Millat al-Islam

Chapter 71 · 28 verses · Hashim Tin Myint

Surah Nuh in Burmese

Arabic with tafsir Listen to Surah Nuh (1276 reciters)
Meccanسورة نوح28 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

إِنَّآ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ أَنۡ أَنذِرۡ قَوۡمَكَ مِن قَبۡلِ أَن يَأۡتِيَهُمۡ عَذَابٌ أَلِيمٌ ١အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို အသင်သည် အသင်၏အမျိုးသားများအား သူတို့ထံ နာကျင်‌စေသည့်ပြစ်ဒဏ် ဆိုက်‌ရောက်မလာမီ သတိ‌ပေးလိုက်ပါဟု ‌ပြောဆိုမိန့်ကြား၍ ၎င်း၏အမျိုးသားများထံသို့ ‌စေလွှတ်‌တော်မူခဲ့သည်။ قَالَ يَٰقَوۡمِ إِنِّي لَكُمۡ نَذِيرٌ مُّبِينٌ ٢၎င်း(တမန်‌တော်နူးဟ်)က‌ပြောခဲ့သည်- အို-ငါ၏ အမျိုးသားတို့၊ အမှန်စင်စစ် ငါသည် အသင်တို့အတွက် ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူဖြစ်သည်။ أَنِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُ وَأَطِيعُونِ ٣အ‌ကြောင်းမှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုပင် ကိုးကွယ်ကြပြီး အသင်တို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ထို့ပြင် အသင်တို့သည် ငါ၏အမိန့်ကို နာခံကြပါ။ يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرۡكُمۡ إِلَىٰٓ أَجَلٍ مُّسَمًّىۚ إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُۚ لَوۡ كُنتُمۡ تَعۡلَمُونَ ٤အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူမည့်အပြင် အရှင်မြတ်သည် အသင်တို့အား သတ်မှတ်ထားသည့်အချိန်ထိ ဆိုင်းငံ့ခွင့်‌ပေး‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသည့်အချိန်‌ရောက်လာလျှင် ဆိုင်းငံ့၍ရမည်မဟုတ်‌ပေ။ အကယ်၍ အသင်တို့သည် သိရှိခဲ့ကြလျှင် ‌ကောင်း‌လေစွ။ قَالَ رَبِّ إِنِّي دَعَوۡتُ قَوۡمِي لَيۡلًا وَنَهَارًا ٥၎င်း(တမန်‌တော်နူးဟ်)က‌လျှောက်ထားခဲ့သည်- အို-ကျွန်ုပ်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ်ကျွန်ုပ်သည် ကျွန်ုပ်၏အမျိုးသားများအား‌နေ့သာမက ည၌လည်းဖိတ်‌ခေါ်ခဲ့ပါသည်။ فَلَمۡ يَزِدۡهُمۡ دُعَآءِيٓ إِلَّا فِرَارًا ٦ထို့‌နောက်လည်းကျွန်‌တော်၏ဖိတ်‌ခေါ်မှုသည် သူတို့အား ထွက်‌ပြေးတိမ်း‌ရှောင်မှုကိုပင် တိုး‌စေခဲ့ပါသည်။ وَإِنِّي كُلَّمَا دَعَوۡتُهُمۡ لِتَغۡفِرَ لَهُمۡ جَعَلُوٓاْ أَصَٰبِعَهُمۡ فِيٓ ءَاذَانِهِمۡ وَٱسۡتَغۡشَوۡاْ ثِيَابَهُمۡ وَأَصَرُّواْ وَٱسۡتَكۡبَرُواْ ٱسۡتِكۡبَارًا ٧ထို့ပြင် အမှန်စင်စစ်ကျွန်ုပ်သည် အရှင်မြတ်က သူတို့အား ခွင့်လွှတ်‌တော်မူရန်အတွက် မည်သည့်အခါပင်ဖြစ်‌စေ ကျွန်ုပ်သည် သူတို့အား ဖိတ်‌ခေါ်ခဲ့တိုင်း သူတို့သည် သူတို့၏နားများကို သူတို့၏ လက်‌ချောင်းများနှင့် ပိတ်ဆို့ထားခဲ့ကြပါသည်။ ထို့ပြင် သူတို့သည် သူတို့၏ အဝတ်များကို (သူတို့၏ မျက်နှာနှင့် ကိုယ်‌ပေါ်တွင်)ဖုံးအုပ်ထားခဲ့ကြပါသည်။(သူတို့ကလည်း ကျွန်ုပ်အားမမြင်ရ‌အောင်၊ ကျွန်ုပ်လည်းသူတို့အား မမှတ်မိ‌အောင် အတွက်ဖြစ်သည်)။ ထို့ပြင် သူတို့သည် (ငြင်းပယ်မှုထဲ၌ပင်)ဇွတ်‌ပေ‌နေခဲ့ကြသည့်အပြင် မာနလည်း‌ထောင်‌နေခဲ့ကြပါသည်။ ثُمَّ إِنِّي دَعَوۡتُهُمۡ جِهَارًا ٨ထို့‌နောက် အမှန်ပင် ကျွန်ုပ်သည် သူတို့အား အသံကျယ်ကျယ်ဖြင့်လည်း ဖိတ်‌ခေါ်ခဲ့ပါသည်။ ثُمَّ إِنِّيٓ أَعۡلَنتُ لَهُمۡ وَأَسۡرَرۡتُ لَهُمۡ إِسۡرَارًا ٩ထို့ပြင် အမှန်ပင် ကျွန်ုပ်သည် သူတို့အား ပွင့်လင်းစွာ ‌ကြေညာ၍လည်း ဖိတ်‌ခေါ်ခဲ့သည့်အပြင် ကျွန်ုပ်သည် သူတို့အား လျှို့ဝှက်စွာလည်း ဖိတ်‌ခေါ်မှုပြုခဲ့ပါသည်။ فَقُلۡتُ ٱسۡتَغۡفِرُواْ رَبَّكُمۡ إِنَّهُۥ كَانَ غَفَّارًا ١٠ထို့‌နောက် ကျွန်ုပ်က (သူတို့အား)‌ပြောပါသည်-အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့်‌တောင်းခံကြပါ။အမှန်စင်စစ် အရှင်မြတ်သည် အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။ يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارًا ١١အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် ‌ကောင်းမွန်စွာ(များပြားစွာ)ရွာချသည့်မိုးကို‌စေလွှတ်‌တော်မူမည်ဖြစ်သည်။ ###၁ وَيُمۡدِدۡكُم بِأَمۡوَٰلٍ وَبَنِينَ وَيَجۡعَل لَّكُمۡ جَنَّٰتٍ وَيَجۡعَل لَّكُمۡ أَنۡهَٰرًا ١٢ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ပစ်္စည်းဥစ်္စာများ၊ သားသမီးများနှင့် ကူညီ‌တော်မူ(၍တိုးတက်‌စေ‌တော်မူ)မည်။ ထို့ပြင် အသင်တို့အတွက် ဥယျာဉ်များ ဖန်ဆင်း‌ပေး‌တော်မူမည့်အပြင် ‌ချောင်းများကိုလည်း စီးဆင်း‌စေ‌တော်မူမည်။ مَّا لَكُمۡ لَا تَرۡجُونَ لِلَّهِ وَقَارًا ١٣အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကြီးကျယ်မှုကို အဘယ့်‌ကြောင့် မ‌ကြောက်ကြသနည်း။ (ယုံကြည်မှုနှင့် အမိန့်နာခံမှုကို အဘယ့်‌ကြောင့် မပြုလုပ်ကြသနည်း)။ وَقَدۡ خَلَقَكُمۡ أَطۡوَارًا ١٤ထို့ပြင် အမှန်စင်စစ် ထိုအရှင်မြတ်သည် အသင်တို့ကို အဆင့်ဆင့်‌ပြောင်းလဲပြီးဖန်ဆင်း‌တော်မူခဲ့သည်။ أَلَمۡ تَرَوۡاْ كَيۡفَ خَلَقَ ٱللَّهُ سَبۡعَ سَمَٰوَٰتٍ طِبَاقًا ١٥အလ္လာဟ်အရှင်မြတ်သည် မိုးခုနစ်ခုကို မည်သို့အထပ်ထပ်ဖန်ဆင်း‌တော်မူခဲ့သည်ကို အသင်တို့သည် မမြင်ခဲ့ကြသ‌လော။ وَجَعَلَ ٱلۡقَمَرَ فِيهِنَّ نُورًا وَجَعَلَ ٱلشَّمۡسَ سِرَاجًا ١٦ထို့ပြင် အရှင်မြတ်သည် ထို‌ကောင်းကင်များတွင် လကို လင်း‌ရောင်ခြည်ဖြစ်‌စေ‌တော်မူခဲ့ပြီး ‌နေကို မီးရှူးမီးတိုင် ပြုလုပ်‌တော်မူခဲ့သည်။ وَٱللَّهُ أَنۢبَتَكُم مِّنَ ٱلۡأَرۡضِ نَبَاتًا ١٧ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ‌မြေကြီးမှ (အ‌ကောင်းဆုံးနည်းလမ်း‌ပေါ်တွင်)ဖန်ဆင်း‌တော်မူခဲ့သည်။ ثُمَّ يُعِيدُكُمۡ فِيهَا وَيُخۡرِجُكُمۡ إِخۡرَاجًا ١٨ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား ထို‌မြေပထဝီထဲသို့ပင် ပြန်‌ရောက်‌စေ‌တော်မူမည်။ ထို့‌နောက် အသင်တို့အား (ထို‌မြေထဲမှ) အပြင်သို့ထွက်‌စေ‌တော်မူမည်။ وَٱللَّهُ جَعَلَ لَكُمُ ٱلۡأَرۡضَ بِسَاطًا ١٩ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့သည်။ لِّتَسۡلُكُواْ مِنۡهَا سُبُلًا فِجَاجًا ٢٠အသင်တို့သည် ထို‌မြေပထဝီ၏ လမ်းကျယ်များတွင် သွားလာနိုင်ကြရန်အတွက်ဖြစ်သည်။ قَالَ نُوحٌ رَّبِّ إِنَّهُمۡ عَصَوۡنِي وَٱتَّبَعُواْ مَن لَّمۡ يَزِدۡهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارًا ٢١(တမန်‌တော်)နူးဟ်က‌လျှောက်ထားခဲ့သည်-အို-ကျွန်ုပ်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ်ထို အမျိုးသားများသည် ကျွန်ုပ်ကိုဖီဆန်ပြီး အကြင်(‌ခေါင်း‌ဆောင်) သူများ၏‌နောက်သို့လိုက်သွားခဲ့ကြပါသည်။ ထို(‌ခေါင်း‌ဆောင်)သူများ၏ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် ထို(‌ခေါင်း‌ဆောင်)သူများအား(နှစ်ဘဝစလုံးတွင်)ပျက်စီးဆုံးရှုံးခြင်း မှလွဲ၍မည်သည့်အရာမျှ တိုးပွား‌စေခြင်းမရှိ‌ပေ။ وَمَكَرُواْ مَكۡرًا كُبَّارًا ٢٢ထို့ပြင် ထိုအမျိုးသားများသည်ကြီးကျယ်‌သော အကြံအစည်များကို ကြံစည်ခဲ့ကြပါသည်။ وَقَالُواْ لَا تَذَرُنَّ ءَالِهَتَكُمۡ وَلَا تَذَرُنَّ وَدًّا وَلَا سُوَاعًا وَلَا يَغُوثَ وَيَعُوقَ وَنَسۡرًا ٢٣ထို့ပြင် သူတို့က (လက်‌အောက်ငယ်သားများကို)‌ပြောဆိုခဲ့ကြပါသည်။ အသင်တို့သည် အသင်တို့၏ ကိုးကွယ်ရာများကို လုံးဝမစွန့်လွှတ်ကြနှင့်။ ထို့ပြင် အသင်တို့သည် ဝဒ်၊ စုဝါအ်၊ ယဂူဆ်၊ ယအူက်၊ နတ်စ်ရ်ရုပ်တုများကိုမစွန့်လွှတ်ကြနှင့်။ ###၂ وَقَدۡ أَضَلُّواْ كَثِيرًاۖ وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا ضَلَٰلًا ٢٤ထို့ပြင်အမှန်စင်စစ်သူတို့သည် လူအ‌မြောက်အမြားကို လမ်းလွဲမှား‌စေခဲ့ကြပါသည်။ (သို့ဖြစ်ရာ)အရှင်မြတ်သည် မတရားသည့်သူများတွင် လမ်းလွဲမှုကိုပင် ပိုတိုး‌စေ‌တော်မူပါ။ مِّمَّا خَطِيٓـَٰٔتِهِمۡ أُغۡرِقُواْ فَأُدۡخِلُواْ نَارًا فَلَمۡ يَجِدُواْ لَهُم مِّن دُونِ ٱللَّهِ أَنصَارًا ٢٥သူတို့သည် သူတို့၏ပြစ်မှုများ‌ကြောင့်ပင် နစ်မြုပ်‌စေခြင်းကို ခံခဲ့ကြရသည်။ ထို့ပြင် သူတို့သည် ငရဲမီးထဲသို့လည်း ဝင်‌ရောက်‌စေခြင်းခံခဲ့ကြရသည်။ သို့ဖြစ်ရာ သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကူညီမည့်သူ မည်သူ့ကိုမျှ မ‌တွေ့ခဲ့ကြ‌ပေ။ وَقَالَ نُوحٌ رَّبِّ لَا تَذَرۡ عَلَى ٱلۡأَرۡضِ مِنَ ٱلۡكَٰفِرِينَ دَيَّارًا ٢٦ထို့ပြင် (တမန်‌တော်)နူးဟ်က ‌လျှောက်ထားခဲ့သည်-အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ‌မြေပထဝီတွင် ကာဖိရ်များထဲမှမည်သည့် ‌နေထိုင် သူတစ်ဦးကိုမျှ ချန်ထား‌တော်မမူပါနှင့်။ إِنَّكَ إِن تَذَرۡهُمۡ يُضِلُّواْ عِبَادَكَ وَلَا يَلِدُوٓاْ إِلَّا فَاجِرًا كَفَّارًا ٢٧အမှန်ပင် အကယ်၍ အရှင်မြတ်သည် သူတို့အား ချန်ထား‌တော်မူခဲ့ပါလျှင် သူတို့သည် အရှင်မြတ်၏ကျွန်များကို လမ်းလွဲ‌စေကြမည့်အပြင် သူတို့သည် အလွန်‌ကျေးဇူးကန်း ငြင်းပယ်မည့်၊ အကျင့်စာရိတ္တ‌ဖောက်ပြန်မည့်သူများကိုသာ ‌မွေးဖွားကြမည်ပင် ဖြစ်ပါသည်။###၃ رَّبِّ ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِمَن دَخَلَ بَيۡتِيَ مُؤۡمِنًا وَلِلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۖ وَلَا تَزِدِ ٱلظَّٰلِمِينَ إِلَّا تَبَارَۢا ٢٨အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်၊ ကျွန်ုပ်မိဘနှစ်ပါးနှင့် ကျွန်ုပ်အိမ်တွင် ယုံကြည်သူအဖြစ်နှင့် ဝင်‌ရောက်သူများအပြင်အီမာန် ယုံကြည်သူ‌ယောက်ျားမိန်းမများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်‌ပေးသနား‌တော်မူပါ။ ###၄ ထို့ပြင် အရှင်မြတ်သည် မတရား‌သောသူများကိုမူ ပျက်စီးမှုကိုပင် တိုးပွား‌စေ‌တော်မူပါ။

Translation: Hashim Tin Myint.