Millat al-Islam

Chapter 101 · 11 verses · Hashim Tin Myint

Surah Al-Qaria in Burmese

Arabic with tafsir Listen to Surah Al-Qaria (1290 reciters)

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

ٱلۡقَارِعَةُ ١တီး‌ခေါက်သတိ‌ပေးသည့်အရာ၊ ###၁ مَا ٱلۡقَارِعَةُ ٢ထိုတီး‌ခေါက်သတိ‌ပေးသည့်အရာသည် မည်သည့်အရာနည်း။ وَمَآ أَدۡرَىٰكَ مَا ٱلۡقَارِعَةُ ٣ထို့ပြင် ထိုတီး‌ခေါက်သည့်အရာသည် အဘယ်နည်းဆိုသည်ကို အသင် (တမန်‌တော်)သိပါ၏‌လော။ يَوۡمَ يَكُونُ ٱلنَّاسُ كَٱلۡفَرَاشِ ٱلۡمَبۡثُوثِ ٤ထို‌နေ့တွင် လူများသည်ပြန့်ကြဲ‌နေ‌သော ပိုးဖလံများကဲ့သို့ဖြစ်ကြမည်။ وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ ٱلۡمَنفُوشِ ٥ထို့ပြင် ‌တောင်များသည် ဖတ်ပြီး အ‌ရောင်ဆိုးထား‌သော သိုး‌မွေးကဲ့သို့ ဖြစ်ကြမည်။ فَأَمَّا مَن ثَقُلَتۡ مَوَٰزِينُهُۥ ٦ထို့ပြင်အကြင်သူ၏ ချိန်စက်ခြင်းခံရသည့်အရာ(‌ကောင်းမှု)များသည် (မ‌ကောင်းမှုများထက်)အချိန်စီးခဲ့လျှင်။ فَهُوَ فِي عِيشَةٍ رَّاضِيَةٍ ٧ထိုသူသည် စိတ်တိုင်းကျ စည်းစိမ်ထဲတွင် ရှိမည်။ وَأَمَّا مَنۡ خَفَّتۡ مَوَٰزِينُهُۥ ٨ထို့ပြင် အကြင်သူ၏ ချိန်စက်ခြင်းခံရ‌သောအရာ(‌ကောင်းမှု)များသည် ‌ပေါ့‌နေခဲ့လျှင်။ فَأُمُّهُۥ هَاوِيَةٌ ٩သူ၏‌နေထိုင်ရာဌာနသည်“ဟာဝိယဟ်”ပင်ဖြစ်မည်။ وَمَآ أَدۡرَىٰكَ مَا هِيَهۡ ١٠ထို့ပြင် ထို“ဟာဝိယဟ်”သည် မည်သည့်အရာနည်းဆိုသည်ကို အသင်သိပါ၏‌လော။ نَارٌ حَامِيَةُۢ ١١(ထိုအရာသည်) အလွန်ပူပြင်း ဟုန်းဟုန်း‌တောက်‌နေ‌သော မီးပင်ဖြစ်သည်။

Translation: Hashim Tin Myint.