Millat al-Islam

Chapter 96 · 19 verses · Hashim Tin Myint

Surah Al-Alaq in Burmese

Arabic with tafsir Listen to Surah Al-Alaq (1269 reciters)
Meccanسورة العلق19 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

ٱقۡرَأۡ بِٱسۡمِ رَبِّكَ ٱلَّذِي خَلَقَ ١အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ နာမ‌တော်ဖြင့်(အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် (အရာရာကို) ဖန်ဆင်း‌တော်မူခဲ့သည်။ خَلَقَ ٱلۡإِنسَٰنَ مِنۡ عَلَقٍ ٢ထိုအရှင်မြတ်သည် လူသားကို ‌သွေးခဲမှ ဖန်ဆင်း‌တော်မူခဲ့သည်။ ###၁ ٱقۡرَأۡ وَرَبُّكَ ٱلۡأَكۡرَمُ ٣အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်အရက်‌ရောဆုံး ‌ပေးကမ်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ٱلَّذِي عَلَّمَ بِٱلۡقَلَمِ ٤ထိုအရှင်မြတ်သည် က‌လောင်ဖြင့် (စာ‌ရေးနည်းကို)သင်ကြား‌ပေး‌တော်မူခဲ့သည်။ عَلَّمَ ٱلۡإِنسَٰنَ مَا لَمۡ يَعۡلَمۡ ٥အရှင်မြတ်သည် လူသားကို သူမသိခဲ့သည့်အရာများ(ဖြစ်‌သော စာ‌ရေး၊ စာဖတ်၊ လက်မှုပညာ အရပ်ရပ်နှင့် အခြားပညာရပ်များ)ကို သင်ကြား‌ပေး‌တော်မူခဲ့သည်။ كـَلَّآ إِنَّ ٱلۡإِنسَٰنَ لَيَطۡغَىٰٓ ٦အမှန်ပင်၊ မုချလူသားသည် ဆိုးသွမ်းပုန်ကန်‌လေ့ရှိသည်။ أَن رَّءَاهُ ٱسۡتَغۡنَىٰٓ ٧သူသည် မိမိကိုယ်ကို မည်သည့်အရာမျှမလိုဟု ထင်သည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ إِنَّ إِلَىٰ رَبِّكَ ٱلرُّجۡعَىٰٓ ٨အမှန်စင်စစ် ပြန်လည်‌ရောက်ရှိခြင်းသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။ أَرَءَيۡتَ ٱلَّذِي يَنۡهَىٰ ٩အသင်သည် တားမြစ်‌နေ‌သောသူကိုမြင်ခဲ့ပါ၏‌လော၊ عَبۡدًا إِذَا صَلَّىٰٓ ١٠ကျွန်တစ်ဦး(တမန်‌တော်မုဟမ်္မဒ်(ဆွ))ကို၊ ထိုကျွန်သည် စွလာသ် ဝတ်ပြုသည့်အခါ။ أَرَءَيۡتَ إِن كَانَ عَلَى ٱلۡهُدَىٰٓ ١١အသင်မည်သို့ယူဆသနည်း၊ အကယ်၍ ထို(တားမြစ်ခံရ)သူသည် တရားလမ်းမှန်‌ပေါ်တွင်ရှိခဲ့လျှင်၊ أَوۡ أَمَرَ بِٱلتَّقۡوَىٰٓ ١٢သို့မဟုတ်ထို (တားမြစ်ခံရ)သူသည် ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်ရန်အမိန့်‌ပေးခဲ့လျှင်၊(ထိုမျှ‌ကောင်းမှုလုပ်သည်ကို တား‌သောသူသည် ပျက်စီးမည့်သူပင်မဟုတ်သ‌လော)။ أَرَءَيۡتَ إِن كَذَّبَ وَتَوَلَّىٰٓ ١٣အသင်မည်သို့ယူဆသနည်း၊ ထို(တားမြစ် )သူသည် (တမန်‌တော်ကို)မဟုတ်မမှန်ငြင်းပယ်ပြီး (အီမာန်ယုံကြည်မှုမှ) မျက်နှာလွှဲခဲ့လျှင်(မည်သူဆုံးရှုံးမည်နည်း)။ أَلَمۡ يَعۡلَم بِأَنَّ ٱللَّهَ يَرَىٰ ١٤အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် (စွလာသ်ဝတ်ပြုခြင်းမှ တားမြစ်သည်ကို)မြင်‌နေ‌တော်မူသည်ဆိုသည်ကို ထို(တားမြစ်)သူသည် မသိခဲ့သ‌လော။ كـَلَّا لَئِن لَّمۡ يَنتَهِ لَنَسۡفَعَۢا بِٱلنَّاصِيَةِ ١٥အဗူဂျဟလ်သည် တမန်‌တော်မြတ်(ဆွ) စွလာသ်ဝတ်ပြုသည့်အခါ လည်ပင်းကိုညှစ်သတ်မည်ဟု‌ပြောသည့်အတိုင်းသူဟာ)လုံးဝမသတ်နိုင်ခဲ့‌ပေ၊ အကယ်၍သူသည်(သူ၏လုပ်ရပ်ကို)မရပ်စဲခဲ့လျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် (သူ၏ )ဦးစွန်း(သက်ဦးဆံပိုင်)ကို ကိုင်ပြီး ဆွဲ‌တော်မူမည်။ نَاصِيَةٍ كَٰذِبَةٍ خَاطِئَةٍ ١٦မုသား‌ပြောဆို‌လေ့ရှိ‌သော၊ ပြစ်မှုကျူးလွန်‌လေ့ရှိ‌သော ဦးစွန်းကို။ فَلۡيَدۡعُ نَادِيَهُۥ ١٧သို့ဖြစ်ရာ သူသည် သူ၏အ‌ခြွေအရံများကို ‌ခေါ်ပါ‌စေ။ سَنَدۡعُ ٱلزَّبَانِيَةَ ١٨ငါအရှင်မြတ်လည်း မကြာမီငရဲ‌စောင့် ‌ကောင်းကင်တမန်များကို ‌ခေါ်ယူ‌တော်မူမည်။ كـَلَّا لَا تُطِعۡهُ وَٱسۡجُدۡۤ وَٱقۡتَرِب ۩ ١٩(အဗူဂျဟလ်ထင်သကဲ့သို့)လုံးဝမဟုတ်‌ပေ၊ အသင်သည် သူ၏စကားကို မလိုက်နာပါနှင့်၊ ထို့ပြင် အသင်သည် စဂျ်ဒဟ် ဦးချပါ။ ထို့ပြင်အသင်သည် (ဝတ်ပြုပြီး အရှင်မြတ်အပါး‌တော်သို့) နီးကပ်‌အောင်ပြုလုပ်ပါ။ ###၂

Translation: Hashim Tin Myint.