ملة الإسلام

السورة 24 · 64 آية · Hashim Tin Myint

سورة النور باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة النور (1,228 قارئاً)
مدنيةسورة النور٦٤ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٍ لَّعَلَّكُمۡ تَذَكَّرُونَ ١(ဤသည်) ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ငါအရှင်မြတ်သည်ပင် ထိုကဏ္ဍကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည်ပင် ထိုကဏ္ဍကို ပြဋ္ဌာန်း‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ တရားရကြရန်အတွက် ဤကဏ္ဍတွင် ထင်ရှား‌သောအာယသ်‌တော်များကို ချ‌ပေး‌တော်မူခဲ့သည်။ ٱلزَّانِيَةُ وَٱلزَّانِي فَٱجۡلِدُواْ كُلَّ وَٰحِدٍ مِّنۡهُمَا مِاْئَةَ جَلۡدَةٍۖ وَلَا تَأۡخُذۡكُم بِهِمَا رَأۡفَةٌ فِي دِينِ ٱللَّهِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ وَلۡيَشۡهَدۡ عَذَابَهُمَا طَآئِفَةٌ مِّنَ ٱلۡمُؤۡمِنِينَ ٢တရားမဝင်ကာမကျူးလွန်‌သော မိန်းမနှင့် တရားမဝင်ကာမကျူးလွန်‌သော ‌ယောက်ျားကို အသင်တို့သည် သူတို့နှစ်ဦးထဲမှ တစ်ဦးစီအား ကြိမ်ဒဏ်အချက်‌ပေါင်းတစ်ရာစီ ရိုက်ကြပါ။* ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကိုယုံကြည်ကြလျှင် သူတို့နှစ်ဦးအ‌ပေါ်တွင် သနားခြင်းသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏အမိန့်ပညတ်များကို လိုက်နာရာတွင် ‌လျော့နည်းခြင်း မရှိ‌စေရ‌ပေ။* ထို့ပြင် သူတို့နှစ်ဦးအား ပြစ်ဒဏ်‌ပေးခြင်းကို အီမာန်ယုံကြည်သည့် အုပ်စုတစ်စုသည် လာ‌ရောက်ကြည့်ရှုကြရမည် ဖြစ်သည်*။ ٱلزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوۡ مُشۡرِكَةً وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوۡ مُشۡرِكٌۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلۡمُؤۡمِنِينَ ٣တရားမဝင်ကာမကျူးလွန်‌သော ‌ယောက်ျားသည် တရားမဝင်ကာမကျူးလွန်‌သောမိန်းမ၊ သို့မဟုတ် ရှိရ်က်ပြုလုပ်‌သောမိန်းမမှလွဲ၍ အခြားမိန်းမများနှင့် ထိမ်းမြားခြင်းမရှိ‌ပေ။ ထို့ပြင် တရားမဝင်ကာမကျူးလွန်သည့်မိန်းမနှင့်လည်း တရားမဝင်ကာမကျူးလွန်သည့်‌ယောက်ျား၊ သို့မဟုတ် ရှိရ်က်ပြုလုပ်‌သော ‌ယောက်ျားသာ ထိမ်းမြားသည်။* ထို့ပြင် ဤ(သို့ တရားမဝင်ကာမကျူးလွန်သည့် ‌ယောက်ျား၊ မိန်းမများနှင့် ထိမ်းမြားမှု)သည် အီမာန်ယုံကြည်သူ(‌ယောက်ျား၊ မိန်းမ)များအ‌ပေါ်တွင် ဟရာမ်ဟု တားမြစ်ထားပြီးဖြစ်သည်။ وَٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ثُمَّ لَمۡ يَأۡتُواْ بِأَرۡبَعَةِ شُهَدَآءَ فَٱجۡلِدُوهُمۡ ثَمَٰنِينَ جَلۡدَةً وَلَا تَقۡبَلُواْ لَهُمۡ شَهَٰدَةً أَبَدًاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٤ထို့ပြင် အပြစ်ကင်းသည့်အမျိုးသမီးများအား (တရားမဝင် ကာမကျူးလွန်သည်ဟု)စွပ်စွဲပြီး‌နောက် သက်‌သေ‌လေး‌ယောက် မတင်ပြနိုင်ခဲ့ကြသည့်သူများကို အသင်တို့သည် ကြိမ်ဒဏ်အချက်‌ပေါင်း ရှစ်ဆယ်ရိုက်ကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့်အခါမှ သူတို့၏ မည်သို့ သက်‌သေခံချက်ကိုမှ လက်မခံကြနှင့်။ ထို့ပြင် သူတို့သည် စည်းကမ်း‌ဖောက်ဖျက်သည့်သူများ ဖြစ်ကြသည်။ إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٥သို့ရာတွင် အကြင်သူများသည် ထို(သို့စွပ်စွဲပြီး)‌နောက် ဝန်ချ‌တောင်းပန်ကြပြီး ပြုပြင်‌နေခဲ့ကြသည်ဆိုလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန် ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန် သနားကြင်နာ‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။ وَٱلَّذِينَ يَرۡمُونَ أَزۡوَٰجَهُمۡ وَلَمۡ يَكُن لَّهُمۡ شُهَدَآءُ إِلَّآ أَنفُسُهُمۡ فَشَهَٰدَةُ أَحَدِهِمۡ أَرۡبَعُ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ ٦ထို့ပြင် သူတို့၏ဇနီးကြင်ရာများကို (တရားမဝင် ကာမကျူးလွန်သည်ဟု)စွပ်စွဲသူများသည် သူတို့တွင် သူတို့အပြင် အခြားသက်‌သေများမရှိကြလျှင် ထိုစွပ်စွဲသူထဲမှ တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်(ကျိန်ဆို)၍ အမှန်စင်စစ် သူသည် မှန်ကန်သူဖြစ်‌ကြောင်း ‌လေးကြိမ်သက်‌သေထွက်ဆိုရမည်။ وَٱلۡخَٰمِسَةُ أَنَّ لَعۡنَتَ ٱللَّهِ عَلَيۡهِ إِن كَانَ مِنَ ٱلۡكَٰذِبِينَ ٧ထို့ပြင် ပဉ်စမအကြိမ်တွင် အကယ်၍ သူသည် လိမ်လည်သူဖြစ်ခဲ့လျှင် သူ့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏လအ်နသ်(ကျိန်စာ) ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေမှုသည် အမှန်ကျ‌ရောက်ပါ‌စေဟု ဆိုရမည်။ وَيَدۡرَؤُاْ عَنۡهَا ٱلۡعَذَابَ أَن تَشۡهَدَ أَرۡبَعَ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلۡكَٰذِبِينَ ٨ထို့ပြင် ဇနီးကြင်ရာသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်(ကျိန်ဆို)၍ အမှန်စင်စစ် ထို‌ယောက်ျားသည် လိမ်လည်သူဖြစ်‌ကြောင်း ‌လေးကြိမ်သက်‌သေထွက်ဆိုခြင်းသည် ထိုဇနီးကြင်ရာမှ ပြစ်ဒဏ်ကို ဖယ်ရှားမည်ဖြစ်သည်။ وَٱلۡخَٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيۡهَآ إِن كَانَ مِنَ ٱلصَّٰدِقِينَ ٩ထို့ပြင် ပဉ်စမအကြိမ်တွင် အကယ်၍ ထို‌ယောက်ျားသည် မှန်ကန်သူဖြစ်ခဲ့လျှင် သူမအ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏အမျက်‌တော် အမှန်ကျ‌ရောက်ပါ‌စေဟု ထွက်ဆိုရမည်ဖြစ်သည်။ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ ١٠ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အရှင်မြတ်၏အသနား‌တော်သည် မရှိခဲ့လျှင် (အမှန်ကို ‌ဖော်ထုတ်‌ပေးလိုက်မည်ဖြစ်သည်)။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည့်အတွက် (အသင်တို့အား ဝန်ချ‌တောင်းပန်နိုင်‌အောင် အခွင့်အ‌ရေး‌ပေး‌တော်မူခြင်း ဖြစ်သည်)။ إِنَّ ٱلَّذِينَ جَآءُو بِٱلۡإِفۡكِ عُصۡبَةٌ مِّنكُمۡۚ لَا تَحۡسَبُوهُ شَرًّا لَّكُمۖ بَلۡ هُوَ خَيۡرٌ لَّكُمۡۚ لِكُلِّ ٱمۡرِيٍٕ مِّنۡهُم مَّا ٱكۡتَسَبَ مِنَ ٱلۡإِثۡمِۚ وَٱلَّذِي تَوَلَّىٰ كِبۡرَهُۥ مِنۡهُمۡ لَهُۥ عَذَابٌ عَظِيمٌ ١١အမှန်စင်စစ် မုသားစွပ်စွဲချက်ကို ဖြန့်ချိခဲ့သည့်သူများသည် အသင်တို့ထဲမှ အုပ်စုတစ်စုပင်ဖြစ်သည်။* အသင်တို့သည် အသင်တို့နှင့်ပတ်သက်၍ ထိုလိမ်လည်စွပ်စွဲချက်ကို ဆိုးရွားသည်ဟု မယူဆကြနှင့်။ အမှန်စင်စစ် ထိုလိမ်လည်စွပ်စွဲချက်သည် အသင်တို့နှင့်ပတ်သက်၍ ‌ကောင်းသည်။ ထိုအုပ်စုထဲမှ လူတိုင်းအတွက် သူရှာ‌ဖွေဆည်းပူးခဲ့‌သော ပြစ်မှုရှိသည်။ ထို့ပြင် ထိုလိမ်လည်စွပ်စွဲမှု(အများဆုံး ဖြန့်ချိ‌သော)သူမှာ အလွန်ကြီး‌လေး‌သော ပြစ်ဒဏ်ရှိသည်။ لَّوۡلَآ إِذۡ سَمِعۡتُمُوهُ ظَنَّ ٱلۡمُؤۡمِنُونَ وَٱلۡمُؤۡمِنَٰتُ بِأَنفُسِهِمۡ خَيۡرًا وَقَالُواْ هَٰذَآ إِفۡكٌ مُّبِينٌ ١٢ထိုလိမ်လည်စွပ်စွဲမှုကို အသင်တို့ကြားစဉ်က အီမာန်ရှင်‌ယောက်ျား၊ မိန်းမသည် သူတို့အချင်းချင်းနှင့်ပတ်သက်၍ အဘယ့်‌ကြောင့် ‌ကောင်းမွန်‌သော ထင်မြင်ချက်ကို မထင်မြင်ခဲ့ကြသနည်း။ ထို့ပြင် အီမာန်ရှင်‌ယောက်ျား၊ မိန်းမများက ဤသည် ထင်ရှား‌သော လိမ်လည်စွပ်စွဲမှုပင်ဖြစ်သည်ဟု အဘယ့်‌ကြောင့် မ‌ပြောဆိုခဲ့ကြသနည်း။ لَّوۡلَا جَآءُو عَلَيۡهِ بِأَرۡبَعَةِ شُهَدَآءَۚ فَإِذۡ لَمۡ يَأۡتُواْ بِٱلشُّهَدَآءِ فَأُوْلَٰٓئِكَ عِندَ ٱللَّهِ هُمُ ٱلۡكَٰذِبُونَ ١٣ထိုလူတစ်စုသည် အဘယ့်‌ကြောင့် ထိုစွပ်စွဲမှုနှင့်ပတ်သက်၍ သက်‌သေ‌လေး‌ယောက်ကို မတင်ပြခဲ့ကြသနည်း။ ထို့ပြင် သူတို့သည် သက်‌သေမတင်ပြခဲ့ကြသည့်အတွက် သူတို့ပင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် လိမ်လည်သူများဖြစ်ကြသည်။ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ لَمَسَّكُمۡ فِي مَآ أَفَضۡتُمۡ فِيهِ عَذَابٌ عَظِيمٌ ١٤ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အရှင်မြတ်၏အသနား‌တော်သည် ဤဘဝနှင့် တမလွန်ဘဝတွင် မရှိခဲ့လျှင် အသင်တို့နစ်မွန်း‌နေခဲ့ကြ‌သော ကိစ္စနှင့်ပတ်သက်၍ အသင်တို့တွင် အလွန်ကြီး‌လေးသည့်အပြစ်ဒဏ်သည် အမှန်ပင် ကျ‌ရောက်ခဲ့ပြီးဖြစ်သည်။ إِذۡ تَلَقَّوۡنَهُۥ بِأَلۡسِنَتِكُمۡ وَتَقُولُونَ بِأَفۡوَاهِكُم مَّا لَيۡسَ لَكُم بِهِۦ عِلۡمٌ وَتَحۡسَبُونَهُۥ هَيِّنًا وَهُوَ عِندَ ٱللَّهِ عَظِيمٌ ١٥တစ်ခါက အသင်တို့သည် ထိုကိစ္စကို အသင်တို့၏နှုတ်လျှာများနှင့် လက်ခံ‌ပြောဆို‌နေခဲ့ကြသည်။ ထို့ပြင် အသင်တို့မသိသည့်အ‌ကြောင်းကို အသင်တို့ နှုတ်များနှင့် ‌ပြောဆို‌နေခဲ့ကြသည်။ ထို့ပြင် ထိုကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အလွန်ကြီး‌လေး‌သော ကိစ္စဖြစ်ပါလျက် အသင်တို့သည် ထိုကိစ္စကို ‌ပေါ့ဆစွာ သာမန်ကိစ္စဟု ထင်မှတ်‌နေကြသည်။ وَلَوۡلَآ إِذۡ سَمِعۡتُمُوهُ قُلۡتُم مَّا يَكُونُ لَنَآ أَن نَّتَكَلَّمَ بِهَٰذَا سُبۡحَٰنَكَ هَٰذَا بُهۡتَٰنٌ عَظِيمٌ ١٦ထို့ပြင် အသင်တို့သည် ထိုလိမ်လည်စွပ်စွဲမှုကို ကြားခဲ့ကြသည့်အခါ “အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ်တို့သည် ဤသည်ကို ‌ပြောဆိုကြရန် မသင့်ပါ။ ဤသည် ကြီးကျယ်‌သော မတရား‌ပြောဆိုချက်ပင် ဖြစ်ပါသည်“ဟု အဘယ့်‌ကြောင့် မ‌ပြောဆိုခဲ့ကြသနည်း။ يَعِظُكُمُ ٱللَّهُ أَن تَعُودُواْ لِمِثۡلِهِۦٓ أَبَدًا إِن كُنتُم مُّؤۡمِنِينَ ١٧အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အသင်တို့သည် ထိုသို့ အပြစ်မျိုးကို ‌နောက်ထပ်မည်သည့်အခါမှ မပြုကြရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမ‌တော်မူသည်။ وَيُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِۚ وَٱللَّهُ عَلِيمٌ حَكِيمٌ ١٨ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အမိန့်ပညတ်‌တော်များကို ရှင်းလင်းစွာ မိန့်ကြား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ يُحِبُّونَ أَن تَشِيعَ ٱلۡفَٰحِشَةُ فِي ٱلَّذِينَ ءَامَنُواْ لَهُمۡ عَذَابٌ أَلِيمٌ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ١٩အမှန်စင်စစ် အီမာန်ယုံကြည်သူများထဲတွင် ညစ်ညမ်းသည့်စကား ပျံ့ပွားသည်ကို နှစ်သက်သည့်သူများအတွက် ဤဘဝနှင့် တမလွန်ဘဝတွင် သူတို့အတွက် ပြင်းထန်‌သော ပြစ်ဒဏ်ရှိမည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သိရှိ‌တော်မူသည်၊ အသင်တို့ကမူ မသိနားမလည်ကြ‌ပေ။ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ رَءُوفٌ رَّحِيمٌ ٢٠ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အသနား‌တော် မရှိခဲ့လျှင် (အမှန်ပင် အသင်တို့အ‌ပေါ်တွင် ပြစ်ဒဏ်ကို ‌စောလျင်စွာ ကျ‌ရောက်‌စေ‌တော်မူခဲ့မည်ဖြစ်သည်)။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (သို့ဖြစ်ရာ အသင်တို့ကို ဝန်ချ‌တောင်းပန်နိုင်ရန် အ‌ခြေအ‌နေကို ဖန်တီး‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်။) ۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ وَمَن يَتَّبِعۡ خُطُوَٰتِ ٱلشَّيۡطَٰنِ فَإِنَّهُۥ يَأۡمُرُ بِٱلۡفَحۡشَآءِ وَٱلۡمُنكَرِۚ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ مَا زَكَىٰ مِنكُم مِّنۡ أَحَدٍ أَبَدًا وَلَٰكِنَّ ٱللَّهَ يُزَكِّي مَن يَشَآءُۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ٢١အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ရှိုင်သွာန်၏‌ခြေရာများ‌နောက်ကို မလိုက်ကြနှင့်။ ထို့ပြင် မည်သူမဆို ရှိုင်သွာန်၏‌ခြေရာများ‌နောက်ကို လိုက်ပါလျှင် အမှန်စင်စစ် ထိုရှိုင်သွာန်သည် ရှက်စရာကိစ္စနှင့် မ‌ကောင်းမှုကိုသာ လုပ်ရန် ညွှန်ကြားလိမ့်မည်။ ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အသနား‌တော်မရှိခဲ့လျှင် အသင်တို့ထဲတွင် မည်သူမျှ မည်သည့်အခါမှ (ဝန်ချ‌တောင်းပန်ပြီး) စင်ကြယ်ခဲ့ကြမည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို (ဝန်ချ‌တောင်းပန်ခွင့် ပြု‌တော်မူပြီး) စင်ကြယ်‌စေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَلَا يَأۡتَلِ أُوْلُواْ ٱلۡفَضۡلِ مِنكُمۡ وَٱلسَّعَةِ أَن يُؤۡتُوٓاْ أُوْلِي ٱلۡقُرۡبَىٰ وَٱلۡمَسَٰكِينَ وَٱلۡمُهَٰجِرِينَ فِي سَبِيلِ ٱللَّهِۖ وَلۡيَعۡفُواْ وَلۡيَصۡفَحُوٓاْۗ أَلَا تُحِبُّونَ أَن يَغۡفِرَ ٱللَّهُ لَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٢٢ထို့ပြင် အသင်တို့ထဲမှ ဂုဏ်သ‌ရေနှင့် ကြွယ်ဝချမ်းသာသည့်သူများသည် ‌ဆွေမျိုးသားချင်းများနှင့်၊ ဆင်းရဲသားများအပြင် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် (အိုးအိမ်စွန့်လွှတ်)‌ပြောင်း‌ရွှေ့လာခဲ့ကြ‌သော မုဟာဂျိရ်များအား ‌ပေးကမ်း‌တော့မည်မဟုတ်ဟူ၍ ကျိန်ဆိုခြင်း မပြုရ‌ပေ။ ထို့ပြင် သူတို့သည် (ထိုသူများအား)ခွင့်လွှတ်သင့်သည်။ ထို့ပြင် (သူတို့‌ခြေ‌ချော် မှားယွင်းမှုကို) လျစ်လျူရှုသင့်သည်။ အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်သည် အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူသည်ကို မနှစ်သက်ကြသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ٱلۡغَٰفِلَٰتِ ٱلۡمُؤۡمِنَٰتِ لُعِنُواْ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَلَهُمۡ عَذَابٌ عَظِيمٌ ٢٣အမှန်စင်စစ် ကာမဂုဏ်ကို ချုပ်တည်း‌သော၊ ရိုးသား‌ဖြောင့်မတ်၍၊ သတိမမူဘဲ ‌မေ့‌မေ့‌လျော့‌လျော့‌နေတတ်‌သော မုအ်မင်န်အမျိုးသမီးများကို စွပ်စွဲသူများသည် ဤဘဝတွင်သာမက တမလွန်ဘဝတွင်လည်း ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေခြင်းခံကြရမည်ဖြစ်သည်။ ထို့ပြင် သူတို့အတွက် ကြီး‌လေး‌သောပြစ်ဒဏ်လည်း ရှိမည်။ يَوۡمَ تَشۡهَدُ عَلَيۡهِمۡ أَلۡسِنَتُهُمۡ وَأَيۡدِيهِمۡ وَأَرۡجُلُهُم بِمَا كَانُواْ يَعۡمَلُونَ ٢٤ထို‌နေ့တွင် သူတို့၏နှုတ်လျှာများ၊ လက်များနှင့် ‌ခြေ‌ထောက်များသည် သူတို့နှင့်ဆန့်ကျင်ပြီး သူတို့ပြုကျင့်ခဲ့သည်များကို သက်‌သေခံကြမည်။ يَوۡمَئِذٍ يُوَفِّيهِمُ ٱللَّهُ دِينَهُمُ ٱلۡحَقَّ وَيَعۡلَمُونَ أَنَّ ٱللَّهَ هُوَ ٱلۡحَقُّ ٱلۡمُبِينُ ٢٥ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်‌သောအစားကို ပြည့်ဝစွာ‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင်၊ ထင်ရှား‌စေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို သိရှိကြလိမ့်မည်။ ٱلۡخَبِيثَٰتُ لِلۡخَبِيثِينَ وَٱلۡخَبِيثُونَ لِلۡخَبِيثَٰتِۖ وَٱلطَّيِّبَٰتُ لِلطَّيِّبِينَ وَٱلطَّيِّبُونَ لِلطَّيِّبَٰتِۚ أُوْلَٰٓئِكَ مُبَرَّءُونَ مِمَّا يَقُولُونَۖ لَهُم مَّغۡفِرَةٌ وَرِزۡقٌ كَرِيمٌ ٢٦မ‌ကောင်းသည့်မိန်းမများသည် မ‌ကောင်းသည့်‌ယောက်ျားများနှင့်သာ ထိုက်တန်ကြသည်။ ထို့ပြင် မ‌ကောင်းသည့်‌ယောက်ျားများသည်လည်း မ‌ကောင်းသည့်မိန်းမများနှင့်သာ ထိုက်တန်ကြသည်။ ထို့ပြင် ‌ကောင်းသည့်မိန်းမများသည် ‌ကောင်းသည့်‌ယောက်ျားများနှင့်သာ ထိုက်တန်ကြသည်။ ထို့ပြင် ‌ကောင်းသည့်‌ယောက်ျားများသည် ‌ကောင်းသည့်မိန်းမများနှင့် ထိုက်တန်ကြသည်။* ထိုသူ(‌ကောင်း‌သော‌ယောက်ျားနှင့် မိန်းမ)များသည် သူတို့၏‌ပြောဆို(စွပ်စွဲ)မှုများမှ ကင်းရှင်းသူများပင်ဖြစ်ကြသည်။ ထိုသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မွန်မြတ်‌သော စားနပ်ရိက္ခာရှိ‌ပေသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتًا غَيۡرَ بُيُوتِكُمۡ حَتَّىٰ تَسۡتَأۡنِسُواْ وَتُسَلِّمُواْ عَلَىٰٓ أَهۡلِهَاۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ لَعَلَّكُمۡ تَذَكَّرُونَ ٢٧အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အိမ်မှလွဲ၍ အခြားအိမ်များထဲသို့ (ထိုအိမ်များ၏) အိမ်သူအိမ်သားများထံမှ ခွင့်ပြုချက်ရယူပြီး အိမ်သူအိမ်သားများအ‌ပေါ် စလာမ်‌မေတ္တာပို့သခြင်း မပြုသမျှ ဝင်‌ရောက်ခြင်းမပြုကြနှင့်။* ဤသည် အသင်တို့အတွက် သတိပြုရန် အ‌ကောင်းဆုံးပင်ဖြစ်သည်။ فَإِن لَّمۡ تَجِدُواْ فِيهَآ أَحَدًا فَلَا تَدۡخُلُوهَا حَتَّىٰ يُؤۡذَنَ لَكُمۡۖ وَإِن قِيلَ لَكُمُ ٱرۡجِعُواْ فَٱرۡجِعُواْۖ هُوَ أَزۡكَىٰ لَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ عَلِيمٌ ٢٨ထို့‌နောက် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးမှ မ‌တွေ့ခဲ့ကြလျှင်၊ အသင်တို့သည် အသင်တို့အတွက် အခွင့်မရရှိသမျှ ထိုအိမ်များထဲသို့ မဝင်ကြနှင့်။ ထို့ပြင် အကယ်၍ အသင်တို့ကို ပြန်ကြရန် ‌ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြပါ။ ထိုအရာသည် အသင်တို့အတွက် အစင်ကြယ်ဆုံးဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ لَّيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَدۡخُلُواْ بُيُوتًا غَيۡرَ مَسۡكُونَةٍ فِيهَا مَتَٰعٌ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ مَا تُبۡدُونَ وَمَا تَكۡتُمُونَ ٢٩အသင်တို့သည် လူမ‌နေသည့် အကြင်အိမ်များတွင် ဝင်‌ရောက်ခဲ့လျှင် အသင်တို့တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထိုအိမ်များတွင် အသင်တို့အတွက် အကျိုးခံစား၍ရ(‌သော ပစ္စည်းတစ်စုံတစ်ရာ)ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှား‌စေသည့်ကိစ္စများနှင့် အသင်တို့ လျှို့ဝှက်ကြ‌သောကိစ္စများကို သိရှိ‌တော်မူသည်။ قُل لِّلۡمُؤۡمِنِينَ يَغُضُّواْ مِنۡ أَبۡصَٰرِهِمۡ وَيَحۡفَظُواْ فُرُوجَهُمۡۚ ذَٰلِكَ أَزۡكَىٰ لَهُمۡۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا يَصۡنَعُونَ ٣٠(အို- တမန်‌တော်)အသင်သည် အီမာန်ယုံကြည်သူများကို သူတို့၏မျက်စိများကို နှိမ့်ချထားရန်နှင့် သူတို့၏အရှက်အဂင်္ါများကို ထိန်းသိမ်းကြရန် ‌ပြောကြားပါ။ ဤသည် သူတို့အတွက် အစင်ကြယ်ဆုံးပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ وَقُل لِّلۡمُؤۡمِنَٰتِ يَغۡضُضۡنَ مِنۡ أَبۡصَٰرِهِنَّ وَيَحۡفَظۡنَ فُرُوجَهُنَّ وَلَا يُبۡدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنۡهَاۖ وَلۡيَضۡرِبۡنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّۖ وَلَا يُبۡدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوۡ ءَابَآئِهِنَّ أَوۡ ءَابَآءِ بُعُولَتِهِنَّ أَوۡ أَبۡنَآئِهِنَّ أَوۡ أَبۡنَآءِ بُعُولَتِهِنَّ أَوۡ إِخۡوَٰنِهِنَّ أَوۡ بَنِيٓ إِخۡوَٰنِهِنَّ أَوۡ بَنِيٓ أَخَوَٰتِهِنَّ أَوۡ نِسَآئِهِنَّ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُنَّ أَوِ ٱلتَّٰبِعِينَ غَيۡرِ أُوْلِي ٱلۡإِرۡبَةِ مِنَ ٱلرِّجَالِ أَوِ ٱلطِّفۡلِ ٱلَّذِينَ لَمۡ يَظۡهَرُواْ عَلَىٰ عَوۡرَٰتِ ٱلنِّسَآءِۖ وَلَا يَضۡرِبۡنَ بِأَرۡجُلِهِنَّ لِيُعۡلَمَ مَا يُخۡفِينَ مِن زِينَتِهِنَّۚ وَتُوبُوٓاْ إِلَى ٱللَّهِ جَمِيعًا أَيُّهَ ٱلۡمُؤۡمِنُونَ لَعَلَّكُمۡ تُفۡلِحُونَ ٣١ထို့ပြင် (အို- တမန်‌တော်)အသင်သည် အီမာန်ယုံကြည်သူအမျိုးသမီးများကို ‌ပြောလိုက်ပါ၊ သူမတို့သည် သူမတို့၏မျက်စိများကို ‌အောက်ကိုနှိမ့်ချ ထားကြရမည်။ ထို့ပြင် သူမတို့သည် သူမတို့၏အရှက်အဂင်္ါများကို (တရားမဝင် ကာမကျူးလွန်ခြင်းမှ)ထိန်းသိမ်းကြရမည်။ ထို့ပြင် သူမတို့သည် (မလွှဲမ‌ရှောင်သာ)‌ပေါ်‌သော သူမတို့၏အလှအပမှလွဲ၍* ကျန်အလှအပများကို မ‌ဖော်ကြရ‌ပေ။ ထို့ပြင် သူမတို့သည် သူမတို့၏အ‌ပေါ်ရုံ(ပဝါ)များကို သူမတို့၏ရင်ဘတ်များ‌ပေါ်သို့ ချထားကြရမည်။ ထို့ပြင် သူမတို့သည် သူမတို့၏အလှအပကို သူမတို့၏ လင်‌ယောက်ျားများ သို့မဟုတ် သူမတို့၏ဖခင်များ သို့မဟုတ် သူမတို့၏လင်‌ယောက်ျား၏ဖခင်များ သို့မဟုတ် သူမတို့၏သားများ သို့မဟုတ် သူမတို့၏လင်ပါသားများ သို့မဟုတ် သူမတို့၏အစ်ကိုများ သို့မဟုတ် သူမတို့၏အစ်ကို၊‌မောင်များ၏သားများ သို့မဟုတ် သူမတို့၏အစ်မ၊ညီမများ၏သားများ သို့မဟုတ် သူမတို့၏မိန်းမအချင်းချင်းများ သို့မဟုတ် သူမတို့၏လက်ယာလက်များက ပိုင်ဆိုင်သည့်ကျွန်များ သို့မဟုတ် ‌ယောက်ျားများထဲမှ (မိန်းမများကို) အလိုမရှိ‌သော (သူမတို့၏)လက်‌အောက်ခံ‌နောက်လိုက်များ သို့မဟုတ် မိန်းမများ၏အတွင်း‌ရေးလျှို့ဝှက်ချက်များကို မသိနားမလည်ကြ‌သေး‌သော က‌လေးသူငယ်များ (ထိုသူများ)၏‌ရှေ့မှလွဲ၍ အခြားမည်သူ့‌ရှေ့၌မှ မ‌ဖော်ကြရ‌ပေ။* ထို့ပြင် သူမတို့သည် သူမတို့လျှို့ဝှက်ထားကြ‌သော လက်ဝတ်တန်ဆာများကို (သူများ)သိရှိရန် သူမတို့၏‌ခြေများကို ‌ဆောင့်မနင်းကြရ‌ပေ။ ထို့ပြင် အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ ‌အောင်မြင်မှုရရှိရန်အတွက် အသင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၏‌ရှေ့‌တော်တွင် ဝန်ချ‌တောင်းပန်ကြပါ။ وَأَنكِحُواْ ٱلۡأَيَٰمَىٰ مِنكُمۡ وَٱلصَّٰلِحِينَ مِنۡ عِبَادِكُمۡ وَإِمَآئِكُمۡۚ إِن يَكُونُواْ فُقَرَآءَ يُغۡنِهِمُ ٱللَّهُ مِن فَضۡلِهِۦۗ وَٱللَّهُ وَٰسِعٌ عَلِيمٌ ٣٢ထို့ပြင် အသင်တို့သည် အသင်တို့ထဲမှ ဇနီးခင်ပွန်းမရှိ‌သော ‌ယောက်ျားမိန်းမများကိုလည်း‌ကောင်း* အသင်တို့၏ကျွန်၊ ကျွန်မများထဲမှ (ထိမ်းမြားရန်)အရည်အချင်းရှိ‌သော ကျွန်၊ ကျွန်မများ*ကိုလည်း‌ကောင်း ထိမ်းမြား‌ပေးကြပါ။ အကယ်၍ သူတို့သည် ဆင်းရဲသားများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ချမ်းသာ‌စေ‌တော်မူမည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلۡيَسۡتَعۡفِفِ ٱلَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغۡنِيَهُمُ ٱللَّهُ مِن فَضۡلِهِۦۗ وَٱلَّذِينَ يَبۡتَغُونَ ٱلۡكِتَٰبَ مِمَّا مَلَكَتۡ أَيۡمَٰنُكُمۡ فَكَاتِبُوهُمۡ إِنۡ عَلِمۡتُمۡ فِيهِمۡ خَيۡرًاۖ وَءَاتُوهُم مِّن مَّالِ ٱللَّهِ ٱلَّذِيٓ ءَاتَىٰكُمۡۚ وَلَا تُكۡرِهُواْ فَتَيَٰتِكُمۡ عَلَى ٱلۡبِغَآءِ إِنۡ أَرَدۡنَ تَحَصُّنًا لِّتَبۡتَغُواْ عَرَضَ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَمَن يُكۡرِههُّنَّ فَإِنَّ ٱللَّهَ مِنۢ بَعۡدِ إِكۡرَٰهِهِنَّ غَفُورٌ رَّحِيمٌ ٣٣ထို့ပြင် ထိမ်းမြားရန်(စရိတ်)မရှိကြသည့်သူများကမူ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ချမ်းသာ‌စေ‌တော်မူသည်အထိ (သူတို့၏)သိက္ခာကို ‌စောင့်ထိန်းကြရမည်။* ထို့ပြင် အသင်တို့၏ကျွန်များထဲမှ အကြင်သူများသည် (ကျွန်ဘဝမှ လွတ်‌မြောက်ရန်)ကတိစာချုပ် ချုပ်ဆိုလိုကြသည်။ အကယ်၍ အသင်တို့သည် သူတို့တွင် အ‌ကောင်းတစ်စုံတစ်ရာ ‌တွေ့ရှိခဲ့ကြလျှင် သူတို့နှင့် ကတိစာချုပ် ချုပ်ဆိုကြပါ။ ထို့ပြင် အသင်တို့သည် သူတို့အား အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ချီးမြှင့်ထား‌တော်မူ‌သော ပစ္စည်းများထဲမှ ‌ပေးကမ်းကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့၏ကျွန်မများကို သူမတို့သည် သူမတို့၏အရှက်သိက္ခာကို ထိန်းသိမ်းရန် လိုလားကြလျှင် အသင်တို့သည် ဤဘဝ၏ပစ္စည်းဥစ္စာရရှိရန်အတွက် (ထိုကျွန်မများကို) ပြည့်တန်ဆာလုပ်ငန်းပြုလုပ်ကြရန် အတင်းအကျပ် မခိုင်းကြနှင့်။ ထို့ပြင် မည်သူမဆို သူမတို့အား အတင်းအကျပ်‌စေခိုင်းခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ် ‌စေခိုင်းခံကြရပြီးသည့်‌နောက် (ထိုကျွန်မများအား) အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ ءَايَٰتٍ مُّبَيِّنَٰتٍ وَمَثَلًا مِّنَ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِكُمۡ وَمَوۡعِظَةً لِّلۡمُتَّقِينَ ٣٤ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှား‌သောအမိန့်‌တော်များနှင့် အသင်တို့မတိုင်မီက ‌ကျော်လွန်ခဲ့သည့်သူများ၏ အလားတူအ‌ကြောင်းများအပြင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သည့်သူများအတွက် ဆုံးမဩဝါဒကို ချ‌ပေး‌တော်မူခဲ့သည်။ ۞ ٱللَّهُ نُورُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ مَثَلُ نُورِهِۦ كَمِشۡكَوٰةٍ فِيهَا مِصۡبَاحٌۖ ٱلۡمِصۡبَاحُ فِي زُجَاجَةٍۖ ٱلزُّجَاجَةُ كَأَنَّهَا كَوۡكَبٌ دُرِّيٌّ يُوقَدُ مِن شَجَرَةٍ مُّبَٰرَكَةٍ زَيۡتُونَةٍ لَّا شَرۡقِيَّةٍ وَلَا غَرۡبِيَّةٍ يَكَادُ زَيۡتُهَا يُضِيٓءُ وَلَوۡ لَمۡ تَمۡسَسۡهُ نَارٌۚ نُّورٌ عَلَىٰ نُورٍۚ يَهۡدِي ٱللَّهُ لِنُورِهِۦ مَن يَشَآءُۚ وَيَضۡرِبُ ٱللَّهُ ٱلۡأَمۡثَٰلَ لِلنَّاسِۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٌ ٣٥အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ ‌ရောင်ခြည်‌တော်ဖြစ်‌တော်မူသည်။ (အားလုံးကို လမ်းမှန်‌ရောင်ခြည် ညွှန်ကြားပြသ‌တော်မူ‌သောအရှင်* ဖြစ်‌တော်မူသည်)။ အရှင်မြတ်၏‌ရောင်ခြည်၏သာဓကသည် နံရံထဲမှ အကြင်လိုဏ်ဂူနှင့်တူသည်။ ထိုလိုဏ်ဂူထဲတွင် ဆီမီးတစ်ခုရှိသည်။ ထိုဆီမီးသည် မှန်အိမ်တစ်ခုအတွင်းတွင်ရှိသည်။ ထိုမှန်အိမ်သည် လင်းဝင်း‌တောက်ပ‌သော