ملة الإسلام

السورة 92 · 21 آية · Hashim Tin Myint

سورة الليل باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الليل (1,297 قارئاً)
مكيةسورة الليل٢١ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلَّيۡلِ إِذَا يَغۡشَىٰ ١(ငါအရှင်မြတ်အ‌နေနှင့်) ညသည် လွှမ်းမိုးသည့်အခါတွင် ထိုညကို သက်‌သေထူ‌တော်မူသည်။ وَٱلنَّهَارِ إِذَا تَجَلَّىٰ ٢ထို့ပြင် ‌နေ့သည် လင်းဝင်းသည့်အခါ ထို‌နေ့ကိုသက်‌သေထူ‌တော်မူသည်။ وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ ٣ထို့ပြင် ဖိုနှင့်မကို ဖန်ဆင်း‌တော်မူ‌သောအရှင်ကို သက်‌သေထူ‌တော်မူသည်။ إِنَّ سَعۡيَكُمۡ لَشَتَّىٰ ٤အမှန်စင်စစ် အသင်တို့၏ကြိုးပမ်းမှုများသည် အမျိုးမျိုးဖြစ်သည်။ فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ ٥သို့ဖြစ်ရာ မည်သို့ပင်ဖြစ်‌စေ၊ အကြင်သူသည် ‌ပေးကမ်းလှူဒါန်းသည်။ ထို့ပြင် သူသည်(အလ္လာဟ်အရှင်မြတ်အား) ‌ကြောက်ရွံ့သည်။ وَصَدَّقَ بِٱلۡحُسۡنَىٰ ٦ထို့ပြင် သူသည် ‌ကောင်းသည် ###၁ ကို ဟုတ်မှန်‌ကြောင်း‌ထောက်ခံယုံကြည်သည်။ فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ ٧သို့ဖြစ်ရာ မကြာမီ ငါအရှင်မြတ်သည် သူ့အား လွယ်ကူမှုထံသို့ ပို့‌ဆောင်‌တော်မူမည်။ وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ ٨ထို့ပြင် မည်သို့ပင်ဖြစ်‌စေ၊ အကြင်သူသည် ‌စေးနှဲတွန့်တိုသည်။ ထို့ပြင် သူသည် (သူ၏ကိုယ်ကို)လိုလား‌တောင့်တစရာမလိုဟု ထင်မှတ်သည်။ وَكَذَّبَ بِٱلۡحُسۡنَىٰ ٩ထို့ပြင် သူသည် ‌ကောင်းသည်ကိုမဟုတ်မမှန်ဟု ငြင်းဆိုသည်။ فَسَنُيَسِّرُهُۥ لِلۡعُسۡرَىٰ ١٠သို့ဖြစ်ရာ မကြာမီ ငါအရှင်မြတ်သည် ထိုသူကို ခက်ခဲမှုထံသို့ ပို့‌ဆောင်‌တော်မူမည်။ وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ ١١ထို့ပြင် သူသည် (ငရဲတွင်းထဲသို့)ကျသည့်အခါ သူ(‌စေးနှဲခဲ့သည့်)ပစ္စည်းဥစ္စာများသည် သူ့အတွက် မည်သည့်အရာမျှ အသုံးဝင်မည်မဟုတ်‌ပေ။ إِنَّ عَلَيۡنَا لَلۡهُدَىٰ ١٢အမှန်စင်စစ် လမ်းမှန် ညွှန်ကြားပြသခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင်ဖြစ်သည်။ وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ ١٣ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝနှင့် ဤဘဝကို ငါအရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။ فَأَنذَرۡتُكُمۡ نَارًا تَلَظَّىٰ ١٤သို့ဖြစ်ရာ ငါအရှင်မြတ်သည်အသင်တို့အား ဟုန်းဟုန်း‌တောက်‌နေ‌သော မီးနှင့် ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်ခဲ့ပြီးဖြစ်သည်။ لَا يَصۡلَىٰهَآ إِلَّا ٱلۡأَشۡقَى ١٥ထို ငရဲမီးထဲသို့ နဖူးစာအလွန်ဆိုးသူပင်ကျမည်။ ٱلَّذِي كَذَّبَ وَتَوَلَّىٰ ١٦ထိုသူသည် မဟုတ်မမှန်ငြင်းပယ်ခဲ့ပြီး မျက်နှာလွှဲခဲ့သည်။ وَسَيُجَنَّبُهَا ٱلۡأَتۡقَى ١٧ထို့ပြင် (အလ္လာဟ်အရှင်မြတ်အား)အလွန်‌ကြောက်ရွံ့သူကမူ မကြာမီ ထိုငရဲမီးမှ ကယ်တင်ခြင်း (ကင်း‌ဝေး‌စေခြင်း) ခံရမည်ဖြစ်သည်။ ٱلَّذِي يُؤۡتِي مَالَهُۥ يَتَزَكَّىٰ ١٨ထိုသူသည် သူသန့်ရှင်းစင်ကြယ်ရန် သူ၏ဥစ္စာပစ္စည်းကို ‌ပေးကမ်းလှူဒါန်းသည်။ وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةٍ تُجۡزَىٰٓ ١٩သူ့အ‌ပေါ်တွင် ပြန်လည်‌ပေးဆပ်ရန် တစ်ဦးတစ်‌ယောက်၏ မည်သည့်‌ကျေးဇူးမျှမရှိ‌ပေ။ إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ ٢٠သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊ အလွန်မြင့်မား‌တော်မူ‌သော အရှင်မြတ်၏ နှစ်သက်‌ကျေနပ်မှုကို ရှာ‌ဖွေ ရယူရန်အတွက်ပင် (လှူဒါန်းခြင်း)ဖြစ်သည်။ وَلَسَوۡفَ يَرۡضَىٰ ٢١ထို့ပြင် သူသည် မကြာမီ အမှန်ပင်‌ကျေနပ်သွားမည်ဖြစ်သည်။

الترجمة: Hashim Tin Myint.