Millat al-Islam

Chapter 93 · 11 verses · Hashim Tin Myint

Surah Ad-Dhuha in Burmese

Arabic with tafsir Listen to Surah Ad-Dhuha (1336 reciters)
Meccanسورة الضحى11 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلضُّحَىٰ ١(ငါအရှင်မြတ်သည်) ‌နေတက်ချိန်(‌နေ‌ရောင်)ကို သက်‌သေထူ‌တော်မူသည်။ وَٱلَّيۡلِ إِذَا سَجَىٰ ٢ထို့ပြင် ညသည် လွှမ်းမိုးသည့်အခါ ထိုညကို သက်‌သေထူ‌တော်မူသည်။ مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ ٣အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင့်အား စွန့်ပစ်ထား‌တော်မူသည်လည်းမဟုတ်‌ပေ၊(အသင့်အား) စိတ်ဆိုး‌တော်မူသည်လည်းမဟုတ်‌ပေ။ ###၁ وَلَلۡأٓخِرَةُ خَيۡرٌ لَّكَ مِنَ ٱلۡأُولَىٰ ٤ထို့ပြင် အမှန်စင်စစ် အသင့်အတွက် တမလွန်ဘဝသည် ဤဘဝထက် ပို‌ကောင်းသည်။###၂ وَلَسَوۡفَ يُعۡطِيكَ رَبُّكَ فَتَرۡضَىٰٓ ٥ထို့ပြင် မကြာမီ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်‌ကျေနပ်‌အောင်ထိ အသင့်အား အမှန်ပင် ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ###၃ أَلَمۡ يَجِدۡكَ يَتِيمًا فَـَٔاوَىٰ ٦ထို့ပြင် အရှင်မြတ်သည် အသင့်အားအဘမဲ့အဖြစ်‌တွေ့ရှိ‌တော်မူခဲ့၍ ခိုကိုးရာ‌ပေး‌တော်မူခဲ့သည်မဟုတ်‌လော။ ###၄ وَوَجَدَكَ ضَآلًّا فَهَدَىٰ ٧ထို့ပြင် အရှင်မြတ်သည် အသင့်အား လမ်းမ‌တွေ့သူအဖြစ် ‌တွေ့ရှိ‌တော်မူခဲ့၍ လမ်းမှန် ဩန်ကြားပြသ‌တော်မူခဲ့သည်မဟုတ်‌လော။###၅ وَوَجَدَكَ عَآئِلًا فَأَغۡنَىٰ ٨ထို့ပြင် အရှင်မြတ်သည် အသင့်အား ပစ္စည်းမဲ့အဖြစ်‌တွေ့ရှိ‌တော်မူခဲ့၍ ပစ္စည်းဥစ္စာကြွယ်ဝ‌စေ‌တော်မူခဲ့သည်မဟုတ်‌လော။ فَأَمَّا ٱلۡيَتِيمَ فَلَا تَقۡهَرۡ ٩သို့ဖြစ်ရာ မည်သို့ပင်ဖြစ်‌စေ အသင်သည် အဘမဲ့က‌လေးများကို ဖိနှိပ် (ကြိမ်း‌မောင်း)ခြင်းကို မပြုပါနှင့်။ وَأَمَّا ٱلسَّآئِلَ فَلَا تَنۡهَرۡ ١٠ထို့ပြင် မည်သို့ပင်ဖြစ်‌စေ အသင်သည် ‌တောင်းရမ်းစား‌သောက်သူကို‌ငေါက်ငမ်းနှင်ထုတ်ခြင်း မပြုပါနှင့်။ وَأَمَّا بِنِعۡمَةِ رَبِّكَ فَحَدِّثۡ ١١ထို့ပြင် မည်သို့ပင်ဖြစ်‌စေ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်ကိုထုတ်‌ဖော်‌ပြောကြား၍‌နေပါ။

Translation: Hashim Tin Myint.