بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ ١ထို လွှမ်းမိုးဖုံးအုပ်မည့်အရာအကြောင်းသတင်းသည် အသင်(တမန်တော်)၏ထံသို့ ရောက်ရှိခဲ့ပြီလော။ ###၁ وُجُوهٌ يَوۡمَئِذٍ خَٰشِعَةٌ ٢ထိုနေ့တွင် မျက်နှာ အမြောက်အမြားသည် ညှိုးငယ်နေကြမည်။ عَامِلَةٌ نَّاصِبَةٌ ٣ပင်ပန်းတကြီး လုပ်ကိုင်(မှုကြောင့်) မောပန်းနေကြမည်။ تَصۡلَىٰ نَارًا حَامِيَةً ٤သူတို့သည် ဟုန်းဟုန်းတောက်နေသော မီးထဲသို့ ဝင်ရောက်ကြရမည်။ تُسۡقَىٰ مِنۡ عَيۡنٍ ءَانِيَةٍ ٥သူတို့သည် ပွက်ပွက်ဆူနေသော စမ်းချောင်းတစ်ခုက (ရေပူကို) တိုက်ကျွေးခြင်းခံကြရမည်။ لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٍ ٦သူတို့အတွက် ဿွရီအ် ဆိုသော ဆူးပင်မှလွဲ၍ အခြား အစားအစာ ရှိမည်မဟုတ်ပေ။ لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٍ ٧ထိုဆူးပင်သည် (သူတို့အား)ဝဖြိုးစေမည်လည်း မဟုတ်ပေ။ ဆာလောင်ခြင်းမှ အဆာပြေ စေမည်လည်း မဟုတ်ပေ။ وُجُوهٌ يَوۡمَئِذٍ نَّاعِمَةٌ ٨မျက်နှာ အမြောက်အမြားကမူ ထိုနေ့တွင် စိုပြည်ရွှင်လန်းနေကြမည်။ لِّسَعۡيِهَا رَاضِيَةٌ ٩(သူတို့သည်) သူတို့၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပတ်သက်၍နှစ်သက်ကျေနပ်နေကြမည်။ فِي جَنَّةٍ عَالِيَةٍ ١٠မြင့်မားသော ဂျန္နသ်သုခဘုံတွင် ရှိကြမည်။ لَّا تَسۡمَعُ فِيهَا لَٰغِيَةً ١١သူတို့သည် ထိုအထဲတွင် အလဟဿ အကျိုးမဲ့စကားကိုကြားကြရမည်မဟုတ်ပေ။ فِيهَا عَيۡنٌ جَارِيَةٌ ١٢ထိုအထဲတွင် စီးဆင်းနေသော စမ်းချောင်းတစ်ခုရှိသည်။ فِيهَا سُرُرٌ مَّرۡفُوعَةٌ ١٣ထိုအထဲတွင် မြင့်မားသော ထိုင်ခုံများရှိသည်။ وَأَكۡوَابٌ مَّوۡضُوعَةٌ ١٤ထို့ပြင် စီထားသော သောက်ရေဖလားများလည်းရှိကြသည်။ وَنَمَارِقُ مَصۡفُوفَةٌ ١٥ထို့ပြင် အတန်းလိုက်စီခင်းထားသော မှီအုံးများသည်လည်း ရှိကြသည်။ وَزَرَابِيُّ مَبۡثُوثَةٌ ١٦ထို့ပြင် စနစ်တကျ ခင်းကျင်းထားသော ကော်ဇောများသည်လည်း ရှိကြသည်။ أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ ١٧ကုလားအုတ်များသည် မည်သို့ ဖန်ဆင်းခြင်းခံခဲ့ကြရသည်ကို သူတို့သည် ကြည့်ရှု စဉ်းစားခြင်း မပြုကြသလော။ وَإِلَى ٱلسَّمَآءِ كَيۡفَ رُفِعَتۡ ١٨ထို့ပြင် မိုးကောင်းကင်သည် မည်သို့ မြင့်မားစေခြင်း ခံခဲ့ရသည်ကိုလည်းကောင်း၊ وَإِلَى ٱلۡجِبَالِ كَيۡفَ نُصِبَتۡ ١٩ထို့ပြင် တောင်များသည်မည်သို့စိုက်ထူခြင်းခံခဲ့ကြရသည်ကိုလည်းကောင်း၊ وَإِلَى ٱلۡأَرۡضِ كَيۡفَ سُطِحَتۡ ٢٠ထို့ပြင် မြေပထဝီသည်မည်သို့ခင်းကျင်းထားခြင်း ခံခဲ့ရသည်ကိုလည်းကောင်း (ကြည့်ရှု စဉ်းစားခြင်းမပြုကြသလော)။ فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٌ ٢١သို့ဖြစ်ရာ အသင်သည် ဆုံးမနေပါ။ အသင်သည် ဆုံးမသူတစ်ဦးပင် ဖြစ်သည်။ لَّسۡتَ عَلَيۡهِم بِمُصَيۡطِرٍ ٢٢အသင်သည် သူတို့အပေါ်တွင် စောင့်ကြပ်အုပ်ထိန်းသူ မဟုတ်ပေ။ إِلَّا مَن تَوَلَّىٰ وَكَفَرَ ٢٣သို့ရာတွင် မည်သူမဆို မျက်နှာလွှဲခဲ့လျှင်၊ ထို့ပြင် သွေဖည်ငြင်းပယ်ခဲ့လျှင်၊ فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ ٢٤အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြီးသောပြစ်ဒဏ်ကို ပေးတော်မူမည် ဖြစ်သည်။ إِنَّ إِلَيۡنَآ إِيَابَهُمۡ ٢٥အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရမည်ဖြစ်သည်။ ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم ٢٦ထို့နောက် သူတို့အား စစ်ဆေးမေးမြန်းခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်သည်။