ملة الإسلام

السورة 8 · 75 آية · Hashim Tin Myint

سورة الأنفال باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الأنفال (1,225 قارئاً)
مدنيةسورة الأنفال٧٥ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يَسۡـَٔلُونَكَ عَنِ ٱلۡأَنفَالِۖ قُلِ ٱلۡأَنفَالُ لِلَّهِ وَٱلرَّسُولِۖ فَٱتَّقُواْ ٱللَّهَ وَأَصۡلِحُواْ ذَاتَ بَيۡنِكُمۡۖ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤۡمِنِينَ ١သူတို့သည် အသင်(တမန်‌တော်)အား (စစ်တိုက်ရာမှ ရရှိ‌သော)လက်ရ(သုံ့ပန်း)ပစ္စည်းများနှင့်ပတ်သက်၍ ‌မေးမြန်းကြသည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “လက်ရပစ္စည်းများသည် (အမှန်မှာ)အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်‌တော်မြတ်ပိုင်ဆိုင်‌တော်မူ‌သော ပစ္စည်းများပင်ဖြစ်သည်၊* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။* ၎င်းပြင် အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော်၏အမိန့်‌တော်များကို လို်က်နာကြပါ။ إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَإِذَا تُلِيَتۡ عَلَيۡهِمۡ ءَايَٰتُهُۥ زَادَتۡهُمۡ إِيمَٰنًا وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٢ဤသူများပင် (အမှန်)ယုံကြည်သူများဖြစ်ကြသည်။ (ထိုသူများ‌ရှေ့၌)အလ္လာဟ်အရှင်မြတ်အား သတိရခဲ့လျှင်၊ သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ၎င်းပြင် အကယ်၍ သူတို့‌ရှေ့၌ အရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ကြားခဲ့လျှင် သူတို့၏အီမာန်ယုံကြည်မှုကို တိုးပွားခိုင်မြဲ‌စေကြသည်။ ထို့ပြင် သူတို့သည် (ကိစ္စရပ်တိုင်းကို) သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအပ်နှင်းကြသည်။ ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ٣အကြင်သူများသည် စွလာသ်ဝတ်ပြုမှုကို အမြဲ‌ဆောက်တည်ကြသည်။ ၎င်းပြင် သူတို့အား ငါအရှင်မြတ် ို‌ပေးသနား‌တော်မူ‌သောအရာများထဲမှ (လှူဒါန်း)သုံးစွဲကြသည်။ أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقًّاۚ لَّهُمۡ دَرَجَٰتٌ عِندَ رَبِّهِمۡ وَمَغۡفِرَةٌ وَرِزۡقٌ كَرِيمٌ ٤ထိုသူများပင် အမှန်ယုံကြည်သူများဖြစ်ကြသည်။ သူတို့အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် (မြင့်မား‌သော)အဆင့်အတန်းများနှင့် လွတ်ငြိမ်းချမ်းသာခွင့်အပြင် မြင့်မြတ်‌သော ရိက္ခာလည်းရှိမည်။ كَمَآ أَخۡرَجَكَ رَبُّكَ مِنۢ بَيۡتِكَ بِٱلۡحَقِّ وَإِنَّ فَرِيقًا مِّنَ ٱلۡمُؤۡمِنِينَ لَكَٰرِهُونَ ٥အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မှန်ကန်မှုနှင့် ဆုံးဖြတ်၍ အသင့်အား အသင်၏အိမ်မှ ထွက်‌စေ‌တော်မူသကဲ့သို့ပင် ဖြစ်သည်။* အမှန်မှာ ယုံကြည်သူများထဲမှ လူတစ်စုသည် (ထိုကဲ့သို့ စစ်ထွက်ကြရသည်ကို) နှစ်သက်လိုလားမှု မရှိခဲ့ကြ‌ပေ။ يُجَٰدِلُونَكَ فِي ٱلۡحَقِّ بَعۡدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلۡمَوۡتِ وَهُمۡ يَنظُرُونَ ٦သူတို့သည် အမှန်တရားနှင့် ပတ်သက်၍ ထိုအမှန်တရားသည် ထင်ရှားခဲ့ပြီး‌နောက် သူတို့သည် ‌သေခြင်းကို မြင်‌နေရလျက် ‌သေခြင်းဘက်သို့ ‌မောင်းနှင်ခံရသကဲ့သို့ အသင်နှင့် ငြင်းခုံခဲ့ကြ‌သေးသည်။ وَإِذۡ يَعِدُكُمُ ٱللَّهُ إِحۡدَى ٱلطَّآئِفَتَيۡنِ أَنَّهَا لَكُمۡ وَتَوَدُّونَ أَنَّ غَيۡرَ ذَاتِ ٱلشَّوۡكَةِ تَكُونُ لَكُمۡ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَيَقۡطَعَ دَابِرَ ٱلۡكَٰفِرِينَ ٧ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အုပ်စုနှစ်စုထဲမှ တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည် အသင်တို့၏လက်တွင်းသို့ အမှန်ပင် ကျ‌ရောက်လိမ့်မည်ဟု ကတိပြု‌တော်မူသည်။ ထို့‌နောက် အသင်တို့ကမူ ဆူး‌ငြောင့်(လက်နက်)မပါ‌သောအုပ်စုကိုသာ အသင်တို့၏လက်တွင်းသို့ ကျ‌ရောက်ရန် ‌မျှော်လင့်‌တောင့်တကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်များ အ‌ကြောင်းခံဖြင့် အမှန်တရားကို ထင်ရှား‌စေရန်အတွက်နှင့် ငြင်းပယ်သူများ၏ အ‌ခြေအမြစ်ကို ဖြတ်‌တောက်ပစ်‌တော်မူရန်အတွက်* ရည်ရွယ်‌တော်မူသည်။ لِيُحِقَّ ٱلۡحَقَّ وَيُبۡطِلَ ٱلۡبَٰطِلَ وَلَوۡ كَرِهَ ٱلۡمُجۡرِمُونَ ٨(ထိုကဲ့သို့ ရည်ရွယ်‌တော်မူသည်ကို) အပြစ်ရှိသူများကမူ နှစ်သက်ကြမည် မဟုတ်‌သော်လည်း အမှန်ကို အတည်ဖြစ်‌စေရန်နှင့် အမှားကို ပယ်ပျက်သွား‌စေရန်အတွက် ဖြစ်သည်။ إِذۡ تَسۡتَغِيثُونَ رَبَّكُمۡ فَٱسۡتَجَابَ لَكُمۡ أَنِّي مُمِدُّكُم بِأَلۡفٍ مِّنَ ٱلۡمَلَٰٓئِكَةِ مُرۡدِفِينَ ٩တစ်ခါက အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်၌ ကူညီရန် ‌တောင်းခံ‌နေကြသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့၏‌တောင်းခံမှုကို (ဤသို့)ပြန်ကြား‌တော်မူခဲ့သည်- “အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး(ဆက်တိုက်)လာမည့်* ‌ကောင်းကင်တမန်တစ်‌ထောင်နှင့် ကူညီ‌တော်မူမည်။“ وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ وَلِتَطۡمَئِنَّ بِهِۦ قُلُوبُكُمۡۚ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ١٠ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထို(သို့ ‌ကောင်းကင်တမန် ‌စေလွှတ်ပြီး ကူညီ‌တော်မူမည်ဟု) ကတိ‌ပေး‌တော်မူခြင်းသည် (အသင်တို့အတွက်) ဝမ်း‌မြောက်ဖွယ်သတင်း‌ကောင်းအဖြစ်နှင့် အသင်တို့၏ စိတ်နှလုံးများကို ထိုသတင်းနှင့် နှစ်သိမ့်‌အေးချမ်းရန်အတွက် ပြုလုပ်‌တော်မူခဲ့ခြင်းသာဖြစ်သည်။ ၎င်းပြင် ‌အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှသာ ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِذۡ يُغَشِّيكُمُ ٱلنُّعَاسَ أَمَنَةً مِّنۡهُ وَيُنَزِّلُ عَلَيۡكُم مِّنَ ٱلسَّمَآءِ مَآءً لِّيُطَهِّرَكُم بِهِۦ وَيُذۡهِبَ عَنكُمۡ رِجۡزَ ٱلشَّيۡطَٰنِ وَلِيَرۡبِطَ عَلَىٰ قُلُوبِكُمۡ وَيُثَبِّتَ بِهِ ٱلۡأَقۡدَامَ ١١တစ်ခါက အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ အသင်တို့အ‌ပေါ်၌ အ‌မောပန်း‌ပြေ‌စေရန်အတွက် ငိုက်မျဉ်းခြင်းကို ဖုံးလွှမ်း‌စေ‌တော်မူခဲ့သည်။ (စစ်ပွဲတွင် မွတ်စ်လင်မ်စစ်သားများ အိပ်ငိုက်‌နေသည်ကို ကာဖိရ်စစ်သားများ မြင်‌တွေ့ပြီး ဤအချိန်၌ပင် အိပ်ငိုက်နိုင်‌သေးသည့် စစ်သားများ၏ရဲရင့်မှုအ‌ပေါ် ‌ကြောက်ရွံ့မှု ဖြစ်‌ပေါ်ခဲ့ကြသည်။) ၎င်းပြင် အသင်တို့(၏ စိတ်နှလုံး)ထဲမှ ရှိုင်သွာန်၏လှုံ့‌ဆော်ချက်ကို ပ‌ပျောက်‌စေရန်အတွက်၊ ၎င်းပြင် အသင်တို့၏စိတ်နှလုံးများ ကြံ့ခိုင်‌စေရန်အတွက်နှင့် ‌ခြေများကို ထို(မိုး‌ရေ)နှင့် ခိုင်မြဲ‌စေရန်အတွက် ရွာသွန်းချ‌ပေး‌တော်မူခဲ့သည်။ إِذۡ يُوحِي رَبُّكَ إِلَى ٱلۡمَلَٰٓئِكَةِ أَنِّي مَعَكُمۡ فَثَبِّتُواْ ٱلَّذِينَ ءَامَنُواْۚ سَأُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ فَٱضۡرِبُواْ فَوۡقَ ٱلۡأَعۡنَاقِ وَٱضۡرِبُواْ مِنۡهُمۡ كُلَّ بَنَانٍ ١٢တစ်ခါက အသင်(တမန်‌တော့်)ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ‌ကောင်းကင်တမန်များထံသို့ ဝဟီ အမိန့်‌တော် (ဤသို့)ချမှတ်‌တော်မူခဲ့သည်- “ငါအရှင်မြတ်သည် အမှန်ပင် အသင်တို့နှင့် အတူရှိ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ယုံကြည်သူများအား တည်မြဲ‌အောင်လုပ်ကြပါ။* မကြာမီ ငါအရှင်မြတ်သည် ကာဖိရ်များ၏စိတ်နှလုံးများထဲ၌ ‌ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်း‌တော်မူမည်။ သို့ဖြစ်ရာ အသင်တို့သည် သူတို့၏လည်ကုပ်များကို ခုတ်ဖြတ်ကြပါ။ ၎င်းပြင် အသင်တို့သည် သူတို့၏ လက်‌ချောင်းများ၏အဆစ်များကို တစ်ခုစီ ဖြတ်‌တောက်ကြပါ။“ (‌ခေတ်တိုင်း၊ ‌နေရာတိုင်းက ကာဖိရ်တိုင်းကို ဤသို့သတ်ဖြတ်ရန် အမိန့်‌ပေးထားသည် မဟုတ်‌ပေ။) ذَٰلِكَ بِأَنَّهُمۡ شَآقُّواْ ٱللَّهَ وَرَسُولَهُۥۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ١٣ဤသည် အမှန်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အား ဆန့်ကျင်ခဲ့ခြင်း‌ကြောင့် (ဤသို့ အမိန့်ချမှတ်ခြင်း)ဖြစ်သည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်လျှင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် ပြင်းထန်စွာ ပြစ်ဒဏ်စီရင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ذَٰلِكُمۡ فَذُوقُوهُ وَأَنَّ لِلۡكَٰفِرِينَ عَذَابَ ٱلنَّارِ ١٤သို့ဖြစ်ရာ အသင်တို့သည် ဤ(ပြစ်ဒဏ်)ကို မြည်းစမ်းလိုက်ကြပါ။ ၎င်းပြင် အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများ ခံစားကြရန်အတွက် ဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်သည် (အဆင်သင့်)ရှိသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ زَحۡفًا فَلَا تُوَلُّوهُمُ ٱلۡأَدۡبَارَ ١٥အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ကာဖိရ်ငြင်းပယ်သူများကို စစ်‌မြေပြင်တွင် ‌တွေ့ဆုံကြ‌သောအခါ သူတို့ကို ‌ကျောခိုင်းထွက်မ‌ပြေးကြ‌လေနှင့်။ وَمَن يُوَلِّهِمۡ يَوۡمَئِذٍ دُبُرَهُۥٓ إِلَّا مُتَحَرِّفًا لِّقِتَالٍ أَوۡ مُتَحَيِّزًا إِلَىٰ فِئَةٍ فَقَدۡ بَآءَ بِغَضَبٍ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ١٦ထို့‌နောက် မည်သူမဆို ထို‌နေ့တွင် ချီတက်မှုလွှဲ‌ပြောင်းစစ်ဆင်ခြင်း သို့မဟုတ် (မိမိ၏)တပ်ဖွဲ့တစ်ဖွဲထံသို့ ပူး‌ပေါင်း‌နေရာယူခြင်းမှလွဲ၍ သူတို့ကို ‌ကျောခိုင်းသွားခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်‌တော်သင့်၍ ပြန်ခဲ့သည်ပင်ဖြစ်သည်။ ၎င်းပြင် ဂျဟန္နမ်ငရဲဘုံသည် သူ၏‌နေရာထိုင်ခင်း ဖြစ်သည်။ ထို့ပြင် (ငရဲဘုံသည်) အဘယ်မျှ ဆိုးရွား‌သော ပြန်လည်ရာစခန်းဖြစ်လိုက်သနည်း။ فَلَمۡ تَقۡتُلُوهُمۡ وَلَٰكِنَّ ٱللَّهَ قَتَلَهُمۡۚ وَمَا رَمَيۡتَ إِذۡ رَمَيۡتَ وَلَٰكِنَّ ٱللَّهَ رَمَىٰ وَلِيُبۡلِيَ ٱلۡمُؤۡمِنِينَ مِنۡهُ بَلَآءً حَسَنًاۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌ ١٧ထို့‌နောက် အသင်တို့သည် ထို(ကာဖိရ်ငြင်းပယ်‌သော)သူများအား သတ်ဖြတ်ခဲ့ကြသည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် သူတို့အား သတ်ဖြတ်‌တော်မူခဲ့ခြင်းဖြစ်သည်။ ၎င်းပြင် အသင်(တမန်‌တော်)သည် (သူတို့အား သဲများနှင့်)ပစ်ပက်စဉ်ကလည်း အသင်ပစ်ပက်ခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ပစ်ပက်‌တော်မူခဲ့ခြင်းဖြစ်သည်။* ၎င်းပြင် ယုံကြည်‌သောသူများအား အရှင်မြတ်ထံ‌တော်မှ ‌ကောင်းမွန်‌သောစမ်းသပ်မှုနှင့် စမ်းသပ်‌ကျေးဇူးပြု‌တော်မူရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ذَٰلِكُمۡ وَأَنَّ ٱللَّهَ مُوهِنُ كَيۡدِ ٱلۡكَٰفِرِينَ ١٨ဤသည် ဖြစ်ပျက်ခဲ့‌သောကိစ္စတစ်ခုဖြစ်သည်၊ ၎င်းပြင် (‌နောက်ကိစ္စတစ်ခုမှာ ဤသို့ ဖြစ်ခဲ့သည်) အလ္လာဟ်အရှင်မြတ်သည် ငြင်းပယ်သူများ၏ အကြံအစည်ကိုလည်း အမှန်စင်စစ် ချည့်နဲ့(ပျက်စီး)‌စေ‌တော်မူမည်။ إِن تَسۡتَفۡتِحُواْ فَقَدۡ جَآءَكُمُ ٱلۡفَتۡحُۖ وَإِن تَنتَهُواْ فَهُوَ خَيۡرٌ لَّكُمۡۖ وَإِن تَعُودُواْ نَعُدۡ وَلَن تُغۡنِيَ عَنكُمۡ فِئَتُكُمۡ شَيۡـًٔا وَلَوۡ كَثُرَتۡ وَأَنَّ ٱللَّهَ مَعَ ٱلۡمُؤۡمِنِينَ ١٩အကယ်၍ အသင်တို့သည် စီရင်ဆုံးဖြတ်ချက်ကို ရလိုသည်ဆိုလျှင် စီရင်ဆုံးဖြတ်ချက်သည် အသင်တို့‌ရှေ့၌ပင် အမှန်စင်စစ် အသင့်‌ရောက်ရှိ‌နေပြီဖြစ်သည်။* ၎င်းပြင် အကယ်၍ အသင်တို့သည် ထပ်ပြီးပြုလုပ်ကြဦးမည်ဆိုလျှင် ငါအရှင်မြတ်လည်း ထပ်ပြီးပြုလုပ်‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် အသင်တို့၏အုပ်စုသည် မည်မျှပင် များသည်ဖြစ်‌စေ၊ အသင်တို့အတွက် အနည်းငယ်မျှပင် လုံးဝ အသုံးဝင်မည် မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယုံကြည်‌သောသူများနှင့်အတူတကွ ရှိ‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَوَلَّوۡاْ عَنۡهُ وَأَنتُمۡ تَسۡمَعُونَ ٢٠အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင်မြတ်၏တမန်‌တော့် အမိန့်‌တော်များကို လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် ကြားသိလျက်နှင့် ထိုအမိန့်‌တော်များမှ လွှဲဖယ်မသွားကြနှင့်။ وَلَا تَكُونُواْ كَٱلَّذِينَ قَالُواْ سَمِعۡنَا وَهُمۡ لَا يَسۡمَعُونَ ٢١ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်၊ ထိုသူများသည် (မည်သည့်အရာကိုမျှ) ကြားကြသည်မဟုတ်ဘဲလျက် ကျွန်ုပ်တို့ကြားကြပါပြီ*ဟု ‌ပြောဆိုခဲ့ကြသည်။ ۞ إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلصُّمُّ ٱلۡبُكۡمُ ٱلَّذِينَ لَا يَعۡقِلُونَ ٢٢အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အဆိုးဆုံးသတ္တဝါသည် နားပင်း၊ ဆွံ့အ‌သော သတ္တဝါများပင်ဖြစ်ကြသည်။ ထိုသတ္တဝါများသည် (မည်သည့်အရာကိုမျှ) သိနားလည်ခြင်း မရှိကြ‌ပေ။ وَلَوۡ عَلِمَ ٱللَّهُ فِيهِمۡ خَيۡرًا لَّأَسۡمَعَهُمۡۖ وَلَوۡ أَسۡمَعَهُمۡ لَتَوَلَّواْ وَّهُم مُّعۡرِضُونَ ٢٣ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကယ်၍ သူတို့တွင် ‌ကောင်း‌သောအချက် တစ်စုံတစ်ရာကိုသာ သိမြင်‌တော်မူခဲ့လျှင် သူတို့အား အမှန်ပင် ကြားနာ‌စေ‌တော်မူခဲ့မည်ဖြစ်သည်။ ၎င်းပြင် အကယ်၍ သူတို့အား (ယခု)ကြားနာ‌စေ‌တော်မူမည်ဆိုလျှင်လည်း သူတို့သည် ဂရုမစိုက်‌သောသူများဖြစ်လျက် အမှန်စင်စစ် မျက်နှာလွှဲသွားကြမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱسۡتَجِيبُواْ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمۡ لِمَا يُحۡيِيكُمۡۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَحُولُ بَيۡنَ ٱلۡمَرۡءِ وَقَلۡبِهِۦ وَأَنَّهُۥٓ إِلَيۡهِ تُحۡشَرُونَ ٢٤အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်၏အမိန့်‌တော်များကို ထိုတမန်‌တော်သည် အသင်တို့အား အသင်တို့ အသက်ရှင်‌စေနိုင်‌သော ကိစ္စများဘက်သို့ ဖိတ်‌ခေါ်‌သောအခါ လက်ခံလိုက်နာကြပါ။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးကြား၌ ကာဆီးလျက်ရှိ‌နေ‌တော်မူသည်*ဆိုသည်ကိုလည်း‌ကောင်း၊ အမှန်ပင် အရှင်မြတ်ထံ‌တော်တွင် အသင်တို့ စုရုံးခြင်း ခံကြရမည်ဆိုသည်ကိုလည်း‌ကောင်း အသင်တို့ သိရှိထားကြပါ။ وَٱتَّقُواْ فِتۡنَةً لَّا تُصِيبَنَّ ٱلَّذِينَ ظَلَمُواْ مِنكُمۡ خَآصَّةًۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ٢٥ထို့ပြင် အသင်တို့သည် အကြင်အပြစ်ဒဏ်ကို ‌ကြောက်ရွံ့ကြပါ။ ထိုပြစ်ဒဏ်သည် အသင်တို့ထဲမှ မတရားကျူးလွန်သူများအ‌ပေါ်၌သာ သီးသန့် ကျ‌ရောက်လာမည်မဟုတ်‌ပေ။* ၎င်းပြင် စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ခတ်‌တော်မူ‌သောအရှင် ဖြစ်သည်ကိုလည်း အသင်တို့ သိရှိထားကြပါ။ وَٱذۡكُرُوٓاْ إِذۡ أَنتُمۡ قَلِيلٌ مُّسۡتَضۡعَفُونَ فِي ٱلۡأَرۡضِ تَخَافُونَ أَن يَتَخَطَّفَكُمُ ٱلنَّاسُ فَـَٔاوَىٰكُمۡ وَأَيَّدَكُم بِنَصۡرِهِۦ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِ لَعَلَّكُمۡ تَشۡكُرُونَ ٢٦ထို့ပြင် အသင်တို့သည် သတိရကြပါ။ တစ်ခါက အသင်တို့သည် အနည်းငယ်မျှသာ ရှိခဲ့ကြသည်။ ကမာ္ဘ‌မြေတွင် အင်အားချည့်နဲ့သူများ ဖြစ်ခဲ့ကြသည်။ အသင်တို့သည် အသင်တို့အား လူများက ရုတ်တရက် လုယက်တိုက်ခိုက် သတ်ဖြတ်ကြမည်ကိုပင် စိုးရိမ်‌နေကြရသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့ ‌ကျေးဇူးသိတတ်ကြရန်အတွက် အသင်တို့အား ခိုကိုးရန်‌နေရာ(မဒီနာဟ်မြို့တွင်)ချ‌ပေး‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား အရှင်မြတ်၏အကူအညီဖြင့် အင်အားဖြည့်တင်း‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့အား သန့်ပြန့်‌သော ရိက္ခာများကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَخُونُواْ ٱللَّهَ وَٱلرَّسُولَ وَتَخُونُوٓاْ أَمَٰنَٰتِكُمۡ وَأَنتُمۡ تَعۡلَمُونَ ٢٧အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်အ‌ပေါ်တွင် (တာဝန်ပျက်ကွက်ခြင်းနှင့်) သစ္စာမ‌ဖောက်ကြနှင့်။* ၎င်းပြင် အသင်တို့သည် အသင်တို့အား အပ်နှံထား‌သောပစ္စည်းများကို အသင်တို့ သိပါလျက်နှင့် သစ္စာ‌ဖောက် အလွဲသုံးစား မလုပ်ကြနှင့်။ وَٱعۡلَمُوٓاْ أَنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٌ وَأَنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٌ ٢٨ထို့ပြင် အသင်တို့၏ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် စမ်းသပ်မှုတစ်ခုပင်* ဖြစ်သည့်အပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ကြီးမား‌သောဆုလာဘ် အမှန်စင်စစ်ရှိသည်ကို အသင်တို့ သိရှိထားကြပါ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَتَّقُواْ ٱللَّهَ يَجۡعَل لَّكُمۡ فُرۡقَانًا وَيُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَيَغۡفِرۡ لَكُمۡۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٢٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြလျှင် အရှင်မြတ်သည် အသင်တို့အား (အမှားနှင့်အမှန်)ခွဲခြားသိရှိနိုင်‌စေ‌သောအရာ*ကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့၏ မ‌ကောင်းမှုများကိုလည်း ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမား‌သော ‌ကျေးဇူး‌တော်ရှင် ဖြစ်‌တော်မူသည်။ وَإِذۡ يَمۡكُرُ بِكَ ٱلَّذِينَ كَفَرُواْ لِيُثۡبِتُوكَ أَوۡ يَقۡتُلُوكَ أَوۡ يُخۡرِجُوكَۚ وَيَمۡكُرُونَ وَيَمۡكُرُ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ٣٠ထို့ပြင် တစ်ခါက ကာဖိရ်ငြင်းပယ်သူများသည် အသင်(တမန်‌တော်)နှင့်ပတ်သက်၍ အသင့်အား ဖမ်းချုပ်ရန်၊ သို့မဟုတ် အသင့်အား သတ်ဖြတ်ရန်၊ သို့မဟုတ် အသင့်အား(မက္ကဟ်မြို့မှ)နှင်ထုတ်ကြရန် (တိတ်ဆိတ်စွာ)ကြံစည်‌နေကြသည်။ ထို့ပြင် သူတို့သည် (သူတို့၏ကြံစည်မှုများကို)ကြံစည်‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်လည်း (အရှင်မြတ်၏ကြံစည်မှုကို)ကြံစည်‌နေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး ကြံစည်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا قَالُواْ قَدۡ سَمِعۡنَا لَوۡ نَشَآءُ لَقُلۡنَا مِثۡلَ هَٰذَآ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ٣١ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ရွတ်ပြခြင်းခံရ‌သောအခါ သူတို့က (ဤသို့)‌ပြောဆိုကြသည်- “ငါတို့သည် အမှန်ပင် (ဤသည်ကို)ကြားဖူးပြီးဖြစ်သည်။ အကယ်၍ ငါတို့ အလိုရှိလျှင် ငါတို့လည်း ဤ(အာယသ်များ)ကဲ့သို့ အမှန်ပင် ‌ပြောဆိုနိုင်ကြသည်။ ဤသည် ‌ရှေးကသူများ၏ ပုံပြင်များသာဖြစ်သည်။“ وَإِذۡ قَالُواْ ٱللَّهُمَّ إِن كَانَ هَٰذَا هُوَ ٱلۡحَقَّ مِنۡ عِندِكَ فَأَمۡطِرۡ عَلَيۡنَا حِجَارَةً مِّنَ ٱلسَّمَآءِ أَوِ ٱئۡتِنَا بِعَذَابٍ أَلِيمٍ ٣٢ထို့ပြင် တစ်ခါက သူတို့က ‌ပြောဆို‌လျှောက်ထားကြသည်- “အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤ(ကုရ်အာန်)သည် အရှင်မြတ်ထံ‌တော်မှ အမှန်စင်စစ် ဖြစ်ခဲ့သည်ဆိုလျှင် အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်သို့ ‌ကောင်းကင်မှ ‌ကျောက်ခဲမိုးရွာသွန်း‌စေ‌တော်မူပါ။ သို့မဟုတ် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်တစ်စုံတစ်ခုကို ကျွန်ုပ်တို့အ‌ပေါ်၌ ကျ‌ရောက်‌စေ‌တော်မူပါ။“ وَمَا كَانَ ٱللَّهُ لِيُعَذِّبَهُمۡ وَأَنتَ فِيهِمۡۚ وَمَا كَانَ ٱللَّهُ مُعَذِّبَهُمۡ وَهُمۡ يَسۡتَغۡفِرُونَ ٣٣ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ထဲတွင် အသင်(တမန်‌တော်)ရှိ‌နေပါလျက် သူတို့အား (မြင်သာထင်ရှား‌သော သဘာဝလွန်) ပြစ်ဒဏ်‌ပေး‌တော်မူမည် မဟုတ်‌ပေ။* ၎င်းပြင် သူတို့သည် (မ‌ကောင်းမှုများမှ) လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံ‌နေပါလျက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်‌ပေး‌တော်မူမည် မဟုတ်‌ပေ။ وَمَا لَهُمۡ أَلَّا يُعَذِّبَهُمُ ٱللَّهُ وَهُمۡ يَصُدُّونَ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَمَا كَانُوٓاْ أَوۡلِيَآءَهُۥٓۚ إِنۡ أَوۡلِيَآؤُهُۥٓ إِلَّا ٱلۡمُتَّقُونَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٣٤၎င်းပြင် သူတို့သည် အလ်မတ်စ်ဂျိဒုလ်ဟရာမ် ဗလီဝတ်‌ကျောင်း‌တော်(၌ ဝတ်ပြုခြင်းများ)မှ တားဆီး‌နေကြပါလျက်၊ ၎င်းပြင် သူတို့သည် ထိုဗလီ‌ကျောင်း‌တော်ကို ‌စောင့်‌ရှောက်‌သော ‌ဂေါပကလူကြီးများလည်း မဟုတ်ကြဘဲလျက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အပြစ်မ‌ပေးရန် မည်သည့်အ‌ကြောင်း ရှိ‌တော့မည်နည်း။ အမှန်မှာ ထိုဗလီဝတ်‌ကျောင်း‌တော်ကို အုပ်ထိန်းသူများသည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသာ ဖြစ်နိုင်ကြသည်။ သို့ရာတွင် သူတို့ထဲမှ များစွာ‌သောသူတို့သည် သိနားလည်မှု မရှိကြ‌ပေ။ وَمَا كَانَ صَلَاتُهُمۡ عِندَ ٱلۡبَيۡتِ إِلَّا مُكَآءً وَتَصۡدِيَةًۚ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ٣٥၎င်းပြင် အိမ်‌တော်(ကအ်ဗဟ်‌ကျောင်း‌တော်)တွင် သူတို့၏စွလာသ်ဝတ်ပြုမှုသည် ‌လေချွန်ခြင်းနှင့် လက်ခုပ်တီးခြင်းသာဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် ‌သွေဖည်ငြင်းဆန်မှု ပြုလုပ်ခဲ့သည့်အတွက်‌ကြောင့် အပြစ်ဒဏ်ကို မြည်းစမ်းကြပါ။ إِنَّ ٱلَّذِينَ كَفَرُواْ يُنفِقُونَ أَمۡوَٰلَهُمۡ لِيَصُدُّواْ عَن سَبِيلِ ٱللَّهِۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيۡهِمۡ حَسۡرَةً ثُمَّ يُغۡلَبُونَۗ وَٱلَّذِينَ كَفَرُوٓاْ إِلَىٰ جَهَنَّمَ يُحۡشَرُونَ ٣٦အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများသည် (လူများအား)အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်မှ တားဆီးရန် သူတို့၏ပစ္စည်းဥစ္စာများကို သုံးစွဲကြသည်။ ၎င်းပြင် သူတို့သည် ထိုပစ္စည်းများကို သုံးစွဲ‌နေဦးမည်ပင် ဖြစ်သည်။ ထို့‌နောက် ထိုပစ္စည်းများသည် သူတို့အ‌ပေါ်၌ ဝမ်းနည်းစရာဖြစ်သွားမည်။ ၎င်းပြင် သူတို့သည် လွှမ်းမိုးခြင်းကို ခံကြရဦးမည်ဖြစ်သည်။ ၎င်းပြင် ကာဖိရ်များသည် ဂျဟန္နမ်ငရဲဘုံထံသို့ စုရုံး‌စေခြင်း ခံကြရမည်ဖြစ်သည်။ لِيَمِيزَ ٱللَّهُ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِ وَيَجۡعَلَ ٱلۡخَبِيثَ بَعۡضَهُۥ عَلَىٰ بَعۡضٍ فَيَرۡكُمَهُۥ جَمِيعًا فَيَجۡعَلَهُۥ فِي جَهَنَّمَۚ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ٣٧အလ္လာဟ်အရှင်မြတ်သည် သူယုတ်မာများအား ‌ကောင်းမြတ်‌သောသူများနှင့် ခွဲခြား‌တော်မူရန်အတွက် လည်း‌ကောင်း၊ သူယုတ်မာများအား တစ်ဦး‌ပေါ်တစ်ဦး ထပ်ဆင့်‌တော်မူ၍ အားလုံးကို စုပုံပြီး ငရဲဘုံထဲသို့ ပို့‌ဆောင်‌တော်မူရန်အတွက်လည်း‌ကောင်း (ပြုလုပ်‌တော်မူခြင်း)ဖြစ်သည်။ ထိုသူများပင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ကြသည်။ قُل لِّلَّذِينَ كَفَرُوٓاْ إِن يَنتَهُواْ يُغۡفَرۡ لَهُم مَّا قَدۡ سَلَفَ وَإِن يَعُودُواْ فَقَدۡ مَضَتۡ سُنَّتُ ٱلۡأَوَّلِينَ ٣٨(အို- တမန်‌တော်)အသင်သည် ငြင်းပယ်သူများကို (ဤသို့)‌ပြောလိုက်ပါ- အကယ်၍ သူတို့သည် (ငြင်းပယ်မှုမှ)ရပ်စဲကြလျှင် လွန်ခဲ့‌သောပြစ်မှုများသည် သူတို့အတွက် ခွင့်လွှတ်ပြီးဖြစ်သည်။* ၎င်းပြင် အကယ်၍ သူတို့သည် ထပ်မံပြီး ပြုလုပ်ကြလျှင်၊ အမှန်စင်စစ် ‌ရှေးကသူများနှင့်ပတ်သက်‌သော (ငါအရှင်မြတ်၏)လုပ်ထုံးလုပ်နည်း (အ‌ရေးယူ‌နေကျပုံစံ)သည် (နမူနာအ‌နေဖြင့်)‌ရောက်ရှိခဲ့ပြီဖြစ်သည်။ وَقَٰتِلُوهُمۡ حَتَّىٰ لَا تَكُونَ فِتۡنَةٌ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِۚ فَإِنِ ٱنتَهَوۡاْ فَإِنَّ ٱللَّهَ بِمَا يَعۡمَلُونَ بَصِيرٌ ٣٩ထို့ပြင် အသင်တို့သည် သူတို့ကို (သာသနာ‌ရေးနှင့်ပတ်သက်၍)နှိပ်စက်ညှဉ်းပန်းချုပ်ချယ်မှုသည် ပ‌ပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သွားသည်အထိ တိုက်ခိုက်ကြပါ။ ထို့‌နောက် အကယ်၍ သူတို့သည် (တိုက်ခိုက်မှုမှ)ရပ်စဲခဲ့ကြလျှင်၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူသည်များကို အကြွင်းမဲ့မြင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِن تَوَلَّوۡاْ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَوۡلَىٰكُمۡۚ نِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ ٤٠ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား(ကူညီ‌တော်မူမည့်)မိတ်‌ဆွေ ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားလိုက်ကြပါ။ အရှင်မြတ်သည် အဘယ်မျှ‌ကောင်း‌သော မိတ်‌ဆွေနှင့် အဘယ်မျှ‌ကောင်း‌သော ကူညီ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူလိုက်ပါသနည်း။

الجزء العاشر

۞ وَٱعۡلَمُوٓاْ أَنَّمَا غَنِمۡتُم مِّن شَيۡءٍ فَأَنَّ لِلَّهِ خُمُسَهُۥ وَلِلرَّسُولِ وَلِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِ إِن كُنتُمۡ ءَامَنتُم بِٱللَّهِ وَمَآ أَنزَلۡنَا عَلَىٰ عَبۡدِنَا يَوۡمَ ٱلۡفُرۡقَانِ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٤١ထို့ပြင် အသင်တို့ သိရှိထားရမည်မှာ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံကြည်ခဲ့သည်ဆိုလျှင်၊ ၎င်းပြင် ငါအရှင်မြတ်သည် အရှင်မြတ်၏ကျွန်(မုဟမ္မဒ်-ဆွ)၏အ‌ပေါ်ကို (ယုံကြည်သူနှင့် မယုံကြည်သူများကို)ခွဲခြားသိသာ‌စေ‌သော‌နေ့၊ အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်‌တွေ့ကြုံခဲ့ကြ‌သော‌နေ့၌ ချ‌ပေးသနား‌တော်မူခဲ့‌သောအရာ (သက်‌သေသာဓကများ)ကို* ယုံကြည်ခဲ့သည်ဆိုလျှင်၊ အသင်တို့သည် (စစ်တိုက်ရာမှ)လက်ရပစ္စည်းများရရှိခဲ့လျှင်* ထိုပစ္စည်းများထဲမှ ငါးပုံတစ်ပုံသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အတွက်၊ တမန်‌တော်မြတ်အတွက်၊ (တမန်‌တော်မြတ်၏)‌ဆွေမျိုးရင်းချာများအတွက်၊ အဘမဲ့က‌လေးများအတွက်၊ ဆင်းရဲသားများအတွက်နှင့် ခရီးသည်များအတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِذۡ أَنتُم بِٱلۡعُدۡوَةِ ٱلدُّنۡيَا وَهُم بِٱلۡعُدۡوَةِ ٱلۡقُصۡوَىٰ وَٱلرَّكۡبُ أَسۡفَلَ مِنكُمۡۚ وَلَوۡ تَوَاعَدتُّمۡ لَٱخۡتَلَفۡتُمۡ فِي ٱلۡمِيعَٰدِ وَلَٰكِن لِّيَقۡضِيَ ٱللَّهُ أَمۡرًا كَانَ مَفۡعُولًا لِّيَهۡلِكَ مَنۡ هَلَكَ عَنۢ بَيِّنَةٍ وَيَحۡيَىٰ مَنۡ حَيَّ عَنۢ بَيِّنَةٍۗ وَإِنَّ ٱللَّهَ لَسَمِيعٌ عَلِيمٌ ٤٢တစ်ခါက အသင်တို့သည် (မဒီနဟ်အနီးမှ လျှို‌မြောင်)အနီးတွင် ရှိခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အ‌ဝေး၌ရှိခဲ့ကြသည်။ ၎င်းပြင် ကုန်သည်အုပ်စုကမူ အသင်တို့၏ ‌အောက်ပိုင်းတွင် ရှိခဲ့ကြသည်။* အကယ်၍သာ အသင်တို့(နှင့် ထိုသူများ)သည် အချင်းချင်း (တစ်ဖက်နှင့်တစ်ဖက်)ချိန်းဆိုခဲ့ကြလျှင်၊ အမှန်စင်စစ် အသင်တို့သည် ထိုချိန်းဆိုမှုနှင့်ပတ်သက်၍ ကွဲလွဲခဲ့ကြဦးမည်။ (မွတ်စ်လင်မ်များဘက်မှ လက်နက်မပြည့်စုံ‌သေးဟုဆိုပြီး အချိန်သတ်မှတ်ရာတွင် ဆိုင်းငံ့ရန် လက်နက်စု‌ဆောင်းရန် တစ်‌ယောက်တစ်မျိုး ‌ပြောကြမည်။ ကာဖိရ်များဘက်မှလည်း တမန်‌တော်မြတ်-ဆွ၏ မှန်ကန်မှု အရှိန်အဝါ‌ကြောင့် တိုက်ခိုက်၍ နိုင်မှနိုင်ပါမည်‌လောဟူသည့် စိုးရိမ်စိတ်များနှင့် အချင်းချင်း အချိန်သတ်မှတ်ချိန်းဆိုရန် အကွဲအလွဲများဖြစ်ပြီး‌နောက် နှစ်ဖက် စစ်ဖြစ်ရန် ‌ဝေးသွားနိုင်သည်)။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (သူတို့နှစ်ဖက် ထိပ်တိုက်‌တွေ့ဆုံမှု)ဖြစ်ရမည့် ကိစ္စတစ်ခုကို ပြီး‌မြောက်‌စေ‌တော်မူရန်အတွက်၊ (အ‌ကြောင်းခံများအဖြစ် ကာဖိရ်များသည်လည်း သူတို့၏ ကုန်သည်အုပ်စု၏ လုံခြုံ‌ရေးအတွက် မလွှဲမ‌ရှောင်သာ တိုက်ခိုက်ရန် ပြင်ဆင်ပြီး ထွက်လာခဲ့ကြရာ မွတ်စ်လင်မ်များသည်လည်း သူတို့နှင့် မလွှဲမ‌ရှောင်သာ တိုက်ရ‌တော့မည် ဖြစ်သွားခဲ့ရသည်။) ‌သေ‌ကြေပျက်စီးမည့်သူသည် (အစ္စလာမ်မှန်ကန်‌ကြောင်း၊ ကုဖ်ရ်မှားယွင်း‌ကြောင်း) သက်‌သေလက္ခဏာ ထင်ရှားစွာ (‌တွေ့မြင်ပြီး‌နောက်) အသက်ထင်ရှားရှိ‌စေရန်အတွက် (ထိုအုပ်စုနှစ်ခုကို ဗဒရ်တွင် မလွဲ‌အောင် ထိပ်တိုက်ရင်ဆိုင်‌စေ‌တော်မူခြင်း)ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِذۡ يُرِيكَهُمُ ٱللَّهُ فِي مَنَامِكَ قَلِيلًاۖ وَلَوۡ أَرَىٰكَهُمۡ كَثِيرًا لَّفَشِلۡتُمۡ وَلَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَلَٰكِنَّ ٱللَّهَ سَلَّمَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٤٣ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် အသင်(တမန်‌တော်)၏အိပ်မက်ထဲ၌ သူတို့(၏ အ‌ရေအတွက်)ကို အနည်းငယ်သာ ပြသ‌တော်မူခဲ့သည်။ အကယ်၍သာ အရှင်မြတ်သည် အသင့်အား သူတို့(၏ အ‌ရေအတွက်)ကို များပြားစွာ ပြသ‌တော်မူခဲ့လျှင် အသင်တို့သည် အမှန်စင်စစ် စိတ်ဓာတ်ကျခဲ့မည့်အပြင်၊ ထိုကိစ္စနှင့်ပတ်သက်၍ အချင်းချင်း အငြင်းပွားပြီး စကားများခဲ့ကြမည် အမှန်ပင်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓာတ်ကျခြင်းနှင့် အငြင်းပွားခြင်းမှ)ကယ်ဆယ်‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသည်များကို အကြွင်းမဲ့သိရှိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِذۡ يُرِيكُمُوهُمۡ إِذِ ٱلۡتَقَيۡتُمۡ فِيٓ أَعۡيُنِكُمۡ قَلِيلًا وَيُقَلِّلُكُمۡ فِيٓ أَعۡيُنِهِمۡ لِيَقۡضِيَ ٱللَّهُ أَمۡرًا كَانَ مَفۡعُولًاۗ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ٤٤ထို့ပြင် တစ်ခါက အရှင်မြတ်သည် အသင်တို့ (သူတို့နှင့် ရင်ဆိုင်)‌တွေ့ဆုံကြစဉ်မှာ သူတို့(၏ အ‌ရေအတွက်)ကို အသင်တို့အမြင်၌ ‌လျှော့၍ပြသ‌တော်မူခဲ့သည်။ ၎င်းပြင် အသင်တို့ကိုလည်း သူတို့၏အမြင်၌ ‌လျှော့၍ပင် ပြသ‌တော်မူခဲ့သည်။ (ထိုကဲ့သို့ ပြု‌တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ပြုလို‌တော်မူ‌သောကိစ္စ (မွတ်စ်လင်မ်များ၏ ‌အောင်နိုင်မှု)တစ်ခုကို (ဖြစ်‌ပေါ်ထင်ရှား)ပြီး‌မြောက်‌စေ‌တော်မူရန်အတွက် ဖြစ်သည်။* ၎င်းပြင် ကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လှည့်ခံရမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا لَقِيتُمۡ فِئَةً فَٱثۡبُتُواْ وَٱذۡكُرُواْ ٱللَّهَ كَثِيرًا لَّعَلَّكُمۡ تُفۡلِحُونَ ٤٥အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အုပ်စုတစ်စုစုနှင့် (ရင်ဆိုင်)‌တွေ့ဆုံကြ‌သောအခါ ကြံ့ကြံ့ခံရပ်တည်ကြပါ။ ၎င်းပြင် အသင်တို့ ‌အောင်မြင်ရန်အတွက် အလ္လာဟ်အရှင်မြတ်ကိုများစွာ သတိရ တသကြပါ။ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَنَٰزَعُواْ فَتَفۡشَلُواْ وَتَذۡهَبَ رِيحُكُمۡۖ وَٱصۡبِرُوٓاْۚ إِنَّ ٱللَّهَ مَعَ ٱلصَّٰبِرِينَ ٤٦ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင်မြတ်၏တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာကြပါ။* ထို့ပြင် အသင်တို့သည် အချင်းချင်း အငြင်းမပွားကြနှင့်။* ထိုသို့ အငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓာတ်ကျလိမ့်မည်။ အသင်တို့၏‌လေ(အင်အား)သည်လည်း ‌လျော့နည်းသွားလိမ့်မည်။ ၎င်းပြင် အသင်တို့သည် သည်းခံကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သည်းခံ‌သောသူများနှင့်အတူ ရှိ‌တော်မူသည်။ وَلَا تَكُونُواْ كَٱلَّذِينَ خَرَجُواْ مِن دِيَٰرِهِم بَطَرًا وَرِئَآءَ ٱلنَّاسِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِۚ وَٱللَّهُ بِمَا يَعۡمَلُونَ مُحِيطٌ ٤٧ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်။* ထိုသူများသည် သူတို့၏အိမ်များမှ ကြွားဝါပြီး လူများအား ပြစားကာ ထွက်လာခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူသည်များကို ခြုံငုံ၍ သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَإِذۡ زَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ وَقَالَ لَا غَالِبَ لَكُمُ ٱلۡيَوۡمَ مِنَ ٱلنَّاسِ وَإِنِّي جَارٌ لَّكُمۡۖ فَلَمَّا تَرَآءَتِ ٱلۡفِئَتَانِ نَكَصَ عَلَىٰ عَقِبَيۡهِ وَقَالَ إِنِّي بَرِيٓءٌ مِّنكُمۡ إِنِّيٓ أَرَىٰ مَا لَا تَرَوۡنَ إِنِّيٓ أَخَافُ ٱللَّهَۚ وَٱللَّهُ شَدِيدُ ٱلۡعِقَابِ ٤٨ထို့ပြင် တစ်ခါက ရှိုင်သွာန်သည် သူတို့၏အပြုအမူများကို သူတို့၏အမြင်တွင် လှပ‌အောင် တန်ဆာဆင်ပြခဲ့သည်။ ၎င်းပြင် ထိုရှိုင်သွာန်က ‌ပြောဆိုခဲ့သည်- “ယ‌နေ့ လူများထဲမှ အသင်တို့ကို ‌အောင်နိုင်မည့်သူဟူ၍ မည်သူမှ မရှိ‌ပေ။ အမှန်ပင် ငါသည် အသင်တို့ကို ကာကွယ်‌စောင့်‌ရှောက်မည့်သူဖြစ်သည်။“ ထို့‌နောက် အုပ်စုနှစ်စုသည် ရင်ဆိုင်ကြ‌သောအခါ ထိုရှိုင်သွာန်သည် ‌နောက်ဆုတ်ထွက်‌ပြေးသွားခဲ့သည်။ ၎င်း‌နောက် သူက ‌ပြောသည်- “အမှန်ပင် ငါသည် အသင်တို့နှင့် မပတ်သက်‌ပေ၊ တာဝန်ကင်းသည်။ အမှန်မှာ ငါသည် အသင်တို့ မမြင်ရ‌သောအရာကို မြင်ရသည်။ ငါသည် အမှန်ပင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။“ إِذۡ يَقُولُ ٱلۡمُنَٰفِقُونَ وَٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ غَرَّ هَٰٓؤُلَآءِ دِينُهُمۡۗ وَمَن يَتَوَكَّلۡ عَلَى ٱللَّهِ فَإِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ٤٩တစ်ခါက မုနာဖိက် အ‌ယောင်‌ဆောင်များနှင့် စိတ်နှလုံးထဲတွင် ‌ရောဂါစွဲကပ်‌နေသူများ*က (မွတ်စ်လင်မ်များနှင့်ပတ်သက်၍) ‌ပြောဆိုကြသည်- “ ဤသူများအား သူတို့၏ဒီန်သာသနာက လှည့်စားထားသည်။“ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အမှန်စင်စစ် ယုံပုံအပ်နှင်းလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَوۡ تَرَىٰٓ إِذۡ يَتَوَفَّى ٱلَّذِينَ كَفَرُواْ ٱلۡمَلَٰٓئِكَةُ يَضۡرِبُونَ وُجُوهَهُمۡ وَأَدۡبَٰرَهُمۡ وَذُوقُواْ عَذَابَ ٱلۡحَرِيقِ ٥٠ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)သည် (ဤမြင်ကွင်းကို)မြင်ရလျှင် (အံ့ဩသွားမည်)၊ တစ်ခါတွင်- ‌ကောင်းကင်တမန်များသည် ကာဖိရ်များ၏အသက်ကို နှုတ်ယူ‌သောအချိန်၌ သူတို့၏မျက်နှာများနှင့် သူတို့၏‌ကျောကုန်းများကို ရိုက်နှက်ပြီး “အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ“(ဟု ‌ပြောဆိုကြမည်)။ ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّٰمٍ لِّلۡعَبِيدِ ٥١ဤသည် အသင်တို့၏လက်များက ကြိုတင်ပို့နှင့်ထားပြီးဖြစ်‌သောအရာ(မ‌ကောင်းမှုများ)‌ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို နှိပ်စက်‌တော်မူ‌သောအရှင် လုံးဝမဟုတ်‌ပေ။ كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمۡۚ إِنَّ ٱللَّهَ قَوِيٌّ شَدِيدُ ٱلۡعِقَابِ ٥٢(ထိုအပြစ်ခံရ‌သော ကာဖိရ်များ၏အ‌ခြေအ‌နေသည်)ဖိရ်‌အောင်န်၏ အ‌ခြွေအရံများ၏ အ‌ခြေအ‌နေနှင့် သူတို့မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ အ‌ခြေအ‌နေကဲ့သို့ ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သူတို့၏ မ‌ကောင်းမှုများ‌ကြောင့် အ‌ရေးယူကွပ်မျက်‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ အလွန်ပြင်းထန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ذَٰلِكَ بِأَنَّ ٱللَّهَ لَمۡ يَكُ مُغَيِّرًا نِّعۡمَةً أَنۡعَمَهَا عَلَىٰ قَوۡمٍ حَتَّىٰ يُغَيِّرُواْ مَا بِأَنفُسِهِمۡ وَأَنَّ ٱللَّهَ سَمِيعٌ عَلِيمٌ ٥٣ဤသည် အဘယ့်‌ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတစ်မျိုးအ‌ပေါ်၌ ပြု‌တော်မူခဲ့‌သော မည်သည့်‌ကျေးဇူး‌တော်ကိုမှ ထိုလူမျိုးများသည် သူတို့ကိုယ်တိုင် သူတို့၏အ‌ခြေအ‌နေကို မ‌ပြောင်းလဲသ‌ရွေ့ ‌ပြောင်းလဲ‌ပေး‌တော်မမူ‌ပေ။* ၎င်းပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَّبُواْ بِـَٔايَٰتِ رَبِّهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَۚ وَكُلٌّ كَانُواْ ظَٰلِمِينَ ٥٤(ထိုကာဖိရ်များ၏အ‌ခြေအ‌နေသည်)ဖိရ်‌အောင်န်၏ အ‌ခြွေအရံများ၏ အ‌ခြေအ‌နေနှင့် သူတို့မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ အ‌ခြေအ‌နေကဲ့သို့ ဖြစ်သည်။ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏သက်‌သေလက္ခဏာ‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ကို သူတို့၏ မ‌ကောင်းမှုများ‌ကြောင့် ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဖိရ်‌အောင်န်၏အ‌ခြွေအရံများကို နစ်မြှပ်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့အားလုံးသည် မတရားကျူးလွန်သူများပင် ဖြစ်ခဲ့ကြသည်။ إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلَّذِينَ كَفَرُواْ فَهُمۡ لَا يُؤۡمِنُونَ ٥٥အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အဆိုးဆုံးသတ္တဝါများသည်* ထိုငြင်းပယ်‌သောသူများပင် ဖြစ်သည်။ ၎င်းပြင် သူတို့သည် ယုံကြည်ကြမည်လည်း မဟုတ်‌ပေ။ ٱلَّذِينَ عَٰهَدتَّ مِنۡهُمۡ ثُمَّ يَنقُضُونَ عَهۡدَهُمۡ فِي كُلِّ مَرَّةٍ وَهُمۡ لَا يَتَّقُونَ ٥٦ထိုကာဖိရ်များကမူ အသင်သည် သူတို့ထံမှ ကတိကဝတ်ယူခဲ့ပြီးဖြစ်သည်။ ၎င်းပြင် သူတို့သည် သူတို့၏ကတိကဝတ်ကို အကြိမ်တိုင်း ‌ဖောက်ဖျက်ကြသည်။ ထို့‌နောက်လည်း သူတို့သည် အရှင်မြတ်အား မ‌ကြောက်ရွံ့ကြ‌ပေ။ فَإِمَّا تَثۡقَفَنَّهُمۡ فِي ٱلۡحَرۡبِ فَشَرِّدۡ بِهِم مَّنۡ خَلۡفَهُمۡ لَعَلَّهُمۡ يَذَّكَّرُونَ ٥٧သို့ဖြစ်ရာ အကယ်၍ အသင်သည် သူတို့အား စစ်ပွဲတွင် အမှန်ပင်ဖမ်းမိလျှင်၊ အသင်သည် သူတို့နှင့် သူတို့‌နောက်၌ရှိ‌သော(ရန်)သူများကို သူတို့ သတိတရားရကြပြီး (ကတိချိုး‌ဖောက်မှုကို ‌ရှောင်)ရန်အတွက် (ထိုဖမ်းမိထား‌သောသူများအား ဖရိုဖရဲဖြစ်‌အောင်)‌မောင်းထုတ်လိုက်ပါ။ وَإِمَّا تَخَافَنَّ مِن قَوۡمٍ خِيَانَةً فَٱنۢبِذۡ إِلَيۡهِمۡ عَلَىٰ سَوَآءٍۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡخَآئِنِينَ ٥٨ထို့ပြင် အကယ်၍ အသင်သည် လူမျိုးတစ်မျိုးထံမှ ကတိသစ္စာ‌ဖောက်မည်ကို စိုးရိမ်မှုဖြစ်လျှင်၊ အသင်သည် (သူတို့နှင့် ချုပ်ဆိုထား‌သောစာချုပ်ကို)သူတို့ထံသို့ ပြန်အပ်လိုက်ပါ။ (ထိုအခါ စာချုပ်ရုပ်သိမ်းပြီးဖြစ်‌ကြောင်း သိ‌သောကိစ္စတွင် အသင်နှင့်သူတို့သည်) တန်းတူဖြစ်သွားမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကတိ‌ဖောက်ဖျက်သူများကို နှစ်သက်‌တော်မမူ‌ပေ။ وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُواْ سَبَقُوٓاْۚ إِنَّهُمۡ لَا يُعۡجِزُونَ ٥٩ထို့ပြင် ကာဖိရ်များက “သူတို့သည် လွတ်‌မြောက်သွားပြီး“ဟု လုံးဝမထင်မှတ်ရ‌ပေ။* အမှန်စင်စစ် သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်ကြသည် မဟုတ်‌ပေ။ وَأَعِدُّواْ لَهُم مَّا ٱسۡتَطَعۡتُم مِّن قُوَّةٍ وَمِن رِّبَاطِ ٱلۡخَيۡلِ تُرۡهِبُونَ بِهِۦ عَدُوَّ ٱللَّهِ وَعَدُوَّكُمۡ وَءَاخَرِينَ مِن دُونِهِمۡ لَا تَعۡلَمُونَهُمُ ٱللَّهُ يَعۡلَمُهُمۡۚ وَمَا تُنفِقُواْ مِن شَيۡءٍ فِي سَبِيلِ ٱللَّهِ يُوَفَّ إِلَيۡكُمۡ وَأَنتُمۡ لَا تُظۡلَمُونَ ٦٠ထို့ပြင် အသင်တို့သည် ထိုကာဖိရ်များနှင့် တိုက်ခိုက်ရန်အတွက် အသင်တို့တတ်နိုင်သမျှ (လက်နက်)အင်အားနှင့် ‌မွေးမြူထား‌သော မြင်းများကို အဆင်သင့် စု‌ဆောင်းထားကြပါ။ အသင်တို့သည် ထိုလက်နက်အင်အားနှင့် အလ္လာဟ်အရှင်မြတ်၏ ရန်သူများနှင့် အသင်တို့၏ရန်သူများအပြင် အခြား အသင်တို့ မသိကြ‌သေး‌သော ရန်သူများကိုလည်း ‌ခြောက်လှန့်ထားနိုင်မည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သိ‌တော်မူသည်။ ထိုု့ပြင် အသင်တို့ အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သုံးစွဲသမျှကို အသင်တို့သည် ‌လျှော့‌ပေးခြင်းမခံရဘဲလျက် ပြည့်ပြည့်ဝဝ ချီးမြှင့်‌တော်မူခြင်း ခံကြရမည်။ ۞ وَإِن جَنَحُواْ لِلسَّلۡمِ فَٱجۡنَحۡ لَهَا وَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٦١ထို့ပြင် အကယ်၍ သူတို့သည် စစ်‌ပြေငြိမ်းရန် ယိမ်းညွတ်(ဦးတည်)လာကြလျှင် အသင်လည်း စစ်‌ပြေငြိမ်းရန် ၎င်းတို့ဘက် ယိမ်းညွတ်(ဦးတည်)လိုက်ပါ။* ၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ် ယုံပုံ အပ်နှင်းလိုက်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِن يُرِيدُوٓاْ أَن يَخۡدَعُوكَ فَإِنَّ حَسۡبَكَ ٱللَّهُۚ هُوَ ٱلَّذِيٓ أَيَّدَكَ بِنَصۡرِهِۦ وَبِٱلۡمُؤۡمِنِينَ ٦٢ထို့‌နောက် အကယ်၍ သူတို့သည် အသင်(တမန်‌တော်)အား လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အတွက် လုံ‌လောက်‌တော်မူ‌ပေသည်။* အရှင်မြတ်သည် အသင့်အား အရှင်မြတ်၏အကူအညီအပြင် အီမာန်ယုံကြည်သူများနှင့်လည်း အား‌ပေး‌တော်မူခဲ့သည်။ وَأَلَّفَ بَيۡنَ قُلُوبِهِمۡۚ لَوۡ أَنفَقۡتَ مَا فِي ٱلۡأَرۡضِ جَمِيعًا مَّآ أَلَّفۡتَ بَيۡنَ قُلُوبِهِمۡ وَلَٰكِنَّ ٱللَّهَ أَلَّفَ بَيۡنَهُمۡۚ إِنَّهُۥ عَزِيزٌ حَكِيمٌ ٦٣ထို့ပြင် အရှင်မြတ်သည် ထို(ယုံကြည်)သူများ၏ စိတ်နှလုံးများကြားထဲတွင် ညီညွတ်‌စေ‌တော်မူခဲ့သည်။ အကယ်၍ အသင်သည် ကမာ္ဘ‌မြေ‌ပေါ်၌ရှိသမျှအရာအားလုံးကို သုံးစွဲခဲ့လျှင်လည်း သူတို့၏ စိတ်နှလုံးများ၏ကြားတွင် ညီညွတ်‌စေနိုင်မည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏ တန်ခိုး‌တော်ဖြင့်) သူတို့၏ကြားတွင် ညီညွတ်‌စေ‌တော်မူခဲ့သည်။* အမှန်ပင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلنَّبِيُّ حَسۡبُكَ ٱللَّهُ وَمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ ٦٤အို- တမန်‌တော်၊ အသင်နှင့် အသင်၏‌နောက်ကိုလိုက်ကြ‌သော ယုံကြည်သူများအတွက် အလ္လာဟ်အရှင်မြတ်သည် လုံ‌လောက်‌တော်မူသည်။ يَٰٓأَيُّهَا ٱلنَّبِيُّ حَرِّضِ ٱلۡمُؤۡمِنِينَ عَلَى ٱلۡقِتَالِۚ إِن يَكُن مِّنكُمۡ عِشۡرُونَ صَٰبِرُونَ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُم مِّاْئَةٌ يَغۡلِبُوٓاْ أَلۡفًا مِّنَ ٱلَّذِينَ كَفَرُواْ بِأَنَّهُمۡ قَوۡمٌ لَّا يَفۡقَهُونَ ٦٥အို- တမန်‌တော်၊ အသင်သည် ယုံကြည်သူများအား စစ်တိုက်ရန် တိုက်တွန်းနှိုး‌ဆော်ပါ။* အကယ်၍ အသင်တို့ထဲမှ ဇွဲရှိသူ နှစ်ဆယ်ရှိလျှင်၊ သူတို့သည် (ရန်သူ)နှစ်ရာကို လွှမ်းမိုးနိုင်မည်။ ၎င်းပြင် အကယ်၍ အသင်တို့ထဲမှ ဇွဲရှိသူ တစ်ရာရှိလျှင်၊ သူတို့သည် ကာဖိရ်ငြင်းပယ်သူများထဲမှ တစ်‌ထောင်ကို လွှမ်းမိုးနိုင်ကြလိမ့်မည်။ အဘယ့်‌ကြောင့်ဆို‌သော် အမှန်စင်စစ် သူတို့သည် နားမလည်သူများ ဖြစ်ကြသည့်အတွက်‌ကြောင့်ဖြစ်သည်။ ٱلۡـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمۡ وَعَلِمَ أَنَّ فِيكُمۡ ضَعۡفًاۚ فَإِن يَكُن مِّنكُم مِّاْئَةٌ صَابِرَةٌ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُمۡ أَلۡفٌ يَغۡلِبُوٓاْ أَلۡفَيۡنِ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ ٦٦ယခုမူ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့၏ ဝန်ထုပ်ကို) အသင်တို့ထံမှ ‌ပေါ့ပါး‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၌ အင်အား ဇွဲ သတ္တိနည်းပါးသည်ကိုလည်း သိရှိ‌တော်မူသည်။* သို့ဖြစ်ရာ အကယ်၍ အသင်တို့ထဲမှ ဇွဲသတ္တိရှိသူ တစ်ရာရှိလျှင် သူတို့သည် (ရန်သူ)နှစ်ရာကို လွှမ်းမိုးနိုင်ကြမည်။ ၎င်းပြင် အကယ်၍ အသင်တို့ထဲမှ ဇွဲသတ္တိရှိသူ တစ်‌ထောင်ရှိလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်နှင့် (ရန်သူ)နှစ်‌ထောင်ကို လွှမ်းမိုးနိုင်ကြမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ဇွဲရှိသူများနှင့် အတူရှိ‌တော်မူသည်။ مَا كَانَ لِنَبِيٍّ أَن يَكُونَ لَهُۥٓ أَسۡرَىٰ حَتَّىٰ يُثۡخِنَ فِي ٱلۡأَرۡضِۚ تُرِيدُونَ عَرَضَ ٱلدُّنۡيَا وَٱللَّهُ يُرِيدُ ٱلۡأٓخِرَةَۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ٦٧မည်သည့်တမန်‌တော်မဆို