ملة الإسلام

السورة 48 · 29 آية · Hashim Tin Myint

سورة الفتح باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الفتح (1,190 قارئاً)
مدنيةسورة الفتح٢٩ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

إِنَّا فَتَحۡنَا لَكَ فَتۡحًا مُّبِينًا ١အမှန်စင်စစ် ငါအရှင်မြတ်သည်အသင့်ကို ထင်ရှား‌သော ‌အောင်မြင်မှုတစ်ခု ချီးမြှင့်‌တော်မူလိုက်ပြီဖြစ်သည်။ لِّيَغۡفِرَ لَكَ ٱللَّهُ مَا تَقَدَّمَ مِن ذَنۢبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعۡمَتَهُۥ عَلَيۡكَ وَيَهۡدِيَكَ صِرَٰطًا مُّسۡتَقِيمًا ٢(ထိုသို့ ‌အောင်မြင်မှု‌ပေးရခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် အသင်၏‌နောက်ဖြစ်‌လျော့နည်းမှုများနှင့် အသင်၏ ‌ရှေ့ဖြစ်‌လျော့နည်းမှုများကို ခွင့်လွှတ်‌တော်မူရန်အတွက်၊ ထို့ပြင် အရှင်မြတ်၏‌ကျေးဇူး‌တော်ကို အသင်၏အ‌ပေါ်တွင် ပြည့်ဝ‌စေ‌တော်မူရန်အတွက်၊ ထို့ပြင် အသင့်အား‌ဖြောင့်မတ်‌သော တရားလမ်းကိုညွှန်ကြားပြသ‌တော်မူရန်အတွက်ဖြစ်သည်။ وَيَنصُرَكَ ٱللَّهُ نَصۡرًا عَزِيزًا ٣ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား အားလုံးအ‌ပေါ်တွင် လွှမ်းမိုး‌သော ကူညီမှုကို ချီးမြှင့်‌ပေးသနား‌တော်မူရန် အတွက်လည်းဖြစ်သည်။ هُوَ ٱلَّذِيٓ أَنزَلَ ٱلسَّكِينَةَ فِي قُلُوبِ ٱلۡمُؤۡمِنِينَ لِيَزۡدَادُوٓاْ إِيمَٰنًا مَّعَ إِيمَٰنِهِمۡۗ وَلِلَّهِ جُنُودُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ٤အရှင်မြတ်သည်ပင် အီမာန်ယုံကြည်သူများ၏ စိတ်နှလုံးများထဲတွင် သူတို့၏ အီမာန်များနှင့်တကွ အီမာန်ထပ်တိုး‌စေရန်အတွက် စိတ်တည်ငြိမ်မှုကို ချ‌ပေး‌တော်မူခဲ့သည်။ ###၁ ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိ‌သော စစ်တပ်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်ပင်စိုးပိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့်အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ###၂ لِّيُدۡخِلَ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَيُكَفِّرَ عَنۡهُمۡ سَيِّـَٔاتِهِمۡۚ وَكَانَ ذَٰلِكَ عِندَ ٱللَّهِ فَوۡزًا عَظِيمًا ٥(ထိုသို့ ‌အောင်မြင်မှု‌ပေးရခြင်းမှာ) အရှင်မြတ်သည် အီမာန်ယုံကြည်သူ အမျိုးသားများနှင့် အမျိုးသမီးများကို အကြင်ဥယျာဉ်များသို့ ဝင်‌ရောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်ဖြစ်သည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ထံမှ သူတို့၏ပြစ်မှုများကို ပ‌ပျောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ကြီးကျယ်‌သော‌အောင်မြင်မှုပင်ဖြစ်သည်။ ###၃ وَيُعَذِّبَ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡمُشۡرِكِينَ وَٱلۡمُشۡرِكَٰتِ ٱلظَّآنِّينَ بِٱللَّهِ ظَنَّ ٱلسَّوۡءِۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۖ وَغَضِبَ ٱللَّهُ عَلَيۡهِمۡ وَلَعَنَهُمۡ وَأَعَدَّ لَهُمۡ جَهَنَّمَۖ وَسَآءَتۡ مَصِيرًا ٦ထို့ပြင် အရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မ‌ကောင်းထင်မြင်မှုကို ထင်မြင်ခဲ့ကြ‌သော မုနာဖိက်အ‌ယောင်‌ဆောင်‌ယောက်ျား၊ မိန်းမများနှင့် မုရှ်ရိက်‌ယောက်ျား၊ မိန်းမများကို ပြစ်ဒဏ်‌ပေး‌တော်မူရန်အတွက်ဖြစ်သည်။ သူတို့အ‌ပေါ်တွင် ဆိုးဝါး‌သော ဒုက္ခ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် အမျက်ထွက်‌တော်မူပြီး သူတို့အား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူမည့်အပြင် အရှင်မြတ်သည် သူတို့အတွက် ဂျဟန္နမ်ငရဲဘုံကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ ထို့ပြင် ထိုငရဲဘုံသည် အလွန်ဆိုးရွားလှ‌သော ‌နေရာထိုင်ခင်းဖြစ်သည်။ وَلِلَّهِ جُنُودُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا ٧ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိ‌သော စစ်တပ်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။ إِنَّآ أَرۡسَلۡنَٰكَ شَٰهِدًا وَمُبَشِّرًا وَنَذِيرًا ٨အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သက်‌သေအဖြစ်၊ သတင်း‌ကောင်း‌ပြောကြားသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ لِّتُؤۡمِنُواْ بِٱللَّهِ وَرَسُولِهِۦ وَتُعَزِّرُوهُ وَتُوَقِّرُوهُۚ وَتُسَبِّحُوهُ بُكۡرَةً وَأَصِيلًا ٩(ထိုသို့‌စေလွှတ်‌တော်မူရခြင်းမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို အီမာန်ယုံကြည်ကြရန်အတွက်၊ အရှင်မြတ်(၏တမန်‌တော်) ကိုကူညီကြရန်အတွက်၊ အရှင်မြတ်(၏တမန်‌တော်)ကို ရို‌သေကိုင်းရှိုင်းဂုဏ်‌ပေးကြရန်အတွက်၊ အရှင်မြတ်စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း နံနက်နှင့် ည‌နေတွင် ရွတ်ဆိုကြရန်အတွက်ဖြစ်သည်။ إِنَّ ٱلَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ ٱللَّهَ يَدُ ٱللَّهِ فَوۡقَ أَيۡدِيهِمۡۚ فَمَن نَّكَثَ فَإِنَّمَا يَنكُثُ عَلَىٰ نَفۡسِهِۦۖ وَمَنۡ أَوۡفَىٰ بِمَا عَٰهَدَ عَلَيۡهُ ٱللَّهَ فَسَيُؤۡتِيهِ أَجۡرًا عَظِيمًا ١٠အမှန်စင်စစ် အသင်(တမန်‌တော်)နှင့် ဗိုင်အသ်သစ္စာဆိုမှုပြုလုပ်ကြ‌သောသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ဗိုင်အသ်သစ္စာဆိုမှုပြုလုပ်ကြသည်ပင်ဖြစ်သည်။ ###၄ အလ္လာဟ်အရှင်မြတ်၏လက်‌တော်သည် သူတို့၏ လက်များ‌ပေါ်တွင်ရှိသည်။ ထို့‌နောက် မည်သူမဆို သစ္စာ‌ဖောက်ခဲ့လျှင် ထိုသူသည် သူ၏ကိုယ်နှင့် ဆန့်ကျင်ပြီး သစ္စာ‌ဖောက်ခြင်းပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် သစ္စာဆိုခဲ့သည့်အချက်များကို