Millat al-Islam

Chapter 81 · 29 verses · Hashim Tin Myint

Surah At-Takwir in Burmese

Arabic with tafsir Listen to Surah At-Takwir (1302 reciters)

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

إِذَا ٱلشَّمۡسُ كُوِّرَتۡ ١‌နေသည် ‌ခေါက်လိပ်ခြင်းကို ခံရသည့်အခါ၊ (အလင်း‌ရောင်မဲ့သွားသည့်အခါ)၊ وَإِذَا ٱلنُّجُومُ ٱنكَدَرَتۡ ٢ထို့ပြင် ကြယ်များ ‌ကြွေကျကြသည့်အခါ၊ وَإِذَا ٱلۡجِبَالُ سُيِّرَتۡ ٣ထို့ပြင် ‌တောင်များသည် ‌ရွေ့လျား‌စေခြင်းကို ခံကြရသည့်အခါ၊ وَإِذَا ٱلۡعِشَارُ عُطِّلَتۡ ٤ထို့ပြင် ဆယ်လ‌စေ့‌နေ‌သော ကိုယ်ဝန်‌ဆောင် ကုလားအုတ်မများသည် (‌ကျောင်းသူမဲ့)စွန့်လွှတ်ထားခြင်းကိုခံကြရသည့်အခါ၊ وَإِذَا ٱلۡوُحُوشُ حُشِرَتۡ ٥ထို့ပြင် ‌တောတိရစ္ဆာန်များသည် စုရုံးခြင်းကိုခံကြရသည့်အခါ၊ وَإِذَا ٱلۡبِحَارُ سُجِّرَتۡ ٦ထို့ပြင် ပင်လယ်များသည်ဆူပွက်‌ခြောက်ခန်း‌စေခြင်းကို ခံကြရသည့်အခါ၊ وَإِذَا ٱلنُّفُوسُ زُوِّجَتۡ ٧ထို့ပြင် အသက်ဝိညာဉ်များသည် စုံဖက်စု‌ပေါင်း‌စေခြင်းကို ခံကြရသည့်အခါ၊ وَإِذَا ٱلۡمَوۡءُۥدَةُ سُئِلَتۡ ٨ထို့ပြင် အရှင်လတ်လတ်မြှုပ်နှံခြင်းကိုခံခဲ့ရ‌သော သမီးမိန်းက‌လေးသည် ‌မေးမြန်းခြင်းကို ခံရသည့်အခါ၊ بِأَيِّ ذَنۢبٍ قُتِلَتۡ ٩မည်သည့်အပြစ်‌ကြောင့် အသတ်ခံခဲ့ရသနည်း(ဟူ၍)၊ وَإِذَا ٱلصُّحُفُ نُشِرَتۡ ١٠ထို့ပြင် (မှတ်တမ်း)စာရွက်များသည် ဖြန့်ထားခြင်းကို ခံကြရသည့်အခါ၊ وَإِذَا ٱلسَّمَآءُ كُشِطَتۡ ١١ထို့ပြင် မိုး‌ကောင်းကင်သည် ဖယ်ရှားခြင်းကို ခံရသည့်အခါ၊ (အဖွင့်ခံရသည့်အခါ)၊ وَإِذَا ٱلۡجَحِيمُ سُعِّرَتۡ ١٢ထို့ပြင် ဂျဟန္နမ်ငရဲသည် မီး‌မွှေးခြင်းကို ခံရသည့်အခါ၊ وَإِذَا ٱلۡجَنَّةُ أُزۡلِفَتۡ ١٣ထို့ပြင် ဂျန္နသ်သုခဘုံသည် အနီးသို့ယူ‌ဆောင်လာခြင်းကိုခံရသည့်အခါ၊ عَلِمَتۡ نَفۡسٌ مَّآ أَحۡضَرَتۡ ١٤လူတိုင်းသည် သူတို့ယူ‌ဆောင်လာခဲ့ကြသည့်အရာ(‌ကောင်းမှု၊ မ‌ကောင်းမှု)များကိုသိသွားကြလိမ့်မည်။ فَلَآ أُقۡسِمُ بِٱلۡخُنَّسِ ١٥ထို့ပြင် ငါအရှင်မြတ်သည် အကြင်‌နောက်ဆုတ်တတ်‌သောကြယ်များကို သက်‌သေထူ‌တော်မူသည်။ ٱلۡجَوَارِ ٱلۡكُنَّسِ ١٦ထိုကြယ်များသည် ‌ဖြောင့်မတ်စွာသွားတတ်‌သော