Millat al-Islam

Chapter 40 · 85 verses · Hashim Tin Myint

Surah Ghafir in Burmese

Arabic with tafsir Listen to Surah Ghafir (1245 reciters)
Meccanسورة غافر85 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

حمٓ ١ဟာ မီမ်။ تَنزِيلُ ٱلۡكِتَٰبِ مِنَ ٱللَّهِ ٱلۡعَزِيزِ ٱلۡعَلِيمِ ٢(ဤသည်) တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော အကြွင်းမဲ့သိ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူသည့် ကျမ်းဂန်ဖြစ်သည်။ غَافِرِ ٱلذَّنۢبِ وَقَابِلِ ٱلتَّوۡبِ شَدِيدِ ٱلۡعِقَابِ ذِي ٱلطَّوۡلِۖ لَآ إِلَٰهَ إِلَّا هُوَۖ إِلَيۡهِ ٱلۡمَصِيرُ ٣(အရှင်မြတ်သည်) အပြစ်များကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ ဝန်ချ‌တောင်းပန်ခြင်းကို လက်ခံ‌တော်မူ‌သောအရှင်၊ ပြင်းထန်စွာ ဒဏ်ခတ်‌တော်မူ‌သောအရှင်၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံ‌တော်မူ‌သော (ရက်‌ရောစွာ‌ပေးကမ်း‌တော်မူ‌သော)အရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ‌နောက်ဆုံးပြန်လည်ရာစခန်းသည် အရှင်မြတ်ထံ‌တော်၌သာ ဖြစ်သည်။ مَا يُجَٰدِلُ فِيٓ ءَايَٰتِ ٱللَّهِ إِلَّا ٱلَّذِينَ كَفَرُواْ فَلَا يَغۡرُرۡكَ تَقَلُّبُهُمۡ فِي ٱلۡبِلَٰدِ ٤အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များနှင့်ပတ်သက်၍ ကာဖိရ်များပင် အငြင်းအခုံပြုကြသည်။ သို့ဖြစ်ရာ တိုင်းပြည်များထဲတွင် သူတို့သွားလာလှုပ်ရှားမှုများသည် အသင့်အား မလှည့်စား‌စေနှင့်။ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ وَٱلۡأَحۡزَابُ مِنۢ بَعۡدِهِمۡۖ وَهَمَّتۡ كُلُّ أُمَّةِۭ بِرَسُولِهِمۡ لِيَأۡخُذُوهُۖ وَجَٰدَلُواْ بِٱلۡبَٰطِلِ لِيُدۡحِضُواْ بِهِ ٱلۡحَقَّ فَأَخَذۡتُهُمۡۖ فَكَيۡفَ كَانَ عِقَابِ ٥ဤသူများမတိုင်မီက (တမန်‌တော်)နူးဟ်၏အမျိုးသားများနှင့် သူတို့‌နောက်မှ အုပ်စုများသည်လည်း မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အုပ်စုတိုင်းသည် သူတို့၏တမန်‌တော်ကို ဖမ်းဆီးရန် ကြံရွယ်ခဲ့ကြသည့်အပြင် သူတို့သည် အမှားကို လက်ကိုင်ထားပြီး ထိုအမှားနှင့်အမှန်ကို ‌ဝေခွဲရခက်‌စေဖို့ (တမန်‌တော်မျာနှင့်) အငြင်းအခုံပြုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။ وَكَذَٰلِكَ حَقَّتۡ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ كَفَرُوٓاْ أَنَّهُمۡ أَصۡحَٰبُ ٱلنَّارِ ٦ဤသို့ပင် ကာဖိရ်များနှင့်ပတ်သက်၍ “အမှန်စင်စစ် သူတို့သည် ငရဲသားများဖြစ်ကြသည်“ဆိုသည့် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မိန့်ခွန်း‌တော်သည် အတည်ဖြစ်ခဲ့ပြီဖြစ်သည်။ ٱلَّذِينَ يَحۡمِلُونَ ٱلۡعَرۡشَ وَمَنۡ حَوۡلَهُۥ يُسَبِّحُونَ بِحَمۡدِ رَبِّهِمۡ وَيُؤۡمِنُونَ بِهِۦ وَيَسۡتَغۡفِرُونَ لِلَّذِينَ ءَامَنُواْۖ رَبَّنَا وَسِعۡتَ كُلَّ شَيۡءٍ رَّحۡمَةً وَعِلۡمًا فَٱغۡفِرۡ لِلَّذِينَ تَابُواْ وَٱتَّبَعُواْ سَبِيلَكَ وَقِهِمۡ عَذَابَ ٱلۡجَحِيمِ ٧အရ်ရှ်ပလ္လင်‌တော်ကို ထမ်းရွက်ထားကြ‌သော သူ(‌ကောင်းကင်တမန်)များနှင့်၎င်းပတ်လည်တွင် ရှိကြသည့်သူ(‌ကောင်းကင်တမန်)များသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် ထို‌ကောင်းကင်တမန်များသည် အရှင်မြတ်အား ယုံကြည်ကြသည်။ ထို့ပြင် သူတို့သည် အီမာန်ယုံကြည်သူများအတွက် (ဤသို့) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားလျက်ရှိကြသည်။ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အရာအားလုံးကို ကရုဏာနှင့်တကွ အသိပညာဖြင့် ဝန်းခြုံလျက်ရှိ‌တော်မူပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် အကြင်သူများအား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ၊ ထိုသူများသည် ဝန်ချ‌တောင်းပန်ခဲ့ကြသည်၊ ထို့ပြင် သူတို့သည် အရှင်မြတ်၏လမ်းကိုလည်း လိုက်ကြသည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အား ဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်မှ လွတ်ကင်း‌စေ‌တော်မူပါ။“ رَبَّنَا وَأَدۡخِلۡهُمۡ جَنَّٰتِ عَدۡنٍ ٱلَّتِي وَعَدتَّهُمۡ وَمَن صَلَحَ مِنۡ ءَابَآئِهِمۡ وَأَزۡوَٰجِهِمۡ وَذُرِّيَّٰتِهِمۡۚ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٨အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် သူတို့အား အရှင်မြတ်ကတိပြု‌တော်မူခဲ့‌သော အမြဲ‌နေရမည့် ဥယျာဉ်များထဲသို့ သူတို့အား ဝင်‌ရောက်‌စေ‌တော်မူပါ။ ထို့ပြင် သူတို့၏ဖခင်(နှင့်မိခင်)များ၊ သူတို့၏ဇနီးကြင်ရာများနှင့် သူတို့၏သား‌မြေးများထဲမှ ‌ကောင်းမြတ်သည့်သူများကိုလည်း ထိုဥယျာဉ်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ وَقِهِمُ ٱلسَّيِّـَٔاتِۚ وَمَن تَقِ ٱلسَّيِّـَٔاتِ يَوۡمَئِذٍ فَقَدۡ رَحِمۡتَهُۥۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٩ထို့ပြင် အရှင်မြတ်သည် သူတို့အား (‌လောကတွင် ကျူးလွန်မိခဲ့သည့်)မ‌ကောင်းမှုများ(၏ အစားခံရမည့်ဒုက္ခများ)မှလည်း လွတ်ကင်း‌စေ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ထို‌နေ့တွင် အကြင်သူ့ကို (ထို)ဒုက္ခများမှ လွတ်ကင်း‌စေ‌တော်မူခဲ့လျှင် အရှင်မြတ်သည် အမှန်စင်စစ် ထိုသူကို သနားကြင်နာခဲ့သည်ပင်ဖြစ်သည်။ ထို့ပြင် ဤသည် ကြီးကျယ်မြင့်မြတ်‌သော ‌အောင်မြင်မှုပင်ဖြစ်သည်။ إِنَّ ٱلَّذِينَ كَفَرُواْ يُنَادَوۡنَ لَمَقۡتُ ٱللَّهِ أَكۡبَرُ مِن مَّقۡتِكُمۡ أَنفُسَكُمۡ إِذۡ تُدۡعَوۡنَ إِلَى ٱلۡإِيمَٰنِ فَتَكۡفُرُونَ ١٠အမှန်စင်စစ် ကာဖိရ်များသည် (ဤသို့)ဟစ်‌ခေါ်ခြင်းကို ခံကြရမည်- “အသင်တို့သည် (ယခု)အသင်တို့ကိုယ်ကို စက်ဆုပ်ရွံရှာမုန်းတီး‌နေကြသည်ထက် အသင်တို့သည် အီမာန်ယုံကြည်မှုကို