بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
صٓۚ وَٱلۡقُرۡءَانِ ذِي ٱلذِّكۡرِ ١စွာဒ်။ (ငါအရှင်မြတ်သည်) ဆုံးမဩဝါဒပြည့်နေသော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူသည်။ بَلِ ٱلَّذِينَ كَفَرُواْ فِي عِزَّةٍ وَشِقَاقٍ ٢အမှန်စင်စစ် ကာဖိရ်များသည် မာနထောင်လွှားအယူသည်းမှုနှင့် ဆန့်ကျင်ဖီလာ ပြုလုပ်နေမှုများတွင် ရှိနေကြသည်။ كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٍ فَنَادَواْ وَّلَاتَ حِينَ مَنَاصٍ ٣ငါအရှင်မြတ်သည် သူတို့မတိုင်မီ လူမျိုးဆက် အမြောက်အမြားကို ဖျက်ဆီးတော်မူခဲ့သည်။ သူတို့သည် ဟစ်အော်မြည်တမ်းခဲ့ကြသည်။ ထို့ပြင် ထိုအချိန်သည် ထွက်ပြေးလွတ်မြောက်မည့်အချိန် မဟုတ်တော့ပေ။ وَعَجِبُوٓاْ أَن جَآءَهُم مُّنذِرٌ مِّنۡهُمۡۖ وَقَالَ ٱلۡكَٰفِرُونَ هَٰذَا سَٰحِرٌ كَذَّابٌ ٤ထို့ပြင် သူတို့သည် သူတို့ထဲမှ သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိခဲ့သည်ကို ပြောဆိုခဲ့ကြသည်။ أَجَعَلَ ٱلۡأٓلِهَةَ إِلَٰهًا وَٰحِدًاۖ إِنَّ هَٰذَا لَشَيۡءٌ عُجَابٌ ٥၎င်းသည် ကိုးကွယ်ရာ အမြောက်အမြားကို ကိုးကွယ်ရာတစ်ပါးတည်း ပြုလုပ်လိုက်သလော။ အမှန်စင်စစ် ဤသည် အလွန် အံ့ဩဖွယ်ရာတစ်ခုဖြစ်သည်။ وَٱنطَلَقَ ٱلۡمَلَأُ مِنۡهُمۡ أَنِ ٱمۡشُواْ وَٱصۡبِرُواْ عَلَىٰٓ ءَالِهَتِكُمۡۖ إِنَّ هَٰذَا لَشَيۡءٌ يُرَادُ ٦ထို့ပြင် သူတို့ထဲမှ အကြီးအကဲများက (ဤသို့ပြောဆို)ထွက်သွားခဲ့ကြသည်- အသင်တို့သည် လျှောက်လှမ်းသွားပြီး အသင်တို့၏ကိုးကွယ်ရာများပေါ်၌ပင် စွဲမြဲစွာ သည်းခံနေကြပါ။ အမှန်စင်စစ် ဤသည် ရည်ရွယ်ထားသောအရာတစ်ခုဖြစ်သည်။ مَا سَمِعۡنَا بِهَٰذَا فِي ٱلۡمِلَّةِ ٱلۡأٓخِرَةِ إِنۡ هَٰذَآ إِلَّا ٱخۡتِلَٰقٌ ٧ကျွန်ုပ်တို့သည် အခြားသာသနာများတွင် ဤသို့ စကားမျိုးကို မကြားဖူးပေ။ ဤသည် လုပ်ကြံဖန်တီးခြင်းမှလွဲ၍ အခြား မည်သည့်အရာမျှ မဟုတ်ပေ။ أَءُنزِلَ عَلَيۡهِ ٱلذِّكۡرُ مِنۢ بَيۡنِنَاۚ بَلۡ هُمۡ فِي شَكٍّ مِّن ذِكۡرِيۚ بَل لَّمَّا يَذُوقُواْ عَذَابِ ٨ကျွန်ုပ်တို့၏ကြားတွင် ၎င်း၏အပေါ်၌သာ ဆုံးမဩဝါဒ ချပေးခြင်းခံရသလော။* အမှန်စင်စစ်မှာမူ သူတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒနှင့်ပတ်သက်၍ သံသယ၌ပင် ရှိနေကြသည်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မမြည်းစမ်းကြရသေးပေ။ أَمۡ عِندَهُمۡ خَزَآئِنُ رَحۡمَةِ رَبِّكَ ٱلۡعَزِيزِ ٱلۡوَهَّابِ ٩အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသော၊ အလွန်ပေးကမ်းရက်ရောတော်မူသော အရှင်မြတ်၏ ကရုဏာတော်၏ ဘဏ္ဍာများသည် သူတို့ထံတွင် ရှိနေသည်လော။ أَمۡ لَهُم مُّلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۖ فَلۡيَرۡتَقُواْ فِي ٱلۡأَسۡبَٰبِ ١٠သို့မဟုတ် မိုးကောင်းကင်များနှင့် မြေပထဝီအပြင် ထိုနှစ်ခုကြားထဲမှ ရှိသမျှအရာများကို စိုးမိုးအုပ်ချုပ်မှုသည် သူတို့ထံတွင် ရှိသလော။ ထိုသို့ ရှိခဲ့လျှင် သူတို့သည် တက်စရာအကြောင်းခံ(ကြိုး၊ လှေခါး)များ တပ်ဆင်ပြီး (မိုးကောင်းကင်သို့) တက်ကြရမည်ဖြစ်သည်။ جُندٌ مَّا هُنَالِكَ مَهۡزُومٌ مِّنَ ٱلۡأَحۡزَابِ ١١(သူတို့သည်) ထိုနေရာတွင် ရှုံးနိမ့်ရမည့်အုပ်စုများထဲမှ အုပ်စုကလေးတစ်ခုပင်ဖြစ်သည်။ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ وَعَادٌ وَفِرۡعَوۡنُ ذُو ٱلۡأَوۡتَادِ ١٢သူတို့မတိုင်မီကလည်း နူးဟ်၏အမျိုးသားများ၊ အားဒ်အမျိုးသားများ၊ ငုတ်များပိုင်ရှင်*ဖြစ်သော ဖိရ်အောင်န်တို့လည်း (တမန်တော်များကို) လိမ်လည်သူများဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်ပင်ဖြစ်သည်။ وَثَمُودُ وَقَوۡمُ لُوطٍ وَأَصۡحَٰبُ لۡـَٔيۡكَةِۚ أُوْلَٰٓئِكَ ٱلۡأَحۡزَابُ ١٣ထို့ပြင် ဆမူဒ်အမျိုးသားများ၊ လူသွ်၏အမျိုးသားများ၊ တောအုပ်တွင် နေကြသည့်သူများ(သည်လည်း စွပ်စွဲငြင်းပယ်ခဲ့ကြသည်)၊ ထိုသူများသည် အုပ်စုကြီးများပင်ဖြစ်သည်။ إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ ١٤သူတို့ကိုယ်စီသည် (သူတို့၏)တမန်တော်များကို ငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (သူတို့အပေါ်တွင်) ကျရောက်ခဲ့သည်။ وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيۡحَةً وَٰحِدَةً مَّا لَهَا مِن فَوَاقٍ ١٥ထို့ပြင် သူတို့သည် ပြင်းထန်စွာ အဆက်မပြတ်ပေါ်ထွက်လာမည့် တံပိုးမှုတ်သံတစ်ခုကိုပင် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ وَقَالُواْ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبۡلَ يَوۡمِ ٱلۡحِسَابِ ١٦ထို့ပြင် သူတို့က ပြောဆိုကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား စာရင်းအင်းစစ်ဆေးမည့်နေ့မတိုင်မီ ကျွန်ုပ်တို့၏ဝေစုကို အမြန်ပေးတော်မူပါ။ ٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱذۡكُرۡ عَبۡدَنَا دَاوُۥدَ ذَا ٱلۡأَيۡدِۖ إِنَّهُۥٓ أَوَّابٌ ١٧အသင်(တမန်တော်)သည် သူတို့၏ပြောဆိုချက်များအပေါ်တွင် သည်းခံပါ။ ထု့ိပြင် အသင်သည် ငါအရှင်မြတ်၏ကျွန်ဖြစ်ပြီး အင်အားရှင်ဖြစ်သော (တမန်တော်)ဒါဝူဒ်(၏အကြောင်း)ကို သတိရပါ။ အမှန်စင်စစ် ၎င်းသည် (အရှင်မြတ်ဘက်သို့) အလွန်လှည့်သူဖြစ်သည်။ إِنَّا سَخَّرۡنَا ٱلۡجِبَالَ مَعَهُۥ يُسَبِّحۡنَ بِٱلۡعَشِيِّ وَٱلۡإِشۡرَاقِ ١٨အမှန်စင်စစ် ငါအရှင်မြတ်သည် တောင်များကို ၎င်းနှင့်အတူ လိုက်နာစေတော်မူခဲ့သည့်အတွက် ထိုတောင်များသည် ညနေနှင့်နံနက်တွင် (ငါအရှင်မြတ်) စင်ကြယ်တော်မူကြောင်း ရွတ်ဆိုလျက်ရှိခဲ့ကြသည်။ وَٱلطَّيۡرَ مَحۡشُورَةًۖ كُلٌّ لَّهُۥٓ أَوَّابٌ ١٩ထို့ပြင် ငှက်များကိုလည်း စုရုံးစေလျက် (လိုက်နာစေခဲ့သည့်အတွက် သူတို့လည်း) ၎င်းနှင့်အတူ အားလုံးသည် (အရှင်မြတ်ဘက်သို့) အလွန်လှည့်သူများဖြစ်ခဲ့ကြသည်။ وَشَدَدۡنَا مُلۡكَهُۥ وَءَاتَيۡنَٰهُ ٱلۡحِكۡمَةَ وَفَصۡلَ ٱلۡخِطَابِ ٢٠ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏နိုင်ငံကို ခိုင်ခံ့စေတော်မူခဲ့သည့်အပြင် ၎င်းအား ပညာဉာဏ်အမြော်အမြင်နှင့် စကား အဆုံးအဖြတ်ပေးနိုင်သော စွမ်းအားကို ပေးတော်မူခဲ့သည်။ ۞ وَهَلۡ أَتَىٰكَ نَبَؤُاْ ٱلۡخَصۡمِ إِذۡ تَسَوَّرُواْ ٱلۡمِحۡرَابَ ٢١ထို့ပြင် အသင်၏ထံသို့ ရန်သူဖြစ်သူ(တရားရင်ဆိုင်မည့်သူ)များ၏အကြောင်း ရောက်လာခဲ့ပြီလော။ တစ်ခါက သူတို့သည် နံရံကို ကျော်တက်ပြီး ဝတ်ပြုဆောင်ထဲသို့ ခုန်ချခဲ့ကြသည်။ إِذۡ دَخَلُواْ عَلَىٰ دَاوُۥدَ فَفَزِعَ مِنۡهُمۡۖ قَالُواْ لَا تَخَفۡۖ خَصۡمَانِ بَغَىٰ بَعۡضُنَا عَلَىٰ بَعۡضٍ فَٱحۡكُم بَيۡنَنَا بِٱلۡحَقِّ وَلَا تُشۡطِطۡ وَٱهۡدِنَآ إِلَىٰ سَوَآءِ ٱلصِّرَٰطِ ٢٢သူတို့သည် (တမန်တော်)ဒါဝူဒ်ထံသို့ ဝင်ရောက်ကြသည့်အခါ ၎င်းသည် သူတို့အား ထိတ်လန့်စိုးရိမ်ခဲ့သည်။ သူတို့က ပြောဆိုကြသည်။ အသင်မကြောက်ပါနှင့်၊ နှစ်ဖက်(တရားပြိုင်)အမှုများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ထဲမှ တစ်ဦးသည် တစ်ဦးအပေါ် အနိုင်ကျင့်ခဲ့ပါသည်။ သို့ဖြစ်ရာ အသင်သည် ကျွန်ုပ်တို့ကြားတွင် မတရား မပြုလုပ်ဘဲ မှန်ကန်စွာ ဆုံးဖြတ်ပေးပါ။ ထို့ပြင် ကျွန်ုပ်တို့အား ဖြောင့်မတ်သည့်လမ်းကို ညွှန်ကြားပြသပေးပါ။ إِنَّ هَٰذَآ أَخِي لَهُۥ تِسۡعٌ وَتِسۡعُونَ نَعۡجَةً وَلِيَ نَعۡجَةٌ وَٰحِدَةٌ فَقَالَ أَكۡفِلۡنِيهَا وَعَزَّنِي فِي ٱلۡخِطَابِ ٢٣အမှန်စင်စစ် ဤသူသည် ကျွန်ုပ်၏ညီနောင်ဖြစ်ပါသည်။ သူ့တွင် သိုးမကိုးဆယ့်ကိုးကောင်ရှိပြီး ကျွန်ုပ်တွင် သိုးမတစ်ကောင်တည်းသာ ရှိပါသည်။ သို့ဖြစ်ရာ သူက “ထိုသိုးမကိုလည်း ကျွန်ုပ်ကို အပ်လိုက်တော့“ဟု ပြောပါသည်။ ထို့ပြင် သူသည် စကားပြောရာ၌လည်း ကျွန်ုပ်ကို အနိုင်ကျင့်(အနိုင်ယူ)ပါသည်။ قَالَ لَقَدۡ ظَلَمَكَ بِسُؤَالِ نَعۡجَتِكَ إِلَىٰ نِعَاجِهِۦۖ وَإِنَّ كَثِيرًا مِّنَ ٱلۡخُلَطَآءِ لَيَبۡغِي بَعۡضُهُمۡ عَلَىٰ بَعۡضٍ إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَقَلِيلٌ مَّا هُمۡۗ وَظَنَّ دَاوُۥدُ أَنَّمَا فَتَنَّٰهُ فَٱسۡتَغۡفَرَ رَبَّهُۥ وَخَرَّۤ رَاكِعًاۤ وَأَنَابَ ۩ ٢٤၎င်း(တမန်တော်)ဒါဝူဒ်က ပြောဆိုခဲ့သည်- ဤသူသည် အသင်၏သိုးမကို သူ၏သိုးမများနှင့် ပေါင်းရန် တောင်းဆိုခြင်းဖြင့် အသင့်အား အမှန်ပင် အနိုင်ကျင့်(အနိုင်ယူ)ခဲ့သည်။ ထို့ပြင် အီမာန်ယုံကြည်၍ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်သည့်သူများမှလွဲ၍ စီးပွားဖက်များ အများစုသည် တစ်ဦးပေါ်တစ်ဦး အမှန်ပင် ကျူးလွန်လေ့ရှိကြသည်။ ထို့ပြင် ထို(ကောင်းမြတ်သည့်)သူများသည်လည်း အလွန်နည်းသည်။ ထို့နောက် (တမန်တော်)ဒါဝူဒ်သည် ၎င်းအား ငါအရှင်မြတ်က စမ်းသပ်တော်မူခြင်းပင်ဖြစ်သည်ကို ရိပ်မိခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပြီး ဦးညွှတ်ကျလာခဲ့သည်။ ထို့ပြင် (အရှင်မြတ်ဘက်သို့ တစ်စိတ်တလက်တည်း) ပြန်လှည့်ခဲ့သည်။ فَغَفَرۡنَا لَهُۥ ذَٰلِكَۖ وَإِنَّ لَهُۥ عِندَنَا لَزُلۡفَىٰ وَحُسۡنَ مَـَٔابٍ ٢٥ိ38|25|သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းအား ထိုကိစ္စကို ခွင့်လွှတ်တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ၎င်းအတွက် ငါအရှင်မြတ်ထံတော်တွင် နီးကပ်မှုနှင့် အလွန်ကောင်းမွန်သည့်နေရာ ရှိသည်။ يَٰدَاوُۥدُ إِنَّا جَعَلۡنَٰكَ خَلِيفَةً فِي ٱلۡأَرۡضِ فَٱحۡكُم بَيۡنَ ٱلنَّاسِ بِٱلۡحَقِّ وَلَا تَتَّبِعِ ٱلۡهَوَىٰ فَيُضِلَّكَ عَن سَبِيلِ ٱللَّهِۚ إِنَّ ٱلَّذِينَ يَضِلُّونَ عَن سَبِيلِ ٱللَّهِ لَهُمۡ عَذَابٌ شَدِيدُۢ بِمَا نَسُواْ يَوۡمَ ٱلۡحِسَابِ ٢٦အို- ဒါဝူဒ်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ကမာ္ဘပေါ်တွင် ကိုယ်စားလှယ် ခန့်အပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် လူများကြားတွင် မှန်ကန်စွာ ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် စိတ်ဆန္ဒနောက်ကို မလိုက်ပါနှင့်။ ထိုသို့လိုက်လျှင် ထိုစိတ်ဆန္ဒက အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ အသင့်ကို လွဲချော်စေလိမ့်မည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲချော်ကြသူများအတွက် သူတို့သည် စာရင်းစစ်မည့်နေ့ကို မေ့လျော့နေကြသည့်အတွက်ကြောင့် ပြင်းထန်သော ပြစ်ဒဏ်ရှိလိမ့်မည်။ وَمَا خَلَقۡنَا ٱلسَّمَآءَ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا بَٰطِلًاۚ ذَٰلِكَ ظَنُّ ٱلَّذِينَ كَفَرُواْۚ فَوَيۡلٌ لِّلَّذِينَ كَفَرُواْ مِنَ ٱلنَّارِ ٢٧ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအပြင် ထိုနှစ်ခုကြားတွင်ရှိသမျှကို အလဟဿ ဖန်ဆင်းတော်မူခဲ့သည် မဟုတ်ပေ။ ဤသည် ကာဖိရ်များ၏ ထင်မြင်ယူဆချက်ပင် ဖြစ်သည်။ သို့ဖြစ်ရာ ထိုကာဖိရ်များအတွက် ငရဲမီးထဲမှ ပျက်စီးမှုရှိသည်။ أَمۡ نَجۡعَلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ كَٱلۡمُفۡسِدِينَ فِي ٱلۡأَرۡضِ أَمۡ نَجۡعَلُ ٱلۡمُتَّقِينَ كَٱلۡفُجَّارِ ٢٨ငါအရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအား တိုင်းပြည်တွင် သောင်းကျန်းဖျက်ဆီးကြသူများကဲ့သို့ ပြုလုပ်ပါမည်လော။ သို့မဟုတ် အပြစ်ရှောင်ကြဉ်သူများကို အမိန့်ဖီဆန်သွေဖည်သူများကဲ့သို့ ပြုလုပ်တော်မူပါသည်လော။ كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ مُبَٰرَكٌ لِّيَدَّبَّرُوٓاْ ءَايَٰتِهِۦ وَلِيَتَذَكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ ٢٩(ဤသည်) အသင်၏ထံသို့ ငါအရှင်မြတ်ချပေးတော်မူခဲ့သော ဗရကသ်မဂင်္လာနှင့် ပြည့်စုံသည့် ကျမ်းတစ်ကျမ်းဖြစ်သည်။ လူများသည် ထိုကျမ်း၏အာယသ်တော်များကို စဉ်းစားကြရန်နှင့် အသိဉာဏ်ရှိသည့်သူများသည် တရားရယူကြရန်အတွက် (ချပေးတော်မူခြင်း)ဖြစ်သည်။ وَوَهَبۡنَا لِدَاوُۥدَ سُلَيۡمَٰنَۚ نِعۡمَ ٱلۡعَبۡدُ إِنَّهُۥٓ أَوَّابٌ ٣٠ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)ဒါဝူဒ်အတွက် (တမန်တော်)စုလိုင်မာန်ကို ပေးတော်မူခဲ့သည်။ (၎င်းတမန်တော် စုလိုင်မာန်သည်) အဘယ်မျှ ကောင်းလိုက်သည့်ကျွန်လဲ။ အမှန်စင်စစ် (တမန်တော်)စုလိုင်မာန်သည် (ငါအရှင်မြတ်ဘက်သို့) အလွန်ပြန်လှည့်သူဖြစ်သည်။ إِذۡ عُرِضَ عَلَيۡهِ بِٱلۡعَشِيِّ ٱلصَّٰفِنَٰتُ ٱلۡجِيَادُ ٣١တစ်ခါက လျင်မြန်သွက်လက်သော အမျိုးကောင်းမြင်းများသည် ညနေခင်း(အစွရ်အချိန်)တွင် ၎င်း၏ရှေ့၌ တင်ပြခြင်းခံရသည်။ فَقَالَ إِنِّيٓ أَحۡبَبۡتُ حُبَّ ٱلۡخَيۡرِ عَن ذِكۡرِ رَبِّي حَتَّىٰ تَوَارَتۡ بِٱلۡحِجَابِ ٣٢ထို့ပြင် ၎င်းကပြောသည်- အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သတိရတသမှုကြောင့် (အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ် တိုက်ခိုက်ကြသည့်) မြင်းများ၏ နှစ်သက်မြတ်နိုးမှုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။* နောက်ဆုံး ထိုမြင်းများသည် အကွယ်တွင် ပျောက်ကွယ်သွားခဲ့သည်။ رُدُّوهَا عَلَيَّۖ فَطَفِقَ مَسۡحَۢا بِٱلسُّوقِ وَٱلۡأَعۡنَاقِ ٣٣အသင်တို့သည် ထိုမြင်းများအား ငါ၏ရှေ့၌ ပြန်သွင်းခဲ့ကြပါ(ဟု ၎င်းက အမိန့်ပေးခဲ့သည်)။ ထို့နောက် ၎င်းသည် (ထိုမြင်းများ၏) ခြေသလုံးများနှင့် လည်ကုပ်များကို (ကြင်နာမှုဖြင့်) စတင် ပွတ်သပ်မှုကို ပြုလုပ်ခဲ့သည်။ وَلَقَدۡ فَتَنَّا سُلَيۡمَٰنَ وَأَلۡقَيۡنَا عَلَىٰ كُرۡسِيِّهِۦ جَسَدًا ثُمَّ أَنَابَ ٣٤ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)စုလိုင်မာန်အား စမ်းသပ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏ပလ္လင်ပေါ်တွင် ခန္ဓာကိုယ်တစ်ခုကို ချပေးတော်မူခဲ့သည်။ ထို့နောက် ၎င်းသည် (အရှင်မြတ်ဘက်သို့) ပြန်လှည့်ခဲ့သည်။ قَالَ رَبِّ ٱغۡفِرۡ لِي وَهَبۡ لِي مُلۡكًا لَّا يَنۢبَغِي لِأَحَدٍ مِّنۢ بَعۡدِيٓۖ إِنَّكَ أَنتَ ٱلۡوَهَّابُ ٣٥၎င်းကလျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်မှလွဲ၍ ကျွန်ုပ်၏နောက်တွင် မည်သူမျှ မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်ုပ်ကို ပေးသနားတော်မူပါ၊ အမှန်စင်စစ် အရှင်မြတ်သည်သာ အလွန် ရက်ရောစွာ ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ فَسَخَّرۡنَا لَهُ ٱلرِّيحَ تَجۡرِي