Millat al-Islam

Chapter 20 · 135 verses · Hashim Tin Myint

Surah Ta-ha in Burmese

Arabic with tafsir Listen to Surah Ta-ha (1340 reciters)
Meccanسورة طه135 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

طه ١သွာ ဟာ။ مَآ أَنزَلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ لِتَشۡقَىٰٓ ٢ငါအရှင်မြတ်သည် အသင် ဒုက္ခခံစားရရန်အတွက် အသင်၏အ‌ပေါ် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ချ‌ပေးခဲ့သည်မဟုတ်‌ပေ။ إِلَّا تَذۡكِرَةً لِّمَن يَخۡشَىٰ ٣သို့ရာတွင် ‌ကြောက်ရွံ့သူ(အ‌ကြောက်တရားထားသူ)အတွက် ဆုံးမဩဝါဒအဖြစ်နှင့်ပင် (ချ‌ပေးခဲ့ခြင်းဖြစ်သည်)။ تَنزِيلًا مِّمَّنۡ خَلَقَ ٱلۡأَرۡضَ وَٱلسَّمَٰوَٰتِ ٱلۡعُلَى ٤‌မြေပထဝီနှင့် မြင့်မား‌သော‌ကောင်းကင်များကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ချ‌ပေးသနား‌တော်မူခြင်းဖြစ်သည်။ ٱلرَّحۡمَٰنُ عَلَى ٱلۡعَرۡشِ ٱسۡتَوَىٰ ٥“ရဟ်မာန်“အနန္တကရုဏာ‌တော်ရှင်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَمَا تَحۡتَ ٱلثَّرَىٰ ٦မိုး‌ကောင်းကင်များတွင် ရှိသမျှ၊ ‌မြေပထဝီတွင် ရှိသမျှ၊ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကြားတွင် ရှိသမျှနှင့် ‌မြေ‌အောက်တွင်ရှိသမျှသည် အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူ‌သောအရာများဖြစ်ကြသည်။ وَإِن تَجۡهَرۡ بِٱلۡقَوۡلِ فَإِنَّهُۥ يَعۡلَمُ ٱلسِّرَّ وَأَخۡفَى ٧ထို့ပြင် အကယ်၍ အသင်သည် အသံကျယ်ကျယ် စကား‌ပြောလျှင်လည်း (အရှင်မြတ်သည် သိ‌တော်မူသည်ပင်ဖြစ်သည်)။ အမှန်စင်စစ် အရှင်မြတ်သည် စိတ်ထဲမှ‌ပြောသည့်စကားသာမက၊ စိတ်ကူး‌သောစကားကိုပင် သိရှိ‌တော်မူသည်။ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ ٨(ထိုအရှင်သည်) အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်တွင် အမွန်မြတ်ဆုံး နာမ‌တော်များရှိသည်။ وَهَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ ٩ထို့ပြင် (တမန်‌တော်)မူစာ၏အ‌ကြောင်း အသင့်ထံသို့ ‌ရောက်လာခဲ့ပြီ‌လော။ إِذۡ رَءَا نَارًا فَقَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارًا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِقَبَسٍ أَوۡ أَجِدُ عَلَى ٱلنَّارِ هُدًى ١٠တစ်ခါက ၎င်းသည် မီးတစ်ခုကို မြင်သည့်အခါ ၎င်း၏အိမ်သူအိမ်သားများအား “အသင်တို့ ‌စောင့်‌နေခဲ့ကြပါ၊ အမှန်ပင် ကျွန်ုပ်သည် မီးတစ်ခုကို မြင်ရသည်၊ ကျွန်ုပ်သည် ထိုမီးမှ မီး‌တောက်ကို (သစ်သားစသည်တို့နှင့် မီးကူးယူပြီး) အသင်တို့ထံ (ချမ်း‌အေးခြင်းကို ကာကွယ်ရန်) ယူ‌ဆောင်လာနိုင်လိမ့်မည်၊ သို့မဟုတ် ကျွန်ုပ်သည် မီး၏အနားတွင် လမ်းညွှန်တစ်စုံတစ်ခု ‌တွေ့ရှိ‌ကောင်း ‌တွေ့ရှိနိုင်သည်“ဟု ‌ပြောဆိုသည်။ فَلَمَّآ أَتَىٰهَا نُودِيَ يَٰمُوسَىٰٓ ١١ထို့‌နောက် ၎င်းသည် ထိုမီး၏အနီးသို့‌ရောက်သည်အခါ (ဤသို့)အသံပြုခြင်းခံခဲ့ရသည်- အို- မူစာ၊ إِنِّيٓ أَنَا۠ رَبُّكَ فَٱخۡلَعۡ نَعۡلَيۡكَ إِنَّكَ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوًى ١٢အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်သည် အသင်၏ ဖိနပ်နှစ်ဖက်ကို ချွတ်ပါ။* အမှန်စင်စစ် အသင်သည် ထွတ်မြတ်‌သော သွုဝါ* ‌တောင်ကြားအရပ်တွင် ရှိ‌နေခြင်းပင်ဖြစ်သည်။ وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ ١٣ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (တမန်‌တော်အဖြစ်)‌ရွေးချယ်‌တော်မူပြီး ဖြစ်သည့်အတွက် အသင်သည် (အသင်၏ထံသို့ ငါအရှင်မြတ်ထံမှ) ထုတ်ပြန်ခြင်းခံရ‌သော အမိန့်‌တော်များကို (‌သေချာစွာ)နား‌ထောင်ပါ။ إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ ١٤အမှန်စင်စစ် ငါအရှင်မြတ်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ငါအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ပါ။ ထို့ပြင် အသင်သည် ငါအရှင်မြတ်ကို သတိရရန် စွလာသ်ဝတ်ပြုပါ။ إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخۡفِيهَا لِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا تَسۡعَىٰ ١٥အမှန်စင်စစ် ကိယာမသ်သည် ‌ရောက်လာမည်ဖြစ်သည်။* လူတိုင်းသည် မိမိကြိုးပမ်းမှု၏အကျိုးကို ခံစားနိုင်ရန်အတွက် ငါအရှင်မြတ်သည် ထိုကိယာမသ်‌နေ့ကို (မည်သူ့ကိုမှ အသိမ‌ပေးဘဲ) လျှို့ဝှက်ထားလို‌တော်မူခြင်းဖြစ်သည်။ فَلَا يَصُدَّنَّكَ عَنۡهَا مَن لَّا يُؤۡمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرۡدَىٰ ١٦ထို့‌နောက် ထို‌နေ့ကို မယုံကြည်ဘဲ မိမိစိတ်အလိုကို လိုက်စားသူသည် အသင့်အား ထို‌နေ့(ကို ယုံကြည်ခြင်း)မှ အမှန်စင်စစ် တားဆီးမှု မပြု‌စေနှင့်။ သို့မဟုတ်လျှင် အသင်သည်လည်း ပျက်စီးသွားလိမ့်မည်။ وَمَا تِلۡكَ بِيَمِينِكَ يَٰمُوسَىٰ ١٧ထို့ပြင် အို- မူစာ၊ အသင်၏လက်ယာလက်၌ ရှိသည့်ထိုအရာသည် မည်သည့်အရာနည်း။ قَالَ هِيَ عَصَايَ أَتَوَكَّؤُاْ عَلَيۡهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَـَٔارِبُ أُخۡرَىٰ ١٨သူက‌ပြောသည်- ဤသည် ကျွန်ုပ်၏‌တောင်‌ဝှေးဖြစ်ပါသည်။ ကျွန်ုပ်သည် ထိုအရာကို အမှီသဟဲပြုပါသည်။ ထို့ပြင် ကျွန်ုပ်သည် ထိုအရာနှင့် ကျွန်ုပ်၏ဆိတ်များအတွက် သစ်ခက်သစ်ရွက်များကို ‌ခြွေပါသည်။ ထို့ပြင် ကျွန်ုပ်အတွက် ထို‌တောင်‌ဝှေးမှာ အခြားလုပ်‌ဆောင်ရခြင်းများလည်း ရှိပါ‌သေးသည်။ قَالَ أَلۡقِهَا يَٰمُوسَىٰ ١٩အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အို- မူစာ၊ အသင်သည် ထို‌တောင်‌ဝှေးကို ပစ်ချလိုက်ပါ။ فَأَلۡقَىٰهَا فَإِذَا هِيَ حَيَّةٌ تَسۡعَىٰ ٢٠ထို့‌နောက် သူသည် ထို‌တောင်‌ဝှေးကို ပစ်ချလိုက်သည့်အခါ ထို‌တောင်‌ဝှေးသည် ရုတ်တရက် တွားသွား‌နေ‌သော ‌မြွေတစ်‌ကောင် ဖြစ်‌နေ‌တော့သည်။ قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ ٢١အရှင်မြတ်က မိန့်‌တော်မူသည်- အသင်သည် ထို‌မြွေကို ဖမ်းကိုင်လိုက်ပါ၊ ထို့ပြင် အသင်မ‌ကြောက်ပါနှင့်၊ ယခုပင် ငါအရှင်မြတ်သည် ထို‌မြွေကို သူ၏မူလအ‌ခြေအ‌နေအတိုင်း ပြန်ဖြစ်‌စေ‌တော်မူမည်။ وَٱضۡمُمۡ يَدَكَ إِلَىٰ جَنَاحِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ ءَايَةً أُخۡرَىٰ ٢٢ထို့ပြင် အသင်သည် အသင်၏လက်ကို အသင်၏ချိုင်းကြားထဲသို့ သွင်းလိုက်ပါ၊ ထိုလက်သည် သက်‌သေလက္ခဏာ ‌နောက်တစ်ခုအဖြစ် အနာအဆာမရှိဘဲ လင်းဝင်း‌တောက်ပလျက် ထွက်‌ပေါ်လာမည်။ لِنُرِيَكَ مِنۡ ءَايَٰتِنَا ٱلۡكُبۡرَى ٢٣(ဤသို့ ပြုလုပ်ခြင်းမှာ)ငါအရှင်မြတ်သည် အရှင်မြတ်၏ကြီးကျယ်‌သော သက်‌သေလက္ခဏာများထဲမှ အသင့်အား ပြသ‌တော်မူရန်အတွက် ဖြစ်သည်။ ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ٢٤အသင်သည် ဖိရ်‌အောင်န်ထံသို့ သွားလိုက်ပါ။* အမှန်စင်စစ် သူသည် လွန်ကျူးစွာ ‌သွေဖည်‌နေပြီဖြစ်သည်။ قَالَ رَبِّ ٱشۡرَحۡ لِي صَدۡرِي ٢٥၎င်း(တမန်‌တော်မူစာ)က ‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အတွက် ကျွန်ုပ်၏ရင်ကို ကျယ်ဝန်း‌စေ‌တော်မူပါ။ وَيَسِّرۡ لِيٓ أَمۡرِي ٢٦ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏အ‌ရေးကိစ္စကို လွယ်ကူ‌စေ‌တော်မူပါ။ وَٱحۡلُلۡ عُقۡدَةً مِّن لِّسَانِي ٢٧ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏လျှာမှ အထုံးကို ‌ဖြေ‌ပေး‌တော်မူပါ။ يَفۡقَهُواْ قَوۡلِي ٢٨ကျွန်ုပ်၏စကားအား သူတို့(လူများ)နားလည်နိုင်ကြရန်အတွက်၊ وَٱجۡعَل لِّي وَزِيرًا مِّنۡ أَهۡلِي ٢٩ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏အိမ်သားများထဲမှ ကျွန်ုပ်အတွက် ကူညီသူအဖြစ် ပြုလုပ်‌ပေးသနား‌တော်မူပါ။ هَٰرُونَ أَخِي ٣٠ကျွန်ုပ်အစ်ကို ဟာရူန်ကို၊ ٱشۡدُدۡ بِهِۦٓ أَزۡرِي ٣١အရှင်မြတ်သည် ထိုဟာရူန်နှင့် ကျွန်ုပ်အား အင်အားဖြည့်တင်း‌ပေး‌တော်မူပါ။ وَأَشۡرِكۡهُ فِيٓ أَمۡرِي ٣٢ထို့ပြင် အရှင်မြတ်သည် ၎င်းအား ကျွန်ုပ်၏အ‌ရေးကိစ္စတွင်လည်း တွဲဖက်‌ပေး‌တော်မူပါ။ كَيۡ نُسَبِّحَكَ كَثِيرًا ٣٣ကျွန်ုပ်တို့သည် အရှင်မြတ် သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို များစွာ ‌ပြောဆိုနိုင်ကြရန်အတွက်၊ وَنَذۡكُرَكَ كَثِيرًا ٣٤ထို့ပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ကို များစွာ သတိရ တသနိုင်ကြရန်အတွက် ဖြစ်ပါသည်။ إِنَّكَ كُنتَ بِنَا بَصِيرًا ٣٥အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်တို့အား အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူပါသည်။ قَالَ قَدۡ أُوتِيتَ سُؤۡلَكَ يَٰمُوسَىٰ ٣٦အရှင်မြတ်က မိန့်ကြား‌တော်မူသည်- အို- မူစာ၊ အမှန်စင်စစ် အသင်သည် အသင်၏‌တောင်းခံချက်ကို ‌ပေးသနား‌တော်မူခြင်း ခံရပြီဖြစ်သည်။ وَلَقَدۡ مَنَنَّا عَلَيۡكَ مَرَّةً أُخۡرَىٰٓ ٣٧အမှန်မှာ ငါအရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် ယခင်ကလည်း ‌ကျေးဇူးပြု‌တော်မူခဲ့ဖူးသည်။ إِذۡ أَوۡحَيۡنَآ إِلَىٰٓ أُمِّكَ مَا يُوحَىٰٓ ٣٨တစ်ခါက ငါအရှင်မြတ်သည် အသင်၏မိခင်ထံသို့ ယခု‌ဖော်ပြမည့် အ‌ကြောင်းအရာကို ထုတ်ပြန်‌တော်မူခဲ့သည်။ أَنِ ٱقۡذِفِيهِ فِي ٱلتَّابُوتِ فَٱقۡذِفِيهِ فِي ٱلۡيَمِّ فَلۡيُلۡقِهِ ٱلۡيَمُّ بِٱلسَّاحِلِ يَأۡخُذۡهُ عَدُوٌّ لِّي وَعَدُوٌّ لَّهُۥۚ وَأَلۡقَيۡتُ عَلَيۡكَ مَحَبَّةً مِّنِّي وَلِتُصۡنَعَ عَلَىٰ عَيۡنِيٓ ٣٩အသင်မသည် ၎င်း(မူစာ)ကို ‌သေတ္တာထဲထည့်ပါ။ ထို့ပြင် အသင်မသည် ၎င်း(မူစာ)အား (‌သေတ္တာနှင့်တကွ)မြစ်ထဲသို့ (‌မျှော)ချလိုက်ပါ။ ထို့‌နောက် မြစ်(‌ရေ)သည် ၎င်း(မူစာ)အား ကမ်း‌ခြေသို့ ဆိုက်‌ရောက်‌စေလိမ့်မည်။ ထိုအခါ ငါအရှင်မြတ်၏ရန်သူလည်းဖြစ်ပြီး ၎င်း(မူစာ)၏ရန်သူလည်းဖြစ်သူကိ ၎င်း(မူစာ)အား ဆယ်ယူလိမ့်မည်ဟု (အမိန့်ထုတ်ပြန်ခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်းချစ်ရန်)အသင်၏အ‌ပေါ်တွင် အရှင်မြတ်ထံ‌တော်မှ ချစ်မြတ်နိုးမှုကို သက်‌ရောက်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်၏‌ရှေ့၌ ‌မွေးမြူ‌စောင့်‌ရှောက်ခံရရန်အတွက် (ထိုသို့ပြုလုပ်ခြင်း)ဖြစ်သည်။ إِذۡ تَمۡشِيٓ أُخۡتُكَ فَتَقُولُ هَلۡ أَدُلُّكُمۡ عَلَىٰ مَن يَكۡفُلُهُۥۖ فَرَجَعۡنَٰكَ إِلَىٰٓ أُمِّكَ كَيۡ تَقَرَّ عَيۡنُهَا وَلَا تَحۡزَنَۚ وَقَتَلۡتَ نَفۡسًا فَنَجَّيۡنَٰكَ مِنَ ٱلۡغَمِّ وَفَتَنَّٰكَ فُتُونًاۚ فَلَبِثۡتَ سِنِينَ فِيٓ أَهۡلِ مَدۡيَنَ ثُمَّ جِئۡتَ عَلَىٰ قَدَرٍ يَٰمُوسَىٰ ٤٠တစ်ခါက အသင်၏အစ်မသည် လမ်း‌လျှောက်လာသည်။ ထို့ပြင် သူမက ကျွန်မသည် အသင်တို့အား ၎င်း(က‌လေး)အား ‌မွေးမြူပြုစုနိုင်သည့်သူကို ညွှန်ပြရပါမည်‌လောဟု ‌ပြောဆိုသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အသင်၏မိခင်ထံသို့ သူမ၏မျက်စိ ‌အေးမြရန်အတွက်နှင့် သူမသည် ဝမ်းနည်းပူ‌ဆွေးမှု မဖြစ်ရန်အတွက် ပြန်လည်‌ရောက်ရှိ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အသင်သည် လူတစ်‌ယောက်ကို (မ‌တော်တဆ)သတ်ဖြတ်ခဲ့မိသည့်အတွက်* ငါအရှင်မြတ်သည် အသင့်အား စိတ်ဒုက္ခ‌ရောက်ခြင်းမှ ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အကြီးအကျယ် စမ်းသပ်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်သည် မဒ်ယန်မြို့သားများထံတွင် နှစ်များစွာ ‌နေထိုင်ခဲ့သည်။* ထို့‌နောက် အို- မူစာ၊ အသင်သည် သတ်မှတ်ထားသည့်အချိန်တွင် (ဤ‌နေရာ)သို့ ပြန်‌ရောက်လာခဲ့သည်။ وَٱصۡطَنَعۡتُكَ لِنَفۡسِي ٤١ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ငါအရှင်မြတ်အတွက် (တမန်‌တော်အဖြစ်)‌ရွေးချယ်‌တော်မူခဲ့သည်။ ٱذۡهَبۡ أَنتَ وَأَخُوكَ بِـَٔايَٰتِي وَلَا تَنِيَا فِي ذِكۡرِي ٤٢အသင်နှင့် အသင်၏အစ်ကိုသည် ငါအရှင်မြတ်၏သက်‌သေလက္ခဏာများကို ယူ‌ဆောင်သွားကြပါ။ ထို့ပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သတိရတသခြင်းတွင် မ‌ပေါ့ဆကြနှင့်။ ٱذۡهَبَآ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ٤٣အသင်တို့နှစ်ဦးသည် ဖိရ်‌အောင်န်ထံသို့ သွားကြပါ။ အမှန်စင်စစ် ထိုဖိရ်‌အောင်န်သည် အလွန်မာန‌ထောင် ‌သွေဖည်‌နေပြီဖြစ်သည်။ فَقُولَا لَهُۥ قَوۡلًا لَّيِّنًا لَّعَلَّهُۥ يَتَذَكَّرُ أَوۡ يَخۡشَىٰ ٤٤ထို့‌နောက် အသင်တို့နှစ်ဦးသည် သူ့ကို နူးညံ့သိမ်‌မွေ့‌သောစကားကို ‌ပြောဆိုကြပါ။ သူသည် တရားရ‌ကောင်း ရလိမ့်မည်၊ သို့မဟုတ် ‌ကြောက်ရွံ့‌ကောင်း ‌ကြောက်ရွံ့လိမ့်မည်။ قَالَا رَبَّنَآ إِنَّنَا نَخَافُ أَن يَفۡرُطَ عَلَيۡنَآ أَوۡ أَن يَطۡغَىٰ ٤٥၎င်းတို့နှစ်ဦးက ‌လျှောက်ထားကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား သူက လွန်ကျူးဒုက္ခ‌ပေးမည်ကို၊ ၎င်းပြင် သူသည် ပိုဆိုးသွမ်းလာမည်ကို စိုးရိမ်မိပါသည်။ قَالَ لَا