بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓمٓ ١အလိဖ်၊ လာမ်၊ မီမ်။ غُلِبَتِ ٱلرُّومُ ٢ရောမနိုင်ငံသားများသည် (စစ်)ရှုံးကြပြီဖြစ်သည်။ فِيٓ أَدۡنَى ٱلۡأَرۡضِ وَهُم مِّنۢ بَعۡدِ غَلَبِهِمۡ سَيَغۡلِبُونَ ٣(စအူဒီ အရဗ်နှင့်)နီးကပ်ဆက်စပ်နေသော (ဆီးရီးယား)တိုင်းပြည်တွင်၊ ထို့ပြင် သူတို့သည် သူတို့(စစ်)ရှုံးကြပြီးနောက် မကြာမီ သူတို့သည် အောင်နိုင်ကြမည်။ فِي بِضۡعِ سِنِينَۗ لِلَّهِ ٱلۡأَمۡرُ مِن قَبۡلُ وَمِنۢ بَعۡدُۚ وَيَوۡمَئِذٍ يَفۡرَحُ ٱلۡمُؤۡمِنُونَ ٤အနည်းငယ်နှစ်ကာလ၌ပင်ဖြစ်သည်။ အမိန့်အာဏာသည် ယခင်ကလည်း အလ္လာဟ်အရှင်မြတ်၌ပင် ရှိခဲ့သည်။ နောင်တွင်လည်း (အရှင်မြတ်ထံတော်၌သာ ရှိနေမည်ဖြစ်သည်)။ ထိုနေ့တွင် အီမာန်ယုံကြည်သူများသည် ဝမ်းမြောက်ကြလိမ့်မည်။ بِنَصۡرِ ٱللَّهِۚ يَنصُرُ مَن يَشَآءُۖ وَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ٥အလ္လာဟ်အရှင်မြတ်၏ ကူညီမှုကြောင့်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ကူညီတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ وَعۡدَ ٱللَّهِۖ لَا يُخۡلِفُ ٱللَّهُ وَعۡدَهُۥ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٦(ဤသည်)အလ္လာဟ်အရှင်မြတ်၏ကတိပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ပြုထားတော်မူသည့်ကတိကို ဖောက်ဖျက်တော်မမူပေ။ သို့ရာတွင် လူအများစုသည် မသိကြပေ။ يَعۡلَمُونَ ظَٰهِرًا مِّنَ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَهُمۡ عَنِ ٱلۡأٓخِرَةِ هُمۡ غَٰفِلُونَ ٧သူတို့သည် တမလွန်ဘဝကို လျစ်လျူရှုသည့်သူများဖြစ်ကြလျက် သူတို့သည် ဤဘဝ၏အပေါ်ယံကိုသာ သိရှိကြသည်။ أَوَلَمۡ يَتَفَكَّرُواْ فِيٓ أَنفُسِهِمۗ مَّا خَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّ وَأَجَلٍ مُّسَمًّىۗ وَإِنَّ كَثِيرًا مِّنَ ٱلنَّاسِ بِلِقَآيِٕ رَبِّهِمۡ لَكَٰفِرُونَ ٨သူတို့သည် သူတို့၏စိတ်နှလုံးများထဲတွင် မစဉ်းစားခဲ့ကြသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှများကို တိကျမှန်ကန်မှုနှင့် ကန့်သတ်ချိန်ကာလအတွက်သာ ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် လူအများစုသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံမှုကို ငြင်းပယ်သူများ အမှန်ပင်ဖြစ်ကြသည်။ أَوَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَانُوٓاْ أَشَدَّ مِنۡهُمۡ قُوَّةً وَأَثَارُواْ ٱلۡأَرۡضَ وَعَمَرُوهَآ أَكۡثَرَ مِمَّا عَمَرُوهَا وَجَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِۖ فَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ٩သူတို့သည် ကမာ္ဘမြေတွင် လှည့်လည်သွားလာမှု မပြုခဲ့ကြလေသလော၊ ထိုသို့သွားလာခဲ့လျှင် သူတို့မနေဖြင့် သူတို့မတိုင်မီက လူများ၏နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို တွေ့မြင်ကြမည်ဖြစ်သည်။ ထိုယခင်ကလူများသည် သူတို့ထက် အင်အားတောင့်တင်းသူများဖြစ်ခဲ့ကြသည်သာမက သူတို့သည် ကမာ္ဘမြေပြင်ကို ဤသူများ စည်ကားအောင် ပြုလုပ်ကြသည်ထက် အလွန်များပြားစွာ ပိုမိုထွန်ယက်စိုက်ပျိုးပြီး စည်ကားအောင်ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့ထံသို့လည်း သူတို့၏တမန်တော်များသည် ထင်ရှားသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတု့ိအား မတရားနှိပ်စက်တော်မူမည် မဟုတ်ပေ။ ိသို့ရာတွင် သူတို့ကိုယ်ကို သူတို့ပင် မတရားနှိပ်စက်ခဲ့ကြခြင်းဖြစ်သည်။ ثُمَّ كَانَ عَٰقِبَةَ ٱلَّذِينَ أَسَٰٓـُٔواْ ٱلسُّوٓأَىٰٓ أَن كَذَّبُواْ بِـَٔايَٰتِ ٱللَّهِ وَكَانُواْ بِهَا يَسۡتَهۡزِءُونَ ١٠ထို့နောက် ဆိုးယုတ်သည့်အမှုကိစ္စကို ပြုလုပ်ခဲ့ကြသည့်သူများ၏နောက်ဆုံးအကျိုးဆက်သည် အဆိုးပင်ဖြစ်ခဲ့သည်။ အကြောင်းကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကများအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်သာမက ထိုသက်သေသာဓကများအား ပြောင်လှောင်မှုလည်း ပြုခဲ့ကြသေးသည်။ ٱللَّهُ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ ثُمَّ إِلَيۡهِ تُرۡجَعُونَ ١١အလ္လာဟ်အရှင်မြတ်ပင် အဖန်ဆင်းခံများအား စတင်ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ ထို့နောက် အရှင်မြတ်ပင် ထိုအဖန်ဆင်းခံများအား နောက်တဖန် ဖန်ဆင်းတော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُبۡلِسُ ٱلۡمُجۡرِمُونَ ١٢ထို့ပြင် ကိယာမသ်ဆိုက်ရောက်သည့်နေ့တွင် အပြစ်ရှိသူများသည် မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ပျက်သွားကြမည်။ وَلَمۡ يَكُن لَّهُم مِّن شُرَكَآئِهِمۡ شُفَعَٰٓؤُاْ وَكَانُواْ بِشُرَكَآئِهِمۡ كَٰفِرِينَ ١٣ထို့ပြင် သူတို့၏တွဲဖက်များထဲမှ သူတို့အား ကြားဝင်အသနားခံပေးမည့်သူလည်း ရှိမည်မဟုတ်ပေ။ ထို့ပြင် သူတို့ တွဲဖက်ကိုးကွယ်ခဲ့ကြသည့် ကိုးကွယ်ရာများကိုယ်တိုင်ကပင် (မိမိတို့အား လူများသည် တွဲဖက်ကိုးကွယ်ခဲ့ကြသည် မဟုတ်ပါဟု) ငြင်းဆိုကြလိမ့်မည်။ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٍ يَتَفَرَّقُونَ ١٤ထို့ပြင် ကိယာမသ်ဆိုက်ရောက်မည့်နေ့တွင် (လူအားလုံးသည်) သီးခြားစီဖြစ်သွားကြပြီး အတန်းအစား အမျိုးမျိုး ကွဲပြားသွားကြမည်။ فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَهُمۡ فِي رَوۡضَةٍ يُحۡبَرُونَ ١٥ထို့နောက် အီမာန်ယုံကြည်၍ ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများသည် ဥယျာဉ်တော်တွင် ဂုဏ်ပြုဧည့်ခံမှုကို ခံကြရပြီး ဝမ်းသာကြရမည်ဖြစ်သည်။ وَأَمَّا ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا وَلِقَآيِٕ ٱلۡأٓخِرَةِ فَأُوْلَٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ ١٦ထို့ပြင် ကုဖ်ရ်ငြင်းပယ်ပြီး ငါအရှင်မြတ်၏သက်သေသာဓကတော်များကို မဟုတ်မမှန်ဟု စွပ်စွဲခဲ့ကြသည့်သူများနှင့် တမလွန်ဘဝ၏တွေ့ဆုံမှုကို ငြင်းပယ်ကြသောသူများကမူ သူတို့သည်ပင် ပြစ်ဒဏ်တွင် အဆင်သင့်ရောက်ရှိစေခြင်းကို ခံကြရမည်ဖြစ်သည်။ فَسُبۡحَٰنَ ٱللَّهِ حِينَ تُمۡسُونَ وَحِينَ تُصۡبِحُونَ ١٧သို့ဖြစ်ရာ အသင်တို့သည် ညနေအချိန်ရောက်သည့်အခါနှင့် နံနက်အချိန်ရောက်သည့်အခါတွင် အလ္လာဟ်အရှင်မြတ် စင်ကြယ်တော်မူကြောင်း ရွတ်ဆိုကြပါ။ وَلَهُ ٱلۡحَمۡدُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَعَشِيًّا وَحِينَ تُظۡهِرُونَ ١٨ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ချီးမွမ်းခြင်းအပေါင်းသည် အရှင်မြတ်အတွက်ပင်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် မွန်းလွဲပြီးအချိန်နှင့် နေ့လယ်အချိန်ဝင်သည့်အခါတွင် (အရှင်မြတ် စင်ကြယ်တော်မူကြောင်း ရွတ်ဆိုကြပါ)။ يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَيُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ وَكَذَٰلِكَ تُخۡرَجُونَ ١٩အရှင်မြတ်သည် သက်ရှိကို သက်မဲ့မှ ထုတ်ယူတော်မူသည်။ ထို့ပြင် သက်မဲ့ကို သက်ရှိမှ ထုတ်ယူတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် မြေပထဝီကို ထိုမြေသည် သေပြီးနောက် ပြန်ရှင်စေတော်မူသည်။ (သွေ့ခြောက်ပြီးနောက် ပြန်လည်စိုပြေစေတော်မူသည်)။ ထို့ပြင် အသင်တို့သည်လည်း ဤသို့ပင် ထုတ်ခြင်းခံကြရမည်ဖြစ်သည်။ وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَكُم مِّن تُرَابٍ ثُمَّ إِذَآ أَنتُم بَشَرٌ تَنتَشِرُونَ ٢٠ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အား မြေကြီးနှင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အသင်တို့သည် ရုတ်တရက် လူသားများဖြစ်လာကြပြီး (ကမာ္ဘတွင်)ပျံ့နှံ့နေကြသည်။ وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجًا لِّتَسۡكُنُوٓاْ إِلَيۡهَا وَجَعَلَ بَيۡنَكُم مَّوَدَّةً وَرَحۡمَةًۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَتَفَكَّرُونَ ٢١ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အမျိုးအစားထဲမှပင် ဇနီးကြင်ရာများအား သူတို့ထံတွင် အသင်တို့ စိတ်ချမ်းသာမှုနှင့် အနားယူကြရန်အတွက် ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ကြားတွင် ချစ်ခင်မှုနှင့် ကြင်နာမှုကို ပြုလုပ်ပေးတော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်သေလက္ခဏာများ ရှိသည်။ وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفُ أَلۡسِنَتِكُمۡ وَأَلۡوَٰنِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّلۡعَٰلِمِينَ ٢٢ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် မိုးကောင်းကင်နှင့် မြေပထဝီကိုဖန်ဆင်းခြင်း၊* ထို့ပြင် အသင်တို့၏ဘာသာစကားများနှင့် အသွေးအရောင်များ ကွဲပြားခြားနားနေခြင်း* (လည်းပါဝင်သည်)။ အမှန်စင်စစ် ထိုအထဲတွင် ပညာရှင်များအတွက် သက်သေလက္ခဏာများ အမှန်ပင်ရှိသည်။ وَمِنۡ ءَايَٰتِهِۦ مَنَامُكُم بِٱلَّيۡلِ وَٱلنَّهَارِ وَٱبۡتِغَآؤُكُم مِّن فَضۡلِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَسۡمَعُونَ ٢٣ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် ညနှင့်နေ့၌ အသင်တို့ အိပ်စက်မှုနှင့် အရှင်မြတ်၏ကျေးဇူးတော် စားနပ်ရိက္ခာကို အသင်တို့ ရှာဖွေမှု(လည်းပါဝင်သည်)။ အမှန်စင်စစ် ထိုအထဲတွင် ကြားနာသူများအတွက် အမှန်ပင် သက်သေလက္ခဏာများရှိသည်။ وَمِنۡ ءَايَٰتِهِۦ يُرِيكُمُ ٱلۡبَرۡقَ خَوۡفًا وَطَمَعًا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءً فَيُحۡيِۦ بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَعۡقِلُونَ ٢٤ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အား လျှပ်စီးလက်ခြင်းကို ကြောက်ရွံ့စေရန်နှင့် မျှော်လင့်စေရန် ပြသတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ထိုမိုးရေနှင့် မြေပထဝီကို ထိုမြေသည် သေပြီးနောက် (ခြောက်သွေ့ပြီးနောက်) ရှင်ပြန်(စိုပြေ)စေတော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် သိနားလည်ကြသူများအတွက် အမှန်ပင် သက်သေလက္ခဏာများရှိသည်။ وَمِنۡ ءَايَٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلۡأَرۡضُ بِأَمۡرِهِۦۚ ثُمَّ إِذَا دَعَاكُمۡ دَعۡوَةً مِّنَ ٱلۡأَرۡضِ إِذَآ أَنتُمۡ تَخۡرُجُونَ ٢٥ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် အရှင်မြတ်၏အမိန့်တော်ဖြင့် မိုးကောင်းကင်နှင့် မြေပထဝီ၏ရပ်တည်နေခြင်းလည်း ပါဝင်သည်။* ထို့နောက် အရှင်မြတ်သည် အသင်တို့အား မြေကြီးထဲမှ(ထုတ်ယူတော်မူရန်) ဟစ်ခေါ်မှု တစ်ကြိမ်ဟစ်ခေါ်လိုက်သည်နှင့် အသင်တို့သည် ချက်ချင်းထွက်လာကြလိမ့်မည်။ وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ كُلٌّ لَّهُۥ قَٰنِتُونَ ٢٦ထို့ပြင် မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှသူများသည် အရှင်မြတ်ပင် ပိုင်ဆိုင်တော်မူသည်။ အားလုံးကိုယ်စီသည် အရှင်မြတ်၏အမိန့်တော်ကို လိုက်နာနေကြခြင်းဖြစ်သည်။ وَهُوَ ٱلَّذِي يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهۡوَنُ عَلَيۡهِۚ وَلَهُ ٱلۡمَثَلُ ٱلۡأَعۡلَىٰ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٢٧ထို့ပြင် အရှင်မြတ်ပင် အဖန်ဆင်းခံများအား စတင်ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ ထို့နောက် အရှင်မြတ်ပင် ထိုအဖန်ဆင်းခံများအား ထပ်၍ ဖန်ဆင်းတော်မူမည်ဖြစ်သည်။ ထို့ပြင် ဤသည် အရှင်မြတ်အတွက် ပို၍ပင် လွယ်ကူသည်။* ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် အရှင်မြတ်၌သာ အလွန်ထူးကဲမြင့်မားသော ဂုဏ်ထူးဝိသေသ ရှိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ ضَرَبَ لَكُم مَّثَلًا مِّنۡ أَنفُسِكُمۡۖ هَل لَّكُم مِّن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن شُرَكَآءَ فِي مَا رَزَقۡنَٰكُمۡ فَأَنتُمۡ فِيهِ سَوَآءٌ تَخَافُونَهُمۡ كَخِيفَتِكُمۡ أَنفُسَكُمۡۚ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡقِلُونَ ٢٨အရှင်မြတ်သည် အသင်တို့ထဲမှပင် အသင်တို့အတွက် ပမာ ခိုင်းနှိုင်းပြတော်မူသည်။ အသင်တို့ ပိုင်ဆိုင်ကြသော လက်အောက်ခံကျွန်များထဲတွင် ဤသို့သော ကျွန်မျိုးရှိကြသလော။ ထိုကျွန်သည် ငါအရှင်မြတ်က အသင်တို့ကို ပေးသနားထားတော်မူသော ပစ္စည်းဥစ္စာများ၌ အတူတူ ဖက်စပ်ပိုင်ဆိုင်သည်ဆိုသည်မှာ ရှိသလော။ ထို့ပြင် အသင်တို့သည် အသင်တို့(လွတ်လပ်သူ)အချင်းချင်းကို ကြောက်ရွံ့စိုးရိမ်ကြသကဲ့သို့ ထိုကျွန်များအားလည်း အသင်တို့ ကြောက်ရွံ့စိုးရိမ်ကြသည်ဆိုသည်မှာ ရှိသလော။* ငါအရှင်မြတ်သည် အသိဉာဏ်ရှိသူများအတွက် သက်သေသာဓကများအား ဤသို့ပင် ရှင်းလင်းထင်ရှားစွာ အသေးစိတ် မိန့်ကြားတော်မူသည်။ بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓاْ أَهۡوَآءَهُم بِغَيۡرِ عِلۡمٍۖ فَمَن يَهۡدِي مَنۡ أَضَلَّ ٱللَّهُۖ وَمَا لَهُم مِّن نَّٰصِرِينَ ٢٩သို့ရာတွင် အမှန်စင်စစ် မတရားသူများသည် ပညာအထောက်အထားမရှိဘဲနှင့် သူတို့၏စိတ်အလိုဆန္ဒနောက်ကိုသာ လိုက်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အရှင်မြတ်က လမ်းမှား၌ပင် ထားလိုက်ပြီဖြစ်သည့်သူကို လမ်းမှန် မည်သူပြပေးနိုင်ဦးမည်နည်း။ ထို့ပြင် သူတို့တွင် ကူညီမည့်သူများလည်း ရှိကြမည်မဟုတ်တော့ပေ။ فَأَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفًاۚ فِطۡرَتَ ٱللَّهِ ٱلَّتِي فَطَرَ ٱلنَّاسَ عَلَيۡهَاۚ لَا تَبۡدِيلَ لِخَلۡقِ ٱللَّهِۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٣٠သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်က လူသားများကို ဖန်ဆင်းတော်မူခဲ့သော သဘာဝအရည်အချင်းအတိုင်း* အသင်၏မျက်နှာကို (မှန်ကန်သည့်)သာသနာပေါ်တွင် တစ်စိတ်တစ်လက်တည်း အာရုံစိုက်ပြီး ခိုင်မြဲစွာထားပါ။ အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းမှုတွင် မည်သည့် ပြောင်းလဲမှုမျှမရှိပေ။ ဤသည် ဖြောင့်မတ်မှန်ကန်သော သာသနာဖြစ်သည်။ သို့ရာတွင် လူအများစုသည် မသိနားမလည်ကြပေ။ ۞ مُنِيبِينَ إِلَيۡهِ وَٱتَّقُوهُ وَأَقِيمُواْ ٱلصَّلَوٰةَ وَلَا تَكُونُواْ مِنَ ٱلۡمُشۡرِكِينَ ٣١အရှင်မြတ်ဘက်သို့ပင် လှည့်နေသူများအဖြစ်နှင့် (အရှင်မြတ်၏အမိန့်များကို လိုက်နာကြပါ)။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် စွလာသ်ဝတ်ပြုမှုကိုလည်း တည်ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် မုရှ်ရိက်များထဲမှ မဖြစ်ကြနှင့်။ مِنَ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعًاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ ٣٢အကြင်(မုရှ်ရိက်)များထဲမှ (မဖြစ်ကြနှင့်) ထိုသူများသည် သူတို့၏သာသနာကို အစိတ်စိတ် အပိုင်းပိုင်း ပြုလုပ်ခဲ့ကြသည့်အပြင် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်သွားခဲ့ကြသည်။ ဂိုဏ်းအဖွဲကိုယ်စီသည် သူတို့တွင်ရှိသည့်အရာ (လမ်းစဉ်)နှင့်သာ ပျော်မွေ့နေကြတော့သည်။ وَإِذَا مَسَّ ٱلنَّاسَ ضُرٌّ دَعَوۡاْ رَبَّهُم مُّنِيبِينَ إِلَيۡهِ ثُمَّ إِذَآ أَذَاقَهُم مِّنۡهُ رَحۡمَةً إِذَا فَرِيقٌ مِّنۡهُم بِرَبِّهِمۡ يُشۡرِكُونَ ٣٣ထို့ပြင် လူများတွင် ဘေးဒုက္ခတစ်စုံတစ်ခုကျရောက်ခဲ့လျှင် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့လှည့်လျက် အရှင်မြတ်အား ဟစ်ခေါ်ကြသည်။ ထို့နောက် အရှင်မြတ်သည် သူတို့အား အရှင်မြတ်ထံတော်မှ ကြင်နာသနားမှု (ကျေးဇူးတော်)အနည်းငယ်မြည်းစမ်းစေတော်မူသည့်အခါ သူတို့ထဲမှ လူတစ်စုသည် ချက်ချင်းပင် (အခြားအရာများကို) သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြတော့သည်။ لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡۚ فَتَمَتَّعُواْ فَسَوۡفَ تَعۡلَمُونَ ٣٤သူတို့သည် ငါအရှင်မြတ်က သူတို့အား ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များအား ငြင်းပယ်ကြရန်အတွက် (တွဲဖက်ကိုးကွယ်ကြသည်)။ သို့ဖြစ်ရာ အသင်တို့သည် (ခေတ္တ)အကျိုးကျေးဇူးခံစားကြပါ။ ထို့ပြင် မကြာမီ၌ပင် အသင်တို့သည် သိရှိကြရမည်ဖြစ်သည်။ أَمۡ أَنزَلۡنَا عَلَيۡهِمۡ سُلۡطَٰنًا فَهُوَ يَتَكَلَّمُ بِمَا كَانُواْ بِهِۦ يُشۡرِكُونَ ٣٥ငါအရှင်မြတ်က သူတို့အပေါ်တွင် အထောက်အထား တစ်စုံတစ်ခုချပေးခဲ့၍ ထိုအထောက်အထားက ပြောသည့်အတွက် သူတို့သည် တွဲဖက်ကိုးကွယ်ကြသလော။ وَإِذَآ أَذَقۡنَا ٱلنَّاسَ رَحۡمَةً فَرِحُواْ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ إِذَا هُمۡ يَقۡنَطُونَ ٣٦ထို့ပြင် ငါအရှင်မြတ်သည် လူသားများအား ကျေးဇူးတော် အနည်းငယ်၏အရသာကို မြည်းစမ်းစေတော်မူသောအခါ သူတို့သည် ထိုကျေးဇူးတော်နှင့်ပတ်သက်၍ ရွှင်မြူးလျက်ရှိကြသည်။ ထို့ပြင် အကယ်၍ သူတို့၏လက်များက ကြိုတင်ပို့နှင့်ခဲ့ကြသည့်အရာ (သူတို့ကိုယ်တိုင်ပြုကျင့်ခဲ့သောအပြစ်)များကြောင့် သူတို့တွင် ဒုက္ခတစ်စုံတစ်ခု ကျရောက်ခဲ့လျှင် သူတို့သည် ချက်ချင်းပင် မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။ أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يُؤۡمِنُونَ ٣٧အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူအား စာနပ်ရိက္ခာကို ကျယ်ဝန်းစွာ ပေးသနားတော်မူပြီး အရှင်မြတ်အလိုရှိတော်မူသောသူအား ကျပ်တည်းစေတော်မူသည်ကို သူတို့သည် မမြင်ခဲ့ကြသလော။* အမှန်စင်စစ် ထိုအထဲတွင် ယုံကြည်သူများအတွက် သက်သေသာဓကများရှိသည်။ فَـَٔاتِ ذَا ٱلۡقُرۡبَىٰ حَقَّهُۥ وَٱلۡمِسۡكِينَ وَٱبۡنَ ٱلسَّبِيلِۚ ذَٰلِكَ خَيۡرٌ لِّلَّذِينَ يُرِيدُونَ وَجۡهَ ٱللَّهِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٣٨သို့ဖြစ်ရာ အသင်သည် ဆွေမျိုးသားချင်းများ၏အခွင့်အရေးကို ပေးဆောင်ပါ။ ထို့ပြင် ဆင်းရဲသားနှင့် ခရီးသည်ကိုလည်း(ပေးပါ)။ ဤသည် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို လိုလားသူများအတွက် အကောင်းဆုံးပင် ဖြစ်သည်။ ထို့ပြင် ထိုသူများပင် အောင်မြင်မည့်သူများဖြစ်ကြသည်။ وَمَآ ءَاتَيۡتُم مِّن رِّبًا لِّيَرۡبُوَاْ فِيٓ أَمۡوَٰلِ ٱلنَّاسِ فَلَا يَرۡبُواْ عِندَ ٱللَّهِۖ وَمَآ ءَاتَيۡتُم مِّن زَكَوٰةٍ تُرِيدُونَ وَجۡهَ ٱللَّهِ فَأُوْلَٰٓئِكَ هُمُ ٱلۡمُضۡعِفُونَ ٣٩ထို့ပြင် အသင်တို့သည် လူများ၏ပစ္စည်းဥစ္စာများထဲတွင် ပေါင်းစပ်ပြီး အတိုးရရန်အတွက် ပေးခဲ့သောပစ္စည်း (အတိုးချေးစားခြင်း)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် မတိုးပွားပေ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို လိုလား၍ တစ်စုံတစ်ခုပေးကမ်းလှူဒါန်းကြလျှင် ထိုသူများပင် (သူတို့ ပေးကမ်းကြသည်များအား အရှင်မြတ်ထံတော်တွင်) တိုးပွားစေကြသူများဖြစ်ကြသည်။ ٱللَّهُ ٱلَّذِي خَلَقَكُمۡ ثُمَّ رَزَقَكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۖ هَلۡ مِن شُرَكَآئِكُم مَّن يَفۡعَلُ مِن ذَٰلِكُم مِّن شَيۡءٍۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ٤٠အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာပေးသနားတော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား သေစေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူမည်။ အသင်တို့၏တွဲဖက်ကိုးကွယ်ရာများသည် ဤအရာများထဲမှ မည်သည့်အရာတစ်ခုမျှကိုပင်ဖြစ်စေ ပြုလုပ်နိုင်ကြသူဟူ၍ ရှိပါသလော။ အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များ(၏ချို့တဲ့ချွတ်ယွင်းမှုအပေါင်း)မှ သန့်ရှင်းစင်ကြယ်တော်မူပြီး (ဂုဏ်ဒြပ်)အလွန်မြင့်မားတော်မူလှသည်။ ظَهَرَ ٱلۡفَسَادُ فِي ٱلۡبَرِّ وَٱلۡبَحۡرِ بِمَا كَسَبَتۡ أَيۡدِي ٱلنَّاسِ لِيُذِيقَهُم بَعۡضَ ٱلَّذِي عَمِلُواْ لَعَلَّهُمۡ يَرۡجِعُونَ ٤١လူများ၏လက်များက ရှာဖွေ(ကျူးလွန်)ခဲ့ကြသည့်အရာ(မကောင်းမှု)များကြောင့် ကုန်းမြေနှင့် ပင်လယ်တွင် ပျက်စီးမှု(ဒုက္ခ)များသည် ဖြစ်ပေါ်နေရသည်။ (ထိုသို့ဖြစ်ရခြင်းမှာ) သူတို့သည် (မကောင်းမှုများမှ) ပြန်လှည့်လာကြရန် သူတို့ပြုလုပ်ခဲ့သော လုပ်ရပ်အချို့၏အရသာကို အရှင်မြတ်က သူတို့အား မြည်းစမ်းစေတော်မူရန်ဖြစ်သည်။ قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلُۚ كَانَ أَكۡثَرُهُم مُّشۡرِكِينَ ٤٢(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘမြေတွင် လှည့်လည်သွားလာကြပြီးနောက် ယခင်လူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ဆိုသည်ကို ကြည့်ရှု(လေ့လာ)ကြပါ။ သူတို့ထဲမှ အများစုသည် မုရှ်ရိက်များပင်ဖြစ်ခဲ့ကြသည်။ فَأَقِمۡ وَجۡهَكَ لِلدِّينِ ٱلۡقَيِّمِ مِن قَبۡلِ أَن يَأۡتِيَ يَوۡمٌ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِۖ يَوۡمَئِذٍ يَصَّدَّعُونَ ٤٣ထို့နောက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြောင်းရွှေ့ပေးမှု လုံးဝမရှိမည့်နေ့၊ လူများသည် တကွဲတပြားစီဖြစ်ကြမည့်နေ့ မတိုင်မီတွင် အသင်သည် အသင်၏မျက်နှာ(ဦးတည်ရာ)ကို ဖြောင့်မတ်သော သာသနာပေါ်တွင် တည်တံ့ခိုင်မြဲစွာထားပါ။ مَن كَفَرَ فَعَلَيۡهِ كُفۡرُهُۥۖ وَمَنۡ عَمِلَ صَٰلِحًا فَلِأَنفُسِهِمۡ يَمۡهَدُونَ ٤٤မည်သူမဆို ငြင်းပယ်ခဲ့လျှင် သူ၏ငြင်းပယ်မှု(၏ဆိုးကျိုးများ)သည် သူ၏အပေါ်၌ပင် ကျရောက်မည်ဖြစ်သည်။ ထို့ပြင် မည်သူမဆို ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်ခဲ့လျှင် သူတို့သည် သူတို့၏အကျိုးအတွက်ပင် စီမံပြုလုပ်နေကြခြင်းဖြစ်သည်။ لِيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِن فَضۡلِهِۦٓۚ إِنَّهُۥ لَا يُحِبُّ ٱلۡكَٰفِرِينَ ٤٥(နောက်ဆုံးရလဒ်ကမူ) အရှင်မြတ်သည် အီမာန်ယုံကြည်၍ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသောသူများအား အရှင်မြတ်၏ကျေးဇူးတော်ဖြင့် (ကောင်းမြတ်သည့်)အစားပေးတော်မူရန် ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် ကာဖိရ်များအား နှစ်သက်တော်မမူပေ။ وَمِنۡ ءَايَٰتِهِۦٓ أَن يُرۡسِلَ ٱلرِّيَاحَ مُبَشِّرَٰتٍ وَلِيُذِيقَكُم مِّن رَّحۡمَتِهِۦ وَلِتَجۡرِيَ ٱلۡفُلۡكُ بِأَمۡرِهِۦ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ٤٦ထို့ပြင် အရှင်မြတ်၏ကရုဏာတော်၏အရသာကို အသင်တို့အား မြည်းစမ်းစေတော်မူရန်အတွက်လည်းကောင်း၊ အရှင်မြတ်၏အမိန့်တော်နှင့် ရွက်သဘေင်္ာများ သွားလာနိုင်ရန်အတွက်လည်းကောင်း၊ အသင်တို့သည် အရှင်မြတ်၏ကျေးဇူးတော်(စာနပ်ရိက္ခာ)ကို ရှာဖွေနိုင်ကြရန်အတွက်လည်းကောင်း၊ အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြရန်အတွက်လည်းကောင်း အရှင်မြတ်က ရှေ့ပြေးသတင်းကောင်းအဖြစ် (မိုးမရွာမီ)လေများအား စေလွှတ်တော်မူခြင်းသည် အရှင်မြတ်၏သက်သေလက္ခဏာများထဲမှပင် ဖြစ်သည်။ وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ رُسُلًا إِلَىٰ قَوۡمِهِمۡ فَجَآءُوهُم