بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
تَبَارَكَ ٱلَّذِي نَزَّلَ ٱلۡفُرۡقَانَ عَلَىٰ عَبۡدِهِۦ لِيَكُونَ لِلۡعَٰلَمِينَ نَذِيرًا ١အကြင်အရှင်မြတ်သည် မဂင်္လာအပေါင်းနှင့် ပြည့်စုံတော်မူပါသည်။ ထိုအရှင်မြတ်သည် အရှင်မြတ်၏ကျွန်*အပေါ်တွင် ထိုကျွန်အနေနှင့် စကြဝဠာအပေါင်းတို့အား သတိပေးနှိုးဆော်သူဖြစ်ရန်အတွက် အမှားအမှန်ခွဲခြားပေးသော* (ကျမ်းဂန် ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။ ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَمۡ يَتَّخِذۡ وَلَدًا وَلَمۡ يَكُن لَّهُۥ شَرِيكٌ فِي ٱلۡمُلۡكِ وَخَلَقَ كُلَّ شَيۡءٍ فَقَدَّرَهُۥ تَقۡدِيرًا ٢ထိုအရှင်မြတ်သည် အရှင်မြတ်၏ပိုင်ဆိုင်မှုထဲတွင် မိုးကောင်းကင်များနှင့် မြေပထဝီ၏စိုးမိုးအုပ်ချုပ်မှုရှိသည်။ ထို့ပြင် အရှင်မြတ်သည် မည်သူ့ကိုမျှ သားအဖြစ်ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် အရှင်မြတ်အတွက် စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်လည်း မည်သူမျှ မရှိပေ။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာများကို တိုင်းဆထားခဲ့သည်။ وَٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةً لَّا يَخۡلُقُونَ شَيۡـًٔا وَهُمۡ يُخۡلَقُونَ وَلَا يَمۡلِكُونَ لِأَنفُسِهِمۡ ضَرًّا وَلَا نَفۡعًا وَلَا يَمۡلِكُونَ مَوۡتًا وَلَا حَيَوٰةً وَلَا نُشُورًا ٣ထို့ပြင် ထို(မုရှ်ရိက်)များသည် အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို ပြုလုပ်ကိုးကွယ်ခဲ့ကြသည်။ ထိုကိုးကွယ်ရာများသည် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသည့်အပြင် သူတို့ကိုယ်တိုင်ပင် ပြုလုပ်ဖန်ဆင်းခံထားကြရသည်။ ထို့ပြင် သူတို့သည် သူတို့ကိုယ်တိုင်နှင့်ပတ်သက်၍ပင် မည်သည့် ဆိုးကျိုးကောင်းကျိုးမှ ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထို့ပြင် (မည်သူ့ကိုမျှ)အသက်သေစေခြင်း၊ ရှင်စေခြင်း၊ ပြန်ရှင်ထစေခြင်းတို့အား ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေ။ وَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ إِفۡكٌ ٱفۡتَرَىٰهُ وَأَعَانَهُۥ عَلَيۡهِ قَوۡمٌ ءَاخَرُونَۖ فَقَدۡ جَآءُو ظُلۡمًا وَزُورًا ٤ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက ဤကုရ်အာန်ကျမ်းတော်မြတ်သည် ဤသူ(တမန်တော်)လုပ်ကြံဖန်တီးထားသော မုသားပင်ဖြစ်သည်။ ထို့ပြင် ဤကိစ္စသည် ၎င်းအား အခြားလူမျိုးများကလည်း ကူညီခဲ့ကြသည်ဟု ပြောဆိုကြသည်။* ထိုသို့(ပြောဆိုမှုကြောင့်) အမှန်ပင် ထိုကာဖိရ်များသည် မတရားမှုနှင့် မုသားလိမ်လည်မှုကို ယူဆောင်လာခဲ့ကြခြင်းဖြစ်သည်။ وَقَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٱكۡتَتَبَهَا فَهِيَ تُمۡلَىٰ عَلَيۡهِ بُكۡرَةً وَأَصِيلًا ٥ထို့ပြင် ထိုကာဖိရ်များက “(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း(တမန်တော်မုဟမ္မဒ်-ဆွ)ရေးခိုင်းထားသော ရှေးယခင်ကလူများ၏ အခြေအမြစ်မရှိသည့် ပုံပြင်များပင်ဖြစ်သည်။ ထို့ပြင် ထိုအခြေအမြစ်မရှိသည့်ပုံပြင်များကို ၎င်း၏ရှေ့၌ နံနက်နှင့်ညနေတွင် ဖတ်ကြားခံရသည်“ဟု ပြောဆိုကြသည်။ قُلۡ أَنزَلَهُ ٱلَّذِي يَعۡلَمُ ٱلسِّرَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ كَانَ غَفُورًا رَّحِيمًا ٦(အို- တမန်တော်)အသင်ပြောလိုက်ပါ- “ဤက(ကုရ်အာန်ကျမ်းတော်မြတ်)အား မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသော လျှို့ဝှက်ချက်ကို သိတော်မူသောအရှင်မြတ်က ချပေးတော်မူခဲ့ခြင်းဖြစ်သည်။* အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။“ وَقَالُواْ مَالِ هَٰذَا ٱلرَّسُولِ يَأۡكُلُ ٱلطَّعَامَ وَيَمۡشِي فِي ٱلۡأَسۡوَاقِ لَوۡلَآ أُنزِلَ إِلَيۡهِ مَلَكٌ فَيَكُونَ مَعَهُۥ نَذِيرًا ٧ထို့ပြင် ထိုကာဖိရ်များက ပြောဆိုကြသည်- ဤတမန်တော်သည် မည်သို့တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသည်။ ထို့ပြင် ဈေးများတွင်လည်း သွားလာသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါး အဘယ့်ကြောင့် စေလွှတ်ခြင်းမခံရသနည်။ သို့ဖြစ်လျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေးနှိုးဆော်သူဖြစ်မည်။ أَوۡ يُلۡقَىٰٓ إِلَيۡهِ كَنزٌ أَوۡ تَكُونُ لَهُۥ جَنَّةٌ يَأۡكُلُ مِنۡهَاۚ وَقَالَ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسۡحُورًا ٨သို့မဟုတ် ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခု အဘယ့်ကြောင့် ချပေးခြင်းမခံရသနည်း။ သို့မဟုတ် ၎င်းတွင် ဥယျာဉ်တစ်ခု အဘယ့်ကြောင့် မရှိရသနည်း။ ထိုသို့ရှိခဲ့လျှင် ၎င်းသည် ထိုဥယျာဉ်မှ(သစ်သီးဝလံများကို) စားသုံးနိုင်မည်။ ထို့ပြင် ထိုမတရားသူများက “အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်ကို လိုက်နေကြခြင်းပင်ဖြစ်သည်“ဟု ပြောဆိုကြသည်။ ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَٰلَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلًا ٩သူတို့သည် အသင်(တမန်တော်)နှင့်ပတ်သက်၍ မည်သို့ ပုံပမာများ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ကြည့်လိုက်ပါ။ သို့ဖြစ်ရာ သူတို့သည် လမ်းလွဲခဲ့ကြပြီးဖြစ်သည်။ ထို့နောက် သူတို့သည် မည်သည့်(ထွက်)လမ်းကိုမှ တွေ့ရှိနိုင်တော့မည် မဟုတ်ပေ။ تَبَارَكَ ٱلَّذِيٓ إِن شَآءَ جَعَلَ لَكَ خَيۡرًا مِّن ذَٰلِكَ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَيَجۡعَل لَّكَ قُصُورَۢا ١٠အကြင်အရှင်မြတ်သည် မဂင်္လာနှင့်ပြည့်စုံတော်မူသည်။ အကယ်၍ ထိုအရှင်မြတ် အလိုရှိတော်မူလျှင် အသင့်အား ထို့ထက်ပင်ပိုကောင်းသော အကြင်ဥယျာဉ်များကို ပေးသနားတော်မူမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများ စီးဆင်းနေမည်။ ထို့ပြင် အရှင်မြတ်သည် အသင့်အား ခမ်းနားသော အဆောက်အအုံကိုလည်း ပြုလုပ်ဖန်ဆင်းပေးသနားတော်မူမည်။ بَلۡ كَذَّبُواْ بِٱلسَّاعَةِۖ وَأَعۡتَدۡنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا ١١ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည် ကိယာမသ် ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြခြင်းသာ ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ်နေ့ကို မဟုတ်မမှန်ဟု ငြင်းပယ်သူများအတွက် မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်ထားတော်မူပြီးဖြစ်သည်။ إِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٍ سَمِعُواْ لَهَا تَغَيُّظًا وَزَفِيرًا ١٢ထိုမီးတောက်မီးလျှံသည် သူတို့ကို အဝေးကမြင်သည့်အခါ ထိုကာဖိရ်များသည် ထိုမီးတောက်မီးလျှံ၏ဆူညံမှုနှင့် အမျက်ဒေါသထွက်သံ၊ မြည်ဟိန်းသံ(တောက်လောင်သံ)ကို ကြားကြရမည်ဖြစ်သည်။ وَإِذَآ أُلۡقُواْ مِنۡهَا مَكَانًا ضَيِّقًا مُّقَرَّنِينَ دَعَوۡاْ هُنَالِكَ ثُبُورًا ١٣ထို့ပြင် သူတို့သည် ထိုငရဲထဲတွင် ကျဉ်းမြောင်းသည့်နေရာတစ်နေရာတွင် ခြေလက်များ တုပ်နှောင်လျက် ပစ်ချခြင်းခံရသည့်အခါ သူတို့သည် ထိုနေရာတွင် သေခြင်းကို ဟစ်ခေါ်(တောင်းတ)ကြမည်။ لَّا تَدۡعُواْ ٱلۡيَوۡمَ ثُبُورًا وَٰحِدًا وَٱدۡعُواْ ثُبُورًا كَثِيرًا ١٤“အသင်တို့သည် ယနေ့ တစ်ခုတည်းသော သေခြင်းတရားကို မဟစ်ခေါ်ကြနှင့်၊ မြောက်မြားစွာသော သေခြင်းတရားကို ဟစ်ခေါ်ကြလော့။“ (ဟု သူတို့သည် ပြောဆိုခြင်းခံကြရမည်)။ قُلۡ أَذَٰلِكَ خَيۡرٌ أَمۡ جَنَّةُ ٱلۡخُلۡدِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۚ كَانَتۡ لَهُمۡ جَزَآءً وَمَصِيرًا ١٥(အို- တမန်တော်)အသင်ပြောလိုက်ပါ- ဤသည်က ကောင်းသလော၊ သို့မဟုတ် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သော မုသ်သကီများကို ကတိပေးခြင်းခံကြရသော အမြဲနေရမည့် ဂျန္နသ်သုခဘုံက ကောင်းသလော။* ထိုသုခဘုံသည် သူတို့အတွက် အကျိုးရလဒ်လည်း ဖြစ်သည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရာဌာနလည်းဖြစ်သည်။ لَّهُمۡ فِيهَا مَا يَشَآءُونَ خَٰلِدِينَۚ كَانَ عَلَىٰ رَبِّكَ وَعۡدًا مَّسۡـُٔولًا ١٦သူတို့သည် ထိုသုခဘုံတွင် အမြဲနေကြရမည့်သူများဖြစ်လျက် သူတို့အလိုရှိသည်များကို ရရှိကြလိမ့်မည်။ (ဤစည်းစိမ်များကို ချီးမြှင့်ပေးသနားတော်မူရန်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင် တာဝန်ယူထားသည့် ကတိပင်ဖြစ်သည်။ وَيَوۡمَ يَحۡشُرُهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمۡ أَضۡلَلۡتُمۡ عِبَادِي هَٰٓؤُلَآءِ أَمۡ هُمۡ ضَلُّواْ ٱلسَّبِيلَ ١٧ထို့ပြင် ထိုနေ့တွင် အရှင်မြတ်သည် သူတို့နှင့်၊ အရှင်မြတ်မှလွဲ၍ သူတို့ ကိုးကွယ်ခဲ့သည့်သူများကို စုရုံးစေတော်မူပြီး “အသင်တို့ကပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့သလော၊ သို့မဟုတ် သူတို့ကိုယ်တိုင် လမ်းလွဲခဲ့ကြသလော“ဟု