بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ ١အနန္တကရုဏာတော်ရှင်*ဖြစ်တော်မူသော အလွန်သနားကြင်နာတော်မူသော အလ္လာဟ်*အရှင်မြတ်၏နာမတော်ဖြင့်(ကျွန်ုပ်အစပြုပါသည်)။ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٢ချီးမွမ်းခြင်းဟူသမျှသည်*စကြဝဠာအပေါင်းကို ဖန်ဆင်းမွေးမြူတော်မူသော*အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပါသည်။ ٱلرَّحۡمَٰنِ ٱلرَّحِيمِ ٣(ထိုအရှင်မြတ်သည်)အနန္တကရုဏာတော်ရှင်၊ အလွန်သနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူပါသည်။ مَٰلِكِ يَوۡمِ ٱلدِّينِ ٤(ထိုအရှင်မြတ်သည် ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့*ကို စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူပါသည်။ إِيَّاكَ نَعۡبُدُ وَإِيَّاكَ نَسۡتَعِينُ ٥ကျွန်ုပ်တို့သည် အရှင်မြတ်ကိုသာလျှင် ကိုးကွယ်ကြပါသည်*။ ထို့ပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ထံမှသာလျှင် အကူအညီတောင်းခံကြပါသည်*။ ٱهۡدِنَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ ٦(အို - အရှင်မြတ်) ကျွန်ုပ်တို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြားပြသတော်မူပါ။ صِرَٰطَ ٱلَّذِينَ أَنۡعَمۡتَ عَلَيۡهِمۡ غَيۡرِ ٱلۡمَغۡضُوبِ عَلَيۡهِمۡ وَلَا ٱلضَّآلِّينَ ٧အကြင်သူတို့၏လမ်းကို (ညွှန်ကြားပြသတော်မူပါ)၊ ထိုသူတို့အပေါ်တွင် အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်*။ (အရှင်မြတ်၏) အမျက်တော်စူးရှခြင်း ခံကြရသူများ(၏လမ်း)လည်း မဟုတ်သည့်အပြင် လမ်းမှားသူများ(၏လမ်း)လည်း မဟုတ်* (သော လမ်းမှန်ကိုသာ ညွှန်ကြားပြသတော်မူပါ)။ (အာမီးန်)။
Chapter 1 · 7 verses · Hashim Tin Myint
Surah Al-Fatihah in Burmese
Tap a verse number for its tafsir
Translation: Hashim Tin Myint.