ်းစောင့်ရှောက်မူခြင်းခံရသောအရာ (အရှင့်အမိန့်တော်များ) သည် (မပြောင်းလဲနိုင်အောင် အခိုင် အမာ ဖွဲ့နွဲ့ထားတော်မူသည့်) ကျမ်းတော်၌ ရှိ၏။ لَّا يَمَسُّهُۥٓ إِلَّا ٱلۡمُطَهَّرُونَ ٧٩(ယင်းကျမ်းတော် ထိရောက်သည့်ဖွင့်ဆိုချက်နှင့်အသိပညာ ရရှိနိုင်ရန် စိတ်ရင်းစေတနာဖြူစင်လျက် ရုပ်နှင့်နာမ်ရေးရာ) စင်ကြယ်သန့်ရှင်းကြသောသူတို့မှအပ (အခြားမည်သူမျှ) ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို (ထိရောက်စွာ) ထိတွေ့နိုင်ကြသည် မဟုတ်ပေ။ تَنزِيلٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ٨٠(ယင်းကျမ်းတော်သည်) စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတိုးတက် စေတော်မူသောအရှင်မြတ်ထံတော်မှ ချမှတ်ပေးတော်မူခြင်းခံရသောကျမ်းတော်ပင် ဖြစ်၏။ أَفَبِهَٰذَا ٱلۡحَدِيثِ أَنتُم مُّدۡهِنُونَ ٨١သို့ပါလျက် သင်တို့သည် ဤအမိန့်ထုတ်ပြန်ချက်တော်ကိုပင် (အထင်မကြီး ဂရုမစိုက်ဘဲ) မထီမဲ့မြင်ပြု လိုကြလေသလော။ وَتَجۡعَلُونَ رِزۡقَكُمۡ أَنَّكُمۡ تُكَذِّبُونَ ٨٢ထို့ပြင် သင်တို့သည် (ယင်းကျမ်းတော်ရှိ အမှန်တရားများအား) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျက် သင်တို့၏ရိက္ခာအထောက်အပံ့ကို စီမံဖြစ်စေလိုကြလေသလော။ فَلَوۡلَآ إِذَا بَلَغَتِ ٱلۡحُلۡقُومَ ٨٣သို့ဖြစ်လျှင် (ကွယ်လွန်ချိန် အသက်ဇီဝိန်သည်) လည်မျိုသို့ရောက်ရှိလာသောအခါ သင်တို့သည် အဘယ်ကြောင့် (ကွယ်လွန်ရမည်ကိုပါ ဆက်လက်ငြင်းပယ်၍) နာလန်မထူကြသနည်း။ وَأَنتُمۡ حِينَئِذٍ تَنظُرُونَ ٨٤စင်စစ် သင်တို့သည် ထိုအချိန်အခါဝယ် (လှုပ်ရှားမှုကင်းလျက် လက်ပိုက်၍) ကြည့်နေကြ၏။ وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنكُمۡ وَلَٰكِن لَّا تُبۡصِرُونَ ٨٥ထိုစဉ် ငါအရှင်မြတ်သည် သင်တို့ထက်ပင် ပိုမို၍ ထို (ကွယ်လွန်ချိန်ရောက်) သူနှင့်နီးကပ်လျက် ရှိနေတော်မူသော်လည်း သင်တို့သည်ကား မြင်နိုင်စွမ်း မရှိကြပေ။ فَلَوۡلَآ إِن كُنتُمۡ غَيۡرَ مَدِينِينَ ٨٦သို့ဖြစ်ပေရာ သင်တို့သည် အဘယ်ကြောင့် (နောင်တမလွန်ဘဝ၌ စာရင်းရှင်းခံရ၍ ပေးဆပ်ခြင်းမှ) ကင်း လွတ်ခွင့်ရသူများ မဟုတ်ကြသနည်း။ تَرۡجِعُونَهَآ إِن كُنتُمۡ صَٰدِقِينَ ٨٧အကယ်၍ သင်တို့သည် (တမလွန်ဘဝမရှိဟု ကြွေးကြော်နေခြင်း၌) ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် ယင်း (အသက်ဇီဝိန်) ကို (အဘယ်ကြောင့်) ပြန်လည် အသက်မသွင်း