بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
ٱقۡتَرَبَ لِلنَّاسِ حِسَابُهُمۡ وَهُمۡ فِي غَفۡلَةٍ مُّعۡرِضُونَ ١လူသားတို့အား စစ်ဆေးရန်အချိန်ကာလသည် သူတို့ ပေါ့ဆစွာ မျက်နှာလွှဲလျက်ရှိနေစဉ်၌ပင် သူတို့နှင့် နီးကပ်လာပြီဖြစ်သည်။ مَا يَأۡتِيهِم مِّن ذِكۡرٍ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ ٢သူတို့ထံသို့ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ မည်သည့်သတိပေးနှိုးဆော်ချက် အသစ်ရောက်လာသည်ဖြစ်စေ သူတို့သည် ထိုသတိပေးနှိုးဆော်ချက်ကို ပြောင်လှောင်လျက် နားထောင်ကြသည်။ لَاهِيَةً قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٌ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ ٣သူတို့၏စိတ်နှလုံးများသည် ဂရုမစိုက်ဘဲလျက် ရှိနေကြသည်။ ထို့ပြင် (ထို)ကျူးလွန်သူများက ဤသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ ထို့နောက် အသင်တို့ သိမြင်နေပါလျက်နှင့် အသင်တို့သည် မှော်(ဆရာ၏စကား)ကို (နားထောင်ရန်)လာကြဦးမည်လောဟု လျှို့ဝှက်စွာ ဆွေးနွေးကြသည်။ قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٤၎င်း(တမန်တော်မုဟမ္မဒ်-ဆွ)က ပြောသည်- ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်နှင့် မြေပထဝီတွင် (ပြောသမျှ)စကားများကို သိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٌ فَلۡيَأۡتِنَا بِـَٔايَةٍ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ ٥ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ်မှာမူ သူတို့က ပြောဆိုကြသည်။ (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) ကယောင်ချောက်ချားမြင်မက်သော အိပ်မက်များပင်ဖြစ်သည်။* ၎င်း(တမန်တော်မုဟမ္မဒ်-ဆွ)သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို လုပ်ကြံ(သီကုံး)ခဲ့သည်။ သို့မဟုတ် အမှန်မှာ ၎င်းသည် ကဗျာဆရာတစ်ဦးပင်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ယခင်ကလူများ စေလွှတ်ခြင်းခံရသကဲ့သို့ ၎င်းလည်း ကျွန်ုပ်တို့ထံသို့ တန်ခိုးတော်တစ်စုံတစ်ခု ယူလာသင့်သည်။ مَآ ءَامَنَتۡ قَبۡلَهُم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَآۖ أَفَهُمۡ يُؤۡمِنُونَ ٦သူတို့မတိုင်မီ ငါအရှင်မြတ် ဖျက်ဆီးတော်မူခဲ့သော မည်သည့်မြို့ရွာမှ (နေထိုင်သောသူများသည် တန်ခိုးတော်များတွေ့မြင်ကြပါလျက်) အီမာန်ယုံကြည်ခဲ့ကြသည် မရှိပေ။ ထို့နောက် ဤသူများသည် ယုံကြည်ကြဦးမည်လော။ وَمَآ أَرۡسَلۡنَا قَبۡلَكَ إِلَّا رِجَالًا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ ٧ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီကလည်း (ကောင်းကင်တမန်များ မဟုတ်သည့်) လူယောက်ျားများကိုပင် သူတို့ထံသို့ ငါအရှင်မြတ်သည် ဝဟီအမိန့်တော်ပို့ချတော်မူ၍ စေလွှတ်တော်မူခဲ့သည်။ သို့ဖြစ်ရာ အကယ်၍ အသင်တို့သည် (အသင်တို့ကိုယ်တိုင်)မသိကြလျှင် ကျမ်းဂန်ရရှိသူများကို မေးမြန်းကြည့်ကြပါ။ وَمَا جَعَلۡنَٰهُمۡ جَسَدًا لَّا يَأۡكُلُونَ ٱلطَّعَامَ وَمَا كَانُواْ خَٰلِدِينَ ٨ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်များ)ကို အစားအစာ မစားသောက်သော ခန္ဓာကိုယ်များအဖြစ် ပြုလုပ်တော်မူခဲ့သည်လည်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် (အသက်မသေဘဲ) အမြဲရှင်သန်နေသူများလည်း မဟုတ်ခဲ့ပေ။ ثُمَّ صَدَقۡنَٰهُمُ ٱلۡوَعۡدَ فَأَنجَيۡنَٰهُمۡ وَمَن نَّشَآءُ وَأَهۡلَكۡنَا ٱلۡمُسۡرِفِينَ ٩ထို့နောက် ငါအရှင်မြတ်သည် ထို(တမန်တော်များ)အတွက် ကတိကိုတည်စေတော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့နှင့် အရှင်မြတ်အလိုရှိတော်မူသောသူများကို ကယ်ဆယ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် စည်းဘောင်ကျော်သူများကို ဖျက်ဆီးပစ်တော်မူခဲ့သည်။ لَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ كِتَٰبًا فِيهِ ذِكۡرُكُمۡۚ أَفَلَا تَعۡقِلُونَ ١٠အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ အကြင်ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူခဲ့ပြီးဖြစ်သည်။ ထိုုကျမ်းဂန်၌ အသင်တို့အား သတိပေးနှိုးဆော်ချက်(များ)ပါရှိသည်။ သို့ပင်ဖြစ်ငြားလည်း အသင်တို့သည် မသိနားမလည်ကြသလော။ وَكَمۡ قَصَمۡنَا مِن قَرۡيَةٍ كَانَتۡ ظَالِمَةً وَأَنشَأۡنَا بَعۡدَهَا قَوۡمًا ءَاخَرِينَ ١١ထို့ပြင် ငါအရှင်မြတ်သည် ကျူးလွန်နေသော မြို့ရွာအမြောက်အမြားကို ဖျက်ဆီးတော်မူခဲ့သည်။ ထို့ပြင် ထိုမြို့ရွာများ၏နောက်တွင် ငါအရှင်မြတ်သည် အခြားလူမျိုးများကို ပေါ်ထွန်းစေတော်မူခဲ့သည်။ فَلَمَّآ أَحَسُّواْ بَأۡسَنَآ إِذَا هُم مِّنۡهَا يَرۡكُضُونَ ١٢ထို့နောက် ထို(မတရားအပြစ်ကျူးလွန်သည့်)မြို့ရွာသားများသည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို ခံစား(သိမြင်)ကြရသောအခါ သူတို့သည် ထိုမြို့ရွာများမှ ချက်ချင်းထွက်ပြေးကြသည်။ لَا تَرۡكُضُواْ وَٱرۡجِعُوٓاْ إِلَىٰ مَآ أُتۡرِفۡتُمۡ فِيهِ وَمَسَٰكِنِكُمۡ لَعَلَّكُمۡ تُسۡـَٔلُونَ ١٣(ကောင်းကင်တမန်များက သူတို့ကို ပြောင်လှောင်သည့်အနေနှင့် ပြောဆိုကြသည်)- “အသင်တို့ မပြေးကြနှင့်။ ထို့ပြင် အသင်တို့သည် စည်းစိမ်အဖြစ် ပေးထားသော ပစ္စည်းဥစ္စာများနှင့် အသင်တို့၏နေအိမ်များထံသို့ ပြန်ခဲ့ကြပါ။ အသင်တို့သည် မေးမြန်းခံရဦးမည်ဖြစ်သည်။“ قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ١٤သူတို့က ပြောဆိုကြသည်- “ဪ- ဖြစ်မှဖြစ်ရလေခြင်း၊ အမှန်စင်စစ် ငါတို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်ပင်။“ فَمَا زَالَت تِّلۡكَ دَعۡوَىٰهُمۡ حَتَّىٰ جَعَلۡنَٰهُمۡ حَصِيدًا خَٰمِدِينَ ١٥ငါအရှင်မြတ်သည် သူတို့အား ရိတ်သိမ်းပြီးဖြစ်သော လယ်ယာအဖြစ်၊ ငြိမ်းသွားသည့် မီးအဖြစ်(ပြာပုံကဲ့သို့ ငြိမ်ဝပ်သွားအောင်)ပြုလုပ်တော်မူခဲ့သည်အထိ သူတို့၏ကြွေးကြော်မှုသည် အမြဲမပြတ် ထိုအရာ(“ဪ- ဖြစ်မှဖြစ်ရလေခြင်း၊ အမှန်စင်စစ် ငါတို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်ပင်။“)ဟူ၍ဖြစ်ခဲ့သည်။ وَمَا