Millat al-Islam

Chapter 7 · 206 verses · Hashim Tin Myint

Surah Al-A'raf in Burmese

Arabic with tafsir Listen to Surah Al-A'raf (1239 reciters)
Meccanسورة الأعراف206 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

الٓمٓصٓ ١အလိဖ် လာမ် မီမ် စွာဒ်*။ كِتَٰبٌ أُنزِلَ إِلَيۡكَ فَلَا يَكُن فِي صَدۡرِكَ حَرَجٌ مِّنۡهُ لِتُنذِرَ بِهِۦ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ٢(ဤသည်)အသင်(တမန်‌တော်)ထံသို့ ချ‌ပေးခံရ‌သောကျမ်းတစ်‌စောင်ဖြစ်သည်။ အသင်သည် ထိုကျမ်းနှင့် သတိ‌ပေးနှိုး‌ဆော်ရန်ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏စိတ်ထဲ၌ ထိုကျမ်း‌ကြောင့် မည်သည့် ကျဉ်းကျပ်မှုမှ မဖြစ်ပါ‌စေနှင့်။* ထို့ပြင် (ဤကျမ်းသည်) အီမာန်ယုံကြည်‌သောသူများအတွက် ဆုံးမဩဝါဒလည်းဖြစ်သည်။ ٱتَّبِعُواْ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡ وَلَا تَتَّبِعُواْ مِن دُونِهِۦٓ أَوۡلِيَآءَۗ قَلِيلًا مَّا تَذَكَّرُونَ ٣အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင်တို့ထံသို့ ကျ‌ရောက်လာ‌သောအရာကိုသာ လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် အရှင်မြတ်မှလွဲ၍ (အခြား)မိတ်‌ဆွေများ‌နောက်သို့ မလိုက်ကြနှင့်။* အသင်တို့သည် ဆုံးမဩဝါဒများကို အနည်းငယ်သာ နာခံကြသည်။ وَكَم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا فَجَآءَهَا بَأۡسُنَا بَيَٰتًا أَوۡ هُمۡ قَآئِلُونَ ٤ထို့ပြင် ငါအရှင်မြတ်သည် မြို့ရွာအများအပြားကို ဖျက်ဆီး‌တော်မူခဲ့သည်။* ထိုကဲ့သို့ဖျက်ဆီးရာတွင် ငါအရှင်မြတ်၏အပြစ်ဒဏ်သည် ထိုမြို့ရွာသားများအ‌ပေါ် ညအချိန်၌ သို့မဟုတ် ‌နေ့လယ်အချိန် အပန်း‌ဖြေ‌နေကြ‌သောအခါ၌ ကျ‌ရောက်လာခဲ့သည်။ فَمَا كَانَ دَعۡوَىٰهُمۡ إِذۡ جَآءَهُم بَأۡسُنَآ إِلَّآ أَن قَالُوٓاْ إِنَّا كُنَّا ظَٰلِمِينَ ٥သို့ဖြစ်ရာ သူတို့ထံသို့ ငါအရှင်မြတ်၏အပြစ်ဒဏ် ကျ‌ရောက်လာ‌သောအခါ သူတို့က “အမှန်စင်စစ် ကျွန်ုပ်တို့သာ မတရားကျူးလွန်သူများ ဖြစ်ကြပါသည်“ဟု ‌ပြောဆိုသည်မှလွဲ၍ အခြားမည်သည့်အရာမှ (အ‌ကြောင်းပြနိုင်ခြင်း)မရှိခဲ့ကြ‌ပေ။ فَلَنَسۡـَٔلَنَّ ٱلَّذِينَ أُرۡسِلَ إِلَيۡهِمۡ وَلَنَسۡـَٔلَنَّ ٱلۡمُرۡسَلِينَ ٦၎င်းပြင် ငါအရှင်မြတ်သည် တမန်‌တော်များ ‌စေလွှတ်ခြင်းခံခဲ့ကြရ‌သောသူ (လူမျိုးအုပ်စု)များအား အမှန်ပင် စစ်‌ဆေး‌တော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် တမန်‌တော်များအားလည်း အမှန်ပင် စစ်‌ဆေး‌မေးမြန်း‌တော်မူမည်။ فَلَنَقُصَّنَّ عَلَيۡهِم بِعِلۡمٍۖ وَمَا كُنَّا غَآئِبِينَ ٧၎င်းပြင် ငါအရှင်မြတ်သည် သူတို့‌ရှေ့၌ (သူတို့၏ အ‌ခြေအ‌နေများကို ကိုယ်တိုင်)သိရှိထား‌တော်မူသည့်အတိုင်း အမှန်‌ပြောပြ‌တော်မူမည်။* ၎င်းပြင် ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှ မသိရဘဲ)‌ပျောက်ကွယ်‌နေခဲ့သည် မဟုတ်‌ပေ။ وَٱلۡوَزۡنُ يَوۡمَئِذٍ ٱلۡحَقُّۚ فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٨ထို့ပြင် ထို‌နေ့တွင် ချိန်တွယ်မှုသည် အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ အကြင်သူ၏ (‌ကောင်းမှုများ၏)အ‌လေးချိန်သည် အချိန်စီးလျှင် ထိုသူများပင် ‌အောင်မြင်သူများဖြစ်ကြမည်။ وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُم بِمَا كَانُواْ بِـَٔايَٰتِنَا يَظۡلِمُونَ ٩အကြင်သူ၏ (‌ကောင်းမှုများ၏)အ‌လေးချိန်*သည် ‌ပေါ့လျှင် ထိုသူများပင် သူတို့ကိုယ်သူတို့ နစ်နာဆုံးရှုံး‌အောင် ပြုလုပ်ခဲ့သူများဖြစ်ကြသည်။ (အဘယ့်‌ကြောင့်ဆို‌သော်) သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်ပတ်သက်၍ မတရားပြုလုပ်ခဲ့ခြင်း‌ကြောင့်ဖြစ်သည်။ وَلَقَدۡ مَكَّنَّٰكُمۡ فِي ٱلۡأَرۡضِ وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَۗ قَلِيلًا مَّا تَشۡكُرُونَ ١٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ‌မြေပထဝီတွင် တန်ခိုးအာဏာ (‌နေရာထိုင်ခင်း)‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အတွက် ထို‌မြေပထဝီတွင် အသက်‌မွေးဝမ်း‌ကျောင်းပြုနိုင်ရန် နည်းလမ်းများကိုလည်း ပြုလုပ်‌ပေး‌တော်မူခဲ့သည်။* အသင်တို့ကမူ အနည်းငယ်မျှသာ ‌ကျေးဇူးသိတတ်ကြသည်။ وَلَقَدۡ خَلَقۡنَٰكُمۡ ثُمَّ صَوَّرۡنَٰكُمۡ ثُمَّ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ لَمۡ يَكُن مِّنَ ٱلسَّٰجِدِينَ ١١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် အသင်တို့၏ ရုပ်ဆင်းသဏ္ဍန်ကို ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား အမိန့်ရှိ‌တော်မူသည်- “အသင်တို့သည် အာဒမ်ကို ဦးချ(၍ ရို‌သေသမှုပြု)ကြပါ“။ သို့ဖြစ်ရာ အိဗ်လီစ်မှလွဲ၍ ‌ကောင်းကင်တမန်အားလုံးသည် ဦးချခဲ့ကြသည်။ ထို အိဗ်လီစ်ကမူ ဦးချသူများထဲတွင် အပါအဝင် မဖြစ်ခဲ့‌ပေ။ قَالَ مَا مَنَعَكَ أَلَّا تَسۡجُدَ إِذۡ أَمَرۡتُكَۖ قَالَ أَنَا۠ خَيۡرٌ مِّنۡهُ خَلَقۡتَنِي مِن نَّارٍ وَخَلَقۡتَهُۥ مِن طِينٍ ١٢အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “ငါအရှင်မြတ်သည် အသင့်အား အမိန့်‌ပေး‌သောအခါ အသင့်ကို ဦးမချရန် မည်သည့်အရာက တားခဲ့သနည်း။“ အိဗ်လီစ်က‌ပြောသည်- “ကျွန်ုပ်သည် ၎င်း(အာဒမ်-အလိုင်ဟိ)ထက်မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်ကို မီးဖြင့် ဖန်ဆင်း‌တော်မူခဲ့ပြီး ၎င်းကိုမူ ရွှံ့‌မြေဖြင့် ဖန်ဆင်း‌တော်မူခဲ့ပါသည်။“ قَالَ فَٱهۡبِطۡ مِنۡهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَٱخۡرُجۡ إِنَّكَ مِنَ ٱلصَّٰغِرِينَ ١٣အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “သို့ဖြစ်လျှင် အသင်သည် ဤ(ဂျန္နသ်)မှ ဆင်းသွား‌လော့ အသင်သည် ဤ‌နေရာ၌ မာန‌ထောင်ရမည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် (ဤ‌နေရာမှ)ထွက်‌လော့။ အမှန်စင်စစ် အသင်သည် ‌သေးသိမ်သူများထဲ၌ အပါအဝင်ဖြစ်သည်။“ قَالَ أَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ١٤အိဗ်လီစ်က‌ပြောသည်- “အရှင်မြတ်သည် ကျွန်ုပ်အား (အသက်‌သေဆုံး‌စေခြင်းနှင့် အပြစ်ဒဏ်ခတ်ခြင်းမှ) ကိယာမသ် ရှင်ပြန်ထမည့်‌နေ့အထိ ဆိုင်းငံ့ထား‌ပေး‌တော်မူပါ။“ قَالَ إِنَّكَ مِنَ ٱلۡمُنظَرِينَ ١٥အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “အမှန်စင်စစ် အသင်သည် ဆိုင်းငံ့ခြင်းခံရ‌သောသူများထဲတွင် အပါအဝင်ဖြစ်သည်။“ قَالَ فَبِمَآ أَغۡوَيۡتَنِي لَأَقۡعُدَنَّ لَهُمۡ صِرَٰطَكَ ٱلۡمُسۡتَقِيمَ ١٦အိဗ်လီစ်က‌ပြောသည်- “အရှင်မြတ်သည် ကျွန်ုပ်အား လမ်းမှား‌စေ‌တော်မူခြင်း‌ကြောင့်* အမှန်စင်စစ် ကျွန်ုပ်သည်လည်း သူတို့(အား လမ်းမှား‌စေရန်)အတွက် အရှင်မြတ်၏လမ်းမှန်တွင် မုချ(‌မှောင်ခိုပြီး)ထိုင်‌နေမည်ဖြစ်သည်။“ ثُمَّ لَأٓتِيَنَّهُم مِّنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ وَعَنۡ أَيۡمَٰنِهِمۡ وَعَن شَمَآئِلِهِمۡۖ وَلَا تَجِدُ أَكۡثَرَهُمۡ شَٰكِرِينَ ١٧“ထို့‌နောက် ကျွန်ုပ်သည် သူတို့ထံသို့ သူတို့၏‌ရှေ့မှလည်း‌ကောင်း၊ သူတို့၏‌နောက်မှလည်း‌ကောင်း၊ သူတို့၏လက်ယာဘက်မှလည်း‌ကောင်း၊ သူတို့၏လက်ဝဲဘက်မှလည်း‌ကောင်း (အဘက်ဘက်မှ) အမှန်ပင် ဝင်‌ရောက်ရမည်ဖြစ်သည်။* ထို့‌နောက် အရှင်မြတ်သည် သူတို့ထဲမှ အများစုအား ‌ကျေးဇူးသိတတ်သူများအဖြစ် ‌တွေ့ရ‌တော့မည် မဟုတ်‌ပေ“။ قَالَ ٱخۡرُجۡ مِنۡهَا مَذۡءُومًا مَّدۡحُورًاۖ لَّمَن تَبِعَكَ مِنۡهُمۡ لَأَمۡلَأَنَّ جَهَنَّمَ مِنكُمۡ أَجۡمَعِينَ ١٨အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “ အသင်သည် ထို(ဂျန္နသ်)မှ ‌သေးသိမ်သူအဖြစ်နှင့် နှင်ထုတ်ခံရသူအဖြစ် ထွက်သွားလိုက်ပါ။* အမှန်စင်စစ် သူတို့ထဲမှ မည်သူမဆို အသင်၏‌နောက်ကို လိုက်ခဲ့လျှင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို အမှန်ပင် အသင်တို့အားလုံးနှင့် ဖြည့်‌တော်မူမည်။“ وَيَٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ فَكُلَا مِنۡ حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ ١٩“၎င်းပြင် အို- အာဒမ်၊ အသင်သည် အသင်၏ကြင်ရာနှင့်တကွ ဂျန္နသ်သုခဘုံ၌ ‌နေထိုင်ပါ။ ၎င်းပြင် အသင်တို့နှစ်ဦးသည် အသင်တို့နှစ်ဦးအလိုရှိရာကို အလိုရှိ‌သော‌နေရာမှ စားသုံးကြပါ။ သို့ရာတွင် အသင်တို့နှစ်ဦးသည် ဤသစ်ပင်အနီးကိုမူ မချဉ်းကပ်ကြ‌လေနှင့်။ ထိုသို့ (ချဉ်းကပ်လိုက်မည်)ဆိုလျှင်မူ အသင်တို့နှစ်ဦးသည် ကျူးလွန်သူများထဲ၌ အပါအဝင် ဖြစ်သွားကြ‌ပေလိမ့်မည်။“ فَوَسۡوَسَ لَهُمَا ٱلشَّيۡطَٰنُ لِيُبۡدِيَ لَهُمَا مَا وُۥرِيَ عَنۡهُمَا مِن سَوۡءَٰتِهِمَا وَقَالَ مَا نَهَىٰكُمَا رَبُّكُمَا عَنۡ هَٰذِهِ ٱلشَّجَرَةِ إِلَّآ أَن تَكُونَا مَلَكَيۡنِ أَوۡ تَكُونَا مِنَ ٱلۡخَٰلِدِينَ ٢٠ထို့‌နောက် ရှိုင်သွာန်သည် သူတို့နှစ်ဦး၏စိတ်ထဲ၌* သူတို့နှစ်ဦးမှ ဖုံးကွယ်‌နေ‌သော သူတို့နှစ်ဦး၏အရှက်ကို သူတို့နှစ်ဦး‌ရှေ့တွင် ‌ပေါ်လွင်သွား‌စေရန်* အကြံ‌ပေးသည်။ ၎င်းပြင် (ဤသို့)‌ပြောဆိုသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အသင်တို့နှစ်ဦးကို အသင်တို့နှစ်ဦး ‌ကောင်းကင်တမန်များမဖြစ်ကြရန်အတွက်၊ သို့မဟုတ် အမြဲအသက်ရှင်‌နေသူများ မဖြစ်ကြရန်အတွက် ဤသစ်ပင်မှ တားမြစ်‌တော်မူခဲ့ခြင်းဖြစ်သည်။“ وَقَاسَمَهُمَآ إِنِّي لَكُمَا لَمِنَ ٱلنَّٰصِحِينَ ٢١ထို့ပြင် အိဗ်လီစ်က သူတို့နှစ်ဦး‌ရှေ့၌ ကျိန်ဆိုပြီး‌ပြောသည်- “အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့နှစ်ဦး၏‌ကောင်းခြင်းကိုသာ လိုလားသူဖြစ်ပါသည်“။ فَدَلَّىٰهُمَا بِغُرُورٍۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمۡ أَنۡهَكُمَا عَن تِلۡكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيۡطَٰنَ لَكُمَا عَدُوٌّ مُّبِينٌ ٢٢ထို့‌နောက် ရှိုင်သွာန်သည် ၎င်းတို့နှစ်ဦးအား ပရိယာယ်ဖြင့် ဆွဲ‌ဆောင်သည်။ ၎င်းပြင် ၎င်းတို့နှစ်ဦးသည် ထိုသစ်ပင်(၏အသီး)ကို မြည်းစမ်းကြ‌သောအခါ ၎င်းတို့နှစ်ဦး၏ ဖုံးကွယ်‌နေ‌သောအရှက်သည် ၎င်းတို့နှစ်ဦး‌ရှေ့၌ ‌ပေါ်သွား‌တော့သည်။ ထို့‌နောက် ၎င်းတို့နှစ်ဦးသည် ၎င်းတို့ကိုယ်ကို၎င်းတို့ ဂျန္နသ်မှသစ်ရွက်(များ)ဖြင့် စတင်ဖုံးအုပ်ခဲ့ကြသည်။* ၎င်းပြင် ၎င်းတို့နှစ်ဦးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က ၎င်းတို့နှစ်ဦးအား မိန့်ကြား‌တော်မူသည်- “ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား ထိုသစ်ပင်မှ တားမြစ်‌တော်မူခဲ့သည် မဟုတ်‌လော။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးစလုံးအား အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့နှစ်ဦး၏ ထင်ရှား‌သောရန်သူဖြစ်သည်ဟု မိန့်ကြား‌တော်မူခဲ့သည် မဟုတ်‌လော။“ قَالَا رَبَّنَا ظَلَمۡنَآ أَنفُسَنَا وَإِن لَّمۡ تَغۡفِرۡ لَنَا وَتَرۡحَمۡنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٢٣၎င်းတို့နှစ်ဦးက ‌လျှောက်ထားကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့ နှိပ်စက်ပြီး နစ်နာ‌အောင်လုပ်မိခဲ့ပြီဖြစ်ပါသည်။ ထို့‌နောက် အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မမူပါလျှင် ၎င်းပြင် ကျွန်ုပ်တို့အား သနားညှာတာခြင်း ပြု‌တော်မမူပါလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးသူများထဲတွင် အပါအဝင် ဖြစ်ကြရပါ‌တော့မည်။“ قَالَ ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوٌّۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرٌّ وَمَتَٰعٌ إِلَىٰ حِينٍ ٢٤အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အသင်တို့သည် (ဂျန္နသ်မှ)ဆင်းသွားကြ‌လော့။ အသင်တို့ထဲမှ အချို့သည် အချို့၏ရန်သူဖြစ်လိမ့်မည်။ ၎င်းပြင် အသင်တို့အတွက် ‌မြေပထဝီတွင် သတ်မှတ်ထား‌သောသက်တမ်းထိ ‌နေရာထိုင်ခင်းနှင့် အကျိုးခံစားခွင့်ရှိသည်။“ قَالَ فِيهَا تَحۡيَوۡنَ وَفِيهَا تَمُوتُونَ وَمِنۡهَا تُخۡرَجُونَ ٢٥အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အသင်တို့သည် ထို‌မြေပထဝီတွင် အသက်ရှင် ‌နေထိုင်ကြရမည်။ ၎င်း‌နောက် ထိုထဲ၌ပင် ‌သေဆုံးကြရမည်။ ၎င်းပြင် (ကိယာမသ် ရှင်ပြန်ထမည့်‌နေ့၌) ထို‌မြေပထဝီမှပင် ထွက်လာကြရမည်။“ يَٰبَنِيٓ ءَادَمَ قَدۡ أَنزَلۡنَا عَلَيۡكُمۡ لِبَاسًا يُوَٰرِي سَوۡءَٰتِكُمۡ وَرِيشًاۖ وَلِبَاسُ ٱلتَّقۡوَىٰ ذَٰلِكَ خَيۡرٌۚ ذَٰلِكَ مِنۡ ءَايَٰتِ ٱللَّهِ لَعَلَّهُمۡ يَذَّكَّرُونَ ٢٦အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏ အရှက်ကိုဖုံးအုပ်သည့် အဝတ်အစားကို ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် အလှအပအတွက် ဖြစ်‌စေ‌သော အဝတ်အစားကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် အရှင်မြတ်အား ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ခြင်းတည်းဟူသည့် သက္ကဝါ၏အဝတ်အစားသည် အမြင့်မြတ်ဆုံးပင်ဖြစ်သည်။* ဤသည် သူတို့ အသိတရားရယူကြရန်အတွက် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ဖြစ်သည်။ يَٰبَنِيٓ ءَادَمَ لَا يَفۡتِنَنَّكُمُ ٱلشَّيۡطَٰنُ كَمَآ أَخۡرَجَ أَبَوَيۡكُم مِّنَ ٱلۡجَنَّةِ يَنزِعُ عَنۡهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوۡءَٰتِهِمَآۚ إِنَّهُۥ يَرَىٰكُمۡ هُوَ وَقَبِيلُهُۥ مِنۡ حَيۡثُ لَا تَرَوۡنَهُمۡۗ إِنَّا جَعَلۡنَا ٱلشَّيَٰطِينَ أَوۡلِيَآءَ لِلَّذِينَ لَا يُؤۡمِنُونَ ٢٧အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့၏မိဘနှစ်ပါး (အာဒမ်နှင့် ‌ဟောင်ဝါ- အလိုင်ဟိစလာမ်)ကို ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏အရှက်ကို မြင်နိုင်‌စေရန် ၎င်းတို့(၏ ခန္ဓာကိုယ်)မှ ၎င်းတို့၏အဝတ်အစားများကို ချွတ်ပြီး ဂျန္နသ်မှထွက်‌စေသကဲ့သို့ အသင်တို့အားလည်း လမ်းမှားဘက် ‌သွေး‌ဆောင်ခြင်း မဖြစ်‌စေနှင့်။ အမှန်မှာ ထိုရှိုင်သွာန်နှင့် သူ၏မျိုးနွယ်များသည် အသင်တို့ကို၊ အသင်တို့ သူတို့အား မမြင်နိုင်‌သောနည်းဖြင့် မြင်ကြသည်။* အမှန်စင်စစ် ငါအရှင်မြတ်သည် ရှိုင်သွာန်များကို အီမာန်ယုံကြည်မှု မရှိ‌သောသူများ၏ မိတ်‌ဆွေများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ وَإِذَا فَعَلُواْ فَٰحِشَةً قَالُواْ وَجَدۡنَا عَلَيۡهَآ ءَابَآءَنَا وَٱللَّهُ أَمَرَنَا بِهَاۗ قُلۡ إِنَّ ٱللَّهَ لَا يَأۡمُرُ بِٱلۡفَحۡشَآءِۖ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ٢٨ထို့ပြင် (ကာဖိရ်ငြင်းပယ်)သူတို့သည် စက်ဆုပ်ဖွယ်ရာ ကိစ္စတစ်ခုခုကို ပြုလုပ်ကြ‌သောအခါ “ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့အား ဤသို့ပင် (ပြုလုပ်‌နေသည်ကို) ‌တွေ့ရှိခဲ့ကြပါသည်၊ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်လည်း ကျွန်ုပ်တို့အား ဤအတိုင်းပင် အမိန့်‌ပေး‌တော်မူခဲ့သည်ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်)လုံးဝ အမိန့်‌ပေး‌တော်မမူ‌ပေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အသင်တို့ မသိနားမလည်‌သောကိစ္စများကို လုပ်ကြံ‌ပြောဆိုကြသ‌လော။ قُلۡ أَمَرَ رَبِّي بِٱلۡقِسۡطِۖ وَأَقِيمُواْ وُجُوهَكُمۡ عِندَ كُلِّ مَسۡجِدٍ وَٱدۡعُوهُ مُخۡلِصِينَ لَهُ ٱلدِّينَۚ كَمَا بَدَأَكُمۡ تَعُودُونَ ٢٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အိဗာဒသ်လုပ် စဂျ်ဒဟ်ဦးချ‌သော ‌နေရာတိုင်း၌ အသင်တို့၏မျက်နှာများကို အရှင်မြတ်ဘက် (တစ်စိတ်တစ်လက်တည်း) မျက်နှာမူပြီး ပြုလုပ်ကြပါ။ ၎င်းပြင် အရှင်မြတ်အတွက် ဝတ်ပြုမှုကို အရှင်မြတ်အတွက်သာ စိတ်‌စေတနာဖြူစင်မှုဖြင့် ပြုလုပ်‌သောသူများအဖြစ်နှင့် အရှင်မြတ်ကို ဟစ်‌ခေါ်ပန်ကြားကြပါ။ အရှင်မြတ်သည် အသင်တို့အား စတင် ဖန်ဆင်း‌တော်မူသကဲ့သို့ပင် အသင်တို့သည် (အရှင်မြတ်ထံ‌တော်သို့) ပြန်လှည့်ကြရမည်။ فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيۡهِمُ ٱلضَّلَٰلَةُۚ إِنَّهُمُ ٱتَّخَذُواْ ٱلشَّيَٰطِينَ أَوۡلِيَآءَ مِن دُونِ ٱللَّهِ وَيَحۡسَبُونَ أَنَّهُم مُّهۡتَدُونَ ٣٠အရှင်မြတ်သည် လူတစ်စုအား လမ်းမှန်ကို ‌ရောက်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် လူတစ်စုမှာမူ လမ်းလွဲခြင်းသည် သူတို့အ‌ပေါ်၌ အတည်ဖြစ်ခဲ့သည်။* (အဘယ့်‌ကြောင့်ဆို‌သော်) အမှန်ပင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး ရှိုင်သွာန်များကို မိတ်‌ဆွေဖွဲ့ခဲ့ကြသည်။ ၎င်းပြင် အမှန်ပင် သူတို့သည် သူတို့ကိုယ်သူတို့ လမ်းမှန်ရရှိသူများဟု ထင်မှတ်ကြသည်။ ۞ يَٰبَنِيٓ ءَادَمَ خُذُواْ زِينَتَكُمۡ عِندَ كُلِّ مَسۡجِدٍ وَكُلُواْ وَٱشۡرَبُواْ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ٣١အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ အသင်တို့သည် ဗလီဝတ်‌ကျောင်း‌တော်သို့ တက်‌ရောက်သည့်အခါတိုင်း၌ အသင်တို့၏(အဝတ်အစားကို ဝတ်ဆင်၍) တင့်တယ်မှုကို ရယူကြပါ။ ၎င်းပြင် အသင်တို့သည် စား‌သောက်ကြပါ၊ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြ‌လေနှင့်။ (အဘယ့်‌ကြောင့်ဆို‌သော်) အမှန်ပင် အရှင်မြတ်သည် ဖြုန်းတီးသူများကို နှစ်သက်‌တော်မမူ‌ပေ။ قُلۡ مَنۡ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِيٓ أَخۡرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزۡقِۚ قُلۡ هِيَ لِلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا خَالِصَةً يَوۡمَ ٱلۡقِيَٰمَةِۗ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡلَمُونَ ٣٢(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်သည် အရှင်၏ကျွန်များအတွက် လှပတင့်တယ်မှုအဖြစ် ပြုလုပ်ထား‌သော အဝတ်အစားများနှင့် သန့်ပြန့်စင်ကြယ်‌သော အစားအစာများကို မည်သူက ဟရာမ်ဟု တားမြစ်ခဲ့သနည်း။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အီမာန်ယုံကြည်သူများအတွက် ဤ‌လောကတွင် ရရှိ‌နေ‌သော ၎င်းအရာများသည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့၌မူ (သူတို့အတွက်) သီးသန့်ပင်ဖြစ်လိမ့်မည်။* ငါအရှင်မြတ်သည် ဤသို့ပင် အာယသ်‌တော်များကို အသိပညာရှိသူများအတွက် အ‌သေးစိတ်ရှင်းလင်းပြသ‌တော်မူသည်။ قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنًا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ٣٣(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများထဲမှ ထင်ရှားသည့်အရာများ၊ ဖုံးကွယ်‌နေ‌သောအရာများ၊ မ‌ကောင်းမှုများ၊ မတရားနှိပ်စက်မှုများ၊ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က မည်သည့်သက်‌သေ သာဓကတစ်ခုမျှ ချမ‌ပေးခဲ့‌သောအရာကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း၊ ၎င်းပြင် အသင်တို့သည် အသင်တို့မသိ‌သောအရာများကို အရှင်မြတ်အ‌ပေါ်၌ လုပ်ကြံ‌ပြောဆိုခြင်း (ထိုအရာများအားလုံး)ကိုသာ ဟရာမ်ဟု တားမြစ်‌တော်မူခဲ့ခြင်းဖြစ်သည်။ وَلِكُلِّ أُمَّةٍ أَجَلٌۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَأۡخِرُونَ سَاعَةً وَلَا يَسۡتَقۡدِمُونَ ٣٤လူမျိုးတိုင်းအတွက် (အသက်ရှင်ရန်) သတ်မှတ်ထား‌သော အချိန်ကာလရှိသည်။ သို့ဖြစ်ရာ သူတို့၏ အချိန်ကာလ‌ရောက်လာလျှင် သူတို့သည် အချိန်အနည်းငယ်မျှပင် ‌နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်‌ပေ၊ ‌ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်‌ပေ။ يَٰبَنِيٓ ءَادَمَ إِمَّا يَأۡتِيَنَّكُمۡ رُسُلٌ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي فَمَنِ ٱتَّقَىٰ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٣٥အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့ထံသို့ အသင်တို့ထဲမှပင် ငါအရှင်မြတ်၏အမိန့်‌တော်များကို အသင်တို့‌ရှေ့‌မှောက်၌ ရှင်းလင်း‌ပြောပြကြ‌သော တမန်‌တော်များ အမှန်စင်စစ် ‌ရောက်လာခဲ့‌သောအခါ အကြင်သူသည် မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်ပြီး ပြုပြင်‌နေထိုင်လျှင် ထိုသူများအ‌ပေါ်တွင် စိုးရိမ်စရာမရှိသည့်အပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။ وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٣٦၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏အမိန့်‌တော်များကို မဟုတ်မမှန်ငြင်းပယ်ကြပြီး အရှင်မြတ်၏အမိန့်‌တော်များမှ မာန‌ထောင်လွှားလျက် မျက်နှာလွှဲ‌နေခဲ့ကြသည်။ ထိုသူများသည် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ငရဲ၌ပင် အမြဲ‌နေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ أُوْلَٰٓئِكَ يَنَالُهُمۡ نَصِيبُهُم مِّنَ ٱلۡكِتَٰبِۖ حَتَّىٰٓ إِذَا جَآءَتۡهُمۡ رُسُلُنَا يَتَوَفَّوۡنَهُمۡ قَالُوٓاْ أَيۡنَ مَا كُنتُمۡ تَدۡعُونَ مِن دُونِ ٱللَّهِۖ قَالُواْ ضَلُّواْ عَنَّا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ ٣٧အကြင်သူထက် ပို၍ မတရားသူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားကို လုပ်ကြံစွပ်စွဲခဲ့သည်။* သို့မဟုတ် ထိုသူသည် အရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ငြင်းဆိုခဲ့သည်။ ထိုသူတို့ထံသို့ သူတို့အတွက် ‌လောင်ဟိမဟ်ဖူးဇွ်၌ သတ်မှတ်ထား‌သော‌ဝေစုသည် (ဤဘဝ၌ပင်)‌ရောက်ရှိလာလိမ့်မည်။ ‌နောက်ဆုံး၌ သူတို့ထံသို့ ငါအရှင်မြတ်၏ ‌စေတမန်များသည် သူတို့၏အသက်ကို နှုတ်သိမ်းရန် ‌ရောက်လာကြ‌သောအခါ ထို‌စေတမန်များက ‌မေးမြန်းကြလိမ့်မည်- အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်ခဲ့‌သောအရာများသည် အဘယ်မှာနည်း။“ သူတို့က ‌ပြောကြမည်- “ထိုအရာများသည် ကျွန်ုပ်တို့ထံမှ ‌ပျောက်ကွယ်သွားကြပြီဖြစ်သည်။“ ၎င်းပြင် သူတို့သည် သူတို့နှင့် ဆန့်ကျင်ပြီး ကျွန်ုပ်တို့သည် အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများ ဖြစ်ကြပါသည်ဟု သက်‌သေခံကြလိမ့်မည်။ قَالَ ٱدۡخُلُواْ فِيٓ أُمَمٍ قَدۡ خَلَتۡ مِن قَبۡلِكُم مِّنَ ٱلۡجِنِّ وَٱلۡإِنسِ فِي ٱلنَّارِۖ كُلَّمَا دَخَلَتۡ أُمَّةٌ لَّعَنَتۡ أُخۡتَهَاۖ حَتَّىٰٓ إِذَا ٱدَّارَكُواْ فِيهَا جَمِيعًا قَالَتۡ أُخۡرَىٰهُمۡ لِأُولَىٰهُمۡ رَبَّنَا هَٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمۡ عَذَابًا ضِعۡفًا مِّنَ ٱلنَّارِۖ قَالَ لِكُلٍّ ضِعۡفٌ وَلَٰكِن لَّا تَعۡلَمُونَ ٣٨အရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) အမိန့်ရှိ‌တော်မူမည်- အသင်တို့မတိုင်မီက ဂျင်န်အုပ်စုနှင့် လူအုပ်စုများနှင့်အတူ အသင်တို့သည် ဂျဟန္နမ်ငရဲဘုံထဲသို့ ဝင်ကြပါ။ အုပ်စုတစ်စုသည် (ငရဲဘုံထဲသို့)ဝင်‌ရောက်သည့်အခါတိုင်း သူတို့နှင့် အယူဝါဒတူအုပ်စု အချင်းချင်းကို ကျိန်ဆဲကြမည်။* ‌နောက်ဆုံး ထိုငရဲဘုံတွင် အားလုံးဆုံမိကြ‌သောအခါ သူတို့ထဲမှ ‌နောင်လာ‌နောင်သားများက သူတို့၏ ပထမလူများနှင့်ပတ်သက်၍* ‌ပြောဆိုကြမည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ဤသူများပင် ကျွန်ုပ်တို့အား လမ်းလွဲ‌စေခဲ့ကြသည့်အတွက် အရှင်မြတ်သည် သူတို့အား ငရဲဘုံ၏အပြစ်ဒဏ်ကို အဆတိုးပြီး ‌ပေး‌တော်မူပါ။“ အရှင်မြတ်က မိန့်‌တော်မူမည်- “အဆတိုးပြစ်ဒဏ်သည် (အသင်တို့) အသီးသီး၌ရှိသည်။ သို့ရာတွင် အသင်တို့သည် အသိ မရှိကြ‌ပေ။“ وَقَالَتۡ أُولَىٰهُمۡ لِأُخۡرَىٰهُمۡ فَمَا كَانَ لَكُمۡ عَلَيۡنَا مِن فَضۡلٍ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡسِبُونَ ٣٩ထို့ပြင် သူတို့၏ ပထမလူများက သူတို့၏‌နောက်လူများအား ‌ပြောဆိုကြမည်- “သို့ဖြစ်လျှင် အသင်တို့၌ ငါတို့ထက်သာပိုသည်ဟူ၍ မည်သည့်အရာမျှ မရှိ‌ပေ၊ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ ဆည်းပူးခဲ့သည်များ‌ကြောင့် အပြစ်ဒဏ်ကို မြည်းစမ်းကြပါ။“ إِنَّ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَا لَا تُفَتَّحُ لَهُمۡ أَبۡوَٰبُ ٱلسَّمَآءِ وَلَا يَدۡخُلُونَ ٱلۡجَنَّةَ حَتَّىٰ يَلِجَ ٱلۡجَمَلُ فِي سَمِّ ٱلۡخِيَاطِۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُجۡرِمِينَ ٤٠အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ငြင်းဆိုကြသည်။ ၎င်းပြင် သူတို့သည် ထိုအာယသ်‌တော်များမှ (မျက်နှာလွှဲ၍) မာန‌ထောင်လွှားမှု ပြုကြသည်။ ထိုသူများအတွက် ‌ကောင်းကင်၏တံခါးများသည် ဖွင့်ထားခြင်းခံရမည် မဟုတ်‌ပေ။* ‌နောက်ဆုံး ကုလားအုတ်သည် အပ်‌ပေါက်ထဲသို့ ဝင်သွားသည်ဆိုလျှင်ပင်* သူတို့သည် ဂျန္နသ်သုခဘုံထဲသို့ ဝင်‌ရောက်ကြရမည် မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် အပြစ်ရှိသူများအား အပြစ်‌ပေး‌တော်မူသည်။ لَهُم مِّن جَهَنَّمَ مِهَادٌ وَمِن فَوۡقِهِمۡ غَوَاشٍۚ وَكَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ ٤١သူတို့အတွက် ဂျဟန္နမ်ငရဲမီး၏ အခင်းရှိမည်။ ၎င်းပြင် သူတို့၏အ‌ပေါ်၌လည်း (ငရဲမီး၏)အမိုး(အဖုံးအအုပ်များ)ရှိမည်*၊ ထို့ပြင် ငါအရှင်မြတ်သည် မတရားကျူးလွန်သူများအား ဤသို့ပင် ပြစ်ဒဏ်‌ပေး‌တော်မူသည်။ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ٤٢ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြသည်။ ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူ၏အင်အားရှိသည်မှလွဲ၍ ပိုပြီး တာဝန်‌ပေး‌တော်မမူ‌ပေ။* ထိုသူများပင် ဂျန္နသ်သုခဘုံသားများ ဖြစ်ကြသည်။ သူတို့သည် ထိုဂျန္နသ်ထဲတွင် အမြဲ‌နေထိုင်ကြရမည်။ وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلٍّ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُۖ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهۡتَدِيَ لَوۡلَآ أَنۡ هَدَىٰنَا ٱللَّهُۖ لَقَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّۖ وَنُودُوٓاْ أَن تِلۡكُمُ ٱلۡجَنَّةُ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ ٤٣ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်များထဲ၌ (ကျန်)ရှိ‌နေ‌သော အာဃတ အငြိုးအ‌တေးကို ထုတ်ပစ်‌တော်မူမည်။* သူတို့၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ ၎င်းပြင် သူတို့သည် (ဤသို့)‌ပြောဆိုကြမည်- “ချီးမွမ်းခြင်းဟူသမျှသည် ကျွန်ုပ်တို့အား ဤ‌နေရာသို့ ပို့‌ဆောင်‌ပေး‌သော အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကသာ ကျွန်ုပ်တိုု့ကို ပို့‌ဆောင်‌တော်မမူပါလျှင် (ဤ‌နေရာသို့) ‌ရောက်ရှိမည် မဟုတ်‌ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ တမန်‌တော်များသည် အမှန်ကို ယူ‌ဆောင်လာခဲ့ကြသည်ပင် ဖြစ်သည်။ ၎င်းပြင် သူတို့သည် (ဤသို့)ဟစ်‌အော်သံကို ကြားကြရမည်- “ဤသည် အကြင် ဂျန္နသ်သုခဘုံဖြစ်သည်၊ ထိုအရာကို အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့‌သောအရာ (‌ကောင်း‌သောလုပ်ရပ်)များ‌ကြောင့် အ‌မွေရရှိခဲ့ခြင်းဖြစ်သည်။ وَنَادَىٰٓ أَصۡحَٰبُ ٱلۡجَنَّةِ أَصۡحَٰبَ ٱلنَّارِ أَن قَدۡ وَجَدۡنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلۡ وَجَدتُّم مَّا وَعَدَ رَبُّكُمۡ حَقًّاۖ قَالُواْ نَعَمۡۚ فَأَذَّنَ مُؤَذِّنُۢ بَيۡنَهُمۡ أَن لَّعۡنَةُ ٱللَّهِ عَلَى ٱلظَّٰلِمِينَ ٤٤ထို့ပြင် ဂျန္နသ်သုခဘုံသားများသည် ဂျဟန္နမ်ငရဲသားများကို ဟစ်‌ခေါ်‌ပြောဆိုကြမည်- “ငါတို့သည် ငါတို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ငါတို့နှင့် ထားရှိ‌တော်မူခဲ့သည့် ကတိ‌တော်အတိုင်း မှန်ကန်စွာ ရရှိကြပြီဖြစ်သည်။ ၎င်းပြင် အသင်တို့သည်လည်း အသင်တို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အသင်တို့နှင့် ထားရှိ‌တော်မူခဲ့သည့် ကတိ‌တော်အတိုင်း မှန်ကန်စွာ ရရှိကြပြီ။“ သူတို့က “ဟုတ်ကဲ့ (ရရှိကြပြီဖြစ်ပါသည်)“ဟု ‌ဖြေကြလိမ့်မည်။* ထို့‌နောက် ဟစ်‌အော်သူတစ်ဦးက* သူတို့ကြား၌ (တရားဝင်‌ကြေညာ) ဟစ်‌အော်‌ပြောဆိုမည်- “မတရားကျူးလွန်သူများသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာ‌တော်မှ ကင်‌ဝေးကြပြီဖြစ်သည်။“ ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًا وَهُم بِٱلۡأٓخِرَةِ كَٰفِرُونَ ٤٥ထို(မတရားကျူးလွန်)သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ ပိတ်ပင်တားဆီးခဲ့ကြ၍ ထိုလမ်း‌တော်တွင် ‌ကွေ့‌ကောက်မှုကို ရှာ‌ဖွေခဲ့ကြသည်။* ၎င်းပြင် သူတို့သည် ‌နောင်ဘဝကိုလည်း ငြင်းပယ်သူများ ဖြစ်ခဲ့ကြသည်။ وَبَيۡنَهُمَا حِجَابٌۚ وَعَلَى ٱلۡأَعۡرَافِ رِجَالٌ يَعۡرِفُونَ كُلَّۢا بِسِيمَىٰهُمۡۚ وَنَادَوۡاْ أَصۡحَٰبَ ٱلۡجَنَّةِ أَن سَلَٰمٌ عَلَيۡكُمۡۚ لَمۡ يَدۡخُلُوهَا وَهُمۡ يَطۡمَعُونَ ٤٦ထို့ပြင် ထို(ဂျန္နသ်နှင့်ဂျဟန္နမ်)ကြား၌ အကာအကွယ် တံတိုင်းတစ်ခု တည်ရှိလိမ့်မည်။* ထို့ပြင် ထိုတံတိုင်း‌ပေါ်မှ‌နေရာများ၌လည်း လူအများအပြားရှိကြလိမ့်မည်။ သူတို့သည် (သုခဘုံသားနှင့် ငရဲသားများ)အားလုံးကို သူတို့၏အမှတ်အသားများဖြင့် မှတ်မိကြလိမ့်မည်။ ထို့ပြင် လူများသည် သုခဘုံသားများကို “ငြိမ်းချမ်းသာယာမှုသည် အသင်တို့‌ပေါ်တွင် ရှိပါ‌စေ“ဟု ဟစ်‌အော်(‌ပြောဆို)ကြမည်။ သူတို့သည် ဂျန္နသ်ထဲသို့ မဝင်ကြရ‌သေး‌သော်လည်း (ဝင်‌ရောက်ကြရလိမ့်မည် ဟု) ‌မျှော်လင့်‌နေကြမည်။ ۞ وَإِذَا صُرِفَتۡ أَبۡصَٰرُهُمۡ تِلۡقَآءَ أَصۡحَٰبِ ٱلنَّارِ قَالُواْ رَبَّنَا لَا تَجۡعَلۡنَا مَعَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٤٧ထို့‌နောက် သူတို့၏မျက်စိများကို ငရဲသားများဘက် လှည့်လိုက်‌သောအခါ သူတို့က ‌ပြောဆိုကြမည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤမတရားကျူးလွန်သူများနှင့်အတူ ထား‌တော်မမူပါနှင့်။“ وَنَادَىٰٓ أَصۡحَٰبُ ٱلۡأَعۡرَافِ رِجَالًا يَعۡرِفُونَهُم بِسِيمَىٰهُمۡ قَالُواْ مَآ أَغۡنَىٰ عَنكُمۡ جَمۡعُكُمۡ وَمَا كُنتُمۡ تَسۡتَكۡبِرُونَ ٤٨ထို့ပြင် ထိုတံတိုင်း‌ပေါ်မှ‌နေရာများ၌ရှိ‌သောသူများက အကြင်သူများကို ဟစ်‌ခေါ်ကြမည်။ (တံတိုင်း‌ပေါ်မှ)သူများက ထို(မတရားကျူးလွန်)သူများအား ၎င်းတို့၏ အမှတ်အသားများနှင့် မှတ်မိကြမည်။ ၎င်းပြင် (တံတိုင်း‌ပေါ်မှသူများက)‌ပြောဆိုကြမည်- “အသင်တို့၏ လူအုပ်စုများပြားခြင်းနှင့် အသင်တို့၏မာန‌ထောင်လွှားခြင်းတို့သည် အသင်တို့အတွက် အသုံးမဝင်ခဲ့‌ပေ။“ أَهَٰٓؤُلَآءِ ٱلَّذِينَ أَقۡسَمۡتُمۡ لَا يَنَالُهُمُ ٱللَّهُ بِرَحۡمَةٍۚ ٱدۡخُلُواْ ٱلۡجَنَّةَ لَا خَوۡفٌ عَلَيۡكُمۡ وَلَآ أَنتُمۡ تَحۡزَنُونَ ٤٩ဤသူများသည် အကြင်သူများ‌လော။ အသင်တို့သည် (ထိုမွတ်စ်လင်မ်များနှင့်ပတ်သက်၍) “အလ္လာဟ်အရှင်မြတ်သည် သူတို့အ‌ပေါ် ကရုဏာ‌တော်ပြု‌တော်မူမည် မဟုတ်‌ပေ“ ဟု ကျိန်တွယ်‌ပြောဆိုခဲ့ကြသည်။* (ယခုမူ အသင်တို့ အထင်‌သေးခဲ့‌သောသူများနှင့်ပတ်သက်၍ အမိန့်ကျလာခဲ့သည်-) အသင်တို့သည် ဂျန္နသ်ထဲသို့ ဝင်‌ရောက်ကြပါ၊ အသင်တို့အ‌ပေါ်တွင် မည်သည့်စိုးရိမ်စရာမှလည်း မရှိ‌ပေ၊ ၎င်းပြင် အသင်တို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။ وَنَادَىٰٓ أَصۡحَٰبُ ٱلنَّارِ أَصۡحَٰبَ ٱلۡجَنَّةِ أَنۡ أَفِيضُواْ عَلَيۡنَا مِنَ ٱلۡمَآءِ أَوۡ مِمَّا رَزَقَكُمُ ٱللَّهُۚ قَالُوٓاْ إِنَّ ٱللَّهَ حَرَّمَهُمَا عَلَى ٱلۡكَٰفِرِينَ ٥٠၎င်းပြင် ငရဲသားများသည် သုခဘုံသားများအား ‌အော်ဟစ်ပြီး ‌တောင်းခံကြမည်- “အသင်တို့သည် ‌ရေအနည်းငယ်မျှ သို့မဟုတ် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ‌ပေး‌တော်မူထား‌သောစားစရာများထဲမှ အချို့ကို ကျွန်ုပ်တို့အား ‌ပေးသနားကြပါ။“ သူတို့(သုခဘုံသားများ)က ‌ပြောဆို‌ဖြေကြားကြမည်- “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုနှစ်ခုလုံးအား ကာဖိရ်ငြင်းပယ်သူများအ‌ပေါ်၌ ဟရာမ်ဟု တားမြစ်ထား‌တော်မူသည်။“ ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَهۡوًا وَلَعِبًا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ نَنسَىٰهُمۡ كَمَا نَسُواْ لِقَآءَ يَوۡمِهِمۡ هَٰذَا وَمَا كَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ ٥١အကြင်သူများသည် သူတို့၏သာသနာကို ‌ပျော်ရွှင်ဖွယ်ရာနှင့် ကစားစရာအဖြစ် ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် ဤဘဝ၏အသက်ရှင်ခြင်းသည် သူတို့ကို လှည့်ဖြားခဲ့သည်။ သို့ဖြစ်ရာ ဤ‌နေ့၌မူ ထိုသူများသည် သူတို့၏ ဤ(ကိယာမသ်)‌နေ့နှင့် ‌တွေ့ဆုံရမည်ကို ‌မေ့ထားခဲ့ကြသကဲ့သို့၊ ၎င်းပြင် ငါအရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသကဲ့သို့၊ ငါအရှင်မြတ်သည်လည်း ထိုသူများကို ‌မေ့ထားပစ်လိုက်‌တော်မူမည်။ وَلَقَدۡ جِئۡنَٰهُم بِكِتَٰبٍ فَصَّلۡنَٰهُ عَلَىٰ عِلۡمٍ هُدًى وَرَحۡمَةً لِّقَوۡمٍ يُؤۡمِنُونَ ٥٢ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထံသို့ ကျမ်းတစ်‌စောင်ကို* ယူ‌ဆောင်လာခဲ့သည်။ ငါအရှင်မြတ်သည် ထိုကျမ်းကို အသိပညာဉာဏ်နှင့် ရှင်းလင်း‌ဖော်ပြ‌တော်မူခဲ့သည်။ (ထိုကျမ်းသည်) အီမာန်ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြား ပြသချက်လည်းဖြစ်သည်။ သနားကရုဏာလည်းဖြစ်သည်။ هَلۡ يَنظُرُونَ إِلَّا تَأۡوِيلَهُۥۚ يَوۡمَ يَأۡتِي تَأۡوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبۡلُ قَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشۡفَعُواْ لَنَآ أَوۡ نُرَدُّ فَنَعۡمَلَ غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ قَدۡ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٥٣သူတို့သည် ထို(ကုရ်အာန်)ကျမ်း(ထဲမှ အမိန့်ရှိထားသည်များ)၏ ‌နောက်ဆုံးရလာဒ်ကိုသာ ‌စောင့်‌မျှော်‌နေကြခြင်းဖြစ်သည်။* ထိုကျမ်း၏‌နောက်ဆုံးရလာဒ် ‌ရောက်ရှိလာ‌သော‌နေ့တွင် ထို‌နေ့ကို ယခင်က ‌မေ့‌နေခဲ့‌သောသူများသည် (ဤသို့)‌ပြောဆိုကြမည်- “အမှန်ပင် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ တမန်‌တော်များသည် အမှန်ကို ယူ‌ဆောင်လာခဲ့ကြသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့အတွက် ကြားဝင်‌တောင်းပန်‌ပေးမည့်သူ ရှိပါဦးမည်‌လော။ ထိုသို့ရှိမည်ဆိုလျှင် သူတို့သည် ကျွန်ုပ်တို့အတွက် ကြားဝင်‌တောင်းပန်‌ပေးလိမ့်မည်။ သို့မဟုတ် ကျွန်ုပ်တို့သည် (‌လောကကို)ပြန်လွှတ်ခြင်း ခံကြရဦးမည်‌လော။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြုလုပ်ခဲ့ကြ‌သောအရာ (မ‌ကောင်းမှု)များနှင့် ဆန့်ကျင်၍ (‌ကောင်းမှုများကိုသာ) ပြုလုပ်ကြပါမည်။“* သူတို့သည် အမှန်စင်စစ် သူတို့ကိုယ်ကို သူတို့နစ်နာဆုံးရှုံး‌စေရန် ပြုလုပ်ခဲ့ကြခြင်းသာဖြစ်သည်။ ထို့ပြင် သူတို့လုပ်ကြံ‌ပြောဆိုခဲ့ကြသည်များကလည်း သူတို့ထံမှ ‌ပျောက်ကွယ်သွားကြပြီဖြစ်သည်။ إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثًا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٥٤အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အကြင်အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ‌ခြောက်ရက်(နှင့် ညီမျှ‌သောအချိန်)ဖြင့်* ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက်အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။ အရှင်မြတ်သည် ‌နေ့ကိုညနှင့် ဖုံးအုပ်‌တော်မူသည်။ ထိုညသည် ‌နေ့၏‌နောက်မှ အမြန်‌ရောက်လာသည်။ ထို့ပြင် ‌နေနှင့်လအပြင် ကြယ်များကိုလည်း (အရှင်မြတ်က) အရှင်မြတ်၏အမိန့်နာခံသူများအဖြစ် (ဖန်ဆင်း‌တော်မူခဲ့သည်)။ ဖန်ဆင်းမှုနှင့် အမိန့်အာဏာသည် အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်ကို မှတ်ထားကြပါ။* စကြဝဠာအားလုံးကို ဖန်ဆင်း‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းချီးမဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူသည်။ ٱدۡعُواْ رَبَّكُمۡ تَضَرُّعًا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ ٥٥အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ရိုးကျိုးစွာ(ကျို့ငဲ့စွာ)နှင့် (တီးတိုးစွာ)လျှို့ဝှက်လျက် ဆု‌တောင်းကြပါ၊* အမှန်စင်စစ် အရှင်မြတ်သည် စည်း‌ဖောက်‌သောသူများကို နှစ်သက်‌တော်မမူ‌ပေ။ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفًا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٌ مِّنَ ٱلۡمُحۡسِنِينَ ٥٦ထို့ပြင် ကမာ္ဘ‌မြေပြင်ကို ‌ကောင်းမွန်‌အောင် ပြုပြင်ထားပြီးသည့်‌နောက် အသင်တို့သည် ထိုကမာ္ဘ‌မြေပြင်တွင် ဖျက်လိုဖျက်ဆီး မပြုလုပ်ကြနှင့်။* ၎င်းပြင် အသင်တို့သည် အရှင်မြတ်ကို ‌ကြောက်ရွံ့စိုးရိမ်မှုနှင့် ‌မျှော်လင့်ချက်ထား၍ ဟစ်‌ခေါ်‌တောင်းခံကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ သနားကရုဏာသည် ‌ကောင်းကျိုး‌ဆောင်ရွက်‌သောသူများနှင့် အလွန်နီးကပ်‌နေသည်။ وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابًا ثِقَالًا سُقۡنَٰهُ لِبَلَدٍ مَّيِّتٍ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ ٥٧ထို့ပြင် အရှင်မြတ်ပင် အရှင်မြတ်၏အသနား‌တော်မိုးမရွာမီ ‌လေ(ပြည်‌လေညင်း)များကို (‌ရှေ့‌ပြေး)သတင်း‌ကောင်းအဖြစ် ‌စေလွှတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ‌နောက်ဆုံး ထို‌လေများသည် ‌လေးလံ‌သောမိုးတိမ်များကို သယ်ပိုးလာ‌သောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကို ‌ခြောက်‌သွေ့‌နေ‌သော မြို့ရွာ‌ဒေသထံသို့ ‌ရွေ့လျား‌စေ‌တော်မူသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုမိုးတိမ်နှင့်မိုး‌ရေကို ချ‌ပေး‌တော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို‌ရေနှင့် သစ်သီးဝလံမျိုးစုံတို့ကို ‌ပေါက်‌ရောက်‌စေ‌တော်မူသည်။ ဤသို့ပင် ငါအရှင်မြတ်သည် အသင်တို့ တရားရကြရန်အတွက် ‌သေသူများကို (သချင်္ီုင်းတွင်းမှ) ထွက်‌စေ‌တော်မူမည်။ وَٱلۡبَلَدُ ٱلطَّيِّبُ يَخۡرُجُ نَبَاتُهُۥ بِإِذۡنِ رَبِّهِۦۖ وَٱلَّذِي خَبُثَ لَا يَخۡرُجُ إِلَّا نَكِدًاۚ كَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ لِقَوۡمٍ يَشۡكُرُونَ ٥٨ထို့ပြင် ‌ကောင်းမွန်သန့်စင်‌သော‌မြေတွင် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အမိန့်‌တော်ဖြင့် ထို‌မြေမှ ဟင်းသီးဟင်းရွက်၊ ‌ကောက်ပဲသီးနှံများ ‌ပေါက်‌ရောက်သည်။ ထို့ပြင် မ‌ကောင်း‌သော‌မြေမှ အလွန်ခက်ခဲစွာဖြင့်ပင် ‌ပေါက်‌ရောက်သည်။ ငါအရှင်မြတ်သည် ဤကဲ့သို့ပင် သက်‌သေသာဓကများကို ‌ကျေးဇူးတင်တတ်သူများအတွက် နည်းအမျိုးမျိုးဖြင့် မိန့်ကြား‌တော်မူသည်။ لَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٍ ٥٩အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်း(တမန်‌တော်နူးဟ်)က ‌ပြောဆိုခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ငါသည် အသင်တို့အ‌ပေါ်တွင် အလွန်ကြီး‌လေး‌သော‌နေ့၏ပြစ်ဒဏ်ကို အမှန်စင်စစ် စိုးရိမ်မိသည်။“ قَالَ ٱلۡمَلَأُ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي ضَلَٰلٍ مُّبِينٍ ٦٠၎င်း၏အမျိုးသားများထဲမှ အကြီးအကဲများက ‌ပြောဆိုကြသည်- “အမှန်ပင် ကျွန်ုပ်တို့သည် အသင်(တမန်‌တော်နူးဟ်)ကို ထင်ရှား‌သော မှားယွင်းမှုထဲ၌ (ကျ‌ရောက်‌နေသည်ကို) ‌တွေ့မြင်ရပါသည်။“ قَالَ يَٰقَوۡمِ لَيۡسَ بِي ضَلَٰلَةٌ وَلَٰكِنِّي رَسُولٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ٦١၎င်း(တမန်‌တော်နူးဟ်)က ‌ပြောဆို‌ဖြေကြားသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါ့ထံ၌ မှားယွင်းမှု လုံးဝ မရှိ‌ပေ။ အမှန်စင်စစ် ငါသည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်လိုက်‌သော တမန်‌တော်တစ်ပါးပင်ဖြစ်သည်။“ أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنصَحُ لَكُمۡ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ ٦٢ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် မှာကြားလိုက်‌သောအမိန့်‌တော်များကို အသင်တို့ထံသို့ ပို့‌ဆောင်သည်။ ၎င်းပြင် ငါသည် အသင်တို့၏အကျိုးကိုလည်း လိုလားစွာနှင့် သယ်ပိုးသည်။ ထို့ပြင် ငါသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အသင်တို့ မသိနားမလည်‌သောအရာများကိုလည်း သိရှိသည်။ أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٌ مِّن رَّبِّكُمۡ عَلَىٰ رَجُلٍ مِّنكُمۡ لِيُنذِرَكُمۡ وَلِتَتَّقُواْ وَلَعَلَّكُمۡ تُرۡحَمُونَ ٦٣အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အသင်တို့အား သတိ‌ပေးနှိုး‌ဆော်ရန် ဆုံးမဩဝါဒသည် အသင်တို့ထဲမှ လူတစ်ဦးမှတဆင့် အသင်တို့ထံသိုု့ ‌ရောက်ရှိလာသည်ကိုပင် အံ့ဩ‌နေကြသ‌လော။* အသင်တို့သည် မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်ကြရန်နှင့် အသင်တို့သည် (အရှင်မြတ်၏) သနားကြင်နာမှု ခံကြရရန်အတွက် ဖြစ်သည်။ فَكَذَّبُوهُ فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ فِي ٱلۡفُلۡكِ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمًا عَمِينَ ٦٤ထို့‌နောက် သူတို့က ၎င်း(တမန်‌တော်နူးဟ်)ကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်နူးဟ်)နှင့်တကွ ၎င်းနှင့်အတူ သ‌ဘေင်္ာ‌ပေါ်၌ ပါရှိ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်‌သောသူများအား နစ်မြှပ်‌စေ‌တော်မူခဲ့သည်။ အမှန်မှာ သူတို့သည် (သိမြင်မှု မရှိ‌သော)မျက်ကန်းများဖြစ်ခဲ့ကြသည်။ ۞ وَإِلَىٰ عَادٍ أَخَاهُمۡ هُودًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ٦٥၎င်းပြင် အာဒ်အမျိုးသားများထံ သူတို့၏ညီ‌နောင်ဖြစ်‌သော (တမန်‌တော်)ဟူဒ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်း(တမန်‌တော်ဟူဒ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ပါလျက် အသင်တို့သည် မ‌ကြောက်ကြသ‌လော။“ قَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ ٱلۡكَٰذِبِينَ ٦٦၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်ကြ‌သော အကြီးအကဲများက ‌ပြောဆိုကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်(တမန်‌တော်ဟူဒ်)ကို အသိဉာဏ်နည်းပါးမှုတွင် (ကျ‌ရောက်‌နေသည်ကို) ‌တွေ့မြင်ကြရပါသည်။ ၎င်းပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်ကို လိမ်လည်‌ပြောဆိုသူများထဲတွင် ပါဝင်သည်ဟုလည်း အမှန်ပင် ထင်မြင်ယူဆကြသည်။“ قَالَ يَٰقَوۡمِ لَيۡسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ٦٧၎င်း(တမန်‌တော်ဟူဒ်)က ‌ပြောဆို‌ဖြေကြားသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါ့တွင် အသိဉာဏ်နည်းပါးမှု လုံးဝ မရှိ‌ပေ။ အမှန်စင်စစ် ငါသည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်ပင်ဖြစ်သည်။“ أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنَا۠ لَكُمۡ نَاصِحٌ أَمِينٌ ٦٨ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က မှာကြား‌တော်မူလိုက်‌သော အမိန့်‌တော်များကို အသင်တို့ထံ ပို့‌ဆောင်‌ပေးသည်။ ၎င်းပြင် ငါသည် အသင်တို့၏‌ကောင်းကျိုးကို လိုလားသယ်ပိုးသူ၊ ယုံကြည်စိတ်ချရသူလည်း ဖြစ်သည်။ أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٌ مِّن رَّبِّكُمۡ عَلَىٰ رَجُلٍ مِّنكُمۡ لِيُنذِرَكُمۡۚ وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ قَوۡمِ نُوحٍ وَزَادَكُمۡ فِي ٱلۡخَلۡقِ بَصۜۡطَةًۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ لَعَلَّكُمۡ تُفۡلِحُونَ ٦٩ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အသင်တို့အား သတိ‌ပေးနှိုး‌ဆော်ရန် ဆုံးမဩဝါဒသည် အသင်တို့ထဲမှ လူတစ်ဦးမှတဆင့် အသင်တို့ထံသိုု့ ‌ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသ‌လော။ ထို့ပြင် အသင်တို့သည် အသင်တို့ကို အရှင်မြတ်က (တမန်‌တော်)နူဟ်း၏အမျိုးသားများမရှိသည့်‌နောက်တွင် ကိုယ်စားလှယ်များပြုလုပ်(‌နေရာချ‌ပေး)‌တော်မူခဲ့ခြင်းနှင့် အသင်တိုု့ကို အရပ်အ‌မောင်း ပိုမိုထွားကြိုင်း ကြီးမား‌စေ‌တော်မူခဲ့ခြင်းကို (ပြန်ပြီး)သတိရကြပါ။* သို့ဖြစ်ရာ အသင်တို့သည် ‌အောင်မြင်ကြရန်အတွက် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်များကို အသင်တို့(ပြန်၍) သတိရကြပါ။ قَالُوٓاْ أَجِئۡتَنَا لِنَعۡبُدَ ٱللَّهَ وَحۡدَهُۥ وَنَذَرَ مَا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٧٠၎င်း(တမန်‌တော်ဟူဒ်၏အမျိုးသား)တို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့ကိုးကွယ်ခဲ့ကြ‌သောအရာများကို စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ကိုးကွယ်ရန်အတွက် ကျွန်ုပ်တို့ထံသို့ အသင်‌ရောက်ရှိလာပါသ‌လော။ သို့ဖြစ်လျှင် အကယ်၍ အသင်သည် အမှန်‌ပြောဆိုသူတစ်ဦးဖြစ်လျှင် ကျွန်ုပ်တို့ထံ အသင်ခြိမ်း‌ခြောက်‌သောအရာ (ပြစ်ဒဏ်)ကိုယူခဲ့ပါ။“ قَالَ قَدۡ وَقَعَ عَلَيۡكُم مِّن رَّبِّكُمۡ رِجۡسٌ وَغَضَبٌۖ أَتُجَٰدِلُونَنِي فِيٓ أَسۡمَآءٍ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ ٧١၎င်း(တမန်‌တော်ဟူဒ်)က ‌ပြောဆိုသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူသာ အရှင်မြတ်ထံ‌တော်မှ ပြစ်ဒဏ်နှင့် အမျက်‌ဒေါသသည် အသင်တို့အ‌ပေါ် အမှန်ပင် ကျ‌ရောက်‌တော့မည် ဖြစ်သည်။ အသင်တို့သည် အသင်တို့နှင့် အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်များ မှည့်‌ခေါ်ထားခဲ့ကြ‌သော အမည်နာမများနှင့် ပတ်သက်၍ ငါနှင့် အငြင်းအခုံ ပြုလုပ်ကြသည်‌လော။ အလ္လာဟ်အရှင်မြတ်သည် ထိုအမည်နာမများနှင့်ပတ်သက်၍ မည်သည့်သက်‌သေ သာဓကမှ ချ‌ပေး‌တော်မမူခဲ့‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် (ပြစ်ဒဏ်ကို)‌စောင့်ဆိုင်းပြီး‌နေကြပါ။ အမှန်စင်စစ် ငါလည်း အသင်တို့နှင့်အတူ ‌စောင့်ဆိုင်းသူများထဲတွင် အပါအဝင်ဖြစ်သည်။“ فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ بِرَحۡمَةٍ مِّنَّا وَقَطَعۡنَا دَابِرَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ وَمَا كَانُواْ مُؤۡمِنِينَ ٧٢ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်ဟူဒ်)နှင့်တကွ ၎င်း(တမန်‌တော်ဟူဒ်)နှင့်အတူ ရှိသူများအား အရှင်မြတ်၏သနားကရုဏာ‌တော်နှင့် ကယ်ဆယ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်‌သောသူများ၏အမြစ်ကို ဖြတ်‌တောက်‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့သည် အီမာန်ယုံကြည်‌သောသူများ မဟုတ်ကြ‌ပေ။ وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٌ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةًۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٌ ٧٣ထို့‌နောက် ဆမူဒ်အမျိုးသားများထံ သူတို့၏ညီ‌နောင်ဖြစ်‌သော စွာလိဟ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေသာဓက ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မဖြစ်သည်။ အသင်တို့အတွက် သက်‌သေလက္ခဏာတစ်ခု(အဖြစ် လွှတ်လိုက်ခြင်း)ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ ‌မြေပထဝီတွင် စား‌သောက်ရန် လွှတ်ထားကြပါ။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကို မ‌ကောင်း‌သောရည်ရွယ်ချက်ဖြင့် မထိကြနှင့်။ ထိုသို့(ထိလိုက်မည်)ဆိုလျှင် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည်။ وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٍ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتًاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ٧٤၎င်းပြင် အသင်တို့သည် အသင်တို့အား အရှင်မြတ်က အာဒ်အမျိုးသားများ မရှိသည့်‌နောက်တွင် ကိုယ်စားလှယ်များအဖြစ် ပြုလုပ်‌တော်မူခဲ့ခြင်းနှင့် ‌မြေပထဝီတွင် အသင်တို့အား ‌နေရာချထား‌တော်မူခဲ့ခြင်းကို (ပြန်လည်)သတိရကြပါ။ အသင်တို့သည် ‌မြေပထဝီ၏ကျယ်ဝန်းညီညာပြီး ‌မြေပြန့်‌နေ‌သော‌နေရာများ၌ ကြီးကျယ်ခန်းနားသည့် အ‌ဆောက်အအုံများကို ‌ဆောက်လုပ်ကြသည်။ ၎င်းပြင် အသင်တို့သည် ‌တောင်များကို ‌ဖောက်ထွင်းပြီး ‌နေအိမ်များပြုလုပ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်များကို သတိရကြပါ။ ထို့ပြင် အသင်တို့သည် ‌မြေပထဝီတွင် ‌သောင်းကျန်းဖျက်ဆီးသူများအဖြစ် မဆိုးသွမ်းကြနှင့်။ قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحًا مُّرۡسَلٌ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ ٧٥၎င်း၏အမျိုးသားများထဲမှ မာန‌ထောင်လွှား‌သော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူများထဲမှ ယုံကြည်‌သောသူများအား (ဤသို့)‌ပြောဆို‌မေးမြန်းကြသည်- “စွာလိဟ်သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်ဖြစ်‌ကြောင်း အသင်တို့ ယုံကြည်ကြသ‌လော။“ ထိုသူများက ပြန်လည်‌ပြောဆို‌ဖြေကြားသည်- “ကျွန်ုပ်တို့သည် ထိုစွာလိဟ် ယူ‌ဆောင်လာ‌သောအမိန့်‌တော်များကို ယုံကြည်သူများဖြစ်ကြပါသည်။“ قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ ٧٦‌မောက်မာပလွှား‌သောသူများက ‌ပြောဆိုကြသည်- “အမှန်ပင် ငါတိုု့သည် အသင်တို့ ယုံကြည်ကြ‌သောအရာကို ငြင်းပယ်သူများဖြစ်ကြသည်။“ فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ ٧٧၎င်းပြင် သူတို့သည် ကုလားအုတ်မကို သတ်ဖြတ်ခဲ့ကြသည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကို(နာခံခြင်းမှ)လည်း မာန ‌ထောင်လွှားခဲ့ကြသည်။ ၎င်းပြင် သူတို့က ‌ပြောကြသည်- “အို- စွာလိဟ်၊ အသင်သည် အကယ်၍ တမန်‌တော်များထဲမှ တစ်ဦးဖြစ်ခဲ့လျှင် ကျွန်ုပ်တို့အား အသင်ခြိမ်း‌ခြောက်‌သောအရာ(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူလာခဲ့ပါ။“ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ٧٨ထို့‌နောက် ပြင်းထန်‌သောငလျင်သည် သူတို့အား ဖမ်းဆီးကွပ်မျက်ခဲ့သည်။* သို့ဖြစ်ရာ သူတို့သည် သူတို့‌နေရာ၌ ‌မှောက်လျက်သား(‌သေ‌ကြေပျက်စီး)သွားခဲ့ကြသည်။ فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ ٧٩ထို့‌နောက် ၎င်းသည် သူတို့ဘက်မှ မျက်နှာလွှဲထွက်ခဲ့သည်။ ထို့ပြင် ၎င်းက‌ပြောသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် မှာကြား‌တော်မူလိုက်‌သော အမိန့်‌တော်ကိုလည်း အသင်တို့ထံသို့ အမှန်စင်စစ် ပို့‌ဆောင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါသည် အသင်တို့၏ ‌ကောင်းကျိုးကိုလည်း သယ်ပိုး‌ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် အသင်တို့ကမူ ‌ကောင်းကျိုးသယ်ပိုး ‌ဆောင်ရွက်သူများကိုပင် မနှစ်သက်ကြ‌ပေ“။ وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٍ مِّنَ ٱلۡعَٰلَمِينَ ٨٠ထို့ပြင် (တမန်‌တော်)လူသွ်ကို(လည်း ‌စေလွှတ်‌တော်မူခဲ့သည်)။ တစ်ခါတွင် ၎င်း(တမန်‌တော်လူသွ်)က ၎င်း၏အမျိုးသားများအား ‌ပြောကြားခဲ့သည်- အသင်တို့သည် အသင်တို့မတိုင်မီ စကြဝဠာအားလုံးတွင် မည်သူတစ်ဦးတစ်‌ယောက်မျှ မကျူးလွန်ခဲ့‌သော စက်ဆုပ်ရွံရှာဖွယ်ကိစ္စကို ကျူးလွန်ကြသ‌လော။ إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةً مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٌ مُّسۡرِفُونَ ٨١အမှန်စင်စစ် အသင်တို့သည် မိန်းမများကို စွန့်ပြီး ‌ယောက်ျားများထံသို့ ကာမဂုဏ်ခံစားရန် ‌ရောက်လာကြသည်။ အမှန်စင်စစ် အသင်တို့သည် စည်း‌ဖောက်‌သော လူမျိုးပင်ဖြစ်သည်။ وَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوهُم مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٌ يَتَطَهَّرُونَ ٨٢ထို့ပြင် ထို(တမန်‌တော်လူသွ်)၏အမျိုးသားများက (သူတို့အချင်းချင်း) အသင်တို့သည် ၎င်း(တမန်‌တော်လူသွ်နှင့် ယုံကြည်သူ)တို့အား အသင်တို့၏ မြို့ရွာမှ နှင်ထုတ်ကြပါ။ အမှန်စင်စစ် ၎င်းတို့သည် အလွန်သန့်ပြန့် စင်ကြယ်‌သောသူများပင် ဖြစ်ကြသည်။*ဟု ‌ပြောဆိုသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ‌ဖြေကြားနိုင်ခြင်းမရှိခဲ့‌ပေ။ فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ٨٣ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်လူသွ်)၏ကြင်ရာတစ်ဦးမှလွဲ၍ ၎င်းနှင့်တကွ အိမ်သူအိမ်သားများအား ကယ်ဆယ်‌တော်မူခဲ့သည်။ ထိုကြင်ရာကမူ ‌နောက်ကျန်ရစ်ခဲ့သူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။ وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ ٨٤ထို့ပြင် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (ခဲ)မိုးရွာသွန်း‌စေ‌တော်မူခဲ့သည်။* သို့ဖြစ်ရာ ပြစ်မှုကျူးလွန်သူများ၏အကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)ကြည့်လိုက်ပါ။ وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٌ مِّن رَّبِّكُمۡۖ فَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَاۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ٨٥၎င်းပြင် မဒ်ယန်(မြို့သားများ)ထံသို့ သူတို့၏ညီ‌နောင်ဖြစ်‌သော ရှုအိုင်ဗ်ကို(‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်း(တမန်‌တော် ရှုအိုင်ဗ်)က ‌ပြောကြားခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့၌ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေသာဓကသည် အသင်တို့ထံသို့ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ပမာဏခြင်ခွက်များနှင့် အ‌လေးချိန်ခွင်များကို ခြင်ရာချိန်ရာ၌ (တရားမျှတမှုနှင့်) ပြည့်ဝစွာ (ခြင်၊ချိန်)‌ပေးကြပါ။ ထို့ပြင် အသင်တို့သည် လူများအား သူတို့၏ပစ္စည်းဥစ္စာများကို မတရား‌လျှော့‌ပေးခြင်း မပြုလုပ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အသင်တို့အတွက် အ‌ကောင်းဆုံးပင် ဖြစ်သည်။ وَلَا تَقۡعُدُواْ بِكُلِّ صِرَٰطٍ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ بِهِۦ وَتَبۡغُونَهَا عِوَجًاۚ وَٱذۡكُرُوٓاْ إِذۡ كُنتُمۡ قَلِيلًا فَكَثَّرَكُمۡۖ وَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ٨٦ထို့ပြင် အသင်တို့သည် (ယုံကြည်သူများအား)ခြိမ်း‌ခြောက်ရန်နှင့် အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်မှ အရှင်မြတ်အား ယုံကြည်သူများကို ပိတ်ပင်တားဆီးရန်အပြင် အရှင်မြတ်၏လမ်း‌တော်တွင် ‌ကွေ့‌ကောက်မှုကို ရှာ‌ဖွေရန်အတွက် မည်သည့်လမ်း‌ပေါ်၌မှ မထိုင်ကြနှင့်။ ထို့ပြင် အသင်တို့သည် အနည်းငယ်သာရှိခဲ့ရာမှ အရှင်မြတ်က အသင်တို့အား များပြား‌အောင် ပြုလုပ်‌ပေး‌တော်မူခဲ့သည်ကိုလည်း (ပြန်လည်)သတိရကြပါ။ ၎င်းပြင် အသင်တို့သည် ဖျက်လိုဖျက်ဆီးပြုလုပ်‌သောသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ဆိုသည်ကို ကြည့်ကြပါ။ وَإِن كَانَ طَآئِفَةٌ مِّنكُمۡ ءَامَنُواْ بِٱلَّذِيٓ أُرۡسِلۡتُ بِهِۦ وَطَآئِفَةٌ لَّمۡ يُؤۡمِنُواْ فَٱصۡبِرُواْ حَتَّىٰ يَحۡكُمَ ٱللَّهُ بَيۡنَنَاۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ ٨٧ထို့ပြင် အမှန်စင်စစ် အသင်တို့ထဲမှ အုပ်စုတစ်စုသည် ငါ(ရှုအိုင်ဗ်ထံသို့ မှာကြား)‌စေလွှတ်ခြင်းခံရ‌သော အမိန့်များကို ယုံကြည်ပြီး အုပ်စုတစ်စုက မယုံကြည်ဘဲ ‌နေခဲ့သည်။ သို့ဖြစ်ရာ ငါတို့၏ကြား၌ အလ္လာဟ်အရှင်မြတ်သည် ဆုံးဖြတ်‌ပေး‌တော်မူသည်အထိ အသင်တို့သည် သည်းခံ‌စောင့်ဆိုင်း‌နေကြပါ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး ဆုံးဖြတ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

Juz 9

۞ قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لَنُخۡرِجَنَّكَ يَٰشُعَيۡبُ وَٱلَّذِينَ ءَامَنُواْ مَعَكَ مِن قَرۡيَتِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۚ قَالَ أَوَلَوۡ كُنَّا كَٰرِهِينَ ٨٨၎င်း(တမန်‌တော်ရှုအိုင်ဗ်)၏အမျိုးသားများထဲမှ ‌မောက်မာ‌သော အကြီးအကဲများက ‌ပြောဆိုခဲ့ကြသည်- “အို- ရှုအိုင်ဗ်၊ ကျွန်ုပ်တို့သည် အသင်နှင့် အသင်အား အီမာန်ယုံကြည်ကြ‌သောသူများကို ကျွန်ုပ်တို့မြို့ရွာမှ* အမှန်ပင် နှင်ထုတ်ပစ်ကြမည်။ သို့မဟုတ် အသင်တို့သည် ကျွန်ုပ်တို့၏သာသနာထဲသို့ အမှန်ပင် ပြန်လှည့်လာကြရမည်။“* ၎င်း(တမန်‌တော်ရှုအိုင်ဗ်)က ‌ပြောဆို‌ဖြေကြားသည်- “ငါတို့သည် (အသင်တို့၏သာသနာကို) မလိုလားဘဲနှင့် (ပြန်ဝင်ကြရမည်)‌လော။“ قَدِ ٱفۡتَرَيۡنَا عَلَى ٱللَّهِ كَذِبًا إِنۡ عُدۡنَا فِي مِلَّتِكُم بَعۡدَ إِذۡ نَجَّىٰنَا ٱللَّهُ مِنۡهَاۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَاۚ وَسِعَ رَبُّنَا كُلَّ شَيۡءٍ عِلۡمًاۚ عَلَى ٱللَّهِ تَوَكَّلۡنَاۚ رَبَّنَا ٱفۡتَحۡ بَيۡنَنَا وَبَيۡنَ قَوۡمِنَا بِٱلۡحَقِّ وَأَنتَ خَيۡرُ ٱلۡفَٰتِحِينَ ٨٩“အလ္လာဟ်အရှင်မြတ်က ငါတို့အား ၎င်း(အသင်တို့၏သာသနာ)မှ ကယ်တင်ပြီး ‌နောက်မှ အကယ်၍ ငါတို့သည် အသင်တို့၏သာသနာထဲသို့ ပြန်လည်ဝင်‌ရောက်ခဲ့ကြမည်ဆိုလျှင် အမှန်စင်စစ် ငါတို့အ‌နေနှင့် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံဖန်တီး၍ မုသားစွပ်စွဲသူများပင် ဖြစ်ကြလိမ့်မည်။ အမှန်ပင် ငါတို့သည် ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည့် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူသည်မှလွဲ၍ ငါတို့အတွက် ထိုသာသနာထဲသို့ ပြန်ဝင်ကြရန် မဖြစ်နိုင်‌ပေ။* ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသိပညာနှင့် အရာအားလုံးကို လွှမ်းခြုံထား‌တော်မူသည်။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ခဲ့ကြပြီဖြစ်သည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အမျိုးသားများ၏ကြားတွင် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်ပင် အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌ပေးသနား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“ وَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ لَئِنِ ٱتَّبَعۡتُمۡ شُعَيۡبًا إِنَّكُمۡ إِذًا لَّخَٰسِرُونَ ٩٠ထို့ပြင် ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်ကြ‌သော အကြီးအကဲများက (သူတို့၏လူများကို)‌ပြောဆိုခဲ့ကြသည်- “အကယ်၍ အသင်တို့သည် (တမန်‌တော်)ရှုအိုင်ဗ်၏အမိန့်ကို လိုက်နာကြလျှင် အမှန်ပင် အသင်တို့သည် ပျက်စီးဆုံးရှုံးသူများ ဖြစ်ကြလိမ့်မည်။“ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ٩١ထို့‌နောက် သူတို့အား ပြင်းထန်‌သော‌မြေငလျင်သည် ဖမ်းဆီးကွပ်မျက်လိုက်သည်။ သို့ဖြစ်ရာ သူတို့သည် သူတို့၏‌နေအိမ်များ၌ပင် ‌မှောက်လျက်နှင့် ‌သေ‌ကြေပျက်စီးသွားကြ‌တော့သည်။ ٱلَّذِينَ كَذَّبُواْ شُعَيۡبًا كَأَن لَّمۡ يَغۡنَوۡاْ فِيهَاۚ ٱلَّذِينَ كَذَّبُواْ شُعَيۡبًا كَانُواْ هُمُ ٱلۡخَٰسِرِينَ ٩٢(တမန်‌တော်)ရှုအိုင်ဗ်ကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြ‌သောသူများသည် ထို‌နေရာတွင် လုံးဝ မ‌နေထိုင်ဖူးသကဲ့သို့ပင် ပျက်စီးခဲ့ကြသည်။ (တမန်‌တော်)ရှုအိုင်ဗ်ကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြ‌သောသူများသာလျှင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ခဲ့ကြသည်။ فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَٰلَٰتِ رَبِّي وَنَصَحۡتُ لَكُمۡۖ فَكَيۡفَ ءَاسَىٰ عَلَىٰ قَوۡمٍ كَٰفِرِينَ ٩٣ထို့‌နောက် ၎င်း(တမန်‌တော်ရှုအိုင်ဗ်)သည် သူတို့ထံမှ မျက်နှာလွှဲပြီးထွက်ခဲ့သည်၊ ထို့ပြင် ၎င်းက ‌ပြောဆိုခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် မှာကြား‌တော်မူလိုက်သည့် အမိန့်‌တော်များကို အသင်တို့ထံ ‌ရောက်‌အောင် ပို့‌ဆောင်ခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ငါသည် အသင်တို့၏ ‌ကောင်းကျိုးကိုလည်း သယ်ပိုး‌ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။“ وَمَآ أَرۡسَلۡنَا فِي قَرۡيَةٍ مِّن نَّبِيٍّ إِلَّآ أَخَذۡنَآ أَهۡلَهَا بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَضَّرَّعُونَ ٩٤ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို တမန်‌တော်တစ်ပါးပါးအား ‌စေလွှတ်‌တော်မူခဲ့လျှင် ထိုမြို့သူရွာသားများအား ကျိုးနွံလာကြရန် ဆင်းရဲဒုက္ခ၊ ‌ရောဂါ‌ဝေဒနာများနှင့် ဒဏ်ခတ်‌တော်မူသည်။ ثُمَّ بَدَّلۡنَا مَكَانَ ٱلسَّيِّئَةِ ٱلۡحَسَنَةَ حَتَّىٰ عَفَواْ وَّقَالُواْ قَدۡ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذۡنَٰهُم بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ ٩٥ထို့‌နောက် ငါအရှင်မြတ်သည် မ‌ကောင်း‌သောအ‌ခြေအ‌နေမှ ‌ကောင်း‌သောအ‌ခြေအ‌နေသို့ ‌ပြောင်းလဲ‌ပေး‌တော်မူခဲ့သည်။ ‌နောက်ဆုံး၌ သူတို့သည် ကြီးပွားများပြားလာကြ‌သောအခါ ကျပ်တည်းမှုနှင့် ‌ချောင်လည်မှုသည် အမှန်ပင် ငါတို့၏အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်များ၌လည်း ကျ‌ရောက်ခဲ့ကြသည်ပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ကို သူတို့မသိလိုက်ဘဲလျက် ရုတ်တရက် ဖမ်းဆီးအ‌ရေးယူ‌တော်မူလိုက်သည်။ وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٍ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ ٩٦ထို့ပြင် အကယ်၍ မြို့ရွာ‌ဒေသများတွင် ‌နေထိုင်ကြသူများသည် အီမာန်ယုံကြည်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ခဲ့ကြလျှင် ငါအရှင်မြတ်သည် သူတို့အတွက် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီမှ ‌ကောင်းချီးမဂင်္လာများ(၏တံခါးများ)ကို ဖွင့်‌ပေး‌တော်မူခဲ့မည် အမှန်ပင်။* သို့ရာတွင် သူတို့သည် (တမန်‌တော်များကို) မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား သူတို့ရှာ‌ဖွေဆည်းပူးခဲ့ကြ‌သောအရာ(အပြစ်)များ‌ကြောင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتًا وَهُمۡ نَآئِمُونَ ٩٧သို့ဖြစ်ရာ မြို့ရွာ‌ဒေသများတွင် ‌နေထိုင်ကြသူများ*သည် ညအခါ၌ သူတို့ အိပ်‌ပျော်‌နေလျက်ရှိစဉ် ငါအရှင်မြတ်၏အပြစ်ဒဏ် သူတို့ထံ‌ရောက်လာမည်ကို စိုးရိမ်မှု ကင်းမဲ့‌နေကြသ‌လော။ أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحًى وَهُمۡ يَلۡعَبُونَ ٩٨သို့မဟုတ် မြို့ရွာ‌ဒေသများတွင် ‌နေထိုင်ကြသူများသည် နံနက်အချိန်၌ သူတို့ ကစား‌နေကြလျက်ရှိစဉ် ငါအရှင်မြတ်၏အပြစ်ဒဏ် သူတို့ထံ‌ရောက်လာမည်ကို စိုးရိမ်မှု ကင်းမဲ့‌နေကြသ‌လော။ أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ٩٩၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အစီအစဉ်ချမှတ်မှုကို စိုးရိမ်မှုကင်းမဲ့ပြီး စိတ်ချ‌နေကြသ‌လော။ သို့ဖြစ်လျှင် နစ်နာမည့်သူများ*မှလွဲ၍ အလ္လာဟ်အရှင်၏ အစီအစဉ်ချမှတ်မှုကို စိုးရိမ်မှုကင်းမဲ့‌သောသူ မည်သူမျှမရှိ‌ပေ။ أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ١٠٠၎င်းပြင် (ထို)‌ဒေသတွင် ‌နေထိုင်ခဲ့ကြ‌သောသူများ မရှိ‌တော့သည့်‌နောက် ဤ‌ဒေသကို အ‌မွေဆက်ခံ‌နေထိုင်သူများအတွက် အကယ်၍ ငါအရှင်မြတ်အလိုရှိ‌တော်မူလျှင် သူတို့ကိုလည်း သူတို့၏အပြစ်များ‌ကြောင့် (ထိုလူများကဲ့သို့) ဒုက္ခ‌ရောက်‌စေ‌တော်မူမည်ဆိုသည်ကို သင်ခန်းစာ မရရှိကြ‌လေသ‌လော။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအ‌ပေါ်၌ တံဆိပ်ခတ်နှိပ်ထား‌တော်မူခြင်း‌ကြောင့် သူတို့သည် နား‌ထောင်နိုင်ကြ‌တော့မည် မဟုတ်‌ပေ။ تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ ١٠١ဤသည် အကြင်‌ဒေသများပင်ဖြစ်သည်။ ထို‌ဒေသများ၏ အချို့အ‌ကြောင်းများကို အသင်၏အ‌ပေါ်တွင် ငါအရှင်မြတ်က ပြန်‌ပြောပြ‌တော်မူသည်။ ထို့ပြင် အမှန်စင်စစ် ထို‌ဒေသတွင် ‌နေထိုင်သူများထံသို့ သူတို့၏နဗီတမန်‌တော်များသည် ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်အတူ ‌ရောက်ရှိလာခဲ့ကြသည်။* သို့ရာတွင် သူတို့သည် ယခင်က သူတို့ ငြင်းပယ်ခဲ့ကြ‌သောအရာများ‌ကြောင့် ယုံကြည်ကြမည့်သူများ မဟုတ်ကြ‌ပေ။ ဤသို့ပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများ၏စိတ်နှလုံးများအ‌ပေါ်၌ တံဆိပ်ခတ်နှိပ်‌တော်မူသည်။ وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٍۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ١٠٢ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အ‌မြောက်အမြား၌ ကတိတည်ကြည်မှု*ကို ‌တွေ့ရှိ‌တော်မမူခဲ့‌ပေ။ ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထဲမှ အ‌မြောက်အမြားကို စည်း‌ဖောက်သူများအဖြစ်သာ ‌တွေ့ရှိ‌တော်မူခဲ့သည်။ ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ١٠٣ထို့‌နောက် ငါအရှင်မြတ်သည် ထိုတမန်‌တော်များ၏‌နောက်တွင် (တမန်‌တော်)မူစာကို ငါအရှင်မြတ်၏ သက်‌သေသာဓကများနှင့်တကွ* ဖိရ်‌အောင်န်နှင့် သူ၏မှူးမတ်များထံသို့ ‌စေလွှတ်‌တော်မူခဲ့‌သောအခါ သူတို့က ထိုသက်‌သေသာဓကများကို မတရားငြင်းပယ်မှုပြုကြသည်။ သို့ဖြစ်ရာ ဖျက်ဆီးပြုလုပ်သူများ၏ ‌နောက်ဆုံးဖြစ်ရပ်သည် မည်သို့ဖြစ်ခဲ့သနည်းဆိုသည်ကို အသင်(တမန်‌တော်)ကြည့်ရှုပါ။ وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ١٠٤ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောဆိုခဲ့သည်- “အို-ဖိရ်‌အောင်န်၊ အမှန်စင်စစ် ငါသည် စကြဝဠာအားလုံးကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်တစ်ပါးဖြစ်သည်။“ حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ قَدۡ جِئۡتُكُم بِبَيِّنَةٍ مِّن رَّبِّكُمۡ فَأَرۡسِلۡ مَعِيَ بَنِيٓ إِسۡرَٰٓءِيلَ ١٠٥အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အမှန်ကိုသာ‌ပြောဆိုရန် ငါ့တွင် တာဝန်ရှိသည်။ ငါသည် အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာကို ယူ‌ဆောင်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် အစ္စရာအီလ်မျိုးနွယ်များကို ငါနှင့်အတူ ထည့်လိုက်ပါ။ قَالَ إِن كُنتَ جِئۡتَ بِـَٔايَةٍ فَأۡتِ بِهَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ١٠٦သူ(ဖိရ်‌အောင်န်)က‌ပြောဆိုသည်- “အသင်သည် အကယ်၍ သက်‌သေလက္ခဏာ တစ်စုံတစ်ခု ယူ‌ဆောင်လာခဲ့သည်ဆိုလျှင် အသင်သည် အမှန်ကို‌ပြောသူဖြစ်လျှင် ထိုသက်‌သေလက္ခဏာကို တင်ပြပါ။ فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٌ مُّبِينٌ ١٠٧သို့ဖြစ်ရာ ၎င်း(တမန်‌တော်မူစာ)သည် ၎င်း၏‌တောင်‌ဝှေးကို ပစ်ချလိုက်‌သောအခါ ရုတ်တရက် ထို‌တောင်‌ဝှေးသည် ထင်ရှား‌သော‌မြွေကြီးတစ်‌ကောင်ဖြစ်‌နေ‌တော့သည်။ وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّٰظِرِينَ ١٠٨ထို့ပြင် ၎င်း(တမန်‌တော်မူစာ)သည် ၎င်း၏လက်ကို (အပြင်)ဆွဲထုတ်လိုက်‌သောအခါ ရုတ်တရက် ထိုလက်သည် ကြည့်ရှုသူများအတွက် ဝင်းလက်‌တောက်ပ‌နေ‌တော့သည်။ قَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٌ ١٠٩ဖိရ်‌အောင်န်၏အမျိုးသားများထဲမှ အကြီးအကဲများက ‌ပြောဆိုကြသည်- “အမှန်စင်စစ် ဤသူသည် အလွန်သိကျွမ်း‌သော ‌မှော်ဆရာတစ်ဦးပင်ဖြစ်သည်။“ يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُمۡۖ فَمَاذَا تَأۡمُرُونَ ١١٠၎င်းသည် (၎င်း၏‌မှော်ဆရာအတတ်နှင့်) အသင်တို့ကို အသင်တို့၏နယ်‌မြေမှ နှင်ထုတ်ရန်ကြံစည်‌နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သို့ အကြံပြုချင်ကြသနည်း။ قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَأَرۡسِلۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ ١١١သူတိုု့က ‌ပြောဆိုအကြံပြုကြသည်- “၎င်း(တမန်‌တော်မူစာ)နှင့် ၎င်း၏အစ်ကိုအား ဆိုင်းငံ့ထားလိုက်ပါ။ ထို့ပြင် မြို့ရွာများသို့ မင်း‌စေများ ‌စေလွှတ်လိုက်ပါ။“ يَأۡتُوكَ بِكُلِّ سَٰحِرٍ عَلِيمٍ ١١٢“ထိုမင်း‌စေများက အသင်ဘုရင်မင်းထံသို့ သိကျွမ်း‌သော‌မှော်ဆရာများကို (စု‌ဆောင်း)‌ခေါ်‌ဆောင်လာကြမည်။“ وَجَآءَ ٱلسَّحَرَةُ فِرۡعَوۡنَ قَالُوٓاْ إِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ ١١٣ထို့‌နောက် ‌မှော်ဆရာများသည် ဖိရ်‌အောင်န်ထံသို့ ‌ရောက်ရှိလာခဲ့ကြ၍ ‌ပြောဆိုကြသည်- “အကယ်၍ ကျွန်ုပ်တို့သည် ‌အောင်နိုင်ခဲ့ကြလျှင် အမှန်ပင် ကျွန်ုပ်တို့အတွက် အမှန်ပင် ကျွန်ုပ်တို့အတွက် ဆုလာဘ်တစ်စုံတစ်ရာ ရရှိကြပါမည်‌လော။“ قَالَ نَعَمۡ وَإِنَّكُمۡ لَمِنَ ٱلۡمُقَرَّبِينَ ١١٤သူ(ဖိရ်‌အောင်န်)က ‌ပြောဆိုသည်- “ဟုတ်သည်၊ (ဆုလာဘ်များရမည်)ထို့ထက်မက အသင်တို့သည် (ငါ၏အပါး၌)အနီးကပ်‌နေရမည့်သူများအထဲတွင် အမှန်ပင် ပါဝင်ကြလိမ့်မည်။ قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ نَحۡنُ ٱلۡمُلۡقِينَ ١١٥ထို‌မှော်ဆရာများက ‌ပြောဆိုကြသည်- “အို- မူစာ၊ အသင်သည် (အသင်၏‌တောင်‌ဝှေးကို ဦးစွာ)ချပြမည်‌လော၊ သို့မဟုတ် ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏တုတ်များ၊ ကြိုးများကို ဦးစွာ)ချပြရမည်‌လော။ قَالَ أَلۡقُواْۖ فَلَمَّآ أَلۡقَوۡاْ سَحَرُوٓاْ أَعۡيُنَ ٱلنَّاسِ وَٱسۡتَرۡهَبُوهُمۡ وَجَآءُو بِسِحۡرٍ عَظِيمٍ ١١٦၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- “အသင်တို့ပင် (ဦးစွာ)ပစ်ချကြပါ။“ ထို့‌နောက် သူတို့သည် (သူတို့၏ တုတ်များနှင့် ကြိုးများကို)ပစ်ချလိုက်ကြ‌သောအခါ လူများ၏မျက်စိများကို လှည့်စားလိုက်ကြသည်။ ၎င်းပြင် လူများအား ‌ကြောက်လန့်‌စေခဲ့ကြသည်။ ထို့ပြင် သူတို့သည် ကြီးကျယ်‌သော စုန်းပ‌ယောဂကို* ယူ‌ဆောင်လာခဲ့ခြင်းဖြစ်သည်။ ۞ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَلۡقِ عَصَاكَۖ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ ١١٧ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ အမိန့်ထုတ်ပြန်‌တော်မူခဲ့သည်- “အသင်သည် အသင်၏‌တောင်‌ဝှေးကို ပစ်ချလိုက်ပါ။“ ထိုအခါ ရုတ်တရက်ပင် ထို‌တောင်‌ဝှေးသည် (‌မြွေနဂါးကြီးဖြစ်သွားပြီး) သူတို့(‌မှော်ဆရာများ)လှည့်စားထား‌သောအရာများကို မျိုချပစ်လိုက်‌တော့သည်။ فَوَقَعَ ٱلۡحَقُّ وَبَطَلَ مَا كَانُواْ يَعۡمَلُونَ ١١٨ထို့‌နောက် အမှန်သည် ထင်ရှားသွားခဲ့ပြီဖြစ်သည်။ ၎င်းပြင် သူတို့(‌မှော်ဆရာများ) ပြုလုပ်ထားသည်များမှာ ပျက်စီးသွားခဲ့ပြီးဖြစ်သည်။ فَغُلِبُواْ هُنَالِكَ وَٱنقَلَبُواْ صَٰغِرِينَ ١١٩၎င်းပြင် သူ(ဖိရ်‌အောင်န်နှင့် မှူးမတ်)များသည် ထို‌နေရာ၌ပင် အ‌ရေးရှုံးနိမ့်ခဲ့ကြသည့်အပြင် ‌သေးသိမ်မှုဖြစ်လျက် လှည့်ပြန်ကြရသည်။ وَأُلۡقِيَ ٱلسَّحَرَةُ سَٰجِدِينَ ١٢٠၎င်းပြင် ‌မှော်ဆရာများသည် ‌မှောက်လှဲ(၍ စဂျ်ဒဟ်)ဦးချခဲ့လိုက်ကြသည်။ قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ ١٢١သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ယုံကြည်ကြပါပြီ။“ رَبِّ مُوسَىٰ وَهَٰرُونَ ١٢٢(ထိုအရှင်သည် တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်လည်း(ဖြစ်‌တော်မူပါသည်ဟု ‌မှော်ဆရာများက ဆက်‌ပြောကြသည်)။ قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٌ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ ١٢٣ဖိရ်‌အောင်န်က ‌ပြောသည်- “ငါသည် အသင်တို့အား ခွင့်မပြု‌သေးမီအလျင် အသင်တို့သည် ထိုအရှင်ကို ယုံကြည်ကြ(ပြီး မူစာကို ‌ထောက်ခံခဲ့ကြ)ပြီ‌လော။ ဤသည် အမှန်စင်စစ် အသင်တို့သည် မြို့ထဲ၌ပြုလုပ်ခဲ့‌သော ဟန်‌ဆောင်လှည့်စားမှုတစ်ခုသာဖြစ်သည်။* ထိုလှည့်စားမှုဖြင့် ထိုမြို့သူမြို့သားများအား မြို့ထဲမှ ထုတ်ပစ်ကြရန် (မူစာနှင့် လျှို့ဝှက်ပူး‌ပေါင်းပြီး) ကြံစည်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မကြာမီ အသင်တို့သည် သိကြရလိမ့်မည်။“ لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٍ ثُمَّ لَأُصَلِّبَنَّكُمۡ أَجۡمَعِينَ ١٢٤“ငါသည် အမှန်ပင် အသင်တို့၏ လက်များနှင့်‌ခြေများကို (ဝဲယာ)ဘက်လွှဲပြီးဖြတ်‌တောက်ပစ်မည်။ ၎င်းပြင် ငါသည် အမှန်စင်စစ် အသင်တို့အားလုံးကို လက်ဝါးကပ်တိုင်(လူသတ်စင်‌ပေါ်)တင်မည်။“ قَالُوٓاْ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ ١٢٥သူတို့(‌မှော်ဆရာ)များက ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့သာ ပြန်သွားကြရမည့်သူများ ဖြစ်ကြသည်။“ وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرًا وَتَوَفَّنَا مُسۡلِمِينَ ١٢٦“ထို့ပြင် ကျွန်ုပ်တို့ထံသို့ ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာများ ‌ရောက်ရှိလာ‌သောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံလိုက်ကြသည်ကလွဲ၍ ကျွန်ုပ်တို့ထံမှ မည်သည့်အပြစ်မှ အသင်မ‌တွေ့ရ‌ပေ။“ (ထို့‌နောက် သူတို့သည် အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်းကြသည်)။ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်၌ သည်းခံမှုကို သွန်း‌လောင်း‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အမိန့်‌တော်လိုက်နာသူ (မွတ်စ်လင်မ်)များအဖြစ် ‌သေဆုံး‌စေ‌တော်မူပါ။“ وَقَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ أَتَذَرُ مُوسَىٰ وَقَوۡمَهُۥ لِيُفۡسِدُواْ فِي ٱلۡأَرۡضِ وَيَذَرَكَ وَءَالِهَتَكَۚ قَالَ سَنُقَتِّلُ أَبۡنَآءَهُمۡ وَنَسۡتَحۡيِۦ نِسَآءَهُمۡ وَإِنَّا فَوۡقَهُمۡ قَٰهِرُونَ ١٢٧ထို့‌နောက် ဖိရ်‌အောင်န်၏အမျိုးသားများထဲမှ အကြီးအကဲများက ‌ပြောဆိုကြသည်- “အသင်သည် မူစာနှင့် ၎င်း၏အမျိုးသားများအား တိုင်းပြည်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်နိုင်ရန်နှင့် ၎င်း(တမန်‌တော်မူစာ)သည် အသင်နှင့်အသင်၏ ကိုးကွယ်ရာများကိုပါ* စွန့်ပစ်ထားရန်အတွက် (ဤအတိုင်း)လွှတ်ထားမည်‌လော။* သူ(ဖိရ်‌အောင်န်)က ‌ပြောဆိုသည်- “ငါတို့သည် မကြာမီ သူတို့၏ သား‌ယောက်ျား‌လေးများကို သတ်ဖြတ်ကြမည်။ ၎င်းပြင် သူတို့၏ (သမီး)မိန်းမများကို‌တော့ (အသုံးခံရန်)အရှင်ထားမည်။ တကယ်‌တော့ ငါတို့သည် သူတိုု့ကို နိုင်နင်းသူများပင်ဖြစ်ကြသည်။“ قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ ١٢٨၎င်း(တမန်‌တော် မူစာ)က ၎င်း၏အမျိုးသားများကို ‌ပြောဆိုသည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီကို အသနားခံ‌တောင်းကြပါ။ ၎င်းပြင် အသင်တို့သည် သည်းခံကြပါ။ အမှန်စင်စစ် ပထဝီ‌မြေသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် ထို‌မြေကို အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိ‌တော်မူ‌သောသူအား စိုးပိုင်‌စေ‌တော်မူသည်။* ၎င်းပြင် ‌နောက်ဆုံး(‌ကောင်း‌သော)အကျိုးဆက်သည် (အရှင်မြတ်အား) ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက်သာ ဖြစ်သည်။ قَالُوٓاْ أُوذِينَا مِن قَبۡلِ أَن تَأۡتِيَنَا وَمِنۢ بَعۡدِ مَا جِئۡتَنَاۚ قَالَ عَسَىٰ رَبُّكُمۡ أَن يُهۡلِكَ عَدُوَّكُمۡ وَيَسۡتَخۡلِفَكُمۡ فِي ٱلۡأَرۡضِ فَيَنظُرَ كَيۡفَ تَعۡمَلُونَ ١٢٩၎င်း(တမန်‌တော်မူစာ)၏အမျိုးသားများက ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အသင် ကျွန်ုပ်တို့ထံ မ‌ရောက်မီကလည်း နှိပ်စက်သည်ကို ခံခဲ့ကြရပါသည်။ အသင် ကျွန်ုပ်တို့ထံ ‌ရောက်ပြီး‌နောက်၌လည်း နှိပ်စက်သည်ကို ခံ‌နေကြရလျက်ပင်ဖြစ်ပါသည်။“* ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မကြာမီ အသင်တို့၏ရန်သူကို ဖျက်ဆီး‌တော်မူပြီး အသင်တို့ကို တိုင်းပြည်တွင် အရိုက်အရာ ဆက်ခံအုပ်စိုး‌စေ‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် အသင်တို့သည် မည်သို့ပြုမူကြမည်နည်းဆိုသည်ကို ကြည့်ရှု‌တော်မူလိမ့်မည်။“ وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٍ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ ١٣٠ထို့ပြင် ငါအရှင်မြတ်သည် အမှန်စင်စစ် ဖိရ်‌အောင်န်၏အမျိုးသားများကို ‌နောင်တ တရားရကြရန်အတွက် နှစ်ရှည်လများ မိုး‌ခေါင် ‌ရေရှား‌စေမှု၊ သစ်သီးဝလံရှားပါး‌စေမှုတို့နှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ فَإِذَا جَآءَتۡهُمُ ٱلۡحَسَنَةُ قَالُواْ لَنَا هَٰذِهِۦۖ وَإِن تُصِبۡهُمۡ سَيِّئَةٌ يَطَّيَّرُواْ بِمُوسَىٰ وَمَن مَّعَهُۥٓۗ أَلَآ إِنَّمَا طَٰٓئِرُهُمۡ عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ١٣١ထို့‌နောက် သူတို့သည် သူတို့၌ ‌ကောင်းမွန်‌သောအ‌ခြေအ‌နေဆိုက်‌ရောက်လာ‌သောအခါ ဤသည် ငါတို့အတွက် (ငါတို့၏ကြိုးစားမှု‌ကြောင့်)ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ ၎င်းပြင် အကယ်၍ သူတို့တွင် ‌ဘေးဒုက္ခတစ်စုံတစ်ခုကျ‌ရောက်လာခဲ့လျှင် သူတို့က(တမန်‌တော်)မူစာနှင့်တကွ သူနှင့်အတူရှိ‌သောသူများ‌ကြောင့်ဆိုပြီး မ‌ကောင်းအတိတ် ‌ကောက်ယူကြသည်။ အသင်တို့ သတိပြုမှတ်ယူကြပါ- သူတို့၏အတိတ်နမိတ်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင်သာ ရှိသည်။ သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။ وَقَالُواْ مَهۡمَا تَأۡتِنَا بِهِۦ مِنۡ ءَايَةٍ لِّتَسۡحَرَنَا بِهَا فَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ ١٣٢ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့ကို ကိုယ်စားပြုရန် မည်ကဲ့သို့ သက်‌သေလက္ခဏာများကိုမဆို ကျွန်ုပ်တို့ထံ ယူ‌ဆောင်လာခဲ့လျှင်လည်း ကျွန်ုပ်တို့ကမူ အသင့်ကို ယုံကြည်ကြမည် မဟုတ်‌ပေ။“ فَأَرۡسَلۡنَا عَلَيۡهِمُ ٱلطُّوفَانَ وَٱلۡجَرَادَ وَٱلۡقُمَّلَ وَٱلضَّفَادِعَ وَٱلدَّمَ ءَايَٰتٍ مُّفَصَّلَٰتٍ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا مُّجۡرِمِينَ ١٣٣သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ‌ရေလွှမ်းမိုးမှု၊ ကျိုင်း‌ကောင်များ၊ သန်း‌ကောင်များ၊ ပိုးမွှားများ၊ ဖားပြုပ်များ၊ ‌သွေးများကို တသီးတခြား သက်‌သေလက္ခဏာများအဖြစ် ပို့‌တော်မူခဲ့သည်။ သို့ပါလျက် သူတို့သည် မာန‌ထောင်လွှားမှုသာ ပြုခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ကြသည်။ وَلَمَّا وَقَعَ عَلَيۡهِمُ ٱلرِّجۡزُ قَالُواْ يَٰمُوسَى ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَۖ لَئِن كَشَفۡتَ عَنَّا ٱلرِّجۡزَ لَنُؤۡمِنَنَّ لَكَ وَلَنُرۡسِلَنَّ مَعَكَ بَنِيٓ إِسۡرَٰٓءِيلَ ١٣٤ထို့ပြင် သူတို့အ‌ပေါ်တွင် ပြစ်ဒဏ်များကျ‌ရောက်လာ‌သောအခါ သူတို့က ‌ပြောဆိုကြသည်- “အို(တမန်‌တော်)မူစာ၊ အသင်၏အရှင်သည် အသင်နှင့် ကတိပြုထား‌တော်မူသည့်အတိုင်း* အသင်သည် ကျွန်ုပ်တို့အတွက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်း‌ပေးပါ။* အကယ်၍ အသင်သည် ကျွန်ုပ်တို့အ‌ပေါ်မှ အပြစ်ဒဏ်ကို အမှန်စင်စစ် ဖယ်ရှား‌ပေးခဲ့လျှင် ကျွန်ုပ်တို့သည် အသင့်ကို ယုံကြည်ပြီး အစ္စရာအီလ်အမျိုးသားများအား အသင်နှင့်အတူ အမှန်ပင် ထည့်လိုက်ကြပါမည်။“ فَلَمَّا كَشَفۡنَا عَنۡهُمُ ٱلرِّجۡزَ إِلَىٰٓ أَجَلٍ هُم بَٰلِغُوهُ إِذَا هُمۡ يَنكُثُونَ ١٣٥ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်မှ အပြစ်ဒဏ်ကို သူတို့‌ရောက်ကြရမည့် သတ်မှတ်ထား‌သောအချိန်ထိ* ဖယ်ရှား‌ပေး‌တော်မူလိုက်‌သောအခါ သူတို့သည် ရုတ်တရက် ကတိဖျက်လိုက်ကြ‌တော့သည်။ فَٱنتَقَمۡنَا مِنۡهُمۡ فَأَغۡرَقۡنَٰهُمۡ فِي ٱلۡيَمِّ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ ١٣٦သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူခဲ့သည်။* သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည့်အတွက်နှင့် ထိုသက်‌သေလက္ခဏာ‌တော်များကို လျစ်လျူရှု‌နေခဲ့ကြသည့်အတွက်‌ကြောင့် ပင်လယ်ထဲ၌ နစ်မြှပ်‌စေ‌တော်မူခဲ့သည်။ وَأَوۡرَثۡنَا ٱلۡقَوۡمَ ٱلَّذِينَ كَانُواْ يُسۡتَضۡعَفُونَ مَشَٰرِقَ ٱلۡأَرۡضِ وَمَغَٰرِبَهَا ٱلَّتِي بَٰرَكۡنَا فِيهَاۖ وَتَمَّتۡ كَلِمَتُ رَبِّكَ ٱلۡحُسۡنَىٰ عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ بِمَا صَبَرُواْۖ وَدَمَّرۡنَا مَا كَانَ يَصۡنَعُ فِرۡعَوۡنُ وَقَوۡمُهُۥ وَمَا كَانُواْ يَعۡرِشُونَ ١٣٧ထို့‌နောက် ငါအရှင်မြတ်သည် အားအင်ချည့်နဲ့သည်ဟု ထင်မြင်ခံကြရ‌သော (အစ္စရာအီလ်)အမျိုးသားများအား အကြင်နယ်‌မြေ‌ဒေသ၏ အ‌ရှေ့ပိုင်းနှင့်အ‌နောက်ပိုင်း‌ဒေသများကို စိုးပိုင်‌စေ‌တော်မူခဲ့သည်။ ထိုနယ်‌မြေ‌ဒေသများတွင် ငါအရှင်မြတ်သည် မဂင်္လာနှင့်ပြည့်စုံ‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် အစ္စရာအီလ်အမျိုးသားများနှင့်ပတ်သက်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အလွန်မွန်မြတ်‌သောကတိ‌တော်သည်လည်း သူတို့ သည်းခံခဲ့ကြသည့်အတွက်‌ကြောင့် ပြီး‌မြောက်အတည်ဖြစ်သွားခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဖိရ်‌အောင်န်နှင့် သူ၏အမျိုးသားများ ပြုလုပ်ထားခဲ့ကြ‌သောအရာများနှင့် မြင့်မားစွာတည်‌ဆောက်ထားခဲ့ကြ‌သော အ‌ဆောက်အအုံများကို (လုံးဝ)ဖျက်ဆီးပစ်‌တော်မူခဲ့သည်။ وَجَٰوَزۡنَا بِبَنِيٓ إِسۡرَٰٓءِيلَ ٱلۡبَحۡرَ فَأَتَوۡاْ عَلَىٰ قَوۡمٍ يَعۡكُفُونَ عَلَىٰٓ أَصۡنَامٍ لَّهُمۡۚ قَالُواْ يَٰمُوسَى ٱجۡعَل لَّنَآ إِلَٰهًا كَمَا لَهُمۡ ءَالِهَةٌۚ قَالَ إِنَّكُمۡ قَوۡمٌ تَجۡهَلُونَ ١٣٨ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားများအား ပင်လယ်ကို ဖြတ်သန်း(၍ တစ်ဖက်ကမ်းသို့‌ရောက်)‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် လူမျိုးတစ်မျိုးထံသို့ ‌ရောက်ရှိခဲ့ကြသည်၊ ထိုလူမျိုးများသည် သူတို့၏ ရုပ်ပွားဆင်းတုများကို ချဉ်းကပ်(ကိုးကွယ်)လျက်ရှိကြသည်။ သူတို့(အစ္စရာအီလ်အမျိုးသား)များက ‌ပြောဆိုကြသည်- “အို- (တမန်‌တော်)မူစာ၊ အသင်သည် ကျွန်ုပ်တို့အတွက်လည်း သူတို့တွင်ရှိ‌သော ကိုးကွယ်ရာများကဲ့သို့ ကိုးကွယ်ရာတစ်ဆူ ပြုလုပ်‌ပေးပါ။“ (တမန်‌တော်)မူစာက ‌ပြောဆိုသည်၊ “အသင်တို့သည် အမှန်စင်စစ် အသိတရား(လုံးဝ)မရှိကြ‌သောသူများပင် ဖြစ်ကြသည်။“ إِنَّ هَٰٓؤُلَآءِ مُتَبَّرٌ مَّا هُمۡ فِيهِ وَبَٰطِلٌ مَّا كَانُواْ يَعۡمَلُونَ ١٣٩အမှန်စင်စစ် သူတို့ ကြိုးပမ်း‌နေကြ‌သောကိစ္စများ‌ကြောင့် သူတို့သည် ဖျက်ဆီးခြင်းခံရမည် ဖြစ်သည်။ ၎င်းပြင် သူတို့ ပြုလုပ်‌နေ‌သောကိစ္စများသည် အကျိုးမဲ့ကိစ္စများပင်ဖြစ်သည်။ قَالَ أَغَيۡرَ ٱللَّهِ أَبۡغِيكُمۡ إِلَٰهًا وَهُوَ فَضَّلَكُمۡ عَلَى ٱلۡعَٰلَمِينَ ١٤٠၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- “ငါသည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထိုအရှင်မြတ်သည် အသင်တို့အား စကြဝဠာအားလုံးထက် ထွတ်မြတ်‌စေ‌တော်မူခဲ့ပါလျက် အခြားကိုးကွယ်ရာတစ်ပါးကို ရှာ‌ဖွေ‌ပေးရဦးမည်‌လော။“ وَإِذۡ أَنجَيۡنَٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ يُقَتِّلُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٌ مِّن رَّبِّكُمۡ عَظِيمٌ ١٤١ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင်တို့အား ဖိရ်‌အောင်န်၏အမျိုးသားများမှ လွတ်‌မြောက်‌စေ‌တော်မူခဲ့သည်။ သူတို့သည် အသင်တို့အ‌ပေါ်တွင် အလွန်ဆိုးရွား‌သော ‌ဘေးဒုက္ခများကို သက်‌ရောက်‌စေခဲ့ကြသည်။ သူတို့သည် အသင်တို့၏ သား‌ယောက်ျား‌လေးများကို သတ်ဖြတ်ကြသည်။ ၎င်းပြင် အသင်တို့၏(သမီး)မိန်းမများကို‌တော့ (ကျွန်မအဖြစ် အသုံးခံရန်) မသတ်ဘဲ အရှင်ထားကြသည်။ ၎င်းပြင် ထိုထဲ၌ အသင်တို့အတွက် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကြီးကျယ်လှ‌သော စမ်းသပ်မှုရှိသည်။ ۞ وَوَٰعَدۡنَا مُوسَىٰ ثَلَٰثِينَ لَيۡلَةً وَأَتۡمَمۡنَٰهَا بِعَشۡرٍ فَتَمَّ مِيقَٰتُ رَبِّهِۦٓ أَرۡبَعِينَ لَيۡلَةًۚ وَقَالَ مُوسَىٰ لِأَخِيهِ هَٰرُونَ ٱخۡلُفۡنِي فِي