မေးမြန်းတော်မူမည်။ قَالُواْ سُبۡحَٰنَكَ مَا كَانَ يَنۢبَغِي لَنَآ أَن نَّتَّخِذَ مِن دُونِكَ مِنۡ أَوۡلِيَآءَ وَلَٰكِن مَّتَّعۡتَهُمۡ وَءَابَآءَهُمۡ حَتَّىٰ نَسُواْ ٱلذِّكۡرَ وَكَانُواْ قَوۡمَۢا بُورًا ١٨သူတို့က ပြောဆိုကြမည်- အရှင်မြတ်သည် စင်ကြယ်တော်မူပါသည်။ ကျွန်ုပ်တို့အတွက် အရှင်မြတ်မှလွဲ၍ အခြားကာကွယ်စောင့်ရှောက်မည့်သူများပြုလုပ်ရန် မအပ်စပ်ကြပေ။ သို့ရာတွင် အရှင်မြတ်သည် သူတို့နှင့် သူတို့၏အဘ၊ ဘိုး၊ ဘေးများကို စည်းစိမ်ချမ်းသာ ချီးမြှင့်တော်မူခဲ့ပါသည်။ နောက်ဆုံးတွင် သူတို့သည် (အရှင်မြတ်အား)သတိရမှုကိုပင် မေ့လျော့ကြသည့်အပြင် သူတို့ကိုယ်တိုင် ပျက်စီးသွားခဲ့ကြခြင်းဖြစ်ပါသည်။ فَقَدۡ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسۡتَطِيعُونَ صَرۡفًا وَلَا نَصۡرًاۚ وَمَن يَظۡلِم مِّنكُمۡ نُذِقۡهُ عَذَابًا كَبِيرًا ١٩ထို့နောက် အမှန်စင်စစ် သူတို့သည် အသင်တို့ကို အသင်တို့ ပြောဆိုကြသည်များနှင့်ပတ်သက်၍ မဟုတ်ကြောင်း ငြင်းပယ်ခဲ့ကြပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သို့မျှ ရှောင်လွှဲနိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် မည်သည့်အကူအညီမျှလည်း ရနိုင်ကြမည်မဟုတ်ပေ။ ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူ့အား ကြီးလေးသည့်ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်သည်။ وَمَآ أَرۡسَلۡنَا قَبۡلَكَ مِنَ ٱلۡمُرۡسَلِينَ إِلَّآ إِنَّهُمۡ لَيَأۡكُلُونَ ٱلطَّعَامَ وَيَمۡشُونَ فِي ٱلۡأَسۡوَاقِۗ وَجَعَلۡنَا بَعۡضَكُمۡ لِبَعۡضٍ فِتۡنَةً أَتَصۡبِرُونَۗ وَكَانَ رَبُّكَ بَصِيرًا ٢٠ထို့ပြင် ငါအရှင်မြတ်က အသင်၏မတိုင်မီ စေလွှတ်တော်မူခဲ့သော တမန်တော်များသည်လည်း အမှန်စင်စစ် အစားအစာကို စားသုံးခဲ့ကြသည်ပင်ဖြစ်သည်။ ထို့ပြင် သူတို့သည် ဈေးများတွင်လည်း သွားလာခဲ့ကြသည်ပင်ဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထဲမှ တစ်ဦးကိုတစ်ဦးအတွက် စမ်းသပ်မှု ပြုလုပ်တော်မူခဲ့သည်။ (သို့ဖြစ်ရာ) အသင်တို့သည်လည်း သည်းခံကြမည်လော။* ထိုု့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။
۞ وَقَالَ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا لَوۡلَآ أُنزِلَ عَلَيۡنَا ٱلۡمَلَٰٓئِكَةُ أَوۡ نَرَىٰ رَبَّنَاۗ لَقَدِ ٱسۡتَكۡبَرُواْ فِيٓ أَنفُسِهِمۡ وَعَتَوۡ عُتُوًّا كَبِيرًا ٢١ထို့ပြင် ငါအရှင်မြတ်နှင့် တွေ့ဆုံမှုကို မမျှော်လင့်ကြသောသူများက အဘယ့်ကြောင့် ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံသိုပ ဆင်းသက်မလာကြသနည်း။ သို့မဟုတ် အဘယ့်ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြသည်။ အမှန်စင်စစ် သူတို့သည် သူတို့စိတ်ထဲတွင် သူတို့ကိုယ်ကို အထင်ကြီးခဲ့ကြသည်။ ထို့ပြင် သူတို့သည် အကြီးအကျယ်ဆိုးသွမ်းမှုနှင့် စည်းဖောက်ကျူးလွန်ခဲ့ကြသည်။ يَوۡمَ يَرَوۡنَ ٱلۡمَلَٰٓئِكَةَ لَا بُشۡرَىٰ يَوۡمَئِذٍ لِّلۡمُجۡرِمِينَ وَيَقُولُونَ حِجۡرًا مَّحۡجُورًا ٢٢အကြင်နေ့တွင် သူတို့သည် ကောင်းကင်တမန်များကို တွေ့မြင်ကြမည်။ ထိုနေ့တွင် အပြစ်ရှိသူများအတွက် မည်သည့်ဝမ်းသာဖွယ်ရာမှ မရှိသည့်အပြင်၊ သူတို့(ကောင်းကင်တမန်များ)က ပြောကြဦးမည်- (အရှင်မြတ်သည် အသင်တို့အပေါ် ဂျန္နသ်ကို)တားမြစ်တော်မူပါစေ၊ (အသင်တို့သည်) တားမြစ်ခြင်းခံရပါစေ။ وَقَدِمۡنَآ إِلَىٰ مَا عَمِلُواْ مِنۡ عَمَلٍ فَجَعَلۡنَٰهُ هَبَآءً مَّنثُورًا ٢٣ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) သူတို့ပြုလုပ်ခဲ့ကြသော လုပ်ရပ်ဘက်သို့ လှည့်တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုလုပ်ရပ်ကို ဖြန့်ကြဲထားသော မြူမှု့န်များ ဖြစ်စေတော်မူမည်။ أَصۡحَٰبُ ٱلۡجَنَّةِ يَوۡمَئِذٍ خَيۡرٌ مُّسۡتَقَرًّا وَأَحۡسَنُ مَقِيلًا ٢٤ဂျန္နသ်သုခဘုံသားများကမူ ထိုနေ့တွင် နေရာဌာနအနေဖြင့် အကောင်းဆုံးဖြစ်ကြမည်။ ထို့ပြင် နေ့လယ်အချိန် အပန်းဖြေသည့်နေရာအဖြစ်လည်း အကောင်းဆုံးပင် ဖြစ်ကြလိမ့်မည်။ وَيَوۡمَ تَشَقَّقُ ٱلسَّمَآءُ بِٱلۡغَمَٰمِ وَنُزِّلَ ٱلۡمَلَٰٓئِكَةُ تَنزِيلًا ٢٥ထို့ပြင် ထိုနေ့တွင် မိုးကောင်းကင်သည် မိုးတိမ်နှင့်တကွ အက်ကွဲသွားမည်။ ထို့ပြင် ကောင်းကင်တမန်များသည် ဆင်းသက်လာမည်။ ٱلۡمُلۡكُ يَوۡمَئِذٍ ٱلۡحَقُّ لِلرَّحۡمَٰنِۚ وَكَانَ يَوۡمًا