Millat al-Islam

Chapter 9 · 129 verses · Hashim Tin Myint

Surah At-Tawba in Burmese

Arabic with tafsir Listen to Surah At-Tawba (1206 reciters)
Medinanسورة التوبة129 verses

بَرَآءَةٌ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ١(ဤသည်) အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံမှ အသင်တို့ ကတိစာချုပ် ချုပ်ဆိုခဲ့ကြ‌သော မုရှ်ရိက်တို့အား (ထိုစာချုပ်နှင့်ပတ်သက်၍) လုံးဝ တာဝန်မရှိ‌ကြောင်း* (‌ကြေညာချက်)ဖြစ်သည်။ فَسِيحُواْ فِي ٱلۡأَرۡضِ أَرۡبَعَةَ أَشۡهُرٍ وَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِ وَأَنَّ ٱللَّهَ مُخۡزِي ٱلۡكَٰفِرِينَ ٢သို့ဖြစ်ရာ (အသင်‌ပြောလိုက်ပါ)- အသင်တို့သည် (ဤ)တိုင်းပြည်တွင် ‌လေးလထိ* (သာလွတ်လပ်စွာ) လှည့်လည်(သွားလာ)ကြပါ။ ၎င်းပြင် အသင်တို့သည် အမှန်ပင် အလ္လာဟ်အရှင်မြတ်အား (အပြစ်ဒဏ်ခတ်ခြင်းမှ) မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်သူများ မဟုတ်‌ကြောင်းနှင့် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ‌သေးသိမ်‌စေ‌တော်မူမည့်အရှင် ဖြစ်‌တော်မူ‌ကြောင်းကို (‌ကောင်းစွာ)သိမှတ်ထားကြပါ။ وَأَذَٰنٌ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلنَّاسِ يَوۡمَ ٱلۡحَجِّ ٱلۡأَكۡبَرِ أَنَّ ٱللَّهَ بَرِيٓءٌ مِّنَ ٱلۡمُشۡرِكِينَ وَرَسُولُهُۥۚ فَإِن تُبۡتُمۡ فَهُوَ خَيۡرٌ لَّكُمۡۖ وَإِن تَوَلَّيۡتُمۡ فَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِۗ وَبَشِّرِ ٱلَّذِينَ كَفَرُواْ بِعَذَابٍ أَلِيمٍ ٣ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံမှ ဟဂျ်ဂျိအက္ကဗရ်*‌နေ့၌ လူများထံသို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် (ကတိစာချုပ်ကို သူတို့ကိုယ်တိုင် ချိုးဖျက်ခဲ့ကြ‌သော) မုရှ်ရိက်များနှင့်ပတ်သက်၍ (ယခုကစပြီး) တာဝန်ကင်း‌တော်မူ‌ကြောင်း ‌ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် (ငြင်းပယ်မှုကို စွန့်လွှတ်ပြီး)ဝန်ချ‌တောင်းပန်ကြလျှင် ထိုဝန်ချ‌တောင်းပန်ခြင်းသည် အသင်တို့အတွက် အ‌ကောင်းဆုံးဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် (‌တောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြလျှင် အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်သူများ မဟုတ်‌ကြောင်း ‌ကောင်းစွာ သိမှတ်ထားကြပါ။ ထို့ပြင် အသင်သည် ကာဖိရ်များကို အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိ‌ကြောင်း သတင်း‌ကောင်း‌ပေးလိုက်ပါ။ إِلَّا ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ثُمَّ لَمۡ يَنقُصُوكُمۡ شَيۡـًٔا وَلَمۡ يُظَٰهِرُواْ عَلَيۡكُمۡ أَحَدًا فَأَتِمُّوٓاْ إِلَيۡهِمۡ عَهۡدَهُمۡ إِلَىٰ مُدَّتِهِمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ٤သို့ရာတွင် (၎င်းထဲ၌) အကြင်မုရှ်ရိက်များ (မပါဝင်‌ပေ၊ ထိုသူများ)အား အသင်တို့က ကတိကဝတ်ပြုခဲ့ကြသည်။ ထို့‌နောက် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ တာဝန်‌လျော့နည်းပျက်ကွက်ခြင်း မရှိခဲ့ကြ‌ပေ။ ၎င်းပြင် သူတို့သည် အသင်တို့နှင့်ဆန့်ကျင်၍ မည်သူ့ကိုမှ ကူညီခဲ့သည်လည်း မရှိခဲ့‌ပေ။ ထိုသို့ဆိုလျှင် အသင်တို့သည် သူတို့နှင့် ထားရှိ‌သောကတိကို သူတို့(သတ်မှတ်သည့်)အချိန်ထိ ပြီး‌မြောက်‌အောင် ‌ဆောင်ရွက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ချစ်မြတ်နိုး‌တော်မူသည်။ فَإِذَا ٱنسَلَخَ ٱلۡأَشۡهُرُ ٱلۡحُرُمُ فَٱقۡتُلُواْ ٱلۡمُشۡرِكِينَ حَيۡثُ وَجَدتُّمُوهُمۡ وَخُذُوهُمۡ وَٱحۡصُرُوهُمۡ وَٱقۡعُدُواْ لَهُمۡ كُلَّ مَرۡصَدٍۚ فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَخَلُّواْ سَبِيلَهُمۡۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٥ထို့‌နောက် ထွတ်မြတ်‌သောလများ ကုန်လွန်သွား‌သောအခါ အသင်တို့သည် (ကတိစာချုပ် ချိုးဖျက်ခဲ့ကြ‌သော)မုရှ်ရိက်များအား ‌တွေ့‌သော‌နေရာတွင် သတ်ဖြတ်ကြပါ။ ထို့ပြင် သူတို့အား ဖမ်းဆီးကြပါ။ ထို့ပြင် အသင်တို့သည် သူတို့အား ချုပ်‌နှောင်ထားကြပါ။ ထို့ပြင် အသင်တို့သည် သူတို့အား ပုန်း‌အောင်းရာ‌နေရာတိုင်း၌ (ဖမ်းဆီးရန်)‌ချောင်း‌မြောင်းထိုင်(ပြီး ရှာ‌ဖွေ)ကြပါ။ ထို့‌နောက် အကယ်၍ သူတို့သည် (ငြင်းပယ်မှုကို စွန့်လွှတ်ပြီး)ဝန်ချ‌တောင်းပန်ကြမည်၊ ၎င်းပြင် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြမည်၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြမည်ဆိုလျှင် အသင်တို့သည် သူတို့၏လမ်းကို ဖွင့်လှစ်‌ပေးလိုက်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِنۡ أَحَدٌ مِّنَ ٱلۡمُشۡرِكِينَ ٱسۡتَجَارَكَ فَأَجِرۡهُ حَتَّىٰ يَسۡمَعَ كَلَٰمَ ٱللَّهِ ثُمَّ أَبۡلِغۡهُ مَأۡمَنَهُۥۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَعۡلَمُونَ ٦ထို့ပြင် အကယ်၍ မုရှ်ရိက်များထဲမှ တစ်ဦးတစ်‌ယောက်သည် အသင်၏ထံတွင် ခိုလှုံမှု‌တောင်းခံခဲ့လျှင် အသင်သည် ထိုသူအား သူသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ကြားနာနိုင်ရန်အတွက် အကာအကွယ်‌ပေးလိုက်ပါ။ ထို့‌နောက် အသင်သည် သူ့အား သူ၏‌ဘေးဒုက္ခ ကင်း‌ဝေး‌သော‌နေရာသို့ ပို့‌ဆောင်‌ပေးလိုက်ပါ။* ဤသည်မှာ သူတို့သည် မသိနားမလည်သူများဖြစ်သည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ كَيۡفَ يَكُونُ لِلۡمُشۡرِكِينَ عَهۡدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَٰهَدتُّمۡ عِندَ ٱلۡمَسۡجِدِ ٱلۡحَرَامِۖ فَمَا ٱسۡتَقَٰمُواْ لَكُمۡ فَٱسۡتَقِيمُواْ لَهُمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ٧အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံတွင် မုရှ်ရိက်များ၏ ကတိစာချုပ်ကို ‌ထောက်ထားလိုက်နာရန် တာဝန်မည်ကဲ့သို့ ရှိ‌တော့မည်နည်း။ သို့ရာတွင် မတ်စ်ဂျိဒိဟရာမ် ထွတ်မြတ်‌သောဗလီဝတ်‌ကျောင်း‌တော်အပါး၌ အသင်တို့ ကတိစာချုပ် ချုပ်ဆိုခဲ့‌သောသူများကမူ၊ သူတို့သည် အသင်တို့နှင့်ပတ်သက်၍ ‌ဖြောင့်မတ်စွာ တည်ရှိ‌နေသမျှ အသင်တို့သည်လည်း သူတို့နှင့်ပတ်သက်၍ ‌ဖြောင့်မတ်စွာ တည်ရှိကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ချစ်မြတ်နိုး‌တော်မူသည်။ كَيۡفَ وَإِن يَظۡهَرُواْ عَلَيۡكُمۡ لَا يَرۡقُبُواْ فِيكُمۡ إِلًّا وَلَا ذِمَّةًۚ يُرۡضُونَكُم بِأَفۡوَٰهِهِمۡ وَتَأۡبَىٰ قُلُوبُهُمۡ وَأَكۡثَرُهُمۡ فَٰسِقُونَ ٨(ထိုကဲ့သို့ ကတိမတည်‌သောသူများ၏ ကတိစာချုပ်ကို) မည်ကဲ့သို့ ‌ထောက်ထားနိုင်မည်နည်း။ ထို့ပြင် အကယ်၍ သူတို့သည် အသင်တို့အ‌ပေါ်တွင် ‌အောင်နိုင်ကြလျှင် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ ‌ဆွေမျိုး‌တော်စပ်ခြင်းကို‌သော်လည်း‌ကောင်း၊ ကတိစာချုပ် ချုပ်ဆိုထားခြင်းကို‌သော်လည်း‌ကောင်း ‌ထောက်ထားကြမည် မဟုတ်‌ပေ။ သူတို့သည် အသင်တို့အား သူတို့၏နှုတ်များဖြင့်သာ နှစ်သိမ့်‌စေကြသည်။ ၎င်းပြင် သူတို့၏စိတ်နှလုံးများကမူ (နှုတ်နှင့်)ဆန့်ကျင်လျက် ရှိကြသည်။ ၎င်းပြင် သူတို့ထဲမှ အများစုသည် စည်း‌ဖောက်သူမျာပင်*ဖြစ်ကြသည်။ ٱشۡتَرَوۡاْ بِـَٔايَٰتِ ٱللَّهِ ثَمَنًا قَلِيلًا فَصَدُّواْ عَن سَبِيلِهِۦٓۚ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ ٩သူတို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များဖြင့် အဖိုး‌ငွေ အနည်းငယ်ကို လဲလှယ်ဝယ်ယူခဲ့ကြသည်။ ထို့‌နောက် သူတို့သည် (လူများအား)အရှင်မြတ်၏လမ်း‌တော်မှ ပိတ်ပင်တားဆီးခဲ့ကြသည်။ အမှန်မှာ သူတို့ပြုသမျှသည် အလွန်ဆိုးရွားလှသည်။ لَا يَرۡقُبُونَ فِي مُؤۡمِنٍ إِلًّا وَلَا ذِمَّةًۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُعۡتَدُونَ ١٠သူတို့သည် မည်သည့်ယုံကြည်သူ တစ်ဦးတစ်‌ယောက်ကိုမှ ‌ဆွေမျိုး‌တော်စပ်မှုကို‌သော်လည်း‌ကောင်း၊ ကတိစာချုပ် ချုပ်ဆိုထားမှုကို‌သော်လည်း‌ကောင်း ‌ထောက်ထားကြသည် မဟုတ်‌ပေ။ ထို့ပြင် သူတို့ပင် လွန်ကျူးသူများဖြစ်ကြသည်။ فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِۗ وَنُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡلَمُونَ ١١ထို့‌နောက် အကယ်၍ သူတို့သည် ဝန်ချ‌တောင်းပန်ပြီး (အီမာန်ယုံကြည်ကာ) စွလာသ်‌ဆောက်တည်ကြလျှင်၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြလျှင် သူတို့သည် သာသနာတွင် အသင်တို့၏ ညီအစ်ကိုများပင်ဖြစ်ကြသည်။* ထို့ပြင် ငါအရှင်မြတ်သည် အာယသ်‌တော်များကို သိနားလည်သူများအတွက် အ‌သေးစိတ် ရှင်းလင်းမိန့်ကြား‌တော်မူသည်။ وَإِن نَّكَثُوٓاْ أَيۡمَٰنَهُم مِّنۢ بَعۡدِ عَهۡدِهِمۡ وَطَعَنُواْ فِي دِينِكُمۡ فَقَٰتِلُوٓاْ أَئِمَّةَ ٱلۡكُفۡرِ إِنَّهُمۡ لَآ أَيۡمَٰنَ لَهُمۡ لَعَلَّهُمۡ يَنتَهُونَ ١٢၎င်းပြင် အကယ်၍ သူတို့သည် ကတိသစ္စာပြုလုပ်ပြီး‌နောက်၌ပင် သူတို့ထားရှိ‌သော ကတိသစ္စာများကို ချိုးဖျက်ပြီး အသင်တို့၏သာသနာကို ကဲ့ရဲ့ရှုတ်ချ အပြစ်‌ပြောဆိုမှုကို ပြုလုပ်ခဲ့ကြလျှင် အသင်တို့သည် ကာဖိရ်‌ခေါင်း‌ဆောင်များအား သူတို့(၏ အယူဝါဒ)ရပ်စဲသွားကြရန်အတွက် တိုက်ခိုက်ကြပါ။ အမှန်မှာ သူတို့၌ ကတိသစ္စာမရှိသည့်အတွက်‌ကြောင့် ဖြစ်သည်။ أَلَا تُقَٰتِلُونَ قَوۡمًا نَّكَثُوٓاْ أَيۡمَٰنَهُمۡ وَهَمُّواْ بِإِخۡرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمۡ أَوَّلَ مَرَّةٍۚ أَتَخۡشَوۡنَهُمۡۚ فَٱللَّهُ أَحَقُّ أَن تَخۡشَوۡهُ إِن كُنتُم مُّؤۡمِنِينَ ١٣အသင်တို့သည် အကြင်အမျိုးသားများအား အဘယ့်‌ကြောင့် မတိုက်ကြသနည်း။ ထိုအမျိုးသားများသည် သူတို့၏ကတိများကိုလည်း ‌ဖောက်ဖျက်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် တမန်‌တော်မြတ်(မုဟမ္မဒ်-ဆွ)ကို (မက္ကဟ်မြို့မှ)နှင်ထုတ်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းပြင် သူတို့ကပင် အသင်တို့အား စပြီးတိုက်ခိုက်ခဲ့ကြသည်။* အသင်တို့သည် သူတို့အား ‌ကြောက်‌နေကြသ‌လော၊ ၎င်းပြင် အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြသည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်အား ပို၍ ‌ကြောက်ထိုက်သည်။ قَٰتِلُوهُمۡ يُعَذِّبۡهُمُ ٱللَّهُ بِأَيۡدِيكُمۡ وَيُخۡزِهِمۡ وَيَنصُرۡكُمۡ عَلَيۡهِمۡ وَيَشۡفِ صُدُورَ قَوۡمٍ مُّؤۡمِنِينَ ١٤အသင်တို့သည် သူတို့အား တိုက်ခိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အသင်တို့၏လက်များနှင့် ပြစ်ဒဏ်‌ပေး‌တော်မူမည် ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား ‌သေးသိမ်‌စေ‌တော်မူမည်လည်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား သူတို့နှင့်ဆန့်ကျင်၍ အကူအညီ‌ပေး‌တော်မူမည်လည်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ယုံကြည်သူများ၏စိတ်နှလုံးများကို ‌အေးချမ်း‌စေ‌တော်မူမည်လည်း ဖြစ်သည်။ وَيُذۡهِبۡ غَيۡظَ قُلُوبِهِمۡۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١٥ထို့ပြင် အရှင်မြတ်သည် ယုံကြည်သူများ၏စိတ်နှလုံးများ၏ ‌ဒေါသကိုလည်း ပ‌ပျောက်‌စေ‌တော်မူမည် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူ၏အ‌ပေါ်၌ အမှားဝန်ခံမှုကို လက်ခံ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ أَمۡ حَسِبۡتُمۡ أَن تُتۡرَكُواْ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَلَمۡ يَتَّخِذُواْ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلۡمُؤۡمِنِينَ وَلِيجَةًۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ١٦အသင်တို့သည် အသင်တို့အား (စမ်းသပ်မှုမခံရဘဲ ဤအတိုင်း)စွန့်လွှတ်ထားခြင်း ခံကြရလိမ့်မည်ဟု ထင်မှတ်ကြသ‌လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (ယခုထိ) အသင်တို့ထဲမှ (မသည်သူများသည် သာသနာအတွက်)စစ်တိုက်ကြ‌သောသူများဖြစ်‌ကြောင်း (ကွဲပြား ထင်‌ပေါ်လာသည်)ကို သိသာခြင်း မရှိ‌သေး‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏တမန်‌တော်နှင့် ယုံကြည်သူများမှလွဲ၍ အခြားသူများအား အကျွမ်းဝင်မိတ်‌ဆွေအဖြစ် (မည်သူများသည်) မပြုလုပ်ကြသနည်းဆိုသည်ကိုလည်း (ကွဲပြားသိသာခြင်း မရှိ‌သေး‌ပေ)။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ مَا كَانَ لِلۡمُشۡرِكِينَ أَن يَعۡمُرُواْ مَسَٰجِدَ ٱللَّهِ شَٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلۡكُفۡرِۚ أُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ وَفِي ٱلنَّارِ هُمۡ خَٰلِدُونَ ١٧မုရှ်ရိက်များသည် သူတို့အ‌နေဖြင့် သူတို့ ကာဖိရ်ဖြစ်‌ကြောင်း ဝန်ခံ‌နေပါလျက် အလ္လာဟ်အရှင်မြတ်၏ ဗလီဝတ်‌ကျောင်း‌တော်များကို စည်ကား‌အောင်ပြုလုပ်ရန် (ထိန်းသိမ်း‌စောင့်‌ရှောက်ရန်) အရည်အချင်း မရှိ‌ပေ။* ထိုမုရှ်ရိက်များပင်၊ သူတို့၏(‌ကောင်း‌သော)အပြုအမူများသည် အကျိုးမဲ့ဖြစ်ခဲ့ကြသည့်အပြင် သူတို့သည် ငရဲမီးထဲ၌ပင် အမြဲ‌နေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။ إِنَّمَا يَعۡمُرُ مَسَٰجِدَ ٱللَّهِ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمۡ يَخۡشَ إِلَّا ٱللَّهَۖ فَعَسَىٰٓ أُوْلَٰٓئِكَ أَن يَكُونُواْ مِنَ ٱلۡمُهۡتَدِينَ ١٨အလ္လာဟ်အရှင်မြတ်၏ ဗလီဝတ်‌ကျောင်း‌တော်များကို အကြင်သူများသာ စည်ကား‌အောင် (ထိန်းသိမ်း‌စောင့်‌ရှောက်မှု) ပြုလုပ်နိုင်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ကြသည့်အပြင် စွလာသ်လည်း ဝတ်ပြုကြ၍ ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ မ‌ကြောက်ရွံ့ကြ‌ပေ။ ထိုသူများသာ တရားလမ်းမှန်ရရှိကြ‌သောသူများထဲမှ ဖြစ်သည်ဟု စိတ်ချယုံကြည်နိုင်သည်။ ۞ أَجَعَلۡتُمۡ سِقَايَةَ ٱلۡحَآجِّ وَعِمَارَةَ ٱلۡمَسۡجِدِ ٱلۡحَرَامِ كَمَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَجَٰهَدَ فِي سَبِيلِ ٱللَّهِۚ لَا يَسۡتَوُۥنَ عِندَ ٱللَّهِۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٩အသင်တို့သည် ဟာဂျီများကို ‌ရေတိုက်ခြင်းနှင့် မတ်စ်ဂျိဒိဟရာမ်ထွတ်မြတ်‌သော ဗလီဝတ်‌ကျောင်း‌တော်ကို စည်ကား‌အောင်လုပ်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ပြီး အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်‌သောသူများနှင့် တူညီသည်ဟု ထင်မှတ်ကြသ‌လော။ သူတို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် မတူကြ‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်‌သောသူများကို လမ်းမှန်‌ရောက်‌အောင် ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။ ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ أَعۡظَمُ دَرَجَةً عِندَ ٱللَّهِۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَآئِزُونَ ٢٠အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ်‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့၏ပစ္စည်းဥစ္စာများ၊ သူတို့၏အသက်များနှင့် ရင်းပြီး စစ်တိုက်ခဲ့ကြသည်။ (သူတို့သည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အဆင့်အတန်း အလွန်မြင့်သည့်အပြင် သူတို့သာ ‌အောင်မြင်မှုကို ရရှိသူများဖြစ်ကြသည်။ يُبَشِّرُهُمۡ رَبُّهُم بِرَحۡمَةٍ مِّنۡهُ وَرِضۡوَٰنٍ وَجَنَّٰتٍ لَّهُمۡ فِيهَا نَعِيمٌ مُّقِيمٌ ٢١သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့ကို အရှင်မြတ်ထံ‌တော်မှ သနားကရုဏာ‌တော်နှင့် ‌ကျေနပ်နှစ်သက်မှုအပြင် ဂျန္နသ်၏ဥယျာဉ်များ ချီးမြှင့်‌တော်မူမည့်အ‌ကြောင်း သတင်း‌ကောင်း‌ပေး‌တော်မူသည်။ သူတို့အတွက် ထိုဥယျာဉ်များထဲတွင် တည်မြဲ‌သော စည်းစိမ်များရှိမည်။ خَٰلِدِينَ فِيهَآ أَبَدًاۚ إِنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٌ ٢٢သူတို့သည် ထိုဥယျာဉ်များ၌ အမြဲ‌နေထိုင်ကြရမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ကြီးကျယ်မြင့်မြတ်‌သော အကျိုးဆုလာဘ်လည်းရှိသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُوٓاْ ءَابَآءَكُمۡ وَإِخۡوَٰنَكُمۡ أَوۡلِيَآءَ إِنِ ٱسۡتَحَبُّواْ ٱلۡكُفۡرَ عَلَى ٱلۡإِيمَٰنِۚ وَمَن يَتَوَلَّهُم مِّنكُمۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ٢٣အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးတို့နှင့် အသင်တို့၏ညီအစ်ကိုများသည် အကယ်၍ ကုဖ်ရ် ငြင်းပယ်မှုကို အီမာန်ယုံကြည်မှုထက် ပိုနှစ်သက်ကြလျှင် အသင်တို့သည် သူတို့အား မိတ်‌ဆွေများ မပြုလုပ်ကြနှင့်။* ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို ထိုသူများအား မိတ်‌ဆွေပြုလုပ်လျှင် ထို(ကဲ့သို့ မိတ်‌ဆွေပြုလုပ်)သူများပင် မတရားကျူးလွန်သူများ ဖြစ်ကြသည်။ قُلۡ إِن كَانَ ءَابَآؤُكُمۡ وَأَبۡنَآؤُكُمۡ وَإِخۡوَٰنُكُمۡ وَأَزۡوَٰجُكُمۡ وَعَشِيرَتُكُمۡ وَأَمۡوَٰلٌ ٱقۡتَرَفۡتُمُوهَا وَتِجَٰرَةٌ تَخۡشَوۡنَ كَسَادَهَا وَمَسَٰكِنُ تَرۡضَوۡنَهَآ أَحَبَّ إِلَيۡكُم مِّنَ ٱللَّهِ وَرَسُولِهِۦ وَجِهَادٍ فِي سَبِيلِهِۦ فَتَرَبَّصُواْ حَتَّىٰ يَأۡتِيَ ٱللَّهُ بِأَمۡرِهِۦۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ٢٤(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ၊ အသင်တို့၏သား(သမီး)များ၊ အသင်တို့၏ညီအစ်ကိုများ၊ အသင်တို့၏ဇနီးကြင်ရာများ၊ အသင်တို့၏‌ဆွေမျိုးသားချင်းများ၊ အသင်တို့ ရှာ‌ဖွေစု‌ဆောင်းထားကြ‌သောပစ္စည်းဥစ္စာများ၊ အသင်တို့ ထိုင်းမှိုင်းသွားမည်ကို စိုးရိမ်ကြ‌သော ‌ရောင်းဝယ်‌ဖောက်ကားမှုများ၊ အသင်တို့ နှစ်သက်လိုလားကြ‌သော တိုက်တာ‌ဂေဟာ အ‌ဆောက်အအုံများသည် အသင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အပြင် အရှင်မြတ်၏လမ်း‌တော်၌ စစ်တိုက်ခြင်းတို့ထက်ပိုပြီး ချစ်ခင်နှစ်သက်ဖွယ်ရာများ ဖြစ်ခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်ကို ထုတ်ပြန်‌တော်မူသည်အထိ အသင်တို့သည် ‌စောင့်ဆိုင်း‌နေကြပါ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ကို ‌သွေဖည်‌သောသူများအား လမ်းမှန်သို့‌ရောက်‌အောင် ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။ لَقَدۡ نَصَرَكُمُ ٱللَّهُ فِي مَوَاطِنَ كَثِيرَةٍ وَيَوۡمَ حُنَيۡنٍ إِذۡ أَعۡجَبَتۡكُمۡ كَثۡرَتُكُمۡ فَلَمۡ تُغۡنِ عَنكُمۡ شَيۡـًٔا وَضَاقَتۡ عَلَيۡكُمُ ٱلۡأَرۡضُ بِمَا رَحُبَتۡ ثُمَّ وَلَّيۡتُم مُّدۡبِرِينَ ٢٥အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စစ်‌မြေပြင်များစွာ၌လည်း‌ကောင်း* ဟုနိုင်န်(‌တောင်ကြား၌ စစ်ဖြစ်ခဲ့‌သော)‌နေ့တွင်လည်း‌ကောင်း* ကူညီ‌တော်မူခဲ့သည်။ ထို(ဟုနိုင်န်‌တောင်ကြား၌စစ်ဖြစ်‌သော)အခါ အသင်တို့၏(အ‌ရေအတွက်)များပြားမှုသည် အသင်တို့အား အထင်ကြီး‌စေခဲ့သည်။ သို့ရာတွင် ၎င်း(အ‌ရေအတွက်)များပြားမှုသည် အသင်တို့အတွက် မည်သို့မှ အသုံးမဝင်ခဲ့‌ပေ။ ထို့ပြင် ကမာ္ဘ‌မြေပြင်သည် (ဤမျှ)ကျယ်ဝန်းလျက်နှင့်ပင် အသင်တို့အ‌ပေါ်၌ ကျဉ်း‌မြောင်းသွားခဲ့သည်။ ထို့‌နောက် အသင်တို့သည် ‌ကျောခိုင်းထွက်‌ပြေးခဲ့ကြသည်။ ثُمَّ أَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَنزَلَ جُنُودًا لَّمۡ تَرَوۡهَا وَعَذَّبَ ٱلَّذِينَ كَفَرُواْۚ وَذَٰلِكَ جَزَآءُ ٱلۡكَٰفِرِينَ ٢٦ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ အရှင်မြတ်၏တမန်‌တော်နှင့် ယုံကြည်သူများအ‌ပေါ်တွင် စိတ်တည်ငြိမ်မှုကို ချ‌ပေးသနား‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့ မမြင်နိုင်‌သော စစ်တပ်များကို ‌စေလွှတ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များအား ပြစ်ဒဏ်‌ပေး‌တော်မူခဲ့သည်။ ၎င်းပြင် ဤသည် ကာဖိရ်များ၏ အစား‌ပေးခြင်းပင်ဖြစ်သည်။ ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعۡدِ ذَٰلِكَ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ غَفُورٌ رَّحِيمٌ ٢٧၎င်းပြင် ထို(စစ်ပွဲ)ပြီးသည့်‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သော သူ၏အမှားဝန်ခံမှုကို လက်ခံခွင့်လွှတ်‌တောမူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡمُشۡرِكُونَ نَجَسٌ فَلَا يَقۡرَبُواْ ٱلۡمَسۡجِدَ ٱلۡحَرَامَ بَعۡدَ عَامِهِمۡ هَٰذَاۚ وَإِنۡ خِفۡتُمۡ عَيۡلَةً فَسَوۡفَ يُغۡنِيكُمُ ٱللَّهُ مِن فَضۡلِهِۦٓ إِن شَآءَۚ إِنَّ ٱللَّهَ عَلِيمٌ حَكِيمٌ ٢٨အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ မုရှ်ရိက်များသည် ညစ်ညမ်းသူများပင်ဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့သည် ဤနှစ်ကုန်ဆုံးပြီးလျှင် မတ်စ်ဂျိဒိဟရာမ် ထွတ်မြတ်‌သောဗလီဝတ်‌ကျောင်း‌တော် အနီးသို့ပင် ချဉ်းကပ်မှု မပြုကြရ‌ပေ။* ၎င်းပြင် အကယ်၍ အသင်တို့သည် ဆင်းရဲကျပ်တည်းမှုကို စိုးရိမ်ကြလျှင်၊ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် မကြာမီ အသင်တို့အား အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အလွန်ပြည့်စုံ ကြွယ်ဝချမ်းသာ‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قَٰتِلُواْ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلۡحَقِّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حَتَّىٰ يُعۡطُواْ ٱلۡجِزۡيَةَ عَن يَدٍ وَهُمۡ صَٰغِرُونَ ٢٩အသင်တို့သည် အကြင်သူများအား တိုက်ခိုက်ကြပါ၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ကြ‌ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ဟရာမ်ဟု တားမြစ်ထား‌တော်မူ‌သောအရာများကို ဟရာမ်ဟု မယူဆကြ‌ပေ။ ၎င်းပြင် ထိုသူများသည် မှန်ကန်‌သော (အစ္စလာမ်)သာသနာကိုလည်း ယုံကြည်လက်ခံခြင်း မရှိကြ‌ပေ။ ထိုသူများသည် ကျမ်းရသူများထဲမှဖြစ်ပြီး သူတို့လက်နှင့် သူတို့ ‌အောက်ကျို့လျက် ကြည်ဖြူစွာ အခွန်မ‌ဆောင်သမျှ (သူတို့အား တိုက်ခိုက်ကြပါ)။ وَقَالَتِ ٱلۡيَهُودُ عُزَيۡرٌ ٱبۡنُ ٱللَّهِ وَقَالَتِ ٱلنَّصَٰرَى ٱلۡمَسِيحُ ٱبۡنُ ٱللَّهِۖ ذَٰلِكَ قَوۡلُهُم بِأَفۡوَٰهِهِمۡۖ يُضَٰهِـُٔونَ قَوۡلَ ٱلَّذِينَ كَفَرُواْ مِن قَبۡلُۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ ٣٠ထို့ပြင် ယဟူဒီများက အုဇိုင်ရ်သည် အလ္လာဟ်အရှင်မြတ်၏သား‌တော်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ နတ်စွ်ရာနီတို့ကလည်း မစီဟ်(အီစာ)သည် အလ္လာဟ်အရှင်မြတ်၏သား‌တော်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ဤသည် သူတို့၏နှုတ်များက ထွက်‌သောစကားများသာဖြစ်သည်။ သူတို့သည် ယခင်ကရှိခဲ့‌သော ကာဖိရ်များ၏ ‌ပြောဆိုမှုကို တုပခဲ့ကြခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဖျက်ဆီး‌တော်မူပါ‌စေ။ သူတို့သည် မည်သို့ ပြန်လှည့်သွားကြသနည်း။ ٱتَّخَذُوٓاْ أَحۡبَارَهُمۡ وَرُهۡبَٰنَهُمۡ أَرۡبَابًا مِّن دُونِ ٱللَّهِ وَٱلۡمَسِيحَ ٱبۡنَ مَرۡيَمَ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُوٓاْ إِلَٰهًا وَٰحِدًاۖ لَّآ إِلَٰهَ إِلَّا هُوَۚ سُبۡحَٰنَهُۥ عَمَّا يُشۡرِكُونَ ٣١သူတို့သည် အရှင်သခင်တစ်ပါးတည်းကိုသာ ကိုးကွယ်ကြရန် အမိန့်‌ပေးခြင်းခံထားရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး သူတို့၏ပညာရှင် ဆရာ‌တော်များနှင့်၊ ဘုန်းကြီးရဟန်းများအပြင် မရ်ယမ်၏သား မစီဟ်ကို အရှင်သခင်များအဖြစ် ပြုလုပ်ထားခဲ့ကြသည်။* ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ အရှင်မြတ်သည် သူတို့ တုဖက်ကိုးကွယ်ကြသည်များမှ သန့်ရှင်းစင်ကြယ်‌တော်မူသည်။ يُرِيدُونَ أَن يُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَيَأۡبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ ٣٢သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ရောင်ခြည်‌တော်ကို* သူတို့၏ပါးစပ်များနှင့် (မှုတ်)ပြီးငြိ်မ်းသတ်လိုကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များက မနှစ်သက်ကြ‌သော်လည်း အရှင်မြတ်၏‌ရောက်ခြည်‌တော်ကို ပြည့်ဝ‌အောင် ပြုလုပ်‌တော်မူသည်မှလွဲ၍ (အခြား)မည်သည်ကိုမှ သ‌ဘောတူ‌တော်မူမည် မဟုတ်‌ပေ။ هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ ٣٣အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မုရှ်ရိက်များက မနှစ်သက်ကြလျှင်လည်း အရှင်မြတ်၏တမန်‌တော်ကို သာသနာအားလုံးအ‌ပေါ်တွင် လွှမ်းမိုး‌စေရန်အတွက်* လမ်းမှန်ညွှန်ကြားပြသချက်နှင့်တကွ မှန်ကန်‌သော သာသနာနှင့်အတူ ‌စေလွှတ်‌တော်မူခဲ့သည်။ ۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ كَثِيرًا مِّنَ ٱلۡأَحۡبَارِ وَٱلرُّهۡبَانِ لَيَأۡكُلُونَ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِۗ وَٱلَّذِينَ يَكۡنِزُونَ ٱلذَّهَبَ وَٱلۡفِضَّةَ وَلَا يُنفِقُونَهَا فِي سَبِيلِ ٱللَّهِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ ٣٤အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အမှန်စင်စစ် (ယဟူဒီ၊ နတ်စ်ွရာနီ)ပညာရှင်များနှင့် ဘုန်း‌တော်ကြီးအ‌မြောက်အမြားသည် လူများ၏ပစ္စည်းဥစ္စာများကို အမှန်ပင် မတရားစားသုံးကြသည်။* ၎င်းပြင် သူတို့သည် (လူများအား)အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးကြသည်။ ထို့ပြင် အကြင်သူများသည် ‌ရွှေ‌ငွေ(ရတနာ)များကို စု‌ဆောင်းပြီး*ထားကြသည်။ ၎င်းပြင် သူတို့သည် ထိုအရာများကို အလ္လာဟ်အရှင်မြတ်၏လမ်းတွင် မသုံးစွဲကြ‌ပေ။ သို့ဖြစ်ရာ အသင်သည် ထိုသူများအား နာကျင်‌စေ‌သော အပြစ်ဒဏ်(ကို ခံကြရမည့်)အ‌ကြောင်း သတင်း‌ကောင်း‌ပေးလိုက်ပါ။ يَوۡمَ يُحۡمَىٰ عَلَيۡهَا فِي نَارِ جَهَنَّمَ فَتُكۡوَىٰ بِهَا جِبَاهُهُمۡ وَجُنُوبُهُمۡ وَظُهُورُهُمۡۖ هَٰذَا مَا كَنَزۡتُمۡ لِأَنفُسِكُمۡ فَذُوقُواْ مَا كُنتُمۡ تَكۡنِزُونَ ٣٥(ပြစ်ဒဏ်ကျ‌ရောက်မည့်)ထို‌နေ့တွင် ထို(‌ရွှေ‌ငွေရတနာများ)သည် ဂျဟန္နမ်ငရဲမီး၌ ‌လောင်မြှိုက်ခြင်းခံရမည်။ ထို့ပြင် ထိုသူများ၏နဖူးများ၊ နံ‌ဘေးများနှင့် ‌ကျောကုန်းများသည် ၎င်း(မီးဖုတ်ထား‌သော‌ရွှေ‌ငွေ)နှင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရမည်။* (ပြစ်ဒဏ်ခတ်‌သော ‌ကောင်းကင်တမန်များက ‌ပြောဆိုကြမည်) “ဤသည် အသင်တို့အ‌နေနှင့် အသင်တို့အတွက် စု‌ဆောင်းထားခဲ့ကြ‌သောအရာ(ရတနာ)များပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့စု‌ဆောင်းမှု(၏ ပြစ်ဒဏ်)ကို မြည်းစမ်းကြည့်ကြပါ။“ إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثۡنَا عَشَرَ شَهۡرًا فِي كِتَٰبِ ٱللَّهِ يَوۡمَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ مِنۡهَآ أَرۡبَعَةٌ حُرُمٌۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُۚ فَلَا تَظۡلِمُواْ فِيهِنَّ أَنفُسَكُمۡۚ وَقَٰتِلُواْ ٱلۡمُشۡرِكِينَ كَآفَّةً كَمَا يُقَٰتِلُونَكُمۡ كَآفَّةًۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ ٣٦အမှန်စင်စစ် လများ၏ အ‌ရေအတွက်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်း‌တော်တွင် ပါရှိသည့်အတိုင်း မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သော‌နေ့မှစပြီး ဆယ့်နှစ်လပင်ဖြစ်သည်။ ထိုထဲမှ ‌လေးလသည် ထွတ်မြတ်‌သောလများပင်*ဖြစ်သည်။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော သာသနာ‌တော်(၏ ညွှန်ကြားပြသချက်)ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုလများ၌ အသင်တို့ကိုယ်ကိုအသင်တို့ ညှဉ်းပန်းနှိပ်စက်မှု မပြုကြနှင့်။ ၎င်းပြင် မုရှ်ရိက်များသည် အသင်တို့အားလုံးအား တိုက်ခိုက်ကြသကဲ့သို့ အသင်တို့သည်လည်း သူတို့အားလုံးအား တိုက်ခိုက်ကြပါ။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများနှင့်အတူ ရှိ‌တော်မူသည်ကို အသင်တို့ (‌ကောင်းစွာ)သိမှတ်ထားကြပါ။ إِنَّمَا ٱلنَّسِيٓءُ زِيَادَةٌ فِي ٱلۡكُفۡرِۖ يُضَلُّ بِهِ ٱلَّذِينَ كَفَرُواْ يُحِلُّونَهُۥ عَامًا وَيُحَرِّمُونَهُۥ عَامًا لِّيُوَاطِـُٔواْ عِدَّةَ مَا حَرَّمَ ٱللَّهُ فَيُحِلُّواْ مَا حَرَّمَ ٱللَّهُۚ زُيِّنَ لَهُمۡ سُوٓءُ أَعۡمَٰلِهِمۡۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ٣٧လများကို ‌ရွှေ့ဆိုင်းခြင်းသည်* ကုဖ်ရ်ငြင်းပယ်မှု၌ တိုးပွားမှုဖြစ်သည်။ ထိုကဲ့သို့ ‌ရွှေ့ဆိုင်းထားသည့်အတွက် ကာဖိရ်များသည် လမ်းမှာကို ‌ရောက်‌စေခြင်းခံရသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်လို့ တားမြစ်ထား‌တော်မူခဲ့‌သော (လများ၏)အ‌ရေအတွက်နှင့် ကိုက်ညီ‌စေရန်အတွက် ထို‌ရွှေ့ဆိုင်းထား‌သောလများကို တစ်နှစ်တွင် ဟလာလ်ပြုလုပ်ပြီး ‌နောက်တစ်နှစ်တွင် ဟရာမ်ဟု ပြုလုပ်လိုက်ကြသည်။ ထိုကဲ့သို့ပြုလုပ်သည့်အတွက် သူတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟု တားမြစ်‌တော်မူခဲ့‌သောလကို ဟလာလ်ပြုလုပ်ကြသည်။ သူတို့၏မ‌ကောင်းမှုများသည် သူတို့(၏ အမြင်)၌ လှပစွာ ရှိ‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို လမ်းမှန်ညွှန်ကြားပြသ‌တော် မမူ‌ပေ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ مَا لَكُمۡ إِذَا قِيلَ لَكُمُ ٱنفِرُواْ فِي سَبِيلِ ٱللَّهِ ٱثَّاقَلۡتُمۡ إِلَى ٱلۡأَرۡضِۚ أَرَضِيتُم بِٱلۡحَيَوٰةِ ٱلدُّنۡيَا مِنَ ٱلۡأٓخِرَةِۚ فَمَا مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا فِي ٱلۡأٓخِرَةِ إِلَّا قَلِيلٌ ٣٨အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ထွက်ကြပါဟု ‌ပြောဆို‌သောအခါ အသင်တို့သည် အဘယ့်‌ကြောင့် ‌မြေ‌ပေါ်တွင် ‌တွေ‌ဝေပြီး ထိုင်‌နေကြသနည်း(‌လေးလံသွားကြသနည်း)။ အသင်တို့သည် ‌လောကီဘဝ ရှင်သန်ခြင်းကိုပင် တမလွန်ဘဝထက် နှစ်သက်ကြသ‌လော။ သို့ဖြစ်လျှင် ‌လောကီဘဝ၏စည်းစိမ်သည် တမလွန်ဘဝနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာဖြစ်သည်(ကို အသင်တို့ ‌ကောင်းစွာ သိမှတ်ထားကြပါ)။ إِلَّا تَنفِرُواْ يُعَذِّبۡكُمۡ عَذَابًا أَلِيمًا وَيَسۡتَبۡدِلۡ قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّوهُ شَيۡـًٔاۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٣٩အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ လမ်းကို)မထွက်ကြလျှင်၊ အရှင်မြတ်သည် အသင်တို့ကို အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၏အစား အခြားလူမျိုးတစ်မျိုးကို လဲလှယ်(ဖန်ဆင်း)‌တော်မူမည်။* ထို့ပြင် အသင်တို့သည် အရှင်မြတ်အား အနည်းငယ်မှ နစ်နာ‌အောင် လုပ်နိုင်ကြမည် မဟုတ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِلَّا تَنصُرُوهُ فَقَدۡ نَصَرَهُ ٱللَّهُ إِذۡ أَخۡرَجَهُ ٱلَّذِينَ كَفَرُواْ ثَانِيَ ٱثۡنَيۡنِ إِذۡ هُمَا فِي ٱلۡغَارِ إِذۡ يَقُولُ لِصَٰحِبِهِۦ لَا تَحۡزَنۡ إِنَّ ٱللَّهَ مَعَنَاۖ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَيۡهِ وَأَيَّدَهُۥ بِجُنُودٍ لَّمۡ تَرَوۡهَا وَجَعَلَ كَلِمَةَ ٱلَّذِينَ كَفَرُواْ ٱلسُّفۡلَىٰۗ وَكَلِمَةُ ٱللَّهِ هِيَ ٱلۡعُلۡيَاۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ٤٠အကယ်၍ အသင်တို့သည် ၎င်း(တမန်‌တော်)ကို မကူညီကြလျှင်(လည်း တမန်‌တော်တွင် မည်သည့်အရာမျှ ဆုံးရှုံးမသွား‌ပေ၊ အဘယ့်‌ကြောင့်ဆို‌သော်) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်အချိန်အခါကလည်း ကူညီ‌တော်မူခဲ့သည့်အတွက် ဖြစ်သည်။ ထိုအချိန်အခါတွင် ၎င်း(တမန်‌တော်)အား ကာဖိရ်များက နှင်ထုတ်ခဲ့ကြစဉ်၌၊ (အရှင်မြတ်က ကူညီ‌တော်မူခဲ့သည်၊ ထို့ပြင်) ၎င်းသည် နှစ်‌ယောက်ထဲမှ ဒုတိယဖြစ်ခဲဲ့ပြီး သူတို့နှစ်ဦး လိုဏ်ဂူထဲ၌ရှိ‌နေကြ‌သောအခါ ၎င်း(တမန်‌တော်)က ၎င်း၏အ‌ဖော်အား “အသင်မစိုးရိမ်ပါနှင့်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိ‌တော်မူသည်“*ဟု ‌ပြောဆို‌နေ‌သောအခါ၌လည်း (အရှင်မြတ်သည် ၎င်းအား ကူညီ‌တော်မူခဲ့သည်။) ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ တည်ငြိမ်မှုကို ၎င်း၏အ‌ပေါ်တွင် ချ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့ မမြင်‌သောစစ်သည်များနှင့် ၎င်းအား ကူညီအား‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များ၏ (ရှိရ်က်ဘက်ဖိတ်‌ခေါ်‌သော)စကားအား နိမ့်ကျ‌အောင်လုပ်‌တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ (တစ်ပါးတည်းတည်ရှိ‌ကြောင်း ကလိမဟ်)စကား‌တော်ကမူ အမြင့်ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ٱنفِرُواْ خِفَافًا وَثِقَالًا وَجَٰهِدُواْ بِأَمۡوَٰلِكُمۡ وَأَنفُسِكُمۡ فِي سَبِيلِ ٱللَّهِۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ٤١အသင်တို့သည် ‌ပေါ့ပါး(လွယ်ကူ)‌သောအခါ၌လည်း‌ကောင်း၊ ‌လေးလံ(ခက်ခဲ)‌သောအခါ၌လည်း‌ကောင်း* (အသင်တို့အိမ်များမှ)ထွက်ကြ၍ အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် အသင်တို့၏ ပစ္စည်းဥစ္စာများ၊ အသင်တို့၏အသက်များဖြင့် စစ်တိုက်ကြပါ။ ဤသည် အကယ်၍ အသင်တို့ သိတတ်ကြလျှင် အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။ لَوۡ كَانَ عَرَضًا قَرِيبًا وَسَفَرًا قَاصِدًا لَّٱتَّبَعُوكَ وَلَٰكِنۢ بَعُدَتۡ عَلَيۡهِمُ ٱلشُّقَّةُۚ وَسَيَحۡلِفُونَ بِٱللَّهِ لَوِ ٱسۡتَطَعۡنَا لَخَرَجۡنَا مَعَكُمۡ يُهۡلِكُونَ أَنفُسَهُمۡ وَٱللَّهُ يَعۡلَمُ إِنَّهُمۡ لَكَٰذِبُونَ ٤٢အကယ်၍ ပစ္စည်းဥစ္စာများလည်း လွယ်ကူစွာရမည်၊ သွားရမည့်ခရီးကလည်း သာမန်သာဖြစ်မည်ဆိုလျှင် ထို(မိုနာဖိက်)များသည် အမှန်ပင် အသင်(တမန်‌တော်)နှင့်အတူ လိုက်ခဲ့ကြမည်ဖြစ်သည်။ သို့ရာတွင် (ယခုမူ) ခရီးသည် သူတို့(အမြင်)၌ ‌ဝေးလံ‌နေသည်။ (သို့ဖြစ်ရာ သူတို့သည် စစ်ပွဲကိုမလိုက်ဘဲ ‌နောက်၌ ထိုင်‌နေခဲ့ကြခြင်းဖြစ်သည်။) မကြာမီ (အသင်တို့ စစ်ပွဲမှ ပြန်လာကြ‌သောအခါ) ထို(မုနာဖိက်)များသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ဤသို့ ကျိန်ဆို‌ပြောကြဦးမည်- “အကယ်၍ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြပါလျှင် အသင်တို့နှင့်အတူ အမှန်ပင် ထွက်ခဲ့ကြမည်ဖြစ်သည်။“ သူတို့သည် သူတို့ကိုယ်ကိုသာဖျက်ဆီး‌နေကြခြင်းဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်က ထို(မုနာဖိက်)များသည် အမှန်စင်စစ် လိမ်လည်‌ပြောဆိုသူများဖြစ်သည်ကို ‌ကောင်းစွာ သိ‌တော်မူသည်။ عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمۡ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُواْ وَتَعۡلَمَ ٱلۡكَٰذِبِينَ ٤٣အလ္လာဟ်အရှင်မြတ်သည် အသင့်အား ခွင့်လွှတ်‌တော်မူခဲ့ပြီးဖြစ်သည်။ အသင့်အတွက် (သူတို့ထဲမှ)မှန်ကန်စွာ ‌ပြောဆိုသူများ သဲကွဲထင်ရှားမှုမဖြစ်‌သေးမီနှင့် လိမ်လည်‌သောသူများကို အသင် မသိ‌သေးမီတွင် အသင်သည် အဘယ့်‌ကြောင့် သူတို့ကို (စစ်ပွဲမလိုက်ရန်)ခွင့်ပြုခဲ့ရသနည်း။ لَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ٤٤အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်‌သောသူများကမူ သူတို့၏ပစ္စည်းဥစ္စာများ၊ အသက်များနှင့် စစ်တိုက်ခြင်းမှ(မလိုက်ရန်)အသင့်ထံတွင် ခွင့်‌တောင်းကြမည် မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ إِنَّمَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱرۡتَابَتۡ قُلُوبُهُمۡ فَهُمۡ فِي رَيۡبِهِمۡ يَتَرَدَّدُونَ ٤٥အကြင်သူများသည် အသင့်ထံတွင် ခွင့်‌တောင်းကြခြင်းဖြစ်သည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ကြသည့်အပြင် သူတို့၏စိတ်နှလုံးများသည်လည်း (အစ္စလာမ်နှင့်ပတ်သက်၍) သံသယဖြစ်‌နေကြသည်။ သို့ဖြစ်ရာ သူတို့သည် သူတို့၏ သံသယထဲ၌ပင် တဝဲလည်လည် ဖြစ်‌နေကြ‌တော့သည်။ ۞ وَلَوۡ أَرَادُواْ ٱلۡخُرُوجَ لَأَعَدُّواْ لَهُۥ عُدَّةً وَلَٰكِن كَرِهَ ٱللَّهُ ٱنۢبِعَاثَهُمۡ فَثَبَّطَهُمۡ وَقِيلَ ٱقۡعُدُواْ مَعَ ٱلۡقَٰعِدِينَ ٤٦၎င်းပြင် အကယ်၍ သူတို့သည် (စစ်တိုက်)ထွက်ရန် ရည်ရွယ်ခဲ့ကြလျှင် သူတို့သည် ထွက်ရန်ပြင်ဆင်မှု တစ်စုံတစ်ရာကို အသင့်ပြုလုပ်ခဲ့မည် အမှန်ပင်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့(စစ်ထဲလိုက်ပါ)သွားခြင်းကို နှစ်မြို့‌တော်မမူခဲ့‌ပေ။ သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့အား တုံ့ဆိုင်း‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် (အရှင်မြတ်က သူတို့ကို)မိန့်ကြား‌တော်မူခဲ့သည်၊ “အသင်တို့သည် ကျန်ရစ်ခဲ့‌သောသူများနှင့်အတူ ထိုင်လျက်ပင် ကျန်ရစ်ခဲ့ကြ‌ပေ‌တော့။“ لَوۡ خَرَجُواْ فِيكُم مَّا زَادُوكُمۡ إِلَّا خَبَالًا وَلَأَوۡضَعُواْ خِلَٰلَكُمۡ يَبۡغُونَكُمُ ٱلۡفِتۡنَةَ وَفِيكُمۡ سَمَّٰعُونَ لَهُمۡۗ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ٤٧အကယ်၍ သူတို့သည် အသင်တို့ထဲ၌ အတူပါဝင်ထွက်ခဲ့ကြလျှင် သူတို့သည် အသင်တို့ထဲ၌ ဖရိုဖရဲဖြစ်‌အောင်လုပ်သည်မှလွဲ၍ မည်သည့်အရာကိုမျှ တိုးပွား‌စေခဲ့ကြမည် မဟုတ်‌ပေ။* ၎င်းပြင် အမှန်ပင် သူတို့သည် အသင်တို့ အ‌နှောင့်အယှက်ဖြစ်‌စေရန် ‌ပြေးလိုက်လွှားလိုက် ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းပြင် (ယခုလည်း) အသင်တို့ထဲတွင် သူတို့၏ သတင်း‌ထောက်များရှိ‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားပြုလုပ်သူများအား