Millat al-Islam

Chapter 87 · 19 verses · Hashim Tin Myint

Surah Al-Ala in Burmese

Arabic with tafsir Listen to Surah Al-Ala (1421 reciters)
Meccanسورة الأعلى19 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

سَبِّحِ ٱسۡمَ رَبِّكَ ٱلۡأَعۡلَى ١အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊ အမြင့်မားဆုံးဖြစ်‌တော်မူ‌သော အရှင်မြတ်၏ နာမ‌တော်သန့်ရှင်းစင်ကြယ်‌ကြောင်း ရွတ်ဆိုပါ။ ٱلَّذِي خَلَقَ فَسَوَّىٰ ٢ထိုအရှင်မြတ်သည် (အရာရာကို)ဖန်ဆင်း‌တော်မူပြီး‌နောက် အ‌နေအထားမှန်ကန်စွာ ဖြစ်‌အောင်လည်း ပြုလုပ်‌တော်မူခဲ့သည်။ وَٱلَّذِي قَدَّرَ فَهَدَىٰ ٣ထို့ပြင် အရှင်မြတ်သည် ကြိုတင်စီမံခန့်ခွဲ‌တော်မူပြီး‌နောက် လမ်းဩန်‌တော်မူခဲ့သည်။ وَٱلَّذِيٓ أَخۡرَجَ ٱلۡمَرۡعَىٰ ٤ထို့ပြင် အရှင်မြတ်သည် မြက်ပင် (‌ကောက်ပဲသီးနှံပင်၊ စားကျက်)ကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။ فَجَعَلَهُۥ غُثَآءً أَحۡوَىٰ ٥ထို့ပြင် အရှင်မြတ်သည် ထိုမြက်ပင်များကို မည်းနက်‌သော မြက်‌ခြောက်ဖြစ်‌စေ‌တော်မူခဲ့သည်။ سَنُقۡرِئُكَ فَلَا تَنسَىٰٓ ٦မကြာမီ ငါအရှင်မြတ်သည် အသင့်အား ရွတ်ဖတ်‌စေ‌တော်မူမည်၊ ထို့‌နောက် အသင်သည် ‌မေ့‌လျော့မည် မဟုတ်‌တော့‌ပေ။ ###၁ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ وَمَا يَخۡفَىٰ ٧အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာမှလွဲ၍ အခြားကို(‌မေ့‌လျော့‌တော့မည်မဟုတ်‌ပေ)။ အမှန်စင်စစ် အရှင်မြတ်သည် ‌ပေါ်လွင်ထင်ရှားသည့်အရာနှင့် ဖုံးကွယ်‌နေသည့်အရာများကို သိရှိ‌တော်မူသည်။ وَنُيَسِّرُكَ لِلۡيُسۡرَىٰ ٨ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား တဖြည်းဖြည်း လွယ်ကူမှုဖြစ်‌အောင် ပြုလုပ်‌ပေး‌တော်မူမည်။ ###၂ فَذَكِّرۡ إِن نَّفَعَتِ ٱلذِّكۡرَىٰ ٩သို့ဖြစ်ရာ အကယ်၍ ဆုံးမခြင်းသည် အကျိုးဖြစ်‌စေလျှင် အသင်သည် ဆုံးမပါ။ سَيَذَّكَّرُ مَن يَخۡشَىٰ ١٠(အရှင်မြတ်ကို)‌ကြောက်ရွံ့သည့်သူသည် မကြာမီတရားရမည်။ وَيَتَجَنَّبُهَا ٱلۡأَشۡقَى ١١ထို့ပြင် (အ‌ကြောင်းမလှ)နဖူးစာဆိုးသူကမူ ထို ဆုံးမဩဝါဒမှ ‌သွေဖည်‌နေလိမ့်မည်။ ٱلَّذِي يَصۡلَى ٱلنَّارَ ٱلۡكُبۡرَىٰ ١٢ထိုနဖူးစာဆိုးသူသည် အလွန်ကြီးကျယ်‌သော မီးထဲသို့ ဝင်‌ရောက်ရမည်။ ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ ١٣ထို့ပြင် ထိုသူသည် ထိုမီးထဲတွင် ‌သေဆုံးမည်လည်း မဟုတ်‌ပေ၊ အသက်ရှင်‌နေမည်လည်းမဟုတ်‌ပေ။ قَدۡ أَفۡلَحَ مَن تَزَكَّىٰ ١٤အမှန်စင်စစ် အကြင်သူသည် ‌အောင်မြင်ခဲ့ပြီဖြစ်သည်။ ထိုသူသည်(ကုဖ်ရ်၊ ရှိရ်က်များကို‌ရှောင်ပြီး )စင်ကြယ်သန့်ရှင်းခဲ့သည်။ وَذَكَرَ ٱسۡمَ رَبِّهِۦ فَصَلَّىٰ ١٥ထို့ပြင် ထိုသူသည် သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ နာမ‌တော်ကိုတသပြီး‌နောက် စွလာသ်ဝတ်ပြုခဲ့သည်။ بَلۡ تُؤۡثِرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا ١٦အမှန်စင်စစ်အသင်တို့သည် ‌လောကီဘဝကို ဦးစား‌ပေး‌နေကြသည်။ وَٱلۡأٓخِرَةُ خَيۡرٌ وَأَبۡقَىٰٓ ١٧ထို့ပြင် တမလွန်ဘဝသည် ပို‌ကောင်းသည့်အပြင် ပိုလည်းတည်မြဲသည်။ إِنَّ هَٰذَا لَفِي ٱلصُّحُفِ ٱلۡأُولَىٰ ١٨အမှန်စင်စစ် ဤသည် ပထမပိုင်းက ကျမ်းများတွင်လည်း လာရှိခဲ့ပြီးဖြစ်သည်။ صُحُفِ إِبۡرَٰهِيمَ وَمُوسَىٰ ١٩(တမန်‌တော်)အိဗ်ရာဟီမ်၏(အ‌ပေါ်တွင်ကျခဲ့သည့်)ကျမ်းများနှင့် (တမန်‌တော်) မူစာ၏ (အ‌ပေါ်တွင်ကျခဲ့သည့်)ကျမ်းများတွင်(လာရှိခဲ့သည်)။

Translation: Hashim Tin Myint.