السورة بالعربية مع التفسير
استمع إلى سورة الشرح (1,296 قارئاً)
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
أَلَمۡ نَشۡرَحۡ لَكَ صَدۡرَكَ ١ငါအရှင်မြတ်သည် အသင်(တမန်တော်)၏ ရင်ကို ဖွင့်ပေးတော်မူခဲ့သည်မဟုတ်လော။###၁ وَوَضَعۡنَا عَنكَ وِزۡرَكَ ٢ထို့ပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်မှအသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည်(မဟုတ်လော)။ ٱلَّذِيٓ أَنقَضَ ظَهۡرَكَ ٣ထိုဝန်ထုပ်သည် အသင်၏ကျော(ခါး)ကို ချိုးထားခဲ့သည်။###၂ وَرَفَعۡنَا لَكَ ذِكۡرَكَ ٤ထို့ပြင် ငါအရှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည်(မဟုတ်လော)။ فَإِنَّ مَعَ ٱلۡعُسۡرِ يُسۡرًا ٥ထို့နောက် အမှန်စင်စစ် ခက်ခဲမှုနှင့်အတူ လွယ်ကူမှုရှိသည်။ إِنَّ مَعَ ٱلۡعُسۡرِ يُسۡرًا ٦အမှန်စင်စစ် ခက်ခဲမှုနှင့်အတူ လွယ်ကူမှုရှိသည်။ فَإِذَا فَرَغۡتَ فَٱنصَبۡ ٧သို့ဖြစ်ရာ အသင်သည် အားလပ်သည့်အခါ (ဝတ်ပြုမှုတွင်) ကြိုးပမ်းအားထုတ်ပါ။ وَإِلَىٰ رَبِّكَ فَٱرۡغَب ٨ထို့ပြင်အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ဘက်သို့ (စိတ်ပါလက်ပါ)လှည့်ထားပါ။###၃
الترجمة: Hashim Tin Myint.