ကြယ်တစ်လုံးကဲ့သို့ဖြစ်၍ ထိုဆီမီးကို မဂင်္လာရှိ‌သောသစ်ပင်က သံလွင်ဆီနှင့် ထွန်းထားသည်။ ထိုသစ်ပင်သည် အ‌ရှေ့ဘက်လည်းမကျ၊ အ‌နောက်ဘက်လည်းမကျဘဲ (‌နေ‌ရောင်ခြည် အမြဲရသည့်‌နေရာဖြစ်၍) ထိုသစ်ပင်၏အဆီသည် မီးနှင့်လုံးဝမထိ‌သေးဘဲနှင့်ပင် ထ‌တောက်လုမတတ် (ကြည်လင်‌တောက်ပမှု)ဖြစ်‌နေသည်။ ‌ရောင်ခြည်‌ပေါ်တွင် ‌ရောင်ခြည်ရှိ‌နေသည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်၏‌ရောင်ခြည်‌တော် (အမှန်တရား)ထံသို့ လမ်းညွှန်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ فِي بُيُوتٍ أَذِنَ ٱللَّهُ أَن تُرۡفَعَ وَيُذۡكَرَ فِيهَا ٱسۡمُهُۥ يُسَبِّحُ لَهُۥ فِيهَا بِٱلۡغُدُوِّ وَٱلۡأٓصَالِ ٣٦(ထိုမှန်အိမ်သည်) အကြင်အိမ်‌တော်များတွင်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်‌တော်များကို ‌လေးစားမှုမြှင့်တင်ရန်နှင့် ထိုအိမ်‌တော်များတွင် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို သတိရတသရန် အမိန့်‌ပေးထား‌တော်မူသည်။ ထိုအိမ်‌တော်များတွင် (အီမာန်ရှင်များသည်) နံနက်နှင့်ည‌နေများတွင် အရှင်မြတ် သန့်ရှင်း‌တော်မူ‌ကြောင်း ‌ပြောဆိုလျက်ရှိကြသည်။ رِجَالٌ لَّا تُلۡهِيهِمۡ تِجَٰرَةٌ وَلَا بَيۡعٌ عَن ذِكۡرِ ٱللَّهِ وَإِقَامِ ٱلصَّلَوٰةِ وَإِيتَآءِ ٱلزَّكَوٰةِ يَخَافُونَ يَوۡمًا تَتَقَلَّبُ فِيهِ ٱلۡقُلُوبُ وَٱلۡأَبۡصَٰرُ ٣٧(အကြင်)‌ယောက်ျားများ၊ ထို‌ယောက်ျားများအား မည်သည့်ကုန်သွယ်မှုနှင့် မည်သည့် ‌ရောင်းဝယ်‌ဖောက်ကားမှုကမှ အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်း၊ စွလာသ်ဝတ်ပြုမှုတည်‌ဆောက်ခြင်းနှင့် ဇကာသ်‌ပေး‌ဆောင်ခြင်းများမှ အာရုံ‌ပြောင်း‌စေခြင်းမရှိ‌ပေ။ ထို‌ယောက်ျားများသည် စိတ်နှလုံးများနှင့် မျက်စိများ ‌ဗြောင်းဆန်‌နေမည့်‌နေ့ကို ‌ကြောက်ရွံ့စိုးရိမ်လျက်ရှိကြသည်။ لِيَجۡزِيَهُمُ ٱللَّهُ أَحۡسَنَ مَا عَمِلُواْ وَيَزِيدَهُم مِّن فَضۡلِهِۦۗ وَٱللَّهُ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ ٣٨(ထိုသို့ ပြုလုပ်ရခြင်းမှာ) အလ္လာဟ်အရှင်မြတ်က သူတို့ပြုလုပ်ခဲ့ကြ‌သော ‌ကောင်းသည့်လုပ်ရပ်များနှင့် ပတ်သက်၍ အ‌ကောင်းဆုံးအကျိုးကို ‌ပေးသနား‌တော်မူရန်အတွက်သာမက အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့အား ပို့‌ပေးသနား‌တော်ရန်အတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အကန့်အသတ်မရှိ ‌ပေးသနား‌တော်မူသည်။ وَٱلَّذِينَ كَفَرُوٓاْ أَعۡمَٰلُهُمۡ كَسَرَابِۭ بِقِيعَةٍ يَحۡسَبُهُ ٱلظَّمۡـَٔانُ مَآءً حَتَّىٰٓ إِذَا جَآءَهُۥ لَمۡ يَجِدۡهُ شَيۡـًٔا وَوَجَدَ ٱللَّهَ عِندَهُۥ فَوَفَّىٰهُ حِسَابَهُۥۗ وَٱللَّهُ سَرِيعُ ٱلۡحِسَابِ ٣٩ထို့ပြင် ကာဖိရ်ငြင်းပယ်သူများကမူ သူတို့၏လုပ်ရပ်များသည် လွင်တီး‌ခေါင်ပြင်တွင်ရှိ‌နေ‌သောတံလျှပ် (‌နေအပူရှိန်‌ကြောင့် ‌မြေ‌ပေါ်တွင် ‌ရေပြင်ကဲ့သို့ တလှုပ်လှုပ်‌ပေါ်‌နေ‌သော အရိပ်အ‌ယောင်)ကဲ့သို့ဖြစ်သည့်အတွက် ‌ရေဆာသည့်သူသည် ထိုတံလျှပ်‌ပေါ်တွင် ‌ရေဟု ထင်မှတ်‌တော့သည်။ ထိုသူသည် ‌နောက်ဆုံးတွင် ထိုတံလျှပ်အနီးသို့‌ရောက်သည့်အခါ ထိုအရာကို မည်သည့်အရာမျှ မဟုတ်သည့်အဖြစ်နှင့် ‌တွေ့ခဲ့ရသည့်အပြင် ထိုအနီးတွင် အလ္လာဟ်အရှင်မြတ်ကိုသာ ‌တွေ့လိုက်ရ‌တော့သည်။ ထို့‌နောက် အရှင်မြတ်သည် သူ၏စာရင်းကို အပြည့်အဝရှင်း‌တော်မူခဲ့လိုက်သည်။ (သူ၏သက်တမ်းကို ကုန်ဆုံး‌စေ‌တော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စစ်‌ဆေး‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ أَوۡ كَظُلُمَٰتٍ فِي بَحۡرٍ لُّجِّيٍّ يَغۡشَىٰهُ مَوۡجٌ مِّن فَوۡقِهِۦ مَوۡجٌ مِّن فَوۡقِهِۦ سَحَابٌۚ ظُلُمَٰتُۢ بَعۡضُهَا فَوۡقَ بَعۡضٍ إِذَآ أَخۡرَجَ يَدَهُۥ لَمۡ يَكَدۡ يَرَىٰهَاۗ وَمَن لَّمۡ يَجۡعَلِ ٱللَّهُ لَهُۥ نُورًا فَمَا لَهُۥ مِن نُّورٍ ٤٠သို့မဟုတ်(ထိုကာဖိရ်များ၏ မ‌ကောင်းမှုများသည်) အကြင်နက်ရှိုင်း‌သော ပင်လယ်ထဲမှ အ‌မှောင်ထုများနှင့်တူသည်။ ထိုပင်လယ်အား လှိုင်းကမိုး‌နေသည်။ ထိုလှိုင်း‌ပေါ်တွင် အခြားလှိုင်းက ထပ်၍ လွှမ်းမိုးထားပြန်သည်။ ထိုလှိုင်းအထက်တွင် မိုးတိမ်များက ရှိပြန်သည်။ အ‌မှောင်‌ပေါ်တွင် အ‌မှောင်ထပ်‌နေသည့်အတွက် တစ်ဦးတစ်‌ယောက်သည် သူ၏လက်ကိုထုတ်(ကြည့်)လျှင် မြင်ရန်ပင် မနီးစပ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်က အကြင်သူ့အတွက် အလင်း‌ရောင်ပြုလုပ်‌ပေး‌တော်မမူဟုဆိုလျှင် ထိုသူသည် အနည်းငယ်မျှပင် အလင်း‌ရောင်ရမည် မဟုတ်‌တော့‌ပေ။ أَلَمۡ تَرَ أَنَّ ٱللَّهَ يُسَبِّحُ لَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱلطَّيۡرُ صَٰٓفَّٰتٍۖ كُلٌّ قَدۡ عَلِمَ صَلَاتَهُۥ وَتَسۡبِيحَهُۥۗ وَٱللَّهُ عَلِيمُۢ بِمَا يَفۡعَلُونَ ٤١အမှန်စင်စစ် မိုး‌ကောင်းကင်များတွင် ရှိ‌နေသူများ၊ ‌မြေပထဝီတွင် ရှိ‌နေသည့်သူများနှင့် အ‌တောင်ပံများဖြန့်(၍ ပျံဝဲ)‌နေကြသည့်ငှက်များသည်လည်း အလ္လာဟ်အရှင်မြတ် သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်း ‌ပြောဆို‌နေကြသည်ကို အသင် မသိမြင်ခဲ့သ‌လော။ သူတို့ကိုယ်စီသည် မိမိတို့၏ဆု‌တောင်းနည်းကိုသာမက သူတို့၏သတ်စ်ဗီဟ်(သန့်ပြန့်စင်ကြယ်‌ကြောင်းရွတ်ဆိုမှု) ပြုလုပ်နည်းကိုလည်း အမှန်စင်စစ် သိရှိပြီးဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်‌နေကြသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَإِلَى ٱللَّهِ ٱلۡمَصِيرُ ٤٢ထို့ပြင် မိုး‌ကောင်းကင်များတွင် စိုးမိုးအုပ်ချုပ်မှုနှင့် ‌မြေပထဝီတွင် စိုးမိုးအုပ်ချုပ်မှုကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ ထို့ပြင် ပြန်လည်ရာစခန်းသည်လည်း အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာ ဖြစ်သည်။ أَلَمۡ تَرَ أَنَّ ٱللَّهَ يُزۡجِي سَحَابًا ثُمَّ يُؤَلِّفُ بَيۡنَهُۥ ثُمَّ يَجۡعَلُهُۥ رُكَامًا فَتَرَى ٱلۡوَدۡقَ يَخۡرُجُ مِنۡ خِلَٰلِهِۦ وَيُنَزِّلُ مِنَ ٱلسَّمَآءِ مِن جِبَالٍ فِيهَا مِنۢ بَرَدٍ فَيُصِيبُ بِهِۦ مَن يَشَآءُ وَيَصۡرِفُهُۥ عَن مَّن يَشَآءُۖ يَكَادُ سَنَا