تَخَافَآۖ إِنَّنِي مَعَكُمَآ أَسۡمَعُ وَأَرَىٰ ٤٦အရှင်မြတ်က မိန့်‌တော်မူသည်- အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြနှင့်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိ‌တော်မူသည်။ ငါအရှင်မြတ်သည် (အားလုံးကို)ကြား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှကို)မြင်‌တော်မူသည်။ فَأۡتِيَاهُ فَقُولَآ إِنَّا رَسُولَا رَبِّكَ فَأَرۡسِلۡ مَعَنَا بَنِيٓ إِسۡرَٰٓءِيلَ وَلَا تُعَذِّبۡهُمۡۖ قَدۡ جِئۡنَٰكَ بِـَٔايَةٍ مِّن رَّبِّكَۖ وَٱلسَّلَٰمُ عَلَىٰ مَنِ ٱتَّبَعَ ٱلۡهُدَىٰٓ ٤٧သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် သူ၏ထံသို့ သွားကြပြီး (ဤသို့)‌ပြောကြားကြပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်၏တမန်‌တော်နှစ်ပါးဖြစ်ကြသည်။ သို့ဖြစ်ရာ အသင်သည် အစ္စရာအီလ်မျိုးနွယ်များအား ကျွန်ုပ်တို့နှင့်အတူ ထည့်လိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အား ဒုက္ခ မ‌ပေးပါနှင့်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာ‌တော်ကို အသင့်ထံ ယူ‌ဆောင်လာခဲ့ကြပါသည်။ ထို့ပြင် ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာသူအတွက်ဖြစ်သည်။ إِنَّا قَدۡ أُوحِيَ إِلَيۡنَآ أَنَّ ٱلۡعَذَابَ عَلَىٰ مَن كَذَّبَ وَتَوَلَّىٰ ٤٨အမှန်စင်စစ် ပြစ်ဒဏ်သည် မဟုတ်မမှန်ငြင်းပယ်ပြီး မျက်နှာလွှဲဖယ် ‌ကျောခိုင်းသွားသူအ‌ပေါ်တွင် ကျ‌ရောက်မည်ဆိုသည့်အ‌ကြောင်း အမှန်ပင် ကျွန်ုပ်တို့ထံသို့ အမိန့်‌တော် ‌ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ قَالَ فَمَن رَّبُّكُمَا يَٰمُوسَىٰ ٤٩သူ(ဖိရ်‌အောင်န်)က‌ပြောသည်- သို့ဖြစ်လျှင် အို- မူစာ၊ အသင်တို့နှစ်ဦးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဆိုသည်မှာ မည်သူနည်း။ قَالَ رَبُّنَا ٱلَّذِيٓ أَعۡطَىٰ كُلَّ شَيۡءٍ خَلۡقَهُۥ ثُمَّ هَدَىٰ ٥٠၎င်း(တမန်‌တော် မူစာ)က ပြန်‌ပြောသည်- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အရာတိုင်းအား ထိုအရာနှင့်သင့်‌တော်‌သေ ရုပ်ဆင်းသဏ္ဍာန်ကို ‌ပေး‌တော်မူ၍ နည်းလမ်းညွှန်ကြားပြသ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ قَالَ فَمَا بَالُ ٱلۡقُرُونِ ٱلۡأُولَىٰ ٥١သူ(ဖိရ်‌အောင်န်)က‌ပြောသည်- သို့ဖြစ်လျှင် ယခင်က လူမျိုးများ၏အ‌ခြေအ‌နေသည် မည်သို့ရှိသနည်း။ قَالَ عِلۡمُهَا عِندَ رَبِّي فِي كِتَٰبٍۖ لَّا يَضِلُّ رَبِّي وَلَا يَنسَى ٥٢၎င်း(တမန်‌တော် မူစာ)က ‌ပြောသည်- သူတို့နှင့်ပတ်သက်သည့်အသိကမူ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင်ရှိ‌သော မှတ်တမ်းစာအုပ်၌ ရှိသည်။ ကျွန်ုပ်၏အရှင်မြတ်သည် မှားသည်လည်းမရှိ‌ပေ၊ ‌မေ့သည်လည်းမရှိ‌ပေ။ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدًا وَسَلَكَ لَكُمۡ فِيهَا سُبُلًا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخۡرَجۡنَا بِهِۦٓ أَزۡوَٰجًا مِّن نَّبَاتٍ شَتَّىٰ ٥٣ထိုအရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့၍ ၎င်းထဲတွင် လမ်းများ ‌ဖောက်လုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် မိုး‌ကောင်းကင်မှ မိုး‌ရေကို သွန်‌လောင်းချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌ရေနှင့် (အနံ့အရသာ) အမျိုးမျိုးကွဲပြား‌သော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။ كُلُواْ وَٱرۡعَوۡاْ أَنۡعَٰمَكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّأُوْلِي ٱلنُّهَىٰ ٥٤အသင်တို့သည် (အသင်တို့လည်း)စားသုံးကြပါ။ ထို့ပြင် အသင်တို့၏တိရစာ္ဆန်များကိုလည်း စားကျက်ချကြပါ။ အမှန်စင်စစ် ထိုအထဲတွင် ဉာဏ်ရှင်များအတွက် သက်‌သေသာဓကများရှိသည်။ ۞ مِنۡهَا خَلَقۡنَٰكُمۡ وَفِيهَا نُعِيدُكُمۡ وَمِنۡهَا نُخۡرِجُكُمۡ تَارَةً أُخۡرَىٰ ٥٥ထို‌မြေကြီးကပင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ထို‌မြေကြီးထဲသို့ပင် ငါအရှင်မြတ်သည် အသင်တို့အား ပြန်လည်‌ရောက်‌စေ‌တော်မူမည်။ ထို့ပြင် ထို‌မြေကြီးမှပင် ငါအရှင်မြတ်သည် အသင်တို့အား ‌နောက်တစ်ကြိမ် ထွက်‌စေ‌တော်မူမည်ဖြစ်သည်။ وَلَقَدۡ أَرَيۡنَٰهُ ءَايَٰتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ ٥٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူ(ဖိရ်‌အောင်န်)အား အရှင်မြတ်၏သက်‌သေသာဓက အားလုံးကို ပြသ‌တော်မူခဲ့သည်။ ထို့‌နောက် သူသည် မဟုတ်မမှန်ဟု ‌ပြောဆိုငြင်းပယ်ခဲ့သည့်အပြင် (အရှင်မြတ်ကိုလည်း ယုံကြည်ရန်)ငြင်းဆိုခဲ့သည်။ قَالَ أَجِئۡتَنَا لِتُخۡرِجَنَا مِنۡ أَرۡضِنَا بِسِحۡرِكَ يَٰمُوسَىٰ ٥٧သူ(ဖိရ်‌အောင်န်)က‌ပြောဆိုသည်- အို- မူစာ၊ အသင်သည် အသင်၏စုန်းပ‌ယောဂအတတ်နှင့် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏တိုင်းပြည်မှ နှင်ထုတ်ရန် လာခဲ့သ‌လော။ فَلَنَأۡتِيَنَّكَ بِسِحۡرٍ مِّثۡلِهِۦ فَٱجۡعَلۡ بَيۡنَنَا وَبَيۡنَكَ مَوۡعِدًا لَّا نُخۡلِفُهُۥ نَحۡنُ وَلَآ أَنتَ مَكَانًا