بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمۡۚ إِنَّ زَلۡزَلَةَ ٱلسَّاعَةِ شَيۡءٌ عَظِيمٌ ١အို- လူသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် ကိယာမသ်၏မြေငလျင်လှုပ်ခြင်းသည် အကြီးအကျယ် ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်သည်။ يَوۡمَ تَرَوۡنَهَا تَذۡهَلُ كُلُّ مُرۡضِعَةٍ عَمَّآ أَرۡضَعَتۡ وَتَضَعُ كُلُّ ذَاتِ حَمۡلٍ حَمۡلَهَا وَتَرَى ٱلنَّاسَ سُكَٰرَىٰ وَمَا هُم بِسُكَٰرَىٰ وَلَٰكِنَّ عَذَابَ ٱللَّهِ شَدِيدٌ ٢ထိုမြေငလျင်လှုပ်သည်ကို အသင်တို့ တွေ့မြင်ကြသည့်နေ့တွင် နို့တိုက်နေသောမိခင်တိုင်းသည် မိမိနို့တိုက်နေသောကလေးအား မေ့လျော့သွားမည်။ ထို့ပြင် ကိုယ်ဝန်သည်တိုင်းတွင်ရှိသော သန္ဓေသားသည် လျှောကျသွားမည်။ ထို့ပြင် အသင်သည် လူများအား သူတို့သည် မူးယစ်တွေဝေနေသူများ မဟုတ်ဘဲလျက် ငေးငိုင်တွေဝေနေသည့်သူများအဖြစ် တွေ့မြင်ရမည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်သည် ပြင်းထန်လှ(သည့်အတွက်ကြောင့်ဖြစ်)သည်။ وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٍ وَيَتَّبِعُ كُلَّ شَيۡطَٰنٍ مَّرِيدٍ ٣ထို့ပြင် လူများထဲတွင် အသိပညာမရှိဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလုပ်သည့်သူများလည်း ရှိသည်။* ထို့ပြင် ထိုသူသည် ဆိုးသွမ်းသော ရှိုင်သွာန်တိုင်း၏နောက်လိုက် ပြုလုပ်သည်။ كُتِبَ عَلَيۡهِ أَنَّهُۥ مَن تَوَلَّاهُ فَأَنَّهُۥ يُضِلُّهُۥ وَيَهۡدِيهِ إِلَىٰ عَذَابِ ٱلسَّعِيرِ ٤ထိုရှိုင်သွာန်နှင့်ပတ်သက်၍ ဆုံးဖြတ်ထားသည်ကမူ မည်သူမဆို သူ့အား မိတ်ဆွေပြုလုပ်ခဲ့လျှင် အမှန်စင်စစ် သူသည် ထို(မိတ်ဆွေပြုလုပ်)သူအား လမ်းမှားစေမည်၊ ထို့ပြင် ထိုသူအား မီးတောက်မီးလျှံ၏ ပြစ်ဒဏ်ထံသို့ လမ်းညွှန်ပို့ဆောင်မည်(ဟု ရှိုင်သွာန်ကိုယ်တိုင်ကလည်း ကြေညာထားသည်)။ يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمۡ فِي رَيۡبٍ مِّنَ ٱلۡبَعۡثِ فَإِنَّا خَلَقۡنَٰكُم مِّن تُرَابٍ ثُمَّ مِن نُّطۡفَةٍ ثُمَّ مِنۡ عَلَقَةٍ ثُمَّ مِن مُّضۡغَةٍ مُّخَلَّقَةٍ وَغَيۡرِ مُخَلَّقَةٍ لِّنُبَيِّنَ لَكُمۡۚ وَنُقِرُّ فِي ٱلۡأَرۡحَامِ مَا نَشَآءُ إِلَىٰٓ أَجَلٍ مُّسَمًّى ثُمَّ نُخۡرِجُكُمۡ طِفۡلًا ثُمَّ لِتَبۡلُغُوٓاْ أَشُدَّكُمۡۖ وَمِنكُم مَّن يُتَوَفَّىٰ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡلَا يَعۡلَمَ مِنۢ بَعۡدِ عِلۡمٍ شَيۡـًٔاۚ وَتَرَى ٱلۡأَرۡضَ هَامِدَةً فَإِذَآ أَنزَلۡنَا عَلَيۡهَا ٱلۡمَآءَ ٱهۡتَزَّتۡ وَرَبَتۡ وَأَنۢبَتَتۡ مِن كُلِّ زَوۡجِۭ بَهِيجٍ ٥အို- လူသားအပေါင်းတို့၊ အကယ်၍ အသင်တို့သည် ရှင်ပြန်ထခြင်းနှင့်ပတ်သက်၍ သံသယဖြစ်နေကြလျှင်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ရှင်းလင်းထင်ရှားစွာ ပြသရန်အတွက် အသင်တို့အား မြေကြီးမှ ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် သုက်ရည်ဖြင့်၊ ထို့နောက် သွေးခဲဖြင့် ထို့နောက်(လူ၏)ပုံစံပေါ်ပြီးသည့် ဝါးဖတ်ကဲ့သို့အသားတုံးဖြင့် (လူ၏)ပုံစံမပေါ်သေးသော ဝါးဖတ်ကဲ့သို့အသားတုံးမှ (အဆင့်ဆင့်)ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သားအိမ်များတွင် အရှင်မြတ်အလိုရှိတော်မူသောအရာ(သန္ဓေသား)ကို သတ်မှတ်ထားသည့်အချိန်အထိ တည်စေတော်မူပြီးနောက် အသင်တို့ကို ကလေးငယ်အဖြစ် ထွက်စေတော်မူခဲ့သည်။ ထို့နောက် အသင်တို့သည် အသင်တို့၏ လူလားမြောက်သည့်အရွယ်သို့ ရောက်ရှိရန်အတွက် ဖြစ်သည်။ ထို့ပြင် အသင်တို့ထဲတွင် (အရွယ်မရောက်မီ)သေသွားသူလည်းရှိသည်။ ထို့ပြင် အသင်တို့ထဲတွင် ဆုတ်ယုတ်ညံ့ဖျင်းဆုံး (သူငယ်ပြန်သည့်)အရွယ်သို့ ပြန်ရောက်ရသူလည်းရှိသည်။ သို့ဖြစ်ရာ သူသည် သိပြီးနောက် မည်သည့်အရာမျှ မသိဖြစ်ရသည်။ ထို့ပြင် အသင်သည် မြေပထဝီကို ခြောက်သွေ့နေလျက် တွေ့မြင်ရသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုမြေပထဝီပေါ်တွင် (မိုး)ရေကို ကျရောက်စေသည့်အခါ ထိုမြေမှ(အပင်များ)ပေါက်ရောက်လှုပ်ရှားလာသည်။ ထို့ပြင် တိုးတက်မြင့်မားလာသည်။ ထို့ပြင် နှစ်သက်ဖွယ်ရာ (အပင်)အမျိုးမျိုးကို ပေါက်ရောက်စေသည်။ ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّهُۥ يُحۡيِ ٱلۡمَوۡتَىٰ وَأَنَّهُۥ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٦ထိုအရာသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန် တည်ရှိတော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်၊ ထို့ပြင် အမှန်ပင် အရှင်မြတ်သည် သေသူများကို ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူသည့်အတွက်နှင့် အမှန်ပင် အရှင်မြတ်သည် အရားအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ဖြစ်သည်။ وَأَنَّ ٱلسَّاعَةَ ءَاتِيَةٌ لَّا رَيۡبَ فِيهَا وَأَنَّ ٱللَّهَ يَبۡعَثُ مَن فِي ٱلۡقُبُورِ ٧ထို့ပြင် အမှန်စင်စစ် ကိယာမသ်သည်လည်း (မုချ)ဆိုက်ရောက်မည် ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ လုံးဝမရှိပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သချင်္ီုင်းထဲတွင်ရှိသည့်သူများကို အမှန်ပင် ရှင်ပြန်ထစေမည်ဖြစ်သည်။ وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٍ وَلَا هُدًى وَلَا كِتَٰبٍ مُّنِيرٍ ٨ထို့ပြင် လူသားများထဲတွင် အသိပညာလည်းမရှိသည်သာမက လမ်းညွှန်လည်းမရှိသည့်အပြင် လင်းဝင်းသည့်ကျမ်းဂန်လည်း မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံပြုတတ်သည့်သူလည်းရှိသည်။ ثَانِيَ عِطۡفِهِۦ لِيُضِلَّ عَن سَبِيلِ ٱللَّهِۖ لَهُۥ فِي ٱلدُّنۡيَا خِزۡيٌۖ وَنُذِيقُهُۥ يَوۡمَ ٱلۡقِيَٰمَةِ عَذَابَ ٱلۡحَرِيقِ ٩(မာနထောင်ပြီး)မိမိလည်ပင်းကို မိမိလိမ်ပြီး(သူများကိုလည်း) အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲမှားစေရန်ပြုလုပ်သူသည် ဤဘဝတွင်လည်း