بِأَمۡرِهِۦ رُخَآءً حَيۡثُ أَصَابَ ٣٦သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းအတွက် လေကို ၎င်း၏လက်အောက်ခံအဖြစ် လိုက်နာစေတော်မူခဲ့သည်။ ထိုလေသည် ၎င်းအလိုရှိရာအရပ်ကို ၎င်း၏အမိန့်ဖြင့် ညင်သာစွာ တိုက်ခတ်သွားလာသည်။ وَٱلشَّيَٰطِينَ كُلَّ بَنَّآءٍ وَغَوَّاصٍ ٣٧ထို့ပြင် ဆောက်လုပ်ရေးဝန်ထမ်းတိုင်းနှင့် ရေငုပ်သမားတိုင်းပါဝင်ခဲ့သော (ဆိုးသွမ်းသည့်) ဂျင်န် ရှိုင်သွာန်များကိုလည်း ၎င်း၏အမိန့်ကို နာခံစေတော်မူခဲ့သည်။ وَءَاخَرِينَ مُقَرَّنِينَ فِي ٱلۡأَصۡفَادِ ٣٨သံကြိုးများနှင့် ပူးတွဲတုပ်နှောင်ထားခြင်းခံရသော အခြားဂျင်န်များကိုလည်း (နာခံစေတော်မူခဲ့သည်)။ هَٰذَا عَطَآؤُنَا فَٱمۡنُنۡ أَوۡ أَمۡسِكۡ بِغَيۡرِ حِسَابٍ ٣٩ဤသည် ငါအရှင်မြတ်၏ပေးကမ်းမှုဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် (သူများကို)ပေးသည်ပင်ဖြစ်စေ၊ မပေးသည်ပင်ဖြစ်စေ စာရင်းရှင်းစရာမရှိပေ။ وَإِنَّ لَهُۥ عِندَنَا لَزُلۡفَىٰ وَحُسۡنَ مَـَٔابٍ ٤٠ထို့ပြင် အမှန်စင်စစ် ၎င်းအတွက် ငါအရှင်မြတ်ထံတွင် နီးကပ်မှုနှင့် အလွန်ကောင်းမွန်သည့်နေရာရှိသည်။ وَٱذۡكُرۡ عَبۡدَنَآ أَيُّوبَ إِذۡ نَادَىٰ رَبَّهُۥٓ أَنِّي مَسَّنِيَ ٱلشَّيۡطَٰنُ بِنُصۡبٍ وَعَذَابٍ ٤١ထို့ပြင် အသင်(တမန်တော်)သည် ငါအရှင်မြတ်၏ကျွန် (တမန်တော်)အိုင်ယူဗ်၏အကြောင်းကို သတိရပါ။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား “အမှန်စင်စစ် ရှိုင်သွာန်သည် ကျွန်ုပ်ကို ရောဂါဝေဒနာနှင့်ဘေးဒုက္ခကို သက်ရောက်စေခဲ့ပါသည်“ဟု ဟစ်ခေါ်လျှောက်ထားခဲ့သည်။ ٱرۡكُضۡ بِرِجۡلِكَۖ هَٰذَا مُغۡتَسَلُۢ بَارِدٌ وَشَرَابٌ ٤٢(အရှင်မြတ်က မိန့်တော်မူသည်) အို- အိုင်ယူဗ်၊ အသင်သည် အသင်၏ခြေထောက်ဖြင့် (မြေကြီးကို)ဆောင့်လိုက်ပါ၊ ဤသည် အေးမြသည့်ချိုးရေနှင့် သောက်ရေဖြစ်သည်။ وَوَهَبۡنَا لَهُۥٓ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةً مِّنَّا وَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ ٤٣ထို့ပြင် ငါအရှင်မြတ်သည် အရှင်မြတ်ထံတော်မှ ကရုဏာတော်နှင့်၊ အသိဉာဏ်ရှိသည့်သူများ သတိရစေရန်အတွက် ၎င်းအား ၎င်း၏အိမ်သူအိမ်သားများကို ပေးသနားတော်မူသည့်အပြင် ထို(အရေအတွက်)နှင့်အညီကိုလည်း ၎င်းတို့နှင့်အတူ ထပ်မံပေးသနားတော်မူခဲ့သည်။ وَخُذۡ بِيَدِكَ ضِغۡثًا فَٱضۡرِب بِّهِۦ وَلَا تَحۡنَثۡۗ إِنَّا وَجَدۡنَٰهُ صَابِرًاۚ نِّعۡمَ ٱلۡعَبۡدُ إِنَّهُۥٓ أَوَّابٌ ٤٤ထို့ပြင် (ငါအရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်) အသင်သည် အသင့်လက်ထဲတွင် (သေးမျှင်သည့်)အခက်အလက်တစ်ဆုပ်ကိုယူ၍ ထိုအရာဖြင့် ရိုက်ပါ။ ထို့ပြင် အသင်သည် ကျိန်ဆိုမှုကို မချိုးဖျက်နှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်း(တမန်တော်အိုင်ယူဗ်)ကို သည်းခံသူအဖြစ် တွေ့ရှိတော်မူခဲ့သည်။ အဘယ်မျှကောင်းလိုက်သော ကျွန်တစ်ပါးဖြစ်သနည်း။ အမှန်စင်စစ် ၎င်း(တမန်တော်အိုင်ယူဗ်)သည် (ငါအရှင်မြတ်ဘက်သို့) အလွန်ပြန်လှည့်သူဖြစ်ခဲ့သည်။ وَٱذۡكُرۡ عِبَٰدَنَآ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَ أُوْلِي ٱلۡأَيۡدِي وَٱلۡأَبۡصَٰرِ ٤٥ထို့ပြင် အသင်(တမန်တော်)သည် ငါအရှင်မြတ်၏ကျွန်များဖြစ်သော စွမ်းရည်သတ္တိရှိသူများ၊ ဉာဏ်အမြော်အမြင်ရှိသူများဖြစ်ကြသော (တမန်တော်)အိဗ်ရာဟီမ်၊ (တမန်တော်)အစ္စဟာက်နှင့် (တမန်တော်)ယအ်ကူဗ်တို့(၏ အကြောင်းများ)ကို သတိရပါ။ إِنَّآ أَخۡلَصۡنَٰهُم بِخَالِصَةٍ ذِكۡرَى ٱلدَّارِ ٤٦အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား (အာခိရသ်)အိမ်၏ သတိရမှုနှင့် သီးသန့်ရွေးချယ်တော်မူခဲ့သည်။ وَإِنَّهُمۡ عِندَنَا لَمِنَ ٱلۡمُصۡطَفَيۡنَ ٱلۡأَخۡيَارِ ٤٧ထို့ပြင် အမှန်စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်ထံတော်တွင် အကောင်းဆုံးရွေးချယ်ခြင်း ခံခဲ့ကြရသည့်သူများထဲမှပင် ဖြစ်ကြသည်။ وَٱذۡكُرۡ إِسۡمَٰعِيلَ وَٱلۡيَسَعَ وَذَا ٱلۡكِفۡلِۖ وَكُلٌّ مِّنَ ٱلۡأَخۡيَارِ ٤٨ထို့ပြင် အသင်သည် (တမန်တော်)အစ္စမာအီလ်၊ (တမန်တော်)အလ်ယစအ်*နှင့် (တမန်တော်)ဇွလ်ကိဖ်လ်*တို့(၏အကြောင်းများ)ကို သတိရပါ။ ထို့ပြင် ၎င်းတို့အသီးသီးသည်လည်း အကောင်းဆုံးသူများထဲမှပင် ဖြစ်ခဲ့ကြသည်။ هَٰذَا ذِكۡرٌۚ وَإِنَّ لِلۡمُتَّقِينَ لَحُسۡنَ مَـَٔابٍ ٤٩ဤသည် ဆုံးမဩဝါဒတစ်ခုဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အပြစ်ရှောင်ကြဉ်သူများအတွက် အလွန်ကောင်းမွန်သည့်နေရာ အမှန်ပင်ရှိသည်။ جَنَّٰتِ عَدۡنٍ مُّفَتَّحَةً لَّهُمُ ٱلۡأَبۡوَٰبُ ٥٠သူတို့အတွက် တံခါးများဖွင့်ထားသော အမြဲနေထိုင်ရမည့် ဥယျာဉ်များရှိကြသည်။ مُتَّكِـِٔينَ فِيهَا يَدۡعُونَ فِيهَا بِفَٰكِهَةٍ كَثِيرَةٍ وَشَرَابٍ ٥١၎င်းထဲတွင် မှီအုံးများနှင့် မှီနေကြမည်။ သူတို့သည် သစ်သီးဝလံ အများအပြားနှင့် သောက်စရာများကို ၎င်းထဲတွင် မှာယူ(သုံးဆောင်)ကြမည်။ ۞ وَعِندَهُمۡ قَٰصِرَٰتُ ٱلطَّرۡفِ أَتۡرَابٌ ٥٢ထို့ပြင် သူတို့ထံတွင် မျက်လွှာချ၍နေတတ်သော သက်တူရွယ်တူမိန်းမများလည်း ရှိကြမည်။ هَٰذَا مَا تُوعَدُونَ لِيَوۡمِ ٱلۡحِسَابِ ٥٣ဤသည် စစ်ဆေးမည့်နေ့နှင့်ပတ်သက်၍ အသင်တို့အား ကတိပေးခြင်း ခံကြရသည့်အရာပင် ဖြစ်သည်။ إِنَّ هَٰذَا لَرِزۡقُنَا مَا لَهُۥ مِن نَّفَادٍ ٥٤အမှန်စင်စစ် ဤသည် ငါအရှင်မြတ်၏ကျေးဇူးတော် ရိက္ခာဖြစ်သည်။ ထိုအရာသည် မည်သည့်အခါမှ မကုန်ခန်းမည့်အရာပင်ဖြစ်သည်။ هَٰذَاۚ وَإِنَّ لِلطَّٰغِينَ لَشَرَّ مَـَٔابٍ ٥٥ဤသည် (ကောင်းမြတ်သည့်သူများ၏အကြောင်း ပြီးသွားခြင်းဖြစ်သည်)။ ထို့ပြင် အမှန်စင်စစ် ဆိုးသွမ်းကျူးလွန်သူများအတွက် ဆိုးရွားသော ပြန်လှည့်ရာစခန်း အမှန်ပင်ရှိသည်။ جَهَنَّمَ يَصۡلَوۡنَهَا فَبِئۡسَ ٱلۡمِهَادُ ٥٦(ထိုအရာသည်) ငရဲဘုံပင်ဖြစ်သည်။ သူတို့သည် ထိုအထဲသို့ ဝင်ရောက်ကြရမည်။ အဘယ်မျှ ဆိုးရွားလိုက်သော အပန်းဖြေစခန်းနည်း။ هَٰذَا فَلۡيَذُوقُوهُ حَمِيمٌ وَغَسَّاقٌ ٥٧ဤသည် ဆူပွက်နေသော ရေပူနှင့် ပြည်ပုပ်ဖြစ်သည်။ ထို့ပြင် ထိုအရာအား သူတို့ မြည်းစမ်းကြပါစေ။ وَءَاخَرُ مِن شَكۡلِهِۦٓ أَزۡوَٰجٌ ٥٨ထို့ပြင် ဤအမျိုးအစားထဲမှပင် အခြား(မြည်းစရာပြစ်ဒဏ်)အမျိုးမျိုးလည်း ရှိလိမ့်မည်။ هَٰذَا فَوۡجٌ مُّقۡتَحِمٌ مَّعَكُمۡ لَا مَرۡحَبَۢا بِهِمۡۚ إِنَّهُمۡ صَالُواْ ٱلنَّارِ ٥٩(လူဆိုးအကြီးအကဲများက ပြောဆိုကြသည်) ဤသည် အသင်တို့နှင့်အတူ တိုးဝင်နေကြသော အုပ်စုတစ်စုဖြစ်သည်။ သူတို့အား မကြိုဆိုပါစေနှင့်။ အမှန်စင်စစ် သူတို့သည် ငရဲမီးထဲသို့ ဝင်ရောက်ကြမည့်သူများဖြစ်သည်။ قَالُواْ بَلۡ أَنتُمۡ لَا مَرۡحَبَۢا بِكُمۡۖ أَنتُمۡ قَدَّمۡتُمُوهُ لَنَاۖ فَبِئۡسَ ٱلۡقَرَارُ ٦٠သူတို့(နောက်လိုက်)များက ပြောဆိုကြသည်။ အဘယ်မျှ ဆိုးရွားလိုက်သော နေရာထိုင်ခင်းနည်း။ قَالُواْ رَبَّنَا مَن قَدَّمَ لَنَا هَٰذَا فَزِدۡهُ عَذَابًا ضِعۡفًا فِي ٱلنَّارِ ٦١သူတို့က လျှောက်ထားကြမည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ရှေ့၌ ဤဒုက္ခကို ယူဆောင်လာခဲ့သည့်သူကို