بَرۡقِهِۦ يَذۡهَبُ بِٱلۡأَبۡصَٰرِ ٤٣အသင်သည် မသိမမြင်ခဲ့‌လေသ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း‌မောင်းနှင်‌တော်မူသည်။ ထို့‌နောက် ထိုမိုးတိမ်များကို အချင်းချင်း ‌ပေါင်းစပ်‌စေ‌တော်မူသည်။ ထို့‌နောက် သူတို့အား အထပ်ထပ်ဖြစ်‌စေ‌တော်မူသည်။ ထိုအခါ အသင်သည် ထိုမိုးတိမ်များကြားမှ မိုး‌ပေါက်များ ထွက်ကျလာသည်ကို ‌တွေ့မြင်ရသည်။* ထို့ပြင် အရှင်မြတ်သည် (ကြီးကျယ်မှုတွင် ‌တောင်ကြီးများကဲ့သို့) ထိုမိုးတိမ်၏အစိုင်အခဲကြီးများမှ မိုးသီးများကို ကျ‌စေ‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ထိုမိုးသီးများနှင့် အရှင်မြတ်အလိုရှိသည့်သူများကို ထိခိုက်‌စေ‌တော်မူပြီး အရှင်မြတ်အလိုရှိသည့်သူများမှ ထိုမိုးသီးများကို ဖယ်ရှား‌တော်မူသည်။ ထိုမိုးတိမ်၏ လျှပ်စီးလက်ခြင်းသည် မျက်စိအလင်းကို သိမ်းယူသွားမည့်ဆဲဆဲဖြစ်သည်။ يُقَلِّبُ ٱللَّهُ ٱلَّيۡلَ وَٱلنَّهَارَۚ إِنَّ فِي ذَٰلِكَ لَعِبۡرَةً لِّأُوْلِي ٱلۡأَبۡصَٰرِ ٤٤အလ္လာဟ်အရှင်မြတ်သည် ညနှင့်‌နေ့ကို (တစ်လှည့်စီ)‌ပြောင်းလဲ‌စေ‌တော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင်(မြင်တတ်သည့်)မျက်စိရှိသည့်သူများအတွက် သင်ခန်းစာ အမှန်ပင်ရှိသည်။ وَٱللَّهُ خَلَقَ كُلَّ دَآبَّةٍ مِّن مَّآءٍۖ فَمِنۡهُم مَّن يَمۡشِي عَلَىٰ بَطۡنِهِۦ وَمِنۡهُم مَّن يَمۡشِي عَلَىٰ رِجۡلَيۡنِ وَمِنۡهُم مَّن يَمۡشِي عَلَىٰٓ أَرۡبَعٍۚ يَخۡلُقُ ٱللَّهُ مَا يَشَآءُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٤٥ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (‌မြေ‌ပေါ်တွင်)သွားလာလှုပ်ရှား‌နေ‌သော သတ္တဝါတိုင်းကို ‌ရေနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ထိုသတ္တဝါများထဲတွင် သူ၏ဝမ်းဗိုက်နှင့်သူ တွားသွား‌သောသတ္တဝါမျိုးလည်း ရှိသည်။ ထို့ပြင် ထိုအထဲတွင် ‌ခြေနှစ်‌ချောင်းနှင့် သွားသည့်သတ္တဝါမျိုးလည်း ရှိသည်။ ထို့ပြင် ထိုအထဲတွင် ‌ခြေ‌လေး‌ချောင်းနှင့် သွားသည့်သတ္တဝါမျိုးလည်း ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖန်ဆင်း‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ لَّقَدۡ أَنزَلۡنَآ ءَايَٰتٍ مُّبَيِّنَٰتٍۚ وَٱللَّهُ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٤٦အမှန်စင်စစ် ငါအရှင်မြတ်သည် ထင်ရှား‌သော သက်‌သေသာဓကများကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ညွှန်ကြားပြသ‌တော်မူသည်။ وَيَقُولُونَ ءَامَنَّا بِٱللَّهِ وَبِٱلرَّسُولِ وَأَطَعۡنَا ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنۡهُم مِّنۢ بَعۡدِ ذَٰلِكَۚ وَمَآ أُوْلَٰٓئِكَ بِٱلۡمُؤۡمِنِينَ ٤٧ထို့ပြင် ထို(အ‌ယောင်‌ဆောင်များက) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်မြတ်ကို ယုံကြည်ကြပြီဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် (အမိန့်‌တော်များကိုလည်း) နာခံကြပါပြီဟု ‌ပြောဆိုကြသည်။ ထို့ပြင် သူတို့ထဲမှ လူတစ်စုသည် ထို(ကဲ့သို့ ‌ပြောဆိုပြီး)‌နောက် သူတို့သည် အီမာန်ယုံကြည်သူများ မဖြစ်ကြဘဲလျက်* ‌သွေဖည်ကြသည်။ وَإِذَا دُعُوٓاْ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحۡكُمَ بَيۡنَهُمۡ إِذَا فَرِيقٌ مِّنۡهُم مُّعۡرِضُونَ ٤٨ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံသို့ တမန်‌တော်က သူတို့ကြားတွင် စီရင်ဆုံးဖြတ်‌ပေးရန် အ‌ခေါ်ခံကြရသည့်အခါ သူတို့ထဲမှ လူတစ်စုသည် ချက်ချင်းပင် ‌ရှောင်တိမ်းသွားကြသည်။ وَإِن يَكُن لَّهُمُ ٱلۡحَقُّ يَأۡتُوٓاْ إِلَيۡهِ مُذۡعِنِينَ ٤٩ထို့ပြင် အကယ်၍ သူတို့တွင် အခွင့်အ‌ရေးရှိလျှင် သူတို့သည် တမန်‌တော်ထံသို့ ကျိုးနွံစွာဖြင့် ‌ရောက်လာကြသည်။ أَفِي قُلُوبِهِم مَّرَضٌ أَمِ ٱرۡتَابُوٓاْ أَمۡ يَخَافُونَ أَن يَحِيفَ ٱللَّهُ عَلَيۡهِمۡ وَرَسُولُهُۥۚ بَلۡ أُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ٥٠သူတို့၏စိတ်နှလုံးများထဲတွင် ‌ရောဂါရှိ‌နေသ‌လော၊ သို့မဟုတ် သူတို့သည် သံသယဖြစ်‌နေကြသ‌လော၊ သို့မဟုတ် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်မြတ်သည် သူတို့အ‌ပေါ်တွင် မတရားပြုလုပ်‌တော်မူမည်ကို စိုးရိမ်‌နေကြသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့ကိုယ်တိုင်ကပင် မတရားပြုလုပ်သည့်သူများဖြစ်ကြသည်။ إِنَّمَا كَانَ قَوۡلَ ٱلۡمُؤۡمِنِينَ إِذَا دُعُوٓاْ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحۡكُمَ بَيۡنَهُمۡ أَن يَقُولُواْ سَمِعۡنَا وَأَطَعۡنَاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٥١အီမာန်ယုံကြည်သည့်သူများ၏စကားကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်ထံသို့ တမန်‌တော်မြတ်သည် သူတို့အကြားတွင် စီရင်ဆုံးဖြတ်‌ပေးရန် အ‌ခေါ်ခံကြရသည့်အခါ သူတို့က ကျွန်ုပ်တို့သည် ကြားနာကြ၍ လိုက်နာကြပြီဖြစ်ပါသည်ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ထိုသူများပင် ‌အောင်မြင်မှုရရှိသူများဖြစ်ကြသည်။ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ وَيَخۡشَ ٱللَّهَ وَيَتَّقۡهِ فَأُوْلَٰٓئِكَ هُمُ ٱلۡفَآئِزُونَ ٥٢ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင့်တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာလျှင်၊ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်ကိုလည်း ‌ကြောက်ရွံ့ပြီး အရှင်မြတ်(၏ အမိန့်ဖီဆန်ခြင်း)မှ ‌ရှောင်ကြဉ်လျှင် ထိုသူများပင် ‌အောင်မြင်သည့်သူများဖြစ်ကြသည်။ ۞ وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِنۡ أَمَرۡتَهُمۡ لَيَخۡرُجُنَّۖ قُل لَّا تُقۡسِمُواْۖ طَاعَةٌ مَّعۡرُوفَةٌۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ ٥٣ထို့ပြင် သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) သူတို့၏ အစွမ်းကုန်တိုင်တည်မှုဖြင့် အကယ်၍ သူတို့အား အမိန့်‌ပေးခဲ့လျှင် အမှန်စင်စစ် သူတို့သည် (အိုးအိမ်များစွန့်ပြီး စစ်တိုက်)ထွက်ကြပါမည်ဟု