بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ ١အမှန်စင်စစ် မုအ်မင်ယုံကြည်သူများသည် မလွဲမသွေ အောင်မြင်ခဲ့ကြပြီဖြစ်သည်။ ٱلَّذِينَ هُمۡ فِي صَلَاتِهِمۡ خَٰشِعُونَ ٢ထိုသူများသည် သူတို့ စွလာသ်ဝတ်ပြုရာတွင် ကျိုးနွံသူများဖြစ်ကြသည်။ وَٱلَّذِينَ هُمۡ عَنِ ٱللَّغۡوِ مُعۡرِضُونَ ٣ထို့ပြင် သူတို့သည် အကျိုးမဲ့ကိစ္စရပ်များမှ ရှောင်ကြဉ်သူများလည်း ဖြစ်ကြသည်။ وَٱلَّذِينَ هُمۡ لِلزَّكَوٰةِ فَٰعِلُونَ ٤ထို့ပြင် သူတို့သည် စင်ကြယ်သန့်ရှင်းရန် (ကောင်းမှု)ပြုလုပ်သူများလည်း ဖြစ်ကြသည်။ وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ ٥ထို့ပြင် သူတို့သည် (တရားမဝင်ကာမ ကျူးလွန်ခြင်းမှ) သူတို့၏အရှက်အဂင်္ါများကို ထိန်းသိမ်းသူများဖြစ်ကြသည်။ إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ ٦သူတို့၏ဇနီးကြင်ရာများ၊ သို့မဟုတ် သူတို့ လက်ယာလက်များက ပိုင်ဆိုင်သော (တရားဝင်)ကျွန်မများမှလွဲ၍ (သူတို့၏)အရှက်အဂင်္ါများကို ထိန်းသိမ်းကြသည်။ အမှန်စင်စစ် (ထိုသူမများနှင့် ကာမဆက်ဆံသည့်အတွက်) သူတို့သည် ပြစ်တင်ခြင်း ခံထိုက်သူများ မဟုတ်ကြပေ။ فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ ٧ထို့နောက် မည်သူမဆို ကျော်လွန်ပြီး (နိကာဟ်မပြုဘဲ အခြားအမျိုးသမီးများကို) တောင့်တရှာဖွေခဲ့လျှင် ထိုသူများသည်ပင် စည်းကမ်းကျူးလွန်သူများ ဖြစ်ကြသည်။ وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ ٨ထို့ပြင် ထို(အီမာန်ယုံကြည်)သူများသည် သူတို့ ယုံကြည်လွှဲအပ်ခြင်းခံရသော တာဝန်များနှင့် သူတို့၏ကတိဝန်ခံချက်များကို စောင့်ထိန်းသူများဖြစ်ကြသည်။ وَٱلَّذِينَ هُمۡ عَلَىٰ صَلَوَٰتِهِمۡ يُحَافِظُونَ ٩ထို့ပြင် သူတို့သည် သူတို့၏စွလာသ်ဝတ်ပြုမှုများကို ထိန်းသိမ်းသူများလည်း ဖြစ်ကြသည်။ أُوْلَٰٓئِكَ هُمُ ٱلۡوَٰرِثُونَ ١٠သူတို့ပင် အမွေဆက်ခံမည့်သူများ ဖြစ်ကြသည်။ ٱلَّذِينَ يَرِثُونَ ٱلۡفِرۡدَوۡسَ هُمۡ فِيهَا خَٰلِدُونَ ١١သူတို့သည် ဖိရ်ဒေါင်စ်ဥယျာဉ်ကို အမွေဆက်ခံကြမည်။ သူတို့သည် ၎င်းထဲတွင် အမြဲနေထိုင်ရမည့်သူများ ဖြစ်ကြသည်။ وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن سُلَٰلَةٍ مِّن طِينٍ ١٢ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား ရွှံ့မြေ၏ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ثُمَّ جَعَلۡنَٰهُ نُطۡفَةً فِي قَرَارٍ مَّكِينٍ ١٣ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(ဖြစ်မည့်အရာ)ကို လုံခြုံသည့်နေရာတစ်ခု(ဖြစ်သည့် သားအိမ်ထဲ)တွင် သုက်ရည်(မှ မျိုးအောင်ပြီး သားဥအဖြစ်ဖြင့် စတင်)ပြုလုပ်ထားတော်မူခဲ့သည်။ ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةً فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةً فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمًا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمًا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ ١٤ထို့နောက် ငါအရှင်မြတ်သည် ထိုသုက်ရည်မှ(မျိုးအောင်ပြီးနောက် သားဥသန္ဓေသားအဖြစ်မှ) သွေးခဲအဖြစ် ဖန်ဆင်းတော်မူသည်။ ထို့ပြင် ထိုသွေးခဲကို ဝါးဖတ်ကဲ့သို့ အသားတုံးအဖြစ် ဖန်ဆင်းတော်မူသည်။ ထို့ပြင် ထိုဝါးဖတ်ကဲ့သို့ အသားတုံးကို အရိုးများ(ထည့်ပြီး) ဖန်ဆင်းတော်မူသည်။ ထိုု့ပြင် ထိုအရိုးများကို အသားနှင့် ဆင်မြန်းတော်မူသည်။ ထို့နောက် ငါအရှင်မြတ်သည် ထို(အသားဖြည့်ထားသည့်အရိုး)ကို အခြားဖန်ဆင်းခံတစ်ခု (လူသား)အဖြစ် ဖြစ်ထွန်းလာအောင် ပြုလုပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ အားလုံးသော ပြုလုပ်ဖန်ဆင်းသူများထက် အကောင်းဆုံး ဖန်ဆင်းပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်တော်မူလိုက်လေသနည်း။ ثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ ١٥ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ထို့နောက်တွင် အမှန်ပင် သေဆုံးကြရမည့်သူများဖြစ်သည်။ ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ ١٦ထို့နောက် အမှန်စင်စစ် အသင်တို့သည် ကိယာမသ်နေ့တွင် ရှင်ပြန်ထကြရဦးမည်ဖြစ်သည်။ وَلَقَدۡ خَلَقۡنَا فَوۡقَكُمۡ سَبۡعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلۡخَلۡقِ غَٰفِلِينَ ١٧ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏အထက်တွင် (မိုး)ခုနစ်ထပ်ကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အဖန်ဆင်းခံများကို မေ့လျော့နေတော်မူသောအရှင် မဟုတ်ပေ။ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٍ فَأَسۡكَنَّٰهُ فِي ٱلۡأَرۡضِۖ وَإِنَّا عَلَىٰ ذَهَابِۭ بِهِۦ لَقَٰدِرُونَ ١٨ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ(မိုး)ရေကို အတိုင်းအတာ အချိန်အဆနှင့်တကွ ရွာသွန်းစေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို(မိုး)ရေကို မြေပထဝီတွင် ရပ်တည်(ကိန်းအောင်း)စေတော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထို(မိုး)ရေကို ပပျောက်အောင် လုပ်နိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူသည်။ فَأَنشَأۡنَا لَكُم بِهِۦ جَنَّٰتٍ مِّن نَّخِيلٍ وَأَعۡنَٰبٍ لَّكُمۡ فِيهَا فَوَٰكِهُ كَثِيرَةٌ وَمِنۡهَا تَأۡكُلُونَ ١٩ထို့နောက် ငါအရှင်မြတ်သည် ထို(မိုး)ရေနှင့် အသင်တို့အတွက် စွန်ပလွံခြံများနှင့် စပျစ်ခြံများကို ပေါက်ရောက်စေတော်မူခဲ့သည်။ အသင်တို့အတွက် ထိုခြံများတွင် သစ်သီးဝလံ အမြောက်အမြားရှိသည်။ ထို့ပြင် အသင်တို့သည် ထိုခြံများမှ စားသုံးကြသည်။ وَشَجَرَةً تَخۡرُجُ مِن طُورِ سَيۡنَآءَ تَنۢبُتُ بِٱلدُّهۡنِ وَصِبۡغٍ لِّلۡأٓكِلِينَ ٢٠ထို့ပြင် (သံလွင်ပင်ခေါ်) သစ်ပင်တစ်မျိုးကိုလည်း (ပေါက်ရောက်စေတော်မူခဲ့သည်)။ ထိုသစ်ပင်သည် သွူရ်တောင်တန်းတွင် ပေါက်ရောက်လေ့ရှိသည်။ ထိုသစ်ပင်သည် စားသုံးသူများအတွက် ဆီနှင့်ဟင်းလျာကို ထွက်စေသည်။ وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةًۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمۡ فِيهَا مَنَٰفِعُ كَثِيرَةٌ وَمِنۡهَا تَأۡكُلُونَ ٢١ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် ခြေလေးချောင်းတိရစာ္ဆန် (ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ်)များတွင် စဉ်းစားဆင်ခြင်ရန်အချက် အမှန်ပင်ရှိသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်း(ခြေလေးချောင်းတိရစာ္ဆန်)တို့ရဲ့ဗိုက်ထဲမှအရာ(နို့)ကို တိုက်ကျွေးတော်မူသည်။ ထို့ပြင် အသင်တို့အတွက် သူတို့တွင် အကျိုးကျေးဇူး အမြောက်အမြားလည်းရှိသည်။ ထို့ပြင် အသင်တို့သည် သူတို့ထဲမှ စားသုံးကြသည်။ وَعَلَيۡهَا وَعَلَى ٱلۡفُلۡكِ تُحۡمَلُونَ ٢٢ထို့ပြင် အသင်တို့သည် ထိုတိရစာ္ဆန်များနှင့် သဘေင်္ာများပေါ်တွင် စီးနင်းကြသည်။ وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ٢٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံသို့ စေလွှတ်တော်မူခဲ့သည်။ ၎င်းကပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွက် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့် အရှင်မရှိပေ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမှ မကြောက်ရွံ့ကြသလော။ فَقَالَ ٱلۡمَلَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا هَٰذَآ إِلَّا بَشَرٌ مِّثۡلُكُمۡ يُرِيدُ أَن يَتَفَضَّلَ عَلَيۡكُمۡ وَلَوۡ شَآءَ ٱللَّهُ لَأَنزَلَ مَلَٰٓئِكَةً مَّا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ ٢٤သို့ဖြစ်ရာ ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်သူ အကြီးအကဲများက ပြောဆိုကြသည်- ဤသူသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးသာဖြစ်သည်။ ၎င်းသည် အသင်တို့ထက် မြင့်မြတ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့ကို လမ်းမှန်ရစေရန်) အလိုရှိတော်မူခဲ့လျှင် အမှန်စင်စစ် ကောင်းကင်တမန်များကို စေလွှတ်တော်မူမည် အမှန်ပင်။ ကျွန်ုပ်တို့သည် ဤစကားကို ကျွန်ုပ်တို့၏ရှေးဟောင်းများဖြစ်သော ဘိုးဘေးများထံမှ မကြားခဲ့ဖူးပေ။ إِنۡ هُوَ إِلَّا رَجُلُۢ بِهِۦ جِنَّةٌ فَتَرَبَّصُواْ بِهِۦ حَتَّىٰ حِينٍ ٢٥၎င်းသည် ရူးသွပ်ခြင်း(ဝေဒနာ)စွဲနေသော သူတစ်ဦးသာဖြစ်သည့်အတွက် အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ အချိန်ကြာကြာအထိ စောင့်ကြည့်ကြပါ။ قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ ٢٦၎င်း(တမန်တော်နူးဟ်)က ပြောဆိုလျှောက်ထားသည်၊ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ သူတို့သည် ကျွန်ုပ်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့သည့်အတွက် အရှင်မြတ်သည် ကျွန်ုပ်ကို ကူညီတော်မူပါ။ فَأَوۡحَيۡنَآ إِلَيۡهِ أَنِ ٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا فَإِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ فَٱسۡلُكۡ فِيهَا مِن كُلٍّ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ مِنۡهُمۡۖ وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ ٢٧သို့ဖြစ်ရာ ငါအရှင်မြတ်က ၎င်းထံသို့ ဝဟီအမိန့်တော် ထုတ်ပြန်တော်မူခဲ့သည်။ အသင်သည် ငါ၏အမိန့်တော်ဖြင့် ငါအရှင်မြတ်၏မျက်စိအောက်တွင် သဘေင်္ာတည်ဆောက်လိုက်ပါ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာပြီး မုန့်ဖိုသည် ဆူပွက်လာသည့်အခါ* အသင်သည် (တိရစာ္ဆန်)အမျိုးစားတိုင်းမှ တစ်စုံစီနှင့် အသင်၏အိမ်ထောင်စုထဲမှ အမိန့်ထုတ်ပြန်ပြီးဖြစ်သူမှလွဲ၍ ကျန်အားလုံးကို ထိုသဘေင်္ာပေါ်တွင် တင်ဆောင်ပါ။ ထို့ပြင် သူတို့ကိုယ်ကိုသူတို့ နှိပ်စက်မှုပြုသူများနှင့်ပတ်သက်၍ အသင်သည် ငါအရှင်မြတ်ထံတော်တွင် လျှောက်ထားပန်ကြားမှု မပြုလေနှင့်။ အမှန်စင်စစ် သူတို့သည် နစ်မြုပ်စေခြင်း ခံကြရမည့်သူများပင် ဖြစ်ကြသည်။ فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٢٨ထို့နောက် အသင်နှင့်တကွ အသင့်အဖော်များသည် သဘေင်္ာပေါ်တွင် နေသားတကျ ထိုင်ပြီးကြသည့်အခါ အသင်သည် (ဤသို့)ပြောဆိုပါ- “ချီးမွမ်းခြင်းအပေါင်းသည် ကျွန်ုပ်တို့အား မတရားနှိပ်စက်ကြသော အမျိုးသားများမှ ကယ်တင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါသည်“ (အရှင်မြတ်အား ကျေးဇူးတင်ပါသည်)။ وَقُل رَّبِّ أَنزِلۡنِي مُنزَلًا مُّبَارَكًا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ ٢٩ထို့ပြင် အသင်သည် (သဘေင်္ာပေါ်မှ ဆင်းသည့်အခါ) ပြောဆိုပါ- “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား မဂင်္လာအပေါင်းနှင့် ပြည့်စုံသည့်နေရာကို ဆင်းသက်စေတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် အကောင်းဆုံး ဆင်းသက်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူပါသည်။“ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ وَإِن كُنَّا لَمُبۡتَلِينَ ٣٠အမှန်စင်စစ် ထိုအထဲတွင် သက်သေလက္ခဏာများရှိသည်။ ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် စမ်းသပ်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ ٣١ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် အခြားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့သည်။ فَأَرۡسَلۡنَا فِيهِمۡ رَسُولًا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ٣٢ထို့နောက် ငါအရှင်မြတ်သည် ထိုမျိုးနွယ်တွင် သူတို့ထဲမှပင် တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့၍ (ဤသို့ ပြောခိုင်းခဲ့သည်) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အရှင်မြတ်မှလွဲ၍ အသင်တို့အတွက် ကိုးကွယ်ထိုက်သည့် အရှင်မရှိပေ။ သို့ဖြစ်ပါလျက် အသင်တို့သည် မကြောက်ရွံ့ကြလေသလော။ وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٌ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ ٣٣ထို့ပြင် ထိုတမန်တော်၏အမျိုးသားများထဲမှ အကြင်အကြီးအကဲများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် တမလွန်ဘဝနှင့် တွေ့ကြုံရမည်ကိုလည်း မဟုတ်မမှန်ဟု ငြင်းဆိုခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဤဘဝတွင် စည်းစိမ်ချမ်းသာမှု ပေးတော်မူခဲ့သည်။ ထိုသူများက (သူတို့အချင်းချင်း)ပြောဆိုခဲ့ကြသည်- ဤသူသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ ၎င်းသည် အသင်တို့ စားသည့်အရာများပင် စားသည်။ ထို့ပြင် အသင်တို့ သောက်သည့်အရာများကိုပင် သောက်သည်။ وَلَئِنۡ أَطَعۡتُم بَشَرًا مِّثۡلَكُمۡ إِنَّكُمۡ إِذًا لَّخَٰسِرُونَ ٣٤ထို့ပြင် အကယ်၍ အသင်တို့သည် အသင်တို့ကဲ့သို့ လူသားတစ်ဦး(၏အမိန့်)ကို လိုက်နာခဲ့လျှင် အမှန်စင်စစ် အသင်တို့သည် ဆုံးရှုံးသူများဖြစ်ကြသည်။ أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابًا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ ٣٥အသင်တို့ သေဆုံးကြပြီးနောက် မြေကြီးဖြစ်ပြီး အရိုးသာကျန်သည့်အခါ အမှန်စင်စစ် အသင်တို့သည် (သချင်္ီုင်းထဲမှ)ပြန်ထွက်ကြရမည့်သူများဖြစ်ကြသည်ဟု အသင်တို့ကို ၎င်းက ပြောဆိုကတိပေးသည် မဟုတ်လော။ ۞ هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ ٣٦အသင်တို့ ပြောဆိုကတိပေးခြင်းခံကြရသည့်ကိစ္စအတွက် ဝေးလေစွ၊ ဝေးလေစွ၊* (လုံးဝ မဖြစ်နိုင်ပေ)။ إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ ٣٧ကျွန်ုပ်တို့၏အသက်ရှင်ခြင်းသည် ဤဘဝတွင် အသက်ရှင်ခြင်းမှလွဲ၍ အခြားမရှိတော့ပေ။ ကျွန်ုပ်တို့(ထဲမှသူများ)သည် သေဆုံးကြသည်။ ထို့ပြင် ကျွန်ုပ်တို့(ထဲမှသူများ)သည် အသက်ရှင်နေကြသည်။ ကျွန်ုပ်တို့သည် ရှင်ပြန်ထရမည့်သူများ မဟုတ်ကြပေ။ إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ ٣٨၎င်း(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် မုသားလုပ်ကြံ ပြောဆိုသူတစ်ဦးသာ ဖြစ်သည့်အတွက် ကျွန်ုပ်တို့သည် ၎င်း(တမန်တော်)အား ယုံကြည်မည့်သူများ မဟုတ်ကြပေ။ قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ ٣٩၎င်း(တမန်တော်)က ပြောဆိုပန်ကြားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ သူတို့သည် ကျွန်ုပ်အား မဟုတ်မမှန်ငြင်းပယ်ကြသည့်အတွက် အရှင်မြတ်သည် ကျွန်ုပ်အား သူညီတော်မူပါ။ قَالَ عَمَّا قَلِيلٍ لَّيُصۡبِحُنَّ نَٰدِمِينَ ٤٠အရှင်မြတ်က မိန့်ကြားတော်မူသည်- သူတို့သည် အမှန်ပင် မကြာမီ နောင်တရမည့်သူများ ဖြစ်ကြသည်။ فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءًۚ فَبُعۡدًا لِّلۡقَوۡمِ ٱلظَّٰلِمِينَ ٤١ထို့နောက် အလွန်ပြင်းထန်ကျယ်လောင်သည့် အသံသည် မှန်ကန်သော ချိန်းဆိုချက်အတိုင်း သူတို့အား ဖမ်းဆီးကွပ်မျက်ခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့အား အမှိုက်သရိုက်များကဲ့သို့ ချေမှုန်းတော်မူခဲ့သည်။ သို့ဖြစ်ရာ မတရားကျူးလွန်သော (ကာဖိရ်)အမျိုးသားများသည် (ကရုဏာမှ)ကင်းဝေးခဲ့ကြရသည်။ ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ ٤٢ထို့နောက် ငါအရှင်မြတ်သည် သူတို့၏နောက်တွင် အခြားမျိုးနွယ်များကို ဖန်ဆင်းတော်မူခဲ့သည်။ مَا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ ٤٣မည်သည့်အုပ်စာမှ သူတို့၏သတ်မှတ်အချိန်ကာလထက် စောလည်းမစောနိုင်ပေ၊ နောက်လည်း မကျနိုင်ပေ။ ثُمَّ أَرۡسَلۡنَا رُسُلَنَا تَتۡرَاۖ كُلَّ مَا جَآءَ أُمَّةً رَّسُولُهَا كَذَّبُوهُۖ فَأَتۡبَعۡنَا بَعۡضَهُم بَعۡضًا وَجَعَلۡنَٰهُمۡ أَحَادِيثَۚ فَبُعۡدًا لِّقَوۡمٍ لَّا يُؤۡمِنُونَ ٤٤ထို့နောက် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏တမန်တော်များကို တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့သည်။ မည်သည့်အခါဖြစ်စေ အုပ်စုတစ်စုထံသို့ တမန်တော်ရောက်လာခဲ့လျှင် ထိုအုပ်စုသည် ထိုတမန်တော်အား မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်ချည်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တစ်ဦး၏နောက်ကို တစ်ဦး လိုက်စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (သင်ခန်းစာယူဖွယ်ရာ) အကြောင်းများ ပြုလုပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ မယုံကြည်သည့်သူများသည် (ကရုဏာမှ) ကင်းဝေးခဲ့ကြရသည်။ ثُمَّ أَرۡسَلۡنَا مُوسَىٰ وَأَخَاهُ هَٰرُونَ بِـَٔايَٰتِنَا وَسُلۡطَٰنٍ مُّبِينٍ ٤٥ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်)မူစာနှင့် ၎င်း၏အစ်ကို (တမန်တော်)ဟာရူန်ကို အရှင်မြတ်၏အာယသ်တော်များသာမက ထင်ရှားသော သက်သေသာဓက (လွှမ်းမိုးအောင်နိုင်မှု)များနှင့်တကွ စေလွှတ်တော်မူခဲ့သည်။ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا عَالِينَ ٤٦ဖိရ်အောင်န်နှင့် သူ၏မှူးမတ်များထံသို့ (စေလွှတ်တော်မူခဲ့သည်)၊ ထို့ပြင် သူတို့(ဖိရ်အောင်န်နှင့်မှူးမတ်များ)သည် မောက်မာခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ယခင်ကတည်းက) မောက်မာသူများပင်ဖြစ်ခဲ့ကြသည်။ فَقَالُوٓاْ أَنُؤۡمِنُ لِبَشَرَيۡنِ مِثۡلِنَا وَقَوۡمُهُمَا لَنَا عَٰبِدُونَ ٤٧သို့ဖြစ်ရာ သူတို့သည် (ဤသို့)ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားနှစ်ဦးကို ယုံကြည်ရမည်လော။ ထို့ပြင် ၎င်းတို့နှစ်ဦး၏အမျိုးသားများသည် ကျွန်ုပ်တို့၏လက်အောက်ခံ ကျေးကျွန်များပင်ဖြစ်ကြသည်။ فَكَذَّبُوهُمَا فَكَانُواْ مِنَ ٱلۡمُهۡلَكِينَ ٤٨ထို့နောက် ၎င်းတို့သည် ၎င်းတို့နှစ်ဦးကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ထိုသူများသည် ပျက်စီးသူများတွင် အပါအဝင်ဖြစ်ခဲ့ကြရသည်။ وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ لَعَلَّهُمۡ يَهۡتَدُونَ ٤٩ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့(အစ္စရာအီလ်မျိုးနွယ်ဝင်များ) တရားလမ်းမှန်ရရှိကြရန်အတွက် (တမန်တော်)မူစာကို သောင်ရာသ်ကျမ်း ပေးသနားတော်မူခဲ့သည်။ وَجَعَلۡنَا ٱبۡنَ مَرۡيَمَ وَأُمَّهُۥٓ ءَايَةً وَءَاوَيۡنَٰهُمَآ إِلَىٰ رَبۡوَةٍ ذَاتِ قَرَارٍ وَمَعِينٍ ٥٠ထို့ပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား(အီစာ)နှင့် ၎င်း၏မိခင်ကို သက်သေလက္ခဏာတော်တစ်ပါး ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသားအမိနှစ်ဦးစလုံးကို တည်းခိုရန် သင့်တော်၍စိုပြည်ပြီး စီးတွေသည့်ရေရှိသော တောင်ကုန်းတွင် ခိုလှုံစေတော်မူခဲ့သည်။ يَٰٓأَيُّهَا ٱلرُّسُلُ كُلُواْ مِنَ ٱلطَّيِّبَٰتِ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ عَلِيمٌ ٥١အို- တမန်တော်အပေါင်းတို့၊ အသင်တို့သည် စင်ကြယ်သန့်ရှင်းသောအရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် ကောင်းမြတ်သည့် လုပ်ရပ်များကို ပြုလုပ်ကြပါ။* အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ وَإِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةً وَٰحِدَةً وَأَنَا۠ رَبُّكُمۡ فَٱتَّقُونِ ٥٢ထို့ပြင် အမှန်စင်စစ် ဤ(အစ္စလာမ်)သာသနာသည် အသင်တို့၏ တစ်ခုတည်းရှိသော သာသနာအုပ်စုပင်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်သည့်အတွက် အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြပါ။ فَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡ زُبُرًاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ ٥٣ထို့ပြင် ထိုနောက်လိုက်သားများသည် သူတို့အချင်းချင်းတွင် သူတို့၏သာသနာကို အပိုင်းပိုင်းဖြတ်(၍ အုပ်စုကိုယ်စီ ဖြစ်သွား)ခဲ့ကြသည်။ အုပ်စုတိုင်းသည် သူတို့တွင်ရှိသောအရာ(သာသနာ)နှင့် ပျော်ပိုက်နေကြတော့သည်။ فَذَرۡهُمۡ فِي غَمۡرَتِهِمۡ حَتَّىٰ حِينٍ ٥٤သို့ဖြစ်ရာ အသင်သည် သူတို့အား သူတို့၏လမ်းမှားမှု၌ပင် သတ်မှတ်ထားသောအချိန်ကာလအထိ စွန့်ပစ်ထားလိုက်ပါ။ أَيَحۡسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٍ وَبَنِينَ ٥٥သူတို့သည် (ဤသို့)ထင်မှတ်နေကြသလော။ ငါအရှင်မြတ်သည် သူတို့အား ပစ္စည်းဥစ္စာများနှင့် သားရတနာများကို ပေးသနားတော်မူခြင်းသည်၊ نُسَارِعُ لَهُمۡ فِي ٱلۡخَيۡرَٰتِۚ بَل لَّا يَشۡعُرُونَ ٥٦သူတို့အား ငါအရှင်မြတ်က ကောင်းကျိုးများကို ဆောလျင်စွာ ပေးနေတော်မူခြင်း ဖြစ်သည်ဟု(ထင်မှတ်ကြသလော)၊ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည် မသိနားမလည်ကြခြင်းသာ ဖြစ်သည်။ إِنَّ ٱلَّذِينَ هُم مِّنۡ خَشۡيَةِ رَبِّهِم مُّشۡفِقُونَ ٥٧အမှန်စင်စစ် အကြင်သူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့မှုကြောင့် စိုးရိမ်နေကြသည့်သူများဖြစ်သည်၊ وَٱلَّذِينَ هُم بِـَٔايَٰتِ رَبِّهِمۡ يُؤۡمِنُونَ ٥٨ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ယုံကြည်ကြသည့်သူများ ဖြစ်ကြသည်။ وَٱلَّذِينَ هُم بِرَبِّهِمۡ لَا يُشۡرِكُونَ ٥٩ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် (မည်သူ့ကိုမျှ) တွဲဖက်ကိုးကွယ်ခြင်း မပြုကြသည့်သူများဖြစ်ကြသည်။ وَٱلَّذِينَ يُؤۡتُونَ مَآ ءَاتَواْ وَّقُلُوبُهُمۡ وَجِلَةٌ أَنَّهُمۡ إِلَىٰ رَبِّهِمۡ رَٰجِعُونَ ٦٠ထို့ပြင် ထိုသူများသည် သူတို့ ပေးကမ်းစွန့်ကြဲမည့်အရာများကို ပေးကမ်းနေသည့်ကြားမှ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ အမှန်ပင် ပြန်သွားကြရမည်ဖြစ်သည့်အတွက် သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်စိုးရိမ်လျက် ရှိကြသည်။ أُوْلَٰٓئِكَ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَهُمۡ لَهَا سَٰبِقُونَ ٦١ထိုသူများသည် ကောင်းမှုများကို ကြိုးပမ်းဆောင်ရွက်ကြသည့်အတွက် သူတို့ပင် ထိုကောင်းကျိုးများကို ဦးစွာရရှိကြမည့်သူများ ဖြစ်ကြသည်။ وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٌ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ ٦٢ထို့ပြင် ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူ၏တတ်စွမ်းနိုင်မှုထက်ပိုပြီး တာဝန် ထမ်းဆောင်ခိုင်းတော်မမူပေ။* ထို့ပြင် ငါအရှင်မြတ်ထံတော်တွင် မှတ်တမ်းစာအုပ်တစ်အုပ်ရှိနေသည့်အတွက် ထိုမှတ်တမ်းစာအုပ်က တိကျမှန်ကန်စွာ ထုတ်ဖော်ပြောဆိုမည် ဖြစ်သည်။ ထို့ပြင် သူတို့သည် (အနည်းငယ်မျှ) မတရားနှိပ်စက်ခြင်းကို ခံကြရမည်မဟုတ်ပေ။ بَلۡ قُلُوبُهُمۡ فِي غَمۡرَةٍ مِّنۡ هَٰذَا وَلَهُمۡ أَعۡمَٰلٌ مِّن دُونِ ذَٰلِكَ هُمۡ لَهَا عَٰمِلُونَ ٦٣ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့၏စိတ်နှလုံးများသည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်ထဲရှိ လမ်းမှန်ညွှန်ကြား ပြသချက်များ)မှ အသိမရှိဘဲ မိုက်မဲသော(ရှိရ်က်)ထဲတွင်ပင် နစ်မွန်းနေကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့တွင် ထို(ရှိရ်က်)မှလွဲ၍ သူတို့ပြုလုပ်နေကြသည့် အခြားလုပ်ရပ်(မကောင်းမှုများလည်း)ရှိကြသေးသည်။ حَتَّىٰٓ إِذَآ أَخَذۡنَا مُتۡرَفِيهِم بِٱلۡعَذَابِ إِذَا هُمۡ يَجۡـَٔرُونَ ٦٤နောက်ဆုံးတွင် ငါအရှင်မြတ်သည် သူတို့ထဲမှ စည်းစိမ်ရှင်များကို ပြစ်ဒဏ်နှင့် ဖမ်းဆီးကွပ်မျက်တော်မူသောအခါ သူတို့သည် ရုတ်တရက် အော်ဟစ် ငိုကြွေးကြသည်။ لَا تَجۡـَٔرُواْ ٱلۡيَوۡمَۖ إِنَّكُم مِّنَّا لَا تُنصَرُونَ ٦٥(အရှင်မြတ်ဘက်မှ အမိန့်ရှိသည်) အသင်တို့သည် ယနေ့တွင် အော်ဟစ်ငိုကြွေးပြီး အသနားခံမှုကို မပြုလုပ်ကြနှင့်၊ (ယနေ့မူ အသင်တို့သည် မည်မျှပင် အော်သည်ဖြစ်စေ) အမှန်ပင် အသင်တို့သည် ငါအရှင်မြတ်ထံတော်မှ မည်သည့် အကူအညီမှ ရမည်မဟုတ်တော့ပေ။ قَدۡ كَانَتۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ تَنكِصُونَ ٦٦အမှန်စင်စစ် ငါအရှင်မြတ်၏အာယသ်တော်များသည် အသင်တို့၏ရှေ့တွင် ဖတ်ကြားခြင်း ခံခဲ့ကြရသည်။ ထိုအခါ အသင်တို့သည် အသင်တို့၏ခြေဖနောင့်များဘက်သို့ ပြန်လှည့်ဆုတ်ခွာခဲ့ကြသည်။ مُسۡتَكۡبِرِينَ بِهِۦ سَٰمِرًا تَهۡجُرُونَ ٦٧မာနထောင်မောက်မာကြလျက်၊ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်ပတ်သက်၍ ညအချိန်များတွင် (လူစု၍) အကျိုးမဲ့စကားများ ပြောဆိုကြသည်။ أَفَلَمۡ يَدَّبَّرُواْ ٱلۡقَوۡلَ أَمۡ جَآءَهُم مَّا لَمۡ يَأۡتِ ءَابَآءَهُمُ ٱلۡأَوَّلِينَ ٦٨သို့ဖြစ်ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကလာမ် စကားတော်ကို စဉ်းစားဆင်ခြင်ခြင်း မပြုခဲ့ကြသလော။ သို့မဟုတ် သူတို့၏ ပထမဆုံးသူများဖြစ်သော အဘ၊ ဘိုး၊ ဘေးများထံသို့ မရောက်လာဖူးသည့်အရာသည် (ယခု) သူတို့ထံသို့ ရောက်လာခဲ့သလော။ أَمۡ لَمۡ يَعۡرِفُواْ رَسُولَهُمۡ فَهُمۡ لَهُۥ مُنكِرُونَ ٦٩သို့မဟုတ် သူတို့သည် သူတို့(ထံသို့ ရောက်လာသော) တမန်တော်ကို မသိခဲ့ကြသည့်အတွက် ငြင်းပယ်ခဲ့ကြသလော။ أَمۡ يَقُولُونَ بِهِۦ جِنَّةُۢۚ بَلۡ جَآءَهُم بِٱلۡحَقِّ وَأَكۡثَرُهُمۡ لِلۡحَقِّ كَٰرِهُونَ ٧٠သို့မဟုတ် သူတို့သည် ထိုတမန်တော်၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆိုကြသလော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ထိုတမန်တော်သည် သူတို့ထံသို့ အမှန်တရား ယူဆောင်လာခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် အမှန်တရားကို မလိုလားသည့်သူများပင် ဖြစ်ကြသည်။ وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ ٧١ထို့ပြင် အကယ်၍ အမှန်တရား(အလ္လာဟ်အရှင်မြတ်)သည် သူတို့၏အလိုဆန္ဒများကို လိုက်နာခဲ့လျှင်၊ မိုးကောင်းကင်များနှင့်၊ မြေပထဝီအပြင်၊ ထိုမိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသည့်သူများလည်း အမှန်ပင် ပျက်စီးသွားခဲ့ကြလိမ့်မည်။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထံသို့ သူတို့အတွက် ဆုံးမဩဝါဒကို ပို့ဆောင်တော်မူခဲ့ခြင်းသာဖြစ်သည်။ ထို့နောက် သူတို့သည် သူတို့အတွက်ဖြစ်သော ဆုံးမဩဝါဒကိုပင် မျက်နှာလွှဲခဲ့ကြသည်။ أَمۡ تَسۡـَٔلُهُمۡ خَرۡجًا فَخَرَاجُ رَبِّكَ خَيۡرٌۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ ٧٢သို့မဟုတ် (သူတို့ငြင်းပယ်ကြခြင်းသည်) အသင်က သူတို့ထံတွင် အဖိုးအခတစ်စုံတစ်ရာ တောင်းဆိုသည့်အတွက်ကြောင့်လော။ (ဤသည်လည်း မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က အသင့်အား ပေးထားသောအဖိုးအခသည် များစွာ ပိုကောင်းသည်။ ထို့ပြင် အရှင်မြတ်သည် ရိက္ခာပေးသူများထဲတွင် အကောင်းဆုံး အရှင်မြတ်ပင် ဖြစ်သည်။ وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٧٣ထို့ပြင် အမှန်စင်စစ် အသင်သည် သူတို့အား