Millat al-Islam

Chapter 55 · 78 verses · Hashim Tin Myint

Surah Ar-Rahman in Burmese

Arabic with tafsir Listen to Surah Ar-Rahman (1411 reciters)
Medinanسورة الرحمن78 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

ٱلرَّحۡمَٰنُ ١ရဟ်မာန် အနန္တ ကရုဏာ‌တော်ရှင်ပင်၊ ###၁ عَلَّمَ ٱلۡقُرۡءَانَ ٢ကုရ်အာန်ကျမ်း‌တော်မြတ်ကို သင်ကြားပို့ချ‌တော်မူခဲ့သည်။ خَلَقَ ٱلۡإِنسَٰنَ ٣အရှင်မြတ်သည် လူသားအား ဖန်ဆင်း‌တော်မူခဲ့သည်။ عَلَّمَهُ ٱلۡبَيَانَ ٤အရှင်မြတ်သည်ပင် လူသားအား စကားရှင်းလင်းစွာ‌ပြောဆိုမှုကို သင်‌ပေး‌တော်မူခဲ့သည်။ ###၂ ٱلشَّمۡسُ وَٱلۡقَمَرُ بِحُسۡبَانٍ ٥‌နေနှင့်လသည် အချိန်ဇယားနှင့် (သွားလာ‌နေကြသည်)ဖြစ်သည်။ وَٱلنَّجۡمُ وَٱلشَّجَرُ يَسۡجُدَانِ ٦ကြယ်များနှင့် သစ်ပင်များသည် အမိန့်နာခံ ဦးချလျက်ရှိကြသည်။ وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلۡمِيزَانَ ٧မိုး‌ကောင်းကင်ကို အရှင်မြတ်ကပင် အလွန်မြင့်မား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ကပင်(‌မြေပထဝီတွင် တရားမျှတသည့်)ချိန်ခွင်ကို တီထွင်စီစဉ်‌ပေး‌တော်မူခဲ့သည်။ أَلَّا تَطۡغَوۡاْ فِي ٱلۡمِيزَانِ ٨အသင်တို့သည် ချိန်တွယ်ရာတွင် မတရားမပြုလုပ်ကြရန်အတွက်ဖြစ်သည်။ وَأَقِيمُواْ ٱلۡوَزۡنَ بِٱلۡقِسۡطِ وَلَا تُخۡسِرُواْ ٱلۡمِيزَانَ ٩ထို့ပြင် အသင်တို့သည် မျှတစွာ ချိန်တွယ်မှုကို ‌ဆောင်ရွက်ကြပါ၊ ထို့ပြင် အ‌လေးချိန်တွင် မ‌လျှော့ကြ(မခိုးကြ)နှင့်။ وَٱلۡأَرۡضَ وَضَعَهَا لِلۡأَنَامِ ١٠ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီကို အဖန်ဆင်းခံများ၏ အကျိုးအတွက်ထားရှိ‌တော်မူခဲ့သည်။ فِيهَا فَٰكِهَةٌ وَٱلنَّخۡلُ ذَاتُ ٱلۡأَكۡمَامِ ١١ထို ‌မြေပထဝီတွင် သစ်သီးဝလံများ၊ အဖူး၊ အငုံ၊ အစွပ်များနှင့် အုပ်ထား‌သော စွန်ပလွံပင်များ၊ وَٱلۡحَبُّ ذُو ٱلۡعَصۡفِ وَٱلرَّيۡحَانُ ١٢ဖွဲနုပါ‌သော ‌ကောက်ပဲသီးနှံများ၊ အရွက်ရှိ‌သောအ‌စေ့များ၊ ‌မွှေးကြိုင်သည့်ပန်းများရှိကြသည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ١٣ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ ###၃ خَلَقَ ٱلۡإِنسَٰنَ مِن صَلۡصَٰلٍ كَٱلۡفَخَّارِ ١٤အရှင်မြတ်သည် လူသားအား အိုးခြမ်းကွဲ(ပဲ့)ကဲ့သို့ အသံမြည်‌သော ရွှံ့‌ခြောက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ وَخَلَقَ ٱلۡجَآنَّ مِن مَّارِجٍ مِّن نَّارٍ ١٥ထို့ပြင် အရှင်မြတ်သည် ဂျင်န်များအား မီးခိုးမရှိ‌သော မီး‌တောက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ١٦ထို့‌နောက် (အို-ဂျင်န် နှင့် လူသား အ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန် ဟု ငြင်းပယ်ကြဦးမည်နည်း။ رَبُّ ٱلۡمَشۡرِقَيۡنِ وَرَبُّ ٱلۡمَغۡرِبَيۡنِ ١٧(အရှင်မြတ်ကပင်)‌နေထွက်ရာအရပ်နှစ်ခုနှင့် ‌နေဝင်ရာအရပ်နှစ်ခုကို ဖန်ဆင်း‌တော်မူခဲ့သည် ။###၄ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ١٨ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန် ဟု ငြင်းပယ်ကြဦးမည်နည်း။ مَرَجَ ٱلۡبَحۡرَيۡنِ يَلۡتَقِيَانِ ١٩အရှင်မြတ်ကပင် အချင်းချင်းဆုံသွား‌သော ပင်လယ်နှစ်ခုကို လွှတ်‌တော်မူခဲ့သည်။ بَيۡنَهُمَا بَرۡزَخٌ لَّا يَبۡغِيَانِ ٢٠ထိုပင်လယ်နှစ်ခု၏ ကြား၌အကာအဆီးတစ်ခုရှိ‌နေသည့်အတွက် သူတို့နှစ်ခုလုံးသည် နယ်မ‌ကျော်ကြ‌ပေ။###၅ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢١ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ يَخۡرُجُ مِنۡهُمَا ٱللُّؤۡلُؤُ وَٱلۡمَرۡجَانُ ٢٢ထိုပင်လယ်နှစ်ခုမှ ပုလဲရတနာများနှင့်သန္တာများထွက်သည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢٣ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟုငြင်းပယ်ကြဦးမည်နည်း။ وَلَهُ ٱلۡجَوَارِ ٱلۡمُنشَـَٔاتُ فِي ٱلۡبَحۡرِ كَٱلۡأَعۡلَٰمِ ٢٤ပင်လယ်တွင် ‌တောင်များကဲ့သို့ရပ်တည်‌နေကြ‌သော အထင်အရှားဖြစ်‌နေကြ‌သော သ‌ဘေင်္ာများသည်လည်း အရှင်မြတ်၏ အုပ်ချုပ်မှုလက်‌အောက်၌ပင်ရှိကြသည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢٥ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏မည်သည့် ‌ကျေးဇူး‌တော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ كُلُّ مَنۡ عَلَيۡهَا فَانٍ ٢٦ထို‌မြေပထဝီ‌ပေါ်တွင်ရှိသမျှသည် ပျက်စီးမည့်အရာများချည်းသာဖြစ်ကြသည် ။ وَيَبۡقَىٰ وَجۡهُ رَبِّكَ ذُو ٱلۡجَلَٰلِ وَٱلۡإِكۡرَامِ ٢٧ထို့‌နောက်အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊ မြင့်မြတ်‌တော်မူ‌သောတန်ခိုး‌တော်ရှင်ဖြစ်ပြီး‌ကျေးဇူးများစွာပြု‌တော်မူ‌သောအရှင်မြတ်၏ မျက်နှာ‌တော်(အရှင်မြတ်) တစ်ပါးတည်းပင် ကျန်ရှိ‌တော်မူမည်ဖြစ်သည်။###၆ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٢٨ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ يَسۡـَٔلُهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ كُلَّ يَوۡمٍ هُوَ فِي شَأۡنٍ ٢٩မိုး‌ကောင်းကင်များတွင် ရှိသူများနှင့် ‌မြေပထဝီတွင်ရှိသူများသည် အရှင်မြတ်ထံ‌တော်၌သာ (သူတို့လိုလားသည်များကို)‌တောင်းခံကြသည်။ အရှင်မြတ်သည် ‌နေ့စဉ်အ‌ရေး ကိစ္စတစ်စုံတစ်ခုကို‌ဆောင်ရွက်‌နေ‌တော်မူသည်။ ###၇ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٠ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ سَنَفۡرُغُ لَكُمۡ أَيُّهَ ٱلثَّقَلَانِ ٣١အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့၊ မကြာမီ ငါအရှင်မြတ်သည် (အသင်တို့၏ လုပ်ရပ်များနှင့်အညီ အစား‌ပေးရန်) အသင်တို့ဘက်သို့ လှည့်‌တော်မူမည်။ ###၈ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٢ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ إِنِ ٱسۡتَطَعۡتُمۡ أَن تَنفُذُواْ مِنۡ أَقۡطَارِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ فَٱنفُذُواْۚ لَا تَنفُذُونَ إِلَّا بِسُلۡطَٰنٍ ٣٣အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိုး‌ကောင်းကင်များနှင့် ကမ္ဘာ‌မြေ၏နယ်နိမိတ်များအတွင်းမှ ထွက်သွားနိုင်လျှင်ထွက်သွားကြပါ။ စွမ်းအားမရှိ ဘဲနှင့် အသင်တို့သည် ထွက်သွားနိုင်ကြမည်မဟုတ်‌ပေ။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٤ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ يُرۡسَلُ عَلَيۡكُمَا شُوَاظٌ مِّن نَّارٍ وَنُحَاسٌ فَلَا تَنتَصِرَانِ ٣٥အသင်တို့(အုပ်စု)နှစ်ခုအ‌ပေါ်တွင် မီးခိုးမပါ‌သော မီး‌တောက်နှင့် (မီး‌တောက်မပါသည့်) မီးခိုးများ‌စေလွှတ်ခြင်းခံရမည်။ သို့ဖြစ်ရာ အသင်တို့သည် ဖယ်ရှားနိုင်ကြမည်မဟုတ်‌ပေ။###၉ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٦ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فَإِذَا ٱنشَقَّتِ ٱلسَّمَآءُ فَكَانَتۡ وَرۡدَةً كَٱلدِّهَانِ ٣٧ထို့ပြင်တစ်ချိန်တွင် မိုး‌ကောင်းကင်သည် အက်ကွဲပြီးနီရဲ‌နေသည့် သား‌ရေကဲ့သို့ နီရဲလာမည် ။ ###၁၀ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٣٨ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فَيَوۡمَئِذٍ لَّا يُسۡـَٔلُ عَن ذَنۢبِهِۦٓ إِنسٌ وَلَا جَآنٌّ ٣٩ထို့ပြင် ထို‌နေ့တွင် မည်သည့်လူဖြစ်‌စေ၊ မည်သည့်ဂျင်န် ဖြစ်‌စေ (သူကျူးလွန်ခဲ့‌သောအပြစ်များကို အရှင်မြတ်သိ‌တော်မူပြီးဖြစ်သည့်အတွက်) သူ၏အပြစ်များနှင့် ပတ်သက်၍ ‌မေးမြန်းခံရမည်မဟုတ်‌တော့‌ပေ။ ###၁၁ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٠ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟုငြင်းပယ်ကြဦးမည်နည်း။ يُعۡرَفُ ٱلۡمُجۡرِمُونَ بِسِيمَٰهُمۡ فَيُؤۡخَذُ بِٱلنَّوَٰصِي وَٱلۡأَقۡدَامِ ٤١အပြစ်ရှိသူများသည် သူတို့၏ ရုပ်ရည်သွင်ပြင်နှင့်သာ သိရှိခြင်းခံကြရမည်။ ထို့ပြင် သူတို့သည် ဦးထိပ်များနှင့် ‌ခြေများကို ဆွဲကိုင် ဖမ်းဆီးခြင်းကိုခံကြရမည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٢ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ هَٰذِهِۦ جَهَنَّمُ ٱلَّتِي يُكَذِّبُ بِهَا ٱلۡمُجۡرِمُونَ ٤٣ဤသည် အပြစ်ရှိသူများက မဟုတ်မမှန်ဟု ငြင်းပယ်‌နေခဲ့ကြ‌သော ဂျဟန္နမ်ငရဲပင်ဖြစ်သည်။ يَطُوفُونَ بَيۡنَهَا وَبَيۡنَ حَمِيمٍ ءَانٍ ٤٤ထိုအပြစ်ရှိသူများသည် ထို ဂျဟန္နမ်ငရဲနှင့် ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူ၏ အကြားတွင် လှည့်ပတ်‌နေကြရမည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٥ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ وَلِمَنۡ خَافَ مَقَامَ رَبِّهِۦ جَنَّتَانِ ٤٦ထို့ပြင် မိမိအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ရှေ့‌တော်တွင်မတ်တတ်ရပ်ရန်စိုးရိမ်သည့်သူများအတွက်မူ ဥယျာဉ်နှစ်ခုရှိမည်။###၁၂ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٧ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ ذَوَاتَآ أَفۡنَانٍ ٤٨အကိုင်းအလက်များ ‌ပေါများ‌ဝေဆာ‌နေသည့်(ဥယျာဉ်နှစ်ခုဖြစ်သည်)။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٤٩ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فِيهِمَا عَيۡنَانِ تَجۡرِيَانِ ٥٠ထိုဥယျာဉ်နှစ်ခုလုံးတွင် စမ်း‌ချောင်းနှစ်ခုသည် စီးဆင်း‌နေလိမ့်မည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥١ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فِيهِمَا مِن كُلِّ فَٰكِهَةٍ زَوۡجَانِ ٥٢ထိုဥယျာဉ်နှစ်ခုလုံးတွင် သစ်သီးတိုင်းသည် နှစ်မျိုးနှစ်စားစီရှိကြမည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٣ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ مُتَّكِـِٔينَ عَلَىٰ فُرُشِۭ بَطَآئِنُهَا مِنۡ إِسۡتَبۡرَقٍۚ وَجَنَى ٱلۡجَنَّتَيۡنِ دَانٍ ٥٤(သူတို့သည်) ‌ရွှေခြည်များနှင့် ပန်းထိုးထား‌သော ပိုးဖဲအတွင်းခံ ‌မွေ့ရာများ‌ပေါ်တွင်(ထိုင်ပြီး မှီအုံးများကို )မှီ‌နေကြမည်။ ထို့ပြင် ဥယျာဉ်နှစ်ခုလုံး၏ အသီးများသည်လည်း နီးကပ်စွာပင် ရှိကြမည်။ ###၁၃ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٥ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فِيهِنَّ قَٰصِرَٰتُ ٱلطَّرۡفِ لَمۡ يَطۡمِثۡهُنَّ إِنسٌ قَبۡلَهُمۡ وَلَا جَآنٌّ ٥٦ထိုအထဲတွင် မျက်စိကို ‌အောက်နှိမ့်ချ‌သော မိန်းမပျိုများလည်းရှိကြမည်။ သူတို့မတိုင်မီ မည်သည့်လူသားနှင့် ဂျင်န်ကမှ ထိ‌တွေ့ခဲ့ဖူးသည်မရှိ‌ပေ။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٧ထို့‌နောက် (အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ كَأَنَّهُنَّ ٱلۡيَاقُوتُ وَٱلۡمَرۡجَانُ ٥٨ထိုမိန်းမပျိုများသည် ပတ္တမြားကဲ့သို့(ကြည်ပြီး)၊ သန္တာ‌ကျောက်ကဲ့သို့(ဖြူ‌ဖွေးလှပ‌နေကြမည်)။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٥٩ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ هَلۡ جَزَآءُ ٱلۡإِحۡسَٰنِ إِلَّا ٱلۡإِحۡسَٰنُ ٦٠‌ကောင်းကျိုးပြုခြင်း၏ အစားသည် ‌ကောင်းကျိုးပြုခြင်းမှလွဲ၍ အခြားမည်သည့်အရာ ရှိဦးမည်နည်း။###၁၄ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦١ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ وَمِن دُونِهِمَا جَنَّتَانِ ٦٢ထို့ပြင် ဥယျာဉ်နှစ်ခုအပြင် ‌နောက်ထပ်ဥယျာဉ်နှစ်ခုရှိ‌သေးသည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٣ထို့‌နောက် (အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ مُدۡهَآمَّتَانِ ٦٤ထို(ဥယျာဉ်)နှစ်ခုလုံးသည် အစိမ်းရင့်ပြီးအနက်ဘက်ယိမ်းသည့် အ‌ရောင်ဖြစ်သည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٥ထို့‌နောက်(အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فِيهِمَا عَيۡنَانِ نَضَّاخَتَانِ ٦٦ထိုဥယျာဉ်နှစ်ခုတွင်ပန်းထွက်‌နေ‌သော စမ်း‌ချောင်းနှစ်ခုရှိလိမ့်မည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٧ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فِيهِمَا فَٰكِهَةٌ وَنَخۡلٌ وَرُمَّانٌ ٦٨ထိုဥယျာဉ်နှစ်ခုတွင် သစ်သီးဝလံများ၊ စွန်ပလွံပင်များနှင့် သလဲသီးများ ရှိကြမည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٦٩ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ فِيهِنَّ خَيۡرَٰتٌ حِسَانٌ ٧٠ထိုအထဲတွင် စာရိတ္တ‌ကောင်း‌သော ရုပ်ရည်‌ချော‌မောလှပသည့်မိန်းမပျိုများရှိကြမည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٧١ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ حُورٌ مَّقۡصُورَٰتٌ فِي ٱلۡخِيَامِ ٧٢မဏ္ဍပ်များထဲတွင် ထိန်းသိမ်းထား‌သော အလွန်ဖြူ‌ဖွေးပြီး လှပ‌သော မိန်းမပျိုများရှိကြမည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٧٣ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ لَمۡ يَطۡمِثۡهُنَّ إِنسٌ قَبۡلَهُمۡ وَلَا جَآنٌّ ٧٤သူတို့မတိုင်မီ ထိုမိန်းမပျိုများအား မည်သည့် လူသားနှင့် ဂျင်န်ကမှ ထိ‌တွေ့ခဲ့ဖူးခြင်း မရှိ‌ပေ။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٧٥ထို့‌နောက် (အို-ဂျင်န်နှင့် လူသား အ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ مُتَّكِـِٔينَ عَلَىٰ رَفۡرَفٍ خُضۡرٍ وَعَبۡقَرِيٍّ حِسَانٍ ٧٦(သူတို့သည်)အစိမ်း‌ရောင်‌ကော်‌ဇောများနှင့် အလွန်အံ့ဩဖွယ်‌ကောင်း‌သော အခင်းအကျင်းများ‌ပေါ်တွင် (မှီအုံးများနှင့်)မှီ‌နေကြမည်။ فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ٧٧ထို့‌နောက်(အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ تَبَٰرَكَ ٱسۡمُ رَبِّكَ ذِي ٱلۡجَلَٰلِ وَٱلۡإِكۡرَامِ ٧٨အသင် (တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ မြင့်မြတ်‌တော်မူ‌သောတန်ခိုး‌တော်ရှင်ဖြစ်ပြီး‌ကျေးဇူးများစွာပြု‌တော်မူ‌သောအရှင်၏ နာမ‌တော်သည် မဂင်္လာ အ‌ပေါင်းနှင့် ပြည့်စုံလှ‌ပေသည်။###၁၅

Translation: Hashim Tin Myint.