عَلَى ٱلۡكَٰفِرِينَ عَسِيرًا ٢٦ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှု အစစ်အမှန်သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်သာ ပိုင်ဆိုင်တော်မူမည်။ ထို့ပြင် ထိုနေ့သည် ကာဖိရ်များအတွက် အလွန်ခက်ခဲသည့်နေ့ပင် ဖြစ်လိမ့်မည်။ وَيَوۡمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيۡهِ يَقُولُ يَٰلَيۡتَنِي ٱتَّخَذۡتُ مَعَ ٱلرَّسُولِ سَبِيلًا ٢٧ထို့ပြင် ထိုနေ့တွင် မတရားပြုလုပ်သည့်သူသည် သူ၏လက်နှစ်ဖက်ကို ကိုက်ပြီးပြောဆိုလိမ့်မည်- “ဪ- ကျွန်ုပ်သည် တမန်တော်မြတ်နှင့်အတူ တရားလမ်းမှန်ကို လိုက်ခဲ့လျှင် ကောင်းလေစွပင်။“ يَٰوَيۡلَتَىٰ لَيۡتَنِي لَمۡ أَتَّخِذۡ فُلَانًا خَلِيلًا ٢٨“ဪ- ကျွန်ုပ်ပျက်စီးရလေခြင်း၊ ကျွန်ုပ်သည် မည်သူမည်ဝါကို အဆွေခင်ပွန်း မပြုခဲ့လျှင် ကောင်းလေစွ။“ لَّقَدۡ أَضَلَّنِي عَنِ ٱلذِّكۡرِ بَعۡدَ إِذۡ جَآءَنِيۗ وَكَانَ ٱلشَّيۡطَٰنُ لِلۡإِنسَٰنِ خَذُولًا ٢٩“အမှန်စင်စစ် ထိုသူ(မည်သူမည်ဝါ)သည် ကျွန်ုပ်ထံသို့ ဆုံးမဩဝါဒ ရောက်လာပြီးနောက်မှပင် ကျွန်ုပ်ကို ထိုဆုံးမဩဝါဒမှ လွဲချော်စေခဲ့သည်။“ (အရှင်မြတ်က မိန့်တော်မူမည်) ထို့ပြင် ရှိုင်သွာန်သည် လူသားများကို မကူညီဘဲ စွန့်ပစ်တတ်သူဖြစ်သည်။ وَقَالَ ٱلرَّسُولُ يَٰرَبِّ إِنَّ قَوۡمِي ٱتَّخَذُواْ هَٰذَا ٱلۡقُرۡءَانَ مَهۡجُورًا ٣٠ထို့ပြင် တမန်တော်မြတ်က ပြောဆိုလျှောက်ထားမည်- “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်၏အမျိုးသားများသည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို စွန့်ပစ်ပြီးထားခဲ့ကြပါသည်။“ وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوًّا مِّنَ ٱلۡمُجۡرِمِينَۗ وَكَفَىٰ بِرَبِّكَ هَادِيًا وَنَصِيرًا ٣١ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် တမန်တော်တိုင်းအတွက် အပြစ်ရှိသူများထဲမှ ရန်သူများ ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသတော်မူသောအရှင်အဖြစ်နှင့် ကူညီစောင်မတော်မူသောအရှင်အဖြစ် လုံလောက်တော်မူသည်။ وَقَالَ ٱلَّذِينَ كَفَرُواْ لَوۡلَا نُزِّلَ عَلَيۡهِ ٱلۡقُرۡءَانُ جُمۡلَةً وَٰحِدَةًۚ كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَۖ وَرَتَّلۡنَٰهُ تَرۡتِيلًا ٣٢ထို့ပြင် ကာဖိရ်များက “အဘယ့်ကြောင့် ကုရ်အာန်ကျမ်းတော်မြတ်သည် ၎င်းအပေါ်တွင် တစ်ကြိမ်တည်း အားလုံး ချပေးခြင်းမခံခဲ့ရပါသနည်း“ဟု ပြောဆိုကြသည်။ ထို(သို့ အနည်းငယ်ချင်း ချပေးတော်မူခြင်း)သည် ငါအရှင်မြတ်က ထို(ကုရ်အာန်)ဖြင့် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်စေတော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် (၎င်းအတွက်ပင်) ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို တဖြည်းဖြည်းချင်း ဆိုင်းငံ့ချပေးတော်မူခဲ့သည်။ وَلَا يَأۡتُونَكَ بِمَثَلٍ إِلَّا جِئۡنَٰكَ بِٱلۡحَقِّ وَأَحۡسَنَ تَفۡسِيرًا ٣٣pg ٱلَّذِينَ يُحۡشَرُونَ عَلَىٰ وُجُوهِهِمۡ إِلَىٰ جَهَنَّمَ أُوْلَٰٓئِكَ شَرٌّ مَّكَانًا وَأَضَلُّ سَبِيلًا ٣٤pg وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَجَعَلۡنَا مَعَهُۥٓ أَخَاهُ هَٰرُونَ وَزِيرًا ٣٥pg فَقُلۡنَا ٱذۡهَبَآ إِلَى ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا فَدَمَّرۡنَٰهُمۡ تَدۡمِيرًا ٣٦ထို့နောက် ငါအရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်- “အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏သက်သေသာဓကများကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသော အမျိုးသားများထံသို့ သွားကြပါ။“ (သူတို့သည် လက်မခံကြသည့်အပေါ်) ငါအရှင်မြတ်သည် ထိုအမျိုးသားများကို ဖျက်ဆီးတော်မူခဲ့သည်။ وَقَوۡمَ نُوحٍ لَّمَّا كَذَّبُواْ ٱلرُّسُلَ أَغۡرَقۡنَٰهُمۡ وَجَعَلۡنَٰهُمۡ لِلنَّاسِ ءَايَةًۖ وَأَعۡتَدۡنَا لِلظَّٰلِمِينَ عَذَابًا أَلِيمًا ٣٧ထို့ပြင် (တမန်တော်)နူးဟ်၏အမျိုးသားများကို သူတို့သည် တမန်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည့်အခါ ငါအရှင်မြတ်သည် သူတို့ကိုလည်း နစ်မြုပ်စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား လူများအတွက် သက်သေသာဓကတစ်ခုအဖြစ် ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မတရားပြုလုပ်သူများအတွက် နာကျင်စေသောပြစ်ဒဏ်ကို