ကျိန်တွယ်‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် မကျိန်တွယ်ကြနှင့်။ (အသင်တို့၏)အမိန့်နာခံမှုသည် ထင်ရှားပြီးဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်‌နေသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قُلۡ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡهِ مَا حُمِّلَ وَعَلَيۡكُم مَّا حُمِّلۡتُمۡۖ وَإِن تُطِيعُوهُ تَهۡتَدُواْۚ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ٥٤(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် တမန်‌တော်၏အမိန့်‌တော်များကိုလည်း လိုက်နာကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် ‌ရှောင်တိမ်းသွားခဲ့ကြလျှင် တမန်‌တော်၏အ‌ပေါ်တွင် ၎င်းတာဝန်‌ပေးခြင်းခံခဲ့ရသည်မျှ (ပို့ချရမည့် တာဝန်)သာရှိသည်။ ထို့ပြင် အသင်တို့အ‌ပေါ်တွင်လည်း အသင်တို့ တာဝန်‌ပေးခြင်းခံခဲ့ရသည်မျှ (လိုက်နာရန်)သာရှိသည်။* ထို့ပြင် အကယ်၍ အသင်တို့သည် တမန်‌တော်(၏ အမိန့်‌တော်များ)ကို လိုက်နာကြလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြမည်ဖြစ်သည်။ ထို့ပြင် တမန်‌တော်အ‌ပေါ်တွင် ထင်ရှားပြတ်သားစွာ ပို့ချ‌ပေးခြင်းမှလွဲ၍ အခြား မည်သည့်တာဝန်မှ မရှိ‌ပေ။ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ مِنكُمۡ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَيَسۡتَخۡلِفَنَّهُمۡ فِي ٱلۡأَرۡضِ كَمَا ٱسۡتَخۡلَفَ ٱلَّذِينَ مِن قَبۡلِهِمۡ وَلَيُمَكِّنَنَّ لَهُمۡ دِينَهُمُ ٱلَّذِي ٱرۡتَضَىٰ لَهُمۡ وَلَيُبَدِّلَنَّهُم مِّنۢ بَعۡدِ خَوۡفِهِمۡ أَمۡنًاۚ يَعۡبُدُونَنِي لَا يُشۡرِكُونَ بِي شَيۡـًٔاۚ وَمَن كَفَرَ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٥٥အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များ ပြုလုပ်ကြသည့်သူများအား ကတိ‌ပေး‌တော်မူသည်- အရှင်မြတ်သည် သူတို့မတိုင်မီကရှိခဲ့သည့်သူများအား (ကမာ္ဘ‌မြေတွင်)အုပ်ချုပ်‌စေ‌တော်မူသကဲ့သို့ပင် သူတို့အားလည်း အမှန်စင်စစ် အုပ်ချုပ်‌စေ‌တော်မူမည်။ ထို့ပြင် သူတို့အတွက် အရှင်မြတ်နှစ်သက်‌တော်မူ‌သော (အစ္စလာမ်)သာသနာ‌တော်ကို သူတို့အကျိုးအတွက် အမှန်ပင် မြဲမြံခိုင်ခံ့‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏‌ကြောက်ရွံ့စိုးရိမ်မှု‌နောက်တွင် ငြိမ်းချမ်းမှုကို အမှန်စင်စစ် ‌ပြောင်းလဲ‌ပေး‌တော်မူမည်။* (အကယ်၍)သူတို့သည် ငါအရှင်မြတ်နှင့် မည်သူ့ကိုမျှ လုံးဝ တွဲဖက်ကိုးကွယ်ခြင်း မပြုဘဲ ငါအရှင်မြတ်ကိုသာ ကိုးကွယ်‌နေကြလျှင်၊ ထို့ပြင် မည်သူမဆို ထို့‌နောက်တွင် ‌ကျေးဇူးကန်းခဲ့လျှင် ထိုသူများပင် အမိန့်‌တော်ကို ဖီဆန်သည့်သူများဖြစ်ကြသည်။ وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ ٥٦ထို့ပြင် အသင်တို့သည် ကရုဏာပြုခြင်းကို ခံကြရရန်အတွက် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် ဇကာသ်‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် တမန်‌တော်၏အမိန့်ကို လိုက်နာကြပါ။ لَا تَحۡسَبَنَّ ٱلَّذِينَ كَفَرُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِۚ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَلَبِئۡسَ ٱلۡمَصِيرُ ٥٧ကာဖိရ်များသည် (ငါအရှင်မြတ်အား) ကမာ္ဘ‌မြေတွင် မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်ကြလိမ့်မည်ဟု လုံးဝ အသင်မထင်မှတ်လိုက်‌လေနှင့်။ ထို့ပြင် သူတို့၏ခိုလှုံရာ‌နေရာသည် ငရဲမီးပင်ဖြစ်သည်။ ထို့ပြင် ထိုငရဲမီးသည် အဘယ်မျှဆိုးရွားလိုက်‌သောစခန်း အမှန်ဖြစ်လိုက်သနည်း။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لِيَسۡتَـٔۡذِنكُمُ ٱلَّذِينَ مَلَكَتۡ أَيۡمَٰنُكُمۡ وَٱلَّذِينَ لَمۡ يَبۡلُغُواْ ٱلۡحُلُمَ مِنكُمۡ ثَلَٰثَ مَرَّٰتٍۚ مِّن قَبۡلِ صَلَوٰةِ ٱلۡفَجۡرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ ٱلظَّهِيرَةِ وَمِنۢ بَعۡدِ صَلَوٰةِ ٱلۡعِشَآءِۚ ثَلَٰثُ عَوۡرَٰتٍ لَّكُمۡۚ لَيۡسَ عَلَيۡكُمۡ وَلَا عَلَيۡهِمۡ جُنَاحُۢ بَعۡدَهُنَّۚ طَوَّٰفُونَ عَلَيۡكُم بَعۡضُكُمۡ عَلَىٰ بَعۡضٍۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٥٨အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့၏ကျွန်၊ ကျွန်မများနှင့် အသင်တို့ထဲမှ အရွယ်မ‌ရောက်ကြ‌သေး‌သော ‌ယောက်ျား‌လေးများကို (အသင်တို့အိမ်ထဲတွင် ဝင်ထွက်သွားလာရန်) အချိန်သုံးချိန်တွင် ဝင်ခွင့်‌တောင်းကြရမည်ဖြစ်သည်။ ဖဂျရ်စွလာသ်မတိုင်မီ(တစ်ချိန်)၊ အသင်တို့သည် အသင်တို့၏အဝတ်အစားများကို ချွတ်၍ထား‌လေ့ရှိကြ‌သော ‌နေ့လယ်အချိန်တွင် (တစ်ချိန်)နှင့် အိရှာစွလာသ်အပြီးတွင်(တစ်ချိန်၊ ဤ)သုံးချိန်သည် အသင်တို့၏ ဖုံးအုပ်ရမည့်အစိတ်အပိုင်းများ လစ်လပ်(‌ကောင်းလစ်လပ်)‌နေမည့်အချိန်များဖြစ်ကြသည်။* ထိုအချိန်များမှလွဲလျင် (ခွင့်မ‌တောင်းဘဲ ဝင်ထွက်သွားလာခြင်းသည်) အသင်တို့အ‌ပေါ်နှင့် သူတို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ သူတို့သည် အသင်တို့ထံသို့ မကြာခဏ ဝင်ထွက်သွားလာသူများပင်ဖြစ်ကြသည်။ အသင်တို့ထဲမှ တစ်ဦးသည် တစ်ဦးထံသို့ (မကြာခဏ သွားလာ‌နေရခြင်းပင်ဖြစ်သည်)။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်များကို အသင်တို့အတွက် ရှင်းလင်းပြသ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِذَا بَلَغَ ٱلۡأَطۡفَٰلُ مِنكُمُ ٱلۡحُلُمَ فَلۡيَسۡتَـٔۡذِنُواْ كَمَا ٱسۡتَـٔۡذَنَ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٥٩ထို့ပြင် အသင်တို့ထဲမှ ‌ယောက်ျား‌လေးများသည် အရွယ်‌ရောက်လာခဲ့လျှင်၊ သူတို့သည်လည်း သူတို့အလျင် ခွင့်‌တောင်းခဲ့ကြသည့်သူများကဲ့သို့ ခွင့်‌တောင်းကြရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် အရှင်မြတ်၏အမိန့်ပညတ်များကို အသင်တို့အတွက် ရှင်းလင်းပြသ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَٱلۡقَوَٰعِدُ مِنَ ٱلنِّسَآءِ ٱلَّٰتِي لَا يَرۡجُونَ نِكَاحًا فَلَيۡسَ عَلَيۡهِنَّ جُنَاحٌ أَن يَضَعۡنَ ثِيَابَهُنَّ غَيۡرَ مُتَبَرِّجَٰتِۭ بِزِينَةٍۖ وَأَن