ဖိတ်‌ခေါ်ခံခဲ့ကြရစဉ်က အသင်တို့ငြင်းပယ်ခဲ့ကြသည့်အခါတွင် အမှန်ပင် (အသင်တို့ကို) အလ္လာဟ်အရှင်မြတ်သည် ပိုပြီး စက်ဆုပ် မုန်းတီး‌တော်မူခဲ့သည်။“ قَالُواْ رَبَّنَآ أَمَتَّنَا ٱثۡنَتَيۡنِ وَأَحۡيَيۡتَنَا ٱثۡنَتَيۡنِ فَٱعۡتَرَفۡنَا بِذُنُوبِنَا فَهَلۡ إِلَىٰ خُرُوجٍ مِّن سَبِيلٍ ١١သူတို့က ‌ပြောဆိုကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ‌သေသူများအဖြစ် နှစ်ကြိမ်ထား‌တော်မူခဲ့ပါသည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ရှင်သူများအဖြစ်လည်း နှစ်ကြိမ်ထား‌တော်မူခဲ့ပါသည်။* ယခုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များကို ဝန်ခံကြပြီဖြစ်ပါသည်။ သို့ဖြစ်ရာ (ဤဒုက္ခမှ)လွတ်‌မြောက်ရန် နည်းလမ်းတစ်စုံတစ်ရာ ရှိပါသ‌လော။ ذَٰلِكُم بِأَنَّهُۥٓ إِذَا دُعِيَ ٱللَّهُ وَحۡدَهُۥ كَفَرۡتُمۡ وَإِن يُشۡرَكۡ بِهِۦ تُؤۡمِنُواْۚ فَٱلۡحُكۡمُ لِلَّهِ ٱلۡعَلِيِّ ٱلۡكَبِيرِ ١٢ထို(အပြစ်ဒဏ်ခံရခြင်း)သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအား ဟစ်‌ခေါ်ခံရ‌သောအခါ အသင်တို့သည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အကယ်၍ အရှင်မြတ်နှင့် တွဲဖက်ရန် ဟစ်‌ခေါ်ခံရ‌သောအခါ၌မူ အသင်တို့သည် ယုံကြည်လက်ခံခဲ့ကြသည်။ သို့ဖြစ်ရာ စီရင်ဆုံးဖြတ်မှုသည် အလွန်မြင့်မား‌တော်မူ‌သော၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ هُوَ ٱلَّذِي يُرِيكُمۡ ءَايَٰتِهِۦ وَيُنَزِّلُ لَكُم مِّنَ ٱلسَّمَآءِ رِزۡقًاۚ وَمَا يَتَذَكَّرُ إِلَّا مَن يُنِيبُ ١٣ထိုအရှင်မြတ်ပင် အသင်တို့အား အရှင်မြတ်၏သက်‌သေသာဓကများကို ပြသ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အတွက် မိုး‌ကောင်းကင်မှ စားနပ်ရိက္ခာကို ချ‌ပေး‌တော်မူသည်။ ထို့ပြင် (အရှင်မြတ်ဘက်သို့)ပြန်လှည့်သည့်သူမှလွဲ၍ စဉ်းစားဆင်ခြင်တရား ရယူ‌လေ့မရှိ‌ပေ။ فَٱدۡعُواْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ ١٤သို့ဖြစ်ရာ ကာဖိရ်များသည် မနှစ်မြို့ကြလျှင်လည်း အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေကြလျက် ကိုးကွယ်ကြပါ။ رَفِيعُ ٱلدَّرَجَٰتِ ذُو ٱلۡعَرۡشِ يُلۡقِي ٱلرُّوحَ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦ لِيُنذِرَ يَوۡمَ ٱلتَّلَاقِ ١٥(အရှင်မြတ်သည်) အလွန်မြင့်မားသည့် အဆင်းအတန်းများကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်၊ အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်နှင့် ဝိညာဉ်(ဝဟီ)ကို အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအ‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့သည်။ (ထိုသို့ချ‌ပေးခြင်းမှာ) ထိုကျွန်သည် ‌တွေ့ဆုံရမည့်(ကိယာမသ်)‌နေ့နှင့်ပတ်သက်၍ (လူများအား)သတိ‌ပေးနှိုး‌ဆော်ရန်အတွက် ဖြစ်သည်။ يَوۡمَ هُم بَٰرِزُونَۖ لَا يَخۡفَىٰ عَلَى ٱللَّهِ مِنۡهُمۡ شَيۡءٌۚ لِّمَنِ ٱلۡمُلۡكُ ٱلۡيَوۡمَۖ لِلَّهِ ٱلۡوَٰحِدِ ٱلۡقَهَّارِ ١٦ထို‌နေ့တွင် သူတို့သည် (ဖန်ဆင်းရှင်‌ရှေ့၌) ‌ပေါ်လွင်ထင်ရှားလာမည်။ သူတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မည်သည့်အရာမျှ ဖုံးကွယ်‌နေခြင်းရှိမည် မဟုတ်‌ပေ။ “စိုးမိုးအုပ်ချုပ်မှုအာဏာသည် ယ‌နေ့ မည်သူ့ထံတွင် ရှိသနည်း“(ဟု မိန့်ကြား‌တော်မူမည်၊ ထို့ပြင် အရှင်မြတ်ကိုယ်တိုင် မိန့်ကြား‌တော်မူမည်) တစ်ပါးတည်းဖြစ်‌တော်မူ‌သော အဖန်ဆင်းခံအားလုံးအ‌ပေါ် လွှမ်းမိုးထား‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ ٱلۡيَوۡمَ تُجۡزَىٰ كُلُّ نَفۡسِۭ بِمَا كَسَبَتۡۚ لَا ظُلۡمَ ٱلۡيَوۡمَۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ١٧ယ‌နေ့မူ လူတိုင်းသည် သူတို့ရှာ‌ဖွေပြုလုပ်ခဲ့သမျှနှင့်ပတ်သက်၍ အစား‌ပေးခြင်းကို ခံကြရမည်ဖြစ်သည်။ ယ‌နေ့ မတရားပြုလုပ်မှုဆိုသည်မှာ မရှိ‌တော့‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်‌ဆေး‌တော်မူ‌သောအရှင်မြတ်*ပင် ဖြစ်‌တော်မူသည်။ وَأَنذِرۡهُمۡ يَوۡمَ ٱلۡأٓزِفَةِ إِذِ ٱلۡقُلُوبُ لَدَى ٱلۡحَنَاجِرِ كَٰظِمِينَۚ مَا لِلظَّٰلِمِينَ مِنۡ حَمِيمٍ وَلَا شَفِيعٍ يُطَاعُ ١٨ထို့ပြင် အသင်သည် သူတို့အား နီးကပ်လာ‌သော(ကိယာမသ်)‌နေ့နှင့်ပတ်သက်၍ သတိ‌ပေးနှိုုး‌ဆော်လိုက်ပါ။ ထိုအခါတွင် စိတ်နှလုံးများသည် ပူပင်‌သောကများကို အလွန်ချုပ်တည်းမျိုသိပ်လျက် လည်မျိုများထိပင် ဆို့တက်လာမည်။ မတရားကျူးလွန်သည့်သူများအတွက် ရင်းနှီး‌သောသူလည်း မည်သူမျှရှိမည် မဟုတ်‌ပေ။ ဩဇာ‌ညောင်း‌သော ကြားဝင်အသနားခံ‌ပေးမည့်သူလည်း မည်သူမျှရှိမည် မဟုတ်‌ပေ။ يَعۡلَمُ خَآئِنَةَ ٱلۡأَعۡيُنِ وَمَا تُخۡفِي ٱلصُّدُورُ ١٩အရှင်မြတ်သည် မျက်စိများ၏ သစ္စာ‌ဖောက်ခိုးဝှက်မှုကို‌ရော၊ စိတ်နှလုံးများက လျှို့ဝှက်ထားသည်များကိုပါ သိ‌တော်မူသည်။ وَٱللَّهُ يَقۡضِي بِٱلۡحَقِّۖ وَٱلَّذِينَ يَدۡعُونَ مِن دُونِهِۦ لَا يَقۡضُونَ بِشَيۡءٍۗ إِنَّ ٱللَّهَ هُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ٢٠ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်အား စွန့်ပြီး သူတို့(ကာဖိရ်များ) ဟစ်‌ခေါ်ခဲ့ကြ‌သော ကိုးကွယ်ရာများသည် မည်သည့်အရာတစ်ခုမျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ۞ أَوَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ كَانُواْ مِن قَبۡلِهِمۡۚ كَانُواْ هُمۡ أَشَدَّ مِنۡهُمۡ قُوَّةً وَءَاثَارًا فِي ٱلۡأَرۡضِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمۡ وَمَا كَانَ لَهُم مِّنَ ٱللَّهِ مِن وَاقٍ ٢١သူတို့သည် ကမာ္ဘ‌ပေါ်တွင် လှည့်လည်သွားလာခြင်း မပြုခဲ့ကြသ‌လော၊ ထိုသို့ပြုခဲ့ကြလျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ကို မြင်ကြရမည်ဖြစ်သည်။ ၎င်းယခင်က သူများသည် သူတို့ထက်ပင် အင်းအားကြီးသည်သာမက ကမာ္ဘ‌မြေ‌ပေါ်တွင် သူတို့ချန်ထားခဲ့‌သော ‌ခြေရာလက်ရာများသည် ပို၍ ထူးကဲခဲ့ကြသည်။ ထို့‌နောက်လည်း အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏မ‌ကောင်းမှုပြစ်မှုများ‌ကြောင့် ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ သူတို့တွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ ကယ်တင်မည့်သူလည်း မည်သူမျှ မရှိခဲ့‌ပေ။ ذَٰلِكَ بِأَنَّهُمۡ كَانَت تَّأۡتِيهِمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَكَفَرُواْ فَأَخَذَهُمُ ٱللَّهُۚ إِنَّهُۥ قَوِيٌّ شَدِيدُ ٱلۡعِقَابِ ٢٢ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏တမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သောသက်‌သေသာဓကများ အမှန်စင်စစ် ယူ‌ဆောင်လာခဲ့ကြပြီး‌နောက် သူတို့သည် ငြင်းပယ်လျက်ပင် ရှိခဲ့ကြသည့်အတွက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ ပြင်းထန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَا وَسُلۡطَٰنٍ مُّبِينٍ ٢٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ငါအရှင်မြတ်၏အမိန့်‌တော်များအပြင် ထင်ရှား‌သော သက်‌သေသာဓကနှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။ إِلَىٰ فِرۡعَوۡنَ وَهَٰمَٰنَ وَقَٰرُونَ فَقَالُواْ سَٰحِرٌ كَذَّابٌ ٢٤ဖိရ်‌အောင်န်၊ ဟာမာန်နှင့် ကာရူန်တို့ထံသို့။ သို့ဖြစ်ရာ သူတို့က (တမန်‌တော်မူစာသည်)‌မှော်ဆရာတစ်ဦး၊ အလွန်လိမ်လည်သူတစ်ဦးဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ فَلَمَّا جَآءَهُم بِٱلۡحَقِّ مِنۡ عِندِنَا قَالُواْ ٱقۡتُلُوٓاْ أَبۡنَآءَ ٱلَّذِينَ ءَامَنُواْ مَعَهُۥ وَٱسۡتَحۡيُواْ نِسَآءَهُمۡۚ وَمَا كَيۡدُ ٱلۡكَٰفِرِينَ إِلَّا فِي ضَلَٰلٍ ٢٥ထို့‌နောက် ၎င်း(တမန်‌တော်မူစာ)သည် ငါအရှင်မြတ်ထံ‌တော်မှ အမှန်တရားကို ယူ‌ဆောင်၍ သူတို့ထံသို့ ‌ရောက်ရှိလာသည့်အခါ သူတို့က “အသင်တို့သည် ထိုမူစာနှင့်တကွ ယုံကြည်သူများ၏ သား‌ယောက်ျား‌လေးများအား သတ်ဖြတ်ကြ၍ သူတို့၏(သမီး)မိန်းမများကို အရှင်ထားလိုက်ကြပါ“ဟု ‌ပြောဆိုခဲ့ကြသည်။ ထို့‌နောက်လည်း ကာဖိရ်များ၏အကြံအစည်သည် လွဲမှားခဲ့သည်သာဖြစ်သည်။ وَقَالَ فِرۡعَوۡنُ ذَرُونِيٓ أَقۡتُلۡ مُوسَىٰ وَلۡيَدۡعُ رَبَّهُۥٓۖ إِنِّيٓ أَخَافُ أَن يُبَدِّلَ دِينَكُمۡ أَوۡ أَن يُظۡهِرَ فِي ٱلۡأَرۡضِ ٱلۡفَسَادَ ٢٦ထို့ပြင် ဖိရ်‌အောင်န်က ‌ပြောဆိုခဲ့သည်- “အသင်တို့သည် ငါ့ကို မတားကြနှင့်၊ ငါသည် မူစာကို သတ်မည်။ ထို့ပြင် ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ဟစ်‌ခေါ်ပါ‌စေ။ ထိုမူစာသည် သင်တို့၏သာသနာကို ‌ပြောင်းလဲပစ်မည် သို့မဟုတ် တိုင်းပြည်တွင် ဖျက်ဆီးမှုဖြစ်‌ပေါ်‌စေမည်ကို အမှန်ပင် ငါစိုးရိမ်မိသည်။“ وَقَالَ مُوسَىٰٓ إِنِّي عُذۡتُ بِرَبِّي وَرَبِّكُم مِّن كُلِّ مُتَكَبِّرٍ لَّا يُؤۡمِنُ بِيَوۡمِ ٱلۡحِسَابِ ٢٧ထို့အတွက် (တမန်‌တော်)မူစာက ‌ပြောဆိုခဲ့သည်။ အမှန်စင်စ်စ ငါသည် စစ်‌ဆေးမည့်‌နေ့ကို မယုံကြည်‌သော မာန‌ထောင်သည့်သူတိုင်းမှ လွတ်ကင်းရန် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်(ဖြစ်သည့် အလ္လာဟ်)ထံတွင် ခိုလှုံခဲ့ပြီဖြစ်သည်။ وَقَالَ رَجُلٌ مُّؤۡمِنٌ مِّنۡ ءَالِ فِرۡعَوۡنَ يَكۡتُمُ إِيمَٰنَهُۥٓ أَتَقۡتُلُونَ رَجُلًا أَن يَقُولَ رَبِّيَ ٱللَّهُ وَقَدۡ جَآءَكُم بِٱلۡبَيِّنَٰتِ مِن رَّبِّكُمۡۖ وَإِن يَكُ كَٰذِبًا فَعَلَيۡهِ كَذِبُهُۥۖ وَإِن يَكُ صَادِقًا يُصِبۡكُم بَعۡضُ ٱلَّذِي يَعِدُكُمۡۖ إِنَّ ٱللَّهَ لَا يَهۡدِي مَنۡ هُوَ مُسۡرِفٌ كَذَّابٌ ٢٨ထို့ပြင် ဖိရ်‌အောင်န်၏‌ဆွေမျိုးများထဲမှ သူ၏အီမာန်ကို လျှို့ဝှက်ထား‌သော အီမာန်ရှင်တစ်ဦးက ‌ပြောဆိုခဲ့သည်၊ အသင်တို့သည် လူတစ်‌ယောက်အား ထိုသူက ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်ဟု ‌ပြောဆိုသည်နှင့် သတ်ဖြတ်ကြမည်‌လော။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေအ‌ထောက်အထားများကိုလည်း ယူ‌ဆောင်လာခဲ့သည်။ ထို့ပြင် အကယ်၍ ၎င်းသည် လိမ်လည်သူဖြစ်လျှင် ၎င်း၏လိမ်လည်မှုသည် ၎င်း၏အ‌ပေါ်၌ပင် ကျ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် အကယ်၍ ၎င်းသည် မှန်ကန်သည့်သူဖြစ်လျှင် အသင်တို့ကို ၎င်းကြိုတင်‌ပြောခဲ့‌သော (ပြစ်ဒဏ်)အချို့သည် အသင်တို့အ‌ပေါ်တွင် သက်‌ရောက်မည်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သည့်၊ အလွန်လိမ်လည်သည့်သူကို တရားလမ်းမှန် ညွှန်ကြားပြသ‌တော်မမူ‌ပေ။ يَٰقَوۡمِ لَكُمُ ٱلۡمُلۡكُ ٱلۡيَوۡمَ ظَٰهِرِينَ فِي ٱلۡأَرۡضِ فَمَن يَنصُرُنَا مِنۢ بَأۡسِ ٱللَّهِ إِن جَآءَنَاۚ قَالَ فِرۡعَوۡنُ مَآ أُرِيكُمۡ إِلَّا مَآ أَرَىٰ وَمَآ أَهۡدِيكُمۡ إِلَّا سَبِيلَ ٱلرَّشَادِ ٢٩အို- ကျွန်ုပ်၏အမျိုးသားတို့၊ ယ‌နေ့ အသင်တို့၌ အာဏာရှိ‌နေ၍ အသင်တို့သည် တိုင်းပြည်တွင် လွှမ်းမိုးခြယ်လှယ်‌နေကြသည်ဖြစ်သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်သည် အကယ်၍ ‌ရောက်လာခဲ့လျှင် ထိုပြစ်ဒဏ်မှာ ကျွန်ုပ်တို့အား မည်သူကယ်တင်မည်နည်း။ ဖိရ်‌အောင်န်က‌ပြောသည်- ငါသည် ငါ၏အယူအဆကိုပင် အသင်တို့အား အကြံ‌ပေးခြင်းဖြစ်သည်။ ထို့ပြင် ငါသည် အသင်တို့အား မှန်ကန်သည့်လမ်းမှလွဲ၍ အခြားမည်သည်ကိုမျှ ညွှန်ကြားပြသခဲ့သည် မဟုတ်‌ပေ။ وَقَالَ ٱلَّذِيٓ ءَامَنَ يَٰقَوۡمِ إِنِّيٓ أَخَافُ عَلَيۡكُم مِّثۡلَ يَوۡمِ ٱلۡأَحۡزَابِ ٣٠ထို့ပြင် ထိုအီမာန်ယုံကြည်သူက ‌ပြောခဲ့သည်- အို- ကျွန်ုပ်၏အမျိုးသားတို့၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အ‌ပေါ်တွင် (ယခင်က)အုပ်စုများ၏(ဆိုးရွားသည့်)‌နေ့မျိုး(ကျ‌ရောက်လာမည်)ကို စိုးရိမ်မိသည်။ مِثۡلَ دَأۡبِ قَوۡمِ نُوحٍ وَعَادٍ وَثَمُودَ وَٱلَّذِينَ مِنۢ بَعۡدِهِمۡۚ وَمَا ٱللَّهُ يُرِيدُ ظُلۡمًا لِّلۡعِبَادِ ٣١(တမန်‌တော်)နူးဟ်၏အမျိုးသားများ၏အ‌ခြေအ‌နေမျိုး၊ အာဒ်အမျိုးသားများ၏အ‌ခြေအ‌နေမျိုး၊ ဆမူဒ်အမျိုးသားများ၏အ‌ခြေအ‌နေမျိုးနှင့် ထိုသူများ၏‌နောက်တွင် ရှိခဲ့သည့်သူများ၏အ‌ခြေအ‌နေမျိုး (ဖြစ်မည်ကို စိုးရိမ်မိသည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များအား မတရားပြုလုပ်ရန် ရည်ရွယ်‌တော်မမူ‌ပေ။ وَيَٰقَوۡمِ إِنِّيٓ أَخَافُ عَلَيۡكُمۡ يَوۡمَ ٱلتَّنَادِ ٣٢ထို့ပြင် အို- ကျွန်ုပ်၏အမျိုးသားတို့၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့နှင့်ပတ်သက်၍ ဟစ်‌အော်မည့်‌နေ့(၏ပြစ်ဒဏ်)ကိုလည်း စိုးရိမ်သည်။ يَوۡمَ تُوَلُّونَ مُدۡبِرِينَ مَا لَكُم مِّنَ ٱللَّهِ مِنۡ عَاصِمٍۗ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِنۡ هَادٍ ٣٣ထို‌နေ့တွင် အသင်တို့သည် ‌ကျောခိုင်းထွက်‌ပြေးကြမည်။ အလ္လာဟ်အရှင်မြတ်နှင့်အံတုပြီး အသင်တို့အတွက် ကာကွယ်‌စောင့်‌ရှောက်‌ပေးမည့်သူ မည်သူမျှ ရှိမည်မဟုတ်‌ပေ။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင် (ဆက်)ထား‌တော်မူလျှင် သူ့အတွက် လမ်းမှန်ပို့‌ပေးမည့်သူ မည်သူမျှ မရှိ‌တော့‌ပေ။ وَلَقَدۡ جَآءَكُمۡ يُوسُفُ مِن قَبۡلُ بِٱلۡبَيِّنَٰتِ فَمَا زِلۡتُمۡ فِي شَكٍّ مِّمَّا جَآءَكُم بِهِۦۖ حَتَّىٰٓ إِذَا هَلَكَ قُلۡتُمۡ لَن يَبۡعَثَ ٱللَّهُ مِنۢ بَعۡدِهِۦ رَسُولًاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَنۡ هُوَ مُسۡرِفٌ مُّرۡتَابٌ ٣٤ထို့ပြင် အမှန်စင်စစ် (တမန်‌တော်)ယူစွဖ်သည် (တမန်‌တော်မူစာ)မတိုင်မီက အသင်တို့ထံသို့ ထင်ရှားသည့်သက်‌သေလက္ခဏာများ ယူ‌ဆောင်လာခဲ့သည်။ ထို့ပြင် အသင်တို့သည် အသင်တို့ထံသို့ ၎င်းယူလာခဲ့သည့်အရာများနှင့်ပတ်သက်၍ အမြဲသံသယ၌ပင် ရှိခဲ့ကြသည်။ ‌နောက်ဆုံး အသင်တို့သည် ၎င်းကွယ်လွန်သွားသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏‌နောက်တွင် မည်သည့်တမန်‌တော်မှ လုံးဝ‌စေလွှတ်‌တော်မူမည်မဟုတ်‌တော့ဟု ‌ပြောဆိုခဲ့ကြသည်။ ဤသို့ပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ သံသယရှိ‌နေသူကို လမ်းမှား၌ပင် ရှိ‌နေ‌စေ‌တော်မူသည်။ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡۖ كَبُرَ مَقۡتًا عِندَ ٱللَّهِ وَعِندَ ٱلَّذِينَ ءَامَنُواْۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ كُلِّ قَلۡبِ مُتَكَبِّرٍ جَبَّارٍ ٣٥ထိုသူများသည် သူတို့ထံသို့‌ရောက်လာခဲ့‌သော သက်‌သေအ‌ထောက်အထားတစ်စုံတစ်ခုမပါဘဲ အလ္လာဟ်အရှင်မြတ်၏သက်‌သေသာဓကများနှင့်ပတ်သက်၍ အငြင်းအခုံပြုလုပ်ကြသည်။ (သို့ဖြစ်ရာ) အလ္လာဟ်အရှင်မြတ်ထံ‌တော်နှင့် အီမာန်ယုံကြည်သူများတွင် စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် မာန‌ထောင်သူ၊ ဆိုးသွမ်းသူ၏စိတ်နှလုံး‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူသည်။ وَقَالَ فِرۡعَوۡنُ يَٰهَٰمَٰنُ ٱبۡنِ لِي صَرۡحًا لَّعَلِّيٓ أَبۡلُغُ ٱلۡأَسۡبَٰبَ ٣٦ထို့ပြင် ဖိရ်‌အောင်န်က‌ပြောဆိုခဲ့သည်- အို- ဟာမာန်၊ ငါသည် (‌ကောင်းကင်က တံခါး‌ပေါက်များရှိသည့်) လမ်းများကို‌ရောက်ရှိရန် အသင်သည် ငါ့အတွက် မြင့်မား‌သော အ‌ဆောက်အအုံ(‌မျှော်စင်)တစ်ခု‌ဆောက်ပါ။ أَسۡبَٰبَ ٱلسَّمَٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُۥ كَٰذِبًاۚ وَكَذَٰلِكَ زُيِّنَ لِفِرۡعَوۡنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِۚ وَمَا كَيۡدُ فِرۡعَوۡنَ إِلَّا فِي تَبَابٍ ٣٧(ငါသည်) မိုး‌ကောင်းကင်၏(တံခါး‌ပေါက်များရှိသည့်)လမ်းများကို(‌ရောက်ရှိရန်အတွက်)၊ ထို့‌နောက် ငါသည် မူစာ၏အရှင်သခင်ကို ‌ချောင်းကြည့်မည်။ ထို့ပြင် အမှန်စင်စစ် ငါသည် ၎င်းအား လိမ်လည်သူဟု ထင်သည်။ ထို့ပြင် ဤသို့ပင် ဖိရ်‌အောင်န်၏အမြင်တွင် သူ၏မ‌ကောင်းသည့်လုပ်ရပ်သည် လှပ‌အောင်ဆင်မြန်းပြသခံရသည်။ ထို့ပြင် သူသည် လမ်း(မှန်)မှ တားဆီးခံရ‌တော့သည်။ ထို့ပြင် ဖိရ်‌အောင်န်၏အကြံအစည်သည် ပျက်စီးခဲ့သည်ပင်ဖြစ်သည်။ وَقَالَ ٱلَّذِيٓ ءَامَنَ يَٰقَوۡمِ ٱتَّبِعُونِ أَهۡدِكُمۡ سَبِيلَ ٱلرَّشَادِ ٣٨ထို့ပြင် အီမာန်ယုံကြည်သူက ‌ပြောဆိုခဲ့သည်- အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် ကျွန်ုပ်၏‌နောက်ကို လိုက်ခဲ့ကြပါ၊ ကျွန်ုပ်သည် အသင်တို့အား လမ်းမှန်ညွှန်ကြားပြသမည်။ يَٰقَوۡمِ إِنَّمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَا مَتَٰعٌ وَإِنَّ ٱلۡأٓخِرَةَ هِيَ دَارُ ٱلۡقَرَارِ ٣٩အို- ကျွန်ုပ်၏အမျိုးသားတို့၊ ဤဘဝသည် အနည်းငယ် အကျိုးခံစားမှုပင်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသည်ပင် အမြဲ‌နေထိုရာဖြစ်သည်။ مَنۡ عَمِلَ سَيِّئَةً فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَاۖ وَمَنۡ عَمِلَ صَٰلِحًا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٌ فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ يُرۡزَقُونَ فِيهَا بِغَيۡرِ حِسَابٍ ٤٠မည်သူမဆို မ‌ကောင်းမှု တစ်စုံတစ်ခုပြုကျင့်ခဲ့လျှင် ထိုအတိုင်း အညီအမျှ အစား‌ပေးခံရမည်။ ထို့ပြင် အမှန်မှာ မည်သူမဆို ‌ယောက်ျားဖြစ်‌စေ၊ မိန်းမဖြစ်‌စေ အီမာန်ယုံကြည်သူဖြစ်လျက် ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင်၊ ထိုသူများသည် ဂျန္နသ်သုခဘုံသို့ ဝင်‌ရောက်ကြရမည်။ သူတို့သည် ထိုအထဲတွင် အကန့်အသတ်မရှိ စားနပ်ရိက္ခာ ‌ပေးသနားခြင်းခံကြရမည်ဖြစ်သည်။ ۞ وَيَٰقَوۡمِ مَا لِيٓ أَدۡعُوكُمۡ إِلَى ٱلنَّجَوٰةِ وَتَدۡعُونَنِيٓ إِلَى ٱلنَّارِ ٤١ထို့ပြင် အို- ကျွန်ုပ်၏အမျိုးသားတို့၊ မည်သို့နည်း၊ ကျွန်ုပ်သည် အသင်တို့အား (ပြစ်ဒဏ်မှ) လွတ်ကင်းရာဘက်သို့ ဖိတ်‌ခေါ်‌နေသည်။ အသင်တို့ကမူ ကျွန်ုပ်အား ငရဲမီးဘက်သို့ ဖိတ်‌ခေါ်‌နေကြသည်။ تَدۡعُونَنِي لِأَكۡفُرَ بِٱللَّهِ وَأُشۡرِكَ بِهِۦ مَا لَيۡسَ لِي بِهِۦ عِلۡمٌ وَأَنَا۠ أَدۡعُوكُمۡ إِلَى ٱلۡعَزِيزِ ٱلۡغَفَّٰرِ ٤٢ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အား ‌သွေဖည်ငြင်းပယ်ရန်အတွက် ကျွန်ုပ်တွင် မည့်သည့်အ‌ထောက်အထားမျှမရှိသည့် မသိသည့်အရာကို ကျွန်ုပ်က အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန်အတွက် အသင်တို့သည် ကျွန်ုပ်အား ဖိတ်‌ခေါ်‌နေကြသည်။ ထို့ပြင် ကျွန်ုပ်ကမူ အသင်တို့အား တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်ဘက်သို့ ဖိတ်‌ခေါ်‌နေသည်။ لَا جَرَمَ أَنَّمَا تَدۡعُونَنِيٓ إِلَيۡهِ لَيۡسَ لَهُۥ دَعۡوَةٌ فِي ٱلدُّنۡيَا وَلَا فِي ٱلۡأٓخِرَةِ وَأَنَّ مَرَدَّنَآ إِلَى ٱللَّهِ وَأَنَّ ٱلۡمُسۡرِفِينَ هُمۡ أَصۡحَٰبُ ٱلنَّارِ ٤٣အမှန်စင်စစ် ကျွန်ုပ်အား အသင်တို့ ဖိတ်‌ခေါ်‌နေသည့်အရာသည် ဤဘဝတွင်သာမက တမလွန်ဘဝတွင်လည်း ဟစ်‌ခေါ်ရန် မထိုက်တန်သည့်အရာဖြစ်သည်။* ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် စည်းကမ်းကျူးလွန်သည့်သူများသည် ငရဲသားများပင် ဖြစ်ကြသည်။ فَسَتَذۡكُرُونَ مَآ أَقُولُ لَكُمۡۚ وَأُفَوِّضُ أَمۡرِيٓ إِلَى ٱللَّهِۚ إِنَّ ٱللَّهَ بَصِيرُۢ بِٱلۡعِبَادِ ٤٤ထို့‌နောက် မကြာမီ အသင်တို့သည် ကျွန်ုပ် အသင်တို့အား ‌ပြောသည့်စကားများကို မကြာမီ ပြန်သတိရကြလိမ့်မည်။ ထို့ပြင် ကျွန်ုပ်ကမူ ကျွန်ုပ်၏အ‌ရေးကိစ္စကို အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ လွှဲအပ်လိုက်ပြီဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ فَوَقَىٰهُ ٱللَّهُ سَيِّـَٔاتِ مَا مَكَرُواْۖ وَحَاقَ بِـَٔالِ فِرۡعَوۡنَ سُوٓءُ ٱلۡعَذَابِ ٤٥ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် သူ့ကို သူတို့၏ မ‌ကောင်းကြံစည်သည့်အန္တရာယ်များမှ ဖယ်ရှားကာကွယ်‌တော်မူခဲ့သည်။ ထို့ပြင် ဖိရ်‌အောင်န်၏အ‌ခြွေအရံများကိုမူ ဆိုးဝါး‌သော အပြစ်ဒဏ်က ဝိုင်းရံခဲ့သည်။ ٱلنَّارُ يُعۡرَضُونَ عَلَيۡهَا غُدُوًّا وَعَشِيًّاۚ وَيَوۡمَ تَقُومُ ٱلسَّاعَةُ أَدۡخِلُوٓاْ ءَالَ فِرۡعَوۡنَ أَشَدَّ ٱلۡعَذَابِ ٤٦သူတို့သည် မီး၏‌ရှေ့၌ နံနက်နှင့်ည‌နေတွင် ထုတ်‌ဖော်ပြသခြင်း ခံကြရသည်။* ထို့ပြင် ကိယာမသ်‌နေ့‌ရောက်သည့်အခါ (အရှင်မြတ်က ‌ကောင်းကင်တမန်များအား မိန့်‌တော်မူမည်) အသင်တို့သည် ဖိရ်‌အောင်န်၏အ‌ခြွေအရံများအား ပြင်းထန်သည့်ပြစ်ဒဏ်တွင် ဝင်‌ရောက်ခိုင်းလိုက်ကြပါ။ وَإِذۡ يَتَحَآجُّونَ فِي ٱلنَّارِ فَيَقُولُ ٱلضُّعَفَٰٓؤُاْ لِلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُنَّا لَكُمۡ تَبَعًا فَهَلۡ أَنتُم مُّغۡنُونَ عَنَّا نَصِيبًا مِّنَ ٱلنَّارِ ٤٧ထို့ပြင် တစ်ခါက သူတို့သည် ငရဲမီးထဲတွင် အငြင်းအခုံပြုလုပ်ကြသည့်အခါ လက်‌အောက်ငယ်သားများက အကြီးအကဲများအား “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏‌နောက်လိုက်များပင် ဖြစ်ခဲ့သည့်အတွက် အသင်တို့သည် ကျွန်ုပ်တို့ထံမှ ငရဲမီးအချို့ ဖယ်ရှား‌ပေးနိုင်ကြသ‌လော“ဟု ‌ပြောဆိုကြမည်။ قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُلٌّ فِيهَآ إِنَّ ٱللَّهَ قَدۡ حَكَمَ بَيۡنَ ٱلۡعِبَادِ ٤٨အကြီးအကဲတို့က “အမှန်စင်စစ် ကျွန်ုပ်တို့အားလုံးသည် ဤငရဲမီးထဲ၌ပင် ရှိ‌နေကြသည်ပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကြားတွင် အမှန်ပင် စီရင်ဆုံးဖြတ်‌တော်မူလိုက်ပြီဖြစ်သည်“ဟု ‌ပြောဆိုကြမည်။ وَقَالَ ٱلَّذِينَ فِي ٱلنَّارِ لِخَزَنَةِ جَهَنَّمَ ٱدۡعُواْ رَبَّكُمۡ يُخَفِّفۡ عَنَّا يَوۡمًا مِّنَ ٱلۡعَذَابِ ٤٩ထို့‌နောက် ငရဲမီးတွင် ရှိကြသည့်သူများက ဂျဟန္နမ်ငရဲဘုံကို ‌စောင့်ကြပ်သည့်သူ(‌ကောင်းကင်တမန်)များအား “ကျွန်ုပ်တို့အ‌ပေါ်ရှိ ပြစ်ဒဏ်ထဲမှ တစ်ရက်ခန့်မျှ ‌လျှော့‌ပေါ့‌ပေးရန် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ‌တောင်းဆို‌လျှောက်ထား‌ပေးပါ“ဟု ‌ပြောဆိုကြမည်။ قَالُوٓاْ أَوَلَمۡ تَكُ تَأۡتِيكُمۡ رُسُلُكُم بِٱلۡبَيِّنَٰتِۖ قَالُواْ بَلَىٰۚ قَالُواْ فَٱدۡعُواْۗ وَمَا دُعَٰٓؤُاْ ٱلۡكَٰفِرِينَ إِلَّا فِي ضَلَٰلٍ ٥٠ထိုအ‌စောင့်အကြပ်များက ‌ပြောဆိုကြမည်- “အသင်တို့၏တမန်‌တော်များသည် အသင်တို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓကများ ယူ‌ဆောင်လာခဲ့ကြသည် မဟုတ်‌လော“။ သူတို့က ပြန်‌ဖြေကြမည်- “အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း၊ အမှန်ပင် (ယူ‌ဆောင်လာခဲ့ကြပါသည်)“။ အ‌စောင့်များက ‌ပြောမည်- “သို့ဖြစ်လျှင် အသင်တို့ကိုယ်တိုင်ပင် ဆု‌တောင်းကြ‌ပေ‌တော့။“ ထို့ပြင် (တမလွန်ဘဝတွင်) ကာဖိရ်များ၏‌တောင်းဆုသည် (အကျိုးမရှိ‌သော)လွဲမှားမှုပင် ဖြစ်သည်။ إِنَّا لَنَنصُرُ رُسُلَنَا وَٱلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَيَوۡمَ يَقُومُ ٱلۡأَشۡهَٰدُ ٥١အမှန်စင်စစ် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏တမန်‌တော်များနှင့်၊ အီမာန်ယုံကြည်သူများအား ဤဘဝနှင့် သက်‌သေများရပ်ကြမည့် (ကိယာမသ်)‌နေ့တွင် ကူညီ‌စောင်မ‌တော်မူမည်ဖြစ်သည်။ يَوۡمَ لَا يَنفَعُ ٱلظَّٰلِمِينَ مَعۡذِرَتُهُمۡۖ وَلَهُمُ ٱللَّعۡنَةُ وَلَهُمۡ سُوٓءُ ٱلدَّارِ ٥٢ထို‌နေ့တွင် မတရားကျူးလွန်သည့်သူများအား သူတို့၏အ‌ကြောင်းပြချက်များက