Millat al-Islam

Chapter 98 · 8 verses · Hashim Tin Myint

Surah Al-Bayyina in Burmese

Arabic with tafsir Listen to Surah Al-Bayyina (1270 reciters)
Medinanسورة البينة8 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

لَمۡ يَكُنِ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ مُنفَكِّينَ حَتَّىٰ تَأۡتِيَهُمُ ٱلۡبَيِّنَةُ ١ယခင်ကကျမ်းရရှိခဲ့ကြ‌သောသူများထဲမှနှင့်၊ မုရှ်ရိက် များထဲမှ ငြင်းပယ်ခဲ့ကြ‌သောသူများသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓက‌ရောက်ရှိမလာသမျှ (သူတို့၏အမှားအယူအဆများမှ)စွန့်ခွာကြမည့်သူများမဟုတ်ခဲ့ကြ‌ပေ။ رَسُولٌ مِّنَ ٱللَّهِ يَتۡلُواْ صُحُفًا مُّطَهَّرَةً ٢(ထို သက်‌သေသာဓက ကမူသူတို့‌ရှေ့၌) သန့်ရှင်း‌သော ကျမ်းစာများကို ဖတ်ကြားမည့် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်တစ်ပါးပင်ဖြစ်သည်။ فِيهَا كُتُبٌ قَيِّمَةٌ ٣ထိုကျမ်းစာသည် မှန်ကန်‌သော အ‌ကြောင်းအရာများ ‌ရေးသားပါရှိ‌သော ကျမ်းစာများပင်ဖြစ်သည်။ وَمَا تَفَرَّقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَةُ ٤ထို့ပြင် ယခင်ကကျမ်းရရှိသည့်သူများသည် သူတို့ထံသို့ထင်ရှား‌သော သက်‌သေသာဓက‌ရောက်ရှိလာပြီး‌နောက်မှပင် ကွဲလွဲခဲ့ကြသည်။ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُواْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ حُنَفَآءَ وَيُقِيمُواْ ٱلصَّلَوٰةَ وَيُؤۡتُواْ ٱلزَّكَوٰةَۚ وَذَٰلِكَ دِينُ ٱلۡقَيِّمَةِ ٥ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက်သက်သက်ဖြစ်‌စေလျက် အာရုံစူးစိုက်ပြီးကိုးကွယ်ကြရန်၊ စွလာသ်ဝတ်ပြုမှုတည်‌ဆောက်ကြရန်နှင့် ဇကာသ်‌ပေး‌ဆောင်ကြရန် အမိန့်‌ပေး‌တော်မူခြင်းကိုခံခဲ့ကြရသည်မှလွဲ၍ အခြားမည်သည့်အရာမျှ အမိန့်‌ပေးခြင်းခံခဲ့ကြရသည်မဟုတ်‌ပေ။ ထို့ပြင် ထိုအရာပင် မှန်ကန်‌သော သာသနာ့လမ်းစဉ်ဖြစ်သည်။ إِنَّ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ فِي نَارِ جَهَنَّمَ خَٰلِدِينَ فِيهَآۚ أُوْلَٰٓئِكَ هُمۡ شَرُّ ٱلۡبَرِيَّةِ ٦အမှန်စင်စစ် ယခင်ကကျမ်းရရှိသူများထဲမှငြင်းပယ်ခဲ့ကြသူများနှင့်၊ မုရှ်ရိက်များသည် ဂျဟန္နမ်ငရဲမီးထဲသို့ အမြဲ‌နေရမည့်သူများအဖြစ်ဝင်ကြရမည်။ သူတို့သည် အဖန်ဆင်းခံများထဲတွင် အဆိုးဆုံးသူများပင် ဖြစ်ကြသည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ هُمۡ خَيۡرُ ٱلۡبَرِيَّةِ ٧အမှန်စင်စစ် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သောသူများကမူ အဖန်ဆင်းခံများထဲတွင် အ‌ကောင်းဆုံးသူများပင်ဖြစ်ကြသည်။ جَزَآؤُهُمۡ عِندَ رَبِّهِمۡ جَنَّٰتُ عَدۡنٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ لِمَنۡ خَشِيَ رَبَّهُۥ ٨သူတို့၏ အကျိုးကမူ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် အမြဲ‌နေကြရမည့် ဥယျာဉ်များပင်ဖြစ်ကြသည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ (သူတို့သည်)ထိုဥယျာဉ်များထဲတွင် အမြဲ‌နေကြရမည်။ အလ္လာဟ်အရှင်မြတ်သည်လည်း သူတို့အား ‌ကျေနပ်‌တော်မူမည်။ သူတို့သည်လည်း အရှင်မြတ်အား ‌ကျေနပ်ကြမည်။ ဤသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ‌ကြောက်ရွံ့‌သောသူအတွက်ဖြစ်သည်။###၁

Translation: Hashim Tin Myint.