بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ ١အလိဖ် လာမ် ရာ။* ဤအရာများသည် အလွန်ထင်ရှားသောကျမ်းဂန်၏ အာယသ်တော် စာပိုဒ်များပင် ဖြစ်သည်။ إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيًّا لَّعَلَّكُمۡ تَعۡقِلُونَ ٢အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နားလည်ကြရန်အတွက် (စကားအဖွဲ့အနွဲ့အလွန်ကြွယ်ဝသော)ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် အရဗီဘာသာစာပေနှင့် ဤကျမ်းဂန်ကို ချပေးသနားတော်မူခဲ့သည်။ نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ ٣ငါအရှင်မြတ်သည် အသင်၏ထံ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ပို့ချမှုဖြင့် ငါအရှင်မြတ်သည် အသင်၏ရှေ့၌ အကောင်းဆုံးအကြောင်းအရာတစ်ခု*ကို ပြန်ပြောပြတော်မူသည်။ ၎င်းနောက် အသင်သည် ထိုကုရ်အာန်မကျရောက်မီအလျင်က အမှန်ပင် မသိသောသူတစ်ဦးသာ ဖြစ်သည်။ إِذۡ قَالَ يُوسُفُ لِأَبِيهِ يَٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبًا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ ٤တစ်ခါတွင် (တမန်တော်)ယူစွဖ်သည် ၎င်း၏ဖခင်(တမန်တော်ယအ်ကူဗ်)အား ပြောဆိုခဲ့သည်- အို- ဖခင်၊ အမှန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်ထဲ၌) ကြယ်ဆယ့်တစ်လုံး*အပြင် နေနှင့်လကိုပါ* ကျွန်ုပ်အား စဂျ်ဒဟ်ဦးချနေသည်ကို တွေ့မြင်ခဲ့ရပါသည်။ قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوٌّ مُّبِينٌ ٥၎င်း(ဖခင်)ကပြောသည်- အို- ချစ်သား၊ အသင်သည် အသင်၏အိပ်မက်ကို အသင်၏နောင်တော်များရှေ့၌ မပြောပြလေနှင့်။ ထိုသို့ပြောလိုက်လျှင် သူတို့သည် အသင်နှင့်ဆန့်ကျင်ပြီး အကြံအစည်တစ်ခုခုကို လျှို့ဝှက်ကြံစည်ကြလိမ့်မည်။* အမှန်စင်စစ် ရှိုင်သွာန်သည် လူများအတွက် အလွန်ထင်ရှားသောရန်သူဖြစ်သည်။ وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌ ٦၎င်းနောက် ထိုသို့ပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်က အသင့်အား (တမန်တော်အဖြစ်)ရွေးချယ်တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင့်အား စကားများ၏အနက်အဓိပ္ပာယ် (အိပ်မက်၏အနက်သဘောကောက်သောပညာရပ်)ကို* သင်ကြားပို့ချပေးတော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အရှင်၏ကျေးဇူးတော်ကို ယခင်က အသင်၏ဘိုး၊ ဘေးဖြစ်သော(တမန်တော်)အိဗ်ရာဟီမ်*နှင့် (တမန်တော်)အစ္စဟာက်အား ပြည့်ဝစွာ ပေးသနားတော်မူသကဲ့သို့ အသင်နှင့် (တမန်တော်)ယအ်ကူဗ်၏သားသမီးများအားလည်း* ထိုကျေးဇူးတော်ကို ပြည့်ဝစွာ ပေးသနားတော်မူလိမ့်မည်။* အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ ۞ لَّقَدۡ كَانَ فِي يُوسُفَ وَإِخۡوَتِهِۦٓ ءَايَٰتٌ لِّلسَّآئِلِينَ ٧အမှန်စင်စစ် ယူစွဖ်နှင့် ၎င်း၏ညီအစ်ကိုများ(၏အကြောင်း)၌ မေးမြန်းစုံစမ်းသူများအတွက် သက်သေလက္ခများရှိသည်။ إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٍ مُّبِينٍ ٨တစ်ခါက ထိုနောင်တော်များက ငါတို့သည် (အင်အားတောင့်တင်းသော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်နှင့် ယူစွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင် ပိုပြီးချစ်ခင်မှုကို ခံနေကြရသည်။* အမှန်စင်စစ် ငါတို့၏ဖခင်ကြီးသည် ထင်ရှားသောလမ်းမှားထဲ၌ ရောက်နေပြီဖြစ်သည်ဟု* (အချင်းချင်း)ပြောဆိုကြသည်။ ٱقۡتُلُواْ يُوسُفَ أَوِ ٱطۡرَحُوهُ أَرۡضًا يَخۡلُ لَكُمۡ وَجۡهُ أَبِيكُمۡ وَتَكُونُواْ مِنۢ بَعۡدِهِۦ قَوۡمًا صَٰلِحِينَ ٩(သူတို့ထဲမှ တစ်ဦးကပြောသည်)- အသင်တို့သည် ယူစွဖ်အား သတ်ပစ်ကြပါ၊ သို့မဟုတ် ၎င်းအား တိုင်းတစ်ပါးသို့ စွန့်ပစ်လိုက်ကြပါ၊ သို့မှသာ အသင်တို့၏ဖခင်သည် အသင်တို့ဘက်သို့ ပြန်လှည့်ပြီး မျက်နှာသာပေးလိမ့်မည်။* ထို့ပြင် အသင်တို့သည် ထို(သို့ပြုလုပ်ပြီးသည့်)နောက် (အရှင်မြတ်ထံတော်တွင် သောင်ဗဟ်ပြုလုပ်လျက်)ကောင်းမြတ်သောအုပ်စုအဖြစ်နှင့် နေကြပါ။ قَالَ قَآئِلٌ مِّنۡهُمۡ لَا تَقۡتُلُواْ يُوسُفَ وَأَلۡقُوهُ فِي غَيَٰبَتِ ٱلۡجُبِّ يَلۡتَقِطۡهُ بَعۡضُ ٱلسَّيَّارَةِ إِن كُنتُمۡ فَٰعِلِينَ ١٠သူတို့ထဲမှပင် ပြောဆိုသူတစ်ဦးက ပြောဆိုသည်- အသင်တို့သည် ယူစွဖ်ကို မသတ်ကြပါနှင့်၊ ၎င်းနောက် အသင်တို့သည် (တစ်စုံတစ်ခုကို အမှန်မုချပင်)ပြုလုပ်ကြတော့မည့်သူများဖြစ်ကြလျှင် အသင်တို့သည် ၎င်းအား ရေတွင်း၏စောက်နက်ထဲသို့ ပစ်ချလိုက်ကြပါ၊ ၎င်းကို ခရီးသည်အုပ်စုမှ တစ်ဦးဦးသည် ဆယ်ယူသွားလိမ့်မည်။ قَالُواْ يَٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ ١١သူတို့က ပြောဆိုကြသည်- အို- ဖခင်၊ ဖခင်သည် ယူစွဖ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အပေါ် အဘယ့်ကြောင့် စိတ်မချရသနည်း။* ၎င်းနောက် အမှန်စင်စစ် ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ကောင်းကျိုးကိုသာ လိုလားသူများဖြစ်ကြပါသည်။ أَرۡسِلۡهُ مَعَنَا غَدًا يَرۡتَعۡ وَيَلۡعَبۡ وَإِنَّا لَهُۥ لَحَٰفِظُونَ ١٢(ဖခင်သည်) ယူစွဖ်ကို နက်ဖြန်(နံနက်) ကျွန်ုပ်တို့နှင့်အတူ စားသောက် ကစားနိုင်ရန်အတွက် လွှတ်ပေးပါ။ ကျွန်ုပ်တို့သည် အမှန်ပင် ၎င်းအား စောင့်ရှောက်မည့်သူများဖြစ်ကြပါသည်။ قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ ١٣၎င်း(ဖခင်)ကပြောဆိုသည်- အမှန်စင်စစ် ငါသည် အသင်တို့ ယူစွဖ်ကိုခေါ်သွားသည့်အတွက် ဝမ်းနည်းပူဆွေးရမည် အမှန်ပင်ဖြစ်သည်။ ၎င်းနောက် အသင်တို့သည် ၎င်းကို သတိမမူ မေ့လျော့နေလျက်ရှိစဉ် သူ့အား ဝံပုလွေကိုက်စားမည်ကိုလည်း ငါစိုးရိမ်မိသည်။ قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذًا لَّخَٰسِرُونَ ١٤သူတို့က ပြောဆိုကြသည်- အမှန်ပင် ကျွန်ုပ်တို့သည် အင်အားတောင့်တင်းသော အုပ်စုတစ်စုပင် ဖြစ်ကြပါလျက် အကယ်၍ ၎င်းအား ဝံပုလွေကိုက်စားခဲ့လျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပျက်စီးဆုံးရှုံးသူများသာ ဖြစ်ကြပါလိမ့်မည်။ فَلَمَّا ذَهَبُواْ بِهِۦ وَأَجۡمَعُوٓاْ أَن يَجۡعَلُوهُ فِي غَيَٰبَتِ ٱلۡجُبِّۚ وَأَوۡحَيۡنَآ إِلَيۡهِ لَتُنَبِّئَنَّهُم بِأَمۡرِهِمۡ هَٰذَا وَهُمۡ لَا يَشۡعُرُونَ ١٥ထို့နောက် သူတို့သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို ခေါ်ဆောင်သွားပြီး ၎င်းကို ရေတွင်း၏စောက်နက်ထဲ၌ပစ်ချရန် တစ်ညီတစ်ညွတ်တည်း(ဆုံးဖြတ်)ပြဋ္ဌာန်းကြသောအခါ ငါအရှင်မြတ်သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ထံသို့ ဝဟီ အမိန့်တော် ထုတ်ပြန်ပို့ချပေးတော်မူခဲ့သည်- “သူတို့အနေနှင့် အသင့်အား မမှတ်မိဘဲရှိနေစဉ် အသင်သည် သူတို့အား သူတို့၏လုပ်ရပ်နှင့်ပတ်သက်၍ အမှန်ပင် ထုတ်ဖော်ပြောကြားရလိမ့်မည်။“ وَجَآءُوٓ أَبَاهُمۡ عِشَآءً يَبۡكُونَ ١٦ထို့နောက် သူတို့သည် သူတို့၏ဖခင်ထံသို့ ညမှောင်ခါစအချိန်၌ ငိုကြွေးလျက် လာခဲ့ကြသည်။ قَالُواْ يَٰٓأَبَانَآ إِنَّا ذَهَبۡنَا نَسۡتَبِقُ وَتَرَكۡنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئۡبُۖ وَمَآ أَنتَ بِمُؤۡمِنٍ لَّنَا وَلَوۡ كُنَّا صَٰدِقِينَ ١٧သူတို့က ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ယူစွဖ်ကို ကျွန်ုပ်တို့ပစ္စည်းများအနီးတွင် ထားခဲ့ပြီး အပြေးပြိုင်ရန် သွားခဲ့ကြပါသည်။ သို့ဖြစ်ရာ ၎င်းအား ဝံပုလွေသည် ကိုက်စားပစ်လိုက်ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် မှန်ကန်စွာ ပြောဆိုသူများဖြစ်လျှင်လည်း ဖခင်သည် ကျွန်ုပ်တို့အား ယုံကြည်မည် မဟုတ်ပါ။ وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٍ كَذِبٍۚ قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرًاۖ فَصَبۡرٌ جَمِيلٌۖ وَٱللَّهُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ١٨ထို့ပြင် သူတို့သည် ၎င်း၏အကင်္ျီ၌ မဟုတ်မမှန် လိမ်လည်လုပ်ကြံထားသော သွေးများကို (သုတ်လိမ်းပြီး)ယူလာခဲ့ကြသည်။ ၎င်း(ဖခင်)ကပြောဆိုသည်- ဤသို့ လုံးဝ မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့၏စိတ်နှလုံးများသည် အသင်တို့အတွက် အကြောင်းတစ်ခုကို လှည့်စားရန် ပြုလုပ်ခဲ့ခြင်းသာ*ဖြစ်သည်။ သို့ဖြစ်ရာ (ငါ့အတွက်မူ) သည်းခံခြင်းသည်ပင် ကောင်းပေသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်ထံတော်၌ပင် အသင်တို့၏လုပ်ကြံမှုနှင့်ပတ်သက်၍ အကူအညီတောင်းခံပါသည်။ وَجَآءَتۡ سَيَّارَةٌ فَأَرۡسَلُواْ وَارِدَهُمۡ فَأَدۡلَىٰ دَلۡوَهُۥۖ قَالَ يَٰبُشۡرَىٰ هَٰذَا غُلَٰمٌۚ وَأَسَرُّوهُ بِضَٰعَةًۚ وَٱللَّهُ عَلِيمُۢ بِمَا يَعۡمَلُونَ ١٩ထို့နောက် ခရီးသည်တစ်စုသည် ရောက်ရှိလာခဲ့သည်။ ၎င်းနောက် ထိုခရီးသည်တစ်စုသည် သူတို့၏ရေငင်သူကို (ရေတွင်းထံသို့)စေလွှတ်ခဲ့ကြသည်။ သို့ဖြစ်ရာ ရေငင်သူက သူ၏ရေပုံးကို (ရေတွင်းထဲ)ချခဲ့သည်။ (ထို့နောက် ယူစွဖ်-အလိုင်ဟိစလာမ်ကို မြင်လိုက်သောအခါ) ထိုရေငင်သူက (ခရီးသည်အုပ်စုကို ဤသို့ ဝမ်းမြောက်စွာ ဟစ်အော်ပြီး) “အို- ဤသည်- လူငယ်တစ်ဦးပင်၊ ဝမ်းသာလိုက်ခြင်း“ဟု ပြောဆိုခဲ့သည်။ ထို့နောက် သူတို့သည် ယူစွဖ်ကို အရောင်းအဝယ်ကုန်ပစ္စည်းအဖြစ် လျှို့ဝှက်ထားခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူသည်များကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။ وَشَرَوۡهُ بِثَمَنِۭ بَخۡسٍ دَرَٰهِمَ مَعۡدُودَةٍ وَكَانُواْ فِيهِ مِنَ ٱلزَّٰهِدِينَ ٢٠ထို့နောက် သူတို့(နောင်တော်များ)သည် ၎င်းအား တန်ဖိုးဒိရ်ဟမ်ငွေဒဂင်္ါး အနည်းငယ်ဖြင့်ပင် ရောင်းချခဲ့ကြသည်။ ထို့ပြင် သူတို့သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို မလိုလားသောသူများပင်ဖြစ်ခဲ့ကြသည်။ وَقَالَ ٱلَّذِي ٱشۡتَرَىٰهُ مِن مِّصۡرَ لِٱمۡرَأَتِهِۦٓ أَكۡرِمِي مَثۡوَىٰهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدًاۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ وَلِنُعَلِّمَهُۥ مِن تَأۡوِيلِ ٱلۡأَحَادِيثِۚ وَٱللَّهُ غَالِبٌ عَلَىٰٓ أَمۡرِهِۦ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٢١အီဂျစ်ပြည်မှ ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို ဝယ်ယူသူက* သူ၏ဇနီးကို “အသင်သည် ၎င်းအား ဂုဏ်ရှိရှိထားပါ၊ ၎င်းသည် ငါတို့ကို အကျိုးပေးကောင်းပေးလိမ့်မည်။ သို့မဟုတ် ငါတို့သည် ၎င်းအား သားအဖြစ် မွေးစားလိုက်ကြမည်“ဟု ပြောဆိုကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ယူစွဖ်ကို ဤသို့ပင် တိုင်းပြည်တွင် နေရာပေးတော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား စကားများ၏အနက်အဓိပ္ပာယ်(အိပ်မက်၏အတိတ်ကောက်သောပညာရပ်)ကို သင်ကြားပြသတော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ အရေးကိစ္စကို နိုင်နင်းတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ သို့ရာတွင် လူသားများထဲမှ အမြောက်အမြားသည် မသိကြပေ။ وَلَمَّا بَلَغَ أَشُدَّهُۥٓ ءَاتَيۡنَٰهُ حُكۡمًا وَعِلۡمًاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ٢٢ထို့နောက် ၎င်းသည် ၎င်း၏လူလားမြောက်သောအရွယ်သို့ရောက်သောအခါ ငါအရှင်မြတ်သည် ၎င်းအား စိုးမိုးအုပ်ချုပ်မှုနှင့် အသိပညာကို ပေးသနားတော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် ကောင်းကျိုးဆောင်ရွက်သူသောသူများကို ဤသို့ပင် အကျိုးကျေးဇူးပေးသနားတော်မူသည်။ وَرَٰوَدَتۡهُ ٱلَّتِي هُوَ فِي بَيۡتِهَا عَن نَّفۡسِهِۦ وَغَلَّقَتِ ٱلۡأَبۡوَٰبَ وَقَالَتۡ هَيۡتَ لَكَۚ قَالَ مَعَاذَ ٱللَّهِۖ إِنَّهُۥ رَبِّيٓ أَحۡسَنَ مَثۡوَايَۖ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ٢٣ထို့နောက် အကြင်မိန်းမသည် ၎င်း(ယူစွဖ်)ကို ၎င်း၏အလိုမတူဘဲ ဆွဲဆောင်ခဲ့သည်။* ထိုမိန်းမအိမ်၌ ၎င်းသည်(နေထိုင်လျက်)ရှိခဲ့သည်။ ထို့နောက် ထိုမိန်းမသည် တံခါးများကိုပိတ်ပြီး ၎င်းအား “လာပါ၊ အသင့်အတွက်(အဆင်သင့်)ပါ“ဟု ပြောဆို(ဖိတ်ခေါ်)ခဲ့သည်။ ၎င်းကပြောဆိုသည်- (ဤအပြစ်မှလွတ်ကင်းရန်) အလ္လာဟ်အရှင်မြတ်ထံတော်၍ ကျွန်ုပ်ခိုလှုံပါသည်။ အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်၏နေရာထိုင်ခင်းကို ကောင်းမွန်စွာ ပြုလုပ်ပေးသနားတော်မူခဲ့သည်။ အမှန်စင်စစ် မတရားကျူးလွန်သူများသည် အောင်မြင်ကြမည် မဟုတ်ပေ။ وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ ٢٤ထို့ပြင် အမှန်စင်စစ် ထိုမိန်းမသည် ၎င်းနှင့်ဆက်ဆံရန် စိတ်ဆုံးဖြတ်ခဲ့သည်။ အမှန်မှာ အကယ်၍သာ ၎င်း(ယူစွဖ်)သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာကို မမြင်တွေ့ခဲ့ရလျှင်* ၎င်း(ယူစွဖ်)သည်လည်း ထိုမိန်းမနှင့်ဆက်ဆံရန် ကြံရွယ်ခဲ့မည်ဖြစ်သည်။ ငါအရှင်မြတ်သည် (ရိုးရိုး)မကောင်းမှုများနှင့် စက်ဆုပ်ဖွယ်ရာအမှုကိစ္စများကို ၎င်း(ယူစွဖ်)နှင့် ကင်းဝေးစေတော်မူရန်အတွက် ဤသို့ပင် ပြုလုပ်တော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းသည် ငါအရှင်မြတ် ရွေးချယ်ထားတော်မူသော ကျွန်များထဲ၌ အပါအဝင်ဖြစ်သည်။ وَٱسۡتَبَقَا ٱلۡبَابَ وَقَدَّتۡ قَمِيصَهُۥ مِن دُبُرٍ وَأَلۡفَيَا سَيِّدَهَا لَدَا ٱلۡبَابِۚ قَالَتۡ مَا جَزَآءُ مَنۡ أَرَادَ بِأَهۡلِكَ سُوٓءًا إِلَّآ أَن يُسۡجَنَ أَوۡ عَذَابٌ أَلِيمٌ ٢٥ထို့နောက် သူတို့နှစ်ဦးသည် တံခါးပေါက်ရှိရာသို့ (ရှေ့နောက်)ပြေးခဲ့ကြသည်။ ထို့နောက် ထိုမိန်းမသည် ၎င်း၏အကင်္ျီကို နောက်မှ(လှမ်းပြီးဆွဲ)ဆုတ်ပစ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် တံခါးဝ၌ ထိုမိန်းမ၏ ခင်ပွန်းနှင့် တွေ့ရှိခဲ့သည်။ (ထိုအခါ)ထိုမိန်းမက ပြောဆိုခဲ့သည်- “အသင်၏အိမ်သူအား မကောင်းကြံသူ၏အစားပေးခြင်းမှာ အကျဉ်းချထားခံရခြင်း သို့မဟုတ် နာကျင်စေသောပြစ်ဒဏ်မှလွဲ၍ မည်သည့်ပြစ်ဒဏ်ရှိဦးမည်နည်း။“ قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٌ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٍ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ ٢٦(ထိုအခါ) ၎င်း(ယူစွဖ်)က ပြောဆိုခဲ့သည်- “သူမသည်ပင် ကျွန်ုပ်အား ကျွန်ုပ်၏အလိုမတူဘဲနှင့် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။“ ထို့နောက် ထိုမိန်းမ၏ဆွေမျိုးများထဲမှ သက်သေတစ်ဦးက သက်သေခံခဲ့သည်- “အကယ်၍ ၎င်း၏အကင်္ျီသည် ရှေ့မှစုတ်ပြဲနေခဲ့သည်ဆိုလျှင် ထိုမိန်းမသည် မှန်ကန်သူဖြစ်ပြီး ၎င်းသည် လိမ်လည်သူဖြစ်သည်။ وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٍ فَكَذَبَتۡ وَهُوَ مِنَ ٱلصَّٰدِقِينَ ٢٧ထို့ပြင် အကယ်၍ ၎င်း၏အကင်္ျီသည် နောက်မှစုတ်ပြဲနေခဲ့သည်ဆိုလျှင် ထိုမိန်းမသည် လိမ်လည်သူဖြစ်ပြီး ၎င်းသည် မှန်ကန်သူဖြစ်သည်။ فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٍ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٌ ٢٨ထို့နောက် (ထိုမိန်းမ၏ခင်ပွန်းသည်) ၎င်း(ယူစွဖ်)၏အကင်္ျီသည် နောက်မှစုတ်ပြဲနေသည်ကို တွေ့မြင်သောအခါ သူက ပြောဆိုခဲ့သည်- “ဤသည် အသင်မိန်းမတို့၏ ကောက်ကျစ်စဉ်းလဲသောဉာဏ်ပင်ဖြစ်သည်။ အမှန်ပင် အသင်မတို့၏ ကောက်ကျစ်စဉ်းလဲသောဉာဏ်သည် ကြီးမားလှသည်။“ يُوسُفُ أَعۡرِضۡ عَنۡ هَٰذَاۚ وَٱسۡتَغۡفِرِي لِذَنۢبِكِۖ إِنَّكِ كُنتِ مِنَ ٱلۡخَاطِـِٔينَ ٢٩(၎င်းနောက် သူက ဆက်လက်ပြောဆိုခဲ့သည်) “အို- ယူစွဖ်၊ အသင်သည် ဤသည်ကို ဂရုမစိုက်ဘဲ ရှောင်သွားလိုက်ပါ။ ၎င်းနောက် အသင်မသည် အသင်မ၏အပြစ်ကို လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံပါ။ အမှန်စင်စစ် အသင်မသည် အပြစ်ကျူးလွန်သူတစ်ဦးဖြစ်သည်။“ ۞ وَقَالَ نِسۡوَةٌ فِي ٱلۡمَدِينَةِ ٱمۡرَأَتُ ٱلۡعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفۡسِهِۦۖ قَدۡ شَغَفَهَا حُبًّاۖ إِنَّا لَنَرَىٰهَا فِي ضَلَٰلٍ مُّبِينٍ ٣٠ထို့ပြင် မြို့တွင်း၌ရှိကြသောအချို့မိန်းမများသည် (ဤသို့)ပြောဆိုကြသည်- “အဇီးဇ်၏ကြင်ရာသည် သူမ၏ကျွန်ကို ၎င်း၏စိတ်နှင့်ဆန့်ကျင်ပြီး (၎င်း၏ဆန္ဒမပါဘဲ)ဆွဲဆောင်နေသည်။ အမှန်စင်စစ် ထိုကျွန်သည် သူမ၏စိတ်နှလုံးကို အချစ်နှင့်ဖုံးလွှမ်းလိုက်ပြီဖြစ်သည်။ အမှန်စင်စစ် ကျွန်မတို့သည် ထိုအဇီးဇ်၏ကြင်ရာကို ထင်ရှားသော မှားယွင်းမှုထဲ၌ တွေ့မြင်ကြရသည်။ فَلَمَّا سَمِعَتۡ بِمَكۡرِهِنَّ أَرۡسَلَتۡ إِلَيۡهِنَّ وَأَعۡتَدَتۡ لَهُنَّ مُتَّكَـًٔا وَءَاتَتۡ كُلَّ وَٰحِدَةٍ مِّنۡهُنَّ سِكِّينًا وَقَالَتِ ٱخۡرُجۡ عَلَيۡهِنَّۖ فَلَمَّا رَأَيۡنَهُۥٓ أَكۡبَرۡنَهُۥ وَقَطَّعۡنَ أَيۡدِيَهُنَّ وَقُلۡنَ حَٰشَ لِلَّهِ مَا هَٰذَا بَشَرًا إِنۡ هَٰذَآ إِلَّا مَلَكٌ كَرِيمٌ ٣١ထို့နောက် ထိုအဇီးဇ်၏ကြင်ရာသည် ထို(မြို့ထဲမှ)မိန်းမများ၏ ပရိယာယ်ဉာဏ်ဆင်မှုကို* ကြားသိရသောခါ သူတို့အား (သူမ၏အိမ်၌ ဧည့်ခံကျွေးမွေးရန်)ဖိတ်ခေါ်ခဲ့သည်။ ၎င်းနောက် သူတို့အတွက် (စည်းစိမ်နှင့် ထိုင်နိုင်ရန်)မှီအုံးများကို အဆင်သင့် ပြင်ဆင်ထားခဲ့သည်။ ၎င်းနောက် ထိုမိန်းမတိုင်းကို (သစ်သီးဝလံများအား လှီးပြီးစားရန်)ဓားတစ်ချောင်းစီပေးပြီးနောက် (ယူစွဖ်အား) အသင်သည် ထိုမိန်းမများ၏ရှေ့သို့ထွက်ခဲ့ဟု ပြောဆိုခဲ့သည်။ ထို့နောက် ထိုမိန်းမများသည် ၎င်းကို တွေ့မြင်ကြသောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ဩသွားခဲ့ကြသည်။ ၎င်းနောက် သူမတို့သည် (သစ်သီးဝလံများကို လှီးမည့်အစား)သူမတို့၏လက်များကို လှီးမိကြကုန်သည်။ ၎င်းနောက် သူမတို့က အလ္လာဟ်အရှင်မြတ်ထံတော်၌ ခိုလှုံပါသည်၊ ဤသည် လူသားတစ်ဦးမဖြစ်နိုင်ပေ၊ ဤသည် မြင့်မြတ်သော ကောင်းကင်တမန်တစ်ပါးသာဖြစ်သည်ဟု ပြောဆိုကြသည်။ قَالَتۡ فَذَٰلِكُنَّ ٱلَّذِي لُمۡتُنَّنِي فِيهِۖ وَلَقَدۡ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ فَٱسۡتَعۡصَمَۖ وَلَئِن لَّمۡ يَفۡعَلۡ مَآ ءَامُرُهُۥ لَيُسۡجَنَنَّ وَلَيَكُونًا مِّنَ ٱلصَّٰغِرِينَ ٣٢အဇီးဇ်၏မိန်းမက ပြောသည်- ဤသည် ထိုသူပင်၊ အသင်မတို့သည် ကျွန်မကို ထိုသူနှင့်ပတ်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြသည်။ ၎င်းနောက် အမှန်မှာ ကျွန်မကပင် ၎င်းအား ၎င်း၏အလိုမတူဘဲ ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်လည်း ၎င်းသည် လုံးဝ အပြစ်ကင်းရှင်းစွာပင် နေခဲ့သည်။ ထို့နောက် အကယ်၍ ၎င်းသည် (အနာဂတ်တွင်) ကျွန်ုပ်အမိန့်ပေးသည်ကို မပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ၎င်းသည် အကျဉ်းချခံရမည့်အပြင် သေးသိမ်သူတစ်ဦးလည်း ဖြစ်ရလိမ့်မည်။ قَالَ رَبِّ ٱلسِّجۡنُ أَحَبُّ إِلَيَّ مِمَّا يَدۡعُونَنِيٓ إِلَيۡهِۖ وَإِلَّا تَصۡرِفۡ عَنِّي كَيۡدَهُنَّ أَصۡبُ إِلَيۡهِنَّ وَأَكُن مِّنَ ٱلۡجَٰهِلِينَ ٣٣(ထိုအခါ) ၎င်း(ယူစွဖ်)က (အရှင်မြတ်ထံတော်၌ ဤသို့) ပြောဆိုလျှောက်ထားသည်- အို- ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမများသည် ကျွန်ုပ်အား ဖိတ်ခေါ်နေသောကိစ္စ(ကို လိုက်နာခြင်းထက်) ကျွန်ုပ်အတွက် အကျဉ်းထောင်သည် ပိုပြီး နှစ်သက်ဖွယ်ရာဖြစ်ပါသည်။ ထို့ပြင် အကယ်၍ အရှင်မြတ်သည် ထိုမိန်းမများ၏ပရိယာယ်ကို ကျွန်ုပ်ထံမှ ဖမ်ရှားပေးတော်မမူခဲ့ပါလျှင် (ကျွန်ုပ်ကို ကာကွယ်မှုပြုပေးတော်မမူခဲ့ပါလျှင်) ကျွန်ုပ်သည် သူတို့ဘက်သို့ ယိမ်းယိုင်သွားမိလိမ့်မည်။ ၎င်းနောက် ကျွန်ုပ်သည် မသိမိုက်မဲသူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်သွားရပါလိမ့်မည်။ فَٱسۡتَجَابَ لَهُۥ رَبُّهُۥ فَصَرَفَ عَنۡهُ كَيۡدَهُنَّۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٣٤ထို့နောက် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ၎င်း၏လျှောက်ထာချက်ကို လက်ခံပြီး ထိုမိန်းမများ၏ပရိယာယ်ကို ၎င်းထံမှ ဖယ်ရှားပေးတော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ ثُمَّ بَدَا لَهُم مِّنۢ بَعۡدِ مَا رَأَوُاْ ٱلۡأٓيَٰتِ لَيَسۡجُنُنَّهُۥ حَتَّىٰ حِينٍ ٣٥ထို့နောက် သူတို့သည် (အပြစ်မရှိကြောင်း) သက်သေအထောက်အထားများကို တွေ့မြင်ကြပြီးနောက် သူတို့သည် ၎င်းအား အချိန်အနည်းငယ် အကျဉ်းချထားရန် သင့်တော်မည်ဟု အတွေးပေါ်လာခဲ့ကြသည်။ وَدَخَلَ مَعَهُ ٱلسِّجۡنَ فَتَيَانِۖ قَالَ أَحَدُهُمَآ إِنِّيٓ أَرَىٰنِيٓ أَعۡصِرُ خَمۡرًاۖ وَقَالَ ٱلۡأٓخَرُ إِنِّيٓ أَرَىٰنِيٓ أَحۡمِلُ فَوۡقَ رَأۡسِي خُبۡزًا تَأۡكُلُ ٱلطَّيۡرُ مِنۡهُۖ نَبِّئۡنَا بِتَأۡوِيلِهِۦٓۖ إِنَّا نَرَىٰكَ مِنَ ٱلۡمُحۡسِنِينَ ٣٦ထို့ပြင် ၎င်းနှင့်အတူ လူငယ်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးကပြောပြသည်- “အမှန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်ထဲ၌) ကျွန်ုပ်ကိုယ်ကျွန်ုပ် စပျစ်ရည်ညှစ်နေသည်ကို တွေ့မြင်ရသည်။“ ၎င်းနောက် အခြားသူတစ်ဦးက ပြောသည်- “အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ကို(အိပ်မက်ထဲ၌) ကျွန်ုပ်သည် ကျွန်ုပ်၏ဦးခေါင်းပေါ်၌ မုန့်(ဗန်း)အား ရွက်ထားသောအခါ ငှက်များသည် ထိုမုန့်များထဲမှ (နှုတ်သီးဖြင့်ထိုးပြီး)စားနေကြသည်ကို တွေ့မြင်ရပါသည်။ ထိုအိပ်မက်၏အတိတ်ကို ကျွန်ုပ်တို့အား ပြောပြပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ကောင်းကျိုးဆောင်ရွက်သောသူများထဲမှ ဖြစ်သည်ဟု ထင်မြင်ကြပါသည်။“ قَالَ لَا يَأۡتِيكُمَا طَعَامٌ تُرۡزَقَانِهِۦٓ إِلَّا نَبَّأۡتُكُمَا بِتَأۡوِيلِهِۦ قَبۡلَ أَن يَأۡتِيَكُمَاۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّيٓۚ إِنِّي تَرَكۡتُ مِلَّةَ قَوۡمٍ لَّا يُؤۡمِنُونَ بِٱللَّهِ وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ ٣٧၎င်း(ယူစွဖ်)ကပြောသည်- အသင်တို့နှစ်ဦး ကျွေးမွေးခြင်းခံကြရသော အစားအစာသည် အသင်တို့နှစ်ဦးထံသို့ ရောက်မလာမီပင် ကျွန်ုပ်သည် အသင်တို့အား ထိုအိပ်မက်၏အတိတ်ကို ပြောပြမည်။ ဤသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ကျွန်ုပ်ကို သင်ကြားပေးတော်မူခဲ့သော ပညာများထဲမှဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်သည် (ယခင်ကတည်းက) အကြင်သူတို့၏သာသနာကို စွန့်ထားခဲ့ပြီဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း မယုံကြည်ကြသည့်အပြင် တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင်ဖြစ်ကြသည်။ وَٱتَّبَعۡتُ مِلَّةَ ءَابَآءِيٓ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَۚ مَا كَانَ لَنَآ أَن نُّشۡرِكَ بِٱللَّهِ مِن شَيۡءٍۚ ذَٰلِكَ مِن فَضۡلِ ٱللَّهِ عَلَيۡنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ ٣٨ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်၏ဘေးတော်၊ ဘိုးတော်နှင့် အဘများဖြစ်ကြသော (တမန်တော်)အိဗ်ရာဟီမ်၊ (တမန်တော်)အစ္စဟာက်၊ (တမန်တော်)ယအ်ကူဗ်တို့၏သာသနာကိုပင် လိုက်နာခဲ့သည်။ ကျွန်ုပ်တို့အတွက် မည်သည့်အရာကိုမှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်(ကိုးကွယ်)ရန် မထိုက်ပေ။ ဤသည် ကျွန်ုပ်တို့နှင့် လူအားလုံးအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်တစ်ခုဖြစ်သည်။ သို့ရာတွင် လူများထဲမှ အများစုသည် ကျေးဇူးတော်ကို မသိတတ်ကြပေ။ يَٰصَٰحِبَيِ ٱلسِّجۡنِ ءَأَرۡبَابٌ مُّتَفَرِّقُونَ خَيۡرٌ أَمِ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ ٣٩အို- ထောက်ကျဖော်ကျဖက်မိတ်ဆွေနှစ်ဦး၊ အကွဲကွဲအပြားပြား ကိုးကွယ်ရာများသည် ပို၍ကောင်းပါသလော၊ သို့မဟုတ် ဖန်ဆင်းခံအားလုံးအပေါ်တွင် လွှမ်းမိုးထားတော်မူသော တစ်ပါးတည်းသောအရှင်ဖြစ်သော အလ္လာဟ်အရှင်မြတ်သည် ပိုကောင်းတော်မူပါသလော။ مَا تَعۡبُدُونَ مِن دُونِهِۦٓ إِلَّآ أَسۡمَآءً سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِ أَمَرَ أَلَّا تَعۡبُدُوٓاْ إِلَّآ إِيَّاهُۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٤٠အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့၏ အဘ၊ ဘိုး၊ ဘေးများနှင့် အသင်တို့ကိုယ်တိုင် အမည်မှည့်ခေါ်ထားသောအရာများကိုသာ ကိုးကွယ်နေကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများနှင့်ပတ်သက်၍ မည်သည့်သက်သေ အထောက်အထားမျှ ချပေးတော်မမူခဲ့ပေ။ အမိန့်အာဏာကို အရှင်မြတ်သာ စိုးပိုင်သည်။ အရှင်မြတ်က အသင်တို့သည် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကိုးကွယ်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ချမှတ်တော်မူသည်။ ဤသည် ဖြောင့်မတ်မှန်ကန်သော သာသနာတော်ပင်ဖြစ်သည်။ သို့ရာတွင် လူအမြောက်အမြားသည် မသိနားမလည်ကြပေ။ يَٰصَٰحِبَيِ ٱلسِّجۡنِ أَمَّآ أَحَدُكُمَا فَيَسۡقِي رَبَّهُۥ خَمۡرًاۖ وَأَمَّا ٱلۡأٓخَرُ فَيُصۡلَبُ فَتَأۡكُلُ ٱلطَّيۡرُ مِن رَّأۡسِهِۦۚ قُضِيَ ٱلۡأَمۡرُ ٱلَّذِي فِيهِ تَسۡتَفۡتِيَانِ ٤١အို- ထောင်ကျဖော်ကျဖက်မိတ်ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်စေ၊ အသင်တို့နှစ်ဦးထဲမှ တစ်ဦးကမူ သူ၏သခင်အား (ယခင်ကဲ့သို့ပင်) အရက်တိုက်ကျွေးရမည်။ ထို့ပြင် နောက်တစ်ဦးကမူ ကားစင်တင်ခံရ၍ ငှက်များသည် ဦးခေါင်းကို(နှုတ်သီးနှင့်ထိုး၍)စားကြလိမ့်မည်။ အသင်တို့နှစ်ဦးမေးမြန်းသောကိစ္စသည် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ وَقَالَ لِلَّذِي ظَنَّ أَنَّهُۥ نَاجٍ مِّنۡهُمَا ٱذۡكُرۡنِي عِندَ رَبِّكَ فَأَنسَىٰهُ ٱلشَّيۡطَٰنُ ذِكۡرَ رَبِّهِۦ فَلَبِثَ فِي ٱلسِّجۡنِ بِضۡعَ سِنِينَ ٤٢ထို့ပြင် သူသည် ထိုနှစ်ဦးထဲမှ လွတ်မြောက်မည့်သူအဖြစ်ယုံကြည်သောသူကို “အသင်သည် အသင်၏သခင်(ဖြစ်သော ဘုရင်၏)ထံ၌ ကျွန်ုပ်၏အကြောင်းကို ပြောပြလိုက်ပါ“ဟု ပြောဆိုခဲ့သည်။ ထို့နောက် ရှိုင်သွာန်သည် ထိုသူအား သူ၏သခင်ရှေ့၌ ၎င်း(ယူစွဖ်)၏အကြောင်းကို ပြောပြရန် မေ့လျော့စေခဲ့သည့်အတွက် ၎င်း(ယူစွဖ်)သည် အကျဉ်းထောင်ထဲ၌ နှစ်အတန်ကြာသည်ထိ နေထိုင်ခဲ့ရသည်။ وَقَالَ ٱلۡمَلِكُ إِنِّيٓ أَرَىٰ سَبۡعَ بَقَرَٰتٍ سِمَانٍ يَأۡكُلُهُنَّ سَبۡعٌ عِجَافٌ وَسَبۡعَ سُنۢبُلَٰتٍ خُضۡرٍ وَأُخَرَ يَابِسَٰتٍۖ يَٰٓأَيُّهَا ٱلۡمَلَأُ أَفۡتُونِي فِي رُءۡيَٰيَ إِن كُنتُمۡ لِلرُّءۡيَا تَعۡبُرُونَ ٤٣ထို့နောက် ဘုရင်က အမှန်စင်စစ် ငါသည် အိပ်မက်ထဲ၌ ဝဖြိုးသောနွားမခုနစ်ကောင်ကို ပိန်လှီသောနွားမခုနစ်ကောင်တို့က စားနေကြသည်ကိုမြင်မက်ခဲ့သည်၊ ၎င်းပြင် စိမ်းစိုသော စပါးခုနစ်နှံနှင့် အခြားခြောက်သွေ့သော စပါးခုနစ်နှံကိုလည်း မြင်မက်ခဲ့သည်။ အို- မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်၏အတိတ်ကို ပြောပြတတ်လျှင် ငါ့အိပ်မက်၏အတိတ်ကို ငါ့အား ပြောပြကြပါဟု ပြောဆိုခဲ့သည်။ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمٍۖ وَمَا نَحۡنُ بِتَأۡوِيلِ ٱلۡأَحۡلَٰمِ بِعَٰلِمِينَ ٤٤၎င်း(မှူးကြီးမတ်ရာ)တို့က လျှောက်ထားကြသည်- (ဤသည်)အတိတ်ကောက်၍မရသော ကယောက်ကယက်မြင်မက်သည့် အိပ်မက်သာဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အတိတ်ကောက်၍မရသော ကယောက်ကယက်မြင်မက်သည့် အိပ်မက်များ၏အတိတ်ကို သိနားလည်သူများ မဟုတ်ကြပေ။ وَقَالَ ٱلَّذِي نَجَا مِنۡهُمَا وَٱدَّكَرَ بَعۡدَ أُمَّةٍ أَنَا۠ أُنَبِّئُكُم بِتَأۡوِيلِهِۦ فَأَرۡسِلُونِ ٤٥၎င်းနောက် ထို(ထောင်ကျခဲ့သော လူငယ်)နှစ်ဦးထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သောလူငယ်သည် ကာလအတန်ကြာပြီးနောက်မှ သတိရလာပြီး (ဘုရင်အား)လျှောက်ထားသည်- ကျွန်ုပ်သည် ထိုအိပ်မက်၏အတိတ်ကို ပြောပြပါမည်။ သို့ဖြစ်ရာ (ဘုရင်ကြီးသည်) ကျွန်ုပ်အား စေလွှတ်လိုက်ပါ။ يُوسُفُ أَيُّهَا ٱلصِّدِّيقُ أَفۡتِنَا فِي سَبۡعِ بَقَرَٰتٍ سِمَانٍ يَأۡكُلُهُنَّ سَبۡعٌ عِجَافٌ وَسَبۡعِ سُنۢبُلَٰتٍ خُضۡرٍ وَأُخَرَ يَابِسَٰتٍ لَّعَلِّيٓ أَرۡجِعُ إِلَى ٱلنَّاسِ لَعَلَّهُمۡ يَعۡلَمُونَ ٤٦(ထောင်သို့ရောက်သောအခါ တမန်တော်ယူစွဖ်ကို ဤသို့ပြောဆိုသည်) အို- ယူစွဖ်၊ အို- အလွန်မှန်ကန်သောသူ၊ အသင်သည် ကျွန်ုပ်တို့အား (ဤအိပ်မက်၏အတိတ်ကို)ပြောပြပါ- (ထိုအိပ်မက်မှာ ဤသို့ဖြစ်သည်) “ဝဖြိုးသောနွားမခုနစ်ကောင်အား ပိန်လှီသောနွားမခုနစ်ကောင်က စားနေသည်။ ၎င်းပြင် စိမ်းစိုသော စပါးနှံခုနစ်နှံနှင့် ခြောက်သွေ့သော စပါးနှံခုနစ်နှံဖြစ်သည်။“ ၎င်း(၏အတိတ်ကို အသင်ပြောပြ)မှသာ ကျွန်ုပ်သည် လူများထံသို့ ပြန်(ပြောပြ)နိုင်၍ လူများလည်း သိနားလည်နိုင်မည်ဖြစ်သည်။ قَالَ تَزۡرَعُونَ سَبۡعَ سِنِينَ دَأَبًا فَمَا حَصَدتُّمۡ فَذَرُوهُ فِي سُنۢبُلِهِۦٓ إِلَّا قَلِيلًا مِّمَّا تَأۡكُلُونَ ٤٧၎င်းသည် (အိပ်မက်၏အတိတ်ကို ဤသို့)ပြောပြသည်။ “အသင်တို့သည် (အသင်တို့၏လယ်ယာများကို စိုက်ပျိုးနေကြအတိုင်း) ခုနှစ်ဆက်တိုက် စိုက်ပျိုးကြပါ။ ထို့နောက် အသင်တို့သည် အသင်တို့ ရိတ်သိမ်းသော ကောက်လှိုင်းများထဲမှ အသင်တို့စားသုံးမည့် အနည်းငယ်မှလွဲ၍ ကျန်ရှိသောကောက်လှိုင်းများကို ကောက်လှိုင်းအတိုင်းပင် ထားရှိကြပါ။ (စပါးနှံများကို မချွေချဘဲ စပါးပင်များ၌ တွဲလျက်ထားလိုက်ကြပါ)။ ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ سَبۡعٌ شِدَادٌ يَأۡكُلۡنَ مَا قَدَّمۡتُمۡ لَهُنَّ إِلَّا قَلِيلًا مِّمَّا تُحۡصِنُونَ ٤٨ထို့နောက် (ကပ်ဆိုက်မည့်)ပြင်းထန်သောခုနစ်နှစ်သည် ဆိုက်ရောက်လာလိမ့်မည်။ ထိုခုနစ်နှစ်ကာလသည် အသင်တို့ (ပြန်လည်စိုက်ပျိုးရန် မျိုးစေ့အတွက်) သိမ်းထားကြသော အနည်းငယ်မှလွဲ၍ အသင်တို့ ကြိုတင်စုဆောင်းထားသည်များကို စားသုံးရလိမ့်မည်။ ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ عَامٌ فِيهِ يُغَاثُ ٱلنَّاسُ وَفِيهِ يَعۡصِرُونَ ٤٩ထိုကပ်ဆိုက်မည့် ခုနစ်နှစ်ပြီးနောက် တစ်ဖန် နောက်တစ်နှစ်ရောက်လာလျှင် ထိုနှစ်တွင် လူများသည် မိုးရွာသွန်းစေခြင်းကို ခံကြရမည့်အပြင် ထိုနှစ်၌ လူများသည် (စပျစ်)ရည်များကိုလည်း ညှစ်ကြမည်ဖြစ်သည်။ وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرۡجِعۡ إِلَىٰ رَبِّكَ فَسۡـَٔلۡهُ مَا بَالُ ٱلنِّسۡوَةِ ٱلَّٰتِي قَطَّعۡنَ أَيۡدِيَهُنَّۚ إِنَّ رَبِّي بِكَيۡدِهِنَّ عَلِيمٌ ٥٠ထို့နောက် ဘုရင်က ပြောဆိုမိန့်ကြားသည်- “အသင်တို့သည် ၎င်း(ယူစွဖ်)ကို ငါ့ထံသို့ ခေါ်လာခဲ့ကြပါ။“ ထို့နောက် စေတမန်သည် ၎င်း(ယူစွဖ်)ထံသို့ ရောက်လာသောအခါ ၎င်းက သူ(စေတမန်)အား အသင်သည် အသင်၏သခင်ထံသို့ ပြန်သွားပါ။ ၎င်းနောက် အသင်သည် ထိုဘုရင်ကို “သူမတို့လက်များအား လှီးဖြတ်ခဲ့ကြသော အမျိုးသမီးများ၏အခြေအနေသည် မည်သို့ပါနည်း“ဟု လျှောက်ထားမေးမြန်းပါ။* အမှန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထိုအမျိုးသမီးများ၏ ပရိယာယ်ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ قَالَ مَا خَطۡبُكُنَّ إِذۡ رَٰوَدتُّنَّ يُوسُفَ عَن نَّفۡسِهِۦۚ قُلۡنَ حَٰشَ لِلَّهِ مَا عَلِمۡنَا عَلَيۡهِ مِن سُوٓءٍۚ قَالَتِ ٱمۡرَأَتُ ٱلۡعَزِيزِ ٱلۡـَٰٔنَ حَصۡحَصَ ٱلۡحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ ٥١ဘုရင်သည် (ထိုမိန်းမများအား) အသင်မတို့သည် ယူစွဖ်အား ၎င်း၏အလိုဆန္ဒမပါဘဲ ဆွဲဆောင်သောအခါ အသင်မတို့၏အဖြစ်မှန်သည် မည်သို့ရှိခဲ့ကြသနည်းဟု မေးမြန်းသည်။ ထိုမိန်းမများက ဖြေကြားကြသည်- အလ္လာဟ်အရှင်မြတ်ထံတော်၌ ခိုလှုံပါသည်။ ကျွန်မတို့သည် ၎င်း(ယူစွဖ်)အပေါ်၌ မည်သည့်မကောင်းမှုမှ မသိရှိခဲ့ကြပါ။“ အဇီးဇ်၏ဇနီးကလည်း လျှောက်ထားခဲ့သည်- “ယခုမူ အမှန်သည် ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။ ကျွန်မကပင် ၎င်း(ယူစွဖ်)အား ၎င်း၏စိတ်အလိုဆန္ဒမပါဘဲ ဆွဲဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် မှန်ကန်သောသူများထဲမှ တစ်ဦးဖြစ်ပါသည်။ ذَٰلِكَ لِيَعۡلَمَ أَنِّي لَمۡ أَخُنۡهُ بِٱلۡغَيۡبِ وَأَنَّ ٱللَّهَ لَا يَهۡدِي كَيۡدَ ٱلۡخَآئِنِينَ ٥٢ဤ(သို့ အပြစ်ကင်းကြောင်း ထင်ရှားအောင်လုပ်ရခြင်း)မှာမူ ထိုအဇီးဇ်သည် သူ၏နောက်ကွယ်ရာ၌ သူ့အား ကျွန်ုပ်သည် အမှန်ပင် သစ္စာမဖောက်ခဲ့ကြောင်း၊ ၎င်းနောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သောသူများ၏ အကြံအစည်ကို (အောင်မြင်ရန်) လမ်းမှန်ညွှန်ကြားပြသတော်မမူကြောင်းကို သိရှိနားလည်ရန်အတွက်ဖြစ်သည်။
۞ وَمَآ أُبَرِّئُ نَفۡسِيٓۚ إِنَّ ٱلنَّفۡسَ لَأَمَّارَةُۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّيٓۚ إِنَّ رَبِّي غَفُورٌ رَّحِيمٌ ٥٣ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ကို အပြစ်ကင်းပါသည်ဟု မဆိုလိုပေ။ အမှန်စင်စစ် စိတ်နှလုံးများသည် မကောင်းမှုကို လွန်စွာ အမိန့်ပေး တိုက်တွန်းလေ့ရှိကြသည်။ သို့ရာတွင် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သနားကရုဏာပြုတော်မူသော (စိတ်နှလုံးများသာ အပြစ်ကင်းနိုင်သည်)။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦٓ أَسۡتَخۡلِصۡهُ لِنَفۡسِيۖ فَلَمَّا كَلَّمَهُۥ قَالَ إِنَّكَ ٱلۡيَوۡمَ لَدَيۡنَا مَكِينٌ أَمِينٌ ٥٤ထို့ပြင် ဘုရင်က ပြောသည်- အသင်တို့သည် ၎င်း(ယူစွဖ်)ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြပါ၊ ငါသည် ၎င်းအား ငါ့အတွက် ရွေးချယ်လိုက်မည်။ ထို့နောက် ၎င်းသည် ဘုရင်နှင့် စကားပြောဆိုသောအခါ၊ ထိုဘုရင်က ၎င်းအား အသင်သည် ဤနေ့မှစပြီး ကျွန်ုပ်ထံ၌ အဆင့်အတန်း ကြီးကျယ်မြင့်မြတ်သောသူ၊ ယုံကြည်စိတ်ချရသူ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ قَالَ ٱجۡعَلۡنِي عَلَىٰ خَزَآئِنِ ٱلۡأَرۡضِۖ إِنِّي حَفِيظٌ عَلِيمٌ ٥٥၎င်း(ယူစွဖ်)က ပြောဆိုသည်- အသင်သည် ကျွန်ုပ်ကို တိုင်းပြည်၏ ဘဏ္ဍာရေးမှူးအဖြစ် ခန့်အပ်လိုက်ပါ။ အမှန်စင်စစ် ကျွန်ုပ်သည် ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့် ပြည့်စုံသူပင်ဖြစ်သည်။ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ يَتَبَوَّأُ مِنۡهَا حَيۡثُ يَشَآءُۚ نُصِيبُ بِرَحۡمَتِنَا مَن نَّشَآءُۖ وَلَا نُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ٥٦ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် ယူစွဖ်အား ထိုတိုင်းပြည်တွင် ၎င်းနေထိုင်လိုသောနေရာ၌ နေထိုင်ရန် အာဏာကို ပေးသနားတော်မူခဲ့သည်။* ငါအရှင်မြတ်သည် ငါအရှင်မြတ်အလိုရှိတော်မူသောသူအပေါ်တွင် ငါအရှင်မြတ်၏ကရုဏာ သက်ရောက်စေတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ကောင်းကျိုးဆောင်ရွက်သူများ၏အကျိုးကို အကျိုးမဲ့ဖြစ်စေတော်မမူပေ။ وَلَأَجۡرُ ٱلۡأٓخِرَةِ خَيۡرٌ لِّلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ ٥٧ထို့ပြင် အီမာန်ယုံကြည်ပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်နေခဲ့ကြသောသူများအတွက် တမလွန်ဘဝ၏အကျိုးရလဒ်သည် အမှန်စင်စစ် အကောင်းဆုံးဖြစ်သည်။ وَجَآءَ إِخۡوَةُ يُوسُفَ فَدَخَلُواْ عَلَيۡهِ فَعَرَفَهُمۡ وَهُمۡ لَهُۥ مُنكِرُونَ ٥٨ထို့နောက် ယူစွဖ်၏အစ်ကိုများသည် (အီဂျစ်သို့)ရောက်လာခဲ့ကြပြီး ၎င်း၏ထံသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့သည် ၎င်းအား မမှတ်မိကြဘဲလျက်* ၎င်းကမူ သူတို့အား မှတ်မိခဲ့သည်။ وَلَمَّا جَهَّزَهُم بِجَهَازِهِمۡ قَالَ ٱئۡتُونِي بِأَخٍ لَّكُم مِّنۡ أَبِيكُمۡۚ أَلَا تَرَوۡنَ أَنِّيٓ أُوفِي ٱلۡكَيۡلَ وَأَنَا۠ خَيۡرُ ٱلۡمُنزِلِينَ ٥٩ထို့နောက် ၎င်းသည် သူတို့၏(ရိက္ခများ)ကို အဆင်သင့်ဖြစ်အောင် စီစဉ်ပေးပြီးသွားသောအခါ၌ ပြောဆိုသည်- အသင်တို့သည် အသင်တို့၏ဖခင်ဘက်မှ သားဖြစ်သော အသင်တို့၏ညီအား ကျွန်ုပ်ထံသို့ ခေါ်ခဲ့ပါ။ အသင်တို့ မမြင်သလော၊ အမှန်ပင် ကျွန်ုပ်သည် (စားနပ်ရိက္ခာများကို) ပြည့်ဝစွာ ခြင်တွယ်ပြီးပေးခဲ့သည်။ ၎င်းနောက် ကျွန်ုပ်သည် အကောင်းဆုံး ဧည့်ခံသူတစ်ဦးဖြစ်သည်။ فَإِن لَّمۡ تَأۡتُونِي بِهِۦ فَلَا كَيۡلَ لَكُمۡ عِندِي وَلَا تَقۡرَبُونِ ٦٠သို့ဖြစ်ရာ အကယ်၍ အသင်တို့သည် ထိုညီကို ကျွန်ုပ်ထံသို့ ခေါ်ဆောင်မလာလျှင် အသင်တို့အတွက် ကျွန်ုပ်ထံ၌ ခြင်တွယ်ပေးခြင်းသည်လည်း ရှိမည်မဟုတ်တော့ပေ။ ၎င်းနောက် အသင်တို့သည် ကျွန်ုပ်ထံသို့လည်း မချဉ်းကပ်ကြတော့နှင့်။ قَالُواْ سَنُرَٰوِدُ عَنۡهُ أَبَاهُ وَإِنَّا لَفَٰعِلُونَ ٦١သူတို့က ပြောဆိုကြသည်- မကြာမီ ကျွန်ုပ်တို့သည် ထိုညီကို သူ၏ဖခင်ထံ၌ (အတတ်နိုင်ဆုံး ကြိုးစား)တောင်ခံကြပါမည်။ ကျွန်ုပ်တို့သည် အမှန်မုချ (ထိုအတိုင်းပင်) ပြုလုပ်ကြပါမည်။ وَقَالَ لِفِتۡيَٰنِهِ ٱجۡعَلُواْ بِضَٰعَتَهُمۡ فِي رِحَالِهِمۡ لَعَلَّهُمۡ يَعۡرِفُونَهَآ إِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمۡ لَعَلَّهُمۡ يَرۡجِعُونَ ٦٢ထို့ပြင် ၎င်း(ယူစွဖ်)က ၎င်း၏အစေခံများအား ပြောဆိုခဲ့သည်- အသင်တို့သည် သူတို့(အရင်းအနှီးပြုလုပ်သော)ပစ္စည်းကို သူတို့၏ခရီးဆောင်အိတ်များထဲ၌ (လျှို့ဝှက်စွာ)ထားလိုက်ကြပါ။ သို့မှသာ သူတို့သည် ထို(အရင်းအနှီးပြုလုပ်သော) သူတို့၏ပစ္စည်းအား အိမ်သူအိမ်သားများထံ ပြန်ရောက်သောအခါ မှတ်မိကြမည်ဖြစ်သည်။ သို့မှသာ သူတို့သည် ပြန်လာနိုင်ကြလိမ့်မည်။ فَلَمَّا رَجَعُوٓاْ إِلَىٰٓ أَبِيهِمۡ قَالُواْ يَٰٓأَبَانَا مُنِعَ مِنَّا ٱلۡكَيۡلُ فَأَرۡسِلۡ مَعَنَآ أَخَانَا نَكۡتَلۡ وَإِنَّا لَهُۥ لَحَٰفِظُونَ ٦٣ထို့နောက် သူတို့သည် သူတို့၏ဖခင်ထံသို့ ပြန်ရောက်ကြသောအခါ ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ ရိက္ခာသည် ကျွန်ုပ်တို့ထံမှ ပိတ်ခြင်းခံလိုက်ရပြီဖြစ်ပါသည်။ သို့ဖြစ်ရာ ဖခင်သည် ကျွန်ုပ်တို့နှင့်အတူ ကျွန်ုပ်တို့၏ညီကို စေလွှတ်ပေးပါ။ ကျွန်ုပ်တို့သည် (ရိက္ခာကို ထပ်မံ)ခြင်တွယ်ပြီး ယူခဲ့ကြပါမည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီငယ်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မည့်သူများဖြစ်ကြပါသည်။ قَالَ هَلۡ ءَامَنُكُمۡ عَلَيۡهِ إِلَّا كَمَآ أَمِنتُكُمۡ عَلَىٰٓ أَخِيهِ مِن قَبۡلُ فَٱللَّهُ خَيۡرٌ حَٰفِظًاۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ ٦٤၎င်း(ဖခင်)က ပြောဆိုသည်- ငါသည် အသင်တို့အပေါ်တွင် ဤညီနှင့်ပတ်သက်၍ ယခင်က သူ၏အစ်ကို(ယူစွဖ်)ကို ယုံကြည်စိတ်ချရသကဲ့သို့ ယုံကြည်စိတ်ချရမည်လော။ (ကောင်းပြီး)၊ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်၊ ၎င်းနောက် သနားကြင်နာသူများထဲတွင် အသနားကြင်နာဆုံးသောအရှင် ဖြစ်တော်မူသည်။ وَلَمَّا فَتَحُواْ مَتَٰعَهُمۡ وَجَدُواْ بِضَٰعَتَهُمۡ رُدَّتۡ إِلَيۡهِمۡۖ قَالُواْ يَٰٓأَبَانَا مَا نَبۡغِيۖ هَٰذِهِۦ بِضَٰعَتُنَا رُدَّتۡ إِلَيۡنَاۖ وَنَمِيرُ أَهۡلَنَا وَنَحۡفَظُ أَخَانَا وَنَزۡدَادُ كَيۡلَ بَعِيرٍۖ ذَٰلِكَ كَيۡلٌ يَسِيرٌ ٦٥ထို့နောက် သူတို့သည် သူတို့၏ပစ္စည်းများအား ဖွင့်လိုက်ကြသောအခါ သူတို့၏အရင်းပစ္စည်းများအား ပြန်ထည့်ပေးလိုက်သည်ကို တွေ့ရှိခဲ့ကြသည်။ သူတို့က ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ ကျွန်ုပ်တို့သည် မည်သည့်အရာကို အလိုရှိပါသနည်း၊ ဤသည် ကျွန်ုပ်တို့၏အရင်းပစ္စည်းပင် ဖြစ်ပါသည်။ ထိုအရင်းကိုလည်း ကျွန်ုပ်တို့အား ပြန်ပေးထားပြီးဖြစ်သည်။ ၎င်းနောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အိမ်သားများအတွက် (ထပ်ပြီး)စားနပ်ရိက္ခာများ ယူဆောင်လာကြပါမည်။ ၎င်းနောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ညီငယ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြပါမည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကုလားအုတ်တစ်စီးစာ(ရိက္ခာ)ကိုလည်း ပိုယူလာကြပါမည်။ ဤသည် အလွယ်တကူ ရရှိမည့်ရိက္ခာပင် ဖြစ်ပါသည်။ قَالَ لَنۡ أُرۡسِلَهُۥ مَعَكُمۡ حَتَّىٰ تُؤۡتُونِ مَوۡثِقًا مِّنَ ٱللَّهِ لَتَأۡتُنَّنِي بِهِۦٓ إِلَّآ أَن يُحَاطَ بِكُمۡۖ فَلَمَّآ ءَاتَوۡهُ مَوۡثِقَهُمۡ قَالَ ٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ ٦٦၎င်း(ဖခင်)က ပြောဆိုသည်- အသင်တို့သည် ငါ့ကို အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အသင်တို့ကိုယ်တိုင်(ဒုက္ခရောက်)ဝိုင်းဝန်းခြင်းကို ခံကြရသည်မှလွဲပြီး ထိုညီကို ငါ့ထံ(ပြန်ခေါ်)ယူခဲ့ကြပါမည်ဟု အာမခံမှုမပြုသမျှ ငါသည် ထိုညီကို အသင်တို့နှင့်အတူ လုံးဝစေလွှတ်မည် မဟုတ်ပေ။ ထို့နောက် သူတို့သည် ဖခင်အား သူတို့၏အာမခံချက်များကို ပေးခဲ့ကြသောအခါ ဖခင်က ပြောဆိုသည်- အလ္လာဟ်အရှင်မြတ်သည် ငါတို့ ပြောဆိုသည်များနှင့်ပတ်သက်၍ အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَقَالَ يَٰبَنِيَّ لَا تَدۡخُلُواْ مِنۢ بَابٍ وَٰحِدٍ وَٱدۡخُلُواْ مِنۡ أَبۡوَٰبٍ مُّتَفَرِّقَةٍۖ وَمَآ أُغۡنِي عَنكُم مِّنَ ٱللَّهِ مِن شَيۡءٍۖ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ عَلَيۡهِ تَوَكَّلۡتُۖ وَعَلَيۡهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ ٦٧ထို့ပြင် ၎င်း(ဖခင်)က ပြောဆိုသည်-အို- ငါ့သားတို့၊ အသင်တို့သည် (အီဂျစ်၏မြို့တော်သို့ ဝင်ကြသောအခါ) တံခါးပေါက်တစ်ပေါက်ထဲမှ မဝင်ကြနှင့်။ ၎င်းနောက် အသင်တို့သည် တံခါးပေါက် သီးခြားစီမှ ဝင်ကြပါ။* ထို့ပြင် ငါ(၏အကြံ)သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်(၏ အလိုတော်)နှင့် ဆန့်ကျင်ပြီး အနည်းငယ်မှ အသုံးဝင်မည် မဟုတ်ပေ။ အမိန့်အာဏာသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ထံ၌မှ မရှိပေ။ ငါသည် ထိုအရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်လိုက်ပြီးဖြစ်သည်။ ထို့ပြင် ယုံပုံလွှဲအပ်သူများသည် ထိုအရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ထိုက်သည်။ وَلَمَّا دَخَلُواْ مِنۡ حَيۡثُ أَمَرَهُمۡ أَبُوهُم مَّا كَانَ يُغۡنِي عَنۡهُم مِّنَ ٱللَّهِ مِن شَيۡءٍ إِلَّا حَاجَةً فِي نَفۡسِ يَعۡقُوبَ قَضَىٰهَاۚ وَإِنَّهُۥ لَذُو عِلۡمٍ لِّمَا عَلَّمۡنَٰهُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٦٨ထို့နောက် သူတို့သည် (အီဂျစ်၏မြို့တော်သို့) သူတို့အား သူတို့၏ဖခင် မှာကြားခဲ့သည့်နည်းလမ်းအတိုင်း ဝင်ရောက်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မည်သည့်အရာမျှ အသုံးမဝင်ခဲ့ပေ။ သို့ရာတွင် ထိုသူ(ဖခင်၏)အကြံပေးချက်သည် သူ၏စိတ်ထဲ၌ အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို သူက ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် သူသည် ငါအရှင်မြတ်က သူ့အား ပညာသင်ပေးတော်မူခဲ့သည့်အတွက် ပညာရှင်တစ်ဦး*အမှန်ပင် ဖြစ်ခဲ့သည်။ သို့ရာတွင် လူများထဲမှ အများစုသည် မသိနားမလည်ကြပေ။ وَلَمَّا دَخَلُواْ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيۡهِ أَخَاهُۖ قَالَ إِنِّيٓ أَنَا۠ أَخُوكَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَعۡمَلُونَ ٦٩ထို့နောက် သူတို့သည် ၎င်း(ယူစွဖ်)ထံသို့ ဝင်ရောက်ခဲ့ကြသောအခါ ၎င်းသည် ၎င်း၏ညီငယ်အား ၎င်း၏ထံ၌ နေရာထိုင်ခင်းပေးခဲ့သည်။ (ထို့နောက်)၎င်းက အမှန်စင်စစ် ငါသည် အသင်၏အစ်ကို (ယူစွဖ်)ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့ပြုလုပ်ခဲ့ကြသော ကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်ဒုက္ခ မဖြစ်ပါနှင့်ဟု ပြောဆိုခဲ့သည်။ فَلَمَّا جَهَّزَهُم بِجَهَازِهِمۡ جَعَلَ ٱلسِّقَايَةَ فِي رَحۡلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا ٱلۡعِيرُ إِنَّكُمۡ لَسَٰرِقُونَ ٧٠ထို့နောက် သူ(ယူစွဖ်)သည် သူတို့အတွက် အစီအစဉ်များကို အဆင်သင့်ဖြစ်အောင် စီမံပေးခဲ့ပြီးသောအခါ (ရွှေ/ငွေနှင့်ပြုလုပ်ထားသော ခြင်တွယ်၍လည်းရသော)သောက်ရေခွက်ကို ၎င်း၏ညီ၏ခရီးဆောင်ပစ္စည်းထဲ၌ ထည့်လိုက်သည်။ ၎င်းနောက် ကြေညာသူတစ်ဦးက “အို- ခရီးသည်အုပ်စု၊ အမှန်စင်စစ် အသင်တို့သည် သူခိုးများပင် ဖြစ်ကြသည်“ဟု ကြေညာခဲ့သည်။ قَالُواْ وَأَقۡبَلُواْ عَلَيۡهِم مَّاذَا تَفۡقِدُونَ ٧١ထိုအစ်ကိုများသည် ကြေညာသူများဘက်သို့ မျက်နှာလှည့်၍ “အသင်တို့သည် မည်သည့်အရာ ပျောက်ဆုံးနေသနည်း“ဟု ပြောဆို မေးမြန်းခဲ့ကြသည်။ قَالُواْ نَفۡقِدُ صُوَاعَ ٱلۡمَلِكِ وَلِمَن جَآءَ بِهِۦ حِمۡلُ بَعِيرٍ وَأَنَا۠ بِهِۦ زَعِيمٌ ٧٢ထို(ကြေညာ)သူများက ပြောဆိုကြသည်- ကျွန်ုပ်တို့ဘုရင်၏ခြင်တွယ်ခွက်(သောက်ရေခွက်) ပျောက်နေပါသည်။ ၎င်းနောက် မည်သူမဆို ထိုခြင်ခွက်ကို (ရှာဖွေ)ယူဆောင်ခဲ့လျှင် ထိုသူအတွက် ကုလားအုတ်တစ်စီးစာ(ရိက္ခာ)ရမည်။ ၎င်းနောက် ဤသည်နှင့်ပတ်သက်၍ ကျွန်ုပ်သည် အာမခံသူဖြစ်သည်။ قَالُواْ تَٱللَّهِ لَقَدۡ عَلِمۡتُم مَّا جِئۡنَا لِنُفۡسِدَ فِي ٱلۡأَرۡضِ وَمَا كُنَّا سَٰرِقِينَ ٧٣သူတို့က ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီးပြောမည်၊ ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်ရန် လာခဲ့ခြင်းမဟုတ်ကြောင်းနှင့် ကျွန်ုပ်တို့သည် သူခိုးများလည်းမဟုတ်ကြောင်းကို အသင်တို့ အမှန်စင်စစ် သိရှိပြီးဖြစ်သည်။ قَالُواْ فَمَا جَزَٰٓؤُهُۥٓ إِن كُنتُمۡ كَٰذِبِينَ ٧٤ထို(ကြေညာ)သူက အကယ်၍ အသင်တို့သည် လိမ်လည်သူများဖြစ်ကြလျှင် ထို(ခိုး)သူ၏အပြစ်ဒဏ်သည် မည်သို့နည်းဟု မေးမြန်းခဲ့သည်။ قَالُواْ جَزَٰٓؤُهُۥ مَن وُجِدَ فِي رَحۡلِهِۦ فَهُوَ جَزَٰٓؤُهُۥۚ كَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ ٧٥သူတို့က ပြောဆိုကြသည်- အကြင်သူ၏ခရီးဆောင်ပစ္စည်းထဲ၌ ထို(ခိုးရာပါ)ပစ္စည်းတွေ့ရှိခဲ့လျှင် ထိုသူကိုယ်တိုင်ကိုပင် ထို(ခိုးသောပစ္စည်း၏)အစားအဖြစ် ယူလိုက်ရမည်ဖြစ်သည်။* ကျွန်ုပ်တို့သည် ဤနည်းဖြင့်ပင် အပြစ်ကျူးလွန်သူများကို အစားပေးလေ့ရှိကြသည်။ فَبَدَأَ بِأَوۡعِيَتِهِمۡ قَبۡلَ وِعَآءِ أَخِيهِ ثُمَّ ٱسۡتَخۡرَجَهَا مِن وِعَآءِ أَخِيهِۚ كَذَٰلِكَ كِدۡنَا لِيُوسُفَۖ مَا كَانَ لِيَأۡخُذَ أَخَاهُ فِي دِينِ ٱلۡمَلِكِ إِلَّآ أَن يَشَآءَ ٱللَّهُۚ نَرۡفَعُ دَرَجَٰتٍ مَّن نَّشَآءُۗ وَفَوۡقَ كُلِّ ذِي عِلۡمٍ عَلِيمٌ ٧٦ထို့နောက် ၎င်း(ယူစွဖ်)သည် ၎င်း၏ညီငယ်၏အိတ်ကို (ရှာဖွေခြင်း)မပြုလုပ်မီ ၎င်း၏အစ်ကိုများ၏အိတ်များကို စတင်(ရှာဖွေ)ခဲ့သည်။ ထို့နောက် ၎င်းသည် ထိုပစ္စည်း(ခြင်ခွက်/သောက်ရေခွက်)ကို ၎င်း၏ညီ၏အိတ်ထဲမှ ထုတ်ယူခဲ့သည်။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယူစွဖ်အတွက် စီမံပေးတော်မူခဲ့သည်။ ၎င်းသည် ၎င်း၏ညီငယ်ကို (အီဂျစ်)ဘုရင်၏စည်းမျဉ်းဥပဒေအရ ခေါ်ယူထားနိုင်သည် မဟုတ်ပေ။* သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူ၍သာ (ခေါ်ထားနိုင်ခြင်းဖြစ်သည်)။ ငါအရှင်မြတ်သည် ငါအရှင် အလိုရှိတော်မူသောသူများကို အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူသည်။ ၎င်းနောက် ပညာရှင်တိုင်း၏အထက်၌ (သူ့ထက်သာသော) အလွန်တတ်ကျွမ်းသည့် ပညာရှင်တစ်ပါးရှိသည်။ ۞ قَالُوٓاْ إِن يَسۡرِقۡ فَقَدۡ سَرَقَ أَخٌ لَّهُۥ مِن قَبۡلُۚ فَأَسَرَّهَا يُوسُفُ فِي نَفۡسِهِۦ وَلَمۡ يُبۡدِهَا لَهُمۡۚ قَالَ أَنتُمۡ شَرٌّ مَّكَانًاۖ وَٱللَّهُ أَعۡلَمُ بِمَا تَصِفُونَ ٧٧သူတို့က ပြောဆိုကြသည်- ဤညီငယ်သည် ခိုးသည်ဆိုလျှင် သူ၏အစ်ကို(ယူစွဖ်)သည်လည်း ယခင်က ခိုးခဲ့ဖူးသည်။* ထို(သို့ပြောလိုက်သည့်)အတွက် ၎င်း(ယူစွဖ်)သည် ထိုအရာကို ၎င်း၏စိတ်ထဲ၌ပင် မျိုသိပ်ထားခဲ့သည်။ ၎င်းနောက် ထိုစကားကို သူတို့ရှေ့တွင် ထုတ်ဖော်ခြင်း မပြုခဲ့ပေ။ (သို့ရာတွင် ၎င်း၏စိတ်ထဲ၌မူ ဤသို့)၎င်းက ပြောဆိုသည်- အသင်တို့သည် အဆင့်အတန်းအားဖြင့် ဆိုးရွားလွန်းလှသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြောဆိုချက်များအား အသိဆုံးပင်ဖြစ်တော်မူသည်။ قَالُواْ يَٰٓأَيُّهَا ٱلۡعَزِيزُ إِنَّ لَهُۥٓ أَبًا شَيۡخًا كَبِيرًا فَخُذۡ أَحَدَنَا مَكَانَهُۥٓۖ إِنَّا نَرَىٰكَ مِنَ ٱلۡمُحۡسِنِينَ ٧٨သူတို့က ပြောဆိုကြပြန်သည်- အို- အဇီးဇ်၊ အမှန်စင်စစ် ထိုညီငယ်၌ အလွန်အိုမင်းသော ဖခင်ကြီးတစ်ပါးရှိနေပါသည်။ သို့ဖြစ်ရာ အသင်သည် သူ၏အစားကို ကျွန်ုပ်တို့ထဲမှ တစ်ဦးဦးအား ခေါ်ထားလိုက်ပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ကျေးဇူးပြုတတ်သူတစ်ဦးအဖြစ် မြင်ကြပါသည်။ قَالَ مَعَاذَ ٱللَّهِ أَن نَّأۡخُذَ إِلَّا مَن وَجَدۡنَا مَتَٰعَنَا عِندَهُۥٓ إِنَّآ إِذًا لَّظَٰلِمُونَ ٧٩၎င်းကပြောဆိုသည်- ငါတို့သည် ငါတို့ပစ္စည်းကို တွေ့ရှိသောသူမှလွဲ၍(အခြားသူကို) ဖမ်းဆီးခြင်းမပြုရန် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုကို ရယူပါသည်။ အမှန်စင်စစ် ငါတို့သည် ထိုကဲ့သို့ဖြစ်လျှင် မတရားသူများ အမှန် ဖြစ်ကြပါတော့မည်။ فَلَمَّا ٱسۡتَيۡـَٔسُواْ مِنۡهُ خَلَصُواْ نَجِيًّاۖ قَالَ كَبِيرُهُمۡ أَلَمۡ تَعۡلَمُوٓاْ أَنَّ أَبَاكُمۡ قَدۡ أَخَذَ عَلَيۡكُم مَّوۡثِقًا مِّنَ ٱللَّهِ وَمِن قَبۡلُ مَا فَرَّطتُمۡ فِي يُوسُفَۖ فَلَنۡ أَبۡرَحَ ٱلۡأَرۡضَ حَتَّىٰ يَأۡذَنَ لِيٓ أَبِيٓ أَوۡ يَحۡكُمَ ٱللَّهُ لِيۖ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ ٨٠ထို့နောက် သူတို့သည် ၎င်း(ယူစွဖ်)ထံမှ မျှော်လင့်ချက် ကင်းမဲ့သွားသောအခါ သီးသန့်ထိုင်ပြီး လျှို့ဝှက်တိုင်ပင်ကြသည်။ သူတို့ထဲမှ အကြီးဆုံးက ပြောဆိုသည်- အသင်တို့သည် အသင်တို့၏ဖခင်က အသင်တို့ထံမှ အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး ကတိယူခဲ့သည့်အပြင် အသင်တို့သည် ယခင်က ယူစွဖ်နှင့်ပတ်သက်၍ လစ်ဟင်းပျက်ကွက်ခဲ့ကြသည်ကိုလည်း မသိခဲ့ကြသလော။ သို့ဖြစ်ရာ ငါ၏ဖခင်သည် င့ါကို ခွင့်မပြုသမျှ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် ငါ့အတွက် စီရင်ဆုံးဖြတ်မှုမပြုသမျှ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှ လုံးဝ စွန့်ခွာမည် မဟုတ်ပေ။ ထို့ပြင် အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူသည်။ ٱرۡجِعُوٓاْ إِلَىٰٓ أَبِيكُمۡ فَقُولُواْ يَٰٓأَبَانَآ إِنَّ ٱبۡنَكَ سَرَقَ وَمَا شَهِدۡنَآ إِلَّا بِمَا عَلِمۡنَا وَمَا كُنَّا لِلۡغَيۡبِ حَٰفِظِينَ ٨١အသင်တို့သည် အသင်တို့ဖခင်ထံသို့ ပြန်သွားပြီးနောက် (ဤသို့)ပြောဆိုလျှောက်ထားကြပါ၊ အို- ကျွန်ုပ်တို့၏ဖခင်၊ အမှန်စင်စစ် ဖခင်၏သားသည် ခိုးဝှက်ခဲ့ပါသည်။ ၎င်းနောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သိသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ သက်သေခံကြမည် မဟုတ်ပါ။ ၎င်းနောက် ကျွန်ုပ်တို့သည် အကွယ်ရှိ သိရှိသူများလည်း မဟုတ်ကြပါ။ وَسۡـَٔلِ ٱلۡقَرۡيَةَ ٱلَّتِي كُنَّا فِيهَا وَٱلۡعِيرَ ٱلَّتِيٓ أَقۡبَلۡنَا فِيهَاۖ وَإِنَّا لَصَٰدِقُونَ ٨٢၎င်းနောက် ဖခင်သည် ကျွန်ုပ်တို့နေထိုင်ခဲ့ကြသော (အီဂျစ်ပြည်က)မြို့သူမြို့သားများအပြင် ကျွန်ုပ်တို့နှင့်အတူ လာခဲ့ကြသည့် ခရီးသည်အုပ်စုများကို မေးမြန်းကြည့်ပါ။ ထို့ပြင် အမှန်ပင် ကျွန်ုပ်တို့သည် အမှန်ပြောသောသူများ ဖြစ်ကြပါသည်။ قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرًاۖ فَصَبۡرٌ جَمِيلٌۖ عَسَى ٱللَّهُ أَن يَأۡتِيَنِي