ملة الإسلام

السورة 100 · 11 آية · Hashim Tin Myint

سورة العاديات باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة العاديات (1,283 قارئاً)
مكيةسورة العاديات١١ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلۡعَٰدِيَٰتِ ضَبۡحًا ١(ငါအရှင်မြတ်သည်) ‌မောဟိုက်သံနှင့်အမြန်‌ပြေး‌သော တိုက်မြင်းများကို သက်‌သေထူ‌တော်မူသည်။ فَٱلۡمُورِيَٰتِ قَدۡحًا ٢ထို့ပြင် (သူတို့၏ခွာများကို ‌ကျောက်ခဲများနှင့်)ရိုက်ခတ်ပြီး မီးပွားများထွက်‌စေကြ‌သောမြင်းများကို သက်‌သေထူ‌တော်မူသည်။ فَٱلۡمُغِيرَٰتِ صُبۡحًا ٣ထို့ပြင် နံနက်မိုး‌သောက်ချိန်တွင် ဝင်‌ရောက်တိုက်ခိုက်ကြ‌သော မြင်းများကို သက်‌သေထူ‌တော်မူသည်။ فَأَثَرۡنَ بِهِۦ نَقۡعًا ٤ထို့ပြင် နံနက်မိုး‌သောက်ချိန်တွင် ‌ပြေးခြင်းနှင့် ဖုံများ ‌ထောင်း‌ထောင်းထ‌စေ‌သော မြင်းများကို သက်‌သေထူ‌တော်မူသည်။ ###၁ فَوَسَطۡنَ بِهِۦ جَمۡعًا ٥ထို့ပြင် ရန်သူများ၏ အုပ်စုအလယ်ကို တဟုန်ထိုး ထိုး‌ဖောက်ဝင်‌ရောက်ကြ‌သော မြင်းများကို သက်‌သေထူ‌တော်မူသည်။ إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٌ ٦အမှန်စင်စစ် လူသားသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား အလွန်‌ကျေးဇူးကန်းသူဖြစ်သည်။ وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٌ ٧ထို့ပြင် အမှန်စင်စစ် ထိုလူသားသည် ‌ကျေးဇူးကန်းမှုနှင့်ပတ်သက်၍ သူကိုယ်တိုင်ပင်သက်‌သေဖြစ်သည်။ ###၂ وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ ٨ထို့ပြင် အမှန်စင်စစ် သူသည် ပစ္စည်းဥစ္စာကို မက်‌မောရာတွင် အလွန်ပြင်းထန်သည်။ ۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ ٩ထိုသူသည် သချုႋင်းထဲတွင်ရှိသည့်သူများကို ထုတ်‌ဖော်ခြင်းခံကြရမည့်အခါကို မသိသ‌လော။ وَحُصِّلَ مَا فِي ٱلصُّدُورِ ١٠ထို့ပြင် စိတ်နှလုံးထဲမှ လျှို့ ဝှက်ချက်များသည် ထင်ရှား‌စေခြင်း ခံရမည်ကိုလည်း မသိသ‌လော။ إِنَّ رَبَّهُم بِهِمۡ يَوۡمَئِذٍ لَّخَبِيرُۢ ١١အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ထို‌နေ့တွင် သူတို့နှင့် ပတ်သက်၍ အားလုံးကို မုချအကြွင်းမဲ့သိမြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.