بِٱلۡبَيِّنَٰتِ فَٱنتَقَمۡنَا مِنَ ٱلَّذِينَ أَجۡرَمُواْۖ وَكَانَ حَقًّا عَلَيۡنَا نَصۡرُ ٱلۡمُؤۡمِنِينَ ٤٧ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ တမန်တော်များအား ၎င်း၏အမျိုးသားများထံ စေလွှတ်တော်မူခဲ့သည့်အတွက် ထိုတမန်တော်များသည် သူတို့ထံသို့ ထင်ရှားသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများအား တန်ပြန် အရေးယူတော်မူခဲ့သည်။ ထို့ပြင် အီမာန်ယုံကြည်သူများအား ကူညီတော်မူခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်တော်မူသည်။ ٱللَّهُ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ فَتُثِيرُ سَحَابًا فَيَبۡسُطُهُۥ فِي ٱلسَّمَآءِ كَيۡفَ يَشَآءُ وَيَجۡعَلُهُۥ كِسَفًا فَتَرَى ٱلۡوَدۡقَ يَخۡرُجُ مِنۡ خِلَٰلِهِۦۖ فَإِذَآ أَصَابَ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦٓ إِذَا هُمۡ يَسۡتَبۡشِرُونَ ٤٨အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူသည်၊ ထိုအရှင်မြတ်သည် လေများအား စေလွှတ်တော်မူသည်။ ထို့နောက် လေများသည် မိုးတိမ်များအား သယ်ဆောင်သွားကြသည်။ ထို့ပြင် အရှင်မြတ်သည် ထိုမိုးတိမ်များအား အရှင်မြတ်အလိုရှိတော်မူသည့်အတိုင်း မိုးကောင်းကင်တွင် ဖြန့်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ထိုမိုးတိမ်များကို အပိုင်းများပြုလုပ်တော်မူသည်။ ထို့နောက် အသင်သည် ထိုမိုးတိမ်များကြားမှ မိုးရေ(ကျလာသည်)ကို မြင်ရသည်။ ထို့နောက် အရှင်မြတ်သည် ထိုမိုးရေကို အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိတော်မူသူထံ ကျရောက်စေတော်မူသည့်အခါ သူတို့သည် ချက်ချင်းပင် ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။ وَإِن كَانُواْ مِن قَبۡلِ أَن يُنَزَّلَ عَلَيۡهِم مِّن قَبۡلِهِۦ لَمُبۡلِسِينَ ٤٩ထို့ပြင် သူတို့သည် ထိုသို့ ဝမ်းမြောက်ပျော်ရွှင်မှု မဖြစ်ရသေးမီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက်ရှိခဲ့ကြသည်။ فَٱنظُرۡ إِلَىٰٓ ءَاثَٰرِ رَحۡمَتِ ٱللَّهِ كَيۡفَ يُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ ذَٰلِكَ لَمُحۡيِ ٱلۡمَوۡتَىٰۖ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٥٠သို့ဖြစ်ရာ အသင်(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်(မိုး)၏သကေင်္တများအား ကြည့်ပါ။ အရှင်မြတ်သည် မြေပထဝီကို ထိုမြေ(ခြောက်သွေ့)သေပြီးနောက် မည်သို့ရှင်စေတော်မူခဲ့သနည်းဆိုသည်ကို ကြည့်ပါ။ အမှန်စင်စစ် ဤမြေပထဝီကို ရှင်သန်စေသည့်အရှင်သည် သေသူများအား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَئِنۡ أَرۡسَلۡنَا رِيحًا فَرَأَوۡهُ مُصۡفَرًّا لَّظَلُّواْ مِنۢ بَعۡدِهِۦ يَكۡفُرُونَ ٥١ထို့နောက် အမှန်ပင် အကယ်၍ ငါအရှင်မြတ်က (အခြား)လေ(ပူကြမ်း)တစ်မျိုးကို စေလွှတ်တော်မူ၍ သူတို့သည် ထို လယ်ယာအား(ခြောက်သွေ့၍)ဝါနေသည်ကို တွေ့မြင်ခဲ့ကြလျှင် သူတို့သည် ထို(ကဲ့သို့ ဝါသွားပြီးသည့်)နောက်တွင် အမှန်ပင် ကျေးဇူးကန်းကြလိမ့်ဦးမည်။ فَإِنَّكَ لَا تُسۡمِعُ ٱلۡمَوۡتَىٰ وَلَا تُسۡمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوۡاْ مُدۡبِرِينَ ٥٢ထို့နောက် အမှန်ပင် အသင်(တမန်တော်)သည် (မိမိ၏စကားကို)သေသူများအား ကြားစေနိုင်မည် မဟုတ်ပေ။* ထို့ပြင် အသင်သည် နားပင်းသူများအားလည်း သူတို့ကျောခိုင်းလှည့်ထွက်သွားသည့်အခါ (မိမိ၏)ဟစ်ခေါ်သံကို ကြားစေနိုင်မည်မဟုတ်ပေ။ وَمَآ أَنتَ بِهَٰدِ ٱلۡعُمۡيِ عَن ضَلَٰلَتِهِمۡۖ إِن تُسۡمِعُ إِلَّا مَن يُؤۡمِنُ بِـَٔايَٰتِنَا فَهُم مُّسۡلِمُونَ ٥٣ထို့ပြင် အသင်သည် မျက်စိကန်းသူများအားလည်း သူတို့၏လမ်းလွဲခြင်းမှ(ကယ်တင်ရန်) လမ်းမှန်ကို ညွှန်ကြားပြသနိုင်မည်မဟုတ်ပေ။ အသင်သည် ငါအရှင်မြတ်၏အာယသ်တော်များကို ယုံကြည်၍နာခံသူများကိုသာ ကြားစေနိုင်မည်ဖြစ်သည်။ ۞ ٱللَّهُ ٱلَّذِي خَلَقَكُم مِّن ضَعۡفٍ ثُمَّ جَعَلَ مِنۢ بَعۡدِ ضَعۡفٍ قُوَّةً ثُمَّ جَعَلَ مِنۢ بَعۡدِ قُوَّةٍ ضَعۡفًا وَشَيۡبَةًۚ يَخۡلُقُ مَا يَشَآءُۚ وَهُوَ ٱلۡعَلِيمُ ٱلۡقَدِيرُ ٥٤အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ချည့်နဲ့ရာမှ ဖန်ဆင်းတော်မူသည့်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ထို့နောက် အရှင်မြတ်သည် ချည့်နဲ့မှု၏နောက်တွင် အင်အားကို ပြုလုပ်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် အင်အား၏နောက်တွင် ချည့်နဲ့မှုနှင့် အိုမင်းရင့်ရော်မှုကို ပြုလုပ်တော်မူခဲ့သည်။* အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည့်အရာအား ဖန်ဆင်းတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُقۡسِمُ ٱلۡمُجۡرِمُونَ مَا لَبِثُواْ غَيۡرَ سَاعَةٍۚ كَذَٰلِكَ كَانُواْ يُؤۡفَكُونَ ٥٥ထို့ပြင် ကိယာမသ်ဆိုက်ရောက်မည့်နေ့တွင် အပြစ်ကျူးလွန်ခဲ့ကြသည့်သူများက သူတို့သည် အချိန်အနည်းငယ်ထက် ပိုမနေခဲ့ကြရပေဟု ကျိန်ပြောကြမည်။ သူတို့သည် ဤသို့ပင်(လောကီတွင် လိမ်လည်ကျိန်ဆိုပြီး) လှည့်စားခံခဲ့ကြရသည်။ وَقَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ وَٱلۡإِيمَٰنَ لَقَدۡ لَبِثۡتُمۡ فِي كِتَٰبِ ٱللَّهِ إِلَىٰ يَوۡمِ ٱلۡبَعۡثِۖ فَهَٰذَا يَوۡمُ ٱلۡبَعۡثِ وَلَٰكِنَّكُمۡ كُنتُمۡ لَا تَعۡلَمُونَ ٥٦ထို့ပြင် အသိပညာနှင့် အီမာန်ပေးသနားခံခဲ့ကြရသည့်သူများကမူ “အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတွင်ပါရှိသည့်အတိုင်း ရှင်ပြန်ထမည့်နေ့အထိ နေခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ဤသည် ရှင်ပြန်ထမည့်နေ့ပင်ဖြစ်သည်။ သို့ရာတွင် အသင်တို့သည် မယုံကြည်ခဲ့ကြပေ“*ဟု ပြောဆိုကြမည်။ فَيَوۡمَئِذٍ لَّا يَنفَعُ ٱلَّذِينَ ظَلَمُواْ مَعۡذِرَتُهُمۡ وَلَا هُمۡ يُسۡتَعۡتَبُونَ ٥٧ထို့ပြင် ထိုနေ့တွင် မတရားပြုလုပ်ခဲ့ကြသည့်သူများကို သူတို့၏အကြောင်းပြချက်သည် အကျိုးပေးမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်အား ကျေနပ်အောင် နှစ်သိမ့်ခိုင်းခြင်းခံကြရမည်လည်း မဟုတ်ပေ။ وَلَقَدۡ ضَرَبۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٍۚ وَلَئِن جِئۡتَهُم بِـَٔايَةٍ لَّيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ أَنتُمۡ إِلَّا مُبۡطِلُونَ ٥٨ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအတွက် ဤကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် ပမာမျိုးစုံကို ခိုင်းနှိုင်းပြထားတော်မူသည်။ ထို့နောက် အကယ်၍ အသင်သည် သူတို့ထံသို့(အဘယ်မျှကြီးသည့်) သက်သေသာဓကတစ်ခုကိုဖြစ်စေ ယူဆောင်လာခဲ့လျှင်လည်း အမှန်စင်စစ် ငြင်းပယ်သူများက “အသင်တို့သည် (မှော်အတတ်နှင့်) အမှားပြုလုပ်(လိမ်လည်ကြံရွယ်)သူများပင် ဖြစ်ကြသည်“ဟု ပြောဆိုကြမည်ပင်ဖြစ်သည်။ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلَّذِينَ لَا يَعۡلَمُونَ ٥٩အလ္လာဟ်အရှင်မြတ်သည် မသိနားမလည်သည့်(အပြင် နားလည်ရန်ပင် မလိုလားသော)သူများ၏ စိတ်နှလုံးများအပေါ်တွင် ဤသို့ပင် တံဆိပ်ခတ်နှိပ်တော်မူသည်။ فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقٌّۖ وَلَا يَسۡتَخِفَّنَّكَ ٱلَّذِينَ لَا يُوقِنُونَ ٦٠သို့ဖြစ်ရာ အသင်(တမန်တော်)သည် သည်းခံပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် မှန်ကန်သော ကတိတော်ပင်ဖြစ်သည်။ ထို့ပြင် (ပွင့်လင်းမြင်သာသော သက်သေလက္ခဏာ အထောက်အထားများအား) မယုံကြည်သူများက အသင့်ကို သည်းမခံနိုင်သည်အထိ(စိတ်)ကျဉ်းကျပ် ချည့်နဲ့မှုမျိုးဖြစ်အောင် မပြုလုပ်စေနှင့်။