အကျိုး‌ပေးမည် မဟုတ်သည့်အပြင် သူတို့အတွက် ကရုဏာ‌တော်မှ ‌ဝေး‌စေခြင်းလည်းရှိမည်။ ထို့ပြင် သူတို့အတွက် ဆိုးရွား‌သော‌နေရာလည်းရှိမည်။ وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡهُدَىٰ وَأَوۡرَثۡنَا بَنِيٓ إِسۡرَٰٓءِيلَ ٱلۡكِتَٰبَ ٥٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား လမ်းမှန်ညွှန်ကြားပြသချက်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များအား ကျမ်းဂန်ကို အ‌မွေ‌ပေး‌တော်မူခဲ့သည်။ هُدًى وَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ ٥٤အသိဉာဏ်ရှိသူများအတွက် တရားလမ်းညွှန်အဖြစ်နှင့်၊ ဆုံမဩဝါဒအဖြစ် (‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်)။ فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقٌّ وَٱسۡتَغۡفِرۡ لِذَنۢبِكَ وَسَبِّحۡ بِحَمۡدِ رَبِّكَ بِٱلۡعَشِيِّ وَٱلۡإِبۡكَٰرِ ٥٥သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သည်းခံလိုက်ပါ၊ စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် အမှန်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အသင်၏ချို့တဲ့မှုနှင့်ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား၍ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်းကို ည‌နေနှင့်နံနက်တွင် ရွတ်ဆိုပါ။ إِنَّ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡ إِن فِي صُدُورِهِمۡ إِلَّا كِبۡرٌ مَّا هُم بِبَٰلِغِيهِۚ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ٥٦အမှန်စင်စစ် သူတို့ထံသို့ မည်သည့်သက်‌သေသာဓကမျှ ‌ရောက်မလာဘဲနှင့် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို အငြင်းပွား‌နေကြသည့်သူများ၏စိတ်နှလုံးများထဲတွင် မာနကြီးခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိ‌ပေ။ သူတို့သည် မာနကြီးရမည့်အဆင့် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ခိုလှုံလိုက်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَخَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ أَكۡبَرُ مِنۡ خَلۡقِ ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٥٧အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်းခြင်းသည် လူများအား ဖန်ဆင်းခြင်းထက် ပိုကြီးကျယ်သည်။ သို့ရာတွင် လူအများစုသည် မသိနားမလည်ကြ‌ပေ။ وَمَا يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَلَا ٱلۡمُسِيٓءُۚ قَلِيلًا مَّا تَتَذَكَّرُونَ ٥٨ထို့ပြင် မျက်မမြင်နှင့် မျက်မြင်သည် မတူကြ‌ပေ။ ထို့ပြင် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်သည့်သူများနှင့် မ‌ကောင်းမှုကို ကျူးလွန်သည့်သူများသည်လည်း မတူကြ‌ပေ။ အသင်တို့သည် အနည်းငယ်သာ သတိတရား ရကြသည်။ إِنَّ ٱلسَّاعَةَ لَأٓتِيَةٌ لَّا رَيۡبَ فِيهَا وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ ٥٩အမှန်စင်စစ် ကိယာမသ်‌နေ့သည် အမှန်ပင် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိ‌ပေ။ သို့ရာတွင် လူအများစုသည် မယုံကြည်ကြ‌ပေ။ وَقَالَ رَبُّكُمُ ٱدۡعُونِيٓ أَسۡتَجِبۡ لَكُمۡۚ إِنَّ ٱلَّذِينَ يَسۡتَكۡبِرُونَ عَنۡ عِبَادَتِي سَيَدۡخُلُونَ جَهَنَّمَ دَاخِرِينَ ٦٠ထို့ပြင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က (ဤသို့) မိန့်ကြား‌တော်မူသည်- အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်းကြပါ။ အသင်တို့၏ဆု‌တောင်းမှုကို ငါအရှင်လက်ခံ‌တော်မူမည်။ အမှန်စင်စစ် ငါအရှင်မြတ်အား ကိုးကွယ်ခြင်း(ဆု‌တောင်းခြင်း)မှ မာန‌ထောင်‌နေသူများသည် မကြာမီ ‌သေးသိမ်သူများအဖြစ်နှင့် ဂျဟန္နမ်ငရဲဘုံထဲသို့ ဝင်‌ရောက်ကြရမည်။ ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِتَسۡكُنُواْ فِيهِ وَٱلنَّهَارَ مُبۡصِرًاۚ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ ٦١အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ညကို ထိုညတွင် အနားယူရန်အတွက် ပြုလုပ်‌ပေး‌တော်မူခဲ့သည့်အပြင်၊ ‌နေ့ကို မြင်နိုင်စွမ်း‌ပေးသည့်အရာအဖြစ် ပြုလုပ်ထား‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအ‌ပေါ်တွင် အမှန်ပင် ‌ကျေးဇူးရှင်ဖြစ်‌တော်မူသည်။ သို့ရာတွင်လည်း လူအများစုသည် ‌ကျေးဇူးမသိတတ်ကြ‌ပေ။ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ خَٰلِقُ كُلِّ شَيۡءٍ لَّآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ ٦٢ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရာအားလုံးကို ဖန်ဆင်း‌တော်မူ‌သော အလ္လာဟ်အရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထို့‌နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်ခြင်းခံကြရသနည်း။ كَذَٰلِكَ يُؤۡفَكُ ٱلَّذِينَ كَانُواْ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ ٦٣ဤသို့ပင် အလ္လာဟ်အရှင်မြတ်၏သက်‌သေသာဓကများကို ငြင်းပယ်ခဲ့ကြသည့်သူများသည်လည်း ပြန်လှည့်ခြင်းခံခဲ့ကြရသည်။ ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ قَرَارًا وَٱلسَّمَآءَ بِنَآءً وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ فَتَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٦٤ထိုအလ္လာဟ်အရှင်မြတ်ပင် အသင်တို့အတွက် ‌မြေပထဝီကို မှီခို‌နေထိုင်ရာအဖြစ်နှင့်၊ မိုး‌ကောင်းကင်ကို အမိုးအဖြစ် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ‌ကောင်းမွန်လှပစွာ ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့အား စင်ကြယ်‌ကောင်းမွန်‌သောအရာများကို ‌ကျွေး‌မွေး‌တော်မူခဲ့သည်။* ထိုအလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ထို့ပြင် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူသည်။ هُوَ ٱلۡحَيُّ لَآ إِلَٰهَ إِلَّا هُوَ فَٱدۡعُوهُ مُخۡلِصِينَ لَهُ ٱلدِّينَۗ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٦٥အရှင်မြတ်သည်ပင် (အမြဲ)ရှင်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြူစင်စွာ ဖြစ်‌စေကြလျက် ကိုးကွယ်ကြပါ။ ချီးမွမ်းခြင်းအ‌ပေါင်းသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်သည်။ ۞ قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ لَمَّا جَآءَنِيَ ٱلۡبَيِّنَٰتُ مِن رَّبِّي وَأُمِرۡتُ أَنۡ أُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ ٦٦(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ၏ထံသို့ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေသာဓကများ ‌ရောက်လာခဲ့ပြီးသည့်‌နောက် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်ကြသည့်သူများကို ကိုးကွယ်ခြင်းမပြုရန် တားမြစ်‌တော်မူခြင်းကို ခံရသည်။ ထို့ပြင် ငါသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကိုပင် လိုက်နာရန် အမိန့်‌ပေး‌တော်မူခြင်းကို ခံရသည်။ هُوَ ٱلَّذِي خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطۡفَةٍ ثُمَّ مِنۡ عَلَقَةٍ ثُمَّ يُخۡرِجُكُمۡ طِفۡلًا ثُمَّ لِتَبۡلُغُوٓاْ أَشُدَّكُمۡ ثُمَّ لِتَكُونُواْ شُيُوخًاۚ وَمِنكُم مَّن يُتَوَفَّىٰ مِن قَبۡلُۖ وَلِتَبۡلُغُوٓاْ أَجَلًا مُّسَمًّى وَلَعَلَّكُمۡ تَعۡقِلُونَ ٦٧ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အား ‌မြေကြီးဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သုက်ရည်ဖြင့်၊ ထို့‌နောက် ‌သွေးခဲဖြင့်၊ ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား က‌လေးသူငယ်အဖြစ်ဖြင့် ထွက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့သည် လူလား‌မြောက်အရွယ်‌ရောက်သည့်အချိန်ထိ ‌ရောက်ရှိ‌စေရန်အတွက် (အသက်ရှင်‌စေ‌တော်မူခဲ့သည်)။ ထို့‌နောက် အသင်တို့သည် အိုမင်းရင့်‌ရော်သည့်အရွယ်ကို ‌ရောက်ရှိ‌စေရန်အတွက် (အသက်ရှင်‌စေ‌တော်မူခဲ့သည်)။ ထို့ပြင် အသင်တို့ထဲမှ (ထိုအရွယ်များထိမ‌ရောက်ဘဲ) ယခင်ကတည်းက ‌သေဆုံးကြရသူများလည်း ရှိကြသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ထားသည့်အချိန်ထိ ‌ရောက်‌အောင်အတွက်နှင့် သိနားလည်ကြရန်အတွက် (အရှင်မြတ်က အချိန်ကာလကို ဆိုင်းငံ့‌ပေးထား‌တော်မူသည်)။ هُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُۖ فَإِذَا قَضَىٰٓ أَمۡرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ٦٨ထိုအရှင်မြတ်ပင် အသက်ရှင်‌စေ‌တော်မူသည်။ ထို့ပြင် အသက်‌သေ‌စေ‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် တစ်ခုခုကို ပြဋ္ဌာန်းလို‌တော်မူသည့်အခါ ဖြစ်‌စေဟု မိန့်ကြား‌တော်မူသည်နှင့် ထိုအရာသည် ဖြစ်‌ပေါ်လာသည်။ أَلَمۡ تَرَ إِلَى ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ أَنَّىٰ يُصۡرَفُونَ ٦٩အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များတွင် အငြင်းပွား‌နေသည့်သူများကို မမြင်သ‌လော။ ထိုသူများသည် အဘယ်သို့ ပြန်လှည့်သွား‌နေကြသနည်း။ ٱلَّذِينَ كَذَّبُواْ بِٱلۡكِتَٰبِ وَبِمَآ أَرۡسَلۡنَا بِهِۦ رُسُلَنَاۖ فَسَوۡفَ يَعۡلَمُونَ ٧٠အကြင်သူများသည် ကျမ်း‌တော်နှင့် ငါအရှင်မြတ်က ငါအရှင်မြတ်၏တမန်‌တော်များအား‌ပေးပြီး ‌စေလွှတ်‌တော်မူ‌သောအရာ (အမိန့်ပညတ်ချက်)များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည်။ သို့ဖြစ်ရာ မကြာမီ သူတို့သည် သိရှိကြရလိမ့်မည်။ إِذِ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَٰقِهِمۡ وَٱلسَّلَٰسِلُ يُسۡحَبُونَ ٧١ထိုအခါတွင် သူတို့၏လည်ကုပ်များတွင် (လည်ကွင်း)သံကြိုးများနှင့် (‌ခြေ‌ထောက်များတွင်)‌ခြေကျင်းများ ရှိ‌နေကြမည်။ သူတို့သည် တရွတ်တိုက် ဆွဲချခြင်းကိုလည်း ခံကြရမည်။ فِي ٱلۡحَمِيمِ ثُمَّ فِي ٱلنَّارِ يُسۡجَرُونَ ٧٢ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူတွင်။ ထို့ပြင် သူတို့သည် ငရဲမီးထဲသို့ တွန်းပို့ခြင်းခံကြရမည်။ ثُمَّ قِيلَ لَهُمۡ أَيۡنَ مَا كُنتُمۡ تُشۡرِكُونَ ٧٣ထို့‌နောက် သူတို့သည် (ဤသို့)‌ပြောဆိုခြင်းခံကြရမည်- အသင်တို့ တွဲဖက်ကိုးကွယ်ခဲ့သည့်အရာများ အဘယ်မှာနည်း။ مِن دُونِ ٱللَّهِۖ قَالُواْ ضَلُّواْ عَنَّا بَل لَّمۡ نَكُن نَّدۡعُواْ مِن قَبۡلُ شَيۡـًٔاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ ٱلۡكَٰفِرِينَ ٧٤အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အသင်တို့၏ကိုးကွယ်ရာများသည် အသင်တို့အား ကူညီနိုင်ကြမည်‌လော)။ သူတို့က ‌လျှောက်ထားကြမည်- ထိုသူ (ကိုးကွယ်ရာ)များသည် ကျွန်ုပ်တို့ထံမှ ‌ပျောက်သွားကြပြီဖြစ်ပါသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ယခင်က မည်သည်ကိုမျှ မကိုးကွယ်ခဲ့ကြခြင်းဖြစ်ပါသည်။* အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား လမ်းမှားတွင် ‌နေမြဲ‌နေ‌စေ‌တော်မူသည်။ ذَٰلِكُم بِمَا كُنتُمۡ تَفۡرَحُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَبِمَا كُنتُمۡ تَمۡرَحُونَ ٧٥ထိုအရာ (ပြစ်ဒဏ်ကို ခံစားကြရခြင်း)မှာ အသင်တို့သည် ကမာ္ဘ‌ပေါ်တွင် မတရား‌ပျော်မြူး‌နေခဲ့ကြသည့်အတွက်နှင့်၊ ‌မော်ကြွား‌နေခဲ့ကြသည့်အတွက်‌ကြောင့် ဖြစ်သည်။ ٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ ٧٦(ယခုမူ) အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏တံခါး‌ပေါက်များထံသို့ ထိုငရဲဘုံထဲတွင် အမြဲ‌နေရမည့်သူများအဖြစ် ဝင်‌ရောက်ကြ‌ပေ‌တော့။ ထို့ပြင် ‌မောက်မာ ပလွှားသည့်သူများ၏ ‌နေရာထိုင်ခင်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။ فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقٌّۚ فَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا يُرۡجَعُونَ ٧٧သို့ဖြစ်ရာ အသင်သည် သည်းခံပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သည်။ ထို့‌နောက် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ်ချိန်းဆိုသည့်အထဲမှ အချို့ကို အသင့်အား ပြသ‌တော်မူသည်ပင်ဖြစ်‌စေ၊ အသင့်အား ‌သေဆုံး‌စေ‌တော်မူသည်ပင်ဖြစ်‌စေ၊ သူတို့ကမူ ငါအရှင်မြတ်ထံ‌တော်သို့ ပြန်လာကြရမည်ပင် ဖြစ်သည်။ وَلَقَدۡ أَرۡسَلۡنَا رُسُلًا مِّن قَبۡلِكَ مِنۡهُم مَّن قَصَصۡنَا عَلَيۡكَ وَمِنۡهُم مَّن لَّمۡ نَقۡصُصۡ عَلَيۡكَۗ وَمَا كَانَ لِرَسُولٍ أَن يَأۡتِيَ بِـَٔايَةٍ إِلَّا بِإِذۡنِ ٱللَّهِۚ فَإِذَا جَآءَ أَمۡرُ ٱللَّهِ قُضِيَ بِٱلۡحَقِّ وَخَسِرَ هُنَالِكَ ٱلۡمُبۡطِلُونَ ٧٨ထို့ပြင် စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီ တမန်‌တော်များကို ‌စေလွှတ်‌တော်မူခဲ့သည်။ သူတို့ထဲမှ အချို့၏အ‌ကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ‌ပြောပြ‌တော်မူခဲ့ပြီး အချို့၏အ‌ကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ‌ပြောပြ‌တော်မမူခဲ့‌ပေ။ ထို့ပြင် မည်သည့်တမန်‌တော်ပင်ဖြစ်‌စေ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်မပါရှိဘဲ မည်သည့်တန်ခိုးမျှ မပြနိုင်‌ပေ။* ထို့‌နောက် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်‌ရောက်ရှိလာသည့်အခါ တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးသည့်အပြင် အမှားကို လိုက်စားသူများသည် ထို‌နေရာ၌ပင် ပျက်စီးဆုံးရှုံးကြလိမ့်မည်။ ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَنۡعَٰمَ لِتَرۡكَبُواْ مِنۡهَا وَمِنۡهَا تَأۡكُلُونَ ٧٩အလ္လာဟ်အရှင်မြတ်ပင် အသင်တို့အတွက် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များကို အသင်တို့သည် ထိုအထဲမှ အချို့ကိုစီးနင်းကြရန်နှင့် အသင်တို့သည် ထိုအထဲမှ အချို့ကိုစားသုံးကြရန် ဖန်ဆင်း‌တော်မူခဲ့သည်။ وَلَكُمۡ فِيهَا مَنَٰفِعُ وَلِتَبۡلُغُواْ عَلَيۡهَا حَاجَةً فِي صُدُورِكُمۡ وَعَلَيۡهَا وَعَلَى ٱلۡفُلۡكِ تُحۡمَلُونَ ٨٠ထို့ပြင် အသင်တို့အတွက် ထိုတိရစာ္ဆန်များတွင် အကျိုး‌ကျေးဇူး များစွာရှိသည်။ ထို့ပြင် အသင်တို့သည် သူတို့အ‌ပေါ်တွင် (စီးနင်းပြီး) အသင်တို့၏စိတ်ထဲမှ အလိုရှိသည့်‌နေရာသို့ ‌ရောက်ရှိနိုင်ကြရန်အတွက် (ဖန်ဆင်း‌တော်မူခဲ့သည်)။ ထို့ပြင် အသင်တို့သည် ထိုတိရစာ္ဆန်များနှင့် သ‌ဘောင်္များ‌ပေါ်တွင် တင်‌ဆောင်ခြင်းကို ခံကြရသည်။ وَيُرِيكُمۡ ءَايَٰتِهِۦ فَأَيَّ ءَايَٰتِ ٱللَّهِ تُنكِرُونَ ٨١ထို့ပြင် အရှင်မြတ်သည် အသင်တို့အား အရှင်မြတ်၏သက်‌သေသာဓကများကို ပြသ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မည်သည့်သက်‌သေသာဓကများကို ငြင်းပယ်ကြမည်နည်း။ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَانُوٓاْ أَكۡثَرَ مِنۡهُمۡ وَأَشَدَّ قُوَّةً وَءَاثَارًا فِي ٱلۡأَرۡضِ فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ ٨٢ထို့‌နောက် သူတို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်သွားလာခြင်းကို မပြုခဲ့ကြသ‌လော။ ထိုသို့ပြုခဲ့ကြလျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ကို ‌တွေ့မြင်ကြမည်ဖြစ်သည်။ ၎င်းယခင်ကသူများသည် သူတို့ထက်ပင် အ‌ရေအတွက်များခဲ့ကြသည့်အပြင် အင်အားတွင်သာမက ‌မြေပထဝီ၌ချန်ခဲ့‌သော ‌ခြေရာလက်ရာများတွင်လည်း ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြသည်။ ထို့‌နောက်လည်း သူတို့အတွက် သူတို့ဆည်းပူးခဲ့ကြသည်များသည် အသုံးမဝင် အကျိုးမ‌ပေး‌ပေ။ فَلَمَّا جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَرِحُواْ بِمَا عِندَهُم مِّنَ ٱلۡعِلۡمِ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٨٣ထို့‌နောက် သူတို့၏တမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓကများ ယူ‌ဆောင်လာခဲ့ကြသည့်အခါ သူတို့သည် သူတို့ထံတွင်ရှိ‌နေ‌သော (‌လောကီ)ပညာနှင့်ပတ်သက်၍ ‌ပျော်မြူးလျက် ‌မော်ကြွားခဲ့ကြသည်။ ထို့‌နောက် သူတို့ ‌ပြောင်‌လှောင်ခဲ့သည့်အရာ(ပြစ်ဒဏ်)သည် သူတို့အား ဝိုင်းဝန်းခဲ့‌တော့သည်။ فَلَمَّا رَأَوۡاْ بَأۡسَنَا قَالُوٓاْ ءَامَنَّا بِٱللَّهِ وَحۡدَهُۥ وَكَفَرۡنَا بِمَا كُنَّا بِهِۦ مُشۡرِكِينَ ٨٤ထို့‌နောက် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်ခဲ့ကြသည့်အခါ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုပင် ယုံကြည်ကြပြီဖြစ်ပါသည်၊ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့‌သောအရာများကို ငြင်းပယ်လိုက်ကြပြီဖြစ်ပါသည်“ဟု ‌ပြောဆိုခဲ့ကြသည်။ فَلَمۡ يَكُ يَنفَعُهُمۡ إِيمَٰنُهُمۡ لَمَّا رَأَوۡاْ بَأۡسَنَاۖ سُنَّتَ ٱللَّهِ ٱلَّتِي قَدۡ خَلَتۡ فِي عِبَادِهِۦۖ وَخَسِرَ هُنَالِكَ ٱلۡكَٰفِرُونَ ٨٥ထို့‌နောက် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်‌တွေ့ခဲ့ကြ‌သောခါ သူတို့၏ အီမာန်ယုံကြည်မှုသည် သူတို့အား အကျိုးမ‌ပေးခဲ့‌ပေ။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ အကြင်လုပ်ထုံးလုပ်နည်း‌တော်အတိုင်းဖြစ်သည်။ ထိုလုပ်ထုံးလုပ်နည်း‌တော်သည် အရှင်မြတ်၏ကျွန်များနှင့်ပတ်သက်၍ (ကျင့်သုံးခဲ့သည်မှာ) လွန်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ကာဖိရ်များသည် ထို‌နေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြ‌တော့သည်။

Translation: Hashim Tin Myint.