ဖြောင့်မတ်မှန်ကန်သော လမ်းဘက်သို့ အမှန်ပင် ဖိတ်ခေါ်လျက်ရှိသည်။ وَإِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ عَنِ ٱلصِّرَٰطِ لَنَٰكِبُونَ ٧٤ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများသည် ထို(ဖြောင့်မတ်သည့်)လမ်းမှ လွှဲဖယ်သူများပင်ဖြစ်ကြသည်။ ۞ وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرٍّ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ٧٥ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အပေါ်တွင် သနားကြင်နာခဲ့ပြီး ငါအရှင်မြတ်သည် သူတို့အပေါ်တွင် ကျရောက်နေသော ဒုက္ခကို ဖယ်ရှားပေးတော်မူခဲ့လျှင်၊ သူတို့သည် သူတို့၏လမ်းမှားမှု၌ပင် တဝဲလည်လည်ဖြစ်ပြီး ခေါင်းမာမြဲ ခေါင်းမာနေကြဦးမည်မှာ အမှန်ပင်ဖြစ်သည်။ وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ ٧٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်နှင့် ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ ထို့နောက်လည်း သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့၌ ကျိုးနွံလာခဲ့ခြင်း မရှိပေ။ ထို့ပြင် တောင်းပန်အသနားခံခြင်းလည်း မရှိပေ။ حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ ٧٧နောက်ဆုံးတွင် ငါအရှင်မြတ်က သူတို့အပေါ်တွင် ပြင်းထန်သော အပြစ်ဒဏ်၏တံခါးကို ဖွင့်လိုက်သည့်အခါတွင်မူ သူတို့သည် ၎င်း(ပြစ်ဒဏ်)ထဲတွင် ချက်ချင်း မျှော်လင့်ချက် ကင်းသွားကြမည်ဖြစ်သည်။ وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلًا مَّا تَشۡكُرُونَ ٧٨ထို့ပြင် အရှင်မြတ်ကပင် အသင်တို့အတွက် နားများ၊ မျက်စိများ၊ စိတ်နှလုံးများကို ဖန်ဆင်းတော်မူခဲ့သည်။ (သို့ရာတွင်) အသင်တို့သည် အနည်းငယ်သာ ကျေးဇူးသိတတ်ကြသည်။ وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ٧٩ထို့ပြင် အရှင်မြတ်ကပင် အသင်တို့ကို မြေပထဝီတွင် ဖန်ဆင်းပြီး ပျံ့နှံ့စေတော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံတော်သို့ပင် စုရုံးကြရမည်ဖြစ်သည်။ وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ ٨٠ထို့ပြင် အရှင်မြတ်ကပင် ရှင်စေတော်မူသည်၊ ထို့ပြင် သေစေတော်မူသည်၊ ထို့ပြင် ညနှင့်နေ့၏ အပြောင်းအလဲသည်လည်း အရှင်မြတ်(၏ ပိုင်ဆိုင်မှုထဲ)၌ပင် ရှိသည်။ သို့ဖြစ်ပါလျက် အသင်တို့သည် အသိဉာဏ်နှင့် စဉ်းစားဆင်ခြင်မှု မပြုကြလေသလော။ بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ ٨١ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည် ယခင်ကသူများ ပြောဆိုခဲ့ကြသကဲ့သို့ ပြောဆိုကြခြင်းဖြစ်သည်။ قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ٨٢ထိုသူများက ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် သေပြီးနောက် မြေကြီးဖြစ်ပြီး အရိုးများပင်ကျန်သည့်အခါ ကျွန်ုပ်တို့သည် အမှန်ပင် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။ لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ٨٣စင်စစ် ဤသည်ကို ကျွန်ုပ်တို့နှင့်၊ ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်း ယခင်ကတည်းက ကတိပေးချိန်းဆိုခြင်းကို ခံခဲ့ကြရပြီးဖြစ်သည်။ ဤသည် ရှေးလူများ၏ပုံပြင်ပင် ဖြစ်သည်။ قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ ٨٤(အို- တမန်တော်)အသင် ပြောလိုက်ပါ- မြေပထဝီနှင့် ၎င်းထဲတွင်ရှိသူများကို မည်သူ စိုုးပိုင်သနည်းဆိုသည်ကို အသင်တို့သိကြလျှင် (ငါ့အား ပြောပြကြပါ)။ سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ ٨٥သူတို့က ပြောဆိုကြလိမ့်မည်- အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သို့ဖြစ်လျှင် အဘယ့်ကြောင့် အသင်တို့ သတိတရားမရကြသနည်း။ قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ ٨٦(အို- တမန်တော်)အသင်ပြောလိုက်ပါ- မိုးခုနစ်ထပ်ကို စိုးပိုင်တော်မူသောအရှင်နှင့် အလွန်ကြီးကျယ်မြင့်မြတ်သော အရ်ရှ်ပလ္လင်တော်ကို စိုုးပိုင်တော်မူသောအရှင်သည် မည်သူနည်း။ سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ ٨٧သူတို့က ပြောကြလိမ်မည်- ဤအရာများကိုလည်း အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သို့ဖြစ်လျှင် အဘယ့်ကြောင့် အသင်တို့သည် (ထိုအရှင်ကို) မကြောက်ကြသနည်း။ قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ ٨٨(အို- တမန်တော်)အသင်ပြောလိုက်ပါ- ထိုအရှင်သည် မည်သူနည်း၊ အရာအားလုံး၏ စိုးပိုင်ခွင့်သည် ထိုအရှင်၏လက်ထဲ၌ပင် ရှိသည်။ ထို့ပြင် ထိုအရှင်သည် ကာကွယ်စောင့်ရှောက်တော်မူသည်။ ထို့ပြင် ထိုအရှင်နှင့် ဆန့်ကျင်ပြီး မည်သူမျှ ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိပေ။ အကယ်၍ အသင်တို့သိကြလျှင် (ထိုအရှင်သည် မည်သူနည်းဆိုသည်ကို ငါ့အား ပြောပြကြပါ)။ سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ ٨٩သူတိုုု့က ပြောကြလိမ့်မည်- ထိုအရာများသည်လည်း အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သို့ဖြစ်လျှင် အသင်တို့သည် မည်သို့ စုန်းပြုစားခြင်း(လှည့်စားမှု)ကို ခံလိုက်ရသနည်း။ بَلۡ أَتَيۡنَٰهُم بِٱلۡحَقِّ وَإِنَّهُمۡ لَكَٰذِبُونَ ٩٠ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထံသို့ အမှန်တရား