Millat al-Islam

Chapter 86 · 17 verses · Hashim Tin Myint

Surah At-Tariq in Burmese

Arabic with tafsir Listen to Surah At-Tariq (1312 reciters)
Meccanسورة الطارق17 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلسَّمَآءِ وَٱلطَّارِقِ ١(ငါအရှင်မြတ်သည်) မိုး‌ကောင်းကင်နှင့် ညအချိန်တွင် ‌ပေါ်လာသည့်အရာကို သက်‌သေထူ‌တော်မူသည်။ وَمَآ أَدۡرَىٰكَ مَا ٱلطَّارِقُ ٢ထို့ပြင် ညအချိန်တွင်‌ပေါ်လာသည့်အရာသည် မည်သည့်အရာဆိုသည်ကို အသင်(တမန်‌တော်)သိပါ၏‌လော။ ٱلنَّجۡمُ ٱلثَّاقِبُ ٣(ထိုအရာသည်) လင်းဝင်း‌တောက်ပ‌သော ကြယ်ဖြစ်သည်။ إِن كُلُّ نَفۡسٍ لَّمَّا عَلَيۡهَا حَافِظٌ ٤လူတိုင်း တွင် ထိန်းသိမ်း‌စောင့်‌ရှောက်သူ (‌ကောင်းကင်တမန်) တစ်ဦးစီရှိသည်။ ###၁ فَلۡيَنظُرِ ٱلۡإِنسَٰنُ مِمَّ خُلِقَ ٥သို့ဖြစ်ရာ လူသားသည် သူမည်သည့်အရာမှ ဖန်ဆင်းခြင်းခံရသည်ဆိုသည်ကို ကြည့်ရမည်ဖြစ်သည်။ خُلِقَ مِن مَّآءٍ دَافِقٍ ٦ထိုလူသားသည် ပန်းထွက်သည့်အရည်မှ ဖန်ဆင်းခြင်းခံခဲ့ရသည်။ يَخۡرُجُ مِنۢ بَيۡنِ ٱلصُّلۡبِ وَٱلتَّرَآئِبِ ٧ထိုအရည်သည် ‌ကျောရိုးနှင့် နံရိုးများ၏ အကြားမှ ထွက်သည်။ إِنَّهُۥ عَلَىٰ رَجۡعِهِۦ لَقَادِرٌ ٨အမှန်စင်စစ် အရှင်မြတ်သည် ထိုလူသားကို အမှန်ပင် ရှင်ပြန်ထ‌စေနိုင်‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ يَوۡمَ تُبۡلَى ٱلسَّرَآئِرُ ٩လျှို့ဝှက်ချက်များ စစ်‌ဆေးခြင်း‌ဖော်ထုတ်ခြင်းခံရမည့်‌နေ့တွင်၊ فَمَا لَهُۥ مِن قُوَّةٍ وَلَا نَاصِرٍ ١٠ထိုလူသားတွင် မည်သည့်အင်အားမျှ ရှိမည်မဟုတ်သည့်အပြင် မည်သည့်ကူညီမည့်သူမျှလည်းရှိမည်မဟုတ်‌ပေ။ وَٱلسَّمَآءِ ذَاتِ ٱلرَّجۡعِ ١١(ငါအရှင်မြတ်သည်) မိုးရွာသွန်း‌သော မိုး‌ကောင်းကင်ကိုသက်‌သေထူ‌တော်မူသည်။ وَٱلۡأَرۡضِ ذَاتِ ٱلصَّدۡعِ ١٢ထို့ပြင် (အပင်‌ပေါက်သည့်အခါ၊ ‌ရေထွက်သည့်အခါ၊ လူများရှင်ပြန်ထသည့်အခါ) အက်ကွဲ‌သော ‌မြေပထဝီကိုသက်‌သေထူ‌တော်မူသည်။ إِنَّهُۥ لَقَوۡلٌ فَصۡلٌ ١٣အမှန်စင်စစ် ဤ(ကုရ်အာန်)သည် ပြတ်သား‌သော အဆုံးအဖြတ်စကားဖြစ်သည်။ وَمَا هُوَ بِٱلۡهَزۡلِ ١٤ထို့ပြင် ထိုစကား(ကုရ်အာန်)သည် ရယ်စရာအကျိုးမဲ့စကားမဟုတ်‌ပေ။ إِنَّهُمۡ يَكِيدُونَ كَيۡدًا ١٥အမှန်စင်စစ် ထိုသူ(ကာဖိရ်)များသည် အကြံအစည်များကို ကြံစည်‌နေကြသည်။ وَأَكِيدُ كَيۡدًا ١٦ငါအရှင်မြတ်လည်း အကြံအစည်များကို ကြံစည်‌နေ‌တော်မူသည်။ فَمَهِّلِ ٱلۡكَٰفِرِينَ أَمۡهِلۡهُمۡ رُوَيۡدَۢا ١٧သို့ဖြစ်ရာ အသင်သည် ထို ကာဖိရ် များကို ဆိုင်းငံ့ခွင့်‌ပေးလိုက်ပါ။ အသင်သည် သူတို့အား အနည်းငယ် အချိန်ဆွဲ လွှတ်ထားလိုက်ပါ။

Translation: Hashim Tin Myint.