خَلَقۡنَا ٱلسَّمَآءَ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ ١٦ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်၊ မြေပထဝီနှင့် ထိုနှစ်ခုအကြားရှိသည်များကို ကစားစရာအဖြစ် ဖန်ဆင်းထားသည် မဟုတ်ပေ။ لَوۡ أَرَدۡنَآ أَن نَّتَّخِذَ لَهۡوًا لَّٱتَّخَذۡنَٰهُ مِن لَّدُنَّآ إِن كُنَّا فَٰعِلِينَ ١٧ထို့ပြင် ငါအရှင်မြတ်သည် အပျင်းပြေ အနားယူ ကစားရန် ရည်ရွယ်တော်မူခဲ့လျှင်၊ အကယ်၍ ငါအရှင်မြတ်သည် (ကစားစရာ)ပြုလုပ်တော်မူမည့်အရှင်ဖြစ်တော်မူခဲ့လျှင်၊ ငါအရှင်မြတ်သည် ထိုအနားယူ ကစားစရာကို အမှန်စင်စစ် ငါအရှင်မြတ်ထံတော်၌သာ ပြုလုပ်ထားတော်မူမည်ဖြစ်သည်။ بَلۡ نَقۡذِفُ بِٱلۡحَقِّ عَلَى ٱلۡبَٰطِلِ فَيَدۡمَغُهُۥ فَإِذَا هُوَ زَاهِقٌۚ وَلَكُمُ ٱلۡوَيۡلُ مِمَّا تَصِفُونَ ١٨ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အမှန်ကို အမှားပေါ်တွင် ပစ်ပေါက်တော်မူသည်။ ထို့ပြင် ထိုအမှန်က ၎င်းအမှား၏(တည်မြဲနေသည့်အင်အား)ဦးနှောက်ကို ထုတ်ပစ်လိုက်သည်။ သို့ဖြစ်ရာ ထိုအမှားသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထို့ပြင် အသင်တို့တွင် အသင်တို့၏ လုပ်ကြံစွပ်စွဲပြောဆိုချက်များကြောင့် ပျက်စီးခြင်းရှိသည်။ وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَنۡ عِندَهُۥ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَلَا يَسۡتَحۡسِرُونَ ١٩ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသူအားလုံးသည် အရှင်မြတ်ပိုင်ဆိုင်တော်မူသောသူများပင် ဖြစ်ကြသည်။ ထို့ပြင် အရှင်မြတ်၏အပါးတော်တွင်ရှိနေသည့်သူများသည် အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းမှ မာနမထောင်လွှားကြသည့်အပြင် မမောပန်းကြပေ။ يُسَبِّحُونَ ٱلَّيۡلَ وَٱلنَّهَارَ لَا يَفۡتُرُونَ ٢٠သူတို့သည် (အရှင်မြတ်)စင်ကြယ်တော်မူကြောင်းကို နေ့ညမပြတ် အမြဲရွတ်ဆိုနေကြသည်။ မရပ်တန့်ကြပေ။ أَمِ ٱتَّخَذُوٓاْ ءَالِهَةً مِّنَ ٱلۡأَرۡضِ هُمۡ يُنشِرُونَ ٢١သူတို့(မုရှ်ရိက်)များသည် မြေကြီးနှင့် ပြုလုပ်ထားသည့်အရာများကို ကိုးကွယ်ရာများအဖြစ် ပြုလုပ်ထားကြသလော၊ ထိုအရာများသည် ရှင်ပြန်ထစေနိုင်ကြသလော။ لَوۡ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَاۚ فَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَرۡشِ عَمَّا يَصِفُونَ ٢٢အကယ်၍ ထို(မိုးနှင့်မြေ)နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင်များ ရှိခဲ့ကြလျှင် (မိုးနှင့်မြေ)နှစ်ခုစလုံးသည် အမှန်ပင် ပျက်စီးခဲ့ပြီး ဖြစ်ကြလိမ့်မည်။* သို့ဖြစ်ရာ အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံစွပ်စွဲပြောဆိုသည်များမှ စင်ကြယ်တော်မူသည်။ لَا يُسۡـَٔلُ عَمَّا يَفۡعَلُ وَهُمۡ يُسۡـَٔلُونَ ٢٣အရှင်မြတ်သည် အရှင်မြတ်ပြုလုပ်တော်မူသောကစ္စများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်း ခံရမည်မဟုတ်ပေ။ ထို့ပြင် သူတို့ကမူ (သူတို့ပြုလုပ်ကြသော အမှုကိစ္စများနှင့်ပတ်သက်၍) စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။ أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةًۖ قُلۡ هَاتُواْ بُرۡهَٰنَكُمۡۖ هَٰذَا ذِكۡرُ مَن مَّعِيَ وَذِكۡرُ مَن قَبۡلِيۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٱلۡحَقَّۖ فَهُم مُّعۡرِضُونَ ٢٤သို့မဟုတ် ထို(မုရှ်ရိက်)များသည် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာများ ပြုလုပ်ထားကြသလော။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် အသင်တို့၏သက်သေသာဓက အထောက်အထားကို ယူဆောင်ခဲ့ကြပါ။ ဤ(ကုရ်အာန်)သည် ငါနှင့်အတူ ရှိကြသည့်သူများ၏ဆုံးမဩဝါဒဖြစ်သည်သာမက၊ ငါ၏မတိုင်မီက ရှိခဲ့ကြသောသူများ၏ဆုံးမဩဝါဒလည်းဖြစ်သည်။ (ထိုအထဲတွင် ငါတို့အတွက်သာမက သူတို့အတွက်လည်း ယခင်ကျမ်းစာများ သောင်ရာသ်၊ အင်န်ဂျီလ်စသည်တို့တွင် ပါဝင်ခဲ့သည့်အတိုင်း ကိုးကွယ်ထိုက်သည့်အရှင် တစ်ပါးတည်းပင်ဖြစ်သည်ဆိုသည့်အကြောင်း ပါရှိသည်)။ သို့ပင်ဖြစ်ငြားလည်း သူတို့ထဲမှ အမြောက်အမြားသည် အမှန်ကို မသိကြပေ။ သို့ဖြစ်ရာ သူတို့သည် မျက်နှာလွှဲနေကြသည်။ وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ စေလွှတ်တော်မူခဲ့သော မည်သည့် တမန်တော်ထံပင်ဖြစ်စေ “စင်စစ် ငါအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိပေ၊ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ“ဟု အမိန့်တော် ထုတ်ပြန်တော်မူခဲ့သည်ချည်းပင်ဖြစ်သည်။ وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدًاۗ سُبۡحَٰنَهُۥۚ بَلۡ عِبَادٌ مُّكۡرَمُونَ ٢٦ထို့ပြင် သူတို့က ရဟ်မာန်အနန္တကရုဏာတော်ရှင်သည် (ကောင်းကင်တမန်များကို) သားသမီးအဖြစ် ပြုလုပ်တော်မူခဲ့သည်ဟု (စွပ်စွဲ)ပြောဆိုကြသည်။ အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူသည်။ အမှန်စင်စစ် သူတို့သည် အရှင်မြတ်၏ မြင့်မြတ်သောကျွန်မျးပင်ဖြစ်ကြသည်။ لَا يَسۡبِقُونَهُۥ بِٱلۡقَوۡلِ وَهُم بِأَمۡرِهِۦ يَعۡمَلُونَ ٢٧သူတို့သည် အရှင်မြတ်၏ရှေ့ကို ကျူးပြီး စကားပြောဆိုနိုင်ခြင်းမရှိပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်၏အမိန့်တော်ကိုပင် လိုက်နာဆောင်ရွက်ကြသည်။ يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يَشۡفَعُونَ إِلَّا لِمَنِ ٱرۡتَضَىٰ وَهُم مِّنۡ خَشۡيَتِهِۦ مُشۡفِقُونَ ٢٨အရှင်မြတ်သည် သူတို့၏ရှေ့နောက် အကြောင်းကိစ္စအားလုံးကို သိတော်မူသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်ကျေနပ်နှစ်သက်သည့်သူမှလွဲ၍ မည်သူ၏အတွက်မှ ကြားဝင် အသနားခံနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်အား ကြောက်ရွံ့မှုကြောင့် အမြဲစိုးရိမ်လျက်ပင် ရှိကြသည်။ ۞ وَمَن يَقُلۡ مِنۡهُمۡ إِنِّيٓ إِلَٰهٌ مِّن دُونِهِۦ فَذَٰلِكَ نَجۡزِيهِ جَهَنَّمَۚ كَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ ٢٩ထို့ပြင် သူတို့ထဲမှ မည်သူမဆို အမှန်ပင် ငါသည် အရှင်မြတ်အပြင် ကိုးကွယ်ထိုက်သည့်အရှင် (တစ်ပါး)ဖြစ်သည်ဟုပြောဆိုလျှင် သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူ့အား