قَوۡمِي وَأَصۡلِحۡ وَلَا تَتَّبِعۡ سَبِيلَ ٱلۡمُفۡسِدِينَ ١٤٢ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ည‌ပေါင်းသုံးဆယ် ချိန်းဆို‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုည‌ပေါင်းသုံးဆယ်ကို ဆယ်ညနှင့် ထပ်‌ပေါင်း‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် သတ်မှတ်‌တော်မူ‌သောအချိန်သည် ည‌ပေါင်း‌လေးဆယ်ပြည့်သွားခဲ့သည်။ ထို့ပြင် (တမန်‌တော်)မူစာသည် ၎င်း၏အစ်ကို (တမန်‌တော်)ဟာရူန်ကို ‌ပြောဆိုမှာကြားခဲ့သည်-*“အသင်သည် ကျွန်ုပ်၏အမျိုးသားများထဲတွင် ကျွန်ုပ်၏ကိုယ်စား‌နေခဲ့ပါ။ ၎င်းပြင် အသင်သည် (သူတို့အား)မှန်ကန်‌အောင်ပြုပြင်‌ပေးပါ။ သို့ရာတွင် အသင်သည် ဖျက်ဆီးသူများ၏လမ်းစဉ်ကို မလိုက်ပါနှင့်။ وَلَمَّا جَآءَ مُوسَىٰ لِمِيقَٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِيٓ أَنظُرۡ إِلَيۡكَۚ قَالَ لَن تَرَىٰنِي وَلَٰكِنِ ٱنظُرۡ إِلَى ٱلۡجَبَلِ فَإِنِ ٱسۡتَقَرَّ مَكَانَهُۥ فَسَوۡفَ تَرَىٰنِيۚ فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلۡجَبَلِ جَعَلَهُۥ دَكًّا وَخَرَّ مُوسَىٰ صَعِقًاۚ فَلَمَّآ أَفَاقَ قَالَ سُبۡحَٰنَكَ تُبۡتُ إِلَيۡكَ وَأَنَا۠ أَوَّلُ ٱلۡمُؤۡمِنِينَ ١٤٣ထို့ပြင် (တမန်‌တော်)မူစာသည် ငါအရှင်မြတ် သတ်မှတ်‌တော်မူ‌သော အချိန်နှင့်‌နေရာတွင် ‌ရောက်ရှိလာခဲ့ပြီး ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ၎င်းနှင့် စကား‌ပြောဆို‌တော်မူ‌သောအခါ ၎င်းက ‌ပြောဆို‌လျှောက်ထားသည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား (အရှင်မြတ်ကို) မြင်‌အောင်ပြသ‌တော်မူပါ၊ ကျွန်ုပ်သည် အရှင်မြတ်ကို ဖူး‌မြော်ပါရ‌စေ။* အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “အသင်သည် (ဤ‌လောက၌) ငါအရှင်မြတ်ကို (မျက်ဝါးထင်ထင်) လုံးဝ ဖူး‌မြော်နိုင်မည် မဟုတ်‌ပေ။* သို့ရာတွင် အသင်သည် (ဤ)‌တောင်ကို ကြည့်လိုက်ပါ။ အကယ်၍ ထို‌တောင်သည် သူ၏‌နေရာတွင် တည်ငြိမ်စွာရှိ‌နေခဲ့လျှင် အသင်လည်း ငါအရှင်မြတ်ကို မုချ ဖူး‌မြော်နိုင်လိမ့်မည်။“* ထို့‌နောက် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် ‌တောင်‌ပေါ်သို့ တန်ခိုး‌တော် ထင်ရှား‌စေလိုက်‌သောအခါ* ထိုတန်ခိုး‌တော်သည် ထို‌တောင်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်‌စေခဲ့သည်။ ၎င်းပြင် (တမန်‌တော်)မူစာသည်လည်း သတိလစ်ပြီး လဲကျသွားခဲ့သည်။ ထို့‌နောက် ၎င်းသည် သတိပြန်ရလာ‌သောအခါ ‌ပြောဆို‌လျှောက်ထားခဲ့သည်- “အရှင်မြတ်သည် (‌လောကမျက်စိနှင့် မြင်‌တွေ့နိုင်ခြင်းမှ) သန့်ရှင်းစင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ်သည် အရှင်မြတ်ထံ‌တော်တွင် (ဤသို့ ‌ပြောဆိုမိသည့်အတွက်) ဝန်ချ‌တောင်းပန်ပါသည်။ ထို့ပြင် ကျွန်ုပ်သည် (အရှင်မြတ်အား ‌လောက၌ မည်သူမျှ မဖူးမြင်နိုင်သည်ကို) ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّٰكِرِينَ ١٤٤အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အို-(တမန်‌တော်)မူစာ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူများအ‌ပေါ်၌ တမန်‌တော်အဖြစ် ချီးမြှင့်ပြီး ငါအရှင်မြတ်သည် အသင်နှင့် စကား‌ပြော‌တော်မူခြင်းအားဖြင့် ‌ရွေးချယ်‌မြှောက်စား‌တော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် အသင့်အား ငါအရှင်မြတ် ‌ပေးသနား‌တော်မူသည်များကို ယူလိုက်ပါ။ ထို့ပြင် အသင်သည် ‌ကျေးဇူးသိတတ်သူများထဲ၌ အပါအဝင်ဖြစ်လိုက်ပါ။ وَكَتَبۡنَا لَهُۥ فِي ٱلۡأَلۡوَاحِ مِن كُلِّ شَيۡءٍ مَّوۡعِظَةً وَتَفۡصِيلًا لِّكُلِّ شَيۡءٍ فَخُذۡهَا بِقُوَّةٍ وَأۡمُرۡ قَوۡمَكَ يَأۡخُذُواْ بِأَحۡسَنِهَاۚ سَأُوْرِيكُمۡ دَارَ ٱلۡفَٰسِقِينَ ١٤٥ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ဆုံးမဩဝါဒ အစုံအလင်နှင့် အရာအားလုံး*၏ရှင်းလင်းချက်ကို သင်ပုန်းများ၌ ‌ရေးမှတ်‌ပေး‌တော်မူခဲ့သည်။* သို့ဖြစ်ရာ အသင်သည် ထိုအရာကို စွဲမြဲစွာ ကိုင်ထားပါ။ ၎င်းပြင် အသင်သည် အသင်၏အမျိုးသားများအား ထိုဩဝါဒ‌တော်များထဲမှ အ‌ကောင်းဆုံးများကို လိုက်နာကြရန် အမိန့်‌ပေးလိုက်ပါ။ မကြာမီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်မနာခံသူများ၏ ‌နေရာကို ပြသ‌တော်မူမည်ဖြစ်သည်။ سَأَصۡرِفُ عَنۡ ءَايَٰتِيَ ٱلَّذِينَ يَتَكَبَّرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَإِن يَرَوۡاْ كُلَّ ءَايَةٍ لَّا يُؤۡمِنُواْ بِهَا وَإِن يَرَوۡاْ سَبِيلَ ٱلرُّشۡدِ لَا يَتَّخِذُوهُ سَبِيلًا وَإِن يَرَوۡاْ سَبِيلَ ٱلۡغَيِّ يَتَّخِذُوهُ سَبِيلًاۚ ذَٰلِكَ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ ١٤٦ငါအရှင်မြတ်သည် ကမာ္ဘ‌မြေတွင် မတရား မာန‌ထောင်‌နေသူများအား ငါအရှင်မြတ်၏ အာယသ်‌တော်များ(ကို နားလည်မှု)မှ လှည့်ထား‌တော်မူမည်။* အကယ်၍ သူတို့သည် သက်‌သေလက္ခဏာအားလုံးကို ‌တွေ့မြင်လျှင်လည်း ထိုသက်‌သေလက္ခဏာများကို ယုံကြည်ကြမည် မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ‌တွေ့မြင်ကြလျှင်လည်း ထိုလမ်းကို (သူတို့၏)လမ်းအဖြစ်ပြုလုပ်ကြမည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် အကယ်၍ ‌ကွေ့‌ကောက်‌သောလမ်းကို ‌တွေ့မြင်ကြလျှင်မူ ထိုလမ်းကို (သူတို့၏)လမ်းအဖြစ်ပြုလုပ်ကြလိမ့်မည်။ ဤ(သို့ ဖြစ်ရ)သည်မှာ သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက်‌ကြောင့်နှင့် ထိုသက်‌သေလက္ခဏာများမှ လျစ်လျူရှုခဲ့ကြသည့်အတွက်‌ကြောင့်ပင် ဖြစ်သည်။ وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَلِقَآءِ ٱلۡأٓخِرَةِ حَبِطَتۡ أَعۡمَٰلُهُمۡۚ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ ١٤٧ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များနှင့် တမလွန်ဘဝ၏ ‌တွေ့ဆုံမှုကို ငြင်းပယ်ခဲ့ကြ‌သောသူများ၏ အပြုအမူဟူသမျှသည် အကျိုးမဲ့ဖြစ်သွားပြီးဖြစ်သည်။ သူတို့သည် သူတို့ ပြုလုပ်ခဲ့သည်များကိုသာ အစား‌ပေးခြင်းခံကြရမည်ဖြစ်သည်။ وَٱتَّخَذَ قَوۡمُ مُوسَىٰ مِنۢ بَعۡدِهِۦ مِنۡ حُلِيِّهِمۡ عِجۡلًا جَسَدًا لَّهُۥ خُوَارٌۚ أَلَمۡ يَرَوۡاْ أَنَّهُۥ لَا يُكَلِّمُهُمۡ وَلَا يَهۡدِيهِمۡ سَبِيلًاۘ ٱتَّخَذُوهُ وَكَانُواْ ظَٰلِمِينَ ١٤٨ထို့ပြင် (တမန်‌တော်)မူစာ၏အမျိုးသားများသည်* ၎င်း၏‌နောက်တွင် (အရှင်မြတ်နှင့် ‌တွေ့ဆုံရန် သွား‌နေစဉ်ကာလ၌) သူတို့၏ လက်ဝတ်တန်ဆာများဖြင့် နွားရုပ်က‌လေးတစ်ခု ထုလုပ်လိုက်ကြသည်။ ထိုနွားငယ်၏ခန္ဓာကိုယ်ထဲမှ အသံတစ်မျိုး(ပဲ့တင်သံ)ထွက်ခဲ့သည်။ စင်စစ် ထိုနွားငယ်သည် သူတို့နှင့် စကားလည်းမ‌ပြော၊ သူတို့အား မည်သည့်လမ်းမှ ညွှန်ကြားပြသနိုင်သည်လည်း မရှိသည်ကို သူတို့ မသိမြင်ကြ‌လေသ‌လော။ သူတို့သည် ထိုနွားငယ်ကိုပင် (ကိုးကွယ်ရာအဖြစ်)ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် မတရားနှိပ်စက် ကျူးလွန်သူများ ဖြစ်သွားခဲ့ကြသည်။ وَلَمَّا سُقِطَ فِيٓ أَيۡدِيهِمۡ وَرَأَوۡاْ أَنَّهُمۡ قَدۡ ضَلُّواْ قَالُواْ لَئِن لَّمۡ يَرۡحَمۡنَا رَبُّنَا وَيَغۡفِرۡ لَنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ١٤٩၎င်းပြင် သူတို့သည် မိမိတို့ပြုလုပ်မှုအ‌ပေါ် ဝမ်းနည်းပက်လက်ဖြစ်ပြီး* သူတို့ လမ်းမှား‌နေသည်ကို သိမြင်ကြ‌သောအခါ (‌ပြောဆိုကြသည်) “အကယ်၍ ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်တို့ကို သနား‌တော်မမူပါလျှင်၊ ၎င်းပြင် အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မမူပါလျှင် အမှန်ပင် ကျွန်ုပ်တို့သည် ပျက်စီး ဆုံးရှုံးသူများထဲတွင် အပါအဝင် ဖြစ်ကြရ‌တော့မည်ပင် ဖြစ်သည်။ وَلَمَّا رَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفًا قَالَ بِئۡسَمَا خَلَفۡتُمُونِي مِنۢ بَعۡدِيٓۖ أَعَجِلۡتُمۡ أَمۡرَ رَبِّكُمۡۖ وَأَلۡقَى ٱلۡأَلۡوَاحَ وَأَخَذَ بِرَأۡسِ أَخِيهِ يَجُرُّهُۥٓ إِلَيۡهِۚ قَالَ ٱبۡنَ أُمَّ إِنَّ ٱلۡقَوۡمَ ٱسۡتَضۡعَفُونِي وَكَادُواْ يَقۡتُلُونَنِي فَلَا تُشۡمِتۡ بِيَ ٱلۡأَعۡدَآءَ وَلَا تَجۡعَلۡنِي مَعَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ١٥٠ထို့‌နောက် (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများထံသို့ ‌ဒေါသထွက် ပူ‌ဆွေး‌သောက‌ရောက်လျက် ပြန်လာခဲ့‌သောအခါ ၎င်းက ‌ပြောဆိုသည်- “အသင်တို့သည် ငါ၏‌နောက်ကွယ်၌ ပြုမူခဲ့ကြသည်မှာ အဘယ်မျှ ဆိုးယုတ်လိုက်သနည်း။* အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်(မတိုင်မီ)၌ပင် အလျင်စလို ပြုလုပ်လိုက်ကြသ‌လော။* ထို့ပြင် ၎င်း(တမန်‌တော်မူစာ)သည် သင်ပုန်းများကို ပစ်ချလိုက်သည်။ ထို့ပြင် ၎င်းအစ်ကို၏ဦး‌ခေါင်းကိုကိုင်ပြီး ၎င်းဘက်သို့ ဆွဲ‌ခေါ်လိုက်သည်။ ၎င်း၏အစ်ကိုက ‌ပြောဆိုသည်- “အို- ငါ၏မိခင်၏သား၊ အမှန်စင်စစ် အမျိုးသားများသည် ငါ့ကို အားနည်းသူဟု ယူဆခဲ့ပြီး သူတို့သည် ငါ့ကိုသတ်မည့်ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ အသင်သည် ငါ၏ရန်သူအ‌ပေါ်တွင် ရန်သူများ အားရဝမ်းသာဖြစ်‌အောင် မပြုပါနှင့်။ ၎င်းပြင် အသင်သည် ငါ့ကို မတရားကျူးလွန်သူများနှင့်အတူ မပြုလုပ်ပါနှင့်။“ قَالَ رَبِّ ٱغۡفِرۡ لِي وَلِأَخِي وَأَدۡخِلۡنَا فِي رَحۡمَتِكَۖ وَأَنتَ أَرۡحَمُ ٱلرَّٰحِمِينَ ١٥١၎င်း(တမန်‌တော်မူစာ)က ‌ပြောဆို‌လျှောက်ထားသည်- “အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကိုအား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်မြတ်၏ သနားကရုဏာထဲသို့ သွတ်သွင်း‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူများထဲတွင် သနားကြင်နာဆုံးအရှင် ဖြစ်‌တော်မူပါသည်။ إِنَّ ٱلَّذِينَ ٱتَّخَذُواْ ٱلۡعِجۡلَ سَيَنَالُهُمۡ غَضَبٌ مِّن رَّبِّهِمۡ وَذِلَّةٌ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُفۡتَرِينَ ١٥٢အမှန်စင်စစ် နွားငယ်(ရုပ်တု)ကို (ကိုးကွယ်ရာအဖြစ်) ပြုလုပ်ခဲ့ကြ‌သောသူများအ‌ပေါ်တွင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ထံမှ ဤ‌လောက၏ ရှင်သန်မှု၌ပင် ‌ဒေါသအမျက်နှင့် ‌သေးသိမ်မှု မကြာမီ သက်‌ရောက်မည်။* ထို့ပြင် ငါအရှင်မြတ်သည် လုပ်ကြံစွပ်စွဲသူများအား ဤသို့ပင် အပြစ်‌ပေး‌တော်မူသည်။ وَٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ ثُمَّ تَابُواْ مِنۢ بَعۡدِهَا وَءَامَنُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٌ رَّحِيمٌ ١٥٣၎င်းပြင် အကြင်သူများသည် မ‌ကောင်းမှုများကို ပြုလုပ်မိခဲ့ကြသည်။ ထို့‌နောက် သူတို့သည် ထိုကဲ့သို့ မ‌ကောင်းမှုများ(ပြုလုပ်ပြီး)‌နောက် ဝန်ချ‌တောင်းပန်ကြသည်။ ၎င်းပြင် သူတို့သည် အီမာန်ယုံကြည်မှုလည်း ရှိကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ထို(ဝန်ချပြီးသည့်)‌နောက် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَمَّا سَكَتَ عَن مُّوسَى ٱلۡغَضَبُ أَخَذَ ٱلۡأَلۡوَاحَۖ وَفِي نُسۡخَتِهَا هُدًى وَرَحۡمَةٌ لِّلَّذِينَ هُمۡ لِرَبِّهِمۡ يَرۡهَبُونَ ١٥٤ထို့‌နောက် (တမန်‌တော်)မူစာ၏ ‌ဒေါသ‌ပြေသွား‌သောအခါ သင်ပုန်းများကို ‌ကောက်ယူလိုက်သည်။ ၎င်းပြင် ထို(သင်ပုန်း)ထဲ၌ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ‌ကြောက်ရွံ့ကြသူများအတွက် တရားလမ်းမှန်ညွှန်ကြားချက်နှင့် သနားကရုဏာ ပါရှိခဲ့သည်။ وَٱخۡتَارَ مُوسَىٰ قَوۡمَهُۥ سَبۡعِينَ رَجُلًا لِّمِيقَٰتِنَاۖ فَلَمَّآ أَخَذَتۡهُمُ ٱلرَّجۡفَةُ قَالَ رَبِّ لَوۡ شِئۡتَ أَهۡلَكۡتَهُم مِّن قَبۡلُ وَإِيَّٰيَۖ أَتُهۡلِكُنَا بِمَا فَعَلَ ٱلسُّفَهَآءُ مِنَّآۖ إِنۡ هِيَ إِلَّا فِتۡنَتُكَ تُضِلُّ بِهَا مَن تَشَآءُ وَتَهۡدِي مَن تَشَآءُۖ أَنتَ وَلِيُّنَا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَاۖ وَأَنتَ خَيۡرُ ٱلۡغَٰفِرِينَ ١٥٥ထို့ပြင် (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများထဲမှ ‌ယောက်ျားခုနှစ်ဆယ်ကို ငါအရှင်မြတ် ချိန်းဆိုသတ်မှတ်‌တော်မူ‌သောအချိန်*(၌ ‌ခေါ်‌ဆောင်သွားရန်)အတွက် ‌ရွေးချယ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား ပြင်းထန်‌သော ‌မြေငလျင်က ဖျက်ဆီးလိုက်‌သောအခါ ၎င်း(တမန်‌တော် မူစာ)က ‌ပြောဆို‌လျှောက်ထားခဲ့သည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အကယ်၍ အရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် သူတို့နှင့်တကွ ကျွန်ုပ်ကို ယခင်ကတည်းက ဖျက်ဆီးလိုက်‌တော်မူပြီး ဖြစ်ပါလိမ့်မည်။ အရှင်မြတ်သည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ထဲမှ အသိတရားမရှိ‌သောသူများ၏ အပြုအမူ‌ကြောင့် ‌သေ‌ကြေပျက်စီး‌အောင် ပြုလုပ်‌တော်မူပါမည်‌လော။ ဤသည် အရှင်မြတ်၏ စမ်းသပ်မှုတစ်ခုပင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုနှင့် အရှင်မြတ်သည် အရှင်မြတ်အလိုရှိသူကို လမ်းမှား‌စေ‌တော်မူပြီး အလိုရှိသူကို လမ်းမှန်ပို့‌ဆောင်‌တော်မူပါသည်။ အရှင်မြတ်သည် ကျွန်ုပ်တို့၏ အ‌ရေးကိစ္စများကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနားညှာတာ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ ۞ وَٱكۡتُبۡ لَنَا فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةً وَفِي ٱلۡأٓخِرَةِ إِنَّا هُدۡنَآ إِلَيۡكَۚ قَالَ عَذَابِيٓ أُصِيبُ بِهِۦ مَنۡ أَشَآءُۖ وَرَحۡمَتِي وَسِعَتۡ كُلَّ شَيۡءٍۚ فَسَأَكۡتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَٱلَّذِينَ هُم بِـَٔايَٰتِنَا يُؤۡمِنُونَ ١٥٦ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ဤ‌လောကတွင်လည်း‌ကောင်း၊ တမလွန်ဘဝတွင်လည်း‌ကောင်း ‌ကောင်းကျိုးချမ်းသာကို သတ်မှတ်ပြဋ္ဌာန်း‌ပေး‌တော်မူပါ။ ကျွန်ုပ်တို့သည် အမှန်စင်စစ် အရှင်မြတ်ဘက်သို့သာ ပြန်လှည့်လာကြပါပြီ။ (ထိုအခါ)အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “ငါအရှင်မြတ်သည် ငါအရှင်မြတ်၏အပြစ်ဒဏ်ကို ငါအရှင်မြတ်အလိုရှိ‌သောသူအ‌ပေါ်၌သာ သက်‌ရောက်‌စေ‌တော်မူသည်။ ၎င်းပြင် ငါအရှင်၏ သနားကရုဏာသည် အရာအားလုံးအ‌ပေါ်တွင် လွှမ်းခြုံ‌နေသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ထိုသနားကရုဏာကို ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်၍ ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်သူများနှင့် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို ယုံကြည်သူများအတွက် မကြာမီ သတ်မှတ်ပြဋ္ဌာန်း‌တော်မူမည်။ ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِيَّ ٱلۡأُمِّيَّ ٱلَّذِي يَجِدُونَهُۥ مَكۡتُوبًا عِندَهُمۡ فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ يَأۡمُرُهُم بِٱلۡمَعۡرُوفِ وَيَنۡهَىٰهُمۡ عَنِ ٱلۡمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَٰتِ وَيُحَرِّمُ عَلَيۡهِمُ ٱلۡخَبَٰٓئِثَ وَيَضَعُ عَنۡهُمۡ إِصۡرَهُمۡ وَٱلۡأَغۡلَٰلَ ٱلَّتِي كَانَتۡ عَلَيۡهِمۡۚ فَٱلَّذِينَ ءَامَنُواْ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُواْ ٱلنُّورَ ٱلَّذِيٓ أُنزِلَ مَعَهُۥٓ أُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ١٥٧အကြင်သူများသည် အကြင်စာ‌ပေမတတ်‌သော*တမန်‌တော်ကို လိုက်နာကြသည်။ ဤသူများသည် ထိုတမန်‌တော်(၏ အရည်အချင်းလက္ခဏာများ)ကို သူတို့ထံတွင်ရှိ‌သော ‌သောင်ရာသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းထဲတွင် ‌ရေးသားထားသည်ကို ‌တွေ့ရှိကြသည်။ ထိုတမန်‌တော်သည် သူတို့ကို ‌ကောင်းမှုပြုရန် ညွှန်ကြားပြီး မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်ရန် တားမြစ်သည်။ ၎င်းပြင် သူတို့အ‌ပေါ်တွင် တင်ရှိ‌နေ‌သော ဝန်ထုပ်ဝန်ပိုးနှင့် လည်ကွင်းစွပ်များကိုလည်း သူတို့အ‌ပေါ်မှ ဖယ်ချ‌ပေးသည်။ သို့ဖြစ်ရာ အကြင်သူများသည် ထိုတမန်‌တော်မြတ်အား ယုံကြည်ခဲ့ကြ၍ ၎င်းအား(ရို‌သေ‌လေးစား ချစ်ခင်မှုနှင့်တကွ) ကာကွယ်‌စောင့်‌ရှောက်ခဲ့ကြသည်သာမက ကူညီရိုင်းပင်းမှုလည်း ပြုခဲ့ကြသည်။ ၎င်းပြင် ထိုတမန်‌တော်နှင့်အတူတကွ ကျ‌ရောက်လာ‌သော လင်း‌ရောင်ခြည်(ကျမ်း‌တော်မြတ် ကုရ်အာန်)ကိုလည်း ‌နောက်လိုက်မှုပြုခဲ့ကြသည်။ ထိုသူများပင် ‌အောင်မြင်သူများဖြစ်ကြသည်။ قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡ جَمِيعًا ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِ ٱلنَّبِيِّ ٱلۡأُمِّيِّ ٱلَّذِي يُؤۡمِنُ بِٱللَّهِ وَكَلِمَٰتِهِۦ وَٱتَّبِعُوهُ لَعَلَّكُمۡ تَهۡتَدُونَ ١٥٨(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အို- လူသားအ‌ပေါင်းတို့၊ ငါသည် အမှန်စင်စစ် အသင်တို့အားလုံးထံသို့ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်ပင်ဖြစ်သည်။* မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထိုအရှင်မြတ်ပင် အသက်ရှင်‌စေ‌တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်ပင် အသက်‌သေ‌စေ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏အာယသ်‌တော်များ (အရှင်မြတ်ချ‌ပေး‌တော်မူ‌သော ကျမ်းဂန်များ)ကို ယုံကြည်သည်။ ၎င်းပြင် အသင်တို့သည် တရားလမ်းမှန်ရရှိရန်အတွက် ထိုတမန်‌တော်(၏ အမိန့်‌ပေးဆုံးမမှု)ကို လိုက်နာကြပါ။ وَمِن قَوۡمِ مُوسَىٰٓ أُمَّةٌ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ ١٥٩ထို့ပြင် (တမန်‌တော်)မူစာ၏ အမျိုးသားများတွင် လူတစ်စုရှိသည်။* သူတို့သည် မှန်ကန်‌သော တရား‌တော်နှင့်အညီ လမ်းမှန်ညွှန်ကြားပြသကြသည်။ ၎င်းပြင် သူတို့ကိုယ်တိုင်လည်း ထိုမှန်ကန်‌သော တရား‌တော်နှင့်အညီပင် စီရင်ဆုံးဖြတ်ကြသည်။ وَقَطَّعۡنَٰهُمُ ٱثۡنَتَيۡ عَشۡرَةَ أَسۡبَاطًا أُمَمًاۚ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسۡتَسۡقَىٰهُ قَوۡمُهُۥٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنۢبَجَسَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنًاۖ قَدۡ عَلِمَ كُلُّ أُنَاسٍ مَّشۡرَبَهُمۡۚ وَظَلَّلۡنَا عَلَيۡهِمُ ٱلۡغَمَٰمَ وَأَنزَلۡنَا عَلَيۡهِمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ١٦٠ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား မျိုးနွယ်ဆယ့်နှစ်ခုခွဲပြီး အုပ်စုများ လုပ်‌ပေး‌တော်မူခဲ့သည်။* ထို့ပြင် (တမန်‌တော်)မူစာထံသို့ ၎င်း၏အမျိုးသားများက ‌ရေ‌တောင်းကြ‌သောအခါ၊ ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ ဝဟီချ အမိန့်‌ပေး‌တော်မူခဲ့သည်- “အသင်သည် အသင်၏‌တောင်‌ဝှေးနှင့် ‌ကျောက်တုံးကို ရိုက်လိုက်ပါ။“ ထို(အမိန့်အတိုင်း ရိုက်လိုက်သည့်)အတွက် ထို‌ကျောက်တုံးမှ စမ်း‌ရေ‌ချောင်း ဆယ့်နှစ်သွယ် ပန်းထွက်လာခဲ့သည်။ ထိုမျိုးနွယ်အသီးသီးသည် သူတို့‌သောက်သုံးရာ‌နေရာများကို သိရှိမှတ်မိကြသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုအမျိုးသားများအ‌ပေါ်တွင် မိုးတိမ်များကို အရိပ်အာဝါသ ပြု‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မန်းဟု‌ခေါ်‌သောနှင်းမုန့်နှင့် စလ်ဝါဟု‌ခေါ်‌သောငုံး‌ကောင်ကို သူတို့အ‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့သည်။ အသင်တို့သည် ငါအရှင်မြတ် ‌ပေးသနား‌တော်မူ‌သော ‌ကောင်းမြတ်သန့်စင်သည့် စားစရာများကို စားသုံးကြပါ။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်ကို နှိပ်စက်ခဲ့ကြသည် မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ညှဉ်းပန်းခဲ့ကြခြင်းဖြစ်သည်။ وَإِذۡ قِيلَ لَهُمُ ٱسۡكُنُواْ هَٰذِهِ ٱلۡقَرۡيَةَ وَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ وَقُولُواْ حِطَّةٌ وَٱدۡخُلُواْ ٱلۡبَابَ سُجَّدًا نَّغۡفِرۡ لَكُمۡ خَطِيٓـَٰٔتِكُمۡۚ سَنَزِيدُ ٱلۡمُحۡسِنِينَ ١٦١ထို့ပြင် တစ်ခါက ထို(မူစာ၏)အမျိုးသားများထံသို့ အမိန့်‌တော် ကျ‌ရောက်လာခဲ့သည်။ အသင်တို့သည် ဤမြို့ရွာတွင် ‌နေထိုင်ကြပြီး ဤမြို့ရွာတွင် အသင်တို့နှစ်သက်ရာ ‌နေရာများမှ စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ဟိသွ်သွသွန် “ကျွန်ုပ်တိုု့ကို အပြစ်မှ ချမ်းသာ‌ပေး‌တော်မူပါ“ဟု ရွတ်ဆို၍ (ငါအရှင်မြတ်အား ရိုကျိုးသည့်အ‌နေဖြင့်)မြို့ရွာ၏ တံခါး‌ပေါက်သို့ ဝပ်တွားပြီး ဝင်‌ရောက်ကြပါ။ (ထိုကဲ့သို့ ပြုလုပ်လျှင်) ငါအရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အမှားများကို ခွင့်လွှတ်‌တော်မူမည့်အပြင် မကြာမီ၌ပင် ‌ကောင်းမှုပြု‌သောသူများကို ငါအရှင်မြတ်က ပိုတိုး၍ ‌ပေး‌တော်မူမည်ဖြစ်သည်။ فَبَدَّلَ ٱلَّذِينَ ظَلَمُواْ مِنۡهُمۡ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَرۡسَلۡنَا عَلَيۡهِمۡ رِجۡزًا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَظۡلِمُونَ ١٦٢ထို့‌နောက် သူတို့ထဲမှ မတရားကျူးလွန်သူများသည် သူတို့ကို မိန့်ကြား‌တော်မူထား‌သော စကားရပ်အစား အခြား(မသင့်‌တော်‌သော)စကားနှင့် ‌ပြောင်းလဲ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မတရားနှိပ်စက်‌လေ့ရှိကြသည့်အတွက် ဒုက္ခကပ်ဆိုးပြစ်ဒဏ်ကို မိုး‌ကောင်းကင်မှ သက်‌ရောက်‌စေ‌တော်မူခဲ့သည်။ وَسۡـَٔلۡهُمۡ عَنِ ٱلۡقَرۡيَةِ ٱلَّتِي كَانَتۡ حَاضِرَةَ ٱلۡبَحۡرِ إِذۡ يَعۡدُونَ فِي ٱلسَّبۡتِ إِذۡ تَأۡتِيهِمۡ حِيتَانُهُمۡ يَوۡمَ سَبۡتِهِمۡ شُرَّعًا وَيَوۡمَ لَا يَسۡبِتُونَ لَا تَأۡتِيهِمۡۚ كَذَٰلِكَ نَبۡلُوهُم بِمَا كَانُواْ يَفۡسُقُونَ ١٦٣ထို့ပြင် အသင်သည် သူတို့ကို ပင်လယ်ဆိပ်ကမ်းမြို့ရွာနှင့်ပတ်သက်၍ ‌မေးမြန်းလိုက်ပါ။* တစ်ခါက သူတို့သည် စဗ်သ် စ‌နေ‌နေ့နှင့်ပတ်သက်၍ စည်းကမ်းကျူး‌ကျော်ကြသည်။ တစ်ခါက သူတို့၏ (ပင်လယ်မှ)ငါးများသည် သူတို့ထံသို့ သူတို့၏စ‌နေ‌နေ့၌ အုပ်လိုက်(‌ရေ‌ပေါ်)‌ပေါ်လာ‌လေ့ရှိသည်။ ၎င်းပြင် စ‌နေ‌နေ့မဟုတ်‌သောအချိန်၌မူ သူတို့ထံသို့(‌ပေါ်)လာ‌လေ့မရှိ‌ပေ။ ထိုသို့ပင် ငါအရှင်မြတ်သည် သူတို့ကို သူတို့၏‌သွေဖည်‌လေ့ရှိကြသည့်အတွက် စမ်းသပ်‌တော်မူခဲ့သည်။ وَإِذۡ قَالَتۡ أُمَّةٌ مِّنۡهُمۡ لِمَ تَعِظُونَ قَوۡمًا ٱللَّهُ مُهۡلِكُهُمۡ أَوۡ مُعَذِّبُهُمۡ عَذَابًا شَدِيدًاۖ قَالُواْ مَعۡذِرَةً إِلَىٰ رَبِّكُمۡ وَلَعَلَّهُمۡ يَتَّقُونَ ١٦٤ထို့ပြင် တစ်ခါက သူတို့ထဲမှ လူတစ်စုက(ဆိုဆုံးမ‌သောသူများအား) ‌ပြောဆိုကြသည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဖျက်ဆီးပစ်‌တော်မူမည့် လူမျိုးအုပ်စု သို့မဟုတ် ပြင်းထန်‌သော အပြစ်ဒဏ်‌ပေး‌တော်မူမည့် လူမျိုးအုပ်စုကို အဘယ့်‌ကြောင့် ဆိုဆုံးမ‌နေကြသနည်း။* ထို(ဆိုဆုံးမ)သူများက ‌ပြောဆိုကြသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ထံတွင် တာဝန်‌ကျေ‌ကြောင်း အ‌ကြောင်းပြရန်အတွက်နှင့် သူတို့သည် အပြစ်‌ရှောင်ကြဉ်‌ကောင်း ‌ရှောင်ကြဉ်ကြရန်အတွက်ပင် ဖြစ်သည်။“ فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦٓ أَنجَيۡنَا ٱلَّذِينَ يَنۡهَوۡنَ عَنِ ٱلسُّوٓءِ وَأَخَذۡنَا ٱلَّذِينَ ظَلَمُواْ بِعَذَابِۭ بَـِٔيسِۭ بِمَا كَانُواْ يَفۡسُقُونَ ١٦٥ထို့‌နောက် သူတို့သည် သူတို့သတိ‌ပေးခြင်းခံရ‌သော အမှုကိစ္စကို ‌မေ့‌လျော့‌နေစဉ်၌ ငါအရှင်မြတ်သည် မ‌ကောင်းမှုမှ တားမြစ်‌နေသူများကို ကယ်ဆယ်‌တော်မူပြီး မတရားကျူးလွန်သူများကို သူတို့၏ ‌သွေဖည်မှုများ‌ကြောင့် ပြင်းထန်‌သောပြစ်ဒဏ်နှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ فَلَمَّا عَتَوۡاْ عَن مَّا نُهُواْ عَنۡهُ قُلۡنَا لَهُمۡ كُونُواْ قِرَدَةً خَٰسِـِٔينَ ١٦٦ထို့‌နောက် သူတို့သည် သူတို့တားမြစ်ခြင်းခံခဲ့ကြရ‌သော အမှုကိစ္စနှင့်ပတ်သက်၍ စည်းကမ်း ‌ဖေါက်ဖျက်ကျူးလွန်ကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့ကို မိန့်ကြား‌တော်မူလိုက်သည်- “အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်း‌သော ‌မျောက်တိရစာ္ဆန်များဖြစ်ကြ‌လော့။“ وَإِذۡ تَأَذَّنَ رَبُّكَ لَيَبۡعَثَنَّ عَلَيۡهِمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَن يَسُومُهُمۡ سُوٓءَ ٱلۡعَذَابِۗ إِنَّ رَبَّكَ لَسَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٌ رَّحِيمٌ ١٦٧ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ‌ကြေညာ‌တော်မူခဲ့သည်။ အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ဤကဲ့သို့လူများကို ကိယာမသ်‌နေ့အထိ အမှန်စင်စစ် လွှမ်းမိုး‌စေ‌တော်မူမည်။ သူတို့သည် ပြင်းထန်‌သောပြစ်ဒဏ်ကို သူတို့အ‌ပေါ်တွင် သက်‌ရောက်‌စေလိမ့်မည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လျင်မြန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَقَطَّعۡنَٰهُمۡ فِي ٱلۡأَرۡضِ أُمَمًاۖ مِّنۡهُمُ ٱلصَّٰلِحُونَ وَمِنۡهُمۡ دُونَ ذَٰلِكَۖ وَبَلَوۡنَٰهُم بِٱلۡحَسَنَٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمۡ يَرۡجِعُونَ ١٦٨ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကမာ္ဘ‌ပေါ်တွင် အုပ်စုများ ကွဲပြား‌စေ‌တော်မူခဲ့သည်။* သူတို့ထဲမှ အချို့သည် ‌ကောင်းမြတ်‌သောသူများဖြစ်ကြသည်။ ၎င်းပြင် သူတို့ထဲတွင် ထို(‌ကောင်းမြတ်‌သော)သူများမှလွဲ၍ အခြားသူများလည်း ရှိခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ပြန်လှည့်လာကြရန်အတွက် သုခချမ်းသာများနှင့်လည်း‌ကောင်း၊ ဆင်းရဲဒုက္ခများနှင့်လည်း‌ကောင်း စမ်းသပ်‌တော်မူခဲ့သည်။ فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٌ وَرِثُواْ ٱلۡكِتَٰبَ يَأۡخُذُونَ عَرَضَ هَٰذَا ٱلۡأَدۡنَىٰ وَيَقُولُونَ سَيُغۡفَرُ لَنَا وَإِن يَأۡتِهِمۡ عَرَضٌ مِّثۡلُهُۥ يَأۡخُذُوهُۚ أَلَمۡ يُؤۡخَذۡ عَلَيۡهِم مِّيثَٰقُ ٱلۡكِتَٰبِ أَن لَّا يَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّ وَدَرَسُواْ مَا فِيهِۗ وَٱلدَّارُ ٱلۡأٓخِرَةُ خَيۡرٌ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ ١٦٩ထို့‌နောက် သူတို့မရှိသည့်‌နောက်တွင် အကြင်ယုတ်မာ‌သော သား‌မြေးများက (သူတို့၏)‌နေရာတွင် အ‌မွေဆက်ခံခဲ့ကြသည်။ သူတို့သည် ကျမ်းဂန်ကို အ‌မွေရယူခဲ့ကြသည်။ သူတို့သည် (ကျမ်းဂန်ထဲမှ တရား‌တော်များကို) ဤ‌လောက(၏‌သေးသိမ်‌သော)ပစ္စည်းများနှင့် (အစားလဲလှယ်ပြီး)ယူကြသည်။ ထို့ပြင် သူတိုု့က မကြာမီ ကျွန်ုပ်တို့သည် (ဤကျမ်းဂန်ထဲမှ တရား‌တော်များကို ‌ရောင်းစားခဲ့ကြသည့်အပြစ်မှ) အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူခြင်း ခံကြရမည်ဟုလည်း ‌ပြောဆိုကြသည်။ ထို့ပြင် အကယ်၍ ထိုကဲ့သို့ ပစ္စည်းဥစ္စာများသည် သူတို့ထံသို့ (ထပ်မံ)‌ရောက်လာလျှင်လည်း ထိုပစ္စည်းများကို သူတို့သည် ယူကြဦးမည်ပင်ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အမှန်ကိုသာ ‌ပြောဆိုကြရန် (‌သောင်ရသ်)ကျမ်း‌တော်၌ သူတို့ထံမှ ကတိကဝတ်ယူထားခဲ့ပြီး မဟုတ်‌လော၊ ထို့ပြင် သူတို့သည် ထိုကျမ်းထဲမှ အမိန့်‌တော်များကိုလည်း ဖတ်ခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် တမလွန်ဘဝ(ဂျန္နသ် သုခဘုံ)သည် (အလ္လာဟ်အရှင်မြတ်အား)‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် အ‌ကောင်းဆုံးပင် ဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မသိနားမလည်ကြသ‌လော။ وَٱلَّذِينَ يُمَسِّكُونَ بِٱلۡكِتَٰبِ وَأَقَامُواْ ٱلصَّلَوٰةَ إِنَّا لَا نُضِيعُ أَجۡرَ ٱلۡمُصۡلِحِينَ ١٧٠ထို့ပြင် အကြင်သူများသည် ကျမ်းဂန်(ထဲမှ တရား‌တော်များ)ကို* စွဲမြဲစွာ ဆုပ်ကိုင်ထားကြသည်။ ၎င်းပြင် စွလာသ်ဝတ်ပြုမှုကိုလည်း အမြဲ တည်‌ဆောက်ကြသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) မှန်ကန်‌အောင် ပြုပြင်ကြ‌သောသူများ၏ အကျိုးရလာဒ်ကို ပျက်စီး‌စေမည် မဟုတ်‌ပေ။ ۞ وَإِذۡ نَتَقۡنَا ٱلۡجَبَلَ فَوۡقَهُمۡ كَأَنَّهُۥ ظُلَّةٌ وَظَنُّوٓاْ أَنَّهُۥ وَاقِعُۢ بِهِمۡ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٍ وَٱذۡكُرُواْ مَا فِيهِ لَعَلَّكُمۡ تَتَّقُونَ ١٧١ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် (သွူရ်)‌တောင်ကို သူတို့အ‌ပေါ်၌ ပင့်‌မြှောက်‌တော်မူခဲ့‌သောအခါ ထို‌တောင်သည် အမိုးကဲ့သို့ဖြစ်‌နေခဲ့သည်။ ၎င်းပြင် သူတို့က ထို‌တောင်သည် သူတို့အ‌ပေါ်သို့ အမှန်ပင် ကျ‌တော့မည်ဟု ယုံကြည်ခဲ့ကြသည်။ (ထိုအခါ အရှင်မြတ်က ဤသို့ မိန့်ကြား‌တော်မူသည်) “အသင်တို့သည် အသင်တို့အား ငါအရှင်မြတ် ‌ပေးသနား‌တော်မူ‌သော ကျမ်း‌တော်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ ၎င်းပြင် အသင်တို့သည် အပြစ်‌ရှောင်ကြဉ်ကြရန်အတွက် ထိုကျမ်းထဲမှ တရား‌တော်များကိုလည်း ‌လေ့ကျင့်မှတ်သား(လိုက်နာ)ကြပါ။“ وَإِذۡ أَخَذَ رَبُّكَ مِنۢ بَنِيٓ ءَادَمَ مِن ظُهُورِهِمۡ ذُرِّيَّتَهُمۡ وَأَشۡهَدَهُمۡ عَلَىٰٓ أَنفُسِهِمۡ أَلَسۡتُ بِرَبِّكُمۡۖ قَالُواْ بَلَىٰ شَهِدۡنَآۚ أَن تَقُولُواْ يَوۡمَ ٱلۡقِيَٰمَةِ إِنَّا كُنَّا عَنۡ هَٰذَا غَٰفِلِينَ ١٧٢ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အာဒမ်၏ သား‌မြေးများကို ထုတ်‌ဆောင်‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် သူတို့အား သူတို့အ‌ပေါ်၌ပင် သက်‌သေထား‌တော်မူပြီး မိန့်ကြား‌တော်မူခဲ့သည်- “ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် မဟုတ်‌လော။“* သူတို့က ‌ပြောဆို‌လျှောက်ထားခဲ့ကြသည်- “အမှန်ပင် ဟုတ်ပါသည်၊ ကျွန်ုပ်တို့ကိုယ်တိုင် သက်‌သေခံကြပါသည်။“* (ဤကဲ့သို့ ပြုလုပ်ခြင်းမှာ) အသင်တို့သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် “ကျွန်ုပ်တို့သည် ဤသည်ကို မသိခဲ့ကြပါ“ဟု မ‌ပြောဆိုနိုင်ကြရန်ပင် ဖြစ်သည်။ أَوۡ تَقُولُوٓاْ إِنَّمَآ أَشۡرَكَ ءَابَآؤُنَا مِن قَبۡلُ وَكُنَّا ذُرِّيَّةً مِّنۢ بَعۡدِهِمۡۖ أَفَتُهۡلِكُنَا بِمَا فَعَلَ ٱلۡمُبۡطِلُونَ ١٧٣သို့မဟုတ် အသင်တို့သည် “ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့သည် ယခင်ကတည်းက အခြားအရာများကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့မှာမူ သူတို့၏‌နောက်တွင် (သူတို့၏) သား‌မြေးများမျှသာ ဖြစ်ကြပါသည်။* သို့ဖြစ်ရာ အရှင်မြတ်သည် (ယခင်ကတည်းက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြ‌သောသူများ‌ကြောင့် ကျွန်ုပ်တို့အား ဖျက်ဆီးပစ်‌တော်မူပါမည်‌လော“ဟု မ‌ပြောဆို(နို်င်)ကြရန်အတွက် ဖြစ်သည်။ وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلَعَلَّهُمۡ يَرۡجِعُونَ ١٧٤ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ပြန်လှည့်ကြရန်အတွက် သက်‌သေလက္ခဏာများကို ဤသို့ပင် ရှင်းလင်းစွာ ထုတ်‌ဖော်မိန့်ကြား‌တော်မူသည်။ وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱلَّذِيٓ ءَاتَيۡنَٰهُ ءَايَٰتِنَا فَٱنسَلَخَ مِنۡهَا فَأَتۡبَعَهُ ٱلشَّيۡطَٰنُ فَكَانَ مِنَ ٱلۡغَاوِينَ ١٧٥ထို့ပြင် အသင်သည် သူတို့‌ရှေ့၌ အကြင်သူ၏အ‌ကြောင်းကို ဖတ်ကြားလိုက်ပါ။ ငါအရှင်မြတ်သည် ထိုသူအား အရှင်မြတ်၏ သက်‌သေလက္ခဏာများ (အမိန့်ပညတ်‌တော်များ၏ အသိပညာများ)ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် သူသည် ထိုသက်‌သေလက္ခဏာများကို စွန့်ပစ်ထွက်သွားခဲ့သည်။ သို့ဖြစ်ရာ ရှိုင်သွာန်သည် သူ၏ ‌နောက်သို့ လိုက်လာခဲ့သည်။ ထို့‌နောက် သူသည် လမ်းမှားသူများထဲတွင် အပါအဝင် ဖြစ်သွားခဲ့သည်။ وَلَوۡ شِئۡنَا لَرَفَعۡنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخۡلَدَ إِلَى ٱلۡأَرۡضِ وَٱتَّبَعَ هَوَىٰهُۚ فَمَثَلُهُۥ كَمَثَلِ ٱلۡكَلۡبِ إِن تَحۡمِلۡ عَلَيۡهِ يَلۡهَثۡ أَوۡ تَتۡرُكۡهُ يَلۡهَثۚ ذَّٰلِكَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۚ فَٱقۡصُصِ ٱلۡقَصَصَ لَعَلَّهُمۡ يَتَفَكَّرُونَ ١٧٦ထို့ပြင် ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိ‌တော်မူခဲ့လျှင် သူ့အား ထိုသက်‌သေလက္ခဏာများနှင့် (ဂုဏ်သိက္ခာ)မြှင့်တင်‌ပေး‌တော်မူခဲ့လိုက်မည်။ သို့ရာတွင် သူသည် ကမာ္ဘ‌မြေ(‌လောကီစည်းစိမ်)ဘက်ကို ယိမ်းယိုင်သွားပြီး သူ့စိတ်အလိုဆန္ဒ‌နောက်ကို လိုက်စားခဲ့သည်။ သို့ဖြစ်ရာ သူ၏ပမာသည် ‌ခွေး၏ပမာကဲ့သို့ဖြစ်ခဲ့သည်။* အကယ်၍ အသင်သည် ထို‌ခွေးအား တိုက်ခိုက်လျှင်လည်း ထို‌ခွေးသည် ‌မောဟိုက်၍ လျှာထုတ်‌နေမည်။ သို့မဟုတ် အကယ်၍ အသင်သည် ထို‌ခွေးအား တိုက်ခိုက်လျှင်လည်း ‌မောဟိုက်၍ လျှာထုတ်‌နေမည်ပင်* ဖြစ်သည်။ ဤသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်‌သောသူများ၏ ပမာပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့ စဉ်းစားဆင်ခြင်နိုင်ရန်အတွက် (ဤ)အ‌ကြောင်းအရာကို ‌ပြောပြလိုက်ပါ။ سَآءَ مَثَلًا ٱلۡقَوۡمُ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَأَنفُسَهُمۡ كَانُواْ يَظۡلِمُونَ ١٧٧အကြင်သူတို့၏ပမာသည် ဆိုးယုတ်လှသည်။ ထိုသူများသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ညှဉ်းပန်း‌နေခဲ့ကြသည်။ مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِيۖ وَمَن يُضۡلِلۡ فَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ١٧٨အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်သို့ ညွှန်ကြားပြသ‌တော်မူမည်ဆိုလျှင် ထိုသူသည်သာ တရားလမ်းမှန်ကို ရရှိသူဖြစ်မည်။ ထို့ပြင် အကြင်သူများကို အရှင်မြတ်သည် လမ်းမှားသို့ ‌ရောက်‌စေ‌တော်မူလျှင် ထိုသူများပင် ပျက်စီးဆုံးရှုံးမည့်သူများ ဖြစ်ကြမည်။ وَلَقَدۡ ذَرَأۡنَا لِجَهَنَّمَ كَثِيرًا مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ لَهُمۡ قُلُوبٌ لَّا يَفۡقَهُونَ بِهَا وَلَهُمۡ أَعۡيُنٌ لَّا يُبۡصِرُونَ بِهَا وَلَهُمۡ ءَاذَانٌ لَّا يَسۡمَعُونَ بِهَآۚ أُوْلَٰٓئِكَ كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّۚ أُوْلَٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ١٧٩ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူနှင့်ဂျင်န်များထဲမှ အ‌မြောက်အမြားကို ငရဲဘုံအတွက် ဖန်ဆင်းထား‌တော်မူသည်။* ထိုသူများ၌ စိတ်နှလုံးများကမူ ရှိကြသည်။ သို့ရာတွင် ထိုစိတ်နှလုံးများဖြင့် သူတို့ နားလည်မှုမရှိကြ‌ပေ။ သူတို့၌ အမြင်အာရုံများလည်းရှိကြသည်။ သို့ရာတွင် သူတို့သည် ထိုအမြင်အာရုံများဖြင့် မမြင်ကြ‌ပေ။ သူတု့ိ၌ အကြားအာရုံများလည်းရှိကြသည်။ သို့ရာတွင် သူတို့သည် ထိုအကြားအာရုံများဖြင့် မကြားကြ‌ပေ။* ထိုသူများသည် တိရစာ္ဆန်များနှင့် တူကြရုံမက တိရစာ္ဆန်များထက်ပင် အလွန်မိုက်မဲ လမ်းလွဲသူများဖြစ်ကြသည်။ (အမှန်မှာ)သူတို့သည် (သူတို့၏ တာဝန်ဝတ္တရားများကို) ‌မေ့‌လျော့သူများပင်ဖြစ်ကြသည်။ وَلِلَّهِ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ فَٱدۡعُوهُ بِهَاۖ وَذَرُواْ ٱلَّذِينَ يُلۡحِدُونَ فِيٓ أَسۡمَٰٓئِهِۦۚ سَيُجۡزَوۡنَ مَا كَانُواْ يَعۡمَلُونَ ١٨٠ထို့ပြင် အလ္လာဟ်အရှင်မြတ်တွင် ‌ကောင်းမြတ်‌သော (ဂုဏ်)နာမ‌တော်များရှိသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား ထိုနာမ‌တော်များဖြင့် (‌ခေါ်၍)တသကြပါ။* ထို့ပြင် အသင်တို့သည် အရှင်မြတ်၏နာမ‌တော်များနှင့်ပတ်သက်၍ တိမ်း‌ချော်‌စေသူများအား စွန့်ပယ်ထားကြပါ။ သူတို့သည် မကြာမီ သူတို့၏ အပြုအမူများနှင့်ပတ်သက်၍ အစား‌ပေးခြင်းခံကြရမည်။ وَمِمَّنۡ خَلَقۡنَآ أُمَّةٌ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ ١٨١ထို့ပြင် ငါအရှင်မြတ် ဖန်ဆင်း‌တော်မူ‌သောသူများထဲတွင် မှန်ကန်‌သောတရား‌တော်နှင့်အညီ လမ်းမှန် ညွှန်ကြားပြသကြသည့်အပြင် သူတို့(ကိုယ်တိုင်)လည်း ထိုတရား‌တော်နှင့်အညီ စီရင်ဆုံးဖြတ်‌သော လူတစ်စုရှိကြသည်။ وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ ١٨٢ထို့ပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ ငါအရှင်မြတ်သည် ထိုသူများအား မကြာမီ(ဂျဟန္နမ်ဘက်သို့) သူတို့မသိ‌သောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူ‌တော်မူမည်။ وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ ١٨٣၎င်းပြင် ငါအရှင်မြတ်သည် သူတို့အား အချိန် ဆိုင်းထား‌ပေးသည်။ အမှန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်ကြံစည်မှုသည် အလွန်ခိုင်ခံ့သည်။ أَوَلَمۡ يَتَفَكَّرُواْۗ مَا بِصَاحِبِهِم مِّن جِنَّةٍۚ إِنۡ هُوَ إِلَّا نَذِيرٌ مُّبِينٌ ١٨٤သူတို့သည် သူတို့၏အ‌ဖော် (နဗီတမန်‌တော် မုဟမ္မဒ်-ဆွ)၌ ရူးသွပ်မှုလုံးဝမရှိ‌ကြောင်း၊ ၎င်းသည် ထင်ရှားစွာ သတိ‌ပေးနှိုး‌ဆော်သူ တစ်ဦးသာဖြစ်‌ကြောင်း (‌ကောင်းစွာ)ဆင်ခြင်သုံးသပ်မှု မပြုခဲ့ကြ‌လေသ‌လော။ أَوَلَمۡ يَنظُرُواْ فِي مَلَكُوتِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا خَلَقَ ٱللَّهُ مِن شَيۡءٍ وَأَنۡ عَسَىٰٓ أَن يَكُونَ قَدِ ٱقۡتَرَبَ أَجَلُهُمۡۖ فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ ١٨٥သူတို့သည် မိုး‌ကောင်းကင်များနှင့် ကမာ္ဘ‌မြေ၏ စိုးမိုးအုပ်ချုပ်မှုကိုလည်း‌ကောင်း၊ အလ္လာဟ်အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သောအရာများကိုလည်း‌ကောင်း၊ သူတို့(‌သေဆုံးရန်)သတ်မှတ်ထား‌သောအချိန်ကာလသည် အမှန်ပင် နီးကပ်လာပြီဆိုသည့် အ‌ကြောင်းကိုလည်း‌ကောင်း (စဉ်းစားဆင်ခြင်)မကြည့်ကြ‌လေသ‌လော။ သို့ဖြစ်ရာ သူတို့သည် ဤ(ကုရ်အာန်၏)‌နောက်တွင် မည်သည့်စကားကို ယုံကြည်ကြဦးမည်နည်း။ مَن يُضۡلِلِ ٱللَّهُ فَلَا هَادِيَ لَهُۥۚ وَيَذَرُهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ١٨٦မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား‌စေ‌တော်မူမည်ဆိုလျှင် ထိုသူ့အတွက် လမ်းမှန်ကို ညွှန်ကြားပြသမည့်သူ လုံးဝ မရှိ‌တော့‌ပေ။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား သူတို့၏ ဆိုးသွမ်းမှုထဲ၌ပင် တဝဲလည်လည်ဖြစ်‌စေလျက် စွန့်ပစ်ထား‌တော်မူမည်။ يَسۡـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرۡسَىٰهَاۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ رَبِّيۖ لَا يُجَلِّيهَا لِوَقۡتِهَآ إِلَّا هُوَۚ ثَقُلَتۡ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ لَا تَأۡتِيكُمۡ إِلَّا بَغۡتَةًۗ يَسۡـَٔلُونَكَ كَأَنَّكَ حَفِيٌّ عَنۡهَاۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ١٨٧သူတို့သည် အသင့်အား ကိယာမသ် ရှင်ပြန်ထမည့်‌နေ့နှင့်ပတ်သက်၍ (ဤသို့)‌မေးမြန်းကြသည်- “ထို ကိယာမသ်‌နေ့သည် မည်သည့်အခါ ဆိုက်‌ရောက်မည်နည်း။“ (အို-တမန်‌တော်)အသင်သည် (သူတို့အား) ‌ဖြေကြားလိုက်ပါ- “ထိုကိယာမသ်‌နေ့နှင့်ပတ်သက်‌သောအသိသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံ၌သာရှိသည်။ အရှင်မြတ်ပင် ထိုကိယာမသ်‌နေ့ကို ထိုကိယာမသ်(ဆိုက်‌ရောက်မည့်)အချိန်၌ ထင်ရှား‌ပေါ်လွင်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုကိယာမသ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အလွန်‌လေးလံ(‌သော ကိစ္စရပ်ဖြစ်)သည်။ ထိုကိယာမသ်သည် အသင်တို့ထံသို့ ရုတ်တရက်ပင် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ “သူတို့သည် အသင့်အား ထိုကိယာမသ်နှင့်ပတ်သက်၍ အသင်သည် ‌ကောင်းစွာ သိထားသကဲ့သို့ ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ထိုကိယာမသ်‌နေ့နှင့်ပတ်သက်‌သောအသိသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။ သို့ရာတွင် များစွာ‌သောလူတို့သည် မသိရှိကြ‌ပေ။“ قُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعًا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٌ وَبَشِيرٌ لِّقَوۡمٍ يُؤۡمِنُونَ ١٨٨(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူသည်မှလွဲ၍ ငါ့အတွက်ပင် အကျိုးဖြစ်ထွန်းမှုနှင့် အကျိုးယုတ်မှုတို့ကို ပိုင်ဆိုင်သည် မဟုတ်‌ပေ။ ထို့ပြင် အကွယ်၌ရှိသည်များကို ငါသိရှိလျှင် အကျိုးဖြစ်ထွန်းသည်များကိုသာ များစွာရယူခဲ့မည်ဖြစ်သည်။ ၎င်းပြင် ငါ့တွင် မည်သည့်ဒုက္ခမှ ‌ရောက်မည် မဟုတ်‌တော့‌ပေ။ ငါသည် ယုံကြည်သူများအတွက် သတိ‌ပေးနှိုး‌ဆော်သူနှင့် သတင်း‌ကောင်း‌ပေးသူမျှသာ ဖြစ်သည်။ ۞ هُوَ ٱلَّذِي خَلَقَكُم مِّن نَّفۡسٍ وَٰحِدَةٍ وَجَعَلَ مِنۡهَا زَوۡجَهَا لِيَسۡكُنَ إِلَيۡهَاۖ فَلَمَّا تَغَشَّىٰهَا حَمَلَتۡ حَمۡلًا خَفِيفًا فَمَرَّتۡ بِهِۦۖ فَلَمَّآ أَثۡقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنۡ ءَاتَيۡتَنَا صَٰلِحًا لَّنَكُونَنَّ مِنَ ٱلشَّٰكِرِينَ ١٨٩အရှင်မြတ်သည် အသင်တို့အား အသက်တစ်‌ချောင်းတည်းမှ ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် အသက်တစ်‌ချောင်းတည်းမှပင် သူ၏ဇနီးကြင်ရာကို သူ၏ထံတွင် တည်ငြိမ်စွာ‌နေနိုင်ရန် ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သူသည် သူမကို ဖုံးလွှမ်း‌သောအခါ သူမသည် ‌ပေ့ါပါး‌သောကိုယ်ဝန်ကိုလွယ်၍ ထိုကိုယ်ဝန်နှင့်အတူ သွားလာမှုပြုသည်။ ထို့‌နောက် ထိုကိုယ်ဝန်ရင့်လာ‌သောအခါ သူတို့နှစ်ဦးသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် (ဤသို့)ဆု‌တောင်းကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား (သားသမီး)‌ကောင်းမွန်စွာ ‌ပေးသနား‌တော်မူပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ‌ကျေးဇူးသိတတ်ကြ‌သောသူများထဲမှ ဖြစ်ကြပါမည်။“ فَلَمَّآ ءَاتَىٰهُمَا صَٰلِحًا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَاۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ١٩٠ထို့‌နောက် အရှင်မြတ်သည် သူတို့နှစ်ဦးအား (သားသမီး)‌ကောင်းမွန်စွာ ‌ပေးသနား‌တော်မူလိုက်‌သောအခါ သူတို့နှစ်ဦးစလုံးသည် အရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူ‌သောအရာနှင့်ပတ်သက်၍ (အခြားအရာများကို) အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြသည်။* ၎င်းပြင် (အမှန်စင်စစ်) အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များထက် အလွန်မြင့်မားလှ‌တော်မူသည်။ أَيُشۡرِكُونَ مَا لَا يَخۡلُقُ شَيۡـًٔا وَهُمۡ يُخۡلَقُونَ ١٩١ထိုအရာများသည် မည်သည့်အရာကိုမှ မဖန်ဆင်းနိုင်သည့်အပြင် ထိုအရာများကိုယ်တိုင် ဖန်ဆင်းခံထားရ‌သောအရာများဖြစ်‌နေပါလျက် ထိုအရာများကို သူတို့သည် (အလ္လာဟ်အရှင်မြတ်နှင့်) တုဖက်ကိုးကွယ်ကြသ‌လော။ وَلَا يَسۡتَطِيعُونَ لَهُمۡ نَصۡرًا وَلَآ أَنفُسَهُمۡ يَنصُرُونَ ١٩٢ထို့ပြင် ထိုအရာများသည် သူတို့အား မည်သည့်အကူအညီမှ မ‌ပေးနိုင်ကြသည်သာမက သူတို့ကိုယ်သူတို့လည်း ကူညီနိုင်ကြမည် မဟုတ်‌ပေ။ وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَتَّبِعُوكُمۡۚ سَوَآءٌ عَلَيۡكُمۡ أَدَعَوۡتُمُوهُمۡ أَمۡ أَنتُمۡ صَٰمِتُونَ ١٩٣ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့အား မှန်ကန်‌သောတရားလမ်းဘက်သို့ ဖိတ်‌ခေါ်ကြလျှင်လည်း သူတို့သည် အသင်တို့‌နောက်ကို လိုက်နိုင်ကြမည် မဟုတ်‌ပေ။* (သို့ဖြစ်ရာ)အသင်တို့သည် သူတို့အား ဟစ်‌ခေါ်ကြသည်ဖြစ်‌စေ၊ ဆိတ်ဆိတ်‌နေကြသည်ဖြစ်‌စေ၊ အသင်တို့အ‌ပေါ်၌ အတူတူပင်ဖြစ်သည်။ إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمۡثَالُكُمۡۖ فَٱدۡعُوهُمۡ فَلۡيَسۡتَجِيبُواْ لَكُمۡ إِن كُنتُمۡ صَٰدِقِينَ ١٩٤အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ဟစ်‌ခေါ်(ကိုးကွယ်)ကြ‌သောအရာများသည် အသင်တို့ကဲ့သို့ပင် (အဖန်ဆင်းခံ)ကျွန်များပင်ဖြစ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အကယ်၍ အမှန်ကို ‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် သူတို့အား ဟစ်‌ခေါ်(ကြည့်)ကြပါ။ ထို့‌နောက် သူတို့သည်လည်း အသင်တို့အား လက်ခံ‌ဖြေကြား‌စေကြပါ။ أَلَهُمۡ أَرۡجُلٌ يَمۡشُونَ بِهَآۖ أَمۡ لَهُمۡ أَيۡدٍ يَبۡطِشُونَ بِهَآۖ أَمۡ لَهُمۡ أَعۡيُنٌ يُبۡصِرُونَ بِهَآۖ أَمۡ لَهُمۡ ءَاذَانٌ يَسۡمَعُونَ بِهَاۗ قُلِ ٱدۡعُواْ شُرَكَآءَكُمۡ ثُمَّ كِيدُونِ فَلَا تُنظِرُونِ ١٩٥သူတို့၌ လမ်း‌လျှောက်ရန် ‌ခြေများရှိကြသ‌လော။ သို့မဟုတ် သူတို့၌ ကိုင်တွယ်ရန် လက်များရှိကြသ‌လော။ သို့မဟုတ် သူတို့၌ ကြည့်ရန် မျက်စိများရှိကြသ‌လော။ သို့မဟုတ် သူတို့၌ ကြားရန် နားများရှိကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများကို ‌ခေါ်ယူကြပါ။ ၎င်းပြင် အသင်တို့သည် ငါ့အား ဆိုင်းမထားဘဲ (သူတို့နှင့်‌ပေါင်းပြီး) ငါ့အား ကြံစည်မှု ပြုလိုက်ကြပါ။ إِنَّ وَلِـِّۧيَ ٱللَّهُ ٱلَّذِي نَزَّلَ ٱلۡكِتَٰبَۖ وَهُوَ يَتَوَلَّى ٱلصَّٰلِحِينَ ١٩٦အမှန်စင်စစ် ကျမ်းဂန်ကိုချ‌ပေး‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် ငါ့အား ကာကွယ်‌စောင့်‌ရှောက်‌တော်မူ‌သော မိတ်‌ဆွေဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ‌ကောင်းမြတ်‌သောသူများကိုလည်း ကာကွယ်‌စောင့်‌ရှောက်‌တော်မူသည်။ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ لَا يَسۡتَطِيعُونَ نَصۡرَكُمۡ وَلَآ أَنفُسَهُمۡ يَنصُرُونَ ١٩٧၎င်းပြင် အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်(ကိုးကွယ်)ကြ‌သောသူများသည် အသင်တို့ကိုလည်း ကူညီနိုင်ကြသည် မဟုတ်‌ပေ။ သူတို့ကိုယ်သူတို့လည်း (သူတို့) ကူညီနိုင်ကြသည် မဟုတ်‌ပေ။ وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَسۡمَعُواْۖ وَتَرَىٰهُمۡ يَنظُرُونَ إِلَيۡكَ وَهُمۡ لَا يُبۡصِرُونَ ١٩٨ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့ကို လမ်းမှန်ဘက်သို့ ဖိတ်‌ခေါ်ကြလျှင်လည်း သူတို့သည် ကြားနိုင်ကြသည် မဟုတ်‌ပေ။ ထို့ပြင် အသင်(တမန်‌တော်)သည် ထို(မမှန်‌သော ကိုးကွယ်ရာရုပ်တု)များအား သူတို့သည် ကြည့်မြင်နိုင်ကြသည် မဟုတ်ဘဲလျက် အသင့်ဘက်သို့ ကြည့်‌နေသကဲ့သို့ ‌တွေ့မြင်ရမည်။ خُذِ ٱلۡعَفۡوَ وَأۡمُرۡ بِٱلۡعُرۡفِ وَأَعۡرِضۡ عَنِ ٱلۡجَٰهِلِينَ ١٩٩အသင်သည် ခွင့်လွှတ်မှုကို အမြဲလက်ကိုင်ထား၍ ‌ကောင်းမြတ်သည်ကို ပြုလုပ်ကြရန် အမိန့်‌ပေး‌နေပါ။ ၎င်းပြင် အသင်သည် အသိပညာကင်းမဲ့သူများအား လျစ်လျူရှုပြီး‌နေပါ။ وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٌ فَٱسۡتَعِذۡ بِٱللَّهِۚ إِنَّهُۥ سَمِيعٌ عَلِيمٌ ٢٠٠ထို့ပြင် အကယ်၍ ရှိုင်သွာန်၏ထံမှ လှုံ့‌ဆော်မှု တစ်စုံတစ်ခုသည် အသင်(၏စိတ်ထဲ)၌ ကျ‌ရောက်လာလျှင် အသင်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ခိုလှုံလိုက်ပါ။* အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ ٱتَّقَوۡاْ إِذَا مَسَّهُمۡ طَٰٓئِفٌ مِّنَ ٱلشَّيۡطَٰنِ تَذَكَّرُواْ فَإِذَا هُم مُّبۡصِرُونَ ٢٠١အမှန်စင်စစ် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည် ရှိုင်သွာန်၏ထံမှ လှည့်ဖြားမှု တစ်စုံတစ်ခုသည် သူတို့အ‌ပေါ် ကျ‌ရောက်ခဲ့သည့်အခါ (အရှင်မြတ်အား)သတိရ တသကြသည်။ ထို့‌နောက် သူတို့သည် ချက်ချင်းပင် အမြင်မှန်ရလာကြသည်။ وَإِخۡوَٰنُهُمۡ يَمُدُّونَهُمۡ فِي ٱلۡغَيِّ ثُمَّ لَا يُقۡصِرُونَ ٢٠٢ထို့ပြင် ရှိုင်သွာန်များ၏ ညီအစ်ကိုများကမူ သူတို့အား ထိုရှိုင်သွာန်များက လမ်းမှားထဲ၌ပင် ဆွဲ‌ခေါ်ထားကြသည်။ ထို့‌နောက် သူတို့သည် မရပ်စဲကြ‌ပေ။ (လမ်းမှားထဲ၌ပင် ရှိုင်သွာန်များက ဆက်ဆွဲထား၍ အဆွဲခံရသူများကလည်း လမ်းမှားထဲ၌ပင် ဆက်လက်‌နေကြ‌တော့သည်)။ وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٍ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدًى وَرَحۡمَةٌ لِّقَوۡمٍ يُؤۡمِنُونَ ٢٠٣ထို့ပြင် အသင်သည် သူတို့ထံသို့ (သူတို့ ‌တောင်းဆို‌သော)မုအ်ဂျိဇဟ် တန်ခိုး‌တော် တစ်စုံတစ်ခု မယူလာ‌သောအခါ သူတို့က ‌ပြောဆိုကြသည်- “အသင်သည် တန်ခိုး‌တော်တစ်စုံတစ်ခုကို အဘယ့်‌ကြောင့် ‌ရွေးချယ်မယူခဲ့သနည်း။“ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ငါ့ထံသို့ ‌ပေးပို့‌တော်မူ‌သော ဝဟီအမိန့်‌တော်ကိုသာ လိုက်နာသူဖြစ်သည်။ ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် အသင်တို့ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ (‌ပေးသနား‌တော်မူလိုက်‌သော) ထင်ရှားစွာ သိမြင်နိုင်‌သော သက်‌သေသာဓက တန်ခိုး‌တော်ပင် ဖြစ်သည်။ ၎င်းပြင် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်ဖြစ်သည့်အပြင် သနားကရုဏာလည်းဖြစ်သည်။ وَإِذَا قُرِئَ ٱلۡقُرۡءَانُ فَٱسۡتَمِعُواْ لَهُۥ وَأَنصِتُواْ لَعَلَّكُمۡ تُرۡحَمُونَ ٢٠٤ထို့ပြင် ကုရ်အာန်ကျမ်း‌တော်မြတ် ဖတ်ရွတ်ခြင်းခံရ‌သောအခါ အသင်တို့သည် (အရှင်မြတ်၏)သနားကရုဏာ‌တော်ကို ရရှိခံစားရရန်အတွက် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို ဆိတ်ငြိမ်စွာ အာရုံစိုက်၍ နား‌ထောင်ကြပါ။ وَٱذۡكُر رَّبَّكَ فِي نَفۡسِكَ تَضَرُّعًا وَخِيفَةً وَدُونَ ٱلۡجَهۡرِ مِنَ ٱلۡقَوۡلِ بِٱلۡغُدُوِّ وَٱلۡأٓصَالِ وَلَا تَكُن مِّنَ ٱلۡغَٰفِلِينَ ٢٠٥ထို့ပြင် အသင်သည် နံနက်နှင့်ည‌နေ၌* အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို အသင့်စိတ်နှလုံးထဲ၌ ကျို့ငဲ့၍ ‌ကြောက်ရွံ့ရိုကျိုးလျက် ကျယ်‌လောင်‌သော အသံဖြင့် မဟုတ်ဘဲ သတိရ တသပါ။ ၎င်းပြင် အသင်သည် ဂရုမစိုက်‌သောသူများထဲတွင် အပါအဝင် မဖြစ်‌လေနှင့်။ إِنَّ ٱلَّذِينَ عِندَ رَبِّكَ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَيُسَبِّحُونَهُۥ وَلَهُۥ يَسۡجُدُونَۤ ۩ ٢٠٦အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင်ရှိ‌သောသူ (‌ကောင်းကင်တမန်)များသည် အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုပြုခြင်းမှ မာန‌ထောင် မ‌နေကြ‌ပေ။ ၎င်းပြင် သူတို့သည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို ‌ပြောဆိုကြသည့်အပြင် သူတို့သည် အရှင်မြတ်ကိုသာ စဂျ်ဒဟ် ဦးချပြီး‌နေကြသည်။

Translation: Hashim Tin Myint.