بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ عَدُوِّي وَعَدُوَّكُمۡ أَوۡلِيَآءَ تُلۡقُونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَقَدۡ كَفَرُواْ بِمَا جَآءَكُم مِّنَ ٱلۡحَقِّ يُخۡرِجُونَ ٱلرَّسُولَ وَإِيَّاكُمۡ أَن تُؤۡمِنُواْ بِٱللَّهِ رَبِّكُمۡ إِن كُنتُمۡ خَرَجۡتُمۡ جِهَٰدًا فِي سَبِيلِي وَٱبۡتِغَآءَ مَرۡضَاتِيۚ تُسِرُّونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَأَنَا۠ أَعۡلَمُ بِمَآ أَخۡفَيۡتُمۡ وَمَآ أَعۡلَنتُمۡۚ وَمَن يَفۡعَلۡهُ مِنكُمۡ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ ١အို-အီမာန် ယုံကြည်သူအပေါင်းတို့ ၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏ လမ်းတော်တွင် ဂျိဟာဒ်ပြုလုပ်ရန်နှင့် ငါအရှင်မြတ်၏ကျေနပ်မှုကိုရှာဖွေရန်ထွက်ခဲ့ကြသည် ဆိုလျှင် အသင်တို့သည် ငါအရှင်မြတ်၏ရန်သူနှင့် အသင်တို့၏ရန်သူကို မိတ်ဆွေအဖြစ်မပြုလုပ်ကြနှင့်။ အသင်တို့သည် ချစ်ခင်မှုကြောင့် သူတို့ထံသို့ လျှို့ဝှက်(သတင်းကို)ပို့ကြ သည်။ အမှန်စင်စစ်သူတို့သည် အသင်တို့ထံရောက်လာသော အမှန်တရားကို ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် တမန်တော်ကိုလည်းနှင်ထုတ်ကြသည်။ ထို့ပြင် အသင်တို့သည် အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အားယုံကြည်ခဲ့ကြသည့်အတွက် သူတို့သည် အသင်တို့အား နှင်ထုတ်ကြခြင်းဖြစ်သည်။ အသင်တို့သည် ချစ်ခင် မှုကြောင့် သူတို့ထံသို့ လျှို့ဝှက်(သတင်းကို)ပို့ဆောင်ကြသော်လည်း ငါအရှင်မြတ်ကမူ အသင်တို့လျှို့ဝှက်သမျှနှင့် အသင်တို့ ထင်ရှားစေကြသည်များကို အသိဆုံးဖြစ်တော်မူသည်။ ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို ထိုလျှို့ဝှက်သတင်းပို့ဆောင်ခြင်းကို ကျူးလွန်လျှင် ထိုသူသည် အမှန်စင်စစ် ဖြောင့်မတ်သည့်လမ်းစဉ်မှ လွဲချော်သွားခဲ့ပြီဖြစ်သည်။###၁ إِن يَثۡقَفُوكُمۡ يَكُونُواْ لَكُمۡ أَعۡدَآءً وَيَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ وَأَلۡسِنَتَهُم بِٱلسُّوٓءِ وَوَدُّواْ لَوۡ تَكۡفُرُونَ ٢အကယ်၍ သူတို့သည် အသင်တို့အပေါ်တွင် အရေးသာခဲ့ကြလျှင် အသင်တို့၏ ရန်သူဖြစ်ကြောင်းကိုပင် ပေါ်လွင်စေကြမည့်အပြင် သူတို့၏လက်များနှင့် သူတို့၏နှုတ်များ ဖြင့် အသင်တို့အား ဒုက္ခပေးကြမည်ပင်ဖြစ်သည်။ ထို့ပြင် သူတို့သည် အသင်တို့ ကာဖိရ်ပြန်ဖြစ်ရန်ကိုပင် လိုလားတောင့်တကြသည်။ لَن تَنفَعَكُمۡ أَرۡحَامُكُمۡ وَلَآ أَوۡلَٰدُكُمۡۚ يَوۡمَ ٱلۡقِيَٰمَةِ يَفۡصِلُ بَيۡنَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ ٣အသင်တို့၏ ဆွေမျိုးနီးစပ်မှုများနှင့် အသင်တို့၏ သားသမီးများသည်ကိယာမသ်နေ့တွင် အသင်တို့အားလုံးဝ အကျိုးပေးကြမည်မဟုတ်ပေ။ အရှင်မြတ်သည် အသင်တို့ အကြားတွင် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ ထို့ပြင်အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်များကို အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။ قَدۡ كَانَتۡ لَكُمۡ أُسۡوَةٌ حَسَنَةٌ فِيٓ إِبۡرَٰهِيمَ وَٱلَّذِينَ مَعَهُۥٓ إِذۡ قَالُواْ لِقَوۡمِهِمۡ إِنَّا بُرَءَٰٓؤُاْ مِنكُمۡ وَمِمَّا تَعۡبُدُونَ مِن دُونِ ٱللَّهِ كَفَرۡنَا بِكُمۡ وَبَدَا بَيۡنَنَا وَبَيۡنَكُمُ ٱلۡعَدَٰوَةُ وَٱلۡبَغۡضَآءُ أَبَدًا حَتَّىٰ تُؤۡمِنُواْ بِٱللَّهِ وَحۡدَهُۥٓ إِلَّا قَوۡلَ إِبۡرَٰهِيمَ لِأَبِيهِ لَأَسۡتَغۡفِرَنَّ لَكَ وَمَآ أَمۡلِكُ لَكَ مِنَ ٱللَّهِ مِن شَيۡءٍۖ رَّبَّنَا عَلَيۡكَ تَوَكَّلۡنَا وَإِلَيۡكَ أَنَبۡنَا وَإِلَيۡكَ ٱلۡمَصِيرُ ٤အမှန်စင်စစ်အသင်တို့အတွက် (တမန်တော်)အိဗ်ရာဟီမ်နှင့်တကွ ၎င်းနှင့် အတူရှိခဲ့သည့်သူများတွင် ကောင်းမြတ်သော စံနမူနာများရှိသည်။ တစ်ခါက ၎င်းတို့သည် ၎င်းတို့၏ အမျိုးသားများအား (ဤသို့)ပြောဆိုခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့သာမက အလ္လာဟ် အရှင်မြတ်မှလွဲ၍ အသင်တို့ကိုးကွယ်ကြသည့်အရာများနှင့်လည်းမသက်ဆိုင်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီဖြစ်သည်။ အသင်တို့သည် တစ်ပါးတည်းဖြစ်သော အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သမျှကျွန်ုပ်တို့နှင့် အသင်တို့၏ အကြားတွင် ရန်ငြိုးနှင့် မုန်းတီးမှုသည် အမြဲမပြတ် ဖြစ်ပေါ်လျက်ရှိနေမည်ဖြစ်သည်။ ###၂ သို့ရာတွင်(တမန်တော်)အိဗ်ရာဟီမ်သည် ၎င်း၏ဖခင်အား“အမှန်စင်စစ် ကျွန်ုပ်သည်အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ရှေ့တွင် အသင်နှင့် ပတ်သက်၍ ကျွန်ုပ်သည် မည်သည့်အရာတစ်ခုမျှ အခွင့်အာဏာမရှိပေ” ဟု (တမန်တော်)အိဗ်ရာဟီမ်၏ ပြောဆို(ကတိပြု)ခြင်းမှလွဲ၍(စံနမူနာဖြစ်သည်)။ အို-ကျွန်ုပ်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ကျွန်ုပ်တို့သည် အရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ကြပြီဖြစ်သည့်အပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ဘက်သို့ပင် ပြန်လှည့်ကြပြီးဖြစ်ပါသည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရာစခန်းသည် အရှင်မြတ်ထံတော်၌သာ ဖြစ်ပါသည်။ رَبَّنَا لَا تَجۡعَلۡنَا فِتۡنَةً لِّلَّذِينَ كَفَرُواْ وَٱغۡفِرۡ لَنَا رَبَّنَآۖ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٥အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကာဖိရ် ငြင်းပယ်သူများ၏ ဖိစီးနှိပ်စက်မှုခံကြရသူများအဖြစ် ပြုလုပ်တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် အရှင်မြတ်ပင်တန်ခိုးတော် နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။###၃ لَقَدۡ كَانَ لَكُمۡ فِيهِمۡ أُسۡوَةٌ حَسَنَةٌ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَۚ وَمَن يَتَوَلَّ فَإِنَّ ٱللَّهَ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ٦အမှန်စင်စစ် အသင်တို့အတွက် ထိုသူများတွင် ကောင်းမြတ်သော စံနမူနာရှိသည်။ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သောသူအတွက်လည်း (စံနမူနာရှိသည်)။ ထို့နောက် မည်သူမဆို မျက်နှာလွှဲပြီး ထွက်သွားလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ကမူ လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင်ဖြစ်တော်မူသည်။ ۞ عَسَى ٱللَّهُ أَن يَجۡعَلَ بَيۡنَكُمۡ وَبَيۡنَ ٱلَّذِينَ عَادَيۡتُم مِّنۡهُم مَّوَدَّةًۚ وَٱللَّهُ قَدِيرٌۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٧အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့် အသင်တို့၏ ရန်ဘက်များဖြစ်ကြသည့်သူများ၏ကြားတွင် မကြာမီ ချစ်ခင်မှုကို စီမံဖန်တီးပေးတော်မူမည်ဖြစ်သည်။###၄ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာကို အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ لَّا يَنۡهَىٰكُمُ ٱللَّهُ عَنِ ٱلَّذِينَ لَمۡ يُقَٰتِلُوكُمۡ فِي ٱلدِّينِ وَلَمۡ يُخۡرِجُوكُم مِّن دِيَٰرِكُمۡ أَن تَبَرُّوهُمۡ وَتُقۡسِطُوٓاْ إِلَيۡهِمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ ٨အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သာသနာနှင့်ပတ်သက်၍ တိုက်ခိုက်ခြင်း မပြုလုပ်ကြသည့်အပြင် အသင်တို့ကို အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ခြင်းလည်း မရှိကြသောသူများအား ကျေးဇူးပြုခြင်း၊ မျှတစွာဆက်ဆံခြင်းများမှ မတားမြစ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူများကို ချစ်ခင်နှစ်သက်တော်မူသည်။ إِنَّمَا يَنۡهَىٰكُمُ ٱللَّهُ عَنِ ٱلَّذِينَ قَٰتَلُوكُمۡ فِي ٱلدِّينِ وَأَخۡرَجُوكُم مِّن دِيَٰرِكُمۡ وَظَٰهَرُواْ عَلَىٰٓ إِخۡرَاجِكُمۡ أَن تَوَلَّوۡهُمۡۚ وَمَن يَتَوَلَّهُمۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ٩(အမှန်စင်စစ်)အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဤသူများ(နှင့် မိတ်ဆွေဖွဲ့ခြင်း)မှ တားမြစ်တော်မူခြင်းဖြစ်သည်။ ဤသူများသည် သာသနာနှင့် ပတ်သက်၍ အသင် တို့အား တိုက်ခိုက်ခဲ့ကြသည့်အပြင်အသင်တို့အား အသင်တို့၏ နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြသည်။ ထို့ပြင်အသင်တို့အား နှင်ထုတ်မှုနှင့်ပတ်သက်၍ (သူတစ်ပါးကိုလည်း) ရိုင်းပင်းကူညီခဲ့ကြသည်။ ထို့နောက် မည်သူမဆို သူတို့အား မိတ်ဆွေ ပြုလုပ်လျှင် ထိုသူများပင် မတရားသူများဖြစ်ကြသည်။###၅ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا جَآءَكُمُ ٱلۡمُؤۡمِنَٰتُ مُهَٰجِرَٰتٍ فَٱمۡتَحِنُوهُنَّۖ ٱللَّهُ أَعۡلَمُ بِإِيمَٰنِهِنَّۖ فَإِنۡ عَلِمۡتُمُوهُنَّ مُؤۡمِنَٰتٍ فَلَا تَرۡجِعُوهُنَّ إِلَى ٱلۡكُفَّارِۖ لَا هُنَّ حِلٌّ لَّهُمۡ وَلَا هُمۡ يَحِلُّونَ لَهُنَّۖ وَءَاتُوهُم مَّآ أَنفَقُواْۚ وَلَا جُنَاحَ عَلَيۡكُمۡ أَن تَنكِحُوهُنَّ إِذَآ ءَاتَيۡتُمُوهُنَّ أُجُورَهُنَّۚ وَلَا تُمۡسِكُواْ بِعِصَمِ ٱلۡكَوَافِرِ وَسۡـَٔلُواْ مَآ أَنفَقۡتُمۡ وَلۡيَسۡـَٔلُواْ مَآ أَنفَقُواْۚ ذَٰلِكُمۡ حُكۡمُ ٱللَّهِ يَحۡكُمُ بَيۡنَكُمۡۖ وَٱللَّهُ عَلِيمٌ حَكِيمٌ ١٠အို-အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထံသို့ အီမာန်ယုံကြည်သူ အမျိုးသမီးများသည် ရွှေ့ပြောင်းလာခဲ့ကြသောအခါ အသင်တို့သည် သူမတို့အား စမ်းသပ်စစ်ဆေး ကြပါ။ ###၆ လ္လာဟ်အရှင်မြတ်သည် သူမတို့၏အီမာန်ယုံကြည်မှုကိုအသိဆုံးဖြစ်တော်မူသည်။ သို့ဖြစ်ရာအကယ်၍အသင်တို့အနေနှင့် သူမတို့သည် အီမာန်ယုံကြည်သောအမျိုးသမီးများဖြစ်သည် ဆိုသည်ကို သိရှိခဲ့ကြသည့်အခါ အသင်တို့သည် သူမတို့အား ကာဖိရ်များထံ ပြန်မပို့ကြနှင့်။ သူမတို့သည်လည်း ထိုကာဖိရ် များအတွက် တရားမဝင် တော့ပေ။ ကာဖိရ်များကလည်း သူမတို့အတွက် တရားမဝင်တော့ပေ။ သို့ရာတွင် အသင်တို့သည် ထိုကာဖိရ်များကုန်ကျခံခဲ့သည်များကိုမူ ပေးဆပ်လိုက်ကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် သူမတို့အား သူမတို့၏ (လက်ထပ်ရန်သဘောတူထားသော)မဟရ်ပစ္စည်းများကို ပေးဆပ်ကြလျှင် သူမတို့နှင့် နိကာဟ် ထိမ်းမြားခြင်း၌ အသင်တို့အပေါ်မည်သည့်အပြစ်မျှမရှိပေ။ ###၇ ထို့ပြင် အသင်တို့သည် ကာဖိရ်မိန်းမများ၏ ဂုဏ်အသရေကို သိမ်းပိုက်မထားကြနှင့်။ ထို့ပြင် အသင်တို့သည်လည်း အသင်တို့ ကုန်ကျခံခဲ့ကြ သည်များကို (ထိုကာဖိရ်များထံမှ) တောင်းယူကြပါ။ သူတို့သည်လည်း သူတို့ ကုန်ကျခဲ့သည်များကို (အသင်တို့ထံမှ)တောင်းယူကြရမည်ဖြစ်သည်။ ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ စီရင်ပြဋ္ဌာန်းချက်ပင် ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့၏ ကြားတွင် စီရင်ပြဋ္ဌာန်းတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသော အရှင်၊ ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်။ وَإِن فَاتَكُمۡ شَيۡءٌ مِّنۡ أَزۡوَٰجِكُمۡ إِلَى ٱلۡكُفَّارِ فَعَاقَبۡتُمۡ فَـَٔاتُواْ ٱلَّذِينَ ذَهَبَتۡ أَزۡوَٰجُهُم مِّثۡلَ مَآ أَنفَقُواْۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ أَنتُم بِهِۦ مُؤۡمِنُونَ ١١ထို့ပြင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမများထဲမှ တစ်ဦးဦးသည် ကာဖိရ်များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့်ရောက်ခဲ့လျှင် (အသင်တို့တွင် စစ်တိုက်သည့် အခါ သုံ့ပန်းပစ္စည်းရခဲ့လျှင်၊ ထိုအထဲမှ) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသည့်သူများအား သူတို့အကုန်အကျခံခဲ့ကြသည့်(မဟရ်)နှင့်အညီအမျှ အသင်တို့ ပေးဆပ်ကြပါ။###၈ ထို့ပြင် အသင်တို့ယုံကြည်ကြသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ يَٰٓأَيُّهَا ٱلنَّبِيُّ إِذَا جَآءَكَ ٱلۡمُؤۡمِنَٰتُ يُبَايِعۡنَكَ عَلَىٰٓ أَن لَّا يُشۡرِكۡنَ بِٱللَّهِ شَيۡـًٔا وَلَا يَسۡرِقۡنَ وَلَا يَزۡنِينَ وَلَا يَقۡتُلۡنَ أَوۡلَٰدَهُنَّ وَلَا يَأۡتِينَ بِبُهۡتَٰنٍ يَفۡتَرِينَهُۥ بَيۡنَ أَيۡدِيهِنَّ وَأَرۡجُلِهِنَّ وَلَا يَعۡصِينَكَ فِي مَعۡرُوفٍ فَبَايِعۡهُنَّ وَٱسۡتَغۡفِرۡ لَهُنَّ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١٢အို-တမန်တော်၊ အီမာန် ယုံကြည်ကြသော အမျိုးသမီးများသည် အသင်၏ထံလာပြီး ဤအချက်များအပေါ်တွင် ဗိုင်အသ်သစ္စာဆိုလျှင် အသင်သည် သူမတို့၏ဗိုင်အသ်ပြုမှု ကို လက်ခံအတည်ပြုပေးလိုက်ပါ။ ထိုအရာများမှာ-သူမတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး မည်သူ့ကိုမျှ ကိုးကွယ်ကြမည်မဟုတ်ပါ၊ ခိုးဝှက်ကြမည်လည်းမဟုတ်ပါ၊ တရား မဝင်ကာမကျူးလွန်ကြမည်လည်းမဟုတ်ပါ၊ သူမတို့၏ သားသမီးများကိုလည်း သတ်ဖြတ်ကြမည် မဟုတ်ပါ၊ သူမတို့၏ လက်များနှင့်ခြေများအကြားတွင် မုသားလိမ်လည်စွပ်စွဲမှုကို လုပ်ကြံဖန်တီးပြီး ယူဆောင်လာကြမည်လည်းမဟုတ်ပါ၊ ကောင်းမြတ်သောအမှုကိစ္စတစ်စုံတစ်ခုနှင့်ပတ်သက်၍ အသင်(တမန်တော်)၏ အမိန့်ကို ဖီဆန်ကြမည်လည်း မဟုတ်ပါ (ဟု သူမတို့သည် သစ္စာဆိုကြသောအခါ အသင်လက်ခံဗိုင်အသ်ပြုလုပ်လိုက်ပါ)။ ထို့ပြင် အသင်(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သူမတို့အတွက်လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်းပန်ကြားပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ ###၉ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَوَلَّوۡاْ قَوۡمًا غَضِبَ ٱللَّهُ عَلَيۡهِمۡ قَدۡ يَئِسُواْ مِنَ ٱلۡأٓخِرَةِ كَمَا يَئِسَ ٱلۡكُفَّارُ مِنۡ أَصۡحَٰبِ ٱلۡقُبُورِ ١٣အို-အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော် ကျရောက်ခဲ့သည့်လူမျိုးအား မိတ်ဆွေမပြုလုပ်ကြနှင့်။###၁ဝ အမှန်စင်စစ်သူတို့သည် သချုႋင်းထဲတွင်ရှိကြသည့်သူ (ကာဖိရ်)များကဲ့သို့ (သချုႋင်းထဲရောက်သည့်အခါ ဒုက္ခကိုလက်တွေ့ခံစားရသည့်အခါ သူတို့အတွက် တမလွန်ဘဝ၏ဝေစုမရှိသည်ကိုသိပြီး မျှော်လင့်ချက်ကုန်ခန်းသွားသကဲ့သို့) အာခိရသ်တမလွန်ဘဝ (၏အကျိုးကျေးဇူးများ)ကို မျှော်လင့်ချက်ကင်းမဲ့လျက်ရှိကြသည်။