ملة الإسلام

السورة 103 · 3 آية · Alin U Yin

سورة العصر باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة العصر (1,282 قارئاً)
مكيةسورة العصر٣ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلۡعَصۡرِ ١(ငါအရှင်မြတ်သည်) ခေတ်ကာလ (အဆွရ်အချိန်၊ အထူးသဖြင့် အဖြစ်အပျက်များနှင့်ပြည့်နက်နေသော နောက်ဆုံး နိဂုံးပိုင်းကာလ) ကို သက်သေထူတော်မူ၏။ إِنَّ ٱلۡإِنسَٰنَ لَفِي خُسۡرٍ ٢ဧကန်စင်စစ်၊ လူသားသည် အမှန်ပင် ဆုံးရှုံးမှု၌ ရှိနေ၏။ إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَتَوَاصَوۡاْ بِٱلۡحَقِّ وَتَوَاصَوۡاْ بِٱلصَّبۡرِ ٣သို့သော် (ထိုသို့ဆုံးရှုံးမှု၌ ရှိနေသူတို့တွင်) သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသည့်အပြင် အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး အလေးအနက် တိုက်တွန်းကြရုံသာမက (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာ၌ ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲဟူသမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံမှု မြဲမြံခြင်းနှင့်စပ်လျဉ်း၍လည်း အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး အလေးအနက် တိုက်တွန်းကြသူများ မပါဝင်ချေ။

الترجمة: Alin U Yin.