အကြွင်းမဲ့သိ‌တော်မူသည်။ لَقَدِ ٱبۡتَغَوُاْ ٱلۡفِتۡنَةَ مِن قَبۡلُ وَقَلَّبُواْ لَكَ ٱلۡأُمُورَ حَتَّىٰ جَآءَ ٱلۡحَقُّ وَظَهَرَ أَمۡرُ ٱللَّهِ وَهُمۡ كَٰرِهُونَ ٤٨အမှန်စင်စစ် သူတို့သည် ယခင်ကလည်း (အသင်တို့ကို အုဟုဒ်စ‌သော စစ်ပွဲများ၌) အ‌နှောက်အယှက်ဖြစ်‌စေခဲ့ကြသည်။* ၎င်းပြင် သူတို့သည် အသင်(တမန်‌တော်)၏အ‌ရေးကိစ္စများကို က‌ပြောင်းကပြန်ပြုလုပ်ခဲ့ကြသည်။ ‌နောက်ဆုံးတွင် သူတို့ မနှစ်မြို့ကြဘဲလျက် အမှန်သည် ‌ရောက်လာခဲ့ပြီး အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်သည်လည်း ထင်ရှားလာခဲ့သည်။ وَمِنۡهُم مَّن يَقُولُ ٱئۡذَن لِّي وَلَا تَفۡتِنِّيٓۚ أَلَا فِي ٱلۡفِتۡنَةِ سَقَطُواْۗ وَإِنَّ جَهَنَّمَ لَمُحِيطَةُۢ بِٱلۡكَٰفِرِينَ ٤٩ထို့ပြင် ထို(ကျန်ရစ်ခဲ့)သူ (မုနာဖိက်)များထဲတွင် “ကျွန်ုပ်အား (စစ်ပွဲမလိုက်ရန်)ခွင့်‌ပေးပါ၊ ၎င်းပြင် ကျွန်ုပ်အား မဖျက်ဆီးပါနှင့်“ဟု ‌ပြောဆိုသူလည်းရှိ‌သေးသည်။* သူတို့သည် ပျက်စီးမှုထဲ ကျဆင်းခဲ့ပြီးဖြစ်ကြသည်ကို အသင်တို့ သိထားလိုက်ပါ။ ထို့ပြင် ဂျဟန္နမ်ငရဲဘုံသည် ကာဖိရန်များကို အမှန်ပင် ဝန်းရံလျက်ရှိလိမ့်မည်။ إِن تُصِبۡكَ حَسَنَةٌ تَسُؤۡهُمۡۖ وَإِن تُصِبۡكَ مُصِيبَةٌ يَقُولُواْ قَدۡ أَخَذۡنَآ أَمۡرَنَا مِن قَبۡلُ وَيَتَوَلَّواْ وَّهُمۡ فَرِحُونَ ٥٠အကယ်၍ အသင့်ထံ ‌ကောင်းခြင်းတစ်စုံတစ်ခု ဆိုက်‌ရောက်လာလျှင် ထို‌ကောင်း‌သောဖြစ်ရပ်က သူတို့အား ဝမ်းနည်းပက်လက်ဖြစ်‌စေသည်။ ၎င်းပြင် အကယ်၍ အသင့်ထံ ‌ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်‌ရောက်လာလျှင် သူတို့က “အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အ‌ရေးကိစ္စကို ယခင်ကတည်းက ကြိုတင်စီမံထားခြင်းဖြစ်သည်“ဟု ‌ပြောဆိုပြီး ဝမ်းသာလျက် ပြန်လှည့်သွား‌လေ့ရှိကြသည်။ قُل لَّن يُصِيبَنَآ إِلَّا مَا كَتَبَ ٱللَّهُ لَنَا هُوَ مَوۡلَىٰنَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ٥١(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့နှင့်ပတ်သက်ပြီး သတ်မှတ်‌တော်မူခဲ့သည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်တို့၌ လုံးဝ ဆိုက်‌ရောက်မည် မဟုတ်‌ပေ။ အရှင်မြတ်သည် ကျွန်ုပ်တို့၏အရှင်သခင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။ قُلۡ هَلۡ تَرَبَّصُونَ بِنَآ إِلَّآ إِحۡدَى ٱلۡحُسۡنَيَيۡنِۖ وَنَحۡنُ نَتَرَبَّصُ بِكُمۡ أَن يُصِيبَكُمُ ٱللَّهُ بِعَذَابٍ مِّنۡ عِندِهِۦٓ أَوۡ بِأَيۡدِينَاۖ فَتَرَبَّصُوٓاْ إِنَّا مَعَكُم مُّتَرَبِّصُونَ ٥٢(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ‌ကောင်း‌သောအ‌ကြောင်းအရာနှစ်ခုအနက် တစ်ခုမှလွဲ၍ အခြား တစ်စုံတစ်ခုကို ‌စောင့်‌မျှော်‌နေကြသ‌လော။* အမှန်မှာ ကျွန်ုပ်တို့သည် အသင်တို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ၊ သို့မဟုတ် ကျွန်ုပ်တို့၏လက်များနှင့် အသင်တို့အ‌ပေါ်တွင် ပြစ်ဒဏ်တစ်စုံတစ်ခု သက်‌ရောက်‌စေ‌တော်မူရန် ‌စောင့်‌မျှော်‌နေကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ‌စောင့်‌မျှော်‌နေကြပါ။ အမှန်ပင် ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ‌စောင့်‌မျှော်‌နေကြသည်။ قُلۡ أَنفِقُواْ طَوۡعًا أَوۡ كَرۡهًا لَّن يُتَقَبَّلَ مِنكُمۡ إِنَّكُمۡ كُنتُمۡ قَوۡمًا فَٰسِقِينَ ٥٣(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကြည်ဖြူစွာ သို့မဟုတ် မကြည်ဖြူဘဲလျက် လှူဒါန်းသုံးစွဲကြပါ။ ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင်) အသင်တို့ထံမှ လက်ခံ‌တော်မူခြင်း လုံးဝ ခံရမည်မဟုတ်‌ပေ။ (ထိုကဲ့သို့ဖြစ်ရခြင်းသည်) အမှန်မှာ အသင်တို့သည် (အမိန့်ကို)‌သွေဖည် ဆန့်ကျင်‌သောသူများဖြစ်ခြင်း‌ကြောင့်ပင် ဖြစ်သည်။ وَمَا مَنَعَهُمۡ أَن تُقۡبَلَ مِنۡهُمۡ نَفَقَٰتُهُمۡ إِلَّآ أَنَّهُمۡ كَفَرُواْ بِٱللَّهِ وَبِرَسُولِهِۦ وَلَا يَأۡتُونَ ٱلصَّلَوٰةَ إِلَّا وَهُمۡ كُسَالَىٰ وَلَا يُنفِقُونَ إِلَّا وَهُمۡ كَٰرِهُونَ ٥٤ထို့ပြင် ထိုသူများထံမှ သူတို့၏အလှူပစ္စည်းများကို လက်ခံ‌တော်မူရန် (မည်သည့်အရာကမှ) တားမြစ်ခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အား အမှန်ပင် သူတို့သည် ‌သွေဖည်ခဲ့ကြသည်ကပင် (တားမြစ်ခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ပျင်းရိလျက် ‌ဆောက်တည်ကြရုံသာမက လှူဒါန်းမှုကိုလည်း မနှစ်မြို့ဘဲလျက် ပြုလုပ်ကြသည်။ فَلَا تُعۡجِبۡكَ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُمۡۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُعَذِّبَهُم بِهَا فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَتَزۡهَقَ أَنفُسُهُمۡ وَهُمۡ كَٰفِرُونَ ٥٥သို့ဖြစ်ရာ ထို(မုနာဖိက်)များ၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏သားသမီးများသည် အသင့်အား* အံ့အားမသင့်ပါ‌စေနှင့်။* အလ္လာဟ်အရှင်မြတ်သည် ထိုပစ္စည်း၊ သားသမီးများနှင့် သူတို့ကို ‌လောကီဘဝတွင် ပြစ်ဒဏ်‌ပေးရန်နှင့် သူတို့သည် ကာဖိရ်ဖြစ်လျက် သူတို့၏အသက်များထွက်သွားရန် ရည်ရွယ်‌တော်မူခြင်းဖြစ်သည်။ وَيَحۡلِفُونَ بِٱللَّهِ إِنَّهُمۡ لَمِنكُمۡ وَمَا هُم مِّنكُمۡ وَلَٰكِنَّهُمۡ قَوۡمٌ يَفۡرَقُونَ ٥٦ထို့ပြင် သူတို့သည် အသင်တို့ထဲမှ မဟုတ်ကြပါဘဲလျက် အမှန်စင်စစ် သူတို့သည် အသင်တို့ထဲမှ အမှန်ပင်ဖြစ်ကြပါသည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ကျိန်ဆိုကြသည်။* သို့ရာတွင် သူတို့သည် သတ္တိ‌ကြောင်သူများပင်ဖြစ်ကြသည်။ لَوۡ يَجِدُونَ مَلۡجَـًٔا أَوۡ مَغَٰرَٰتٍ أَوۡ مُدَّخَلًا لَّوَلَّوۡاْ إِلَيۡهِ وَهُمۡ يَجۡمَحُونَ ٥٧အကယ်၍ သူတို့သည် ခိုကိုးရာ‌နေရာတစ်စုံတစ်ခု သို့မဟုတ် လိုဏ်‌ခေါင်းများ၊ သို့မဟုတ် (ပုန်းရန်)‌နေရာတစ်‌နေရာရာကို ‌တွေ့ရှိကြမည်ဆိုလျှင် သူတို့သည် ထို‌နေရာသို့ တစ်ဟုန်ထိုး ‌ပြေးလျက် လှည့်ဝင်သွားကြမည်ဖြစ်သည်။ وَمِنۡهُم مَّن يَلۡمِزُكَ فِي ٱلصَّدَقَٰتِ فَإِنۡ أُعۡطُواْ مِنۡهَا رَضُواْ وَإِن لَّمۡ يُعۡطَوۡاْ مِنۡهَآ إِذَا هُمۡ يَسۡخَطُونَ ٥٨ထို့ပြင် သူတို့ထဲတွင် အသင့်အား အလှူပစ္စည်းများနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုတ်ချသူများလည်း ရှိကြ‌သေးသည်။ သို့ရာတွင် အကယ်၍ ထိုအလှူပစ္စည်းများထဲမှ သူတို့ရရှိခဲ့ကြလျှင် ‌ကျေနပ်ကြသည်။ သို့ရာတွင် အကယ်၍ ထိုအလှူပစ္စည်းများထဲမှ သူတို့မရရှိခဲ့ကြလျှင်မူ ချက်ချင်း ‌ဒေါသထွက်ကြသည်။ وَلَوۡ أَنَّهُمۡ رَضُواْ مَآ ءَاتَىٰهُمُ ٱللَّهُ وَرَسُولُهُۥ وَقَالُواْ حَسۡبُنَا ٱللَّهُ سَيُؤۡتِينَا ٱللَّهُ مِن فَضۡلِهِۦ وَرَسُولُهُۥٓ إِنَّآ إِلَى ٱللَّهِ رَٰغِبُونَ ٥٩ထို့ပြင် အကယ်၍ အမှန်ပင် သူတို့သည် သူတို့အား အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ‌ပေး‌တော်မူခဲ့သည်များအ‌ပေါ်တွင် ‌ကျေနပ်ပြီး “ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်သည် လုံ‌လောက်‌တော်မူပါသည်။* အလ္လာဟ်အရှင်မြတ်သည် မကြာမီ ကျွန်ုပ်တို့အား အရှင်မြတ်၏‌ကျေးဇူး‌တော်များထဲမှ ‌ပေးသနား‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်၏တမန်‌တော်သည်လည်း (ထပ်‌ပေးဦးမည်)၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်ကိုသာ ယိမ်းညွတ်သူများဖြစ်ကြပါသည်“ဟု ‌ပြောဆိုခဲ့ကြလျှင် ‌ကောင်း‌လေစွပင်ဖြစ်သည်။ ۞ إِنَّمَا ٱلصَّدَقَٰتُ لِلۡفُقَرَآءِ وَٱلۡمَسَٰكِينِ وَٱلۡعَٰمِلِينَ عَلَيۡهَا وَٱلۡمُؤَلَّفَةِ قُلُوبُهُمۡ وَفِي ٱلرِّقَابِ وَٱلۡغَٰرِمِينَ وَفِي سَبِيلِ ٱللَّهِ وَٱبۡنِ ٱلسَّبِيلِۖ فَرِيضَةً مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٦٠အမှန်စင်စစ် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)သည် ဆင်းရဲသားများအတွက်၊ ပစ္စည်းမဲ့များအတွက်၊ ဇကာသ်ကိစ္စကို ‌ဆောင်ရွက်‌သော အမှုထမ်းများအတွက်၊ (အစ္စလာမ်ကို နှစ်သက်ပြီး သာသနာထဲဝင်လို‌သော)သူများ၏စိတ်များအား နှစ်သိမ့်‌စေရန်အတွက်၊ ‌ကျေးကျွန်များအား ကျွန်ဘဝမှ လွတ်‌မြောက်‌စေရန်အတွက်၊ အ‌ကြွေးထဲ၌ နစ်‌နေသူများအတွက်၊ အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်အတွက်နှင့် (ဒုက္ခ‌ရောက်သည့်)ခရီးသည်များအတွက် ဖြစ်သည်။* ဤသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ပြဋ္ဌာန်းထား‌တော်မူ‌သော ပညတ်ချက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمِنۡهُمُ ٱلَّذِينَ يُؤۡذُونَ ٱلنَّبِيَّ وَيَقُولُونَ هُوَ أُذُنٌۚ قُلۡ أُذُنُ خَيۡرٍ لَّكُمۡ يُؤۡمِنُ بِٱللَّهِ وَيُؤۡمِنُ لِلۡمُؤۡمِنِينَ وَرَحۡمَةٌ لِّلَّذِينَ ءَامَنُواْ مِنكُمۡۚ وَٱلَّذِينَ يُؤۡذُونَ رَسُولَ ٱللَّهِ لَهُمۡ عَذَابٌ أَلِيمٌ ٦١ထို့ပြင် သူတို့ထဲတွင် အချို့သူများသည် တမန်‌တော်မြတ်အား စိတ်ဒုက္ခ‌ပေးကြသည်။ ၎င်းပြင် တမန်‌တော်သည် (မည်သည့်စကားမဆို)နား‌ထောင်(ပြီး ယုံ)‌လေ့ရှိသည်ဟု ‌ပြောဆိုကြသည်။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့နှင့်ပတ်သက်၍ ‌ကောင်းသည်ကိုသာ နား‌ထောင်‌လေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်ကို ယုံသည်။ ယုံကြည်‌သောသူများကိုလည်း (သူတို့‌ပြော‌သော သတင်းစကားနှင့်ပတ်သက်၍) ယုံကြည်‌ထောက်ခံသည်။ ၎င်းပြင် အသင်တို့ထဲမှ ယုံကြည်‌သောသူများအတွက် သနားကရုဏာလည်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်အား စိတ်ဒုက္ခ‌ပေးကြသူများအတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိသည်။ يَحۡلِفُونَ بِٱللَّهِ لَكُمۡ لِيُرۡضُوكُمۡ وَٱللَّهُ وَرَسُولُهُۥٓ أَحَقُّ أَن يُرۡضُوهُ إِن كَانُواْ مُؤۡمِنِينَ ٦٢အကယ်၍ သူတို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် သူတို့၏ ‌ကျေနပ်‌အောင်လုပ်သည်ကို ပို၍ပင် ခံထိုက်‌တော်မူပါလျက် သူတို့သည် အသင်တို့ကိုသာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး ကျိန်ဆိုကြသည်။ أَلَمۡ يَعۡلَمُوٓاْ أَنَّهُۥ مَن يُحَادِدِ ٱللَّهَ وَرَسُولَهُۥ فَأَنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدًا فِيهَاۚ ذَٰلِكَ ٱلۡخِزۡيُ ٱلۡعَظِيمُ ٦٣အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်လျှင် အမှန်ပင် ထိုသူ့အတွက် ငရဲမီးပင်ရှိပြီး ထိုငရဲမီး၌ အမြဲ‌နေရမည်။ ဤသည် ကြီးကျယ်‌သော ‌သေးသိမ်မှုပင်*ဖြစ်သည်ကို ထိုသူ(မုနာဖိက်)များသည် မသိကြ‌သေးသ‌လော။ يَحۡذَرُ ٱلۡمُنَٰفِقُونَ أَن تُنَزَّلَ عَلَيۡهِمۡ سُورَةٌ تُنَبِّئُهُم بِمَا فِي قُلُوبِهِمۡۚ قُلِ ٱسۡتَهۡزِءُوٓاْ إِنَّ ٱللَّهَ مُخۡرِجٌ مَّا تَحۡذَرُونَ ٦٤မုနာဖိက်များသည် ထို(ယုံကြည်)သူများအ‌ပေါ်တွင် သူတို့၏စိတ်နှလုံးများထဲ၌ ရှိသည်များကို ထိုယုံကြည်သူများအား သိ‌စေ‌သော စူရဟ်ကဏ္ဍ တစ်စုံတစ်ခု ချ‌ပေးခြင်းခံရမည်ကို စိုးရိမ်‌နေကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် ‌ပြောင်‌လှောင်‌နေကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ စိုးရိမ်‌နေကြသည်ကို ထုတ်‌ဖော်‌တော်မူမည့်အရှင်မြတ် ဖြစ်‌တော်မူသည်။“ وَلَئِن سَأَلۡتَهُمۡ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلۡعَبُۚ قُلۡ أَبِٱللَّهِ وَءَايَٰتِهِۦ وَرَسُولِهِۦ كُنتُمۡ تَسۡتَهۡزِءُونَ ٦٥ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)သည် သူတို့အား ‌မေးမြန်းခဲ့လျှင် အမှန်စင်စစ် သူတို့က “ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ မရည်ရွယ်ဘဲ‌ပြော‌နေကြခြင်းနှင့် ရယ်စရာ‌ပြော‌နေကြခြင်းသာ ဖြစ်ကြပါသည်“ဟု ‌ပြောဆိုကြမည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏အာယသ်‌တော်များအပြင် အရှင်မြတ်၏တမန်‌တော်ကို ပြက်ရယ်‌ပြောင်‌လှောင်‌နေကြသ‌လော။ لَا تَعۡتَذِرُواْ قَدۡ كَفَرۡتُم بَعۡدَ إِيمَٰنِكُمۡۚ إِن نَّعۡفُ عَن طَآئِفَةٍ مِّنكُمۡ نُعَذِّبۡ طَآئِفَةَۢ بِأَنَّهُمۡ كَانُواْ مُجۡرِمِينَ ٦٦အသင်တို့သည် အ‌ကြောင်းမပြကြ‌လေနှင့်။ အမှန်စင်စစ် အသင်တို့သည် အသင်တို့ အီမာန်ယုံကြည်(သည်ကို ထုတ်‌ဖော်‌ပြောဆို)ပြီး‌နောက် ‌သွေဖည်ငြင်းပယ်ခဲ့ကြသည်။ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့ထဲမှ လူတစ်စုကို ခွင့်လွှတ်‌တော်မူလျှင်လည်း အခြားလူတစ်စုကိုမူ အမှန်စင်စစ် သူတို့သည် ပြစ်မှုထင်ရှား‌သောသူများဖြစ်ခြင်း‌ကြောင့် ပြစ်ဒဏ်‌ပေး‌တော်မူပင်ဖြစ်သည်။ ٱلۡمُنَٰفِقُونَ وَٱلۡمُنَٰفِقَٰتُ بَعۡضُهُم مِّنۢ بَعۡضٍۚ يَأۡمُرُونَ بِٱلۡمُنكَرِ وَيَنۡهَوۡنَ عَنِ ٱلۡمَعۡرُوفِ وَيَقۡبِضُونَ أَيۡدِيَهُمۡۚ نَسُواْ ٱللَّهَ فَنَسِيَهُمۡۚ إِنَّ ٱلۡمُنَٰفِقِينَ هُمُ ٱلۡفَٰسِقُونَ ٦٧မွတ်စ်လင်မ်အ‌ယောင်‌ဆောင် ‌ယောက်ျားများနှင့် အ‌ယောင်‌ဆောင်မိန်းမများမှာမူ ၎င်းတို့၏အချို့သည် အချို့ထဲမှပင်ဖြစ်ကြသည်(တစ်မျိုးတည်းပင်ဖြစ်ကြသည်)။ သူတို့သည် စက်ဆုပ်ဖွယ်ရာများကို အမိန့်‌ပေးကြပြီး ‌ကောင်းမှုများမှ တားဆီးကြသည်။ ၎င်းပြင် သူတို့သည် (အရှင်မြတ်၏လမ်းတွင် မသုံးစွဲဘဲ)သူတို့၏လက်များကို ဆုပ်ထားကြသည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်အား ‌မေ့‌လျော့ခဲ့သည့်အတွက် အရှင်မြတ်ကလည်း သူတို့ကို ‌မေ့‌တော်မူထားလိုက်ခဲ့သည်။* အမှန်စင်စစ် မုနာဖိက်များသည် အမိန့်ကို ‌သွေဖည်ငြင်းပယ်သူများပင် ဖြစ်ကြသည်။ وَعَدَ ٱللَّهُ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡكُفَّارَ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَاۚ هِيَ حَسۡبُهُمۡۚ وَلَعَنَهُمُ ٱللَّهُۖ وَلَهُمۡ عَذَابٌ مُّقِيمٌ ٦٨အလ္လာဟ်အရှင်မြတ်သည် မုနာဖိက်‌ယောက်ျား၊ မိန်းမများနှင့် ကာဖိရ်များကို ဂျဟန္နမ်ငရဲမီး(ထဲသို့ ထည့်မည့်အ‌ကြောင်း) ကတိုပြုထား‌တော်မူခဲ့သည်။ သူတို့သည် ထိုငရဲမီးထဲတွင် အမြဲ‌နေကြရမည်။ ထိုငရဲမီးသည် သူတို့အား(ပြစ်ဒဏ်)‌ပေးရန် လုံ‌လောက်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သနားကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူမည်။ ထို့ပြင် သူတို့အတွက် အမြဲတည်‌သော ပြစ်ဒဏ်သည်လည်း ရှိဦးမည်ဖြစ်သည်။ كَٱلَّذِينَ مِن قَبۡلِكُمۡ كَانُوٓاْ أَشَدَّ مِنكُمۡ قُوَّةً وَأَكۡثَرَ أَمۡوَٰلًا وَأَوۡلَٰدًا فَٱسۡتَمۡتَعُواْ بِخَلَٰقِهِمۡ فَٱسۡتَمۡتَعۡتُم بِخَلَٰقِكُمۡ كَمَا ٱسۡتَمۡتَعَ ٱلَّذِينَ مِن قَبۡلِكُم بِخَلَٰقِهِمۡ وَخُضۡتُمۡ كَٱلَّذِي خَاضُوٓاْۚ أُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ٦٩(အသင်တို့၏အ‌ခြေအ‌နေသည်) အသင်တို့မတိုင်မီက ရှိခဲ့ကြဖူး‌သောသူများကဲ့သို့ဖြစ်သည်။ သူတို့သည် အသင်တို့ထက် အင်အားပိုပြင်းထန်ကြသည့်အပြင် ပစ္စည်းဥစ္စာနှင့် သားသမီးများအားဖြင့်လည်း အလွန်များပြားခဲ့ကြသည်။ သိုု့ဖြစ်ရာ သူတို့သည် သူတို့၏ ‌ဝေစု‌ဝေပုံနှင့် အကျိုးခံစားခဲ့ကြသည်။ ထို့‌နောက် အသင်တို့သည် အသင်တို့မတိုင်မီရှိခဲ့ကြဖူး‌သောသူများက သူတို့၏ ‌ဝေစု‌ဝေပုံနှင့် အကျိုးခံစားခဲ့ကြသကဲ့သို့ပင် အသင်တို့သည်လည်း အသင်တို့၏ ‌ဝေစု‌ဝေပုံနှင့် အကျိုးခံစားခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် သူတို့သည် မ‌ကောင်းမှုများထဲ ဝင်‌ရောက်ခဲ့ကြသကဲ့သို့ အသင်တို့သည်လည်း မ‌ကောင်းမှုများထဲ ဝင်‌ရောက်ခဲ့ကြသည်။ ဤသူများ၏လုပ်ရပ်များသည် ‌လောကီဘဝနှင့် တမလွန်ဘဝတွင် အကျိုးမဲ့ဖြစ်ခဲ့ကြပြီဖြစ်သည်။ ထို့ပြင် ဤသူများပင် ပျက်စီးဆုံးရှုံးသူများဖြစ်ကြသည်။ أَلَمۡ يَأۡتِهِمۡ نَبَأُ ٱلَّذِينَ مِن قَبۡلِهِمۡ قَوۡمِ نُوحٍ وَعَادٍ وَثَمُودَ وَقَوۡمِ إِبۡرَٰهِيمَ وَأَصۡحَٰبِ مَدۡيَنَ وَٱلۡمُؤۡتَفِكَٰتِۚ أَتَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِۖ فَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ٧٠ထို(မုနာဖိက်)များထံသို့ သူတို့မတိုင်မီရှိခဲ့ကြ‌သောသူများ၏ (ပျက်စီးမှု)သတင်း၊ (ဥပမာ) (တမန်‌တော်)နူးဟ်၏အမျိုးသားများ၏သတင်း၊ အာဒ်အမျိုးသားများ၏သတင်း၊ ဆမူဒ်အမျိုးသားများ၏သတင်း၊ (တမန်‌တော်)အိဗ်ရာဟီမ်၏အမျိုးသားများ၏သတင်း၊ မဒ်ယန်မြို့သားများ၏သတင်း၊ ထက်‌အောက်‌ပြောင်းပြန်ဖြစ်ပြီး ပျက်စီးသွားခဲ့‌သောမြို့များ၊ ရွာများ၏သတင်းများသည် မ‌ရောက်ရှိခဲ့သ‌လော။ သူတို့ထံသို့ သူတို့၏တမန်‌တော်များသည် ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်တကွ ‌ရောက်ရှိလာခဲ့ကြသည် မဟုတ်‌လော။ (သို့ရာတွင် သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အတွက် ပျက်စီးခဲ့ကြသည်၊) ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် (ဤပျက်စီးမှု၌) သူတို့အား မတရားနှိပ်စက်‌တော်မူသည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့ကိုယ်တိုင်သူတို့ နှိပ်စက်ခဲ့ကြခြင်းပင်ဖြစ်သည်။ وَٱلۡمُؤۡمِنُونَ وَٱلۡمُؤۡمِنَٰتُ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ يَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَيُطِيعُونَ ٱللَّهَ وَرَسُولَهُۥٓۚ أُوْلَٰٓئِكَ سَيَرۡحَمُهُمُ ٱللَّهُۗ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ٧١ထို့ပြင် အီမာန်ယုံကြည်‌သော ‌ယောက်ျား၊မိန်းမများသည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး အ‌ဆွေခင်ပွန်းများဖြစ်ကြသည်။ သူတို့သည် ‌ကောင်းသည်များကို အမိန့်‌ပေးကြသည်။ ၎င်းပြင် စက်ဆုပ်ဖွယ်ရာများမှ တားမြစ်ကြသည်။ ထို့ပြင် သူတို့သည် စွဲမြဲစွာ စွလာသ်ဝတ်ပြုကြသည်။ ၎င်းပြင် သူတို့သည် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင့်တမန်‌တော်၏အမိန့်‌တော်များကို လိုက်နာကြသည်။ ထိုသူများသည် အကြင်သူများပင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူများကို မကြာမီ သနားကရုဏာပြု‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَعَدَ ٱللَّهُ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَمَسَٰكِنَ طَيِّبَةً فِي جَنَّٰتِ عَدۡنٍۚ وَرِضۡوَٰنٌ مِّنَ ٱللَّهِ أَكۡبَرُۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٧٢အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူ ‌ယောက်ျား၊မိန်းမများကို အကြင်ဥယျာဉ်များကို (‌ပေး‌တော်မူရန်)ကတိပြုထား‌တော်မူခဲ့သည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်လျက်ရှိသည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်။ ထို့ပြင် အမြဲတည်‌သောဥယျာဉ်များတွင် ‌ကောင်းမွန်စင်ကြယ်‌သော ဗိမာန်များကို(‌ပေး‌ဆောင်‌တော်မူရန်)လည်း (ကတိပြုထား‌တော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏‌ကျေနပ်မှုကမူ အကြီးကျယ်ဆုံးပင်*ဖြစ်သည်။ ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။ يَٰٓأَيُّهَا ٱلنَّبِيُّ جَٰهِدِ ٱلۡكُفَّارَ وَٱلۡمُنَٰفِقِينَ وَٱغۡلُظۡ عَلَيۡهِمۡۚ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ٧٣အို- တမန်‌တော်၊ အသင်သည် ကာဖိရ်များနှင့်မုနာဖိက်များကို ဂျိဟာဒ်ပြုလုပ်ပါ။* ထို့ပြင် သူတို့အ‌ပေါ်တွင် ပြင်းထန်ကျပ်တည်းမှုကို ပြုလုပ်ပါ။ ထို့ပြင် သူတို့၏ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထိုစခန်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။ يَحۡلِفُونَ بِٱللَّهِ مَا قَالُواْ وَلَقَدۡ قَالُواْ كَلِمَةَ ٱلۡكُفۡرِ وَكَفَرُواْ بَعۡدَ إِسۡلَٰمِهِمۡ وَهَمُّواْ بِمَا لَمۡ يَنَالُواْۚ وَمَا نَقَمُوٓاْ إِلَّآ أَنۡ أَغۡنَىٰهُمُ ٱللَّهُ وَرَسُولُهُۥ مِن فَضۡلِهِۦۚ فَإِن يَتُوبُواْ يَكُ خَيۡرًا لَّهُمۡۖ وَإِن يَتَوَلَّوۡاْ يُعَذِّبۡهُمُ ٱللَّهُ عَذَابًا أَلِيمًا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَمَا لَهُمۡ فِي ٱلۡأَرۡضِ مِن وَلِيٍّ وَلَا نَصِيرٍ ٧٤သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး သူတို့သည် (ထိုစကားကို)မ‌ပြောဆိုခဲ့ပါဟု* ကျိန်ဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ကုဖ်ရ်ငြင်းပယ်‌သောစကားကို အမှန်ပင် ‌ပြောဆိုခဲ့ကြသည်။ ၎င်းပြင် သူတို့သည် သူတို့၏အစ္စလာမ်‌နောက်တွင် ကုဖ်ရ်ငြင်းပယ်မှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် မ‌အောင်မြင်နိုင်‌သော ကိစ္စရပ်တစ်ခုကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြသည်။* ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်က အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့ကို ချမ်းသာကြွယ်ဝ‌အောင်လုပ်သည်ကိုပင် တုံ့ပြန် လက်စား‌ချေသည်မှလွဲ၍ အခြားမည်သည့်အရာကိုမှ တုံ့ပြန် လက်စား‌ချေခဲ့ကြသည် မဟုတ်‌ပေ။* ထို့‌နောက် အကယ်၍ သူတို့သည် ဝန်ချ‌တောင်းပန်ကြလျှင် သူတို့အတွက်ပင် အ‌ကောင်းဖြစ်မည်။ ၎င်းပြင် အကယ်၍ သူတို့သည် မျက်နှာလွှဲ‌ကျောခိုင်းသွားကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤ‌လောကီဘဝနှင့် တမလွန်ဘဝတွင် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ထို့ပြင် သူတို့အတွက် ကမာ္ဘ‌မြေတွင် မိတ်‌ဆွေနှင့်ကူညီမည့်သူ မည်သူမျှ ရှိမည်မဟုတ်‌ပေ။ ۞ وَمِنۡهُم مَّنۡ عَٰهَدَ ٱللَّهَ لَئِنۡ ءَاتَىٰنَا مِن فَضۡلِهِۦ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ ٱلصَّٰلِحِينَ ٧٥ထို့ပြင် သူတို့ထဲမှ အကြင်သူများလည်းရှိကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်အား ကတိ‌ပေးခဲ့ကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်၏‌ကျေးဇူး‌တော်ထဲမှ ‌ပေးသနား‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များပြုလုပ်ကြ‌သော သူ‌တော်‌ကောင်းများထဲတွင် တကယ်ပါဝင်ကြပါမည်။“ فَلَمَّآ ءَاتَىٰهُم مِّن فَضۡلِهِۦ بَخِلُواْ بِهِۦ وَتَوَلَّواْ وَّهُم مُّعۡرِضُونَ ٧٦ထို့‌နောက် အရှင်မြတ်သည် သူတို့အား အရှင်မြတ်၏‌ကျေးဇူး‌တော် ‌ပေးသနား‌တော်မူခဲ့‌သောအခါ သူတို့သည် ‌ကျေးဇူး‌တော်ကို(သုံးစွဲ‌သော‌နေရာ၌)‌စေးနှဲခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ‌ရှောင်ဖယ်လျက် မျက်နှာလွှဲ‌ကျောခိုင်းခဲ့ကြသည်။ فَأَعۡقَبَهُمۡ نِفَاقًا فِي قُلُوبِهِمۡ إِلَىٰ يَوۡمِ يَلۡقَوۡنَهُۥ بِمَآ أَخۡلَفُواْ ٱللَّهَ مَا وَعَدُوهُ وَبِمَا كَانُواْ يَكۡذِبُونَ ٧٧သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများ၌ အရှင်မြတ်အား သူတို့‌တွေ့ဆုံကြမည့်‌နေ့အထိ နိဖာက် အ‌ယောင်‌ဆောင်မှုကို (ထည့်သွင်း‌တော်မူ၍) သူတို့အား ပြစ်ဒဏ်ခတ်‌တော်မူခဲ့သည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် အလ္လာဟ်အရှင်မြတ်အား သူတို့‌ပေးခဲ့‌သောကတိကို ‌ဖောက်ဖျက်ခဲ့ကြသည့်အပြင် လိမ်လည်‌ပြောဆို‌လေ့ရှိခဲ့ကြခြင်း‌ကြောင့် ဖြစ်သည်။ أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ سِرَّهُمۡ وَنَجۡوَىٰهُمۡ وَأَنَّ ٱللَّهَ عَلَّٰمُ ٱلۡغُيُوبِ ٧٨အလ္လာဟ်အရှင်မြတ်သည် သူတို့၏လျှို့ဝှက်ချက်နှင့် သူတို့၏လျှို့ဝှက်တိုင်ပင်မှုကို အမှန်စင်စစ် သိရှိ‌တော်မူသည်ကို သူတို့သည် မသိကြသ‌လော။ ၎င်းပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကွယ်မှ အရာအားလုံးကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်(ကိုလည်း သူတို့သည် မသိကြသ‌လော)။ ٱلَّذِينَ يَلۡمِزُونَ ٱلۡمُطَّوِّعِينَ مِنَ ٱلۡمُؤۡمِنِينَ فِي ٱلصَّدَقَٰتِ وَٱلَّذِينَ لَا يَجِدُونَ إِلَّا جُهۡدَهُمۡ فَيَسۡخَرُونَ مِنۡهُمۡ سَخِرَ ٱللَّهُ مِنۡهُمۡ وَلَهُمۡ عَذَابٌ أَلِيمٌ ٧٩ဤ(မုနာဖိက်များသည်)ထိုသူများပင်ဖြစ်ကြသည်၊ သူတို့သည် အီမာန်ယုံကြည်သူများထဲမှ အခြား မည်သည့်အရာမှ မရနိုင်ကြ‌သောသူများကိုလည်း သူတို့သည် ‌ပြောင်‌လှောင်ကြသည်။* အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား ပြက်ရယ်(ပြု အစား‌ပေး)‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့အတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်လည်း ရှိလိမ့်မည်။ ٱسۡتَغۡفِرۡ لَهُمۡ أَوۡ لَا تَسۡتَغۡفِرۡ لَهُمۡ إِن تَسۡتَغۡفِرۡ لَهُمۡ سَبۡعِينَ مَرَّةً فَلَن يَغۡفِرَ ٱللَّهُ لَهُمۡۚ ذَٰلِكَ بِأَنَّهُمۡ كَفَرُواْ بِٱللَّهِ وَرَسُولِهِۦۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ٨٠အသင်(တမန်‌တော်)သည် သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံသည်ဖြစ်‌စေ၊ သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် မ‌တောင်းခံသည်ပင်ဖြစ်‌စေ၊ (အ‌ကြောင်းမထူး‌ပေ။)* အကယ်၍ အသင်သည် သူတို့အတွက် အကြိမ်ခုနှစ်ဆယ်* လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံမည်ဆိုလျှင်လည်း အလ္လာဟ်အရှင်မြတ်သည် သူတို့အား