အကျိုးယုတ်အရှက်ရစေမည်ဖြစ်သည်။ ထို့ပြင် ကိယာမသ်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူ့အား တောက်လောင်နေသော (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်သည်။ ذَٰلِكَ بِمَا قَدَّمَتۡ يَدَاكَ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّٰمٍ لِّلۡعَبِيدِ ١٠ထိုအရာသည် အသင်၏လက်နှစ်ဖက်က တင်ပို့ခဲ့သည့် (အသင်ကျူးလွန်ခဲ့သောအပြစ်များ)ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို နှိပ်စက်တော်မူသောအရှင် မဟုတ်ပေ။ وَمِنَ ٱلنَّاسِ مَن يَعۡبُدُ ٱللَّهَ عَلَىٰ حَرۡفٍۖ فَإِنۡ أَصَابَهُۥ خَيۡرٌ ٱطۡمَأَنَّ بِهِۦۖ وَإِنۡ أَصَابَتۡهُ فِتۡنَةٌ ٱنقَلَبَ عَلَىٰ وَجۡهِهِۦ خَسِرَ ٱلدُّنۡيَا وَٱلۡأٓخِرَةَۚ ذَٰلِكَ هُوَ ٱلۡخُسۡرَانُ ٱلۡمُبِينُ ١١ထို့ပြင် လူများထဲတွင် အစွန်အဖျား၌(ရပ်ပြီး) အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်သူလည်းရှိသည်။ ထို့ပြင် အကယ်၍ သူ့တွင် အကျိုးတစ်စုံတစ်ခု သက်ရောက်ခဲ့လျှင် သူသည် ထိုအခြေအနေကို ကျေနပ်သည်။ ထို့ပြင် အကယ်၍ ထိုသူတွင် စမ်းသပ်မှုတစ်စုံတစ်ခု သက်ရောက်ခဲ့လျှင် သူသည် သူ၏မျက်နှာကို လှည့်ပြီးပြန်သွားခဲ့သည်။ သူသည် ဤဘဝတွင်သာမက တမလွန်ဘဝတွင်လည်း လက်လွတ်ဆုံးရှုံးခဲ့သည်။ ထိုအရာသည် ထင်ရှားသည့် ပျက်စီးဆုံးရှုံးမှုပင်ဖြစ်သည်။ يَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُۥ وَمَا لَا يَنفَعُهُۥۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلۡبَعِيدُ ١٢ထိုသူသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး သူ့အား ဆိုးကျိုးလည်းမပြုနိုင် ကောင်းကျိုးလည်းမပြုနိုင်သည့်အရာကို ဟစ်ခေါ်နေသည်။ ၎င်းသည် အလွန်ဝေးလံသော လမ်းမှားခြင်းပင်ဖြစ်သည်။ يَدۡعُواْ لَمَن ضَرُّهُۥٓ أَقۡرَبُ مِن نَّفۡعِهِۦۚ لَبِئۡسَ ٱلۡمَوۡلَىٰ وَلَبِئۡسَ ٱلۡعَشِيرُ ١٣ထိုသူသည် အကြင်အရာကို အမှန်ပင် ဟစ်ခေါ်ကိုးကွယ်နေသည်။ ထိုအရာ၏ဆိုးကျိုးသည် ကောင်းကျိုးထက် ပိုနီးနေသည်။ ထို့ပြင် (သူဟစ်ခေါ်ကိုးကွယ်သည့်အရာများသည်) အမှန်ပင် အဘယ်မျှ ဆိုးဝါးလှသော ကြည့်ရှုစောင့်ရှောက်သူနှင့် အမှန်ပင် အဘယ်မျှ ဆိုးဝါးလှသော မိတ်ဆွေဖြစ်လိုက်သနည်း။ إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ إِنَّ ٱللَّهَ يَفۡعَلُ مَا يُرِيدُ ١٤အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်၍ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်းများ စီးဆင်းနေကြမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ရည်ရွယ်တော်မူသော ကိစ္စကို ပြုလုပ်တော်မူသည်။ مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ ٱللَّهُ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ فَلۡيَمۡدُدۡ بِسَبَبٍ إِلَى ٱلسَّمَآءِ ثُمَّ لۡيَقۡطَعۡ فَلۡيَنظُرۡ هَلۡ يُذۡهِبَنَّ كَيۡدُهُۥ مَا يَغِيظُ ١٥မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်တော်မုဟမ္မဒ်-ဆွ)ကို ဤဘဝနှင့်တမလွန်ဘဝတတွင် ကူညီမည့်သူ မဟုတ်ဟု ထင်မြင်ယူဆလျှင် ထိုသူသည် ကြိုးတစ်ချောင်းဖြင့် မိမိလည်ပင်းအား ချည်ပြီး (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းကာ (မိမိလည်မျိုကို) ညှစ်သတ်ရမည်။ (ကြိုးဆွဲချ သေလိုက်ရမည်)။ ထို့နောက် မိမိအကြံအစည်သည် ဒေါသထွက်သည့်ကိစ္စကို ပျောက်ကွယ်သွားစေသလောဟု စဉ်းစားကြည့်ရမည်။ وَكَذَٰلِكَ أَنزَلۡنَٰهُ ءَايَٰتِۭ بَيِّنَٰتٍ وَأَنَّ ٱللَّهَ يَهۡدِي مَن يُرِيدُ ١٦pg إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلصَّٰبِـِٔينَ وَٱلنَّصَٰرَىٰ وَٱلۡمَجُوسَ وَٱلَّذِينَ أَشۡرَكُوٓاْ إِنَّ ٱللَّهَ يَفۡصِلُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ١٧pg أَلَمۡ تَرَ أَنَّ ٱللَّهَ يَسۡجُدُۤ لَهُۥۤ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِ وَٱلشَّمۡسُ وَٱلۡقَمَرُ وَٱلنُّجُومُ وَٱلۡجِبَالُ وَٱلشَّجَرُ وَٱلدَّوَآبُّ وَكَثِيرٌ مِّنَ ٱلنَّاسِۖ وَكَثِيرٌ حَقَّ عَلَيۡهِ ٱلۡعَذَابُۗ وَمَن يُهِنِ ٱللَّهُ فَمَا لَهُۥ مِن مُّكۡرِمٍۚ إِنَّ ٱللَّهَ يَفۡعَلُ مَا يَشَآءُ ۩ ١٨အမှန်စင်စစ် မိုးကောင်းကင်များတွင် ရှိသူဟူသမျှ၊ မြေပထဝီတွင် ရှိသူဟူသမျှ၊ နေ၊ လ၊ နက္ခတ်တာရာများ၊ တောင်များ၊ သစ်ပင်များ၊ တိရစာ္ဆန်များနှင့် လူအမြောက်အမြားသည် အလ္လာဟ်အရှင်မြတ်ကိုသာ စဂ်ျဒဟ်ဦးချကြသည်ကို အသင် မသိမြင်လေသလော။ ထို့ပြင် (လူများထဲမှ) အမြောက်အမြားသည် သူတို့အပေါ်တွင် ပြစ်ဒဏ်သည် အတည်ဖြစ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်က သေးသိမ်အောင်လုပ်တော်မူလျှင် ထိုသူ့အား ဂုဏ်ပေးမည့်သူ မည်သူမျှရှိမည် မဟုတ်တော့ပေ။ (ဂုဏ်ပေးလျှင်လည်း ဂုဏ်တက်မည်မဟုတ်တော့ပေ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကို ပြုလုပ်တော်မူသည်။ ۞ هَٰذَانِ خَصۡمَانِ ٱخۡتَصَمُواْ فِي رَبِّهِمۡۖ فَٱلَّذِينَ كَفَرُواْ قُطِّعَتۡ لَهُمۡ ثِيَابٌ مِّن نَّارٍ يُصَبُّ مِن فَوۡقِ رُءُوسِهِمُ ٱلۡحَمِيمُ ١٩ဤအုပ်စုနှစ်စုသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသော အုပ်စုနှစ်စုပင်ဖြစ်သည်။* ထို့နောက် ငြင်းပယ်သူများအတွက် မီးအဝတ်အထည်များသည် ကိုက်ညှပ်(၍ချုပ်)ခံရမည် ဖြစ်သည်။ သူတို့၏ဦးခေါင်းများအပေါ်မှ ဆူပွက်နေသည့် ရေနွေးကို သွန်းလောင်းခြင်းခံကြရမည်။ يُصۡهَرُ بِهِۦ مَا فِي بُطُونِهِمۡ وَٱلۡجُلُودُ ٢٠ထိုရေကြောင့် သူတို့၏ဝမ်းဗိုက်ထဲမှအရာ(အူ၊ အသည်း၊ နှလုံး)စသည်များနှင့် အသားအရေများသည် အရည်ပျော်သွားကြလိမ့်မည်။ وَلَهُم مَّقَٰمِعُ مِنۡ حَدِيدٍ ٢١ထို့ပြင် သူတို့အတွက် သံတုတ်များလည်းရှိလိမ့်မည်။ كُلَّمَآ أَرَادُوٓاْ أَن يَخۡرُجُواْ مِنۡهَا مِنۡ غَمٍّ أُعِيدُواْ فِيهَا وَذُوقُواْ عَذَابَ ٱلۡحَرِيقِ ٢٢သူတို့သည် ဒုက္ခဆင်းရဲမှုကြောင့် ထို(ငရဲဘုံ)ထဲမှ ထွက်ရန်ကြံရွယ်ကြသည့်အခါတိုင်း၊ ၎င်းထဲသို့ပင် ပြန်တွန်းပို့ခြင်းကို ခံကြရမည်ဖြစ်သည်။ ထို့ပြင် (ကောင်းကင်တမန်များက သူတို့အား ပြောဆိုကြမည်)- (ယခုမူ) အသင်တို့သည် လောင်ကျွမ်းသည့် မီး၏ပြစ်ဒဏ်ကို မြည်းစမ်းနေကြပါ။ إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٍ وَلُؤۡلُؤًاۖ وَلِبَاسُهُمۡ فِيهَا حَرِيرٌ ٢٣အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်၍ ကောင်းမြတ်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသောသူများအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီးဆင်းနေမည်။ ထိုသူများသည် ၎င်းဥယျာဉ်များတွင် ရွှေလက်ကောက်(လက်ပတ်)များနှင့်၊ ပုလဲများဖြင့် တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရမည်။ ထို့ပြင် ၎င်းဥယျာဉ်များတွင် သူတို့၏အဝတ်အစားများသည် ပိုးထည်များဖြစ်မည်။ وَهُدُوٓاْ إِلَى ٱلطَّيِّبِ مِنَ ٱلۡقَوۡلِ وَهُدُوٓاْ إِلَىٰ صِرَٰطِ ٱلۡحَمِيدِ ٢٤ထို့ပြင် သူတို့သည် စင်ကြယ်သန့်ရှင်သည့်စကား (ကလိမဟ်သွိုင်ယိဗဟ်)ဘက်သို့လည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရသည်။ ထို့ပြင် ချီးမွမ်းခြင်းခံထိုက်သောမူသော အရှင်မြတ်၏လမ်းတော်ကိုလည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရသည်။ إِنَّ ٱلَّذِينَ كَفَرُواْ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلۡمَسۡجِدِ ٱلۡحَرَامِ ٱلَّذِي جَعَلۡنَٰهُ لِلنَّاسِ سَوَآءً ٱلۡعَٰكِفُ فِيهِ وَٱلۡبَادِۚ وَمَن يُرِدۡ فِيهِ بِإِلۡحَادِۭ بِظُلۡمٍ نُّذِقۡهُ مِنۡ عَذَابٍ أَلِيمٍ ٢٥အမှန်စင်စစ် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် (သူများကိုလည်း)အလ္လာဟ်အရှင်မြတ်၏လမ်းတော်နှင့် အကြင်ထွတ်မြတ်သော ဗလီဝတ်ကျောင်းတော်မှ* ပိတ်ပင်တားဆီးခဲ့ကြသည်။ ငါအရှင်မြတ်သည် ထိုဗလီဝတ်ကျောင်းတော်အား ၎င်းတွင် အမြဲနေထိုင်သူနှင့်၊ အပြင်မှ (ခေတ္တ)လာရောက်သူဟု (မခွဲခြားဘဲ) လူသားများအတွက် အညီအမျှ (အခွင့်အရေးရရှိသောနေရာ)အဖြစ် သတ်မှတ်တော်မူခဲ့သည်။* ထို့ပြင် မည်သူမဆို ထိုဗလီဝတ်ကျောင်းတော်တွင် ကောက်ကွေ့သောလမ်း(သာသနာမဲလုပ်ရပ်)ကို မတရားမှုနှင့်တကွ ကြံရွယ်လျှင် ငါအရှင်မြတ်သည် ထိုသူ့အား နာကျင်စေသည့်ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်သည်။ وَإِذۡ بَوَّأۡنَا لِإِبۡرَٰهِيمَ مَكَانَ ٱلۡبَيۡتِ أَن لَّا تُشۡرِكۡ بِي شَيۡـًٔا وَطَهِّرۡ بَيۡتِيَ لِلطَّآئِفِينَ وَٱلۡقَآئِمِينَ وَٱلرُّكَّعِ ٱلسُّجُودِ ٢٦ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် (တမန်တော်)အိဗ်ရာဟီမ်အား (ထွတ်မြတ်သည့်)အိမ်တော်၏နေရာကို ညွှန်ပြနေရာချပေးတော်မူခဲ့သည်။ (ထို့ပြင် အရှင်မြတ်က ၎င်းအား အမိန့်ရှိတော်မူခဲ့သည်) အသင်သည် ငါအရှင်မြတ်နှင့် မည်သည့်အရာကိုမှ တွဲဖက်ခြင်း မပြုလုပ်နှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏အိမ်တော်အား သွဝါးဖ်ပြုလုပ်သူများ၊ ကိယာမ်ရပ်သူများ၊ ရုကူအ်ကိုင်းညွှတ်သူများနှင့် စဂ်ျဒဟ်ဦးချသူများအတွက် သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ထားပါ။ وَأَذِّن فِي ٱلنَّاسِ بِٱلۡحَجِّ يَأۡتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأۡتِينَ مِن كُلِّ فَجٍّ عَمِيقٍ ٢٧ထို့ပြင် အသင်သည် လူများအား(ထိုအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုလုပ်ရန်ကြေညာ(ဖိတ်ခေါ်)လိုက်ပါ။ (ထိုအခါ)လူများသည် အလွန်ဝေးလံသော ခရီးလမ်းတိုင်းမှ ခြေလျင်နှင့် ပိန်လှီသည့်ကုလားအုတ်များကို စီးနင်းပြီး အသင့်ထံသို့ လာရောက်ကြလိမ့်မည်။ لِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٍ مَّعۡلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۖ فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡبَآئِسَ ٱلۡفَقِيرَ ٢٨သူတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းမည့်နေရာများကို ကြည့်ရှု(ရှာဖွေ)ကြရန်အတွက်၊* ထို့ပြင် အရှင်မြတ်က သူတို့အား ပေးထားသော ခြေလေးချောင်းတိရစာ္ဆန်များအပေါ်* သတ်မှတ်ထားသည့်နေ့ရက်များတွင်* အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသ(၍ ဇဗဟ်ပြုလုပ်)ကြရန်အတွက်ဖြစ်သည်။ ထို့နောက် ထိုတိရစာ္ဆန်များထဲမှ အသင်တို့ကိုယ်တိုင်လည်းစားသုံးကြပါ၊ ထို့ပြင် ဆင်းရဲသား ဒုက္ခရောက်သူများကိုလည်း ကျွေးမွေးကြပါ။ ثُمَّ لۡيَقۡضُواْ تَفَثَهُمۡ وَلۡيُوفُواْ نُذُورَهُمۡ وَلۡيَطَّوَّفُواْ بِٱلۡبَيۡتِ ٱلۡعَتِيقِ ٢٩ထို့နောက် သူတို့သည် သူတို့၏အညစ်အကြေးများကို (သုတ်သင်)ဖယ်ရှားကြရမည်။* ထို့ပြင် သူတို့၏အဓိဋ္ဌာန်(တာဝန်)များကို ပြီးဆုံးအောင် ဆောင်ရွက်ကြရမည်။ ထို့ပြင် ရှေးဟောင်းအိမ်တော်* (ကအ်ဗဟ်ကျောင်းတော်)အား သွဝါးဖ်လှည့်ကြရမည် ဖြစ်သည်။ ذَٰلِكَۖ وَمَن يُعَظِّمۡ حُرُمَٰتِ ٱللَّهِ فَهُوَ خَيۡرٌ لَّهُۥ عِندَ رَبِّهِۦۗ وَأُحِلَّتۡ لَكُمُ ٱلۡأَنۡعَٰمُ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡۖ فَٱجۡتَنِبُواْ ٱلرِّجۡسَ مِنَ ٱلۡأَوۡثَٰنِ وَٱجۡتَنِبُواْ قَوۡلَ ٱلزُّورِ ٣٠ဤအချက်များအား (သတိထားကြပါ)၊ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လေးစားရမည့် အမိန့်ပညတ်တော်များကို* လေးစားလျှင် ထိုသူ့အတွက် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် အကောင်းဆုံးပင်ဖြစ်သည်။ ထို့ပြင် အသင်တို့အပေါ်တွင် ဖတ်ကြားပြသပြီးသော တိရစာ္ဆန်များမှလွဲ၍* ကျန်ခြေလေးချောင်းတိရစာ္ဆန်များကို အသင်တို့တွက် ဟလာလ် ခွင့်ပြုပြီးဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အညစ်အကြေးဖြစ်သော ရုပ်တုများ(ကို တုဖက်ကိုးကွယ်ခြင်း)မှ ရှောင်ကြဉ်ကြပါ။ ထို့ပြင် အသင်တို့သည် မုသားလိမ်လည် ပြောဆိုခြင်းမှလည်း ရှောင်ကြဉ်ကြပါ။ حُنَفَآءَ لِلَّهِ غَيۡرَ مُشۡرِكِينَ بِهِۦۚ وَمَن يُشۡرِكۡ بِٱللَّهِ فَكَأَنَّمَا خَرَّ مِنَ ٱلسَّمَآءِ فَتَخۡطَفُهُ ٱلطَّيۡرُ أَوۡ تَهۡوِي بِهِ ٱلرِّيحُ فِي مَكَانٍ سَحِيقٍ ٣١အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ကြလျက် အရှင်မြတ်နှင့် မည်သည့်အရာကိုမှ တွဲဖက်ကိုးကွယ်သူများ မဖြစ်ကြဘဲ(ရှိရမည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်လျှင် ထိုသူသည် မိုးကောင်းကင်မှ ကျလာသကဲ့သို့ဖြစ်ပြီး သူ့အား (အသေသားစားသည့်)ငှက်များက သုတ်ယူလိုက်မည်ဖြစ်သည်။ သို့မဟုတ် လေက သူ့အား ဝေးလံသည့်နေရာတွင် ပစ်ချလိုက်မည်ပင်ဖြစ်သည်။ ذَٰلِكَۖ وَمَن يُعَظِّمۡ شَعَٰٓئِرَ ٱللَّهِ فَإِنَّهَا مِن تَقۡوَى ٱلۡقُلُوبِ ٣٢ဤသည်(အမိန့်တော်ပင်ဖြစ်သည်)၊ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်များကို* လေးစားလျှင် အမှန်စင်စစ် ထိုလေးစားမှုသည် စိတ်နှလုံးများက လေးစားလိုက်နာမှုပင် ဖြစ်သည်။ لَكُمۡ فِيهَا مَنَٰفِعُ إِلَىٰٓ أَجَلٍ مُّسَمًّى ثُمَّ مَحِلُّهَآ إِلَى ٱلۡبَيۡتِ ٱلۡعَتِيقِ ٣٣အသင်တို့အတွက် သတ်မှတ်ထားသောအချိန်အထိ ထိုအထိမ်းအမှတ်(သားကောင်များ)ကို အကျိုးခံစားခွင့်ရှိသည်။ ထို့နောက် ထိုသားကောင်များ(ကို လှီးဖြတ်ရာ)နေရာသည် ရှေးဟောင်းအိမ်တော်(ကအ်ဗဟ်ကျောင်းတော်)၏အနီး၌ပင် ဖြစ်သည်။ وَلِكُلِّ أُمَّةٍ جَعَلۡنَا مَنسَكًا لِّيَذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۗ فَإِلَٰهُكُمۡ إِلَٰهٌ وَٰحِدٌ فَلَهُۥٓ أَسۡلِمُواْۗ وَبَشِّرِ ٱلۡمُخۡبِتِينَ ٣٤ထို့ပြင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအတွက် အရှင်မြတ်က သူတို့အား ပေးတော်မူခဲ့သည့် ခြေလေးချောင်း တိရစာ္ဆန်များအပေါ်တွင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသကြရန်အတွက် ကုရ်ဗာနီပြုလုပ်ရာနေရာကို သတ်မှတ်တော်မူခဲ့သည်။* ထို့ပြင် အသင်တို့၏ ကိုးကွယ်ထိုက်သောအရှင်သည် တစ်ပါးတည်းဖြစ်သော ကိုးကွယ်ထိုက်သည့်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုပင် လိုက်နာကြပါ။ ထို့ပြင် အသင်သည် ကျိုးနွံသည့်သူများကို ဝမ်းသာဖွယ်ရာ သတင်းကောင်းပြောလိုက်ပါ။ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَٱلصَّٰبِرِينَ عَلَىٰ مَآ أَصَابَهُمۡ وَٱلۡمُقِيمِي ٱلصَّلَوٰةِ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ٣٥ထို(ကျိုးနွံသည့်)သူများကို (သူတို့ရှေ့၌) အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပြောဆိုခဲ့လျှင် သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထို့ပြင် (အသင်သည်) သူတို့အပေါ်တွင် ကျရောက်သမျှဒုက္ခကို သည်းခံသူများနှင့် စွလာသ်စွဲမြဲစွာ တည်ဆောက်သူများအပြင် ငါအရှင်မြတ်က သူတို့အား ပေးထားသောပစ္စည်းများထဲမှ လှူဒါန်းသုံးစွဲသူများအား (သတင်းကောင်းပြောလိုက်ပါ)။ وَٱلۡبُدۡنَ جَعَلۡنَٰهَا لَكُم مِّن شَعَٰٓئِرِ ٱللَّهِ لَكُمۡ فِيهَا خَيۡرٌۖ فَٱذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَيۡهَا صَوَآفَّۖ فَإِذَا وَجَبَتۡ جُنُوبُهَا فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡقَانِعَ وَٱلۡمُعۡتَرَّۚ كَذَٰلِكَ سَخَّرۡنَٰهَا لَكُمۡ لَعَلَّكُمۡ تَشۡكُرُونَ ٣٦ထို့ပြင် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်များထဲမှ အထိမ်းအမှတ်တစ်ခုပြုလုပ်တော်မူခဲ့သည်။ အသင်တို့အတွက် ထို(ကုရ်ဗာနီကုလားအုတ်များ)တွင် ကောင်းကျိုးရှိသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုရ်ဗာနီကုလားအုတ်များကို စီတန်းရပ်စေကြပြီး အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသလျက် (ကုရ်ဗာနီ)ပြုလုပ်ကြပါ။* ထို့နောက် သူတို့သည် ဘေးစောင်းလဲကျသွားသောအခါ အသင်တို့သည် ၎င်းထဲမှ အသင်တို့ကိုယ်တိုင်လည်း စားကြပါ။ ထို့ပြင် (သိက္ခာစောင့်ပြီး)ရောင့်ရဲတင်းတိမ်သူများကိုသာမက (သိက္ခာမစောင့်ဘဲ ဖွင့်ဟ)တောင်းခံသူများကိုလည်း ကျွေးမွေးကြပါ။ ဤသို့ပင် ငါအရှင်မြတ်သည် အသင်တို့ ကျေးဇူးသိတတ်ကြရန်အတွက် ထိုကုရ်ဗာနီကုလားအုတ်ကို အသင်တို့၏ လက်အောက်ခံဖြစ်စေတော်မူခဲ့သည်။ لَن يَنَالَ ٱللَّهَ لُحُومُهَا وَلَا دِمَآؤُهَا وَلَٰكِن يَنَالُهُ ٱلتَّقۡوَىٰ مِنكُمۡۚ كَذَٰلِكَ سَخَّرَهَا لَكُمۡ لِتُكَبِّرُواْ ٱللَّهَ عَلَىٰ مَا هَدَىٰكُمۡۗ وَبَشِّرِ ٱلۡمُحۡسِنِينَ ٣٧အလ္လာဟ်အရှင်မြတ်ထံတော်သို့ ထိုသားကောင်များ၏ အသားများနှင့်သွေးများသည် လုံးဝရောက်သည် မဟုတ်ပေ။ သို့ရာတွင် အသင်တို့၏သက္ကဝါကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်မှု စေတနာသာ အရှင်မြတ်ထံတော်သို့ ရောက်သည်။* ဤသို့ပင် အသင်တို့သည် အသင်တို့အား လမ်းမှန်ညွှန်ကြားပြသတော်မူသည့်အပေါ် အလ္လာဟ်အရှင်မြတ် ကြီးကျယ်မြင့်မြတ်တော်မူကြောင်း ရွတ်ဆိုချီးကျူးကြရန်အတွက် အရှင်မြတ်သည် ထိုသားကောင်းများကို အသင်တို့၏လက်အောက်ခံများအဖြစ် ပြုလုပ်ထားတော်မူသည်။ ထို့ပြင် အသင်(တမန်တော်)သည် (စေတနာဖြူစင်စွာဖြင့်)ကောင်းကျိုးပြုလုပ်သည့်သူများကို သတင်းကောင်းပြောလိုက်ပါ။ ۞ إِنَّ ٱللَّهَ يُدَٰفِعُ عَنِ ٱلَّذِينَ ءَامَنُوٓاْۗ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ ٣٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများဘက်မှ (အန္တရာယ်များကို) တွန်းလှန်ကာကွယ်ပေးတော်မူမည် ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သည့်ငြင်းပယ်သူ သစ္စာမဲ့သူကိုမှ နှစ်သက်တော်မမူပေ။ أُذِنَ لِلَّذِينَ يُقَٰتَلُونَ بِأَنَّهُمۡ ظُلِمُواْۚ وَإِنَّ ٱللَّهَ عَلَىٰ نَصۡرِهِمۡ لَقَدِيرٌ ٣٩(ယခုမူ)တိုက်ခိုက်မှုခံနေကြရသည့်သူ (မွတ်စ်လင်မ်)များသည် (ခုခံတိုက်ခိုက်)ခွင့် ရရှိပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် နှိပ်စက်မှုကို ခံခဲ့ကြရသည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အမှန်ပင် ကူညီနိုင်တော်မူသောအရှင်ပင် ဖြစ်တော်မူသည်။ ٱلَّذِينَ أُخۡرِجُواْ مِن دِيَٰرِهِم بِغَيۡرِ حَقٍّ إِلَّآ أَن يَقُولُواْ رَبُّنَا ٱللَّهُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٍ لَّهُدِّمَتۡ صَوَٰمِعُ وَبِيَعٌ وَصَلَوَٰتٌ وَمَسَٰجِدُ يُذۡكَرُ فِيهَا ٱسۡمُ ٱللَّهِ كَثِيرًاۗ وَلَيَنصُرَنَّ ٱللَّهُ مَن يَنصُرُهُۥٓۚ إِنَّ ٱللَّهَ لَقَوِيٌّ عَزِيزٌ ٤٠ထိုသူများသည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်ဟု ပြောဆိုသည်မှလွဲ၍ (အခြား မည်သည့်အကြောင်းမှမရှိဘဲ) သူတို့၏နေအိမ်များမှ မတရားနှင်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား တစ်ဦးကို တစ်ဦးနှင့် ခုခံကာကွယ်တော်မူခြင်းမရှိခဲ့လျှင်၊ နတ်စ်ွရာနီဘုန်းကြီးကျောင်းများ၊ နတ်စွ်ရာနီဝတ်ကျောင်းတော်များ၊ ယဟူဒီဝတ်ကျောင်းတော်များနှင့် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို များစွာ ရွတ်ဆိုနေကြသော မွတ်စ်လင်မ်များ၏ဗလီဝတ်ကျောင်းတော်များသည် ဖြိုဖျက်ခြင်းခံကြရမည် အမှန်ပင် ြ်ဖစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား ကူညီသည့်သူကို အမှန်ပင် ကူညီတော်မူမည် ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုချ အလွန်အင်အားကြီးတော်မူသောအရှင်၊ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည်။ ٱلَّذِينَ إِن مَّكَّنَّٰهُمۡ فِي ٱلۡأَرۡضِ أَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ وَأَمَرُواْ بِٱلۡمَعۡرُوفِ وَنَهَوۡاْ عَنِ ٱلۡمُنكَرِۗ وَلِلَّهِ عَٰقِبَةُ ٱلۡأُمُورِ ٤١အကြင်သူများသည် အကယ်၍ ငါအရှင်မြတ်သည် ထိုသူများအား ကမာ္ဘတွင် လွှမ်းမိုးအုပ်ချုပ်မှု ပေးတော်မူခဲ့လျှင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြမည်။ ထို့ပြင် ဇကာသ်ကိုလည်း ပေးဆောင်ကြမည်။ ထို့ပြင် အရေးကိစ္စဟူသမျှ၏နောက်ဆုံးရလဒ်သည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ وَإِن يُكَذِّبُوكَ فَقَدۡ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ وَعَادٌ وَثَمُودُ ٤٢ထို့ပြင် အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန်ဟု ငြင်းပယ်ကြလျှင်၊ အမှန်စင်စစ် သူတို့မတိုင်မီ (တမန်တော်)နူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများနှင့် ဆမူဒ်အမျိုးသားများသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြပြီးဖြစ်သည်။ وَقَوۡمُ إِبۡرَٰهِيمَ وَقَوۡمُ لُوطٍ ٤٣ထို့ပြင် (တမန်တော်)အိဗ်ရာဟီမ်၏အမျိုးသားများနှင့် (တမန်တော်)လူသွ်၏အမျိုသားများ၊ وَأَصۡحَٰبُ مَدۡيَنَۖ وَكُذِّبَ مُوسَىٰۖ فَأَمۡلَيۡتُ لِلۡكَٰفِرِينَ ثُمَّ أَخَذۡتُهُمۡۖ فَكَيۡفَ كَانَ نَكِيرِ ٤٤ထို့ပြင် မဒ်ယန်မြို့သားများသည်လည်း (ငြင်းပယ်ခဲ့ကြသည်)။ ထို့ပြင် (တမန်တော်)မူစာသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခံခဲ့ရသည်။ ထို့နောက် ငါအရှင်မြတ်သည် ငြင်းပယ်သူများအား (ပြစ်ဒဏ်ခတ်ခြင်းမှ ခေတ္တ) ဆိုင်းငံ့ထားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ အပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။ فَكَأَيِّن مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا وَهِيَ ظَالِمَةٌ فَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئۡرٍ مُّعَطَّلَةٍ وَقَصۡرٍ مَّشِيدٍ ٤٥ထို့နောက် မြို့ရွာအမြောက်အမြားအား ထိုမြို့ရွာသားများသည် မတရားကျူးလွန်သူများဖြစ်နေသည့်အခါ ငါအရှင်မြတ်သည် ဖျက်ဆီးပစ်တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုမြို့ရွာများတွင် (ရှိသည့် အဆောက်အအုံများသည် ပြိုကျ၍ နံရံများ)သည် ထိုအဆောက်အအုံများ၏ခေါင်မိုးများပေါ်သို့ ပြိုကျလျက်ရှိနေခဲ့သည်။ ထို့ပြင် ပျက်စီးနေသော ရေတွင်းများစွာနှင့် မြင့်မားသောအဆောက်အအုံများသည် (ယခုထိ)ကျန်ရှိနေသေးသည်။ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَتَكُونَ لَهُمۡ قُلُوبٌ يَعۡقِلُونَ بِهَآ أَوۡ ءَاذَانٌ يَسۡمَعُونَ بِهَاۖ فَإِنَّهَا لَا تَعۡمَى ٱلۡأَبۡصَٰرُ وَلَٰكِن تَعۡمَى ٱلۡقُلُوبُ ٱلَّتِي فِي ٱلصُّدُورِ ٤٦သို့ပါလျက် သူတို့သည် မြေပထဝီတွင် လှည့်လည်သွားလာမှုကို မပြုခဲ့ကြသလော။ ထိုသို့ပြုခဲ့ကြလျှင် သူတို့တွင် နားလည်နိုင်သော စိတ်နှလုံးများ၊ ကြားနိုင်သည့်နားများ ရှိလာလိမ့်မည်။ ထို့ပြင် အမှန်စင်စစ် မျက်စိများသည် ကန်းသွားကြသည် မဟုတ်ပေ။ သို့ရာတွင် ရင်များထဲတွင်ရှိသော စိတ်နှလုံးများပင် ကန်းသွားကြခြင်းဖြစ်သည်။ وَيَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَلَن يُخۡلِفَ ٱللَّهُ وَعۡدَهُۥۚ وَإِنَّ يَوۡمًا عِندَ رَبِّكَ كَأَلۡفِ سَنَةٍ مِّمَّا تَعُدُّونَ ٤٧ထို့ပြင် သူတို့သည် အသင်(တမန်တော်)ထံတွင် ပြစ်ဒဏ်ကို ဆောလျင်စွာ တောင်းဆိုကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိကို ဖျက်တော်မူမည် မဟုတ်ပေ။ ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် နေ့တစ်နေ့သည် အသင်တို့ ရေတွက်ကြသော နှစ်ပေါင်းတစ်ထောင်ကဲ့သို့ဖြစ်သည်။ وَكَأَيِّن مِّن قَرۡيَةٍ أَمۡلَيۡتُ لَهَا وَهِيَ ظَالِمَةٌ ثُمَّ أَخَذۡتُهَا وَإِلَيَّ ٱلۡمَصِيرُ ٤٨ထို့ပြင် မြို့ရွာများ အမြောက်အမြားရှိသည်။ ငါအရှင်မြတ်သည် ထိုမြို့ရွာသားများအား သူတို့သည် အပြစ်ကျူးလွန်သူများဖြစ်နေကြပါလျက် (ပြစ်ဒဏ်ခတ်ခြင်းကို)ဆိုင်းငံ့ထားတော်မူသည်။ ထို့နောက် (သူတို့သည် ကျူးလွန်မှုထဲတွင်သာ ဇွတ်ပေပြီး ဆက်တိုးနေတော့သည့်အခါတွင်) ငါအရှင်မြတ်သည် ထိုမြို့ရွာသားများကို ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ ထို့ပြင် (သူတို့အားလုံးသည်) ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။ قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِنَّمَآ أَنَا۠ لَكُمۡ نَذِيرٌ مُّبِينٌ ٤٩(အို- တမန်တော်)အသင်ပြောလိုက်ပါ- အို- လူသားအပေါင်းတို့၊ ငါသည် အသင်တို့အတွက် ထင်ရှားသော သတိပေးနှိုးဆော်သူ တစ်ဦးသာဖြစ်သည်။ فَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٌ وَرِزۡقٌ كَرِيمٌ ٥٠ထို့နောက် အီမာန်ယုံကြည်ပြီး ကောင်းမြတ်သည့် လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်သော စားနပ်ရိက္ခာရှိလိမ့်မည်။ وَٱلَّذِينَ سَعَوۡاْ فِيٓ ءَايَٰتِنَا مُعَٰجِزِينَ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ ٥١ထို့ပြင် ငါအရှင်မြတ်၏အာယသ်တော်များနှင့်ပတ်သက်၍ နိမ့်ကျအောင်(မဟုတ်မမှန် ပြောဆိုငြင်းပယ်ခြင်းဖြင့်)ကြိုးစားသည့်သူများကမူ ထိုသူများပင် ငရဲသားများဖြစ်ကြသည်။ وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ وَلَا نَبِيٍّ إِلَّآ إِذَا تَمَنَّىٰٓ أَلۡقَى ٱلشَّيۡطَٰنُ فِيٓ أُمۡنِيَّتِهِۦ فَيَنسَخُ ٱللَّهُ مَا يُلۡقِي ٱلشَّيۡطَٰنُ ثُمَّ يُحۡكِمُ ٱللَّهُ ءَايَٰتِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٥٢ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ ရစူလ်များနှင့် နဗီများကို စေလွှတ်တော်မူခဲ့သည်။ ထိုတမန်တော်များသည် (တစ်စုံတစ်ခု)ရွတ်ဖတ်သည့်အခါ ရှိုင်သွာန်သည် ထိုတမန်တော်၏ ရွတ်ဖတ်မှုနှင့်ပတ်သက်၍ (ရောဂါရှိသူများ၏စိတ်နှလုံးများထဲတွင်)သံသယကို ထည့်သွင်းလေ့ရှိခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ရှိုင်သွာန်ထည့်သွင်းသမျှ (သံသယများ)ကို ပပျောက်စေတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အာယသ်တော်များကို တည်တံ့ခိုင်မြဲစေတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ لِّيَجۡعَلَ مَا يُلۡقِي ٱلشَّيۡطَٰنُ فِتۡنَةً لِّلَّذِينَ فِي قُلُوبِهِم مَّرَضٌ وَٱلۡقَاسِيَةِ قُلُوبُهُمۡۗ وَإِنَّ ٱلظَّٰلِمِينَ لَفِي شِقَاقِۭ بَعِيدٍ ٥٣(ဤသို့ဖြစ်ရခြင်းမှာ) အရှင်မြတ်သည် ရှိုင်သွာန်ထည့်သွင်းသောအရာ(သံသယများ)ကို စိတ်နှလုံးတွင်ရောဂါရှိသောသူများနှင့် စိတ်နှလုံး ခက်ထန်မာကျောသူများအတွက် စမ်းသပ်မှုပြုတော်မူရန် ဖြစ်သည်။ ထို့ပြင် အမှန်ပင် မတရားကျူးလွန်သူများသည် ဝေးလံသောကွဲပြားမှု၌ပင် (ငြင်းခုံလျက်)ရှိနေကြသည်။ وَلِيَعۡلَمَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ أَنَّهُ ٱلۡحَقُّ مِن رَّبِّكَ فَيُؤۡمِنُواْ بِهِۦ فَتُخۡبِتَ لَهُۥ قُلُوبُهُمۡۗ وَإِنَّ ٱللَّهَ لَهَادِ ٱلَّذِينَ ءَامَنُوٓاْ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٥٤ထို့ပြင် (ဤသို့ဖြစ်ရခြင်းမှာ) အသိပညာပေးတော်မူခြင်းခံရသည့်သူများက ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အမှန်ဖြစ်ကြောင်း သိရှိကြရန်လည်း ဖြစ်သည်။ ထိုသို့သိရှိကြလျှင် သူတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို (ပို၍)ယုံကြည်လာကြမည် ဖြစ်သည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများသည်လည်း ထို(ကုရ်အာန်ကျမ်းတော်မြတ်)၏ရှေ့၌ (ပိုပြီး)ပျော့ပျောင်း ယိမ်းညွတ်လာကြမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား ဖြောင့်မတ်သည့်လမ်းကို ညွှန်ကြားပြသတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ وَلَا يَزَالُ ٱلَّذِينَ كَفَرُواْ فِي مِرۡيَةٍ مِّنۡهُ حَتَّىٰ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةً أَوۡ يَأۡتِيَهُمۡ عَذَابُ يَوۡمٍ عَقِيمٍ ٥٥ထို့ပြင် ငြင်းပယ်သူများသည် သူတို့အပေါ်တွင် ရုတ်တရက် ကိယာမသ်ရောက်လာသည်အထိ သို့မဟုတ် သူတို့ထံသို့ မဂင်္လာမရှိသည့်နေ့၏ပြစ်ဒဏ်ရောက်လာသည်အထိ ထို(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်ပတ်သက်၍ သံသယ၌ပင် ရှိနေကြဦးမည်ဖြစ်သည်။ ٱلۡمُلۡكُ يَوۡمَئِذٍ لِّلَّهِ يَحۡكُمُ بَيۡنَهُمۡۚ فَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فِي جَنَّٰتِ ٱلنَّعِيمِ ٥٦ထိုနေ့တွင် အုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိမည်။ အရှင်မြတ်သည် သူတို့ကြားတွင် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့နောက် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြပြီး ကောင်းမြတ်သော လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ (ထိုသူများသည်) သုခချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များတွင် ရှိကြလိမ့်မည်။ وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا فَأُوْلَٰٓئِكَ لَهُمۡ عَذَابٌ مُّهِينٌ ٥٧ထို့ပြင် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်တော်များကိုလည်း မဟုတ်မမှန်ဟု ငြင်းဆိုခဲ့ကြသည်။ ထိုသူများသည် သူတို့အတွက် သေးသိမ်စေသော ပြစ်ဒဏ်ရှိမည်။ وَٱلَّذِينَ هَاجَرُواْ فِي سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓاْ أَوۡ مَاتُواْ لَيَرۡزُقَنَّهُمُ ٱللَّهُ رِزۡقًا حَسَنًاۚ وَإِنَّ ٱللَّهَ لَهُوَ خَيۡرُ ٱلرَّٰزِقِينَ ٥٨ထို့ပြင် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် (သူတို့၏ အိုးအိမ်များကို စွန့်၍)ရွှေ့ပြောင်းခဲ့ကြရသည်။ ထို့ပြင် သူတို့သည် သတ်ဖြတ်ခြင်း ခံရသည်ပင်ဖြစ်စေ၊ သေဆုံးခဲ့သည်ပင်ဖြစ်စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလွန်ကောင်းမြတ်သော စားနပ်ရိက္ခာကို အမှန်ပင် ပေးသနားတော်မူမည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး စားနပ်ရိက္ခာပေးသနားတော်မူသောအရှင် အမှန်ဖြစ်တော်မူသည်။ لَيُدۡخِلَنَّهُم مُّدۡخَلًا يَرۡضَوۡنَهُۥۚ وَإِنَّ ٱللَّهَ لَعَلِيمٌ حَلِيمٌ ٥٩အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့နှစ်သက်သည့်နေရာများကို အမှန်ပင် ဝင်ရောက်စေတော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင်ဖြစ်တော်မူသည်။ ۞ ذَٰلِكَۖ وَمَنۡ عَاقَبَ بِمِثۡلِ مَا عُوقِبَ بِهِۦ ثُمَّ بُغِيَ عَلَيۡهِ لَيَنصُرَنَّهُ ٱللَّهُۚ إِنَّ ٱللَّهَ لَعَفُوٌّ غَفُورٌ ٦٠ဤသည် (ငါအရှင်မြတ် အမိန့်ရှိတော်မူသော အရာများပင်ဖြစ်သည်)။ ထို့ပြင် အကြင်သူသည် သူဒုက္ခပေးခြင်း ခံခဲ့ရသည်နှင့်အမျှ ပြန်လှန်ဒုက္ခပေး(၍ လက်စားချေ)ခဲ့သည်။ ထို့နောက် ထပ်မံ၍ ကျူးကျော်စော်ကား ဒုက္ခပေးခံရပြန်သည်ဆိုလျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ူကူညီတော်မူမည်ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ ذَٰلِكَ بِأَنَّ ٱللَّهَ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَأَنَّ ٱللَّهَ سَمِيعُۢ بَصِيرٌ ٦١ဤ(ကဲ့သို့ ကူညီတော်မူခြင်းမှာမူ) အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ညကို နေ့ထဲတွင် ဝင်စေတော်မူ၍ နေ့ကို ညထဲတွင် ဝင်စေတော်မူသည့်အတွက်၊ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ပင် ဖြစ်သည်။ ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِۦ هُوَ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ ٦٢ဤ(ကဲ့သို့ ကူညီတော်မူခြင်းမှာမူ) အလ္လာဟ်အရှင်မြတ်သည်ပင် မှန်ကန်သည့်အရှင် ဖြစ်တော်မူပြီး သူတို့ဟစ်ခေါ်ကြသည့်အရာများသည် မုချ မှားသည့်အတွက်ကြောင့်နှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ပင် အလွန်မြင့်မားတော်မူသောအရှင်၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ဖြစ်သည်။ أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَتُصۡبِحُ ٱلۡأَرۡضُ مُخۡضَرَّةًۚ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٌ ٦٣အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးရေကို ရွာသွန်းစေတော်မူခဲ့သည့်အတွက် မြေပထဝီတွင် စိမ်းလန်းစိုပြေမှု ဖြစ်လာသည်ကို အသင်သည် မသိမမြင်ပါသလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ٦٤မိုးကောင်းကင်များတွင် ရှိသမျှနှင့် မြေပထဝီတွင် ရှိသမျှကို အရှင်မြတ်ပင် ပိုင်ဆိုင်တော်မူခြင်းဖြစ်သည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်း၍ ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ أَلَمۡ تَرَ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِي ٱلۡأَرۡضِ وَٱلۡفُلۡكَ تَجۡرِي فِي ٱلۡبَحۡرِ بِأَمۡرِهِۦ وَيُمۡسِكُ ٱلسَّمَآءَ أَن تَقَعَ عَلَى ٱلۡأَرۡضِ إِلَّا بِإِذۡنِهِۦٓۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌ رَّحِيمٌ ٦٥အသင် မသိမမြင်သလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် မြေပထဝီတွင် ရှိသည်များကို နိုင်နင်းစေတော်မူခဲ့သည်။ ထို့ပြင် သဘေင်္ာ(စသည်များ)ကိုလည်း (နိုင်နင်းစေတော်မူခဲ့သည်)။ ထိုသဘေင်္ာသည် အရှင်မြတ်၏အမိန့်တော်နှင့် ပင်လယ်တွင် သွားလာလှုပ်ရှားနေသည်။ ထို့ပြင် အရှင်မြတ်သည် မိုးကောင်းကင်အား မြေပထဝီပေါ်ပြိုကျမသွားစေရန်အတွက် တားဆီးထားတော်မူသည်။ သို့ရာတွင် အရှင်မြတ်၏အမိန့်တော်ကျရောက်သည့်အခါ (ပြိုကျသွားမည်)။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားများအပေါ်တွင် အလွန်နူးညံ့သိမ်မွေ့တော်မူသော၊ အလွန်သနားကြင်နာတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ وَهُوَ ٱلَّذِيٓ أَحۡيَاكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۗ إِنَّ ٱلۡإِنسَٰنَ لَكَفُورٌ ٦٦ထို့ပြင် အရှင်မြတ်ပင် အသင်တို့အား အသက်ရှင်ခြင်းကို ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား သေစေတော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ရှင်စေတော်မူဦးမည်ဖြစ်သည်။ အမှန်စင်စစ် လူသားသည် အလွန်ကျေးဇူးကန်းသူ အမှန်ပင်ဖြစ်သည်။ لِّكُلِّ أُمَّةٍ جَعَلۡنَا مَنسَكًا هُمۡ نَاسِكُوهُۖ فَلَا يُنَٰزِعُنَّكَ فِي ٱلۡأَمۡرِۚ وَٱدۡعُ إِلَىٰ رَبِّكَۖ إِنَّكَ لَعَلَىٰ هُدًى مُّسۡتَقِيمٍ ٦٧ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအတွက် (ကိုးကွယ်ရန်)နည်းလမ်းတစ်ခုကို သတ်မှတ်ပေးတော်မူခဲ့သည့်အတွက်* သူတို့သည် ထိုနည်းလမ်းအတိုင်း ကိုးကွယ်လိုက်နာသူများ ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ (သူတို့သည်) ထိုအရေးကိစ္စတွင် အသင်နှင့် ငြင်းခုံမှု မပြုရပေ။ ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဘက်သို့ ဖိတ်ခေါ်နေပါ။ အမှန်စင်စစ် အသင်သည် ဖြောင့်မတ်မှန်ကန်သော လမ်းပေါ်တွင် အမှန် တည်ရှိသည်။ وَإِن جَٰدَلُوكَ فَقُلِ ٱللَّهُ أَعۡلَمُ بِمَا تَعۡمَلُونَ ٦٨ထို့ပြင် အကယ်၍ သူတို့သည် အသင်နှင့် အငြင်းအခုံပြုခဲ့လျှင် (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူသည်များကို အသိဆုံးအရှင် ဖြစ်တော်မူသည်။ ٱللَّهُ يَحۡكُمُ بَيۡنَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ٦٩အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကြားတွင် ကိယာမသ်နေ့၌ အသင်တို့ကွဲလွဲနေခဲ့ကြသော ကိစ္စများနှင့်ပတ်သက်၍ စီရင် ဆုံးဖြတ်တော်မူမည်။ أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِنَّ ذَٰلِكَ فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ ٧٠အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်တွင် ရှိသမျှနှင့် မြေပထဝီတွင် ရှိသမျှအား သိတော်မူသည်ကို အသင်မသိသလော။ အမှန်စင်စစ် ထိုအရာများသည် မှတ်တမ်းရှိသည်။ အမှန်စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။ وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنًا وَمَا لَيۡسَ لَهُم بِهِۦ عِلۡمٌۗ وَمَا لِلظَّٰلِمِينَ مِن نَّصِيرٍ ٧١ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများ(အား ကိုးကွယ်ရန်)အရှင်မြတ်က မည်သည့်သက်သေခံမှ ချပေးတော်မူခဲ့သည် မရှိပေ။ ထိုအရာများနှင့်ပတ်သက်၍ (ကိုးကွယ်ရန်)သူတို့တွင် မည်သည့် အသိပညာအထောက်အထားမှလည်း မရှိပေ။* ထို့ပြင် မတရားသူများအား ကူညီမည့်သူလည်း တစ်ဦးမှရှိမည် မဟုတ်ပေ။ وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٍ تَعۡرِفُ فِي وُجُوهِ ٱلَّذِينَ كَفَرُواْ ٱلۡمُنكَرَۖ يَكَادُونَ يَسۡطُونَ بِٱلَّذِينَ يَتۡلُونَ عَلَيۡهِمۡ ءَايَٰتِنَاۗ قُلۡ أَفَأُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكُمُۚ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُواْۖ وَبِئۡسَ ٱلۡمَصِيرُ ٧٢ထို့ပြင် သူတို့ရှေ့၌ ငါအရှင်မြတ်၏ထင်ရှားသော အာယသ်တော်များ ဖတ်ကြားသည့်အခါ အသင်(တမန်တော်)သည် ကာဖိရ်များ၏မျက်နှာများတွင် မနှစ်မြို့မှု၊ ငြင်းဆန်မှုကို တွေ့မြင်ရမည်။ သူတို့သည် သူတို့ရှေ့၌ ငါအရှင်မြတ်၏အာယသ်တော်များ ဖတ်ကြားသူများကို တိုက်ခိုက်မည့်ဆဲဆဲ ဖြစ်ကြသည်။* (အို- တမန်တော်)အသင်ပြောလိုက်ပါ- သို့ဖြစ်လျှင် ငါသည် အသင်တို့အား ထို့ထက် ပိုဆိုးသည်ကို အသိပေးရမည်လော။ (ထိုအရာသည်)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို ထိုမီးထဲတွင် ချိန်းဆိုထားတော်မူသည်။ ထို့ပြင် ထိုငရဲမီးသည် အဘယ်မျှ ဆိုးဝါးလှသော ပြန်လည်ရာဌာန ဖြစ်လိုက်ပါသနည်း။ يَٰٓأَيُّهَا ٱلنَّاسُ ضُرِبَ مَثَلٌ فَٱسۡتَمِعُواْ لَهُۥٓۚ إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ لَن يَخۡلُقُواْ ذُبَابًا وَلَوِ ٱجۡتَمَعُواْ لَهُۥۖ وَإِن يَسۡلُبۡهُمُ ٱلذُّبَابُ شَيۡـًٔا لَّا يَسۡتَنقِذُوهُ مِنۡهُۚ ضَعُفَ ٱلطَّالِبُ وَٱلۡمَطۡلُوبُ ٧٣အိုလူသားအပေါင်းတို့၊ ပမာတစ်ခု ခိုင်းနှိုင်းပြမည်ဖြစ်သည့်အတွက် အသင်တို့သည် ထိုအရာကို သေချာစွာ နားထောင်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့ ဟစ်ခေါ်(ကိုးကွယ်)ကြသည့်အရာများသည် သူတို့အားလုံးစုပေါင်း၍ (ကြိုးပမ်း)ကြလျှင်လည်း ယင်ကောင်တစ်ကောင်ကိုပင် လုံးဝ ဖန်ဆင်းနိုင်ကြမည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ ထိုယင်ကောင်သည် သူတို့ထံမှ တစ်စုံတစ်ခု လုယူ(သုတ်ချီသွား)လျှင် သူတို့သည် ထိုအရာကိုပင် ထိုယင်ကောင်ထံမှ ပြန်လုယူနိုင်ကြမည် မဟုတ်ပေ။ လိုလားဟစ်ခေါ်(ကိုးကွယ်)သူရော၊ လိုလားဟစ်ခေါ်(ကိုးကွယ်)ခံရသူပါ အားအင်ချည့်နဲ့ကြသည်။ مَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓۚ إِنَّ ٱللَّهَ لَقَوِيٌّ عَزِيزٌ ٧٤သူတို့သည် အလ္လာဟ်အရှင်မြတ်အား ရိုသေလေးစားထိုက်သည်နှင့်အမျှ ရိုသေလေးစားခြင်းမရှိကြပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားပြည့်စုံတော်မူသောအရှင်၊ အလွန်တန်ခိုးတော်နှင့် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည်။ ٱللَّهُ يَصۡطَفِي مِنَ ٱلۡمَلَٰٓئِكَةِ رُسُلًا وَمِنَ ٱلنَّاسِۚ إِنَّ ٱللَّهَ سَمِيعُۢ بَصِيرٌ ٧٥အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များနှင့် လူများထဲမှ တမန်တော်များကို ရွေးချယ်တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။ يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ٧٦အရှင်မြတ်သည် သူတို့၏ရှေ့နောက် အဖြစ်အပျက်အားလုံးကို သိတော်မူသည်။ ထို့ပြင် အရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် ပြန်ရောက်ကြမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱرۡكَعُواْ وَٱسۡجُدُواْۤ وَٱعۡبُدُواْ رَبَّكُمۡ وَٱفۡعَلُواْ ٱلۡخَيۡرَ لَعَلَّكُمۡ تُفۡلِحُونَ ۩ ٧٧အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့ အောင်မြင်ကြရန်အတွက် ရုကူအ်ဦးညွှတ်ကြပါ။ ထို့ပြင် စဂျ်ဒဟ်ဦးချကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် ကောင်းမြတ်သော လုပ်ရပ်များကိုလည်း ပြုလုပ်ကြပါ။ وَجَٰهِدُواْ فِي ٱللَّهِ حَقَّ جِهَادِهِۦۚ هُوَ ٱجۡتَبَىٰكُمۡ وَمَا جَعَلَ عَلَيۡكُمۡ فِي ٱلدِّينِ مِنۡ حَرَجٍۚ مِّلَّةَ أَبِيكُمۡ إِبۡرَٰهِيمَۚ هُوَ سَمَّىٰكُمُ ٱلۡمُسۡلِمِينَ مِن قَبۡلُ وَفِي هَٰذَا لِيَكُونَ ٱلرَّسُولُ شَهِيدًا عَلَيۡكُمۡ وَتَكُونُواْ شُهَدَآءَ عَلَى ٱلنَّاسِۚ فَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَٱعۡتَصِمُواْ بِٱللَّهِ هُوَ مَوۡلَىٰكُمۡۖ فَنِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ ٧٨ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ထိုက်သည်နှင့်အမျှ ကြိုးပမ်းဆောင်ရွက်ကြပါ။* အရှင်မြတ်သည် အသင်တို့အား (အရှင်မြတ်၏သာသနာအတွက်)ရွေးချယ်တော်မူခဲ့ခြင်းဖြစ်သည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့အပေါ်တွင် ဒီန်သာသနာတော်၌ မည်သည့်ကျပ်တည်းခဲယဉ်းမှုကိုမှ ပြုလုပ်တော်မမူခဲ့ပေ။ အသင်တို့၏ (သာသနာရေး)ဖခင် (တမန်တော်)အိဗ်ရာဟီမ်၏သာသနာကို ခိုင်မြဲစွာ စွဲကိုလိုက်နာကြပါ။ ထိုအရှင်မြတ်သည် အသင်တို့အား ယခင်(ကျမ်းဂန်များထဲ)တွင်လည်း မွတ်စ်လင်မ်များဟု အမည်တပ်ခဲ့သည်။ ထို့ပြင် (ယခု) ဤ(ကုရ်အာန် ကျမ်းတော်မြတ်)ထဲတွင်လည်း မွတ်စ်လင်မ်များဟုပင် အမည်တပ်ထားတော်မူသည်။* အကြောင်းမှာမူ တမန်တော်(မုဟမ္မဒ်-ဆွ)သည် အသင်တို့နှင့်ပတ်သက်၍ အသိသက်သေဖြစ်ရန်အတွက်၊ ထို့ပြင် အသင်တို့လည်း လူများအားလုံးနှင့်ပတ်သက်၍ အသိသက်သေများ ဖြစ်ကြရန်အတွက်*ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြပါ။ ထို့ပြင် ဇကာသ်ကိုလည်း ပေးဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ အရှင်မြတ်ကပင် အသင်တို့၏ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော သခင်အစစ်အမှန် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ (အရှင်မြတ်သည်)ကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အဘယ်မျှကောင်းသည့် သခင်အစစ်အမှန် ဖြစ်တော်မူလိုက်သနည်း။ ထို့ပြင် အဘယ်မျှကောင်းသော အလွန်ကူညီတော်မူသောအရှင် ဖြစ်တော်မူလိုက်သနည်း။