ကမာ္ဘ‌မြေတွင် တိုက်ခိုက်သတ်ဖြတ်မှုကို (‌သွေး‌မြေကျ‌အောင်)မပြု‌သေးသမျှ ကာလပတ်လုံး ထိုတမန်‌တော်တွင် (စစ်ပွဲမှ) လက်ရဖမ်းဆီးမိခဲ့‌သော သုံ့ပန်းများသည် မရှိသင့်‌ပေ။ အသင်တို့သည် ‌လောကီပစ္စည်းကို အလိုရှိကြသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်ကမူ (အသင်တို့အတွက်) တမလွန်ဘဝ(၏စည်းစိမ်)ကိုသာ လိုလား‌တော်မူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّوۡلَا كِتَٰبٌ مِّنَ ٱللَّهِ سَبَقَ لَمَسَّكُمۡ فِيمَآ أَخَذۡتُمۡ عَذَابٌ عَظِيمٌ ٦٨အကယ်၍သာ အလ္လာဟ်အရှင်မြတ်ထံမှ ဥပ‌ဒေတစ်ခုသည် ယခင်ကတည်းက မရှိခဲ့လျှင် အသင်တို့ ယူခဲ့ကြသည်နှင့်ပတ်သက်၍ ကြီးကျယ်‌သောအပြစ်ဒဏ်သည် အသင်တို့၌ အမှန်စင်စစ် ထိ‌ရောက်ခဲ့လိမ့်မည်။ فَكُلُواْ مِمَّا غَنِمۡتُمۡ حَلَٰلًا طَيِّبًاۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٦٩ယခုမူ အသင်တို့သည် (သူတို့ထံမှ လက်ရပစ္စည်းအဖြစ်) အသင်တို့ ရယူခဲ့ကြသည်များကို တရားဝင် သန့်စင်‌သောပစ္စည်းများအဖြစ် စားသုံးကြပါ။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (အရှင်မြတ်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး စွဟာဗဟ်-ရသွီများအား ခွင့်လွှတ်‌တော်မူပြီးဖြစ်ရာ ၎င်းတို့အ‌ပေါ်တွင် ‌ဝေဖန်‌ပြောဆိုပိုင်ခွင့် မရှိ‌တော့‌ပေ။) يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّمَن فِيٓ أَيۡدِيكُم مِّنَ ٱلۡأَسۡرَىٰٓ إِن يَعۡلَمِ ٱللَّهُ فِي قُلُوبِكُمۡ خَيۡرًا يُؤۡتِكُمۡ خَيۡرًا مِّمَّآ أُخِذَ مِنكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٧٠အို- တမန်‌တော်၊ အသင်သည် အသင်တို့၏လက်များအတွင်း၌ရှိ‌နေသာ လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို (ဤသို့)‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ‌ကောင်းခြင်း တစ်စုံတစ်ခုကို အကယ်၍ သိရှိ‌တော်မူလျှင်၊ အရှင်မြတ်သည် အသင်တို့ထံမှ ယူခဲ့ပြီးဖြစ်‌သော(‌လျော်‌ကြေး)ပစ္စည်းထက် သာလွန်မြင့်မြတ်‌သောအရာကို အသင်တို့အား ချီးမြှင့်‌ပေးသနား‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူမည်။“* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِن يُرِيدُواْ خِيَانَتَكَ فَقَدۡ خَانُواْ ٱللَّهَ مِن قَبۡلُ فَأَمۡكَنَ مِنۡهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٧١ထို့‌နောက် အကယ်၍ သူတို့သည် အသင့်အား သစ္စာ‌ဖောက်ရန် ရည်ရွယ်ကြလျှင် အမှန်မှာ သူတို့သည် ယခင်က အလ္လာဟ်အရှင်မြတ်ကိုပင် သစ္စာ‌ဖောက်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အရှင်မြတ်သည် (အသင့်အား) သူတို့အ‌ပေါ်၌ လွှမ်းမိုး‌အောင်နိုင်‌စေ‌တော်မူခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَٰٓئِكَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ وَٱلَّذِينَ ءَامَنُواْ وَلَمۡ يُهَاجِرُواْ مَا لَكُم مِّن وَلَٰيَتِهِم مِّن شَيۡءٍ حَتَّىٰ يُهَاجِرُواْۚ وَإِنِ ٱسۡتَنصَرُوكُمۡ فِي ٱلدِّينِ فَعَلَيۡكُمُ ٱلنَّصۡرُ إِلَّا عَلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٌۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ ٧٢အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့၏ပစ္စည်းဥစ္စာများ၊ သူတို့၏အသက်များနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ခဲ့ကြသည်။ ၎င်းပြင် အကြင်သူများသည် ခိုကိုးရန်‌နေရာများ‌ပေးခဲ့ကြသည်။ ထို့ပြင် အကြင်သူများကမူ ရိုင်းပင်းကူညီခဲ့ကြသည်။ ထိုသူများသည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏ အ‌မွေစားအ‌မွေခံများပင် ဖြစ်ကြသည်။ ထို့ပြင် အကြင်သူများကမူ ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုခဲ့ကြ‌ပေ။ ထိုသူများသည် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုသမျှကာလပတ်လုံး အသင်တို့အတွက် သူတို့၏ အ‌မွေဆက်ခံခြင်းသည် မည်သည့်အရာတစ်ခုမျှ မရှိ‌ပေ။* ထို့ပြင် အကယ်၍ သူတို့သည် ဒီန်သာသနာ‌ရေးနှင့်ပတ်သက်၍ အသင်တို့ထံမှ အကူအညီ ‌တောင်းခံကြသည်ဆိုလျှင် အသင်တို့နှင့် ကတိစာချုပ် ချုပ်ဆိုထား‌သော လူမျိုးမှလွဲ၍ အခြားလူမျိုးနှင့် ဆန့်ကျင်ပြီး ကူညီရိုင်းပင်ရန် အသင်တို့၌ တာဝန်ရှိသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَٱلَّذِينَ كَفَرُواْ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ إِلَّا تَفۡعَلُوهُ تَكُن فِتۡنَةٌ فِي ٱلۡأَرۡضِ وَفَسَادٌ كَبِيرٌ ٧٣ထို့ပြင် ကာဖိရ်များသည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏ အ‌မွေစားအ‌မွေခံများပင် ဖြစ်ကြသည်။ အကယ်၍ အသင်တို့သည် ဤ(အမိန့်)အတိုင်း မပြုကြလျှင် ကမာ္ဘ‌မြေတွင် ရှုပ်‌ထွေးမှုပြဿနာနှင့် အကြီးအကျယ်ဖျက်ဆီးမှု ဖြစ်‌ပေါ်လာလိမ့်မည်။ وَٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقًّاۚ لَّهُم مَّغۡفِرَةٌ وَرِزۡقٌ كَرِيمٌ ٧٤ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ခဲ့ကြသည်။ ထို့ပြင် အကြင်သူများသည် ခိုကိုးရန်‌နေရာများ‌ပေးခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ရိုင်းပင်းကူညီခဲ့ကြသည်၊ ထိုသူများပင် စစ်မှန်‌သော အီမာန်ယုံကြည်သူများ ဖြစ်ကြသည်။ ထိုသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်‌သော စားနပ်ရိက္ခာရှိသည်။ وَٱلَّذِينَ ءَامَنُواْ مِنۢ بَعۡدُ وَهَاجَرُواْ وَجَٰهَدُواْ مَعَكُمۡ فَأُوْلَٰٓئِكَ مِنكُمۡۚ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٍ فِي كِتَٰبِ ٱللَّهِۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمُۢ ٧٥ထို့ပြင် အကြင်သူများသည် ‌နောက်မှ အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်မှုကိုလည်း ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အသင်တို့နှင့်အတူ စစ်တိုက်ခဲ့ကြသည်။ သို့ဖြစ်လျှင် သူတို့သည်လည်း အသင်တို့ထဲတွင် အပါအဝင်ဖြစ်ကြသည်။ ထို့ပြင် ‌ဆွေမျိုးရင်းချာများကမူ အလ္လာဟ်အရှင်မြတ်၏ကျမ်း‌တော်ထဲ၌ အချင်းချင်း တစ်ဦး၏အ‌မွေကို တစ်ဦးက ပိုပြီးဆက်ခံထိုက်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.