بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
حمٓ ١ဟာမီမ်။ وَٱلۡكِتَٰبِ ٱلۡمُبِينِ ٢(ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားသောကျမ်းတော်ကို သက်သေထူတော်မူသည်။ إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٍ مُّبَٰرَكَةٍۚ إِنَّا كُنَّا مُنذِرِينَ ٣အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို ကောင်းချီးမဂင်္လာနှင့် ပြည့်စုံသော ညတစ်ညတွင် ချပေးသနားတော်မူခဲ့သည်။ ###၁ အမှန်စင်စစ် ငါအရှင်မြတ်သည် သတိပေးတော်မူမည့်အရှင် ဖြစ်တော်မူသည်။ فِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ ٤ထိုညတွင် နက်နဲသိမ်မွေ့သော အရေးကိစ်္စဟူသမျှသည် အသေးစိတ် သတ်မှတ်အတည်ပြုခြင်းခံကြရသည်။ أَمۡرًا مِّنۡ عِندِنَآۚ إِنَّا كُنَّا مُرۡسِلِينَ ٥ငါအရှင်မြတ်ထံတော်မှ အမိန့်တော်ဖြစ်လျက်၊ အမှန်စင်စစ် ငါအရှင်သည် (အသင့်အား တမန်တော်အဖြစ်)စေလွှတ်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူသည်။ رَحۡمَةً مِّن رَّبِّكَۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٦အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာနှင့် (စေလွှတ်တော်မူခြင်းဖြစ်သည်)။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ ٧အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြမည်ဆိုလျှင်၊ (အရှင်မြတ်သည်) မိုးကောင်းကင်များနှင့် မြေပထဝီသာမက ထိုနှစ်ခုကြားရှိသမျှများကိုလည်း ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။ لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ٨ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိပေ။ ထိုအရှင်မြတ်သည် ရှင်စေတော်မူသည်။ အရှင်မြတ်သည်ပင် သေစေတော်မူသည်။ အရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်သည့်အပြင်၊ ယခင်လူများဖြစ်သော အသင်တို့၏ အဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူသည်။ بَلۡ هُمۡ فِي شَكٍّ يَلۡعَبُونَ ٩အမှန်စင်စစ်သူတို့သည် သံသယထဲ၌ပင် ကခုန်ကစားလျက်ပင်ရှိကြသည်။ ###၂ فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٍ مُّبِينٍ ١٠သို့ဖြစ်ရာ အသင်သည် မိုးကောင်းကင်မှ ထင်ရှားသော အခိုးအငွေ့ဖြစ်ပေါ်လာမည့်နေ့ကိုပင် စောင့်နေပါ။ يَغۡشَى ٱلنَّاسَۖ هَٰذَا عَذَابٌ أَلِيمٌ ١١ထိုအခိုးအငွေ့များသည် လူသားအားလုံးကို ဖုံးလွှမ်းသွားမည်။ ဤသည် အလွန်နာကျင်စေသောပြစ်ဒဏ်ပင်ဖြစ်မည်။ رَّبَّنَا ٱكۡشِفۡ عَنَّا ٱلۡعَذَابَ إِنَّا مُؤۡمِنُونَ ١٢(သူတို့က ပန်ကြားကြလိမ့်မည်)။ အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ဖယ်ရှားပေးသနားတော်မူပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါတော့မည်။ ###၃ أَنَّىٰ لَهُمُ ٱلذِّكۡرَىٰ وَقَدۡ جَآءَهُمۡ رَسُولٌ مُّبِينٌ ١٣သူတို့အတွက် အဘယ်မှာလျှင်သတိတရားရရှိခြင်းသည်ရှိတော့မည်နည်း။ အမှန်စင်စစ် သူတို့ထံသို့ (အမှန်တရားကို ) ထင်ရှားအောင်ပြသသော တမန်တော်သည် ရောက်ရှိခဲ့ပြီးဖြစ်သည်။ ثُمَّ تَوَلَّوۡاْ عَنۡهُ وَقَالُواْ مُعَلَّمٌ مَّجۡنُونٌ ١٤ထို့နောက် သူတို့သည် ထိုတမန်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြသည်။ ထို့ပြင် သူတို့က (တမန်တော်သည် သူတစ်ပါး၏ )သင်ကြားပို့ချမှုကို ခံရသူ၊ ရူးသွပ်နေသူဟု စွပ်စွဲပြောဆိုခဲ့ကြသည်။ إِنَّا كَاشِفُواْ ٱلۡعَذَابِ قَلِيلًاۚ إِنَّكُمۡ عَآئِدُونَ ١٥အမှန်စင်စစ် ငါအရှင်မြတ်သည် အချိန်အနည်းငယ်ပြစ်ဒဏ်ကို ဖယ်ရှားပေးတော်မူမည်ဆိုလျှင်လည်း အမှန်စင်စစ် အသင်တို့သည် (မူလအခြေအနေအတိုင်းပင်)ပြန်လာကြမည်ပင်ဖြစ်သည်။ يَوۡمَ نَبۡطِشُ ٱلۡبَطۡشَةَ ٱلۡكُبۡرَىٰٓ إِنَّا مُنتَقِمُونَ ١٦ထိုနေ့တွင် ငါအရှင်မြတ်သည် အကြီးအကျယ် ဖမ်းဆီးအရေးယူတော်မူမည်ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် တန်ပြန်အရေးယူတော်မူမည်ဖြစ်သည်။ ۞ وَلَقَدۡ فَتَنَّا قَبۡلَهُمۡ قَوۡمَ فِرۡعَوۡنَ وَجَآءَهُمۡ رَسُولٌ كَرِيمٌ ١٧ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီ၊ ဖိရ်အောင်န်၏ အမျိုးသားများအား စမ်းသပ်တော်မူခဲ့သည်။ ထို့ပြင် သူတို့ထံသို့ မြင့်မြတ်သော တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့သည်။ أَنۡ أَدُّوٓاْ إِلَيَّ عِبَادَ ٱللَّهِۖ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٨အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျွန်များကို ငါ့အားအပ်နှံကြပါ၊ အမှန်စင်စစ် ငါသည် အသင်တို့အတွက် ယုံကြည်စိတ်ချရသော တမန်တော်တစ်ပါးပင်ဖြစ်သည်။ وَأَن لَّا تَعۡلُواْ عَلَى ٱللَّهِۖ إِنِّيٓ ءَاتِيكُم بِسُلۡطَٰنٍ مُّبِينٍ ١٩အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး ဆိုးသွမ်းသောင်းကျန်းမှုကို မပြုလုပ်ကြနှင့်၊ အမှန်စင်စစ် ငါသည် အသင်တို့ထံသို့ ရှင်းလင်းထင်ရှားသော သက်သေသာဓကကို ယူဆောင်လာခဲ့သည်။ وَإِنِّي عُذۡتُ بِرَبِّي وَرَبِّكُمۡ أَن تَرۡجُمُونِ ٢٠ထို့ပြင် အမှန်စင်စစ် ငါသည် အသင်တို့ ငါ့အား ကျောက်ခဲများနှင့် ပစ်ပေါက်သတ်မည်ကို စိုးရိမ်သည့်အတွက် ငါနှင့် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်တွင် ခိုလှုံထားပြီးဖြစ်သည်။ وَإِن لَّمۡ تُؤۡمِنُواْ لِي فَٱعۡتَزِلُونِ ٢١ထို့ပြင် အကယ်၍ အသင်တို့သည် ငါ့အား မယုံကြည်ကြလျှင်လည်း ငါနှင့် ခွဲခွာရှောင်ကြဉ်၍နေကြပါ။ فَدَعَا رَبَّهُۥٓ أَنَّ هَٰٓؤُلَآءِ قَوۡمٌ مُّجۡرِمُونَ ٢٢ထို့နောက် ၎င်း(တမန်တော်မူစာ)သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်တွင် အမှန်စင်စစ် ဤသူများသည် ပြစ်မှုကျူးလွန်သော အမျိုးသားများဖြစ်ကြပါသည်ဟု လျှောက်ထားပန်ကြားခဲ့သည်။ فَأَسۡرِ بِعِبَادِي لَيۡلًا إِنَّكُم مُّتَّبَعُونَ ٢٣ထိုသို့ လျှောက်ထားပန်ကြားခြင်းကြောင့် (အရှင်မြတ်က မိန့်ကြားတော်မူသည်) အသင်သည် ငါအရှင်မြတ်၏ ကျွန်များအား ညအချိန်တွင် ခေါ်ဆောင်သွားပါ။ အမှန်စင်စစ် အသင်တို့သည် အသင်တို့၏နောက်မှ(ဖိရ်အောင်န်နှင့် သူ၏စစ်တပ်၏)လိုက်လံခြင်း ကိုခံကြရမည်ဖြစ်သည်။ وَٱتۡرُكِ ٱلۡبَحۡرَ رَهۡوًاۖ إِنَّهُمۡ جُندٌ مُّغۡرَقُونَ ٢٤ထို့ပြင် အသင်သည် ပင်လယ်ကို ရှိရင်းအတိုင်းပင် ငြိမ်သက်စွာပင် ထားခဲ့လိုက်ပါ။ အမှန်စင်စစ် သူတို့သည် နှစ်မြှုပ်ခြင်းခံကြရမည့် စစ်တပ်ပင်ဖြစ်ကြသည်။ كَمۡ تَرَكُواْ مِن جَنَّٰتٍ وَعُيُونٍ ٢٥ထို(ဖိရ်အောင်န်နှင့် သူ၏အပေါင်းအပါ)များသည် ဥယျာဉ်အမြောက်အမြားနှင့် စမ်းချောင်းများကို စွန့်ထားခဲ့ကြရသည်။ وَزُرُوعٍ وَمَقَامٍ كَرِيمٍ ٢٦လယ်ယာများနှင့် ကောင်းမွန်သောနေအိမ်များကိုလည်း(စွန့်ထားခဲ့ကြရသည်)။ وَنَعۡمَةٍ كَانُواْ فِيهَا فَٰكِهِينَ ٢٧ထို့ပြင် သူတို့မွေ့လျော်နေခဲ့ကြသော စည်းစိမ်ချမ်းသာများကိုလည်းစွန့်ထားခဲ့ကြရသည်။ كَذَٰلِكَۖ وَأَوۡرَثۡنَٰهَا قَوۡمًا ءَاخَرِينَ ٢٨ထိုသို့ပင်ဖြစ်ပျက်ခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုစည်းစိမ်များကို အခြားအမျိုးသားများအား အမွေဆက်ခံစေတော်မူခဲ့သည်။ فَمَا بَكَتۡ عَلَيۡهِمُ ٱلسَّمَآءُ وَٱلۡأَرۡضُ وَمَا كَانُواْ مُنظَرِينَ ٢٩သို့ဖြစ်ရာ မိုးကောင်းကင်သည်လည်း (ဝမ်းနည်း၍) မငိုခဲ့ပေ။ မြေပထဝီကလည်းမငိုခဲ့ပေ။ ထို့ပြင် သူတို့သည် ဆိုင်းငံ့ခွင့်လည်း မရရှိခဲ့ကြတော့ပေ။ وَلَقَدۡ نَجَّيۡنَا بَنِيٓ إِسۡرَٰٓءِيلَ مِنَ ٱلۡعَذَابِ ٱلۡمُهِينِ ٣٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို သေးသိမ်စေသောပြစ်ဒဏ်မှ ကယ်တင်တော်မူခဲ့သည်။ مِن فِرۡعَوۡنَۚ إِنَّهُۥ كَانَ عَالِيًا مِّنَ ٱلۡمُسۡرِفِينَ ٣١ဖိရ်အောင်န်ထံမှ (ဖြစ်သောပြစ်ဒဏ်မှ ကယ်တင်တော်မူခဲ့ခြင်းဖြစ်သည်)။ အမှန်စင်စစ် သူသည်ဆိုးသွမ်းသောင်းကျန်းသူ၊ စည်းကမ်းကျူးလွန်သူတစ်ဦးဖြစ်ခဲ့သည်။ وَلَقَدِ ٱخۡتَرۡنَٰهُمۡ عَلَىٰ عِلۡمٍ عَلَى ٱلۡعَٰلَمِينَ ٣٢ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သိတော်မူသည့်အတိုင်း ထိုအစ္စရာအီလ် မျိုးနွယ်ဝင်များအား (သူတို့ခေတ်က)စကြဝဠာမှာ ရွေးချယ်မြှောက်စားတော်မူခဲ့သည်။ وَءَاتَيۡنَٰهُم مِّنَ ٱلۡأٓيَٰتِ مَا فِيهِ بَلَٰٓؤٌاْ مُّبِينٌ ٣٣ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ထင်ရှားသောစမ်းသပ်မှုများပါရှိသော သက်သေလက္ခဏာများကို ပေးသနားတော်မူခဲ့သည်။ إِنَّ هَٰٓؤُلَآءِ لَيَقُولُونَ ٣٤အမှန်စင်စစ် ဤသူများသည် အမှန်ပင် (ဤသို့)ပြောဆိုကြသည်။ إِنۡ هِيَ إِلَّا مَوۡتَتُنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُنشَرِينَ ٣٥ထိုသေဆုံးခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ပထမသေဆုံးခြင်းပင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကိုခံကြရမည်မဟုတ်ပေ။ فَأۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ ٣٦သို့ဖြစ်ရာ အကယ်၍အသင်တို့သည် မှန်ကန်သည့်သူများဖြစ်ကြလျှင်သေဆုံးခဲ့ကြပြီးဖြစ်သော ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးများကို(ရှင်အောင်လုပ်ပြီး)ခေါ်ခဲ့ကြပါ။ أَهُمۡ خَيۡرٌ أَمۡ قَوۡمُ تُبَّعٍ وَٱلَّذِينَ مِن قَبۡلِهِمۡ أَهۡلَكۡنَٰهُمۡۚ إِنَّهُمۡ كَانُواْ مُجۡرِمِينَ ٣٧ထိုသူများသည် သုဗ်ဗအ်၏ အမျိုးသားများထက်သာမက သူတို့မတိုင်မီက ရှိခဲ့ကြသည့်သူများထက်ပင် ပိုကောင်းကြသလော။###၄ ငါအရှင်မြတ်သည် အမှန်စင်စစ် ထိုသူများကို သူတို့သည် ပြစ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြသည့်အတွက် ဖျက်ဆီးတော်မူခဲ့သည်။ وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ ٣٨ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအရာများအား ကစားသည့်အနေဖြင့် ဖန်ဆင်းတော်မူခဲ့သည်မဟုတ်ပေ။ ###၅ مَا خَلَقۡنَٰهُمَآ إِلَّا بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٣٩ငါအရှင်မြတ်သည် ထိုမိုးကောင်းကင်များနှင့် မြေပထဝီနှစ်ခုစလုံးကို မှန်ကန်သည့်ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိကြပေ။ إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ ٤٠အမှန်စင်စစ် စီရင်ဆုံးဖြတ်မည့်နေ့သည် သူတို့အားလုံးအတွက် သတ်မှတ်ပြီးသော အချိန်ကာလဖြစ်သည်။ يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلًى شَيۡـًٔا وَلَا هُمۡ يُنصَرُونَ ٤١ထိုနေ့တွင် မည်သည့်မိတ်ဆွေကမျှ မည်သည့်မိတ်ဆွေအတွက် မည်သည့်အရာမျှ အသုံးဝင်မည်မဟုတ်ပေ။ ထို့ပြင် သူတို့သည် ကူညီခြင်းလည်း ခံကြရမည်မဟုတ်ပေ။ إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ٤٢သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကရုဏာပြုတော်မူသောသူများပင်(ကြားဝင်အသနားခံပေးခြင်းကို ခံကြရမည်ဖြစ်သည်)။ အမှန်စင်စစ် ငါအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ إِنَّ شَجَرَتَ ٱلزَّقُّومِ ٤٣အမှန်စင်စစ် ဇက္ကူမ်ရှားစောင်းကြီးပင်သည်၊ طَعَامُ ٱلۡأَثِيمِ ٤٤အလွန်အပြစ်ကျူးလွန်သူများ၏ အစားအစာဖြစ်သည်။ ###၆ كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ ٤٥ဆီချေးအနည်ကဲ့သို့ (ကြေးရည်ကဲ့သို့)၊ ဝမ်းဗိုက်ထဲတွင် ပွက်ပွက်ဆူနေမည်။ كَغَلۡيِ ٱلۡحَمِيمِ ٤٦ရေနွေးဆူသကဲ့သို့။ خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ ٤٧ထို့နောက် အသင်တို့သည် သူ့ကိုဖမ်းပြီး ဂျဟန္နမ်ငရဲဘုံ၏ အလယ်ထဲသို့ တရွတ်တိုက်ဆွဲချလိုက်ကြပါ။ ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ ٤٨ထို့နောက် အသင်တို့သည် သူ၏ခေါင်းပေါ်တွင် ပွက်ပွက်ဆူနေသည့်ရေနွေးပူ၏ ပြစ်ဒဏ်ကို သွန်းလောင်းကြပါ။ ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ ٤٩(ထို့ပြင် သူသည် ဤသို့ပြောဆိုခံရမည်)၊ အသင်သည် မြည်းစမ်းလိုက်ပါ၊ အမှန်စင်စစ်အသင်သည် အလွန်မြင့်မြတ်သူ၊ ဂုဏ်ရှိသူဖြစ်သည်။ إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ ٥٠အမှန်စင်စစ် ဤသည် အသင်တို့ သံသယဖြစ်နေခဲ့သည့်အရာပင်ဖြစ်သည်။ إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٍ ٥١အမှန်စင်စစ် ကြောက်ရွံ့အပြစ်ရှောင်ကောင်းကျိုးဆောင်သူ မုသ်သကီများမှာမူ ငြိမ်းချမ်းသာယာသည့်နေရာတွင် ရှိကြမည်။ فِي جَنَّٰتٍ وَعُيُونٍ ٥٢ဥယျာဉ်များနှင့်၊ စမ်းချောင်းများတွင်။ يَلۡبَسُونَ مِن سُندُسٍ وَإِسۡتَبۡرَقٍ مُّتَقَٰبِلِينَ ٥٣သူတို့သည် ပိုးထည်အပါးစားနှင့် အထူစားဝတ်ဆင်ပြီး မျက်နှာချင်းဆိုင်ထိုင်နေကြလိမ့်မည်။ كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٍ ٥٤ထိုအတိုင်းပင်ဖြစ်ပျက်လိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည်သူတို့အားဖြူချောပြီး မျက်ဝန်းကျယ်သောမိန်းမများနှင့် ထိမ်းမြားပေးတော်မူမည်။ يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ ٥٥သူတို့သည် ထိုဥယျာဉ်များထဲတွင်သစ်သီးဝလံမျိုးစုံကို အေးချမ်းစွာမှာယူကြမည်ဖြစ်သည်။ لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ ٥٦သူတို့သည် ပထမအကြိမ် သေဆုံးခဲ့ကြသည်မှလွဲ၍ ထိုဥယျာဉ်များထဲတွင် သေခြင်းကို မြည်းစမ်းရတော့မည်မဟုတ်ပေ။ ထို့ပြင် သူတို့အား အရှင်မြတ်က ငရဲမီးပြစ်ဒဏ်မှလွတ်ကင်းစေတော်မူမည်။ فَضۡلًا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٥٧(ဤအရာများသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကြောင့်ဖြစ်သည်။ ဤသည် ကြီးကျယ်သော အောင်မြင်မှုဖြစ်သည်။ فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ ٥٨ထို့ပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို သူတို့ တရားရယူကြရန်အတွက် အသင်(တမန်တော်)၏ဘာသာစကားဖြင့်ပင် လွယ်ကူအောင်ပြုလုပ်ပေးတော်မူခဲ့ခြင်းဖြစ်သည်။ فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ ٥٩သို့ဖြစ်ရာ အသင်(တမန်တော်)သည် စောင့်နေပါ။ သူတို့လည်း စောင့်နေသောသူများပင် ဖြစ်ကြသည်။ ###၇