Millat al-Islam

Chapter 95 · 8 verses · Hashim Tin Myint

Surah At-Tin in Burmese

Arabic with tafsir Listen to Surah At-Tin (1299 reciters)
Meccanسورة التين8 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلتِّينِ وَٱلزَّيۡتُونِ ١(ငါအရှင်မြတ်သည်) သဖန်းပင်နှင့် သံလွင်ပင်ကိုသက်‌သေထူ‌တော်မူသည်။ وَطُورِ سِينِينَ ٢ထို့ပြင် သွူရ်‌တောင်ကို သက်‌သေထူ‌တော်မူသည်။ وَهَٰذَا ٱلۡبَلَدِ ٱلۡأَمِينِ ٣ထို့ပြင် ဤ‌ဘေးရန်ကင်း‌သောမြို့ ကို သက်‌သေထူ‌တော်မူသည်။ ###၁ لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِيٓ أَحۡسَنِ تَقۡوِيمٍ ٤အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို အ‌ကောင်းဆုံး ပုံသဏ္ဍာန်နှင့်ဖန်ဆင်း‌တော်မူခဲ့သည်။ ثُمَّ رَدَدۡنَٰهُ أَسۡفَلَ سَٰفِلِينَ ٥ထို့‌နောက် ငါအရှင်မြတ်သည် သူ့အား ညံ့ဖျင်းသူများထက် အညံ့ဖျင်းဆုံးအ‌ခြေအ‌နေသို့ ပြန်‌ရောက်‌စေ‌တော်မူခဲ့သည်။ إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَلَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونٍ ٦သို့ရာတွင် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့သည့်သူများအတွက်ကမူ မကုန်ဆုံးနိုင်‌သော အကျိုး‌ကျေးဇူးများရှိသည်။ فَمَا يُكَذِّبُكَ بَعۡدُ بِٱلدِّينِ ٧ထို(အရာများကို သိရှိပြီးသည့်)‌နောက် အစား‌ပေးခြင်းကို မဟုတ်မမှန်ဟု ငြင်းပယ်ရန် အသင့်အား မည်သူကလှုံ့‌ဆော်သနည်း။ أَلَيۡسَ ٱللَّهُ بِأَحۡكَمِ ٱلۡحَٰكِمِينَ ٨အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအားလုံးထက် အ‌ကောင်းဆုံးတရားစီရင်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်မဟုတ်‌လော။

Translation: Hashim Tin Myint.