بِهِمۡ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ ٨٣၎င်း(ဖခင်)ကပြောသည်- ထိုသို့ မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့၏စိတ်နှလုံးများသည် အသင်တို့အတွက် ကိစ္စတစ်ခုအား လုပ်ကြံဖန်တီးခဲ့ခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ (ငါ့အတွက်မှာမူ) သည်းခံခြင်းသည်ပင် အကောင်းဆုံးဖြစ်သည်။* အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ငါ့ထံသို့ ပြန်လည် ရောက်စေတော်မူလိမ့်မည်ဟု မျှော်လင့်ရမည်ပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ وَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰٓأَسَفَىٰ عَلَىٰ يُوسُفَ وَٱبۡيَضَّتۡ عَيۡنَاهُ مِنَ ٱلۡحُزۡنِ فَهُوَ كَظِيمٌ ٨٤ထို့နောက် ၎င်းသည် သူတို့ဘက်မှ မျက်နှာလွှဲပြီး “ဪ ယူစွဖ်၊ ဖြစ်မှဖြစ်ရလေခြင်း“*ဟု ပြောဆို(ညည်းညူ)ခဲ့သည်။ ထို့နောက် ၎င်း၏မျက်စိနှစ်လုံးသည်လည်း ပူဆွေးဝမ်းနည်းမှုကြောင့် ဖြူ(၍ကွယ်)သွားခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် မျိုသိပ်၍သာ နေခဲ့သည်။ قَالُواْ تَٱللَّهِ تَفۡتَؤُاْ تَذۡكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوۡ تَكُونَ مِنَ ٱلۡهَٰلِكِينَ ٨٥သူတို့က ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီးပြောဆိုပါသည်၊ ဖခင်သည် ယူစွဖ်ကို အမြဲသတိရလျက်ပင် ရှိနေခဲ့သည့်အတွက် နောက်ဆုံး၌ ဖခင်သည် ကျန်းမာရေးချွတ်ယွင်းသူ သို့မဟုတ် အသက်ဆုံးရှုံးသူ ဖြစ်ရပါတော့မည်။ قَالَ إِنَّمَآ أَشۡكُواْ بَثِّي وَحُزۡنِيٓ إِلَى ٱللَّهِ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ ٨٦၎င်းက ပြောဆိုသည်- ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ငါ၏စိတ်သောကဖြစ်ခြင်းနှင့် ငါ၏ပူဆွေးခြင်းကို လျှောက်ထားခြင်းဖြစ်သည်။ ထို့ပြင် ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အသင်တို့ မသိကြသောအရာကို သိရှိရသည်။ يَٰبَنِيَّ ٱذۡهَبُواْ فَتَحَسَّسُواْ مِن يُوسُفَ وَأَخِيهِ وَلَا تَاْيۡـَٔسُواْ مِن رَّوۡحِ ٱللَّهِۖ إِنَّهُۥ لَا يَاْيۡـَٔسُ مِن رَّوۡحِ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡكَٰفِرُونَ ٨٧အို- ငါ၏ချစ်သားတို့၊ အသင်တို့သည် ယူစွဖ်ကိုရော ၎င်း၏ညီငယ်ကိုပါ သွားပြီး စုံစမ်းရှာဖွေကြပါ။ ၎င်းနောက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြနှင့်။ အမှန်စင်စစ် ကာဖိရ်များမှလွဲ၍ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မည်သူမျှ မျှော်လင့်ချက်မကင်းခဲ့ကြပေ။ فَلَمَّا دَخَلُواْ عَلَيۡهِ قَالُواْ يَٰٓأَيُّهَا ٱلۡعَزِيزُ مَسَّنَا وَأَهۡلَنَا ٱلضُّرُّ وَجِئۡنَا بِبِضَٰعَةٍ مُّزۡجَىٰةٍ فَأَوۡفِ لَنَا ٱلۡكَيۡلَ وَتَصَدَّقۡ عَلَيۡنَآۖ إِنَّ ٱللَّهَ يَجۡزِي ٱلۡمُتَصَدِّقِينَ ٨٨ထို့နောက် သူတို့သည် ၎င်း(ယူစွဖ်)ထံသို့ ဝင်ရောက်ကြသောအခါ (ဤသို့)ပြောဆိုကြသည်- အို- အဇီးဇ် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အိမ်သူအိမ်သားများတွင် (ငတ်မွတ်ခြင်း)ဘေးဒုက္ခ ဆိုက်ရောက်နေပါသည်။ ၎င်းနောက် ကျွန်ုပ်တို့သည် ညံ့ဖျင်းသောအရင်းအနှီးအနည်းငယ်သာ ယူဆောင်လာခဲ့ရပါသည်။ သို့ဖြစ်ရာ အသင် အဇီးဇ်သည် ကျွန်ုပ်တို့အား(ရိက္ခာ)အပြည့် ခြင်ပြီး ပေးပါ။ ၎င်းနောက် ကျွန်ုပ်တို့အပေါ်တွင်လည်း ကောင်းချီးမဂင်္လာ စွန့်ကြဲပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းချီးမဂင်္လာစွန့်ကြဲသောသူများအား အကျိုးကျေးဇူးပေးသနားတော်မူပါသည်။ قَالَ هَلۡ عَلِمۡتُم مَّا فَعَلۡتُم بِيُوسُفَ وَأَخِيهِ إِذۡ أَنتُمۡ جَٰهِلُونَ ٨٩၎င်း(ယူစွဖ်)က ပြောဆိုမေးမြန်းခဲ့သည်- အသင်တို့သည် အသင်တို့ မသိမိုက်မဲသောသူများ ဖြစ်ခဲ့ကြစဉ်က အသင်တို့သည် ယူစွဖ်နှင့် ၎င်း၏ညီငယ်အား မည်သို့အပြုအမူကို ပြုမူခဲ့ကြသည်ဆိုသည်ကို အသင်တို့ မှတ်မိကြ၏လော။ قَالُوٓاْ أَءِنَّكَ لَأَنتَ يُوسُفُۖ قَالَ أَنَا۠ يُوسُفُ وَهَٰذَآ أَخِيۖ قَدۡ مَنَّ ٱللَّهُ عَلَيۡنَآۖ إِنَّهُۥ مَن يَتَّقِ وَيَصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ٩٠သူတို့က “အမှန်စင်စစ် အသင်သည် ယူစွဖ်ပင် ဖြစ်ပါသလော“ဟု ပြောဆိုခဲ့ကြသည်။ ၎င်းက “ကျွန်ုပ်သည် ယူစွဖ်ပင် ဖြစ်သည်။ ထို့နောက် ဤသည် ကျွန်ုပ်၏ညီငယ်ပင်ဖြစ်သည်။ အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်တွင် ကျေးဇူးပြုတော်မူခဲ့သည်။ အမှန်စင်စစ် မည်သူမဆို အပြစ်ရှောင်ကြဉ်ပြီး သည်းခံလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်မြတ်သောလုပ်ရပ်များကို ဆောက်တည်သောသူများ၏ အကျိုးကျေးဇူးအား အကျိုးမဲ့ဖြစ်စေတော်မူမည် မဟုတ်ပေ“ဟု ပြောဆိုခဲ့သည်။ قَالُواْ تَٱللَّهِ لَقَدۡ ءَاثَرَكَ ٱللَّهُ عَلَيۡنَا وَإِن كُنَّا لَخَٰطِـِٔينَ ٩١သူတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ပြောဆိုကြသည်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကျွန်ုပ်တို့ထက် ဦးစားပေး မြင့်မြတ်စေတော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သာ မှားယွင်းသူများဖြစ်ကြပါသည်ဟု ပြောဆိုခဲ့ကြသည်။ قَالَ لَا تَثۡرِيبَ عَلَيۡكُمُ ٱلۡيَوۡمَۖ يَغۡفِرُ ٱللَّهُ لَكُمۡۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ ٩٢၎င်းက ယနေ့ အသင်တို့အပေါ်တွင် လုံးဝ အပြစ်တင်မှု မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှ ချမ်းသာပေးတော်မူပါစေ။* ၎င်းနောက် အရှင်မြတ်သည် သနားကြင်နာသူများအားလုံးထက် အသနား အကြင်နာဆုံးဖြစ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။ ٱذۡهَبُواْ بِقَمِيصِي هَٰذَا فَأَلۡقُوهُ عَلَىٰ وَجۡهِ أَبِي يَأۡتِ بَصِيرًا وَأۡتُونِي بِأَهۡلِكُمۡ أَجۡمَعِينَ ٩٣အသင်တို့သည် ကျွန်ုပ်၏ဤအကင်္ျီကိုယူသွားကြပါ။ ၎င်းနောက် အသင်တို့သည် ထိုအကင်္ျီကို ကျွန်ုပ်၏ဖခင်၏မျက်နှာပေါ်သို့ တင်လိုက်ပါ။ ဖခင်၏မျက်စိသည် အလင်း ပြန်လည်ရလာပါလိမ့်မည်။ ၎င်းနောက် အသင်တို့သည် အသင်တို့၏အိမ်သူအိမ်သားများအားလုံးကိုလည်း ကျွန်ုပ်ထံသို့ ခေါ်ဆောင်လာခဲ့ကြပါ။ وَلَمَّا فَصَلَتِ ٱلۡعِيرُ قَالَ أَبُوهُمۡ إِنِّي لَأَجِدُ رِيحَ يُوسُفَۖ لَوۡلَآ أَن تُفَنِّدُونِ ٩٤ထို့နောက် ခရီးသည်အုပ်စုတစ်စုသည် (အီဂျစ်မှ)ထွက်ခွာလာသောအခါ သူတို့၏ဖခင်က အကယ်၍ အသင်တို့သည် ငါ့ကို သူငယ်ပြန်သည်ဟု မယူဆကြလျှင် အမှန်စင်စစ် ငါသည် ယူစွဖ်၏အနံ့ကို ရနေသည်*ဟု ပြောဆိုခဲ့သည်။ قَالُواْ تَٱللَّهِ إِنَّكَ لَفِي ضَلَٰلِكَ ٱلۡقَدِيمِ ٩٥သူတို့က ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ပြောဆိုပါသည်၊ အမှန်စင်စစ် ဖခင်သည် ဖခင်၏ရှေးဟောင်းလွဲမှားမှုထဲ၌ပင် (ယခုအချိန်ထိ)ရှိနေသည် အမှန်ဖြစ်၏။ فَلَمَّآ أَن جَآءَ ٱلۡبَشِيرُ أَلۡقَىٰهُ عَلَىٰ وَجۡهِهِۦ فَٱرۡتَدَّ بَصِيرًاۖ قَالَ أَلَمۡ أَقُل لَّكُمۡ إِنِّيٓ أَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ ٩٦ထို့နောက် ဝမ်းမြောက်ဖွယ်သတင်းကို ယူဆောင်လာသောသူသည် (ဖခင်ထံသို့)ရောက်သောအခါ၊ သူက ထိုအကင်္ျီကို ဖခင်၏မျက်နှာပေါ်သို့ တင်လိုက်သည်နှင့် ဖခင်သည် မျက်စိအလင်း ပြန်ရရှိလာခဲ့တော့သည်။ ဖခင်က ပြောဆိုခဲ့သည်- ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အသင်တို့ မသိနားမလည်သောပညာကို အမှန်ပင် သိနားလည်သည်ဟု အသင်တို့အား ပြောဆိုခဲ့သည် မဟုတ်လော။ قَالُواْ يَٰٓأَبَانَا ٱسۡتَغۡفِرۡ لَنَا ذُنُوبَنَآ إِنَّا كُنَّا خَٰطِـِٔينَ ٩٧အို- ကျွန်ုပ်တို့၏ဖခင်၊ ဖခင်သည် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန်အတွက် အသနားခံပေးတော်မူပါ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အပြစ်ရှိသောသူများဖြစ်ကြပါသည်ဟု (သားများက)ပြောဆိုလျှောက်ထားခဲ့ကြသည်။ قَالَ سَوۡفَ أَسۡتَغۡفِرُ لَكُمۡ رَبِّيٓۖ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ ٩٨ဖခင်က ပြောဆိုသည်- ငါသည် မကြာမီ အသင်တို့အတွက် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပေးမည်၊ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ فَلَمَّا دَخَلُواْ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيۡهِ أَبَوَيۡهِ وَقَالَ ٱدۡخُلُواْ مِصۡرَ إِن شَآءَ ٱللَّهُ ءَامِنِينَ ٩٩ထို့နောက် သူတို့(အစ္စရာအီလ် မျိုးနွယ်တစ်ခုလုံး၏ မိသားစုများ)သည် ယူစွဖ်ထံသို့ ဝင်ရောက်ခဲ့ကြသောအခါ ၎င်းသည် ၎င်း၏မိဘနှစ်ပါးကို ၎င်း၏ထံ၌ နေရာချပေးခဲ့သည်။ ထို့နောက် ၎င်းက (ဤသို့)လျှောက်ထားခဲ့သည်၊ (အို- ကျွန်ုပ်၏မိသားစုအပေါင်းတို့၊) အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူလျှင် ဘေးရန်ကင်းရှင်းစွာဖြင့် အီဂျစ်မြို့ထဲသို့ ဝင်ရောက်ကြပါ။ وَرَفَعَ أَبَوَيۡهِ عَلَى ٱلۡعَرۡشِ وَخَرُّواْ لَهُۥ سُجَّدًاۖ وَقَالَ يَٰٓأَبَتِ هَٰذَا تَأۡوِيلُ رُءۡيَٰيَ مِن قَبۡلُ قَدۡ جَعَلَهَا رَبِّي حَقًّاۖ وَقَدۡ أَحۡسَنَ بِيٓ إِذۡ أَخۡرَجَنِي مِنَ ٱلسِّجۡنِ وَجَآءَ بِكُم مِّنَ ٱلۡبَدۡوِ مِنۢ بَعۡدِ أَن نَّزَغَ ٱلشَّيۡطَٰنُ بَيۡنِي وَبَيۡنَ إِخۡوَتِيٓۚ إِنَّ رَبِّي لَطِيفٌ لِّمَا يَشَآءُۚ إِنَّهُۥ هُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ ١٠٠ထို့နောက် ၎င်းသည် ၎င်း၏မိဘနှစ်ပါးကို ပလ္လင်ပေါ်၌ ထိုင်စေခဲ့သည်။ ထို့နောက် သူတို့အားလုံးသည် ၎င်း(ယူစွဖ်)၏ရှေ့၌ ဦးချခဲ့ကြသည်။* ထို့နောက် ၎င်းကပြောသည်- အို- ကျွန်ုပ်၏ဖခင်၊ ဤသည် ကျွန်ုပ် ယခင်က မြင်မက်ခဲ့သော အိပ်မက်၏အတိတ်ဖြစ်ပါသည်။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထိုအိပ်မက်ကို အမှန်ဖြစ်အောင် ပြုလုပ်ပေးတော်မူခဲ့ပါသည်။ ထို့ပြင် အမှန်ပင် အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်တွင် ကျွန်ုပ်အား အကျဉ်းထောင်မှ ထုတ်ယူတော်မူခဲ့သောအချိန်တွင် ကျေးဇူးပြုတော်မူခဲ့ပါသည်။ ထို့ပြင် ရှိုင်သွာန်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကိုများ၏ကြားတွင် နှောက်ယှက်ဖျက်ဆီးခဲ့သည့်နောက်၌ အရှင်မြတ်သည် အသင်(ဖခင်နှင့်မိသားစု)တို့အား ကျေးလက်တောရွာမှ(ထုတ်ပြီး ဤမြို့တော်သို့) ယူဆောင်တော်မူခဲ့သည်။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည်ကို အလွန်သိမ်မွေ့စွာ စီမံပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ ۞ رَبِّ قَدۡ ءَاتَيۡتَنِي مِنَ ٱلۡمُلۡكِ وَعَلَّمۡتَنِي مِن تَأۡوِيلِ ٱلۡأَحَادِيثِۚ فَاطِرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ أَنتَ وَلِيِّۦ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ تَوَفَّنِي مُسۡلِمًا وَأَلۡحِقۡنِي بِٱلصَّٰلِحِينَ ١٠١အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်ကို စိုးမိုးအုပ်ချုပ်မှု ပေးသနားတော်မူခဲ့ပါသည်။ ၎င်းနောက် အရှင်မြတ်သည် ကျွန်ုပ်အား အိပ်မက်များ၏အတိတ်ကိုလည်း သင်ကြားပေးတော်မူခဲ့ပါသည်။ အို- မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင် အရှင်မြတ်သည် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ကျွန်ုပ်၏ကိစ္စဟူသမျှအား စီမံပေးတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် ကျွန်ုပ်အား အမိန့်နာခံသူအဖြစ်နှင့် ကျွန်ုပ်၏အသက်ကို နှုတ်သိမ်းတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ကောင်းမြတ်သောသူများနှင့်အတူ တွဲဖက်ပေးတော်မူပါ။ ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۖ وَمَا كُنتَ لَدَيۡهِمۡ إِذۡ أَجۡمَعُوٓاْ أَمۡرَهُمۡ وَهُمۡ يَمۡكُرُونَ ١٠٢ဤသည် အကွယ်၌ရှိသော သတင်းများထဲမှပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအကြောင်းကို အသင်(တမန်တော် မုဟမ္မဒ်-ဆွ)ထံသို့ ဝဟီနှင့် ပို့ပေးတော်မူသည်။ ထို့ပြင် သူတို့သည် ကြံစည်ကြလျက် သူတို့အရေးကိစ္စကို တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်သောအခါတွင် အသင်(တမန်တော် မုဟမ္မဒ်-ဆွ)သည် သူတို့ထံ၌ ရှိခဲ့သည်မဟုတ်ပေ။ وَمَآ أَكۡثَرُ ٱلنَّاسِ وَلَوۡ حَرَصۡتَ بِمُؤۡمِنِينَ ١٠٣ထို့ပြင် အကယ်၍ အသင်(တမန်တော်)သည် (ဤသို့ပင် သူတို့ ယုံကြည်ရန်)လိုလားခဲ့လျှင်လည်း (သူတို့ထဲမှ)အမြောက်အမြားကမူ ယုံကြည်ကြမည် မဟုတ်ပေ။ وَمَا تَسۡـَٔلُهُمۡ عَلَيۡهِ مِنۡ أَجۡرٍۚ إِنۡ هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ ١٠٤၎င်းပြင် အသင်သည် သူတို့ထံမှ ဤတရားဟောခြင်းနှင့်ပတ်သက်၍ မည်သည့်အခကြေးငွေမှ တောင်းသည်မဟုတ်ပေ။ ဤသည် စကြဝဠာအားလုံးအတွက် ဆုံးမဩဝါဒပင်ဖြစ်သည်။ وَكَأَيِّن مِّنۡ ءَايَةٍ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ يَمُرُّونَ عَلَيۡهَا وَهُمۡ عَنۡهَا مُعۡرِضُونَ ١٠٥ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် သက်သေလက္ခဏာ အမြောက်အမြားရှိသည်။ သူတို့သည် ထိုသက်သေလက္ခဏာများအား မျက်နှာလွှဲကြလျက် ထိုလက္ခဏာများအနီးမှ သူတို့သည် ဖြတ်ကျော်၍ သွားကြသည်။ وَمَا يُؤۡمِنُ أَكۡثَرُهُم بِٱللَّهِ إِلَّا وَهُم مُّشۡرِكُونَ ١٠٦ထို့ပြင် သူတို့ထဲမှ အမြောက်အမြားသည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာကို တွဲဖက်ကိုးကွယ်သူများဖြစ်ကြလျက် အရှင်မြတ်အား ယုံကြည်ကြခြင်းဖြစ်သည်။ أَفَأَمِنُوٓاْ أَن تَأۡتِيَهُمۡ غَٰشِيَةٌ مِّنۡ عَذَابِ ٱللَّهِ أَوۡ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ ١٠٧သူတို့သည် သူတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်ထံတော်မှ (တစ်မျိုးသားလုံးကို)ဖုံးလွှမ်းမည့်ပြစ်ဒဏ်သက်ရောက်မည်ကို၊ သို့မဟုတ် သူတို့သည် မသိလိုက်ဘဲလျက် ကိယာမသ်သည် ရုတ်တရက် ဆိုက်ရောက်လာမည်ကို (မစိုးရိမ်ဘဲ) စိတ်ချနေကြသလော။ قُلۡ هَٰذِهِۦ سَبِيلِيٓ أَدۡعُوٓاْ إِلَى ٱللَّهِۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِيۖ وَسُبۡحَٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ ١٠٨(အို- တမန်တော်)အသင် ပြောလိုက်ပါ- ဤသည် ငါ၏လမ်းစဉ်ဖြစ်သည်။ ငါသည် (လူများအား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သည်။ ငါနှင့်အတူ ငါ၏နောက်လိုက်များသည်လည်း ထင်ရှားခိုင်လုံသော သက်သသာဓကအပေါ်တွင် တည်ရှိနေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် ငါသည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာကို တွဲဖက်ကိုးကွယ်သူများအနက်မှ မဟုတ်ပေ။ وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالًا نُّوحِيٓ إِلَيۡهِم مِّنۡ أَهۡلِ ٱلۡقُرَىٰٓۗ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۗ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٌ لِّلَّذِينَ ٱتَّقَوۡاْۚ أَفَلَا تَعۡقِلُونَ ١٠٩ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ မြို့ရွာသားများထဲမှ လူသားယောက်ျားများကိုသာ* (တမန်တော်များအဖြစ်)စေလွှတ်တော်မူပြီး သူတို့ထံသို့ ဝဟီပို့ချတော်မူခဲ့သည်။ သို့ဖြစ်ရာ ဤ(ငြင်းပယ်)သူများသည် ကမာ္ဘမြေပေါ်၌ လှည့်လည်သွားလာခြင်းကို မပြုကြသလော။ ထိုကဲ့သို့ သွားလာကြလျှင် သူတို့သည် သူတို့မတိုင်မီ ရှိခဲ့ဖူးကြသောသူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝ၏နေရာထိုင်ခင်းသည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် အမှန်ပင် အကောင်းဆုံးဖြစ်သည်။ ဤမျှပင် အသင်တို့ နားမလည်ကြသလော။ حَتَّىٰٓ إِذَا ٱسۡتَيۡـَٔسَ ٱلرُّسُلُ وَظَنُّوٓاْ أَنَّهُمۡ قَدۡ كُذِبُواْ جَآءَهُمۡ نَصۡرُنَا فَنُجِّيَ مَن نَّشَآءُۖ وَلَا يُرَدُّ بَأۡسُنَا عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ ١١٠နောက်ဆုံး၌ တမန်တော်များသည် မျှော်လင့်ချက်ကင်းပြီး အမျိုးသားများကလည်း သူတို့သည် အလိမ်ခံခဲ့ကြရပြီဟု ထင်မှတ်ကြသောအခါ ငါအရှင်မြတ်၏အကူအညီသည် ထိုတမန်တော်များထံ ရောက်ရှိလာခဲ့သည်။* ထို့နောက် ငါအရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ကယ်တင်တော်မူခဲ့သည်။ ၎င်းနောက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် အပြစ်ကျူးလွန်သူများအပေါ်မှ ဖယ်ရှားခြင်းမခံရပေ။ لَقَدۡ كَانَ فِي قَصَصِهِمۡ عِبۡرَةٌ لِّأُوْلِي ٱلۡأَلۡبَٰبِۗ مَا كَانَ حَدِيثًا يُفۡتَرَىٰ وَلَٰكِن تَصۡدِيقَ ٱلَّذِي بَيۡنَ يَدَيۡهِ وَتَفۡصِيلَ كُلِّ شَيۡءٍ وَهُدًى وَرَحۡمَةً لِّقَوۡمٍ يُؤۡمِنُونَ ١١١အမှန်စင်စစ် သူတို့၏အကြောင်းများတွင် စဉ်းစားသိမြင်နားလည်သူများအတွက် သင်ခန်းစာရှိသည်။ (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) လုပ်ကြံဖန်တီးထားသောကျမ်း မဟုတ်ပေ၊ သို့ရာတွင် (ထိုကျမ်းသည်) ၎င်း၏မတိုင်မီရှိနေသောကျမ်းများကို အတည်ပြုထောက်ခံသောကျမ်း၊ အရာရာ၏ အသေးစိတ်ရှင်းလင်းချက်၊ ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာဖြစ်သည်။