ငရဲဘုံ၏ပြစ်ဒဏ်ကို ပေးတော်မူမည်။ ငါအရှင်မြတ်သည် ကျူးလွန်သူများကို ဤသို့ပင် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ أَوَلَمۡ يَرَ ٱلَّذِينَ كَفَرُوٓاْ أَنَّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ كَانَتَا رَتۡقًا فَفَتَقۡنَٰهُمَاۖ وَجَعَلۡنَا مِنَ ٱلۡمَآءِ كُلَّ شَيۡءٍ حَيٍّۚ أَفَلَا يُؤۡمِنُونَ ٣٠ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီသည် ပူးတွဲပေါင်းစပ်လျက်ရှိခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုနှစ်ခုကို ခွဲခြားပေးတော်မူခဲ့သည်။* (ထိုအရာကို) ကာဖိရ်များသည် မသိမမြင်ခဲ့ကြသလော။ ထို့ပြင် ငါအရှင်မြတ်သည် ရှန်သန်နေသည့်အရာ (သတ္တဝါ)အားလုံးကို ရေနှင့် ဖန်ဆင်းတော်မူခဲ့သည်။* ထို့နောက်လည်း သူတို့သည် အီမာန်ယုံကြည်ခြင်းမရှိကြသလော။ وَجَعَلۡنَا فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِهِمۡ وَجَعَلۡنَا فِيهَا فِجَاجًا سُبُلًا لَّعَلَّهُمۡ يَهۡتَدُونَ ٣١ထို့ပြင် ငါအရှင်မြတ်သည် မြေပထဝီတွင် ထိုမြေကြီးသည် သူတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်း မရှိနိုင်ရန်အတွက် တောင်များကို(ကျောက်ဆူများအဖြစ်)ချထားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့လိုရာသို့ ရောက်ရှိနိုင်ကြရန်အတွက် ထိုတောင်များတွင် တောင်ကြားများကို လမ်းများအဖြစ်ပြုလုပ်ထားတော်မူခဲ့သည်။ وَجَعَلۡنَا ٱلسَّمَآءَ سَقۡفًا مَّحۡفُوظًاۖ وَهُمۡ عَنۡ ءَايَٰتِهَا مُعۡرِضُونَ ٣٢ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို (မပြိုအောင်)ထိန်းသိမ်းပြီးဖြစ်သော အမိုးပြုလုပ်တော်မူခဲ့သည်။ ထို့နောက် သူတို့သည် ထိုမိုးကောင်းကင်ရှိ သက်သေလက္ခဏာများမှ မျက်နှာလွှဲလျက်ရှိကြသည်။ وَهُوَ ٱلَّذِي خَلَقَ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ كُلٌّ فِي فَلَكٍ يَسۡبَحُونَ ٣٣ထို့ပြင် အရှင်မြတ်ကပင် ညနှင့်နေ့သာမက နေနှင့်လကိုလည်း ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ အရာတိုင်းသည် သွားရာလမ်းကြောင်းများတွင် လှည့်ပတ်သွားလာ လှုပ်ရှားနေကြသည်။ وَمَا جَعَلۡنَا لِبَشَرٍ مِّن قَبۡلِكَ ٱلۡخُلۡدَۖ أَفَإِيْن مِّتَّ فَهُمُ ٱلۡخَٰلِدُونَ ٣٤ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ မည်သည့်လူသားကိုမျှ အမြဲနေရမည့်သူ (မသေသည့်သူ)အနေဖြင့် ပြုလုပ်တော်မမူခဲ့ပေ။ သို့ဖြစ်ရာ အကယ်၍ အသင်သည် သေဆုံးခဲ့လျှင် သူတို့သည် အမြဲနေကြရမည့်သူများ ဖြစ်ပါသလော။ كُلُّ نَفۡسٍ ذَآئِقَةُ ٱلۡمَوۡتِۗ وَنَبۡلُوكُم بِٱلشَّرِّ وَٱلۡخَيۡرِ فِتۡنَةًۖ وَإِلَيۡنَا تُرۡجَعُونَ ٣٥သက်ရှိသတ္တဝါတိုင်းသည် သေခြင်း(၏အရသာ)ကို မြည်းစမ်းရမည့်သူများပင် ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို ဆိုးသည့်အခြေအနေနှင့် ကောင်းသည့်အခြေအနေတွင် စမ်းသပ်တော်မူမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ထံတော်သို့ အသင်တို့သည် ပြန်လည်ရောက်ရှိစေခြင်းကို ခံကြရမည်ဖြစ်သည်။ وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓاْ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي يَذۡكُرُ ءَالِهَتَكُمۡ وَهُم بِذِكۡرِ ٱلرَّحۡمَٰنِ هُمۡ كَٰفِرُونَ ٣٦ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် အသင့်အား မြင်ကြသည့်အခါ သူတို့သည် အသင့်အား ပြောင်လှောင်မှုပြုကြသည်။ သူတို့သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်နှင့်ပတ်သက်၍ ပြောဆိုသည်ကိုပင် ငြင်းပယ်သူများဖြစ်ကြလျက် “အသင်တို့၏ ကိုးကွယ်ရာ အရှင်သခင်များကို (ကဲ့ရဲ့)ပြောဆိုသူသည် ဤသူလော“(ဟု အချင်းချင်းပြောဆိုကြသည်)။ خُلِقَ ٱلۡإِنسَٰنُ مِنۡ عَجَلٍۚ سَأُوْرِيكُمۡ ءَايَٰتِي فَلَا تَسۡتَعۡجِلُونِ ٣٧လူသားသည် အလျင်လိုမှုနှင့် ဖန်ဆင်းခြင်းခံရသည်။ မကြာမီ ငါအရှင်မြတ်သည် အရှင်မြတ်၏သက်သေ လက္ခဏာတော်များကို အသင်တို့အား ပြသတော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် အလျင်မလိုကြနှင့်။ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ٣٨ထို့ပြင် သူတို့က ပြောဆိုကြသည်- “အကယ်၍ အသင်တို့သည် မှန်ကန်စွာ ပြောဆိုသူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါရောက်မည်နည်း။“ لَوۡ يَعۡلَمُ ٱلَّذِينَ كَفَرُواْ حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ ٱلنَّارَ وَلَا عَن ظُهُورِهِمۡ وَلَا هُمۡ يُنصَرُونَ ٣٩အကယ်၍ ကာဖိရ်များသည် အကြင်အချိန်ကို သိကြလျှင် (ထိုသို့ ပြောကြမည်မဟုတ်ပေ)။ ထိုအချိန်တွင် သူတို့၏မျက်နှာများနှင့် သူတို့၏ကျောများမှ မီးကို တားဆီးနိုင်ကြမည် မဟုတ်ပေ။ ထို့ပြင် မည်သည့်အကူအညီမှလည်း ရကြမည်မဟုတ်ပေ။ بَلۡ تَأۡتِيهِم بَغۡتَةً فَتَبۡهَتُهُمۡ فَلَا يَسۡتَطِيعُونَ رَدَّهَا وَلَا هُمۡ يُنظَرُونَ ٤٠အမှန်စင်စစ် ထိုမီးသည် သူတို့ထံသို့ ရုတ်တရက်ရောက်လာပြီးလျှင် သူတို့အား တွေဝေသွားစေမည်ဖြစ်သည်။ ထို့နောက် သူတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် ဆိုင်ငံ့ခွင့်လည်း ရရှိကြမည် မဟုတ်ပေ။ وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٍ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٤١ထို့ပြင် အမှန်ပင် အသင်၏မတိုင်မီက တမန်တော်များသည်လည်း ပြောင်လှောင်မှုကို ခံခဲ့ကြရသည်။ သို့ဖြစ်ရာ ထိုတမန်တော်များအား ပြောင်လှောင်သူများကို ထိုပြောင်လှောင်မှု၏ပြစ်ဒဏ်က ဝိုင်းရံခဲ့သည်။ قُلۡ مَن يَكۡلَؤُكُم بِٱلَّيۡلِ وَٱلنَّهَارِ مِنَ ٱلرَّحۡمَٰنِۚ بَلۡ هُمۡ عَن ذِكۡرِ رَبِّهِم مُّعۡرِضُونَ ٤٢(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့အား ညနှင့်နေ့တွင် ရဟ်မာန်အနန္တကရုဏာတော်ရှင်(၏ ပြစ်ဒဏ်)မှ မည်သူကာကွယ်စောင့်ရှောက်ထားသနည်း။ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို သတိရတသခြင်းမှ မျက်နှာလွှဲနေသူများပင်ဖြစ်ကြသည်။ أَمۡ لَهُمۡ ءَالِهَةٌ تَمۡنَعُهُم مِّن دُونِنَاۚ لَا يَسۡتَطِيعُونَ نَصۡرَ أَنفُسِهِمۡ وَلَا هُم مِّنَّا يُصۡحَبُونَ ٤٣သို့မဟုတ် သူတို့တွင် ငါအရှင်မြတ်မှလွဲ၍ သူတို့ကို ကာကွယ်မည့်ကိုးကွယ်ရာများ ရှိကြသလော။ အမှန်စင်စစ် ထိုကိုးကွယ်ရာများသည် သူတို့ကိုယ်သူတို့ပင် ကူညီရန် တတ်စွမ်းနိုင်သည် မဟုတ်ကြပေ။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်(၏ ပြစ်ဒဏ်)မှ ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ بَلۡ مَتَّعۡنَا هَٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ طَالَ عَلَيۡهِمُ ٱلۡعُمُرُۗ أَفَلَا يَرَوۡنَ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَآۚ أَفَهُمُ ٱلۡغَٰلِبُونَ ٤٤အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့နှင့် သူတို့၏အဘ၊ ဘိုး၊ ဘေးများကို သူတို့အပေါ်တွင် အသက်များ ရှည်လျားသွားသည်အထိ အကျိုးခံစားခွင့်ပေးသနားတော်မူခဲ့သည်။ ငါအရှင်မြတ်သည် (မက္ကဟ်မြို့၏)မြေကို ဘေးပတ်ဝန်းကျင်များမှ (တဖြည်းဖြည်း)လျော့နည်း(ကျဉ်းမြောင်း)အောင် ပြုလုပ်လာတော်မူသည်ကို သူတို့သည် မမြင်ကြသလော။ သို့ဖြစ်ရာ သူတို့သည် အောင်မြင်သူများ ဖြစ်ကြဦးမည်လော။ قُلۡ إِنَّمَآ أُنذِرُكُم بِٱلۡوَحۡيِۚ وَلَا يَسۡمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ ٤٥(အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် အသင်တို့ကို ဝဟီအမိန့်တော်နှင့် သတိပေးနှိုးဆော်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နားပင်းသူများကမူ သတိပေးနှိုးဆော်ခြင်းခံကြရသည့်အခါ ဟစ်အော်သည်ကိုပင် မကြားကြပေ။ وَلَئِن مَّسَّتۡهُمۡ نَفۡحَةٌ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ٤٦ထို့ပြင် အမှန်ပင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ပြစ်ဒဏ်မှ ငွေ့မျှပင် သူတို့အပေါ်၌ သက်ရောက်ခဲ့လျှင် မုချသူတို့က ပြောဆိုကြမည်- “ဪ- ဖြစ်မှဖြစ်ရလေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်။“ وَنَضَعُ ٱلۡمَوَٰزِينَ ٱلۡقِسۡطَ لِيَوۡمِ ٱلۡقِيَٰمَةِ فَلَا تُظۡلَمُ نَفۡسٌ شَيۡـًٔاۖ وَإِن كَانَ مِثۡقَالَ حَبَّةٍ مِّنۡ خَرۡدَلٍ أَتَيۡنَا بِهَاۗ وَكَفَىٰ بِنَا حَٰسِبِينَ ٤٧ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ်နေ့တွင် မျှတသောချိန်ခွင်များ*ကို ထားတော်မူမည်။ သို့ဖြစ်ရာ မည်သူမျှ အနည်းငယ်မျှပင် မတရားနှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ ထို့ပြင် အကယ်၍ (တစ်စုံတစ်ဦးတွင်) မုန်ညင်းစေ့ခန့် အလေးချိန်ရှိသော (ကောင်းမှု)ရှိလျှင်လည်း ငါအရှင်မြတ်သည် ထိုမုန်ညင်းစေ့ခန့်(ကောင်းမှု)ကိုလည်း (ရှေ့၌)ယူဆောင်လာမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ပင် စစ်ဆေးသူအဖြစ် လုံလောက်တော်မူသည်။ وَلَقَدۡ ءَاتَيۡنَا مُوسَىٰ وَهَٰرُونَ ٱلۡفُرۡقَانَ وَضِيَآءً وَذِكۡرًا لِّلۡمُتَّقِينَ ٤٨ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရူန်ကို အမှားနှင့်အမှန် ခွဲခြားစေသည့်အရာ၊ အလင်းရောင်တစ်ခုလည်းဖြစ်ပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သည့်သူများအတွက် ဆုံးမဩဝါဒလည်းဖြစ်သော (သောင်ရာသ်)ကျမ်းကို ပေးသနားတော်မူခဲ့သည်။ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَهُم مِّنَ ٱلسَّاعَةِ مُشۡفِقُونَ ٤٩ထို(ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်)သူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား မမြင်ကြပါဘဲလျက် ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် ကိယာမသ်နေ့ကိုလည်း ကြောက်ရွံ့စိုးရိမ်သူများဖြစ်ကြသည်။ وَهَٰذَا ذِكۡرٌ مُّبَارَكٌ أَنزَلۡنَٰهُۚ أَفَأَنتُمۡ لَهُۥ مُنكِرُونَ ٥٠ထို့ပြင် ဤသည် မဂင်္လာအပေါင်းနှင့်ပြည့်စုံသော ဆုံးမစာတစ်စောင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုဆုံးမစာကို ချပေးတော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် ထိုဆုံးမစာကိုပင် ငြင်းပယ်သည့်သူများ ဖြစ်ကြသလော။ ۞ وَلَقَدۡ ءَاتَيۡنَآ إِبۡرَٰهِيمَ رُشۡدَهُۥ مِن قَبۡلُ وَكُنَّا بِهِۦ عَٰلِمِينَ ٥١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)အိဗ်ရာဟီမ်ကို ယခင်ကတည်းက* ၎င်း၏အမှန်ကို သိတတ်သည့်ပညာဉာဏ်အမြော်အမြင်ကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا هَٰذِهِ ٱلتَّمَاثِيلُ ٱلَّتِيٓ أَنتُمۡ لَهَا عَٰكِفُونَ ٥٢တစ်ခါက ၎င်းသည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ပြောဆိုခဲ့သည်- “အသင်တို့ ကိုးကွယ်နေကြသော ဤရုပ်တုများသည် မည်သို့သောအရာများနည်း။“ قَالُواْ وَجَدۡنَآ ءَابَآءَنَا لَهَا عَٰبِدِينَ ٥٣ထိုအမျိုးသားများက ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးများကို ဤရုပ်တုများအား ကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြသည်။“ قَالَ لَقَدۡ كُنتُمۡ أَنتُمۡ وَءَابَآؤُكُمۡ فِي ضَلَٰلٍ مُّبِينٍ ٥٤၎င်းကပြောသည်၊ “အမှန်စင်စစ် အသင်တို့သာမက အသင်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်း ထင်ရှားသော လမ်းမှားမှုထဲတွင် ရှိခဲ့ကြသည်။“ قَالُوٓاْ أَجِئۡتَنَا بِٱلۡحَقِّ أَمۡ أَنتَ مِنَ ٱللَّٰعِبِينَ ٥٥သူတို့က ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့ထံသို့ အမှန်ယူဆောင်လာခဲ့သလော၊ သို့မဟုတ် အသင်သည် ပြောင်လှောင်သူတစ်ဦးလော။“ قَالَ بَل رَّبُّكُمۡ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلَّذِي فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّٰهِدِينَ ٥٦၎င်းက ပြောသည်- “ထိုသို့ မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို စိုးပိုင်တော်မူသော အကြင်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါသည် ထိုအရာနှင့်ပတ်သက်၍ သက်သေများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။“ وَتَٱللَّهِ لَأَكِيدَنَّ أَصۡنَٰمَكُم بَعۡدَ أَن تُوَلُّواْ مُدۡبِرِينَ ٥٧ထို့ပြင် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြောမည်၊ ငါသည် အသင်တို့၏ (ကိုးကွယ်ရာများဖြစ်သည့်) ရုပ်တုများနှင့်ပတ်သက်၍ အသင်တို့ပြန်သွားကြပြီးနောက် လျှို့ဝှက်အကြံအစည် ပြုလုပ်မည်ဖြစ်သည်။ فَجَعَلَهُمۡ جُذَٰذًا إِلَّا كَبِيرًا لَّهُمۡ لَعَلَّهُمۡ إِلَيۡهِ يَرۡجِعُونَ ٥٨ထို့နောက် ၎င်း(အိဗ်ရာဟီမ်)သည် ထိုရုပ်တုများကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင်ပြုလုပ်ခဲ့သည်။ သို့ရာတွင် သူတို့ထဲမှ အကြီးဆုံးကိုမူ ချန်ထားခဲ့သည်။* သို့မှသာ သူတို့သည် သူ(ရုပ်တုကြီး)ထံသို့ (စုံစမ်းရန်) ပြန်လာကောင်း ပြန်လာကြမည်။ قَالُواْ مَن فَعَلَ هَٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّٰلِمِينَ ٥٩သူတို့က ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား မည်သူသည် ဤသို့ ပြုလုပ်ခဲ့သနည်း။ အမှန်ပင် ထိုသူသည် ကျူးကျော်စော်ကားသူ တစ်ဦးပင်ဖြစ်သည်။ قَالُواْ سَمِعۡنَا فَتًى يَذۡكُرُهُمۡ يُقَالُ لَهُۥٓ إِبۡرَٰهِيمُ ٦٠ထိုအမျိုးသားများက ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အိဗ်ရာဟီမ်ဟုခေါ်သော လူငယ်တစ်ဦးကို ဤ(ကျွန်ုပ်တို့၏ကိုးကွယ်ရာ)များအား (ပြစ်တင်)ပြောဆိုသည်ကို ကြားဖူးခဲ့ကြသည်။ قَالُواْ فَأۡتُواْ بِهِۦ عَلَىٰٓ أَعۡيُنِ ٱلنَّاسِ لَعَلَّهُمۡ يَشۡهَدُونَ ٦١သူတို့က သို့ဖြစ်လျှင် အသင်တို့သည် ၎င်းကို လူများ၏ရှေ့မှောက်၌ သူတို့မြင်နိုင်ကြရန် ခေါ်ဆောင်လာခဲ့ကြပါဟု ပြောဆိုကြသည်။ قَالُوٓاْ ءَأَنتَ فَعَلۡتَ هَٰذَا بِـَٔالِهَتِنَا يَٰٓإِبۡرَٰهِيمُ ٦٢သူတို့က ပြောဆို(မေးမြန်း)ခဲ့ကြသည်- “အို- အိဗ်ရာဟီမ်၊ အသင်သည်ပင် ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား ဤသို့ပြုလုပ်ခဲ့သလော။“ قَالَ بَلۡ فَعَلَهُۥ كَبِيرُهُمۡ هَٰذَا فَسۡـَٔلُوهُمۡ إِن كَانُواْ يَنطِقُونَ ٦٣၎င်း(တမန်တော်အိဗ်ရာဟီမ်)က ပြောသည်- ထိုသို့မဟုတ်၊ အမှန်စင်စစ် သူတို့၏အကြီးအကဲဖြစ်သော ဤ(ရုပ်တုကြီး)ကပင် ဤသို့ ပြလုပ်(သည်နှင့်တူ)သည်။ သို့ဖြစ်ရာ အသင်တို့သည် ၎င်း(ရုပ်တုကြီးတွင် ပြုလုပ်နိုင်သော အင်အားရှိလျှင် ရုပ်တုလေးများ၌ စကားပြောနိုင်တဲ့ အင်အားလည်း ရှိနိုင်လိမ့်မယ်၊ အဲဒါကြောင့် အသင်တို့သည် သူတို့)ကိုပင် အကယ်၍ သူတို့သည် စကားပြောဆိုနိုင်ကြလျှင် မေးမြန်းလိုက်ကြပါ။ فَرَجَعُوٓاْ إِلَىٰٓ أَنفُسِهِمۡ فَقَالُوٓاْ إِنَّكُمۡ أَنتُمُ ٱلظَّٰلِمُونَ ٦٤သူတို့သည် သူတို့၏စိတ်ထဲတွင် ပြောဆို(စဉ်းစား)ကြသည်။ ထို့ပြင် သူတို့သည် (သူတို့အချင်းချင်း)ပြောဆိုခဲ့ကြသည်- “အမှန်စင်စစ် အသင်တို့ပင် အမှားကို ကျူးလွန်သူများဖြစ်ကြသည်။“ ثُمَّ نُكِسُواْ عَلَىٰ رُءُوسِهِمۡ لَقَدۡ عَلِمۡتَ مَا هَٰٓؤُلَآءِ يَنطِقُونَ ٦٥ထို့နောက် သူတို့သည် သူတို့၏ဦးခေါင်းများကို အောက်စိုက်လျက် ပြောဆိုခဲ့ကြသည်- “ဤရုပ်တုများသည် စကားမပြောနိုင်ကြသည်ကို အသင် အသိပင်ဖြစ်သည်။“ قَالَ أَفَتَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمۡ شَيۡـًٔا وَلَا يَضُرُّكُمۡ ٦٦၎င်း(တမန်တော် အိဗ်ရာဟီမ်)ကပြောသည်- “သို့ဖြစ်ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အကြင်အရာကို ကိုးကွယ်ကြသလော။ ထိုအရာသည် အသင်တို့အား အကျိုးလည်း မဖြစ်ထွန်းစေနိုင်ပေ၊ ထို့ပြင် အကျိုးလည်း မယုတ်စေနိုင်ပေ။“ أُفٍّ لَّكُمۡ وَلِمَا تَعۡبُدُونَ مِن دُونِ ٱللَّهِۚ أَفَلَا تَعۡقِلُونَ ٦٧“အသင်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ကိုးကွယ်ရာများသည်လည်းကောင်း စက်ဆုပ်ဖွယ်ရာပင်။ (ဤမျှပင်)အသင်တို့သည် မသိနားမလည်ကြသလော။“ قَالُواْ حَرِّقُوهُ وَٱنصُرُوٓاْ ءَالِهَتَكُمۡ إِن كُنتُمۡ فَٰعِلِينَ ٦٨သူတို့က ပြောကြသည်- အကယ်၍ အသင်တို့သည် (တစ်စုံတစ်ရာ)ပြုလုပ်မည့်သူများပင် ဖြစ်ကြလျှင် ထိုအိဗ်ရာဟီမ်ကို မီးတင်ရှို့ပြီး အသင်တို့၏ကိုးကွယ်ရာရုပ်တုများအား ဖေးမကူညီကြပါ။ قُلۡنَا يَٰنَارُ كُونِي بَرۡدًا وَسَلَٰمًا عَلَىٰٓ إِبۡرَٰهِيمَ ٦٩ငါအရှင်မြတ်က မိန့်ကြးတော်မူသည်- “အို- မီး၊ အသင်သည် အိဗ်ရာဟီမ်အပေါ်တွင် အေးချမ်းသာယာစွာ ရှိလိုက်ပါ။“ وَأَرَادُواْ بِهِۦ كَيۡدًا فَجَعَلۡنَٰهُمُ ٱلۡأَخۡسَرِينَ ٧٠ထို့ပြင် သူတို့သည် သူနှင့်ပတ်သက်၍ မကောင်းကြံစည်ရန် ကြံရွယ်ခဲ့ကြသည်။ ထို့နောက် ငါအရှင်မြတ်ကပင် သူတို့အား မအောင်မြင်သူ(ဆုံးရှုံးသူ)များဖြစ်အောင် ပြုလုပ်တော်မူခဲ့သည်။ وَنَجَّيۡنَٰهُ وَلُوطًا إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَا لِلۡعَٰلَمِينَ ٧١ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်အိဗ်ရာဟီမ်)နှင့် (တမန်တော်)လူသွ်ကို အကြင်ဒေသသို့(စေလွှတ်ပြီး)ကယ်တင်တော်မူခဲ့သည်။ ထိုဒေသတွင် ငါအရှင်မြတ်သည် ကမာ္ဘသူကမာ္ဘသားမျာအတွက် မဂင်္လာရှိစေတော်မူခဲ့သည်။ وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ نَافِلَةًۖ وَكُلًّا جَعَلۡنَا صَٰلِحِينَ ٧٢ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို(သားအဖြစ်)အစ္စဟာက်နှင့် အပိုဆုအနေဖြင့် (မြေးအဖြစ်)ယအ်ကူဗ်ကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် တစ်ဦးစီကို ကောင်းမြတ်သောသူများအဖြစ် ပြုလုပ်တော်မူခဲ့သည်။ وَجَعَلۡنَٰهُمۡ أَئِمَّةً يَهۡدُونَ بِأَمۡرِنَا وَأَوۡحَيۡنَآ إِلَيۡهِمۡ فِعۡلَ ٱلۡخَيۡرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِۖ وَكَانُواْ لَنَا عَٰبِدِينَ ٧٣ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်အားလုံး)တို့ကို ငါအရှင်မြတ်၏အမိန့်တော်နှင့် လမ်းမှန်ညွှန်ကြားပြသကြသော ရှေ့ဆောင်များအဖြစ်ကို ချီးမြှင့်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံသို့ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြရန်၊ စွလာသ်ဝတ်ပြုကြရန်နှင့် ဇကာသ်ပေးဆောင်ကြရန် ဝဟီအမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်တော်အားလုံး)တို့သည် ငါအရှင်မြတ်အား ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြသည်။ وَلُوطًا ءَاتَيۡنَٰهُ حُكۡمًا وَعِلۡمًا وَنَجَّيۡنَٰهُ مِنَ ٱلۡقَرۡيَةِ ٱلَّتِي كَانَت تَّعۡمَلُ ٱلۡخَبَٰٓئِثَۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٍ فَٰسِقِينَ ٧٤ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)လူသွ်ကို* ပညာဉာဏ်အမြော်အမြင်နှင့် အသိပညာကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့သည်။ ထိုမြို့ရွာသားများသည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကို ကျူးလွန်လျက်ရှိခဲ့ကြသည်။ အမှန်စင်စစ် သူတို့သည် အလွန်ယုတ်မာသည့်အမျိုးသားများ၊ ကာမဂုဏ်လိုက်စား ကျူးလွန်သည့်သူများပင် ဖြစ်ခဲ့ကြသည်။ وَأَدۡخَلۡنَٰهُ فِي رَحۡمَتِنَآۖ إِنَّهُۥ مِنَ ٱلصَّٰلِحِينَ ٧٥ထို့ပြင် ၎င်းကို ငါအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာတော်အတွင် ဝင်ရောက်စေတော်မူခဲ့သည်။ အမှန်ပင် ၎င်းသည် ကောင်းမြတ်သည့်သူများထဲတွင် ပါဝင်ခဲ့သည်။ وَنُوحًا إِذۡ نَادَىٰ مِن قَبۡلُ فَٱسۡتَجَبۡنَا لَهُۥ فَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ٧٦ထို့ပြင် (တမန်တော်)နူးဟ်ကိုလည်း* (ပညာဉာဏ်အမြော်အမြင်နှင့် အသိပညာကို ပေးသနားတော်မူခဲ့သည်)၊ ၎င်းသည် တစ်ခါက (တမန်တော်အိဗ်ရာဟီမ်နှင့် တမန်တော်လူသွ်တို့)မတိုင်မီ (ငါအရှင်မြတ်ကို)ဟစ်ခေါ်ပန်ကြားခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းနှင့် ၎င်း၏အိမ်သူအိမ်သားများကို ကြီးကျယ်သော ပူပင်သောကဖြစ်ခြင်းမှ ကယ်တင်တော်မူခဲ့သည်။ وَنَصَرۡنَٰهُ مِنَ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٍ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ ٧٧ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ငါအရှင်မြတ်၏သက်သေ လက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသောအမျိုးသားများမှ ကာကွယ်စောင့်ရှောက်တော်မူခဲ့သည်။ အမှန်စင်စစ် သူတို့သည် အလွန်ဆိုးဝါးသောအမျိုးသားများပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အားလုံးကို နစ်မြုပ်စေတော်မူခဲ့သည်။ وَدَاوُۥدَ وَسُلَيۡمَٰنَ إِذۡ يَحۡكُمَانِ فِي ٱلۡحَرۡثِ إِذۡ نَفَشَتۡ فِيهِ غَنَمُ ٱلۡقَوۡمِ وَكُنَّا لِحُكۡمِهِمۡ شَٰهِدِينَ ٧٨ထို့ပြင် (တမန်တော်)ဒါဝူဒ်နှင့် (တမန်တော်)စုလိုင်မာန်ကိုလည်း (ပညာဉာဏ်အမြော်အမြင်နှင့် အသိပညာကို ပေးသနားတော်မူခဲ့သည်)။ တစ်ခါက ၎င်းတို့နှစ်ပါးသည် လယ်ယာနှင့်ပတ်သက်၍ ဆုုံးဖြတ်ကြသည်။ တစ်ခါက အမျိုးသားများ၏ဆိတ်များသည် ထိုလယ်ယာတွင် ညအချိန် ဝင်ရောက်(ဖျက်ဆီး)ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏စီရင်ဆုံးဖြတ်မှုကို ရှုမြင်တော်မူခဲ့သည်။ فَفَهَّمۡنَٰهَا سُلَيۡمَٰنَۚ وَكُلًّا ءَاتَيۡنَا حُكۡمًا وَعِلۡمًاۚ وَسَخَّرۡنَا مَعَ دَاوُۥدَ ٱلۡجِبَالَ يُسَبِّحۡنَ وَٱلطَّيۡرَۚ وَكُنَّا فَٰعِلِينَ ٧٩ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်)စုလိုင်မာန်အား ထိုအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)ဒါဝူဒ်နှင့်အတူ တောင်များကို လိုက်နာစေတော်မူခဲ့သည့်အတွက် ထိုတောင်များသည် ငါအရှင်မြတ်၏ သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် ငှက်များကိုလည်း (လိုက်နာစေခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် (ထိုကဲ့သို့)ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَعَلَّمۡنَٰهُ صَنۡعَةَ لَبُوسٍ لَّكُمۡ لِتُحۡصِنَكُم مِّنۢ بَأۡسِكُمۡۖ فَهَلۡ أَنتُمۡ شَٰكِرُونَ ٨٠ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား အသင်တို့အကျိုးအတွက် သံချပ်ကာအကျင်္ီပြုလုပ်သော အတတ်ပညာကို သင်ပေးတော်မူခဲ့သည်။ ထိုသံချပ်ကာအကျင်္ီသည် အသင်တို့အား အသင်တို့ စစ်တိုက်ရာတွင် ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ကျေးဇူးသိတတ်သူများဖြစ်ကြလော။ وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةً تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ ٨١ထို့ပြင် (ငါအရှင်မြတ်သည် တမန်တော်)စုလိုင်မာန်ကို တိုက်ခတ်သည့်လေပြင်းကို နိုင်နင်းစေတော်မူခဲ့သည်။* ထိုလေသည် ၎င်း၏အမိန့်ဖြင့် ငါအရှင်မြတ်က မဂင်္လာနှင့်ပြည်စုံအောင် ပြုလုပ်ထားသည့်နယ်မြေကို တိုက်ခတ်သွားသည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ وَمِنَ ٱلشَّيَٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعۡمَلُونَ عَمَلًا دُونَ ذَٰلِكَۖ وَكُنَّا لَهُمۡ حَٰفِظِينَ ٨٢ထို့ပြင် ရှိုင်သွာန်များထဲတွင် အကြင်ရှိုင်သွာန်များလည်းရှိခဲ့ကြသည်။ ထိုသူများသည် ၎င်း(တမန်တော်စုလိုင်မာန်)၏အကျိုးအတွက် (ပင်လယ်ထဲတွင်)ရေငုပ်ခြင်းနှင့် အခြားကိစ္စဆောင်ရွက်ခြင်းကို ပြုလုပ်ကြသည်။* ထို့ပြင် ငါအရှင်မြတ်ပင် သူတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ ۞ وَأَيُّوبَ إِذۡ نَادَىٰ رَبَّهُۥٓ أَنِّي مَسَّنِيَ ٱلضُّرُّ وَأَنتَ أَرۡحَمُ ٱلرَّٰحِمِينَ ٨٣ထို့ပြင် (တမန်တော်)အိုင်ယူဗ်(အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ဟစ်ခေါ်ပန်ကြားခဲ့သည်- “အရှင်မြတ်သည် သနားသည့်သူများထဲတွင် အသနားဆုံးအရှင်ဖြစ်နေတော်မူပါလျက် အမှန်စင်စစ် ကျွန်ုပ်တွင် ဒုက္ခခံစား(နေ)ရပါသည်။ (သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား သနားတော်မူပါ)“ فَٱسۡتَجَبۡنَا لَهُۥ فَكَشَفۡنَا مَا بِهِۦ مِن ضُرٍّۖ وَءَاتَيۡنَٰهُ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةً مِّنۡ عِندِنَا وَذِكۡرَىٰ لِلۡعَٰبِدِينَ ٨٤ငါအရှင်မြတ်သည် ၎င်း၏ အသနားခံပန်ကြားချက်ကို လက်ခံသဘောတူတော်မူခဲ့သည်။ ၎င်းနောက် ငါအရှင်မြတ်သည် ၎င်းတွင် သက်ရောက်ခဲ့သောဒုက္ခကို ပျောက်ကင်းစေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ၎င်း၏(ပျောက်ဆုံးနေသည့်)အိမ်ထောင်စု သားမယားများကို ပေးတော်မူခဲ့သည့်အပြင် ထိုသူများနှင့်အတူ ထိုသူများကဲ့သို့ အလားတူကိုလည်း အရှင်မြတ်ထံတော်မှ ကရုဏာတော်အဖြစ်နှင့် ဝတ်ပြုကိုးကွယ်သူများအတွက် သတိရစေသော အထိမ်းအမှတ်အဖြစ် ပေးသနားတော်မူခဲ့သည်။ وَإِسۡمَٰعِيلَ وَإِدۡرِيسَ وَذَا ٱلۡكِفۡلِۖ كُلٌّ مِّنَ ٱلصَّٰبِرِينَ ٨٥ထို့ပြင် (တမန်တော်)အစ္စမာအီလ်၊ အိဒ်ရီစ်၊ ဇွလ်ကိဖွ်လ်(တို့၏အကြောင်း)ကိုလည်း (ထုတ်ဖော်ပြောကြားလိုက်ပါ။ ၎င်းတို့)တစ်ဦးစီသည် သည်းခံသူများထဲတွင် ပါဝင်ခဲ့ကြသည်။ وَأَدۡخَلۡنَٰهُمۡ فِي رَحۡمَتِنَآۖ إِنَّهُم مِّنَ ٱلصَّٰلِحِينَ ٨٦ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား အရှင်မြတ်၏ကရုဏာတော်အတွင်းတွင် ပါဝင်စေတော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းတို့သည် ကောင်းမြတ်သောသူများထဲတွင် ပါဝင်ခဲ့ကြသည်။ وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَٰضِبًا فَظَنَّ أَن لَّن نَّقۡدِرَ عَلَيۡهِ فَنَادَىٰ فِي ٱلظُّلُمَٰتِ أَن لَّآ إِلَٰهَ إِلَّآ أَنتَ سُبۡحَٰنَكَ إِنِّي كُنتُ مِنَ ٱلظَّٰلِمِينَ ٨٧ထို့ပြင် ဇွန်နူန်ငါးရှင်*(၏အကြောင်း)ကိုလည်း(ပြောကြားလိုက်ပါ)။ တစ်ခါက ထိုငါးရှင်(တမန်တော်ယူနွတ်စ်)သည် (၎င်း၏အမျိုးသားများအပေါ်တွင်)စိတ်ဆိုးပြီး (၎င်း၏မြို့ရွာမှ ထွက်ခွာ)သွားခဲ့သည်။* ထို့နောက် ၎င်းသည် ငါအရှင်မြတ်က ၎င်း၏အပေါ်တွင် လုံးဝ ကျဉ်းကျပ်စေတာ်မူမည် (အရေးသူတော်မူမည်)မဟုတ်ပေဟု ထင်မြင်ခဲ့သည်။ ထို့နောက် ၎င်းသည် အမှောင်များထဲတွင်* (ဤသို့)ဟစ်ခေါ်တသ အသနားခံခဲ့သည်- “အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိပါ။ အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်သည်ပင် အပြစ်ကျူးလွန်သူများထဲမှ ဖြစ်ပါသည်။“ فَٱسۡتَجَبۡنَا لَهُۥ وَنَجَّيۡنَٰهُ مِنَ ٱلۡغَمِّۚ وَكَذَٰلِكَ نُـۨجِي ٱلۡمُؤۡمِنِينَ ٨٨သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(၏ပန်ကြားချက်)ကို လက်ခံသဘောတူတော်မူပြီး ၎င်းကို ပူပင်သောကရောက်ခြင်းမှ ကယ်တင်တော်မူခဲ့သည်။ ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ယုံကြည်သူများကို ကယ်တင်လေ့တော်မူသည်။ وَزَكَرِيَّآ إِذۡ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرۡنِي فَرۡدًا وَأَنتَ خَيۡرُ ٱلۡوَٰرِثِينَ ٨٩ထို့ပြင် (တမန်တော်)ဇကရိယာ(၏အကြောင်း)ကိုလည်း (ပြောကြားလိုက်ပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား (ဤသို့)ဟစ်ခေါ်တသ ပန်ကြားခဲ့သည် - “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်ကို(သားသမီးမရှိဘဲ)တစ်ဦးတည်း စွန့်ထားတော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် အကောင်းဆုံး (အမြဲကျန်ရှိနေမည့်)အမွေစားအမွေခံ ဖြစ်တော်မူပါသည်။“ فَٱسۡتَجَبۡنَا لَهُۥ وَوَهَبۡنَا لَهُۥ يَحۡيَىٰ وَأَصۡلَحۡنَا لَهُۥ زَوۡجَهُۥٓۚ إِنَّهُمۡ كَانُواْ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَيَدۡعُونَنَا رَغَبًا وَرَهَبًاۖ وَكَانُواْ لَنَا خَٰشِعِينَ ٩٠သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(၏ပန်ကြားချက်)ကို လက်ခံသဘောတူတော်မူပြီး ၎င်းအား(သားတော်)ယဟ်ယာကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏ဇနီးကြင်ရာ(၏ ကိုယ်ဝန်မဆောင်နိုင်ခြင်း)ကို နေသားတကျဖြစ်အောင် ပြုပြင်ပေးတော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းတို့သည် ကောင်းမှုများကို ဆောလျင်စွာပြုလုပ်တတ်သူများဖြစ်ခဲ့ကြပြီး ၎င်းတို့သည် ငါအရှင်မြတ်အား လိုလားစွာနှင့် ကြောက်ရွံ့စွာ ဟစ်ခေါ်တသလေ့ရှိခဲ့ကြသည်။ ထို့ပြင် ၎င်းတို့(၏စိတ်နှလုံးများ)သည် ငါအရှင်မြတ်၏ရှေ့တော်မှောက်တွင် ရိုကျိုးကိုင်းညွှတ်လျက်ရှိခဲ့ကြသည်။ وَٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهَا مِن رُّوحِنَا وَجَعَلۡنَٰهَا وَٱبۡنَهَآ ءَايَةً لِّلۡعَٰلَمِينَ ٩١ထို့ပြင် (အကြင်အမျိုးသမီးအကြောင်းကိုလည်း ပြောပြလိုက်ပါ)။ ၎င်း(အမျိုးသမီး)သည် သူမ၏ဂုဏ်အသရေကို ထိန်းသိမ်းခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူမတွင် ငါအရှင်မြတ်ထံတော်မှ အသက်ဝိညာဉ်ကို မှုတ်သွင်းတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူမနှင့်သူမ၏သားတော်ကို ကမာ္ဘသူကမာ္ဘသားများအတွက် သက်သေလက္ခဏာ ပြုလုပ်တော်မူခဲ့သည်။ إِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةً وَٰحِدَةً وَأَنَا۠ رَبُّكُمۡ فَٱعۡبُدُونِ ٩٢အမှန်စင်စစ် ဤသည် အသင်တို့၏တစ်ခုတည်းသော သာသနာအုပ်စုဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ وَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡۖ كُلٌّ إِلَيۡنَا رَٰجِعُونَ ٩٣ထို့ပြင် လူများသည် သူတို့အချင်းချင်းပင် သူတို့၏(သာသနာ့)အရေးကိစ္စကို အပိုင်းပိုင်းပြုလုပ်ခဲ့ကြသည်။ (စင်စစ်)အားလုံးသည် ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လာကြရမည့်သူများ ဖြစ်ကြသည်။ فَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ وَهُوَ مُؤۡمِنٌ فَلَا كُفۡرَانَ لِسَعۡيِهِۦ وَإِنَّا لَهُۥ كَٰتِبُونَ ٩٤သို့ဖြစ်ရာ မည်သူမဆို အီမာန်ယုံကြည်သူဖြစ်လျက် ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်သူဖြစ်မည်ဆိုလျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ဖယ်ရှားခံရမည် မဟုတ်ပေ။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုအားထုတ်မှုကို ရေးသားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَحَرَٰمٌ عَلَىٰ قَرۡيَةٍ أَهۡلَكۡنَٰهَآ أَنَّهُمۡ لَا يَرۡجِعُونَ ٩٥ထို့ပြင် မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့လျှင် အမှန်စင်စစ် ထိုမြို့သူမြို့သားများသည် (ဤလောကကို) သူတို့ပြန်လာရန် မဖြစ်နိုင်ပေ။ حَتَّىٰٓ إِذَا فُتِحَتۡ يَأۡجُوجُ وَمَأۡجُوجُ وَهُم مِّن كُلِّ حَدَبٍ يَنسِلُونَ ٩٦နောက်ဆုံးတွင် ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်*လူမျိုးများသည် ဖွင့်ပေးခြင်းခံရသည့်အခါ ကုန်းမြင့်တိုင်းမှ သူတို့သည် အမြန်(ဆင်း)လာလျက်ရှိကြမည်။ وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٍ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ ٩٧ထို့ပြင် မှန်ကန်စွာ ချိန်းဆိုထားသည့်အချိန်(ကိယာမသ်နေ့)သည် နီးကပ်လာခဲ့ပေပြီ။ ထိုအခါ ချက်ချင်းပင် ကာဖိရ်များ၏မျက်လုံးများသည် ပြူးကျယ်နေကြလိမ့်မည်။ “ဪ- ဖြစ်မှဖြစ်ရလေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤနေ့ကို မေ့ပြီးနေခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ပင် အပြစ်ကျူးလွန်သူများဖြစ်ခဲ့ကြသည်“ဟု ညည်းညူပြောဆိုကြမည်။ إِنَّكُمۡ وَمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمۡ لَهَا وَٰرِدُونَ ٩٨အမှန်စင်စစ် အသင်တို့နှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ကိုးကွယ်ကြသည့်အရာများသည် ဂျဟန္နမ်ငရဲဘုံ၏လောင်စာများပင် ဖြစ်ကြသည်။ အသင်တို့အားလုံးသည် ထိုငရဲဘုံထဲသို့ ဆိုက်ရောက်ရမည့်သူများပင် ဖြစ်ကြသည်။ لَوۡ كَانَ هَٰٓؤُلَآءِ ءَالِهَةً مَّا وَرَدُوهَاۖ وَكُلٌّ فِيهَا خَٰلِدُونَ ٩٩အကယ်၍ ဤ(ကိုးကွယ်ရာများ)သည် ကိုးကွယ်ထိုက်သည့်အရှင်များဖြစ်ကြလျှင် ထိုငရဲဘုံထဲသို့ ဆိုက်ရောက်ကြမည် မဟုတ်ပေ။ ထို့ပြင် (ယခုမူ) သူတို့အားလုံးသည် ထိုငရဲဘုံထဲတွင် အမြဲနေထိုင်ကြရမည့်သူများ ဖြစ်ကြပြီဖြစ်သည်။ لَهُمۡ فِيهَا زَفِيرٌ وَهُمۡ فِيهَا لَا يَسۡمَعُونَ ١٠٠သူတို့အတွက် ထိုငရဲဘုံထဲတွင် ဆူညံညည်းညူခြင်းပင်ရှိမည်။ ထို့ပြင် သူတို့သည် ထိုငရဲဘုံထဲတွင် (မည်သည့်စကားမှ)ကြားကြမည် မဟုတ်ပေ။ إِنَّ ٱلَّذِينَ سَبَقَتۡ لَهُم مِّنَّا ٱلۡحُسۡنَىٰٓ أُوْلَٰٓئِكَ عَنۡهَا مُبۡعَدُونَ ١٠١အမှန်စင်စစ် အကြင်သူများသည် ယခင်ကတည်းက ငါအရှင်မြတ်ထံတော်မှ သူတို့အတွက် ကောင်းကျိုး သတ်မှတ်ပြီးဖြစ်သည်။ ထိုသူများသည် ငရဲဘုံမှ ဝေးစေခြင်းကို ခံကြရမည့်သူများဖြစ်ကြသည်။ لَا يَسۡمَعُونَ حَسِيسَهَاۖ وَهُمۡ فِي مَا ٱشۡتَهَتۡ أَنفُسُهُمۡ خَٰلِدُونَ ١٠٢သူတို့သည် ထိုငရဲဘုံ၏(မီးမြှိုက်သည့်)အသံသဲ့သဲ့ပင် ကြားရမည်မဟုတ်ပေ။ ထို့ပြင် သူတို့သည် သူတို့ကြိုက်နှစ်သက်သော စည်းစိမ်များထဲတွင် အမြဲစံစားနေကြရမည့်သူများဖြစ်သည်။ لَا يَحۡزُنُهُمُ ٱلۡفَزَعُ ٱلۡأَكۡبَرُ وَتَتَلَقَّىٰهُمُ ٱلۡمَلَٰٓئِكَةُ هَٰذَا يَوۡمُكُمُ ٱلَّذِي كُنتُمۡ تُوعَدُونَ ١٠٣(ကောင်းမြတ်သော)သူတို့အား ထိုအကြီးဆုံး ထိတ်လန့်ဖွယ်(ဖြစ်သော ကိယာမသ်နေ့)သည် စိတ်ဒုက္ခရောက်စေမည် မဟုတ်ပေ။ ထို့ပြင် ကောင်းကင်တမန်များက သူတို့အား “ဤနေ့သည် အသင်တို့နှင့် ချိန်းဆိုထားသည့်နေ့ပင် ဖြစ်သည်“ဟုပြောပြီး ကြိုဆိုဧည့်ခံကြမည်ဖြစ်သည်။ يَوۡمَ نَطۡوِي ٱلسَّمَآءَ كَطَيِّ ٱلسِّجِلِّ لِلۡكُتُبِۚ كَمَا بَدَأۡنَآ أَوَّلَ خَلۡقٍ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ ١٠٤ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်အား ရေးသားထားသော မှတ်တမ်းစာရွက်ကို လိပ်သကဲ့သို့ ခေါက်လိပ်တော်မူမည်။* ငါအရှင်မြတ်သည် အရာအားလုံးတိုု့အား ပထမအကြိမ် စတင်ဖန်ဆင်းတော်မူသကဲ့သို့ပင် ထိုအရာကိုပင် ထပ်မံ၍ ပြုလုပ်ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသည်) ငါအရှင်မြတ်အပေါ်တွင် ကတိပြုထားမှုဖြစ်သည့်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် (ငါအရှင်မြတ် ကတိပြုတော်မူထားသည့်အတိုင်း) ပြုလုပ်တော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَلَقَدۡ كَتَبۡنَا فِي ٱلزَّبُورِ مِنۢ بَعۡدِ ٱلذِّكۡرِ أَنَّ ٱلۡأَرۡضَ يَرِثُهَا عِبَادِيَ ٱلصَّٰلِحُونَ ١٠٥ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် လောင်ဟိမဟ်ဖူဇွ် သင်ပုန်း(တွင် ရေးသားတော်မူပြီး)နောက်တွင် ကောင်းကင်ကျကျမ်းများတွင်လည်း အမှန်စင်စစ် မြေပထဝီကို ငါအရှင်မြတ်၏ကောင်းမြတ်သော ကျွန်များပင် အမွေဆက်ခံကြမည်ဟု ရေးသားတော်မူခဲ့ပြီးဖြစ်သည်။ إِنَّ فِي هَٰذَا لَبَلَٰغًا لِّقَوۡمٍ عَٰبِدِينَ ١٠٦အမှန်စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်)တွင် ခဝပ်ကိုးကွယ်သူများအတွက် မုချ ပို့ချချက်ရှိသည်။ وَمَآ أَرۡسَلۡنَٰكَ إِلَّا رَحۡمَةً لِّلۡعَٰلَمِينَ ١٠٧ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား စကြဝဠာအားလုံးအတွက် ကရုဏာတော်အဖြစ်နှင့်သာ စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။ قُلۡ إِنَّمَا يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٌ وَٰحِدٌۖ فَهَلۡ أَنتُم مُّسۡلِمُونَ ١٠٨(အို- တမန်တော်)အသင် ပြောကြားလိုက်ပါ- “တစ်ပါးတည်းဖြစ်သော ကိုးကွယ်ထိုက်သည့်အရှင်ပင် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင် ဖြစ်တော်မူကြောင်း ငါ၏ထံသို့ ဝဟီအမိန့်တော် ပေးပို့ခြင်းခံရသည်။ သို့ဖြစ်ရာ အသင်တို့သည် (အမိန့်နာခံသူ)မွတ်စ်လင်မ်များ ဖြစ်ကြပြီလော။“ فَإِن تَوَلَّوۡاْ فَقُلۡ ءَاذَنتُكُمۡ عَلَىٰ سَوَآءٍۖ وَإِنۡ أَدۡرِيٓ أَقَرِيبٌ أَم بَعِيدٌ مَّا تُوعَدُونَ ١٠٩ထို့နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲခဲ့ကြလျှင် (အို- တမန်တော်)အသင် ပြောလိုက်ပါ- “ငါသည် အသင်တို့အား ရှင်းလင်းစွာ အသိပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အသင်တို့ ချိန်းဆိုခြင်းခံကြရသော ကိစ္စသည် နီးသည် ဝေးသည်ကို ငါမသိပေ။“ إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ مِنَ ٱلۡقَوۡلِ وَيَعۡلَمُ مَا تَكۡتُمُونَ ١١٠အမှန်စင်စစ် အရှင်မြတ်သည် (အသင်တို့၏)ထင်ရှားစွာပြောသည်ကိုလည်း သိတော်မူသည်။ ထို့ပြင် အသင်တို့ လျှို့ဝှက်ထားကြသည်ကိုလည်း သိတော်မူသည်။ وَإِنۡ أَدۡرِي لَعَلَّهُۥ فِتۡنَةٌ لَّكُمۡ وَمَتَٰعٌ إِلَىٰ حِينٍ ١١١ထို့ပြင် ထိုချိန်းဆိုမှု(ကို ဆိုင်းငံ့ထားခြင်း)သည် အသင်တို့အား စမ်းသပ်ရန်အတွက်နှင့် သတ်မှတ်ထားသည့်အချိန်ကာလအထိ အကျိုးခံစားခွင့်ပေးထားခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ငါသည် အတိအကျ မသိပေ။ قَٰلَ رَبِّ ٱحۡكُم بِٱلۡحَقِّۗ وَرَبُّنَا ٱلرَّحۡمَٰنُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ١١٢၎င်း(တမန်တော်မြတ်)က ပြောဆိုလျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် မှန်ကန်စွာ စီရင်ဆုံးဖြတ်ပေးတော်မူပါ၊* ထို့ပြင် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်၊ အသင်တို့ ထုတ်ဖော်ပြောဆိုကြသော အကြောင်းအရာနှင့်ပတ်သက်၍ အကူအညီတောင်းသည်ကို ခံရတော်မူသောအရှင် ဖြစ်တော်မူသည်။