ကွယ်‌ပျောက်သွားတတ်‌သောကြယ်များဖြစ်ကြသည်။ وَٱلَّيۡلِ إِذَا عَسۡعَسَ ١٧ထို့ပြင် ညကို သက်‌သေထူ‌တော်မူသည်။ ထိုညသည် ‌ရောက်လာခဲ့သည့်အခါ။ وَٱلصُّبۡحِ إِذَا تَنَفَّسَ ١٨ထို့ပြင် နံနက်ကို သက်‌သေထူ‌တော်မူသည်။ ထိုနံနက်သည်လင်းလာခဲ့သည့်အခါ။ إِنَّهُۥ لَقَوۡلُ رَسُولٍ كَرِيمٍ ١٩အမှန်စင်စစ် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် မြင့်မြတ်‌သော ‌စေတမန်တစ်ပါး၏ (ယူ‌ဆောင်မှုနှင့်‌ရောက်လာ‌သော အရှင်မြတ်၏ )စကား‌တော်ဖြစ်သည်။ ذِي قُوَّةٍ عِندَ ذِي ٱلۡعَرۡشِ مَكِينٍ ٢٠(ထို‌စေတမန်သည်) အင်အားကြီးမားသူ၊ အရ်ရှ်ပလ်္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ဂုဏ်ရှိသူဖြစ်သည်။ مُّطَاعٍ ثَمَّ أَمِينٍ ٢١ထို(မိုး‌ကောင်းကင်များ)တွင် ဩဇာ‌ညောင်းသူ၊ ယုံကြည်စိတ်ချရသူ (လည်းဖြစ်သည်)။ ###၁ وَمَا صَاحِبُكُم بِمَجۡنُونٍ ٢٢ထို့ပြင် အသင်တို့၏ (ဤ)အ‌ဖော်သည်လည်း ရူးသွပ်သူမဟုတ်‌ပေ။ وَلَقَدۡ رَءَاهُ بِٱلۡأُفُقِ ٱلۡمُبِينِ ٢٣ထို့ပြင် အမှန်စင်စစ် ထို အသင်တို့၏အ‌ဖော်သည် ရှင်းလင်း‌သော မိုးကုပ်စက်ဝိုင်း၌ ထို‌စေတမန်ကို ‌တွေ့မြင်ခဲ့ဖူးသည်။ وَمَا هُوَ عَلَى ٱلۡغَيۡبِ بِضَنِينٍ ٢٤ထို့ပြင် ထိုအသင်တို့၏အ‌ဖော်သည် အကွယ်မှအရာများ(ထဲမှ အရှင်မြတ်အသိ‌ပေးသည့်အရာများ)နှင့်ပတ်သက်၍ ‌စေးနှဲတွန့်တိုသူလည်း မဟုတ်‌ပေ။ ###၂ وَمَا هُوَ بِقَوۡلِ شَيۡطَٰنٍ رَّجِيمٍ ٢٥ထို့ပြင် ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် မည်သည့်နှင်ထုတ်ခြင်းခံရ‌သော ရှိုင်သွာန်၏ ‌ပြောဆိုချက်မျှ မဟုတ်‌ပေ။ فَأَيۡنَ تَذۡهَبُونَ ٢٦ထို့‌နောက် အသင်တို့သည်အဘယ်သို့ သွား‌နေကြသနည်း။ إِنۡ هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ ٢٧ထို(ကုရ်အာန် )သည် စကြဝဠာအားလုံးအတွက် ဆုံးမဩဝါဒပင် ဖြစ်သည်။ لِمَن شَآءَ مِنكُمۡ أَن يَسۡتَقِيمَ ٢٨(အထူးသဖြင့်)အသင်တို့ထဲမှ ‌ဖြောင့်မတ်စွာ သွားလိုသည့်သူများအတွက်ဖြစ်သည်။ وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٢٩ထို့ပြင် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ်္လာဟ် အရှင်မြတ်အလိုရှိ‌တော်မူမှပင် အသင်တို့သည် အလိုရှိနိုင်ကြမည်ဖြစ်သည်။

Translation: Hashim Tin Myint.