يَسۡتَعۡفِفۡنَ خَيۡرٌ لَّهُنَّۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ٦٠ထို့ပြင် ထိမ်းမြားရန် ‌မျှော်လင့်ဖွယ်ရာမရှိ‌သော အဖွားအိုများသည် လှပမှုကို ‌ဖော်ပြခြင်းမဟုတ်ဘဲ သူမတို့၏(အပို)အဝတ်များကို ချွတ်ထားသည့်အတွက် သူမတို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ သို့ရာတွင် သူမတို့လည်း (ထိုသို့ အပို အဝတ်များ ချွတ်ခြင်းမှ) ‌ရှောင်ကြဉ်ကြလျှင် သူမတို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّيۡسَ عَلَى ٱلۡأَعۡمَىٰ حَرَجٌ وَلَا عَلَى ٱلۡأَعۡرَجِ حَرَجٌ وَلَا عَلَى ٱلۡمَرِيضِ حَرَجٌ وَلَا عَلَىٰٓ أَنفُسِكُمۡ أَن تَأۡكُلُواْ مِنۢ بُيُوتِكُمۡ أَوۡ بُيُوتِ ءَابَآئِكُمۡ أَوۡ بُيُوتِ أُمَّهَٰتِكُمۡ أَوۡ بُيُوتِ إِخۡوَٰنِكُمۡ أَوۡ بُيُوتِ أَخَوَٰتِكُمۡ أَوۡ بُيُوتِ أَعۡمَٰمِكُمۡ أَوۡ بُيُوتِ عَمَّٰتِكُمۡ أَوۡ بُيُوتِ أَخۡوَٰلِكُمۡ أَوۡ بُيُوتِ خَٰلَٰتِكُمۡ أَوۡ مَا مَلَكۡتُم مَّفَاتِحَهُۥٓ أَوۡ صَدِيقِكُمۡۚ لَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَأۡكُلُواْ جَمِيعًا أَوۡ أَشۡتَاتًاۚ فَإِذَا دَخَلۡتُم بُيُوتًا فَسَلِّمُواْ عَلَىٰٓ أَنفُسِكُمۡ تَحِيَّةً مِّنۡ عِندِ ٱللَّهِ مُبَٰرَكَةً طَيِّبَةًۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَعۡقِلُونَ ٦١မျက်ကန်းများအ‌ပေါ်တွင် မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ ထို့ပြင် ‌ခြေမသန်စွမ်းသူအ‌ပေါ်တွင်လည်း မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ ထို့ပြင် မကျန်းမာသူအ‌ပေါ်တွင်လည်း မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ ထို့ပြင် အသင်တို့ကိုယ်တိုင်အ‌ပေါ်တွင်လည်း မည်သည့်အရာမျှ တားမြစ်မထား‌ပေ။* အသင်တို့သည် အသင်တို့၏အိမ်များ၊ အသင်တို့၏ဖခင်များ၏အိမ်များ၊ အသင်တို့၏မိခင်များ၏အိမ်များ၊ အသင်တို့၏ညီ၊အစ်ကိုများ၏အိမ်များ၊ အသင်တို့၏အစ်မ၊နှမများ၏အိမ်များ၊ အသင်တို့၏ဘကြီး၊ဘ‌ထွေးများ၏အိမ်များ၊ အသင်တို့၏အရီးကြီး၊အရီး‌လေးများ၏အိမ်များ၊ အသင်တို့၏ဦးကြီး၊ဦး‌လေးများ၏အိမ်များ၊ အသင်တို့၏အ‌ဒေါ်ကြီး၊အ‌ဒေါ်‌လေးများ၏အိမ်များ၊ အသင်တို့‌သော့ထိန်းကြရသည့်အိမ်များ၊ အသင်တို့၏မိတ်‌ဆွေများ၏အိမ်များ (ထိုအိမ်များ)မှ အသင်တို့၏စားသုံးခြင်းကို မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ အသင်တို့သည် ‌ရော‌နှောစု‌ပေါင်းပြီး စားသုံးသည်ဖြစ်‌စေ၊ တခြားစီစားသုံးသည်ဖြစ်‌စေ အသင်တို့အ‌ပေါ်တွင် မည်သည့်အရာမျှ အပြစ်မရှိ‌ပေ။ ထို့ပြင် အသင်တို့သည် အိမ်များသို့ဝင်‌ရောက်သည့်အခါ အသင်တို့ကိုယ်များ(အချင်းချင်း)အ‌ပေါ်တွင် စလာမ်‌မေတ္တာပို့သကြပါ။* (ထိုစလာမ်သည်)‌ကောင်းမြတ်‌သောဒုအာအဖြစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ သတ်မှတ်ထားသည်။ (အကျိုးဆဝါးဗ်ရရှိမည်ဖြစ်သည့်အတွက်) ဗရကသ်မဂင်္လာလည်းရှိသည်။ (‌ရှေ့၌ရှိသူ၏စိတ်ကို ‌ပျော်ရွှင်မှုဖြစ်‌စေသည့်အတွက်) ‌ကောင်းမွန်သည့်အရာလည်းဖြစ်သည်။ ဤသို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အတွက် အမိန့်ပညတ်ချက်များကို ရှင်းလင်းပြသ မိန့်ကြား‌တော်မူသည်။ إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرَسُولِهِۦ وَإِذَا كَانُواْ مَعَهُۥ عَلَىٰٓ أَمۡرٍ جَامِعٍ لَّمۡ يَذۡهَبُواْ حَتَّىٰ يَسۡتَـٔۡذِنُوهُۚ إِنَّ ٱلَّذِينَ يَسۡتَـٔۡذِنُونَكَ أُوْلَٰٓئِكَ ٱلَّذِينَ يُؤۡمِنُونَ بِٱللَّهِ وَرَسُولِهِۦۚ فَإِذَا ٱسۡتَـٔۡذَنُوكَ لِبَعۡضِ شَأۡنِهِمۡ فَأۡذَن لِّمَن شِئۡتَ مِنۡهُمۡ وَٱسۡتَغۡفِرۡ لَهُمُ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٦٢အကြင်သူတို့ပင် အီမာန်ယုံကြည်သူများဖြစ်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ယုံကြည်ခဲ့ကြသည့်အပြင် စု‌ပေါင်းပြုလုပ်‌သောကိစ္စတွင် တမန်‌တော်မြတ်နှင့်အတူရှိကြသည့်အခါ၊ တမန်‌တော်ထံတွင် ခွင့်မ‌တောင်းသမျှ ထွက်မသွားကြ‌ပေ။* အမှန်စင်စစ်အသင်၏ထံတွင် ခွင့်‌တောင်းသည့်သူများပင် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်ကို ယုံကြည်ကြသည်။ သို့ဖြစ်ရာ သူတို့သည် အသင်၏ထံတွင် သူတို့၏ကိစ္စတစ်စုံတစ်ခုအတွက် ခွင့်‌တောင်းခဲ့လျှင် အသင်သည် သူတို့ထဲမှ အသင်အလိုရှိသူကို ခွင့်ပြုုလိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားပါ။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّا تَجۡعَلُواْ دُعَآءَ ٱلرَّسُولِ بَيۡنَكُمۡ كَدُعَآءِ بَعۡضِكُم بَعۡضًاۚ قَدۡ يَعۡلَمُ ٱللَّهُ ٱلَّذِينَ يَتَسَلَّلُونَ مِنكُمۡ لِوَاذًاۚ فَلۡيَحۡذَرِ ٱلَّذِينَ يُخَالِفُونَ عَنۡ أَمۡرِهِۦٓ أَن تُصِيبَهُمۡ فِتۡنَةٌ أَوۡ يُصِيبَهُمۡ عَذَابٌ أَلِيمٌ ٦٣အသင်တို့သည် တမန်‌တော်မြတ်၏‌ခေါ်ခြင်းကို အသင်တို့အချင်းချင်း တစ်ဦးက တစ်ဦးကို‌ခေါ်သကဲ့သို့ မပြုလုပ်ကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ ကွယ်ဝှက်ပြီး တိတ်ဆိတ်စွာ ခိုးထွက်သွားကြသူများကို သိရှိ‌တော်မူသည်။ သို့ဖြစ်ရာ တမန်‌တော်မြတ်၏အမိန့်ကို ‌ရှောင်တိမ်းသူများသည် သူတို့အ‌ပေါ်တွင် ဒုက္ခတစ်စုံတစ်ခုကျ‌ရောက်မည် သို့မဟုတ် သူတို့အ‌ပေါ်နာကျင်‌စေ‌သော ပြစ်ဒဏ်တစ်စုံတစ်ခုကျ‌ရောက်မည်ကို စိုးရိမ်‌နေကြရမည်ဖြစ်သည်။ أَلَآ إِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قَدۡ يَعۡلَمُ مَآ أَنتُمۡ عَلَيۡهِ وَيَوۡمَ يُرۡجَعُونَ إِلَيۡهِ فَيُنَبِّئُهُم بِمَا عَمِلُواْۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمُۢ ٦٤သတိပြုကြပါ၊ အမှန်စင်စစ် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်သည့်အရာများပင်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့၏ လက်ရှိအ‌ခြေအ‌နေကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ထံ‌တော်သို့ သူတို့ပြန်‌ရောက်ကြရမည့်‌နေ့ကိုလည်း သိ‌တော်မူသည်။ (ထို‌နေ့တွင်) အရှင်မြတ်သည် သူတို့အား သူတို့ပြုလုပ်ခဲ့သမျှကို ထုတ်‌ဖော်အသိ‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.