ကြသနည်း။ فَأَمَّآ إِن كَانَ مِنَ ٱلۡمُقَرَّبِينَ ٨٨သို့ရာတွင် အကယ်၍ ထို (ကွယ်လွန်ချိန်ရောက်နေသော) သူသည် (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်လျက် အရှင်မြတ်နှင့်) နီးကပ်သောသူတို့တွင် ပါဝင်ခဲ့သော်။ فَرَوۡحٌ وَرَيۡحَانٌ وَجَنَّتُ نَعِيمٍ ٨٩ထိုစဉ် (ထိုသူသည် လောကီဘဝ၏အခက်အခဲနှင့်နာကျင်မှုဝေဒနာအလုံးစုံမှ သက်သာရာရပြီး ထာဝရ ဘဝ၌) သူ့အတွက် ချမ်းမြေ့ပျော်ရွှင်ဖယ်ရာများသည်လည်းကောင်း၊ အားရကျေနပ်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့်အတွင်းအဇ္ဈိတ္တပြီးပြည့်စုံမှုတို့သည်လည်းကောင်း၊ အရှင့်ကျေးဇူးတော်များဖြင့် ဂုဏ်ပြုခံရမည့် သုခဥယျာဉ် သည်လည်းကောင်း၊ ရှိချေမည်။ وَأَمَّآ إِن كَانَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ ٩٠(ထို့ပြင် အကယ်၍ ထိုသူသည် သူ့စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်တို့တွင် အပါအဝင်ဖြစ်ခဲ့လျှင်။ فَسَلَٰمٌ لَّكَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ ٩١သို့ဖြစ်လျှင် (သူသည်) လက်ယာဘက်၏အဖော်တို့တွင် အပါအဝင်ဖြစ်ကြသူတို့ထံမှ သူ့အတွက် “ငြိမ်းချမ်းပါစေ”(ဟု ကြိုဆိုနှုတ်ဆက်စကား ရှိပေမည်။) وَأَمَّآ إِن كَانَ مِنَ ٱلۡمُكَذِّبِينَ ٱلضَّآلِّينَ ٩٢သို့ရာတွင် အကယ်၍ ထိုသူသည် (တမလွန်ဘဝနှင့်စပ်လျဉ်း၍) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲလျက် ငြင်းပယ်ခဲ့သူတို့နှင့် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်ခဲ့သူတို့တွင် အပါအဝင် ဖြစ်ခဲ့သည်ရှိသော်။ فَنُزُلٌ مِّنۡ حَمِيمٍ ٩٣သို့ဖြစ်လျှင် (ထိုသူအား) ပွက်ပွက်ဆူနေသော ရေနွေးပူဖြင့် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုကျွေးမွေးခြင်းသည်လည်းကောင်း။ وَتَصۡلِيَةُ جَحِيمٍ ٩٤ချစ်ချစ်တောက်ပူလောင်လျက်ရှိသော မီးထဲ၌ (လောင်ကျွမ်းစေရန်) ဝင်ရောက်စေခြင်းသည်လည်းကောင်း၊ ရှိပေမည်။ إِنَّ هَٰذَا لَهُوَ حَقُّ ٱلۡيَقِينِ ٩٥ဧကန်မလွဲ၊ ဤသည် တပ်အပ်သေချာ၍ ထင်ရှားသော အမှန်တရားပင် ဖြစ်၏။ فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ ٩٦သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ ကြီးကျယ်မြင့်မြတ်လှတော်မူသော အရှင်မြတ်၏နာမတော်၊ ဂုဏ်တော်များအားဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

Translation: Alin U Yin.