بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
عَبَسَ وَتَوَلَّىٰٓ ١၎င်း(တမန်တော် )သည် မျက်မှောင်ကြုတ်ခဲ့သည့်အပြင် မျက်နှာလည်း လွှဲခဲ့သည်။ أَن جَآءَهُ ٱلۡأَعۡمَىٰ ٢၎င်း၏ထံသို့ မျက်မမြင်ဝင်ရောက်လာသည့်အတွက်ကြောင့် ဖြစ်သည်။ وَمَا يُدۡرِيكَ لَعَلَّهُۥ يَزَّكَّىٰٓ ٣အသင်သိပါ၏လော၊ ထိုမျက်မမြင်သည် စင်ကြယ်သန့်ရှင်းသူ ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ أَوۡ يَذَّكَّرُ فَتَنفَعَهُ ٱلذِّكۡرَىٰٓ ٤သို့မဟုတ် သူသည် တရားရသွားနိုင်သည်။ ထို့နောက် ဆုံးမဩဝါဒသည် သူ့အား အကျိုးဖြစ်ထွန်းစေနိုင်မည်။ أَمَّا مَنِ ٱسۡتَغۡنَىٰ ٥မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ဂရုမစိုက်ဘဲ လျစ်လျူရှုနေခဲ့သည်။ فَأَنتَ لَهُۥ تَصَدَّىٰ ٦ထို့နောက်လည်း အသင်သည် ထိုသူ့ကိုမူ ဂရုစိုက်အရေးပေးနေသည်။ وَمَا عَلَيۡكَ أَلَّا يَزَّكَّىٰ ٧ထိုသူ မစင်ကြယ်သည့်အတွက် အသင်၏အပေါ်တွင်လည်း တာဝန်မရှိပါဘဲလျက်။ وَأَمَّا مَن جَآءَكَ يَسۡعَىٰ ٨ထို့ပြင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် အသင့်ထံသို့ ပြေးလွှားလျက်ရောက်လာခဲ့သည်။ وَهُوَ يَخۡشَىٰ ٩ထိုသူသည် (အရှင်မြတ်ကို)ကြောက်ရွံ့လေးစားသူလည်းဖြစ်လျက်။ فَأَنتَ عَنۡهُ تَلَهَّىٰ ١٠ထိုသို့ဖြစ်ပါလျက်နှင့် အသင်သည်ထိုသူ့ကိုမူ အရေးမပေးဘဲ လျစ်လျူရှုခဲ့သည်။ ###၁ كـَلَّآ إِنَّهَا تَذۡكِرَةٌ ١١(အသင်သည် ) ဤသို့လုံးဝမလုပ်ပါနှင့်၊ ဤ(စူရဟ်ကဏ္ဍ)သည် ဆုံးမဩဝါဒပင်ဖြစ်သည်။ فَمَن شَآءَ ذَكَرَهُۥ ١٢ထို့နောက် အလိုရှိသူသည် ထိုဆုံးမဩဝါဒကို လေ့လာကျက်မှတ်လိမ့်မည်။ فِي صُحُفٍ مُّكَرَّمَةٍ ١٣(ထိုဆုံးမဩဝါဒသည်) ဂုဏ်ကျက်သရေရှိသော စာရွက်များပေါ်တွင် (ရေးထားခြင်း)ဖြစ်သည်။ مَّرۡفُوعَةٍ مُّطَهَّرَةِۭ ١٤မြင့်မြတ်သော ၊ စင်ကြယ်သော (စာရွက်များ) ဖြစ်သည်။ بِأَيۡدِي سَفَرَةٍ ١٥(ထိုစာရွက်များသည်) ရေးသားကြသော ကောင်းကင်တမန်များ၏ လက်ထဲတွင် ရှိကြသည်။ كِرَامِۭ بَرَرَةٍ ١٦(သူတို့သည်) ဂုဏ်ရှိသောသူ၊ မြင့်မြတ်သောသူ(ကောင်းကင်တမန်)များဖြစ်ကြသည်။ قُتِلَ ٱلۡإِنسَٰنُ مَآ أَكۡفَرَهُۥ ١٧လူသားသည် ပျက်စီးပါစေ၊ သူသည် အဘယ်မျှ ကျေးဇူးကန်းလိုက်သနည်း။ مِنۡ أَيِّ شَيۡءٍ خَلَقَهُۥ ١٨အရှင်မြတ်သည် သူ့အား မည်သည့်အရာမှ ဖန်ဆင်းတော်မူခဲ့သနည်း။ مِن نُّطۡفَةٍ خَلَقَهُۥ فَقَدَّرَهُۥ ١٩သုက်ရည်တစ်စက်မှ ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် သူ့အားစနစ်တကျချိန်ဆစီမံပြုလုပ်တော်မူသည်။ ثُمَّ ٱلسَّبِيلَ يَسَّرَهُۥ ٢٠ထို့နောက် အရှင်မြတ်သည် သူ့အတွက်လမ်းကို လွယ်ကူစေတော်မူခဲ့သည်။ ثُمَّ أَمَاتَهُۥ فَأَقۡبَرَهُۥ ٢١ထို့နောက် အရှင်မြတ်သည် သူ့ကို သေဆုံးစေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် သူ့ကို သချုႋင်းထဲသို့ မြှုပ်နှံစေတော်မူသည်။ ثُمَّ إِذَا شَآءَ أَنشَرَهُۥ ٢٢ထို့နောက် အရှင်မြတ်သည် အလိုရှိတော်မူသည့်အခါ သူ့ကို ရှင်ပြန်ထစေတော်မူမည်။ كـَلَّا لَمَّا يَقۡضِ مَآ أَمَرَهُۥ ٢٣(ကာဖိရ် များ ပြောကြသကဲ့သို့) လုံးဝမဟုတ်ပေ၊ လူသားသည် သူ့ကို အရှင်မြတ်က အမိန့်ပေးတော်မူသည်များကို ကျေပွန်အောင် မထမ်းဆောင်ရသေးပေ။ ###၁ فَلۡيَنظُرِ ٱلۡإِنسَٰنُ إِلَىٰ طَعَامِهِۦٓ ٢٤ထို့ပြင် လူသားသည် သူ့အစားအစာကိုကြည့်ရှု စဉ်းစားသင့်သည်။ أَنَّا صَبَبۡنَا ٱلۡمَآءَ صَبًّا ٢٥အမှန်စင်စစ် ငါအရှင်မြတ်သည် (မိုး)ရေကို ရွာသွန်းစေတော်မူခဲ့သည်။ ثُمَّ شَقَقۡنَا ٱلۡأَرۡضَ شَقًّا ٢٦ထို့ပြင် ငါအရှင်မြတ်သည်မြေပထဝီကို (အံ့ဩဖွယ်ရာကဲ့သို့)ခွဲတော်မူခဲ့သည်။ فَأَنۢبَتۡنَا فِيهَا حَبًّا ٢٧ထို့ပြင် ငါအရှင်မြတ်သည် ထို မြေပထဝီတွင် ကောက်ပဲသီးနှံကို ပေါက်ရောက်စေတော်မူခဲ့သည်။ وَعِنَبًا وَقَضۡبًا ٢٨စပျစ်ပင်၊ စိမ်းစိုသောဟင်းသီးဟင်းရွက်ပင်၊ وَزَيۡتُونًا وَنَخۡلًا ٢٩သံလွင်ပင်၊ စွန်ပလွံပင်၊ وَحَدَآئِقَ غُلۡبًا ٣٠ထူထပ်သောဥယျာဉ်များ၊ وَفَٰكِهَةً وَأَبًّا ٣١သစ်သီးဝလံများ၊ ကျွဲနွားတိရစ္ဆာန်များ၏အစားအစာများ (ကို ပေါက်ရောက်စေတော်မူခဲ့သည်)။ مَّتَٰعًا لَّكُمۡ وَلِأَنۡعَٰمِكُمۡ ٣٢အသင်တို့နှင့် အသင်တို့၏ တိရစာဩန်များ၏ အကျိုးအတွက် ဖြစ်သည်။ فَإِذَا جَآءَتِ ٱلصَّآخَّةُ ٣٣ထို့နောက် နားပင်းစေသည့်အသံသည် (ထွက်ပေါ်)လာသည့်အခါ၊ يَوۡمَ يَفِرُّ ٱلۡمَرۡءُ مِنۡ أَخِيهِ ٣٤ထိုနေ့တွင် လူသားသည် ထွက်ပြေး(တိမ်းရှောင်)မည်၊ သူ၏ညီအစ်ကိုထံမှလည်းကောင်း၊ وَأُمِّهِۦ وَأَبِيهِ ٣٥သူ၏ မိခင်နှင့် ဖခင်ထံမှလည်းကောင်း၊ وَصَٰحِبَتِهِۦ وَبَنِيهِ ٣٦သူ၏ ဇနီးကြင်ရာထံမှလည်းကောင်း၊ သူ၏ သားသမီးများထံမှလည်းကောင်း၊ (ထွက်ပြေးတိမ်းရှောင်နေလိမ့်မည်)။ لِكُلِّ ٱمۡرِيٍٕ مِّنۡهُمۡ يَوۡمَئِذٍ شَأۡنٌ يُغۡنِيهِ ٣٧ထိုနေ့တွင် လူတိုင်း၌ (အခြားမည်သည့်အရာကိုမျှ)ဂရုမစိုက်ဘဲ လုံးပန်းနေစေမည့် အရေးကိစ္စတစ်ခုစီရှိနေမည်ဖြစ်သည်။ وُجُوهٌ يَوۡمَئِذٍ مُّسۡفِرَةٌ ٣٨ထိုနေ့တွင် မျက်နှာအမြောက်အမြားသည် လင်းဝင်းတောက်ပနေကြလိမ့်မည်။ ضَاحِكَةٌ مُّسۡتَبۡشِرَةٌ ٣٩ရယ်မောရွှင်မြူးနေကြမည်။ وَوُجُوهٌ يَوۡمَئِذٍ عَلَيۡهَا غَبَرَةٌ ٤٠ထို့ပြင် ထိုနေ့၌ မျက်နှာအမြောက်အမြား၏ အပေါ်များတွင်မူ မြူမှုန်များရှိနေမည်။ تَرۡهَقُهَا قَتَرَةٌ ٤١ထိုမျက်နှာများပေါ်တွင် အမှောင်သည် ဖုံးလွှမ်းနေမည်။ أُوْلَٰٓئِكَ هُمُ ٱلۡكَفَرَةُ ٱلۡفَجَرَةُ ٤٢ထိုသူများပင် ကာဖိရ်များ၊ ဆိုးသွမ်းသူများ ဖြစ်ကြသည်။