ပို့ဆောင်တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမှန်ပင် သူတို့သည် မုသားလိမ်လည်ပြောသည့်သူများပင် ဖြစ်ကြသည်။ مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٍ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذًا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٍۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ ٩١အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ မည်သူ့ကိုမှ ရွေးချယ်ပြုလုပ်တော်မမူပေ။ ထို့ပြင် အရှင်မြတ်နှင့်အတူ ကိုးကွယ်ထိုက်သူဟူ၍လည်း မည်သူမျှ မရှိပေ။* ထိုသို့ရှိခဲ့လျှင် ကိုကွယ်ရာတိုင်းသည် သူဖန်ဆင်းထားသည့်အရာများကို အမှန်ပင် ခေါ်ဆောင်ထွက်ခွာသွားခဲ့မည်သာမက ထိုကိုးကွယ်ထိုက်သူများထဲမှ တစ်ဦးသည် တစ်ဦးအပေါ်တွင် အမှန်ပင်(တိုက်ခိုက်)လွှမ်းမိုးခဲ့မည်ဖြစ်သည်။ (ထိုသို့ ကိုးကွယ်ထိုက်သူ အခြားတစ်ဦးမှမရှိခဲ့သည့်အတွက် အရှင်မြတ်တစ်ပါးတည်းပင် အမြဲတည်ရှိနေခြင်းဖြစ်သည်။) အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံစွပ်စွဲပြောဆိုကြသည့်အရာများမှ လုံးဝ စင်ကြယ်တော်မူသည်။ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ٩٢မျက်ကွယ်တွင် ရှိသည်များနှင့် မျက်မှောက်တွင်ရှိသည်များကို အလွန်သိတော်မူသော အရှင်ဖြစ်သည့်အတွက် အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များထက် အလွန်မြင့်မားတော်မူလှသည်။ قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ ٩٣(အို- တမန်တော်)အသင်သည် (ဤသို့)ပြောဆိုလျှောက်ထားပါ- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ထိုသူများ ခြိမ်းခြောက်ခံထားရသော (ပြစ်ဒဏ်)ကို ကျွန်ုပ်အား ပြသတော်မူပါလျှင်၊ رَبِّ فَلَا تَجۡعَلۡنِي فِي ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٩٤အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား မတရားကျူးလွန်သော အမျိုးသားများထဲတွင် ပါဝင်စေတော်မမူပါနှင့်။ وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمۡ لَقَٰدِرُونَ ٩٥ထို့ပြင် စင်စစ် ငါအရှင်မြတ်သည် သူတို့အား ချိန်းဆိုထားသော(ပြစ်ဒဏ်)ကို အသင့်အား ပြသတော်မူရန် တတ်စွမ်းနိုင်တော်မူသောအရှင် အမှန်ပင်ဖြစ်တော်မူသည်။ ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ ٱلسَّيِّئَةَۚ نَحۡنُ أَعۡلَمُ بِمَا يَصِفُونَ ٩٦အသင်သည် ဆိုးရွားမှုကို အကောင်းဆုံးနည်းဖြင့် တွန်းလှန်ပါ။* ငါအရှင်မြတ်သည် လုပ်ကြံစွပ်စွဲ ပြောဆိုသည်များကို အသိဆုံးအရှင်ဖြစ်တော်မူသည်။ وَقُل رَّبِّ أَعُوذُ بِكَ مِنۡ هَمَزَٰتِ ٱلشَّيَٰطِينِ ٩٧ထို့ပြင် (အို- တမန်တော်)အသင်သည် (ဤသို့)ပြောဆိုလျှောက်ထားပါ- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်သည် ရှိုင်သွာန်၏တိုက်တွန်းနှိုးဆော်ချက်များမှ (လွတ်ကင်းရန်) အရှင်မြတ်ထံတွင် ခိုလှုံပါသည်။ وَأَعُوذُ بِكَ رَبِّ أَن يَحۡضُرُونِ ٩٨ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ သူတို့ ရောက်ရှိမလာနိုင်ကြအောင်လည်း ရှင်မြတ်ထံတော်တွင် ခိုလှုံပါသည်။ حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ رَبِّ ٱرۡجِعُونِ ٩٩နောက်ဆုံးတွင် သူတို့(ကာဖိရ်)များထဲမှ တစ်ဦးဦးထံသို့ သေခြင်းရောက်လာသည့်အခါ ထိုသူသည် (ဤသို့) ပြောဆိုသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ပြန်လွှတ်တော်မူပါ။ لَعَلِّيٓ أَعۡمَلُ صَٰلِحًا فِيمَا تَرَكۡتُۚ كـَلَّآۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَاۖ وَمِن وَرَآئِهِم بَرۡزَخٌ إِلَىٰ يَوۡمِ يُبۡعَثُونَ ١٠٠ကျွန်ုပ်သည် ကျွန်ုပ်စွန့်လွှတ်ခဲ့သော (လောကကို ပြန်သွား၍) ကောင်းမြတ်သောလုပ်ရပ်ကို ပြုလုပ်နိုင်ရန်အတွက် (ဖြစ်ပါသည်)၊ လုံးဝမဖြစ်နိုင်ပေ။ အမှန်စင်စစ် ဤသည် သူပြောလိုက်သော စကားတစ်ခွန်းသာဖြစ်သည်။ ထို့ပြင် သူတို့နောက်တွင် သူတို့ ရှင်ပြန်ထရမည့်နေ့အထိ အကာအဆီးတစ်ခု ရှိနေပြီဖြစ်သည်။ فَإِذَا نُفِخَ فِي ٱلصُّورِ فَلَآ أَنسَابَ بَيۡنَهُمۡ يَوۡمَئِذٍ وَلَا يَتَسَآءَلُونَ ١٠١ထို့နောက် တံပိုးမှုတ်သည့်အခါ ထိုနေ့တွင် သူတို့အချင်းချင်း သွေးသားတော်စပ်မှုများလည်း ရှိမည်မဟုတ်တော့ပေ။ ထို့ပြင် အချင်းချင်း တစ်ဦးကိုတစ်ဦး မေးမြန်းကြမည်လည်း မဟုတ်တော့ပေ။ فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ١٠٢ထို့နောက် အကြင်သူ၏(ကောင်းမှုသည်)အလေးချိန်စီးခဲ့လျှင် ထိုသူများပင် အောင်မြင်မှု ရရှိသူများဖြစ်ကြမည်။ وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فِي جَهَنَّمَ خَٰلِدُونَ ١٠٣ထို့ပြင် အကြင်သူ၏(ကောင်းမှု၏)အလေးချိန်သည်ပေါ့နေခဲ့လျှင် ထိုသူများပင် သူတို့ကိုယ်ကိုသူတို့ ဆုံးရှုံးအောင်ပြုလုပ်သူများဖြစ်ကြသည်။ (သူတို့သည်) ဂျဟန္နမ်ငရဲဘုံတွင် အမြဲနေကြရမည်။ تَلۡفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمۡ فِيهَا كَٰلِحُونَ ١٠٤ငရဲမီးသည် သူတို့၏မျက်နှာများကို လောင်ကျွမ်းနေလိမ့်မည်။ ထို့ပြင် သူတို့သည် ထိုငရဲဘုံတွင် ရုပ်ဆင်းသဏ္ဍာန်များ ပျက်နေကြမည်ဖြစ်သည်။ أَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُم بِهَا تُكَذِّبُونَ ١٠٥(အရှင်မြတ်က မိန့်ကြားတော်မူမည်)။ ငါအရှင်မြတ်၏အာယသ်တော်များသည် အသင်တို့ရှေ့မှောက်တွင် ဖတ်ကြားခြင်းခံခဲ့ရသည့်အခါ၊ အသင်တို့သည် ထိုအာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်လေ့ရှိခဲ့ကြသည်မဟုတ်လော။ قَالُواْ رَبَّنَا غَلَبَتۡ عَلَيۡنَا شِقۡوَتُنَا وَكُنَّا قَوۡمًا ضَآلِّينَ ١٠٦သူတို့က ပြောဆိုလျှောက်ထားကြမည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏နဖူးစာဆိုးမှုသည် ကျွန်ုပ်တို့အပေါ်တွင် လွှမ်းမိုးဖိစီးခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် လမ်းမှားသူများလည်း ဖြစ်ခဲ့ကြပါသည်။ رَبَّنَآ أَخۡرِجۡنَا مِنۡهَا فَإِنۡ عُدۡنَا فَإِنَّا ظَٰلِمُونَ ١٠٧အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ငရဲဘုံမှ ထုတ်ယူတော်မူပါ။ ထို့နောက် အကယ်၍ ကျွန်ုပ်တို့သည် (ဤသို့ပင်)ထပ်၍ ပြုလုပ်ခဲ့ကြလျှင်၊ ကျွန်ုပ်တို့သည် အမှန်ပင် ပြစ်မှုကျူးလွန်သူများ ဖြစ်ကြပါလိမ့်မည်။ قَالَ ٱخۡسَـُٔواْ فِيهَا وَلَا تُكَلِّمُونِ ١٠٨အရှင်မြတ်က မိန့်ကြားတော်မူမည်- အသင်တို့သည် ထိုငရဲဘုံတွင် သေးသိမ်မှုနှင့် မောင်းထုတ်ခံရသူများအဖြစ် ရှိနေကြပေတော့။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်နှင့် စကားမပြောကြနှင့်တော့။ إِنَّهُۥ كَانَ فَرِيقٌ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّٰحِمِينَ ١٠٩အမှန်စင်စစ် ငါအရှင်မြတ်၏ကျွန်များထဲတွင် လူတစ်စုရှိခဲ့သည်။ သူတို့သည် (ဤသို့)ပြောဆို လျှောက်ထားနေခဲ့ကြသည်။ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနားကြင်နာတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူအားလုံးထက် သာပို(အကောင်းဆုံး) သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပါသည်။ فَٱتَّخَذۡتُمُوهُمۡ سِخۡرِيًّا حَتَّىٰٓ أَنسَوۡكُمۡ ذِكۡرِي وَكُنتُم مِّنۡهُمۡ تَضۡحَكُونَ ١١٠သို့ဖြစ်ရာ အသင်တို့သည် သူတို့အား ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့(အား အသင်တို့၏ပြောင်လှောင်မှု)သည် အသင်တို့အား ငါအရှင်မြတ်၏သတိရခြင်းမှ မေ့ပျောက်စေခဲ့သည်။ ထို့ပြင် အသင်တို့သည် သူတို့အပေါ်တွင် ရယ်မောနေခဲ့ကြသည်။ إِنِّي جَزَيۡتُهُمُ ٱلۡيَوۡمَ بِمَا صَبَرُوٓاْ أَنَّهُمۡ هُمُ ٱلۡفَآئِزُونَ ١١١ယနေ့မူ အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏သည်းခံမှုကြောင့် ကောင်းကျိုးကို ပေးသနားတော်မူလိုက်ပြီဖြစ်သည်။ အမှန်စင်စစ် သူတို့ပင် အောင်မြင်သည့်သူများဖြစ်ကြသည်။ قَٰلَ كَمۡ لَبِثۡتُمۡ فِي ٱلۡأَرۡضِ عَدَدَ سِنِينَ ١١٢အရှင်မြတ်သည် (သူတို့အား)မိန့်ကြားတော်မူမည်- အသင်တို့သည် ကမာ္ဘမြေတွင် ရေတွက်ရသည့်နှစ်ကာလအနေဖြင့် မည်မျှကြာရှည်စွာ နေခဲ့ကြသနည်း။ قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٍ فَسۡـَٔلِ ٱلۡعَآدِّينَ ١١٣သူတို့က ပြောဆိုလျှောက်ထားကြမည်- ကျွန်ုပ်တို့သည် တစ်နေ့ သို့မဟုတ် တစ်နေ့လျော့လျော့ နေခဲ့ကြပါသည်။* သို့ဖြစ်ရာ အရှင်မြတ်သည် ရေတွက်သူ(များဖြစ်ကြသော ကောင်းကင်တမန်)များအား မေးမြန်းကြည့်တော်မူပါ။ قَٰلَ إِن لَّبِثۡتُمۡ إِلَّا قَلِيلًاۖ لَّوۡ أَنَّكُمۡ كُنتُمۡ تَعۡلَمُونَ ١١٤အရှင်မြတ်က မိန့်ကြားတော်မူမည်- အသင်တို့သည် (ကမာ္ဘမြေတွင်) အနည်းငယ်သာ ကြာညောင်းခဲ့ကြသည်။ အကယ်၍ အသင်တို့သည် (ဤသည်ကို ယခင်က)သိရှိခဲ့ကြလျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။ أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثًا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ ١١٥အသင်တို့သည် အသင်တို့အား ငါအရှင်မြတ်က အကျိုးမဲ့ဖန်ဆင်းတော်မူခဲ့သည်ဟု၊ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိကြမည်မဟုတ်ပေဟု ထင်မှတ်ခဲ့ကြသလော။ فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۖ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡكَرِيمِ ١١٦ထို့ပြင် ဘုရင်မင်းမြတ်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် (ထိုသို့ အကျိုးမဲ့ပြုလုပ်တော်မူသည်များထက်) အလွန်မြင့်မားလှတော်မူသည်။ အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ (အရှင်မြတ်သည်) မြင့်မြတ်လှသော အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَمَن يَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَا بُرۡهَٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ ١١٧ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ မည်သည့်အထောက်အထားမှ မရှိဘဲ အခြားကိုးကွယ်ရာတစ်စုံတစ်ခုကို ဟစ်ခေါ်ကိုးကွယ်လျှင်၊ ထိုသူ့ကို စစ်ဆေးရန်အတွက် သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်၌သာ ရှိသည်။ အမှန်စင်စစ် ငြင်းပယ်သူများသည် အောင်မြင်မည် မဟုတ်ပေ။ وَقُل رَّبِّ ٱغۡفِرۡ وَٱرۡحَمۡ وَأَنتَ خَيۡرُ ٱلرَّٰحِمِينَ ١١٨(အို- တမန်တော်)အသင်သည် (ဤသို့)ပြောဆိုလျှောက်ထားပါ- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် (ကျွန်ုပ်တို့၏အပြစ်များကို)ခွင့်လွှတ်တော်မူပါ။ ထို့ပြင် သနားကြင်နာတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူအားလုံးထက် ပိုမို သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသည်။