အရှင်မြတ်သည် ငရဲဘုံတွင် ပြစ်ဒဏ် နှစ်ဆတိုးစေတော်မူပါ။ وَقَالُواْ مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُم مِّنَ ٱلۡأَشۡرَارِ ٦٢ထို့ပြင် သူတို့က(အချင်းချင်း)ပြောဆိုကြမည်- ဆိုးသွမ်းသူများထဲမှဖြစ်ကြသည်ဟု ကျွန်ုပ်တို့ ရေတွက်မှတ်သားနေခဲ့သော ပုဂ္ဂိုလ်များအား (မွတ်စ်လင်မ်များအား ငရဲဘုံတွင်)အဘယ့်ကြောင့် ကျွန်ုပ်တို့ မတွေ့ကြရသနည်း။ أَتَّخَذۡنَٰهُمۡ سِخۡرِيًّا أَمۡ زَاغَتۡ عَنۡهُمُ ٱلۡأَبۡصَٰرُ ٦٣ကျွန်ုပ်တို့ကပင် သူတို့အား ပျက်ချော်ပြောင်လှောင်မှု လုပ်ခဲ့ကြသည်(မှာ မှားနေသည်)လော၊ သို့မဟုတ် (ကျွန်ုပ်တို့၏)မျက်စိများကပင် သူတို့(အား မြင်နိုင်ခြင်း)မှ လွဲချော်တိမ်းမှောက်နေကြသလော။ إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهۡلِ ٱلنَّارِ ٦٤အမှန်စင်စစ် ငရဲကျသည့်သူများ အချင်းချင်း ထို(သို့)စကားများကြခြင်းသည် လုံးဝ အမှန်ပင်ဖြစ်သည်။ قُلۡ إِنَّمَآ أَنَا۠ مُنذِرٌۖ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ ٦٥(အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်သည်။ ထို့ပြင် တစ်ပါးတည်းဖြစ်တော်မူသော အဖန်ဆင်းခံအားလုံးအပေါ် လွှမ်းမိုးထားတော်မူသော အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာအရှင် မရှိပေ။ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلۡعَزِيزُ ٱلۡغَفَّٰرُ ٦٦(ထိုအရှင်ပင်) မိုးကောင်းကင်များနှင့် မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ قُلۡ هُوَ نَبَؤٌاْ عَظِيمٌ ٦٧(အို- တမန်တော်)အသင်ပြောလိုက်ပါ- ထို(ကုရ်အာန်)သည် ကြီးကျယ်သော သတင်းပင်ဖြစ်သည်။ أَنتُمۡ عَنۡهُ مُعۡرِضُونَ ٦٨အသင်တို့သည် ထိုသတင်းမှ မျက်နှာလွှဲနေကြသော သူများပင်ဖြစ်ကြသည်။ مَا كَانَ لِيَ مِنۡ عِلۡمِۭ بِٱلۡمَلَإِ ٱلۡأَعۡلَىٰٓ إِذۡ يَخۡتَصِمُونَ ٦٩ငါသည် အထက်ကောင်းကင်တွင်ရှိသော ကောင်းကင်တမန်များနှင့်ပတ်သက်၍ သူတို့အချင်းချင်း ပြောဆို အငြင်းပွားနေခဲ့ကြစဉ်က (တမန်တော်အာဒမ်ကို ဖန်ဆင်းတော်မူမည့်)ကိစ္စကို ငါသည် မည်သည့်အရာမျှ မသိခဲ့ပေ။ إِن يُوحَىٰٓ إِلَيَّ إِلَّآ أَنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ ٧٠ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦးဖြစ်သည့်အတွက် ငါ့ထံသို့ ဝဟီအမိန့်တော်ပို့ချခြင်းခံရခြင်း ဖြစ်သည်။ إِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرًا مِّن طِينٍ ٧١တစ်ခါက အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းကင်တမန်များအား မိန့်ကြားတော်မူသည်- အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားတစ်ဦးကို ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူမည်။ فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ ٧٢ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားအား နေသားတကျ ပြုလုပ်တော်မူ၍ ၎င်းထံသို့ ငါအရှင်မြတ်ထံတော်မှ အသက်ဝိညာဉ်ကို မှုတ်သွင်းတော်မူသည့်အခါ* အသင်တို့အားလုံး ၎င်း၏ရှေ့၌ စဂျ်ဒဟ်ဦးချကြရမည်။ فَسَجَدَ ٱلۡمَلَٰٓئِكَةُ كُلُّهُمۡ أَجۡمَعُونَ ٧٣ထို့နောက် ကောင်းကင်တမန်များအားလုံးသည် ဦးချကြသည်။ إِلَّآ إِبۡلِيسَ ٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ ٧٤သို့ရာတွင် အိဗ်လီစ်ကမူ (ဦးမချခဲ့ဘဲ)မာနထောင်ပြီး ငြင်းပယ်သူများထဲတွင် အပါအဝင်ဖြစ်သွားခဲ့သည်။ قَالَ يَٰٓإِبۡلِيسُ مَا مَنَعَكَ أَن تَسۡجُدَ لِمَا خَلَقۡتُ بِيَدَيَّۖ أَسۡتَكۡبَرۡتَ أَمۡ كُنتَ مِنَ ٱلۡعَالِينَ ٧٥အရှင်မြတ်က မိန့်တော်မူသည်- အို- အိဗ်လီစ်၊ ငါအရှင်မြတ်က ငါအရှင်မြတ်၏လက်တော်နှစ်ဖက်ဖြင့် ဖန်ဆင်းတော်မူခဲ့သူ၏ ရှေ့၌ဦးချခြင်းမှ အသင့်အား မည်သည့်အရာက တားမြစ်ခဲ့သနည်း။ အသင်သည် မာနထောင်သလော၊ သို့မဟုတ် အသင်သည် အလွန်မြင့်မားသည့်သူတစ်ဦးဖြစ်သလော။ قَالَ أَنَا۠ خَيۡرٌ مِّنۡهُ خَلَقۡتَنِي مِن نَّارٍ وَخَلَقۡتَهُۥ مِن طِينٍ ٧٦သူက ပြောသည်- ကျွန်ုပ်သည် လူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်အား မီးဖြင့် ဖန်ဆင်းတော်မူပြီး ၎င်းကို ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်။ قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٌ ٧٧အရှင်မြတ်က မိန့်ကြားတော်မူသည်- သို့ဖြစ်လျှင် အသင်သည် ဤဂျန္နသ်မှ ထွက်သွားပေတော့၊ ထို့ပြင် အမှန်ပင် အသင်သည် နှင်ထုတ်ခြင်းခံရသူပင်ဖြစ်သည်။ وَإِنَّ عَلَيۡكَ لَعۡنَتِيٓ إِلَىٰ يَوۡمِ ٱلدِّينِ ٧٨ထို့ပြင် အမှန်စင်စစ် အသင့်အပေါ်တွင် ငါအရှင်မြတ်၏ လအ်နသ် ကရုဏာကင်းဝေးမှုသည် အစားပေးမည့်(ကိယာမသ်)နေ့ထိ ရှိမည်။ قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ٧٩သူက ပြောသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်လျှင် အရှင်မြတ်သည် ကျွန်ုပ်အား ကိယာမသ်နေ့ထိ (သေခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းမှ) ဆိုင်းငံ့ထားပေးတော်မူပါ။ قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ ٨٠အရှင်မြတ်က မိန့်ကြားတော်မူသည်။ သို့ဖြစ်ရာ အသင်သည် အမှန်စင်စစ် ဆိုင်းငံ့ခြင်းခံရသူတစ်ဦးပင်ဖြစ်သည်။ إِلَىٰ يَوۡمِ ٱلۡوَقۡتِ ٱلۡمَعۡلُومِ ٨١သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ(ရောက်မည့်)နေ့ထိ။ قَالَ فَبِعِزَّتِكَ لَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ٨٢သူက ပြောသည်- သို့ဖြစ်လျှင် အရှင်မြတ်၏တန်ခိုးတော်ကို တိုင်တည်ပါသည်။ အမှန်စင်စစ် ကျွန်ုပ်သည် ထိုသူများအားလုံးကို လမ်းလွဲအောင် ပြုလုပ်မည်ဖြစ်ပါသည်။ إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ ٨٣သို့ရာတွင် သူတို့ထဲမှ ရွေးချယ်ထားသော အရှင်မြတ်၏ကျွန်များကိုမူ(ကျွန်ုပ်သည် လမ်းလွဲအောင်လုပ်နိုင်မည် မဟုတ်ပါ)။ قَالَ فَٱلۡحَقُّ وَٱلۡحَقَّ أَقُولُ ٨٤အရှင်မြတ်က မိန့်ကြားတော်မူသည်- သို့ဖြစ်ရာ အမှန်ပင်ဖြစ်သည်၊ ထို့ပြင် ငါအရှင်မြတ်သည် အမှန်ကိုပင် မိန့်တော်မူလေ့ရှိသည်။ لَأَمۡلَأَنَّ جَهَنَّمَ مِنكَ وَمِمَّن تَبِعَكَ مِنۡهُمۡ أَجۡمَعِينَ ٨٥အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို အသင်နှင့် လူများထဲမှ အသင်၏နောက်လိုက်သူများအားလုံးဖြင့် ဖြည့်တော်မူမည်။ قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍ وَمَآ أَنَا۠ مِنَ ٱلۡمُتَكَلِّفِينَ ٨٦(အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် အသင်တို့ထံတွင် ဤ(ကုရ်အာန်)နှင့်ပတ်သက်၍ မည်သည့်အကျိုးမျှ တောင်းခံသည်မရှိပေ။ ထို့ပြင် ငါသည် လုပ်ကြံဟန်ဆောင်ပြောဆိုသူတစ်ဦးလည်း မဟုတ်ပေ။ إِنۡ هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ ٨٧ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြဝဠာအားလုံး(တွင်ရှိသူများ)အတွက် ဆုံးမဩဝါဒတစ်ခုပင်ဖြစ်သည်။ وَلَتَعۡلَمُنَّ نَبَأَهُۥ بَعۡدَ حِينِۭ ٨٨ထို့ပြင် အမှန်စင်စစ် အသင်တို့သည် အချိန်အနည်းငယ်နောက်တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်)၏ သတင်းမှန်ကန်ကြောင်းကို သိကြလိမ့်မည်။