ထိန်းသိမ်းခဲ့လျှင် အရှင်မြတ်သည် မကြာမီသူ့အား ကြီးကျယ်‌သောအကျိုးကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ سَيَقُولُ لَكَ ٱلۡمُخَلَّفُونَ مِنَ ٱلۡأَعۡرَابِ شَغَلَتۡنَآ أَمۡوَٰلُنَا وَأَهۡلُونَا فَٱسۡتَغۡفِرۡ لَنَاۚ يَقُولُونَ بِأَلۡسِنَتِهِم مَّا لَيۡسَ فِي قُلُوبِهِمۡۚ قُلۡ فَمَن يَمۡلِكُ لَكُم مِّنَ ٱللَّهِ شَيۡـًٔا إِنۡ أَرَادَ بِكُمۡ ضَرًّا أَوۡ أَرَادَ بِكُمۡ نَفۡعَۢاۚ بَلۡ كَانَ ٱللَّهُ بِمَا تَعۡمَلُونَ خَبِيرَۢا ١١မကြာမီ၌ပင် ‌နောက်ကျန်‌နေခဲ့‌သော အရဗ်‌ကျေး‌တောသားများသည် အသင့်အား‌ပြောဆိုကြလိမ့်မည်။ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာများနှင့် ကျွန်ုပ်တို့ မိသားစုများက အလုပ်များ‌စေခဲ့ကြပါသည်။ သို့ဖြစ်ရာ အသင်တမန်‌တော်မြတ်သည် ကျွန်ုပ်တို့အတွက် (အရှင်မြတ်ထံ‌တော်တွင်)လွတ်ငြိမ်းချမ်းသာခွင့်ပန်ကြား‌ပေးပါ။ သူတို့သည် သူတို့၏စိတ်နှလုံးများထဲတွင် မရှိသည်ကို သူတို့၏နှုတ်လျှာများက ‌ပြောဆို‌နေကြခြင်းဖြစ်သည်။ ###၅ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏‌ရှေ့တွင် အကယ်၍ အရှင်မြတ်သည် အသင်တို့အ‌ပေါ် ဒုက္ခတစ်စုံတစ်ခုကျ‌ရောက်‌စေရန် ရည်ရွယ်‌တော်မူလျှင်၊ သို့မဟုတ် အရှင်မြတ်သည် အကျိုး‌ကျေးဇူးတစ်စုံတစ်ခုပြုရန် ရည်ရွယ်‌တော်မူလျှင် မည်သူသည် အသင်တို့နှင့်ပတ်သက်၍ အခွင့်အာဏာ တစ်စုံတစ်ရာကို ပိုင်ဆိုင်သနည်း။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ بَلۡ ظَنَنتُمۡ أَن لَّن يَنقَلِبَ ٱلرَّسُولُ وَٱلۡمُؤۡمِنُونَ إِلَىٰٓ أَهۡلِيهِمۡ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمۡ وَظَنَنتُمۡ ظَنَّ ٱلسَّوۡءِ وَكُنتُمۡ قَوۡمَۢا بُورًا ١٢အမှန်စင်စစ် တမန်‌တော်နှင့် အီမာန်ယုံကြည်သူများသည် မည်သည့်အခါမှ သူတို့၏ အိမ်သူအိမ်သားများထံသို့ပြန်လာကြ‌တော့မည်မဟုတ်‌ပေဟု အသင်တို့ ထင်မှတ်‌နေခဲ့ကြသည်။ ထို့ပြင် ထိုထင်မြင်ယူဆချက်သည် အသင်တို့၏ စိတ်နှလုံးများထဲတွင် လှပ‌အောင် ဆင်မြန်းခြင်းခံခဲ့ရသည်။ ထို့ပြင် အသင်တို့သည် မ‌ကောင်းသည့်ထင်မြင်မှုကို ထင်မြင်ခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ပျက်စီးသည့်သူများပင်ဖြစ်ခဲ့ကြသည်။ وَمَن لَّمۡ يُؤۡمِنۢ بِٱللَّهِ وَرَسُولِهِۦ فَإِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَعِيرًا ١٣ထို့ပြင် မည်သူမဆိုအလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ယုံကြည်ခြင်းမရှိခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ငြင်းပယ်သူများအတွက် မီး‌တောက်မီးလျှံ(ငရဲဘုံ)ကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ١٤ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကိုု ပြစ်ဒဏ်‌ပေး‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ سَيَقُولُ ٱلۡمُخَلَّفُونَ إِذَا ٱنطَلَقۡتُمۡ إِلَىٰ مَغَانِمَ لِتَأۡخُذُوهَا ذَرُونَا نَتَّبِعۡكُمۡۖ يُرِيدُونَ أَن يُبَدِّلُواْ كَلَٰمَ ٱللَّهِۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمۡ قَالَ ٱللَّهُ مِن قَبۡلُۖ فَسَيَقُولُونَ بَلۡ تَحۡسُدُونَنَاۚ بَلۡ كَانُواْ لَا يَفۡقَهُونَ إِلَّا قَلِيلًا ١٥မကြာမီတွင် ‌နောက်ကျန်‌နေခဲ့သည့်သူများသည် လက်ရပစ္စည်းကိုရယူရန် အသင်တို့သွားကြသည့်အခါ “အသင်တို့သည် ကျွန်ုပ်တို့အား အသင်တို့နှင့်အတူ လိုက်ခွင့်ပြုပါ”ဟု ‌ပြောဆိုကြမည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ စကား‌တော်ကို ‌ပြောင်းလဲချင်ကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကျွန်ုပ်တို့နှင့်အတူ လုံးဝလိုက်၍မရ‌ပေ။ ဤအတိုင်းပင် ယခင်ကတည်းက အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားထား‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့က “ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် ကျွန်ုပ်တို့အား မနာလိုကြသည်ဟု ‌ပြောဆိုကြလိမ့်မည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် အနည်းငယ်သာ နားလည်ကြခြင်းဖြစ်သည်။ ###၆ قُل لِّلۡمُخَلَّفِينَ مِنَ ٱلۡأَعۡرَابِ سَتُدۡعَوۡنَ إِلَىٰ قَوۡمٍ أُوْلِي بَأۡسٍ شَدِيدٍ تُقَٰتِلُونَهُمۡ أَوۡ يُسۡلِمُونَۖ فَإِن تُطِيعُواْ يُؤۡتِكُمُ ٱللَّهُ أَجۡرًا حَسَنًاۖ وَإِن تَتَوَلَّوۡاْ كَمَا تَوَلَّيۡتُم مِّن قَبۡلُ يُعَذِّبۡكُمۡ عَذَابًا أَلِيمًا ١٦(အို-တမန်‌တော်)အသင်သည် ‌နောက်ချန်‌နေခဲ့သည့် အရဗ်‌ကျေး‌တောသားများကို ‌ပြောလိုက်ပါ-“မကြာမီ အသင်တို့သည် အလွန်တိုက်ခိုက်‌သော အမျိုးသားများနှင့် တိုက်ခိုက်ရန် ဖိတ်‌ခေါ်ခံကြရမည်။ အသင်တို့သည် သူတို့နှင့် တိုက်ခိုက်ကြရမည်။ သို့မဟုတ် သူတို့သည် (အစ္စလာမ်၏ အမိန့်အတိုင်း)နာခံကြရမည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် အမိန့်ကို နာခံကြလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ‌ကောင်းကျိုး‌ပေးသနား‌တော်မူမည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ယခင်ကမျက်နှာလွှဲခဲ့ကြသကဲ့သို့ မျက်နှာလွှဲကြလျှင် အရှင်မြတ်သည် အသင်တို့ကို ပြင်းပြနာကျင်‌စေ‌သောပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ###၇ لَّيۡسَ عَلَى ٱلۡأَعۡمَىٰ حَرَجٌ وَلَا عَلَى ٱلۡأَعۡرَجِ حَرَجٌ وَلَا عَلَى ٱلۡمَرِيضِ حَرَجٌۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَمَن يَتَوَلَّ يُعَذِّبۡهُ عَذَابًا أَلِيمًا ١٧(သို့ရာတွင်)မျက်စိကွယ်သည့်သူ၊ ‌ခြေကျိုးသည့်သူနှင့် ‌ရောဂါ‌ဝေဒနာရှင်အ‌ပေါ်တွင် (စစ်ပွဲမလိုက်နိုင်ခြင်း‌ကြောင့်) မည်သည့်အပြစ်တစ်ခုမျှမရှိ‌ပေ။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်‌တော်ကို လိုက်နာလျှင် အရှင်မြတ်က ထိုသူကို အကြင်ဥယျာဉ်များထဲသို့ဝင်‌ရောက်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ချောင်းများစီးဆင်း‌နေလိမ့်မည်။ ထို့ပြင် မည်သူမဆို မျက်နှာလွှဲ‌ကျောခိုင်းသွားလျှင် အရှင်မြတ်သည် သူ့ကို အလွန်နာကျင်‌စေသည့်ပြစ်ဒဏ်ခတ်‌တော်မူမည်ဖြစ်သည်။ ۞ لَّقَدۡ رَضِيَ ٱللَّهُ عَنِ ٱلۡمُؤۡمِنِينَ إِذۡ يُبَايِعُونَكَ تَحۡتَ ٱلشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمۡ فَأَنزَلَ ٱلسَّكِينَةَ عَلَيۡهِمۡ وَأَثَٰبَهُمۡ فَتۡحًا قَرِيبًا ١٨အီမာန် ယုံကြည်သည့်သူများသည် သစ်ပင်‌အောက်တွင် အသင်နှင့် ဗိုင်အသ်ပြု‌နေသည့်အခါတွင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ‌ကျေနပ်‌တော်မူခဲ့သည်။ ###၈ ထို့‌နောက် အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများထဲတွင်ရှိသည်ကို သိ‌တော်မူခဲ့သည်။ သို့ဖြစ်ရာအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် စိတ်တည်ငြိမ်မှု ချ‌ပေးသနား‌တော်မူခဲ့သည်။ ###၉ ထို့ပြင် သူတို့အား အရှင်မြတ်သည် နီးကပ်‌သော‌အောင်မြင်မှုကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။ وَمَغَانِمَ كَثِيرَةً يَأۡخُذُونَهَاۗ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا ١٩ထို့ပြင် လက်ရပစ္စည်း အ‌မြောက်အမြားကိုလည်း (‌ပေးသနား‌တော်မူခဲ့သည့်အတွက်)သူတို့သည် ထိုလက်ရပစ္စည်းများကို ယူငင်လျက်ရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَعَدَكُمُ ٱللَّهُ مَغَانِمَ كَثِيرَةً تَأۡخُذُونَهَا فَعَجَّلَ لَكُمۡ هَٰذِهِۦ وَكَفَّ أَيۡدِيَ ٱلنَّاسِ عَنكُمۡ وَلِتَكُونَ ءَايَةً لِّلۡمُؤۡمِنِينَ وَيَهۡدِيَكُمۡ صِرَٰطًا مُّسۡتَقِيمًا ٢٠အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အခြားလက်ရပစ္စည်းများအ‌မြောက်အမြားကိုလည်း အသင်တို့ရယူကြဦးမည်ဖြစ်သည်ဟု ကတိ‌ပေး‌တော်မူခဲ့သည်။ ###၁ဝ သို့ဖြစ်ရာ အရှင်မြတ်သည် ဤ(‌အောင်မြင်မှု)ကို အသင်တို့အားမြန်ဆန်စွာ‌ပေး‌တော်မူလိုက်ခြင်းဖြစ်သည်။ ထို့ပြင်အရှင်မြတ်သည် လူများ၏လက်များကို အသင်တို့(အား ဒုက္ခ‌ပေးနိုင်ခြင်း)မှ တားဆီး‌တော်မူခဲ့သည်။ ###၁၁ ထို‌အောင်မြင်မှုသည် အီမာန်ယုံကြည်သူများအတွက် သာဓကတစ်ခုဖြစ်ရန်အတွက်နှင့်၊ အရှင်မြတ်သည် အသင်တို့အား ‌ဖြောင့်မတ်သည့်လမ်းကို ပြသ‌တော်မူရန်အတွက်ဖြစ်သည်။ وَأُخۡرَىٰ لَمۡ تَقۡدِرُواْ عَلَيۡهَا قَدۡ أَحَاطَ ٱللَّهُ بِهَاۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرًا ٢١ထို့ပြင် အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်အ‌နေနှင့် ဝန်းရံထား‌တော်မူ‌သောအသင်တို့ မတတ်စွမ်းနိုင်‌သေး‌သော