လုံးဝ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူမည်မဟုတ်‌ပေ။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ‌သွေဖည်ငြင်းပယ်ခဲ့ကြသည့်အတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ဖီဆန်သူများအား လမ်းမှန်ညွှန်ကြား ပြသ‌တော်မမူ‌ပေ။ فَرِحَ ٱلۡمُخَلَّفُونَ بِمَقۡعَدِهِمۡ خِلَٰفَ رَسُولِ ٱللَّهِ وَكَرِهُوٓاْ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَقَالُواْ لَا تَنفِرُواْ فِي ٱلۡحَرِّۗ قُلۡ نَارُ جَهَنَّمَ أَشَدُّ حَرًّاۚ لَّوۡ كَانُواْ يَفۡقَهُونَ ٨١(သဗူက်စစ်ပွဲကို မလိုက်ဘဲ)‌နောက်ကျန်ရစ်ခဲ့ကြ‌သောသူများသည်* အလ္လာဟ်အရှင်မြတ်၏ တမန်‌တော့်‌နောက်၌ သူတို့ ထိုင်‌နေရစ်ခဲ့ကြသည့်အတွက် ဝမ်း‌မြောက်‌ပျော်ရွှင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့၏ပစ္စည်းများ၊ အသက်များနှင့် စစ်တိုက်ရခြင်းကို မလိုလားခဲ့ကြ‌ပေ။ ထို့ပြင် သူတို့သည် (သူတို့ အချင်းချင်း) “အသင်တို့သည် အပူရှိန်ထဲသို့ မထွက်ကြနှင့်“ဟု* ‌ပြောဆိုခဲ့ကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ဂျဟန္နမ်ငရဲဘုံ၏မီးသည် ပို၍ပူသည်။“ အကယ်၍ သူတို့သည် သိမြင်နားလည်ကြလျှင် ‌ကောင်း‌လေစွ။ فَلۡيَضۡحَكُواْ قَلِيلًا وَلۡيَبۡكُواْ كَثِيرًا جَزَآءَۢ بِمَا كَانُواْ يَكۡسِبُونَ ٨٢သို့ဖြစ်ရာ သူတို့သည် (ဤဘဝတွင်) အနည်းငယ်သာ ရယ်‌မောကြရမည်၊ ၎င်း‌နောက် (တမလွန်ဘဝတွင်) များစွာ ငို‌ကြွေးကြရမည်။ (ထိုအရာသည်) သူတို့ရှာ‌ဖွေ ဆည်းပူးခဲ့ကြ‌သော(အရာ၏) အကျိုးရလာဒ်ပင်ဖြစ်သည်။ فَإِن رَّجَعَكَ ٱللَّهُ إِلَىٰ طَآئِفَةٍ مِّنۡهُمۡ فَٱسۡتَـٔۡذَنُوكَ لِلۡخُرُوجِ فَقُل لَّن تَخۡرُجُواْ مَعِيَ أَبَدًا وَلَن تُقَٰتِلُواْ مَعِيَ عَدُوًّاۖ إِنَّكُمۡ رَضِيتُم بِٱلۡقُعُودِ أَوَّلَ مَرَّةٍ فَٱقۡعُدُواْ مَعَ ٱلۡخَٰلِفِينَ ٨٣ထို့‌နောက် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သူတို့ထဲမှ လူတစ်စုထံသို့ ပြန်‌ရောက်ရှိ‌စေခဲ့လျှင်၊ ၎င်း‌နောက် သူတို့က (စစ်ပွဲသို့)ထွက်ရန် အသင်ထံ၌ ခွင့်‌တောင်းကြလျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် ငါနှင့်အတူ မည်သည့်အခါမှ ထွက်ကြရမည် မဟုတ်‌ပေ၊ ၎င်း‌နောက် ငါနှင့်အတူ မည်သည့်ရန်သူကိုမှ တိုက်ခိုက်ကြရမည် မဟုတ်‌ပေ။ အဘယ့်‌ကြောင့်ဆို‌သော် အသင်တို့သည် ပထမအကြိမ်၌လည်း ထိုင်‌နေရစ်ခဲ့ကြခြင်းကိုပင် နှစ်သက်ခဲ့ကြ‌သော‌ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ယခုလည်း အသင်တို့သည် ‌နောက်ကျန်ခဲ့‌သောသူများနှင့်အတူ ထိုင်သာ‌နေခဲ့ကြ‌ပေ‌တော့။“ وَلَا تُصَلِّ عَلَىٰٓ أَحَدٍ مِّنۡهُم مَّاتَ أَبَدًا وَلَا تَقُمۡ عَلَىٰ قَبۡرِهِۦٓۖ إِنَّهُمۡ كَفَرُواْ بِٱللَّهِ وَرَسُولِهِۦ وَمَاتُواْ وَهُمۡ فَٰسِقُونَ ٨٤ထို့ပြင် အသင်သည် သူတို့ထဲမှ မည်သူမဆို ‌သေဆုံးခဲ့လျှင် ထိုသူ၏အ‌ပေါ်၌ ဂျနာဇဟ် စွလာသ်ဝတ်ပြုမှုကို မည်သည့်အခါမှ မပြု‌လေနှင့်။ ၎င်း‌နောက် သူ၏သချင်္ီုင်း‌ပေါ်၌လည်း မည်သည့်အခါမှ မရပ်‌လေနှင့်။* (အဘယ့်‌ကြောင့်ဆို‌သော်) အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ‌သွေဖည်ငြင်းပယ်ခဲ့ကြသည့်အပြင် သူတို့သည် အမိန့်ဖီဆန်သူများဖြစ်လျက် ‌သေဆုံးခဲ့ကြသည့်အတွက် ဖြစ်သည်။ وَلَا تُعۡجِبۡكَ أَمۡوَٰلُهُمۡ وَأَوۡلَٰدُهُمۡۚ إِنَّمَا يُرِيدُ ٱللَّهُ أَن يُعَذِّبَهُم بِهَا فِي ٱلدُّنۡيَا وَتَزۡهَقَ أَنفُسُهُمۡ وَهُمۡ كَٰفِرُونَ ٨٥ထို့ပြင် သူတို့၏ပစ္စည်းများနှင့် သားသမီးများသည် အသင့်အား အံ့ဩမှုမဖြစ်‌စေနှင့်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ထို(ပစ္စည်းများ၊ သားသမီးများ)နှင့် ‌လောကီဘဝတွင် ပြစ်ဒဏ်‌ပေး‌တော်မူရန်နှင့် သူတို့သည် ကာဖိရ်များဖြစ်လျက် သူတို့၏အသက်များ ထွက်သွားရန်ကိုပင် ရည်ရွယ်‌တော်မူသည်။ وَإِذَآ أُنزِلَتۡ سُورَةٌ أَنۡ ءَامِنُواْ بِٱللَّهِ وَجَٰهِدُواْ مَعَ رَسُولِهِ ٱسۡتَـٔۡذَنَكَ أُوْلُواْ ٱلطَّوۡلِ مِنۡهُمۡ وَقَالُواْ ذَرۡنَا نَكُن مَّعَ ٱلۡقَٰعِدِينَ ٨٦ထို့ပြင် စူရဟ်ကဏ္ဍ တစ်စုံတစ်ခု* ကျ‌ရောက်လာ‌သောအခါ၊ ထိုကဏ္ဍထဲ၌ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အီမာန်ယုံကြည်ကြပါ၊ ၎င်း‌နောက် အသင်တို့သည် အရှင့်တမန်‌တော်နှင့် အတူတကွ ဂျိဟာဒ် တိုက်ခိုက်ကြပါ“ဟု ပါရှိ‌သောအခါ၊ သူတို့ထဲမှ ကြွယ်ဝချမ်းသာသူများကပင် “ကျွန်ုပ်တို့အား ခွင့်ပြုပါ၊ ကျွန်ုပ်တို့သည် ထိုင်‌နေခဲ့‌သောသူများနှင့်အတူ ‌နေရစ်ခဲ့ကြပါရ‌စေ“ဟု အသင်၏ထံ၌ ‌ပြောဆိုခွင့်ပန်ကြသည်။ رَضُواْ بِأَن يَكُونُواْ مَعَ ٱلۡخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَفۡقَهُونَ ٨٧သူတို့သည် ‌နောက်၌ကျန်ရစ်ခဲ့‌သော အမျိုးသမီးများနှင့်အတူ ‌နေရစ်ခဲ့ခြင်းကိုပင် နှစ်သက်ခဲ့ကြသည်။* ထို့ပြင် သူတို့၏စိတ်နှလုံးများအ‌ပေါ်တွင်လည်း တံဆိပ်ခတ်နှိပ်ပြီးဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် (ဂျိဟာဒ်၏ သ‌ဘောတရားကို)သိမြင်နားလည်ကြခြင်း မရှိ‌ပေ။ لَٰكِنِ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ جَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ وَأُوْلَٰٓئِكَ لَهُمُ ٱلۡخَيۡرَٰتُۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٨٨သို့ရာတွင် တမန်‌တော်မြတ်နှင့် ၎င်းတမန်‌တော်နှင့်အတူ အီမာန်ယုံကြည်ကြသူများကမူ သူတို့၏ပစ္စည်းများ၊ အသက်များနှင့် စစ်တိုက်ခဲ့ကြသည်။* ၎င်း‌နောက် သူတို့အတွက်ပင် ‌ကောင်းခြင်းများရှိသည်။ ထို့ပြင် သူတို့ပင် ‌အောင်မြင်သူများဖြစ်ကြသည်။ أَعَدَّ ٱللَّهُ لَهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٨٩အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်လျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲစံမြန်းကြရမည်။ ဤသည် အလွန်ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။ وَجَآءَ ٱلۡمُعَذِّرُونَ مِنَ ٱلۡأَعۡرَابِ لِيُؤۡذَنَ لَهُمۡ وَقَعَدَ ٱلَّذِينَ كَذَبُواْ ٱللَّهَ وَرَسُولَهُۥۚ سَيُصِيبُ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابٌ أَلِيمٌ ٩٠ထို့‌နောက် ‌ကျေးလက်‌ဒေသတွင် ‌နေထိုင်ကြသူများထဲမှ လိမ်လည်အ‌ကြောင်းပြ‌သောသူများသည် သူတို့ ခွင့်ပြုခြင်းခံရရန် (အသင့်ထံသို့)လာခဲ့ကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို မုသား‌ပြောဆိုခဲ့ကြ‌သောသူများကမူ (လိမ်ပြီးပင် အ‌ကြောင်းပြရန် မလာကြဘဲ)ထိုင်သာ‌နေခဲ့ကြသည်။ သူတို့ထဲမှ ကာဖိရ်ငြင်းပယ်‌သောသူများတွင် နာကျင်‌စေ‌သော ပြစ်ဒဏ်သည် မကြာမီ ဆိုက်‌ရောက်မည်ဖြစ်သည်။ لَّيۡسَ عَلَى ٱلضُّعَفَآءِ وَلَا عَلَى ٱلۡمَرۡضَىٰ وَلَا عَلَى ٱلَّذِينَ لَا يَجِدُونَ مَا يُنفِقُونَ حَرَجٌ إِذَا نَصَحُواْ لِلَّهِ وَرَسُولِهِۦۚ مَا عَلَى ٱلۡمُحۡسِنِينَ مِن سَبِيلٍۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٩١အားအင်ချည့်နဲ့သူများ၏အ‌ပေါ်တွင် (စစ်တိုက်မထွက်‌သော‌ကြောင့်)မည်သည့်အပြစ်မျှ မရှိ‌ပေ။ ၎င်း‌နောက် ‌ရောဂါသည်များအ‌ပေါ်တွင်လည်း အပြစ်မရှိ‌ပေ။ ၎င်း‌နောက် (စစ်ပွဲတွင်)သုံးစွဲရန် မည်သည့်အရာမျှ မရှိ‌သောသူများအ‌ပေါ်တွင်လည်း သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အတွက် အ‌ကောင်းလိုလားကြလျှင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြ‌သောသူများအ‌ပေါ်တွင်လည်း အပြစ်တင်စရာ နည်းလမ်းမရှိ‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَا عَلَى ٱلَّذِينَ إِذَا مَآ أَتَوۡكَ لِتَحۡمِلَهُمۡ قُلۡتَ لَآ أَجِدُ مَآ أَحۡمِلُكُمۡ عَلَيۡهِ تَوَلَّواْ وَّأَعۡيُنُهُمۡ تَفِيضُ مِنَ ٱلدَّمۡعِ حَزَنًا أَلَّا يَجِدُواْ مَا يُنفِقُونَ ٩٢ထို့ပြင် အကြင်သူများအ‌ပေါ်တွင်လည်း (အပြစ်)မရှိ‌ပေ။ ထိုသူများသည် အသင်က သူတို့အား အစီးအနင်း‌ပေါ်တင်‌ပေးရန် အသင့်ထံသို့ လာကြ‌သောအခါတွင် အသင်က သူတို့အား ‌ပြောခဲ့သည်- “အသင်တို့အား အစီးအနင်း တစ်စုံတစ်ခု‌ပေါ်တင်‌ပေးရန် ငါ့တွင်လည်း (မြင်းများ၊ ကုလားအုတ်များ)မည်သည့်အရာမျှ မရှိ‌ပေ။“ သူတို့သည် (စစ်ပွဲတွင်)သုံးစွဲရန် မည်သည့်အရာမျှ မရှိကြသည့်အတွက် ဝမ်းနည်းပက်လက်ဖြစ်ပြီး သူတို့၏မျက်စိများတွင် မျက်ရည်များပြည့်လျက်နှင့်ပင် ပြန်လှည့်ခဲ့ကြရသည်။

Juz 11

۞ إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَسۡتَـٔۡذِنُونَكَ وَهُمۡ أَغۡنِيَآءُۚ رَضُواْ بِأَن يَكُونُواْ مَعَ ٱلۡخَوَالِفِ وَطَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَعۡلَمُونَ ٩٣(ပြစ်တင်ရန်)နည်းလမ်းမှာမူ အကြင်သူများအ‌ပေါ်တွင်သာရှိသည်။ ထိုသူများသည် ချမ်းသာသူများဖြစ်ကြပါလျက် (စစ်ပွဲမလိုက်ရန်)အသင့်ထံ၌ ခွင့်ပန်ခဲ့ကြသည်။ သူတို့သည် ‌နောက်၌ကျန်ရစ်ခဲ့ကြ‌သော အမျိုးသမီးများနှင့်အတူ ‌နေရစ်ခဲ့ကြရန် လိုလားခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအ‌ပေါ်တွင်လည်း တံဆိပ်ခတ်နှိပ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် (ဂျိဟာဒ်၏ သ‌ဘောတရားကိုပင်)မသိနားမလည်ကြ‌တော့‌ပေ။ يَعۡتَذِرُونَ إِلَيۡكُمۡ إِذَا رَجَعۡتُمۡ إِلَيۡهِمۡۚ قُل لَّا تَعۡتَذِرُواْ لَن نُّؤۡمِنَ لَكُمۡ قَدۡ نَبَّأَنَا ٱللَّهُ مِنۡ أَخۡبَارِكُمۡۚ وَسَيَرَى ٱللَّهُ عَمَلَكُمۡ وَرَسُولُهُۥ ثُمَّ تُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ٩٤အသင်တို့သည် (စစ်ပွဲမှ) သူတို့ထံသို့ ပြန်လာခဲ့ကြ‌သောအခါ သူတို့သည် အသင်တို့‌ရှေ့၌ (သူတို့မလိုက်ကြသည်နှင့်ပတ်သက်၍) အ‌ကြောင်းပြကြလိမ့်မည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အ‌ကြောင်းမပြကြနှင့်၊ ကျွန်ုပ်တို့သည် အသင်တို့အား မည်သည့်အခါမှ ယုံကြည်ကြမည် မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အသင်တို့၏သတင်းများကို အသိ‌ပေး‌တော်မူပြီး ဖြစ်သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် အသင်တို့၏လုပ်ရပ်များကို မြင်‌တွေ့‌တော်မူလိမ့်မည်။ ထို့‌နောက် အသင်တို့ ဖုံးကွယ်‌နေ‌သော အရာအားလုံးနှင့် ထင်‌ပေါ်‌နေ‌သောအရာအားလုံးကို သိ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ပြန်လည်ပို့‌ဆောင်ခြင်းခံကြရမည်။ ၎င်း‌နောက် အရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များကို ထုတ်‌ဖော်မိန့်ကြား‌တော်မူမည်။ سَيَحۡلِفُونَ بِٱللَّهِ لَكُمۡ إِذَا ٱنقَلَبۡتُمۡ إِلَيۡهِمۡ لِتُعۡرِضُواْ عَنۡهُمۡۖ فَأَعۡرِضُواْ عَنۡهُمۡۖ إِنَّهُمۡ رِجۡسٌۖ وَمَأۡوَىٰهُمۡ جَهَنَّمُ جَزَآءَۢ بِمَا كَانُواْ يَكۡسِبُونَ ٩٥မကြာမီ အသင်တို့သည် (စစ်ပွဲမှ)သူတို့ထံသို့ ပြန်လာကြ‌သောအခါ အသင်တို့သည် သူတို့အား (အ‌ရေးမယူဘဲ)ခွင့်လွှတ်ကြရန် သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြလိမ့်မည်။ သို့ဖြစ်ရာ အသင်တို့သည် သူတို့အား စွန့်ထားလိုက်ကြပါ။ အမှန်စင်စစ် သူတို့သည် ညစ်ညမ်းသူများပင် ဖြစ်ကြသည်။ ၎င်း‌နောက် သူတို့၏ခိုလှုံရာစခန်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်သည်။ (ထိုအရာသည်) သူတို့ရှာ‌ဖွေဆည်းပူးခဲ့ကြ‌သော အကျိုးရလဒ်ပင်ဖြစ်သည်။ يَحۡلِفُونَ لَكُمۡ لِتَرۡضَوۡاْ عَنۡهُمۡۖ فَإِن تَرۡضَوۡاْ عَنۡهُمۡ فَإِنَّ ٱللَّهَ لَا يَرۡضَىٰ عَنِ ٱلۡقَوۡمِ ٱلۡفَٰسِقِينَ ٩٦သူတို့သည် သူတို့အား အသင်တို့ ‌ကျေနပ်ကြရန် ကျိန်ဆိုကြလိမ့်မည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် သူတို့အား ‌ကျေနပ်ခဲ့ကြလျှင်လည်း အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အမိန့်ဖီဆန်သူများအ‌ပေါ်တွင် ‌ကျေနပ်‌တော်မူမည် မဟုတ်‌ပေ။ ٱلۡأَعۡرَابُ أَشَدُّ كُفۡرًا وَنِفَاقًا وَأَجۡدَرُ أَلَّا يَعۡلَمُواْ حُدُودَ مَآ أَنزَلَ ٱللَّهُ عَلَىٰ رَسُولِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٩٧‌ကျေးလက်‌ဒေသများတွင် ‌နေထိုင်ကြ‌သော အရဗ်အမျိုးသားများသည် ကုဖ်ရ်ငြင်းပယ်မှုနှင့် နိဖာက် အ‌ယောင်‌ဆောင်မှုတွင် ပို၍ပြင်းထန်ကြသည်။* ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏တမန်‌တော်အ‌ပေါ်တွင် ချ‌ပေးထား‌သော အမိန့်ပညတ်များကို (‌တော၌‌နေသည့်အတွက်)ပို၍ပင် မသိထိုက်ကြ‌သော(သိရန် မလွယ်‌သော)သူများဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمِنَ ٱلۡأَعۡرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغۡرَمًا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ٩٨ထို့ပြင် ‌ကျေးလက်‌ဒေသများတွင် ‌နေထိုင်ကြ‌သော အရဗ်အမျိုးသားများထဲ၌ (ဇကာသ်၊ ဂျိဟာဒ်များတွင်) သူတို့ သုံးစွဲကြသည်များကို “ဒဏ်‌ဆောင်ခြင်းဖြစ်သည်“ဟု မှတ်ယူကြသူများလည်း ရှိကြသည်။ ထို့ပြင် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ အတုံ့အလှည့်ဖြစ်ခြင်းများကို ‌စောင့်‌မျှော်‌နေကြသည်။ (အမှန်စင်စစ်) သူတို့‌ပေါ်တွင် မ‌ကောင်း‌သောအလှည့်ကြုံခြင်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သူတို့‌ပြောသည်များကို)အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ (သူတို့၏ မှားယွင်း‌သောရည်ရွယ်ချက်များကို)အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمِنَ ٱلۡأَعۡرَابِ مَن يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَتَّخِذُ مَا يُنفِقُ قُرُبَٰتٍ عِندَ ٱللَّهِ وَصَلَوَٰتِ ٱلرَّسُولِۚ أَلَآ إِنَّهَا قُرۡبَةٌ لَّهُمۡۚ سَيُدۡخِلُهُمُ ٱللَّهُ فِي رَحۡمَتِهِۦٓۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٩٩ထို့ပြင် အရဗ်‌ကျေး‌တောသားများထဲ၌ အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများလည်းရှိကြသည်။ သူတို့သည် (‌ကောင်း‌သောကိစ္စများတွင်) သူတို့ သုံးစွဲကြသည်များကို “အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ချဉ်းကပ်ရန် အ‌ကြောင်းခံများဖြစ်သည်“၊ ၎င်း‌နောက် “တမန်‌တော်မြတ်၏ ဆုမွန်များ ရယူရန်ဖြစ်သည်“ဟု မှတ်ယူကြသည်။ သတိပြုကြပါ၊ အမှန်စင်စစ် ထိုသုံးစွဲမှုများသည် သူတို့အတွက် ချဉ်းကပ်ရန် အ‌ကြောင်းခံပင်ဖြစ်သည်။ မကြာမီ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင်မြတ်၏ သနားကရုဏာ‌တော်ထဲ၌ ပါဝင်‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَٱلسَّٰبِقُونَ ٱلۡأَوَّلُونَ مِنَ ٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحۡسَٰنٍ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُ وَأَعَدَّ لَهُمۡ جَنَّٰتٍ تَجۡرِي تَحۡتَهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٠٠ထို့ပြင် မုဟာဂျိရီန်များ၊ အန်စွာရ်များထဲမှ (အီမာန်ယူရာတွင်) အားလုံးထက် ‌ရှေ့ဆုံး‌ရောက်သူများနှင့် ၎င်းတို့၏ ‌နောက်သို့ ‌ကောင်းမှုနှင့်တကွ* လိုက်ခဲ့ကြ‌သောသူများအား အလ္လာဟ်အရှင်မြတ်သည် ‌ကျေနပ်‌တော်မူခဲ့ပြီးဖြစ်သည်၊ ၎င်း‌နောက် သူတို့ကလည်း အရှင်မြတ်ကို ‌ကျေနပ်ခဲ့ကြပြီဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် အကြင်ဥယျာဉ်များကို အသင့်ပြုလုပ်ထား‌တော်မူသည်။ ထိုဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်လျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်ဖြစ်သည်။ ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။ وَمِمَّنۡ حَوۡلَكُم مِّنَ ٱلۡأَعۡرَابِ مُنَٰفِقُونَۖ وَمِنۡ أَهۡلِ ٱلۡمَدِينَةِ مَرَدُواْ عَلَى ٱلنِّفَاقِ لَا تَعۡلَمُهُمۡۖ نَحۡنُ نَعۡلَمُهُمۡۚ سَنُعَذِّبُهُم مَّرَّتَيۡنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ ١٠١ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိကြ‌သော* အရဗ်‌ကျေး‌တောသားများနှင့် မဒီနဟ်မြို့သားများထဲတွင် ဤသို့ အ‌ယောင်‌ဆောင်‌သော မုနာဖိက်များရှိကြသည်။ ထိုသူများသည် အ‌ယောင်‌ဆောင်မှုထဲ၌ပင် ဇွတ်မှိတ်ပြီး ‌နေ‌လေ့ရှိသည်။ အသင်တို့သည် ထိုသူများအား မသိ‌ပေ။ ငါအရှင်မြတ်သည် သူတို့အား သိ‌တော်မူသည်။ မကြာမီ ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်နှစ်ကြိမ်*‌ပေး‌တော်မူမည်၊ ထို့‌နောက်သူတို့သည် ကြီး‌လေး‌သောပြစ်ဒဏ် သက်‌ရောက်ခြင်းကို ခံကြရမည်။ وَءَاخَرُونَ ٱعۡتَرَفُواْ بِذُنُوبِهِمۡ خَلَطُواْ عَمَلًا صَٰلِحًا وَءَاخَرَ سَيِّئًا عَسَى ٱللَّهُ أَن يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١٠٢ထို့ပြင် အခြားသူများလည်း ရှိကြ‌သေးသည်။ သူတို့သည် သူတို့၏အပြစ်များကို ဝန်ခံခဲ့ကြသည်။ သူတို့သည် ‌ကောင်းမှုနှင့် မ‌ကောင်းမှုကို ‌ရောပြီးလုပ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူလိမ့်မည်ဟု အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌မျှော်လင့်ရသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ خُذۡ مِنۡ أَمۡوَٰلِهِمۡ صَدَقَةً تُطَهِّرُهُمۡ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيۡهِمۡۖ إِنَّ صَلَوٰتَكَ سَكَنٌ لَّهُمۡۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ١٠٣အသင်သည် သူတို့၏ပစ္စည်းများထဲမှ အလှူပစ္စည်းကို လက်ခံယူလိုက်ပါ၊ ထိုအရာဖြင့် အသင်သည် သူတို့အား သန့်ရှင်း‌အောင်နှင့် အပြစ်ကင်း‌အောင် လုပ်‌ပေးနိုင်လိမ့်မည်။* ၎င်း‌နောက် အသင်(တမန်‌တော်)သည် သူတို့အတွက် ဆု‌တောင်းလိုက်ပါ။* အမှန်စင်စစ် အသင်၏ဆု‌တောင်းခြင်းသည် သူတို့အတွက် ‌အေးချမ်းသာယာမှုဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ هُوَ يَقۡبَلُ ٱلتَّوۡبَةَ عَنۡ عِبَادِهِۦ وَيَأۡخُذُ ٱلصَّدَقَٰتِ وَأَنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ١٠٤အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထံမှ အမှားဝန်ခံမှုကို လက်ခံ‌တော်မူ‌သောအရှင်နှင့် လှူဖွယ်ပစ္စည်းများကို လက်ခံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို သူတို့ မသိကြသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَقُلِ ٱعۡمَلُواْ فَسَيَرَى ٱللَّهُ عَمَلَكُمۡ وَرَسُولُهُۥ وَٱلۡمُؤۡمِنُونَۖ وَسَتُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ١٠٥ထို့ပြင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် (အသင်တို့နှစ်သက်သကဲ့သို့)ပြုလုပ်ကြပါ၊ မကြာမီ အသင်တို့၏လုပ်ရပ်ကို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အပြင် အီမာန်ယုံကြည်သူများလည်း ‌တွေ့မြင်ကြလိမ့်မည်။* ထို့ပြင် ဖုံးကွယ်‌နေ‌သောအရာများနှင့် ‌ပေါ်လွင်‌နေ‌သောအရာများကို သိ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ အသင်တို့သည် မကြာမီ ပြန်ပို့ခြင်းခံရမည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုလုပ်‌နေခဲ့သည်များကို ထုတ်‌ဖော်မိန့်ကြား‌တော်မူမည်။ وَءَاخَرُونَ مُرۡجَوۡنَ لِأَمۡرِ ٱللَّهِ إِمَّا يُعَذِّبُهُمۡ وَإِمَّا يَتُوبُ عَلَيۡهِمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١٠٦ထို့ပြင် အခြားသူများလည်းရှိ‌သေးသည်၊* ထိုသူများ၏ကိစ္စမှာ အရှင်မြတ်သည် သူတို့အား အပြစ်‌ပေး‌တော်မူသည်ပင်ဖြစ်‌စေ၊ သူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူသည်ပင်ဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်၏(ထို)အမိန့်‌တော်(ကျ‌ရောက်သည်)အထိ ‌ရွှေ့ဆိုင်းထားပြီးဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَٱلَّذِينَ ٱتَّخَذُواْ مَسۡجِدًا ضِرَارًا وَكُفۡرًا وَتَفۡرِيقَۢا بَيۡنَ ٱلۡمُؤۡمِنِينَ وَإِرۡصَادًا لِّمَنۡ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبۡلُۚ وَلَيَحۡلِفُنَّ إِنۡ أَرَدۡنَآ إِلَّا ٱلۡحُسۡنَىٰۖ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ ١٠٧ထို့ပြင် အကြင်သူများလည်းရှိကြသည်။ ထိုသူများသည် (အစ္စလာမ်ကို) ဒုက္ခ‌ပေးရန်အတွက်၊ ကုဖ်ရ်ငြင်းပယ်ရန်အတွက်၊ မုအ်မင်များကြား၌ ‌သွေးခွဲရန်အတွက်၊ ယခင်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အား တိုက်ခိုက်ခဲ့ကြ‌သောသူများ(၏ သတင်း‌ပေးမှု၊ ကြံစည်မှုကို ဆက်သွယ်ရယူရန်)ကို ‌ထောက်လှမ်းရာဌာနတစ်ခု ရရှိ‌စေရန်အတွက် ဗလီတစ်လုံးကို တည်‌ဆောက်ခဲ့ကြသည်။* ၎င်း‌နောက် သူတို့က “ကျွန်ုပ်တို့သည် ‌ကောင်းခြင်းမှလွဲ၍ မည်သည့်အရာမျှ မရည်ရွယ်ကြပါ“ဟု အမှန်ပင် ကျိန်ဆိုကြမည်။ ထို့ပြင် သူတို့သည် အမှန်ပင် လိမ်လည်သူများဖြစ်ကြသည်ကို အလ္လာဟ်အရှင်မြတ် အသိသက်‌သေဖြစ်‌တော်မူသည်။ لَا تَقُمۡ فِيهِ أَبَدًاۚ لَّمَسۡجِدٌ أُسِّسَ عَلَى ٱلتَّقۡوَىٰ مِنۡ أَوَّلِ يَوۡمٍ أَحَقُّ أَن تَقُومَ فِيهِۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُطَّهِّرِينَ ١٠٨အသင်(တမန်‌တော်)သည် ထိုဗလီဝတ်‌ကျောင်း‌တော်၌ မည်သည့်အခါမှ (စွလာသ်ဝတ်ပြုရန်)မတ်တတ်မရပ်ပါနှင့်။ အမှန်စင်စစ် အကြင်ဗလီဝတ်‌ကျောင်း‌တော်သည် ပထမ‌နေ့ကစပြီး သက္ကဝါ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်မှုအ‌ပေါ်တွင် အုတ်မြစ်ချခဲ့ပြီး ဖြစ်သည်။ အသင်သည် ထိုဗလီဝတ်‌ကျောင်း‌တော်၌သာ ပိုပြီးရပ်ထိုက်သည်။ ထိုဗလီဝတ်‌ကျောင်း‌တော်တွင် အလွန်သန့်ရှင်းစင်ကြယ်မှုကို နှစ်သက်ကြ‌သောသူများ ရှိကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်းစင်ကြယ်‌သောသူများကို နှစ်သက်‌တော်မူသည်။ أَفَمَنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ تَقۡوَىٰ مِنَ ٱللَّهِ وَرِضۡوَٰنٍ خَيۡرٌ أَم مَّنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍ فَٱنۡهَارَ بِهِۦ فِي نَارِ جَهَنَّمَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٠٩သို့ဖြစ်ရာ အကြင်သူသည် သူ၏အ‌ဆောက်အအုံကို သက္ကဝါ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်မှုအ‌ပေါ်တွင်နှင့် (အရှင်မြတ်၏)‌ကျေနပ်မှုအ‌ပေါ်တွင် အုတ်မြစ်ချခဲ့သည်၊ ထိုသူသည် ပို‌ကောင်းသ‌လော။ သို့မဟုတ် အကြင်သူသည် ပို‌ကောင်းသ‌လော၊ ဤသူသည် သူ၏အ‌ဆောက်အအုံကို ပြိုကျမည့်ဆဲဆဲဖြစ်‌နေ‌သော ‌ချောက်ကမ်းပါး‌ပေါ်၌ အုတ်မြစ်ချခဲ့သည်။ ထို့‌နောက် ထိုအ‌ဆောက်အအုံသည် ထိုသူနှင့်တကွ ငရဲမီးထဲသို့ ပြိုကျသွားခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားပြုလုပ်‌သောသူများအား လမ်းမှန်ညွှန်ကြားပြသ‌တော် မမူ‌ပေ။ لَا يَزَالُ بُنۡيَٰنُهُمُ ٱلَّذِي بَنَوۡاْ رِيبَةً فِي قُلُوبِهِمۡ إِلَّآ أَن تَقَطَّعَ قُلُوبُهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١١٠သူတို့ တည်‌ဆောက်ခဲ့ကြ‌သော သူတို့၏အ‌ဆောက်အအုံသည် သူတို့၏စိတ်နှလုံးများ အစိတ်စိတ် အမြွှာမြွှာဖြစ်မသွားမချင်း* (မ‌သေမချင်း) သူတို့၏ စိတ်နှလုံးများထဲသို့ သံသယများဖြစ်‌ပေါ်‌အောင်* လုပ်‌နေလိမ့်မည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ۞ إِنَّ ٱللَّهَ ٱشۡتَرَىٰ مِنَ ٱلۡمُؤۡمِنِينَ أَنفُسَهُمۡ وَأَمۡوَٰلَهُم بِأَنَّ لَهُمُ ٱلۡجَنَّةَۚ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِ فَيَقۡتُلُونَ وَيُقۡتَلُونَۖ وَعۡدًا عَلَيۡهِ حَقًّا فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ وَٱلۡقُرۡءَانِۚ وَمَنۡ أَوۡفَىٰ بِعَهۡدِهِۦ مِنَ ٱللَّهِۚ فَٱسۡتَبۡشِرُواْ بِبَيۡعِكُمُ ٱلَّذِي بَايَعۡتُم بِهِۦۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١١١အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများထံမှ သူတို့၏အသက်များနှင့် ပစ္စည်းဥစ္စာများကို သူတို့အတွက် ဂျန္နသ်သုခဘုံနှင့် (အစား‌ပေးပြီး)ဝယ်ယူ‌တော်မူခဲ့သည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ကြသည်။ သို့ဖြစ်ရာ သူတို့သည် (ရန်သူများကို)သတ်ဖြတ်ကြပြီး သူတို့သည် (ရန်သူများ၏)သတ်ဖြတ်မှုကိုလည်း ခံကြရသည်။ အရှင်မြတ်သည် အရှင်မြတ်အ‌ပေါ်တွင် တာဝန်ရှိ‌ကြောင်း၊ ‌သောင်ရသ်ကျမ်း၊ အင်ဂျီလ်ကျမ်းနှင့် ကုရ်အာန်ကျမ်း‌တော်မြတ်၌ မှန်ကန်စွာ ကတိပြုထား‌တော်မူခဲ့သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်ထက် ပိုပြီး မိမိကတိကို ပြည့်ဝ‌အောင် ‌ဆောင်ရွက်သူ မည်သူရှိသနည်း။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့အချင်းချင်း ‌ရောင်းဝယ်‌ဖောက်ကားမှု (အ‌ပေးအယူပြုလုပ်ခဲ့ကြ‌သော ‌ရောင်းဝယ်မှု)နှင့် ပတ်သက်၍ ဝမ်း‌မြောက်‌ပျော်ရွှင်ကြပါ။ ထို့ပြင် ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုပင်ဖြစ်သည်။ ٱلتَّٰٓئِبُونَ ٱلۡعَٰبِدُونَ ٱلۡحَٰمِدُونَ ٱلسَّٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّٰجِدُونَ ٱلۡأٓمِرُونَ بِٱلۡمَعۡرُوفِ وَٱلنَّاهُونَ عَنِ ٱلۡمُنكَرِ وَٱلۡحَٰفِظُونَ لِحُدُودِ ٱللَّهِۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ١١٢(အရှင်မြတ်က ဂျန္နသ်‌ပေးပြီး ဝယ်ယူလိုက်‌သောသူများသည်) ဝန်ချ‌တောင်းပန်သူများ၊ အိဗာဒသ် ဝတ်ပြုသူများ၊ ချီးမွမ်းသူများ၊ ‌စွောင်မ် ဥပုစ်‌စောင့်ထိန်းသူများ*၊ ရုကူအ်ဦးညွတ်သူများ၊ ‌ကောင်းမှုများကို ညွှန်ကြားပြီး မ‌ကောင်းမှုများမှ တားမြစ်သူများ၊ အလ္လာဟ်အရှင်မြတ်၏စည်းကမ်းများကို ‌စောင့်ထိန်းသူများ ဖြစ်ကြသည်။ ၎င်း‌နောက် အသင်သည် အီမာန်ယုံကြည်သူများအား သတင်း‌ကောင်း‌ပေးလိုက်ပါ။ مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ ١١٣တမန်‌တော်မြတ်နှင့် အီမာန်ယုံကြည်သူများသည် မုရှ်ရိက်များအတွက် ၎င်း(မုရှ်ရိက်)များသည် သူတို့၏‌ဆွေမျိုးများဖြစ်ကြလျှင်လည်း သူတို့သည် ငရဲသားများဖြစ်‌သော‌ကြောင့် သူတို့တွင်(အ‌ယောင်‌ဆောင်မှု)ထင်ရှားခဲ့ပြီးသည့်‌နောက် (အရှင်မြတ်ထံ‌တော်၌)လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင့်ခံ‌ပေးပိုင်ခွင့် မရှိ‌တော့‌ပေ။ وَمَا كَانَ ٱسۡتِغۡفَارُ إِبۡرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوۡعِدَةٍ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوٌّ لِّلَّهِ تَبَرَّأَ مِنۡهُۚ إِنَّ إِبۡرَٰهِيمَ لَأَوَّٰهٌ حَلِيمٌ ١١٤ထို့ပြင် (တမန်‌တော်)အိဗ်ရာဟီမ်သည် သူ၏ဖခင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံခဲ့ခြင်းသည် ၎င်းအ‌နေနှင့် ၎င်း၏ဖခက်ကို‌ပေးခဲ့‌သော ကတိ‌ကြောင့်ပင်ဖြစ်သည်။* ထို့‌နောက် (တမန်‌တော်)အိဗ်ရာဟီမ်ထံ၌ ၎င်း၏ဖခင်သည် အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်‌ကြောင်း ထင်ရှားခဲ့‌သောအခါ ၎င်းသည် ၎င်း၏ဖခင်နှင့် မသက်ဆိုင် မပတ်သက်‌တော့ပါဟူ၍ ငြင်းဆိုခဲ့သည်။ အမှန်စင်စစ် (တမန်‌တော်)အိဗ်ရာဟီမ်သည် စိတ်နှလုံး အလွန်နူးညံ့သူ၊ အလွန်သည်းခံသူဖြစ်ခဲ့သည်။ وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوۡمَۢا بَعۡدَ إِذۡ هَدَىٰهُمۡ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ١١٥ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူမျိုးကိုမဆို ထိုလူမျိုးများကို လမ်းမှန်ညွှန်ကြားပြသ‌တော်မူပြီး‌နောက်၊ သူတို့ ‌ရှောင်ကြဉ်ရမည့်အရာများကို ထင်ရှားစွာ မိန့်‌တော်မူခြင်း ပြု‌တော်မမူ‌သေးသမျှ လမ်းလွဲ‌စေ‌တော်မမူ‌ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ ١١٦အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ အရှင်မြတ်ပင် ရှင်‌စေ‌တော်မူသည်။ အရှင်မြတ်ပင် ‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အတွက် မိတ်‌ဆွေ‌ရော၊ ကူညီမည့်သူပါ မည်သူမှ မရှိ‌ပေ။ لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِيِّ وَٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِي سَاعَةِ ٱلۡعُسۡرَةِ مِنۢ بَعۡدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِّنۡهُمۡ ثُمَّ تَابَ عَلَيۡهِمۡۚ إِنَّهُۥ بِهِمۡ رَءُوفٌ رَّحِيمٌ ١١٧အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်မြတ်၏ဘက်နှင့်၊ အကြင်မုဟာဂျိရီန်နှင့် အန်စွာရ်များ၏ဘက်သို့ သနားကရုဏာနှင့် လှည့်‌တော်မူပြီး သူတို့၏ ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့ပြီ ဖြစ်သည်။ သူတို့ထဲမှ လူတစ်စု၏စိတ်နှလုံးများသည် တိမ်း‌စောင်းမည့်ဆဲဆဲဖြစ်ပြီး‌နောက် သူတို့သည် ကျပ်တည်း‌သောကာလ၌* တမန်‌တော်မြတ်၏‌နောက်ကို လိုက်ခဲ့ကြသည်။ ထို့‌နောက် အရှင်မြတ်သည် သနားကရုဏာနှင့် ပြန်လှည့်‌တော်မူပြီး သူတို့၏ ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ အလွန်ကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَعَلَى ٱلثَّلَٰثَةِ ٱلَّذِينَ خُلِّفُواْ حَتَّىٰٓ إِذَا ضَاقَتۡ عَلَيۡهِمُ ٱلۡأَرۡضُ بِمَا رَحُبَتۡ وَضَاقَتۡ عَلَيۡهِمۡ أَنفُسُهُمۡ وَظَنُّوٓاْ أَن لَّا مَلۡجَأَ مِنَ ٱللَّهِ إِلَّآ إِلَيۡهِ ثُمَّ تَابَ عَلَيۡهِمۡ لِيَتُوبُوٓاْۚ إِنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ١١٨ထို့ပြင် (အရှင်မြတ်သည်) အကြင်သူသုံးဦး*ဘက်သို့လည်း (သနားကရုဏာနှင့် လှည့်‌တော်မူပြီး သူတို့၏ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့သည်)။ ထိုသုံးဦးတို့သည် (အမိန့်ကျ‌ရောက်သည်အထိ) ‌ရွှေ့ဆိုင်းမှု ခံခဲ့ကြရသည့်အတွက် ‌နောက်ဆုံးတွင် ကမာ္ဘ‌မြေသည် ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် သူတို့အ‌ပေါ်တွင် ကျဉ်း‌မြောင်းလာခဲ့‌ပေသည်။ ထို့ပြင် သူတို့၏အသက်ရှင်‌နေရခြင်းသည်ပင် သူတို့အ‌ပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့သည်။ ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်(၏ အမျက်‌တော်)မှ လွတ်ကင်းရန် ထိုအရှင်မြတ်မှလွဲ၍ အခြား မည်သည့်ခိုကိုးရာမှ မရှိ‌ကြောင်းကို ယုံကြည်လာခဲ့ကြသည်။ ထို့‌နောက် အရှင်မြတ်သည် သူတို့(‌နောက်ထပ် အပြစ်ကျူးလွန်မိလျှင် အရှင်မြတ်ဘက်သို့)ပြန်လှည့် (အမှားဝန်ခံ)နိုင်ကြရန် သူတို့ဘက်သို့ သနားကရုဏာနှင့် ပြန်လှည့်‌တော်မူပြီး သူတို့၏ ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَكُونُواْ مَعَ ٱلصَّٰدِقِينَ ١١٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ၎င်း‌နောက် အသင်တို့သည် မှန်ကန်‌သောသူများနှင့်အတူ ရှိကြပါ(‌နေထိုင်ကြပါ။) مَا كَانَ لِأَهۡلِ ٱلۡمَدِينَةِ وَمَنۡ حَوۡلَهُم مِّنَ ٱلۡأَعۡرَابِ أَن يَتَخَلَّفُواْ عَن رَّسُولِ ٱللَّهِ وَلَا يَرۡغَبُواْ بِأَنفُسِهِمۡ عَن نَّفۡسِهِۦۚ ذَٰلِكَ بِأَنَّهُمۡ لَا يُصِيبُهُمۡ ظَمَأٌ وَلَا نَصَبٌ وَلَا مَخۡمَصَةٌ فِي سَبِيلِ ٱللَّهِ وَلَا يَطَـُٔونَ مَوۡطِئًا يَغِيظُ ٱلۡكُفَّارَ وَلَا يَنَالُونَ مِنۡ عَدُوٍّ نَّيۡلًا إِلَّا كُتِبَ لَهُم بِهِۦ عَمَلٌ صَٰلِحٌۚ إِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ١٢٠မဒီနဟ်မြို့သားများနှင့် သူတို့၏ ပတ်ဝန်းကျင်၌ရှိ‌သော အရဗ်‌ကျေး‌တောသားများအတွက် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်ကိုစွန့်ပြီး ‌နောက်ကျန်ရစ်ခဲ့ကြရန် မသင့်‌ပေ။ ၎င်း‌နောက် သူတို့သည် သူတို့၏အသက်ကို တမန်‌တော်၏အသက်ထက် ပိုပြီး မနှစ်သက်သင့်‌ပေ။* ထို(သို့ ပြဋ္ဌာန်းရသည့်)အ‌ကြောင်းကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် မည်ကဲ့သို့‌သော ‌ရေငတ်မှု၊ ပင်ပန်မှု၊ ဆာ‌လောင်မှုပင်ဖြစ်‌စေ၊ ၎င်း‌နောက် ကာဖိရ်များအား ‌ဒေါသဖြစ်‌စေမည့် မည်သို့‌သော သွားလာမှုပင်ဖြစ်‌စေ၊ ရန်သူများထံမှ ဒုက္ခ သုခ မည်သို့ပင်ရသည်ဖြစ်‌စေ*၊ ထိုအချက် တစ်ခုချင်းစီအတွက် ‌ကောင်းမှုတစ်ခုစီ ‌ရေးမှတ်ခြင်းခံရသည်ချည်းပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများ၏အကျိုးကို အလဟဿ ဖြစ်‌စေ‌တော်မမူ‌ပေ။ وَلَا يُنفِقُونَ نَفَقَةً صَغِيرَةً وَلَا كَبِيرَةً وَلَا يَقۡطَعُونَ وَادِيًا إِلَّا كُتِبَ لَهُمۡ لِيَجۡزِيَهُمُ ٱللَّهُ أَحۡسَنَ مَا كَانُواْ يَعۡمَلُونَ ١٢١ထို့ပြင် သူတို့သည် အ‌သေးအဖွဲ သုံးစွဲသည်ဖြစ်‌စေ၊ အကြီးအကျယ်သုံးစွဲသည်ဖြစ်‌စေ၊ သူတို့သည် မည်သည့်‌တောင်ကြားတစ်‌နေရာကို ဖြတ်‌ကျော်သည်ပင်ဖြစ်‌စေ သူတို့အတွက် (‌ကောင်းမှုအဖြစ်) ‌ရေးသားထားခဲ့သည်ချည်းဖြစ်သည်။ (ထိုသို့ ‌ရေးရခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ အ‌ကောင်းဆုံးအကျိုးကို ‌ပေးသနား‌တော်မူရန်အတွက်ဖြစ်သည်။ ۞ وَمَا كَانَ ٱلۡمُؤۡمِنُونَ لِيَنفِرُواْ كَآفَّةًۚ فَلَوۡلَا نَفَرَ مِن كُلِّ فِرۡقَةٍ مِّنۡهُمۡ طَآئِفَةٌ لِّيَتَفَقَّهُواْ فِي ٱلدِّينِ وَلِيُنذِرُواْ قَوۡمَهُمۡ إِذَا رَجَعُوٓاْ إِلَيۡهِمۡ لَعَلَّهُمۡ يَحۡذَرُونَ ١٢٢ထို့ပြင် အီမာန်ယုံကြည်သူများသည် တစ်‌ယောက်မကျန်(စစ်ပွဲသို့)မထွက်ထိုက်‌ပေ။ သို့ဖြစ်ရာ သူတို့ထဲက အုပ်စုတိုင်းမှ လူတစ်ဦးစီသာ ထွက်ကြရမည်။ သို့မှသာ (ကျန်လူများသည်) သာသနာနှင့်ပတ်သက်၍ (အသိပညာများကို) သင်ယူဆည်းပူးနိုင်ကြမည်ဖြစ်သည်။ ၎င်း‌နောက် သူတို့သည် သူတို့၏ အမျိုးသားများအား(စစ်ပွဲမှ)သူတို့ထံသို့ ပြန်‌ရောက်လာ‌သောအခါ သူတို့ သတိပြု အပြစ်‌ရှောင်နိုင်ကြရန်အတွက် (အရှင်မြတ်၏ အမိန့်‌တော်များကို သင်ပြ‌ပေးပြီး) သတိ‌ပေးနှိုး‌ဆော်နိုင်ကြမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قَٰتِلُواْ ٱلَّذِينَ يَلُونَكُم مِّنَ ٱلۡكُفَّارِ وَلۡيَجِدُواْ فِيكُمۡ غِلۡظَةًۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ ١٢٣အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အနီး၌ရှိ‌သော ကာဖိရ်များကို တိုက်ခိုက်ကြပါ။* ထို့ပြင် ထိုကာဖိရ်များသည် အသင်တို့တွင် ပြင်းထန်မှုကို ‌တွေ့ရှိ‌စေကြရမည်။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများနှင့်အတူတကွ ရှိ‌တော်မူသည်ကို အသင်တို့ သိထားကြပါ။ وَإِذَا مَآ أُنزِلَتۡ سُورَةٌ فَمِنۡهُم مَّن يَقُولُ أَيُّكُمۡ زَادَتۡهُ هَٰذِهِۦٓ إِيمَٰنًاۚ فَأَمَّا ٱلَّذِينَ ءَامَنُواْ فَزَادَتۡهُمۡ إِيمَٰنًا وَهُمۡ يَسۡتَبۡشِرُونَ ١٢٤ထို့ပြင် မည်သည့်အခါမဆို စူရဟ်ကဏ္ဍတစ်စုံတစ်ခုသည် (အရှင်မြတ်ထံမှ)ချ‌ပေးခြင်းခံရလျှင်၊ ထို(အ‌ယောင်‌ဆောင်)သူများထဲမှ အချို့က ဤစူရဟ်ကဏ္ဍသည် အသင်တို့ထဲမှ မည်သူ၏အီမာန်ကို တိုးတက်‌စေပါသနည်းဟု ‌ပြောဆိုကြသည်။* ၎င်း‌နောက် မည်သို့ပင်ဖြစ်‌စေ အီမာန်ယုံကြည်သူများကမူ သူတို့သည် ဝမ်း‌မြောက်‌ပျော်ရွှင်လျက် ထိုစူရဟ်ကဏ္ဍသည် သူတို့၏ အီမာန်ကို တိုးတက်‌စေခဲ့သည်။ وَأَمَّا ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ فَزَادَتۡهُمۡ رِجۡسًا إِلَىٰ رِجۡسِهِمۡ وَمَاتُواْ وَهُمۡ كَٰفِرُونَ ١٢٥ထို့ပြင် မည်သို့ပင်ဖြစ်‌စေ စိတ်နှလုံးများ၌ ‌ရောဂါရှိသူများကမူ ထိုစူရဟ်ကဏ္ဍသည် သူတို့၏ အညစ်အ‌ကြေးထဲသို့ အညစ်အ‌ကြေးတစ်ခု ထပ်တိုး‌စေခဲ့သည်။ သူတို့သည် ကာဖိရ်ငြင်းပယ်သူများဖြစ်လျက် ‌သေဆုံးခဲ့ကြရသည်။ أَوَلَا يَرَوۡنَ أَنَّهُمۡ يُفۡتَنُونَ فِي كُلِّ عَامٍ مَّرَّةً أَوۡ مَرَّتَيۡنِ ثُمَّ لَا يَتُوبُونَ وَلَا هُمۡ يَذَّكَّرُونَ ١٢٦ထို့ပြင် အမှန်စင်စစ် သူတို့သည် နှစ်စဉ်နှစ်တိုင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စမ်းသပ်ခြင်းခံကြရခြင်းကို သူတို့ မမြင်ကြသ‌လော။ ထို့‌နောက်လည်း သူတို့သည် ဝန်ချ‌တောင်းပန်ခြင်း မရှိကြ‌ပေ၊ သတိတရားလည်း မရကြ‌ပေ။ وَإِذَا مَآ أُنزِلَتۡ سُورَةٌ نَّظَرَ بَعۡضُهُمۡ إِلَىٰ بَعۡضٍ هَلۡ يَرَىٰكُم مِّنۡ أَحَدٍ ثُمَّ ٱنصَرَفُواْۚ صَرَفَ ٱللَّهُ قُلُوبَهُم بِأَنَّهُمۡ قَوۡمٌ لَّا يَفۡقَهُونَ ١٢٧ထို့ပြင် မည်သည့်အခါမဆို စူရဟ်ကဏ္ဍတစ်စုံတစ်ခုသည် ချ‌ပေးခြင်းခံရလျှင်၊ သူတို့ထဲမှ တစ်ဦးသည် တစ်ဦးကိုကြည့်ပြီး “အသင်တို့ကို (တမန်‌တော်နှင့် မွတ်စ်လင်မ်များထဲမှ) တစ်စုံတစ်ဦးသည် မြင်သွားသ‌လော“*ဟု ‌မေးမြန်းပြီးသည့်‌နောက် ပြန်လှည့်သွားခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများအား လှည့်ထား‌တော်မူခဲ့သည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် အသိဉာဏ်ကို အသုံးမပြုကြသည့်အတွက်ပင်ဖြစ်သည်။ لَقَدۡ جَآءَكُمۡ رَسُولٌ مِّنۡ أَنفُسِكُمۡ عَزِيزٌ عَلَيۡهِ مَا عَنِتُّمۡ حَرِيصٌ عَلَيۡكُم بِٱلۡمُؤۡمِنِينَ رَءُوفٌ رَّحِيمٌ ١٢٨အမှန်စင်စစ် အသင်တို့ထဲမှပင် တမန်‌တော်တစ်ပါးသည် အသင်တို့ထံသို့ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။* အသင်တို့ ဒုက္ခ‌ရောက်ခြင်းသည် ထိုတမန်‌တော်အ‌ပေါ်တွင် အလွန်ဝန်‌လေးသည်။* (၎င်း‌နောက် ထိုတမန်‌တော်သည်) အသင်တို့နှင့်ပတ်သက်၍ (‌ကောင်းသည်ကိုသာ) အလွန်လိုလားသူဖြစ်သည်။ အီမာန်ယုံကြည်သူများနှင့်ပတ်သက်၍ အလွန်နူးညံ့သိမ်‌မွေ့သူ၊ အလွန်ကြင်နာသူ တစ်ဦးဖြစ်သည်။ فَإِن تَوَلَّوۡاْ فَقُلۡ حَسۡبِيَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ عَلَيۡهِ تَوَكَّلۡتُۖ وَهُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ ١٢٩ထို့‌နောက် အကယ်၍ သူတို့သည် (သိပါလျက်နှင့် မလိုက်နာဘဲ)ပြန်လှည့်သွားခဲ့ကြလျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါ့အတွက် အလ္လာဟ်အရှင်မြတ်သည် လုံ‌လောက်‌တော်မူသည်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထိုအရှင်မြတ်အ‌ပေါ်၌သာ ငါသည် ယုံပုံလွှဲအပ်ခဲ့ပြီ ဖြစ်သည်။ ၎င်း‌နောက် အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်‌သော အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူသည့်အရှင် ဖြစ်‌တော်မူသည်။

Translation: Hashim Tin Myint.