အသင့်ပြင်ဆင်ထားတော်မူသည်။ وَعَادًا وَثَمُودَاْ وَأَصۡحَٰبَ ٱلرَّسِّ وَقُرُونَۢا بَيۡنَ ذَٰلِكَ كَثِيرًا ٣٨ထို့ပြင် အာဒ်အမျိုးသားများ၊ ဆမူဒ်အမျိုးသားများ၊ ရတ်စ်မြို့သားများနှင့် သူတု့ိအကြားတွင် မျိုးနွယ်အမြောက်အမြားကို (ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့သည်)။ وَكُلًّا ضَرَبۡنَا لَهُ ٱلۡأَمۡثَٰلَۖ وَكُلًّا تَبَّرۡنَا تَتۡبِيرًا ٣٩ထို့ပြင် ငါအရှင်မြတ်သည် သူတို့ကိုယ်စီအတွက် သာဓကများ ခိုင်းနှိုင်းပြတော်မူခဲ့သည်။ (ထို့နောက်လည်း သူတို့သည် မဟုတ်မမှန်ဟုပင် ငြင်းပယ်ခဲ့ကြသည်၊) ထို့နောက် ငါအရှင်မြတ်သည် (ထိုငြင်းပယ်)သူတိုင်းအား လုံးဝ ဖျက်ဆီးတော်မူခဲ့သည်။ وَلَقَدۡ أَتَوۡاْ عَلَى ٱلۡقَرۡيَةِ ٱلَّتِيٓ أُمۡطِرَتۡ مَطَرَ ٱلسَّوۡءِۚ أَفَلَمۡ يَكُونُواْ يَرَوۡنَهَاۚ بَلۡ كَانُواْ لَا يَرۡجُونَ نُشُورًا ٤٠ထို့ပြင် အမှန်စင်စစ် သူတို့သည် အလွန်ဆိုးရွားသော မိုးရွာသွန်းစေခြင်းခံရသော မြို့ရွာကို အမှန်ရောက်ရှိခဲ့ကြပါလျက် သူတို့သည် ထို(ပြစ်ဒဏ်၏ သကေင်္တများ)ကို မမြင်ခဲ့ကြသလော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် သူတို့သည် ရှင်ပြန်ထခြင်းကို ဖြစ်လိမ့်မည်ဟူ၍ပင် မမျှော်လင့်ကြပေ။ وَإِذَا رَأَوۡكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي بَعَثَ ٱللَّهُ رَسُولًا ٤١ထို့ပြင် သူတို့သည် အသင့်အား တွေ့မြင်သည့်အခါ “ အလ္လာဟ်အရှင်မြတ်က တမန်တော်အဖြစ် စေလွှတ်လိုက်တော်မူသည့်သူသည် ဤသူပင်လော“ဟု အသင့်အား ပြောင်လှောင်(ပြောဆို)ကြသည်။ إِن كَادَ لَيُضِلُّنَا عَنۡ ءَالِهَتِنَا لَوۡلَآ أَن صَبَرۡنَا عَلَيۡهَاۚ وَسَوۡفَ يَعۡلَمُونَ حِينَ يَرَوۡنَ ٱلۡعَذَابَ مَنۡ أَضَلُّ سَبِيلًا ٤٢“အကယ်၍သာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုးကွယ်ရာ အရှင်သခင်များအပေါ်တွင် ကြံ့ခိုင်ရပ်တည်မနေခဲ့လျှင် အမှန်စင်စစ် ၎င်းသည် ကျွန်ုပ်တို့ကို ထိုအရှင်သခင်များမှ ဝေးအောင်လုပ်ခဲ့ပြီးဖြစ်သည်“(ဟု သူတို့က ပြောဆိုကြသည်)။ ထို့ပြင် သူတို့သည် မကြာမီ ပြစ်ဒဏ်ကိုမြင်ကြသည့်အခါ မည်သူသည် လမ်းလွဲသူဖြစ်သည်ကို သိရှိသွားကြမည်ဖြစ်သည်။ أَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ أَفَأَنتَ تَكُونُ عَلَيۡهِ وَكِيلًا ٤٣မိမိ၏စိတ်အလိုဆန္ဒကို မိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ခဲ့သည့်သူ၏အကြောင်းကို အသင်သိမြင်ခဲ့ပါ၏လော။ ထို့နောက် အသင်သည် သူ၏အပေါ်တွင် အုပ်ထိန်းသူအဖြစ် တာဝန်ယူနိုင်ပါသလော။ أَمۡ تَحۡسَبُ أَنَّ أَكۡثَرَهُمۡ يَسۡمَعُونَ أَوۡ يَعۡقِلُونَۚ إِنۡ هُمۡ إِلَّا كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّ سَبِيلًا ٤٤သို့မဟုတ် သူတို့ထဲမှ အမြောက်အမြားသည် ကြားကြသည်၊ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်သလော။ သူတို့သည် (ကုလားအုတ်၊ ကျွဲ၊ နွား)တိရစာ္ဆန်များကဲ့သို့ ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ထို့ထက်ပင် ပိုပြီး လမ်းလွဲကြသည်။ أَلَمۡ تَرَ إِلَىٰ رَبِّكَ كَيۡفَ مَدَّ ٱلظِّلَّ وَلَوۡ شَآءَ لَجَعَلَهُۥ سَاكِنًا ثُمَّ جَعَلۡنَا ٱلشَّمۡسَ عَلَيۡهِ دَلِيلًا ٤٥အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က အရိပ်ကို မည်သို့ ပြန့်စေတော်မူခဲ့သည်ကို သုံးသပ်မကြည့်ခဲ့သလော။ ထို့ပြင် အရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် ထိုအရိပ်ကို (မလှုပ်ရှားအောင်)တည်ငြိမ်အောင် ပြုလုပ်တော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် နေကို ထိုအရိပ်နှင့်ပတ်သက်၍ သက်သေသာဓကတစ်ခုအဖြစ် ပြုလုပ်တော်မူခဲ့သည်။ ثُمَّ قَبَضۡنَٰهُ إِلَيۡنَا قَبۡضًا يَسِيرًا ٤٦ထို့ပြင် ငါအရှင်မြတ်သည် ထိုအရိပ်ကို ငါအရှင်မြတ်ထံတော် တဖြည်းဖြည်းဆွဲယူရုပ်သိမ်းတော်မူခဲ့သည်။ وَهُوَ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِبَاسًا وَٱلنَّوۡمَ سُبَاتًا وَجَعَلَ ٱلنَّهَارَ نُشُورًا ٤٧ထို့ပြင် အရှင်မြတ်ကပင် ညကို အသင်တို့အတွက် အကာအကွယ်အဝတ်အစားအဖြစ် ပြုလုပ်တော်မူခဲ့ပြီး အိပ်ခြင်းကို အပန်းဖြေရာအဖြစ် ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ကပင် နေ့ကို ပြန်ရှင်စရာအဖြစ် ပြုလုပ်တော်မူခဲ့သည်။ وَهُوَ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءً طَهُورًا ٤٨ထို့ပြင် အရှင်မြတ်ကပင် လေများကို အရှင်မြတ်၏ကရုဏာ(မိုး)မရွာခင် ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ စင်ကြယ်သန့်ရှင်းအောင်ပြုလုပ်သော (မိုး)ရေကို ချပေးတော်မူခဲ့သည်။ لِّنُحۡـِۧيَ بِهِۦ بَلۡدَةً مَّيۡتًا وَنُسۡقِيَهُۥ مِمَّا خَلَقۡنَآ أَنۡعَٰمًا وَأَنَاسِيَّ كَثِيرًا ٤٩(ထိုရေချပေးတော်မူခြင်းသည်) ငါအရှင်မြတ်သည် အသက်မရှိသည့်(ခြောက်သွေ့သည့်)မြို့ရွာကို ထိုရေဖြင့် ရှင်စေတော်မူရန်(စိမ်းလန်းစိုပြေစေတော်မူရန်)အတွက်သာမက ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော တိရစာ္ဆန်များနှင့် လူအမြောက်အမြားအား ထိုရေကို တိုက်ကျွေးတော်မူရန်အတွက်ဖြစ်သည်။ وَلَقَدۡ صَرَّفۡنَٰهُ بَيۡنَهُمۡ لِيَذَّكَّرُواْ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورًا ٥٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ သတိတရားရရှိကြရန်အတွက် ထိုရေကို သူတု့ိအကြားတွင် ပေးကမ်းဝေငှတော်မူသည်။ ထို့နောက်လည်း သူတို့ထဲမှ အမြောက်အမြားသည် ကျေးဇူးကန်းခဲ့ကြသည်မှလွဲ၍ (မည်သည်ကိုမှ)လက်ခံခြင်း မရှိခဲ့ကြပေ။ وَلَوۡ شِئۡنَا لَبَعَثۡنَا فِي كُلِّ قَرۡيَةٍ نَّذِيرًا ٥١ထို့ပြင် အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် ရွာတိုင်းကို သတိပေးနှိုးဆော်သူ တစ်ဦးစီ အမှန်ပင် စေလွှတ်တော်မူခဲ့မည်ဖြစ်သည်။ فَلَا تُطِعِ ٱلۡكَٰفِرِينَ وَجَٰهِدۡهُم بِهِۦ جِهَادًا كَبِيرًا ٥٢သို့ဖြစ်ရာ အသင်သည် ကာဖိရ်များ၏စကားကို မလိုက်နာဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်နှင့် သူတို့ကို အကြီးအကျယ် ကြိုးစားမှုပြု(၍ ငါအရှင်မြတ်၏အမိန့်တော်များကို ပို့ချ)ပါ။ ۞ وَهُوَ ٱلَّذِي مَرَجَ ٱلۡبَحۡرَيۡنِ هَٰذَا عَذۡبٌ فُرَاتٌ وَهَٰذَا مِلۡحٌ أُجَاجٌ وَجَعَلَ بَيۡنَهُمَا بَرۡزَخًا وَحِجۡرًا مَّحۡجُورًا ٥٣ထို့ပြင် အရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ပေါင်းစပ်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ (ထိုပင်လယ်နှစ်ခုထဲတွင်) ဤသည်ကမူ အရသာချိုပြီး ရေငတ်ပြေစေသည်၊ ထို့ပြင် ဤသည်ကမူ ငံပြီး ခါးသည်။ ထို့နောက် အရှင်မြတ်သည် ထိုပင်လယ်နှစ်ခုကြားတွင် သေးသွယ်သော အကာအဆီး(အဆက်)တစ်ခုကို ထားတော်မူခဲ့သည်။ ထို့ပြင် (ရေငံနှင့် ရေချို တစ်ဖက်နှင့်တစ်ဖက် ရောမသွားအောင်) တားဆီးမှု ပြုတော်မူခဲ့သည်။ وَهُوَ ٱلَّذِي خَلَقَ مِنَ ٱلۡمَآءِ بَشَرًا فَجَعَلَهُۥ نَسَبًا وَصِهۡرًاۗ وَكَانَ رَبُّكَ قَدِيرًا ٥٤ထို့ပြင် အရှင်မြတ်သည်ပင် ရေ(သုက်ရည်)နှင့် လူကို ဖန်ဆင်းတော်မူခဲ့သည့်အရှင် ဖြစ်တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ထိုလူကို(သွေးနှင့်)ဆွေမျိုးတော်စပ်သူများနှင့်၊ ထိမ်းမြားမှုနှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်စေတော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُهُمۡ وَلَا يَضُرُّهُمۡۗ وَكَانَ ٱلۡكَافِرُ عَلَىٰ رَبِّهِۦ ظَهِيرًا ٥٥ထို့ပြင် ထိုသူ(မုရှ်ရိက်)များသည် အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အား ကောင်းကျိုးကိုသော်လည်းကောင်း၊ ဆိုးကျိုးကိုသော်လည်းကောင်း ပြုလုပ်ပေးနိုင်ကြသည် မဟုတ်ပေ။ ထို့ပြင် ကာဖိရ်သည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်မှကျောခိုင်းသူ (အမိန့်ဖီဆန်ခြင်း)ပင်ဖြစ်သည်။ وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرًا وَنَذِيرًا ٥٦ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သတင်းကောင်းပြောကြားသူနှင့် သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။ قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلًا ٥٧(အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် ဤ(ကုရ်အာန်)ပို့ချသည်နှင့်ပတ်သက်၍ အသင်တို့ထံမှ မည်သည့်အဖိုးအခမျှ မတောင်းဆိုပေ။ သို့ရာတွင် အကြင်သူသည် အလိုရှိခဲ့လျှင် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံသို့ သွားသည့်လမ်းကို ရွေးချယ်လိုက်သည်(ဆိုလျှင် ထိုအရာပင် ငါ၏ အဖိုးအခဖြစ်သည်)။ وَتَوَكَّلۡ عَلَى ٱلۡحَيِّ ٱلَّذِي لَا يَمُوتُ وَسَبِّحۡ بِحَمۡدِهِۦۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا ٥٨ထို့ပြင် အသင်(တမန်တော်)သည် မည်သည့်အခါမှ မသေဆုံးဘဲ အမြဲရှင်နေတော်မူသော အရှင်မြတ်အပေါ်တွင် ယုံပုံလွှဲအပ်ပါ။ ထို့ပြင် အသင်သည် အရှင်မြတ်ကို ချီးမွမ်းမှုနှင့်တကွ သန့်ပြန့်စင်ကြယ်ကြောင်း ရွတ်ဆိုပါ။ ထို့ပြင် အရှင်မြတ်သည် မိမိကျွန်များ၏အပြစ်များကို အကြွင်းမဲ့ကြားသိတော်မူသောအရှင်အဖြစ် လုံလောက်တော်မူသည်။ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ ٱلرَّحۡمَٰنُ فَسۡـَٔلۡ بِهِۦ خَبِيرًا ٥٩ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအရာများကို ခြောက်ရက်(နှင့်ညီမျှသောအချိန်)ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်တော်အပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့်ထိုက်တန်တော်မူသည့်အတိုင်း စံမြန်းနေ)တော်မူသည်။ ထိုအရှင်မြတ်သည် ရဟ်မာန် အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်သည် ထိုအရှင်နှင့်ပတ်သက်၍ အလွန်သိကျွမ်းသူ တစ်ဦးတစ်ယောက်ကို မေးမြန်း စုံစမ်းကြည့်ပါ။ وَإِذَا قِيلَ لَهُمُ ٱسۡجُدُواْۤ لِلرَّحۡمَٰنِ قَالُواْ وَمَا ٱلرَّحۡمَٰنُ أَنَسۡجُدُ لِمَا تَأۡمُرُنَا وَزَادَهُمۡ نُفُورًا ۩ ٦٠ထို့ပြင် သူတို့ကို “အသင်တို့သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်ကို စဂျ်ဒဟ် ဦးချကြပါ“ဟု ပြောကြားသည့်အခါ သူတို့က “ရဟ်မာန် ဆိုသည်မှာ မည်သူနည်း၊ ကျွန်ုပ်တို့သည် အသင် ကျွန်ုပ်တို့အား အမိန့်ပေးသောအရာကို စဂျ်ဒဟ်ဦးချကြရမည်လော“ဟု ပြောဆိုကြသည်။ ထို့ပြင် (အရှင်မြတ်အား) ဦးချခိုင်းခြင်းက သူတို့ကို စက်ဆုပ်မှု ပိုတိုးစေခဲ့သည်။ تَبَارَكَ ٱلَّذِي جَعَلَ فِي ٱلسَّمَآءِ بُرُوجًا وَجَعَلَ فِيهَا سِرَٰجًا وَقَمَرًا مُّنِيرًا ٦١အကြင် အရှင်မြတ်သည် ဗရကသ်မဂင်္လာနှင့် အလွန်ပြည့်စုံတော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်တွင် ကြီးမားသောကြယ်တာရာများကို (သူတို့၏ ရပ်နားစခန်းများနှင့်တကွ)ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုမိုးကောင်းကင်တွင် ထွန်းလင်းတောက်ပသော နေနှင့် လင်းဝင်းသော လကို ပြုလုပ်ဖန်ဆင်းတော်မူခဲ့သည်။ وَهُوَ ٱلَّذِي جَعَلَ ٱلَّيۡلَ وَٱلنَّهَارَ خِلۡفَةً لِّمَنۡ أَرَادَ أَن يَذَّكَّرَ أَوۡ أَرَادَ شُكُورًا ٦٢ထို့ပြင် အရှင်မြတ်သည် သိနားလည်ရန် သတိတရားရရန် ရည်ရွယ်ခဲ့သူအတွက် သို့မဟုတ် ကျေးဇူးသိတတ်ရန် ရည်ရွယ်ခဲ့သူအတွက် ညကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း တစ်ခု၏နောက်ကို တစ်ခုက အလှည့်ကျလိုက်နေသည့်အရာအဖြစ် ပြုလုပ်တော်မူခဲ့သည်။ وَعِبَادُ ٱلرَّحۡمَٰنِ ٱلَّذِينَ يَمۡشُونَ عَلَى ٱلۡأَرۡضِ هَوۡنًا وَإِذَا خَاطَبَهُمُ ٱلۡجَٰهِلُونَ قَالُواْ سَلَٰمًا ٦٣ထို့ပြင် ရဟ်မာန် အနန္တကရုဏာတော်ရှင်၏ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် မြေပထဝီတွင် ညင်သာစွာ သိက္ခာရှိရှိဖြင့် လမ်းလျှောက်ကြသည်။* ထို့ပြင် ပညာမဲ့များသည် သူတို့ကို စကားပြောဆိုကြသည့်အခါ သူတို့သည် ငြိမ်းချမ်းသည့်စကား(စလာမ်မေတ္တာကို)ဆိုကြသည်။ وَٱلَّذِينَ يَبِيتُونَ لِرَبِّهِمۡ سُجَّدًا وَقِيَٰمًا ٦٤ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့မှောက်တွင် စဂျ်ဒဟ်ဦးချလျက်နှင့် ကိယာမ်မတ်တတ်ရပ်လျက် ညကို ကုန်လွန်စေကြသည်။ وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصۡرِفۡ عَنَّا عَذَابَ جَهَنَّمَۖ إِنَّ عَذَابَهَا كَانَ غَرَامًا ٦٥ထို့ပြင် ထိုသူများသည် (ဤသို့)ပြောဆိုလျှောက်ထားကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီး၏အပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားတော်မူပါ။ အမှန်စင်စစ် ထိုငရဲမီး၏ပြစ်ဒဏ်သည် ပျက်စီးမှု၊ ပြင်းထန်သည့်ဒုက္ခ၊ အဆက်မပြတ်ကျရောက်မည့် အပြစ်ဒဏ်ပင် ဖြစ်ပါသည်။ إِنَّهَا سَآءَتۡ مُسۡتَقَرًّا وَمُقَامًا ٦٦အမှန်စင်စစ် ထိုအရာသည် စခန်းချရာနေရာအဖြစ်သာမက နေထိုင်ရာနေရာအဖြစ်လည်း အလွန်ဆိုးဝါးလှပါသည်။ وَٱلَّذِينَ إِذَآ أَنفَقُواْ لَمۡ يُسۡرِفُواْ وَلَمۡ يَقۡتُرُواْ وَكَانَ بَيۡنَ ذَٰلِكَ قَوَامًا ٦٧ထို့ပြင် ထိုသူများသည် သုံးစွဲကြသည့်အခါ မဖြုန်းတီးကြပေ၊ ထို့ပြင် မတွန့်တိုကြပေ။ ထို့ပြင် ထိုကြားတွင် အလယ်အလတ်ပင် ဖြစ်ကြသည်။ وَٱلَّذِينَ لَا يَدۡعُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ وَلَا يَقۡتُلُونَ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّ وَلَا يَزۡنُونَۚ وَمَن يَفۡعَلۡ ذَٰلِكَ يَلۡقَ أَثَامًا ٦٨ထို့ပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး အခြာကိုးကွယ်ရာများကို (လုံးဝ)ဟစ်ခေါ်ကိုးကွယ်မှု မပြုကြပေ။* ထို့ပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟု တားမြစ်ထားသော အသက်ကိုလည်း တရားသဖြင့်မှလွဲ၍ (မတရားသဖြင့်) မသတ်ဖြတ်ကြပေ။* ထို့ပြင် သူတို့သည် တရားမဝင် ကာမလည်း မကျူးလွန်ကြပေ။ ထို့ပြင် မည်သူမဆို ထိုအပြစ်များကို ကျူးလွန်လျှင် ထိုသူသည် အပြစ်ဒဏ်နှင့် တွေ့ရမည်ဖြစ်သည်။ يُضَٰعَفۡ لَهُ ٱلۡعَذَابُ يَوۡمَ ٱلۡقِيَٰمَةِ وَيَخۡلُدۡ فِيهِۦ مُهَانًا ٦٩ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် ထို(အပြစ်များကျူးလွန်သည့်)သူအတွက် ပြစ်ဒဏ်သည် တိုးခံရမည့်အပြင် ထိုသူသည် ထိုပြစ်ဒဏ်ထဲတွင်ပင် အမြဲသေးသိမ်စွာနှင့် ခံစားနေရမည်ဖြစ်သည်။ إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلًا صَٰلِحًا فَأُوْلَٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمۡ حَسَنَٰتٍۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ٧٠သို့ရာတွင် အကြင်သူသည် (ကုဖ်ရ် ရှိရ်က်မှ) ဝန်ချတောင်းပန်ကာ အီမာန်ယုံကြည်၍ ကောင်းမြတ်သောလုပ်ရပ်ကို ပြုလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏မကောင်းမှုများအစား ကောင်းမှုနှင့် လဲလှယ်ပေးတော်မူမည်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ وَمَن تَابَ وَعَمِلَ صَٰلِحًا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابًا ٧١ထို့ပြင် မည်သူမဆို (အပြစ်မှ)ဝန်ချတောင်းပန်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ထိုသူသည် အလ္လာဟ်အရှင်မြတ်ဘက်သို့ အမှန်စင်စစ် လှည့်သည့်သူပင်ဖြစ်သည်။ وَٱلَّذِينَ لَا يَشۡهَدُونَ ٱلزُّورَ وَإِذَا مَرُّواْ بِٱللَّغۡوِ مَرُّواْ كِرَامًا ٧٢ထို့ပြင် ထိုသူ(ရဟ်မာန်၏ကျွန်)များသည် မုသားလိမ်လည်ပြီး သက်သေ မထွက်ဆိုကြပေ။* (မုသားလိမ်ပြီး သက်သေမခံကြပေ)။ ထို့ပြင် သူတို့သည် အကျိုးမဲ့လုပ်ရပ်၏အနီးမှ ဖြတ်သန်းသွားကြသည့်အခါ၊ (မျက်လွှာချပြီး) သိက္ခာရှိရှိ ဖြတ်သန်းသွားကြသည်။ وَٱلَّذِينَ إِذَا ذُكِّرُواْ بِـَٔايَٰتِ رَبِّهِمۡ لَمۡ يَخِرُّواْ عَلَيۡهَا صُمًّا وَعُمۡيَانًا ٧٣ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အာယသ်တော်များနှင့် ဆုံးမခြင်းခံကြရသည့်အခါ သူတို့သည် ထိုအာယသ်တော်များအပေါ်တွင် နားပင်သူများ၊ မျက်စိကန်းသူများကဲ့သို့ ကျလာကြသည်မဟုတ်ပေ။ وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّٰتِنَا قُرَّةَ أَعۡيُنٍ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا ٧٤ထို့ပြင် ထိုသူများသည် (အရှင်မြတ်ထံတော်တွင်) ပြောဆိုလျှောက်ထားကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ကြင်ရာများနှင့် ကျွန်ုပ်တို့၏ သားမြေးများထံမှ မျက်စိကြည်လင်အေးမြမှုကို ပေးသနားတော်မူပါ။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား မုသ်သကီကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများ၏ အီမာမ်ရှေ့ဆောင်အဖြစ် ပြုလုပ်တော်မူပါ။“ أُوْلَٰٓئِكَ يُجۡزَوۡنَ ٱلۡغُرۡفَةَ بِمَا صَبَرُواْ وَيُلَقَّوۡنَ فِيهَا تَحِيَّةً وَسَلَٰمًا ٧٥ထိုသူများသည် သူတို့၏သည်းခံကြံ့ခိုင်မှုကြောင့် (ဂျန္နသ်သုခဘုံ၏ မြင့်မြတ်သည့်)အဆောင်ကို အစားပေးခြင်းခံကြရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် ထိုအဆောင်များထဲတွင် (ကောင်းကင်တမန်များ၏)လှိုက်လှဲစွာ ကြိုဆိုမှုနှင့် စလာမ်မေတ္တာပို့သမှုတို့ကို ခံကြရမည်ဖြစ်သည်။ خَٰلِدِينَ فِيهَاۚ حَسُنَتۡ مُسۡتَقَرًّا وَمُقَامًا ٧٦၎င်းထဲတွင်ပင် အမြဲနေကြရမည်ဖြစ်သည်။ ထိုအရာသည် အဘယ်မျှကောင်းမြတ်သော နားနေရာစခန်းနှင့် နေထိုင်ရာဌာန ဖြစ်လိုက်သနည်း။ قُلۡ مَا يَعۡبَؤُاْ بِكُمۡ رَبِّي لَوۡلَا دُعَآؤُكُمۡۖ فَقَدۡ كَذَّبۡتُمۡ فَسَوۡفَ يَكُونُ لِزَامَۢا ٧٧(အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် အသင်တို့၏ဆုတောင်း (ခဝပ်ကိုးကွယ်မှု)မရှိကြလျှင် (ဆုမတောင်းကြလျှင်) ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့ကို လုံးဝ ဂရုစိုက်တော်မူမည် မဟုတ်ပေ။ ထို့နောက် (ယခုမူ) အမှန်စင်စစ် အသင်တို့သည် မဟုတ်မမှန်ဟု စွပ်စွဲပြောဆိုခဲ့ကြပြီးဖြစ်သည့်အတွက် မကြာမီ ထိုစွပ်စွဲပြောဆိုမှုသည် (အသင်တို့အပေါ်တွင်) အန္တရာယ်ဖြစ်နေလိမ့်မည်။