အခြား‌အောင်မြင်မှုတစ်ခုလည်းရှိ‌သေးသည်။ ###၁၂ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَلَوۡ قَٰتَلَكُمُ ٱلَّذِينَ كَفَرُواْ لَوَلَّوُاْ ٱلۡأَدۡبَٰرَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا ٢٢ထို့ပြင် အကယ်၍ ကာဖိရ်များသည် အသင်တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြလျှင် သူတို့သည် ‌ကျောခိုင်းထွက်‌ပြေးခဲ့ကြမည်ဖြစ်သည်။ ထို့‌နောက် သူတို့သည် မိတ်‌ဆွေလည်း မည်သူမျှရှိမည်မဟုတ်‌ပေ။ ကူညီမည့်သူလည်း မည်သူမျှရှိမည်မဟုတ်‌ပေ။ سُنَّةَ ٱللَّهِ ٱلَّتِي قَدۡ خَلَتۡ مِن قَبۡلُۖ وَلَن تَجِدَ لِسُنَّةِ ٱللَّهِ تَبۡدِيلًا ٢٣(ဤသည်)ယခင်က လွန်ခဲ့‌သော အလ္လာဟ်အရှင်မြတ်၏ စွန္နသ်လုပ်ထုံးလုပ်နည်းပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ စွန္နသ်လုပ်ထုံးလုပ်နည်းတွင် မည်သည့်‌ပြောင်းလဲမှုမျှ‌တွေ့ရမည်မဟုတ်‌ပေ။ وَهُوَ ٱلَّذِي كَفَّ أَيۡدِيَهُمۡ عَنكُمۡ وَأَيۡدِيَكُمۡ عَنۡهُم بِبَطۡنِ مَكَّةَ مِنۢ بَعۡدِ أَنۡ أَظۡفَرَكُمۡ عَلَيۡهِمۡۚ وَكَانَ ٱللَّهُ بِمَا تَعۡمَلُونَ بَصِيرًا ٢٤ထို့ပြင် အရှင်မြတ်သည် ထို(ကာဖိရ်ငြင်းပယ်)သူများ၏လက်များကို အသင်တို့(အား အန္တရာယ်ပြုခြင်း)မှလည်း‌ကောင်း၊ အသင်တို့၏လက်များကို ထိုသူများ(အား အန္တရာယ်ပြုခြင်း)မှလည်း‌ကောင်း၊ မက္ကဟ် မြို့တွင်းတွင် အသင်တို့အား ထိုသူများအ‌ပေါ်၌ ‌အောင်မြင်‌စေ‌တော်မူပြီး‌နောက်မှပင် တားဆီးထား‌တော်မူခဲ့သည်။ ###၁၃ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူသမျှကို အကြွင်းမဲ့မြင်‌နေ‌တော်မူလျက်ရှိ‌တော်မူခဲ့သည်။ هُمُ ٱلَّذِينَ كَفَرُواْ وَصَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَٱلۡهَدۡيَ مَعۡكُوفًا أَن يَبۡلُغَ مَحِلَّهُۥۚ وَلَوۡلَا رِجَالٌ مُّؤۡمِنُونَ وَنِسَآءٌ مُّؤۡمِنَٰتٌ لَّمۡ تَعۡلَمُوهُمۡ أَن تَطَـُٔوهُمۡ فَتُصِيبَكُم مِّنۡهُم مَّعَرَّةُۢ بِغَيۡرِ عِلۡمٍۖ لِّيُدۡخِلَ ٱللَّهُ فِي رَحۡمَتِهِۦ مَن يَشَآءُۚ لَوۡ تَزَيَّلُواْ لَعَذَّبۡنَا ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابًا أَلِيمًا ٢٥(ထိုသူများသည် ငြင်းပယ်သူများဖြစ်ကြပြီး အသင်တို့အားမြင့်မြတ်‌သော ဗလီဝတ်‌ကျောင်း‌တော်မှ တားဆီးပိတ်ပင်ခဲ့ကြသည်။ ထို့ပြင် ဟုဒိုင်ဗီယဟ် တွင်)တားဆီးခြင်းခံ‌နေခဲ့ရ‌သော ကုရ်ဗာနီသား‌ကောင်(များ)အားလည်း သူ၏ ‌ရောက်ရှိရမည့်‌နေရာသို့ မ‌ရောက်‌အောင် (တားဆီးခဲ့ကြသည်)။ ထို့ပြင် အကယ်၍ အသင်တို့ မသိခဲ့ကြ‌သော အီမာန်ယုံကြည်သူ ‌ယောက်ျား၊ မိန်းမများ (အများအပြား)ကို တက်နင်း(‌ချေမှုန်း)မိကြသည့်အတွက် သူတို့‌ကြောင့် အသင်တို့တွင် မသိဘဲနှင့် အပြစ်ကျ‌ရောက်မည်ကို မစိုးရိမ်ရလျှင် (အပြီးအဆုံးသတ်ခဲ့မည်ပင်ဖြစ်သည်။ သို့ရာတွင်ထိုသို့ မဖြစ်ခဲ့ခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်၏ ကရုဏာ‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူရန်ပင်ဖြစ်ခဲ့သည်။ ###၁၄ အကယ်၍ ထို(မွတ်စ်လင်မ်‌ယောက်ျားမိန်းမများသည် ကာဖိရ်များနှင့်)ခွဲခြား သိသာနိုင်ခဲ့ကြလျှင် ငါအရှင်မြတ်သည် သူတို့ထဲမှငြင်းပယ်သူများကို ပြင်းပြသည့်ပြစ်ဒဏ်အမှန်ပင်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်။ إِذۡ جَعَلَ ٱلَّذِينَ كَفَرُواْ فِي قُلُوبِهِمُ ٱلۡحَمِيَّةَ حَمِيَّةَ ٱلۡجَٰهِلِيَّةِ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَلۡزَمَهُمۡ كَلِمَةَ ٱلتَّقۡوَىٰ وَكَانُوٓاْ أَحَقَّ بِهَا وَأَهۡلَهَاۚ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمًا ٢٦တစ်ခါက ကာဖိရ်များသည် သူတို့၏ စိတ်နှလုံးများတွင် အမိုက်‌ခေတ်၏ အယူသည်းမှုကိုထားရှိခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏တမန်‌တော့်အ‌ပေါ်နှင့် အီမာန်ယုံကြည်သူများ၏အ‌ပေါ်တွင် အရှင်မြတ်ထံ‌တော်မှ စိတ်တည်ငြိမ်(သည်းခံ)မှုကို ချ‌ပေးသနား‌တော်မူခဲ့သည်။ ###၁၅ ထို့ပြင် အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် သက္ကဝါ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်မှု (အရှင်မြတ်နှင့် အရှင့်တမန်‌တော်၏ အမိန့်နာခံမှုဆိုသည့်)စကားအ‌ပေါ်တွင် တည်တံ့‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ထိုစကားနှင့် ထိုက်တန်သူများနှင့် ကိုက်ညီသူများဖြစ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကိုအကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ لَّقَدۡ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءۡيَا بِٱلۡحَقِّۖ لَتَدۡخُلُنَّ ٱلۡمَسۡجِدَ ٱلۡحَرَامَ إِن شَآءَ ٱللَّهُ ءَامِنِينَ مُحَلِّقِينَ رُءُوسَكُمۡ وَمُقَصِّرِينَ لَا تَخَافُونَۖ فَعَلِمَ مَا لَمۡ تَعۡلَمُواْ فَجَعَلَ مِن دُونِ ذَٰلِكَ فَتۡحًا قَرِيبًا ٢٧အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်၏ အိပ်မက်အတိုင်း မှန်ကန်‌အောင် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ###၁၆ (ထိုအိပ်မက်ကမူ) “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့သည် အသင်တို့၏ ဦး‌ခေါင်းများကို ရိတ်ကြလျက်၊ ဆံပင်များကို ညှပ်ကြလျက် စိုးရိမ်စရာမရှိကြ‌တော့ဘဲ ‌ဘေးကင်းစွာနှင့် မတ်စ်ဂျစ်ဒိဟရာမ် မြင့်မြတ်သည့်ဗလီဝတ်‌ကျောင်း‌တော်သို့ ဝင်‌ရောက်ရမည်ဖြစ်သည်”။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ မသိခဲ့ကြသည့်အရာကို သိရှိ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ထိုမက္ကဟ်မြို့‌တော်(မဝင်မီ)အလျင် နီးကပ်သည့်‌အောင်မြင်မှုတစ်ခုကို ‌ပေးသနား‌တော်မူခဲ့သည်။ ###၁၆ هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦۚ وَكَفَىٰ بِٱللَّهِ شَهِيدًا ٢٨ထိုအရှင်မြတ်သည် သာသနာအားလုံးအ‌ပေါ်တွင် (အရှင်မြတ်၏ )သာသနာကို လွှမ်းမိုး‌စေရန်အတွက် အရှင်မြတ်၏ တမန်‌တော်ကို လမ်းမှန်ညွှန်ကြားပြသချက်နှင့် မှန်ကန်သည့် သာသနာဖြင့်‌စေလွှတ်‌တော်မူလိုက်‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မျက်မြင်သက်‌သေအဖြစ် လုံ‌လောက်‌တော်မူသည်။ مُّحَمَّدٌ رَّسُولُ ٱللَّهِۚ وَٱلَّذِينَ مَعَهُۥٓ أَشِدَّآءُ عَلَى ٱلۡكُفَّارِ رُحَمَآءُ بَيۡنَهُمۡۖ تَرَىٰهُمۡ رُكَّعًا سُجَّدًا يَبۡتَغُونَ فَضۡلًا مِّنَ ٱللَّهِ وَرِضۡوَٰنًاۖ سِيمَاهُمۡ فِي وُجُوهِهِم مِّنۡ أَثَرِ ٱلسُّجُودِۚ ذَٰلِكَ مَثَلُهُمۡ فِي ٱلتَّوۡرَىٰةِۚ وَمَثَلُهُمۡ فِي ٱلۡإِنجِيلِ كَزَرۡعٍ أَخۡرَجَ شَطۡـَٔهُۥ فَـَٔازَرَهُۥ فَٱسۡتَغۡلَظَ فَٱسۡتَوَىٰ عَلَىٰ سُوقِهِۦ يُعۡجِبُ ٱلزُّرَّاعَ لِيَغِيظَ بِهِمُ ٱلۡكُفَّارَۗ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِنۡهُم مَّغۡفِرَةً وَأَجۡرًا عَظِيمَۢا ٢٩(တမန်‌တော်)မုဟမ်္မဒ် (ဆွ) ###၁၈ သည် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်ဖြစ်သည်။ ထို့ပြင် ၎င်းနှင့်အတူရှိကြသည့်သူများသည် ကာဖိရ်များနှင့် ပတ်သက်လျှင် ပြင်းထန်သူများဖြစ်ပြီး သူတို့အချင်းချင်း(ဆက်ဆံရာတွင်) သနားကြင်နာသူများပင်ဖြစ်ကြသည်။ ###၁၉ အသင်(တမန်‌တော်)သည် သူတို့အား ရုကူအ်ဦးညွှတ်ကြလျက်၊ စဂျ်ဒဟ်ဦးချကြလျက်၊ အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် (အရှင်မြတ်၏) ‌ကျေနပ်နှစ်သက်မှုကို ရှာ‌ဖွေဆည်းပူးလျက်ရှိကြသည်ကို‌တွေ့မြင်ရမည်။ သူတို့၏ အမှတ်သ‌ကေင်္တသည် စဂျ်ဒဟ်ဦးချခြင်း‌ကြောင့် သူတို့၏ မျက်နှာများတွင် ထင်‌ပေါ်‌နေသည်။ ထိုအရာသည် ‌သောင်ရာသ်ကျမ်းတွင်လာ‌သော သူတို့၏သာဓကပင်ဖြစ်သည်။ ထို့ပြင် အင်ဂျီလ်ကျမ်းတွင်လာသည့်သာဓကကမူ- လယ်ယာတစ်ခုပမာဖြစ်သည်။ ထိုလယ်ယာသည် သူ(ထဲတွင်ရှိသည့်မျိုး‌စေ့များ)၏ အစို့အ‌ညှောက်ကို ထွက်‌စေခဲ့သည်။ ထို့‌နောက် သူ၏အညွန့်အ‌ညှောက်ကို သန်စွမ်း‌စေခဲ့သည်။ ထို့‌နောက် ထိုအညွန့် အ‌ညှောက်သည် တုတ်ခိုင်လာ၍ သူ၏ပင်စည်‌ပေါ်တွင် တည့်မတ်စွာ ‌ထောင်တက်လာခဲ့သည့်အတွက် လယ်သမားများကို အားရ‌ကျေနပ်‌စေခဲ့သည်။ (ထိုသို့ဖြစ်‌စေ‌တော်မူခြင်းမှာ) ထို(တမန်‌တော်မုဟမ္မဒ်(ဆွ)၏ အ‌ပေါင်းအ‌ဖော်)များ၏ အ‌ကြောင်းခံနှင့် ကာဖိရ်များကို အမျက်‌ဒေါသထွက်‌စေဖို့အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ သူတို့ထဲမှ အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသူများအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးမားသည့်အကျိုးကို ချီးမြှင့်‌တော်မူမည်ဟု ကတိပြု‌တော်မူခဲ့သည်။

الترجمة: Hashim Tin Myint.