سُوًى ٥٨သို့ဖြစ်လျှင် ကျွန်ုပ်တို့လည်း (အသင်နှင့်ယှဉ်ပြိုင်ရန်) ထိုကဲ့သို့ စုန်းပ‌ယောဂ အတတ်ကိုပင် အသင်၏ထံ မမှန်ပင် ယူ‌ဆောင်လာကြမည်။ သို့ဖြစ်ရာ အသင်သည် ညီညာသည့် ကွင်းပြင်တစ်ခုတွင် (ပြိုင်ဆိုင်ရန်) ကျွန်ုပ်တို့နှင့် အသင်ကြား၌ အချိန်တစ်ချိန်ကို ချိန်းဆိုသတ်မှတ်လိုက်ပါ။ ထိုချိန်းဆိုသည့်အချိန်ကို ကျွန်ုပ်တို့လည်း ပျက်ကွက်ကြမည် မဟုတ်‌ပေ၊ ထို့ပြင် အသင်လည်း မပျက်ကွက်ပါ‌လေနှင့်။ قَالَ مَوۡعِدُكُمۡ يَوۡمُ ٱلزِّينَةِ وَأَن يُحۡشَرَ ٱلنَّاسُ ضُحًى ٥٩၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- အသင်တို့နှင့် ချိန်းဆိုသည့်‌နေ့သည် လှပသည့်ပွဲ‌တော်‌နေ့ပင်ဖြစ်သည်။ ထို့ပြင် လူများသည်လည်း ‌နေတက်ချိန်တွင် စုရုံး‌ရောက်ရှိကြရမည်။ فَتَوَلَّىٰ فِرۡعَوۡنُ فَجَمَعَ كَيۡدَهُۥ ثُمَّ أَتَىٰ ٦٠ထို့‌နောက် ဖိရ်‌အောင်န်သည် ပြန်သွားခဲ့သည်။ ထို့ပြင် သူသည် သူ၏အကြံအစည်များကို စု‌ဆောင်းပြီး‌နောက်တွင် (ချိန်းဆိုသည့်‌နေရာသို့)လာခဲ့သည်။ قَالَ لَهُم مُّوسَىٰ وَيۡلَكُمۡ لَا تَفۡتَرُواْ عَلَى ٱللَّهِ كَذِبًا فَيُسۡحِتَكُم بِعَذَابٍۖ وَقَدۡ خَابَ مَنِ ٱفۡتَرَىٰ ٦١(တမန်‌တော်)မူစာက ထို‌မှော်ဆရာများကို ‌ပြောဆိုသည်- အသင်တို့ အကျိုးယုတ်ပါ‌စေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားလုပ်ကြံ မစွပ်စွဲကြနှင့်။ သို့ဖြစ်လျှင် အရှင်မြတ်သည် အသင်တို့အား ပြစ်ဒဏ်နှင့် ဖျက်ဆီး‌တော်မူလိမ့်မည်။ ထို့ပြင် အမှန်စင်စစ် လုပ်ကြံစွပ်စွဲသူသည် အမှန်ပင် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ فَتَنَٰزَعُوٓاْ أَمۡرَهُم بَيۡنَهُمۡ وَأَسَرُّواْ ٱلنَّجۡوَىٰ ٦٢ထို့‌နောက် ‌မှော်ဆရာများသည် သူတို့အ‌ရေးကိစ္စနှင့် ပတ်သက်၍ အချင်းချင်း ငြင်းခုံ ကွဲလွဲခဲ့ကြသည်။ ထို့ပြင် သူတို့သည် တိုးတီးစွာ ‌ဆွေး‌နွေးခဲ့ကြသည်။ قَالُوٓاْ إِنۡ هَٰذَٰنِ لَسَٰحِرَٰنِ يُرِيدَانِ أَن يُخۡرِجَاكُم مِّنۡ أَرۡضِكُم بِسِحۡرِهِمَا وَيَذۡهَبَا بِطَرِيقَتِكُمُ ٱلۡمُثۡلَىٰ ٦٣သူတို့က ‌ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ဤနှစ်ဦးသည် ‌မှော်ဆရာနှစ်ဦးပင်ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏‌မှော်အတတ်နှင့် အသင်တို့အား အသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်အတွက်နှင့် အသင်တို့၏‌ကောင်းမွန်သည့် ယဉ်‌ကျေးမှု(အယူဝါဒ)ကို ဖျက်ဆီးရန်အတွက် ကြံရွယ်ကြခြင်းဖြစ်သည်။ فَأَجۡمِعُواْ كَيۡدَكُمۡ ثُمَّ ٱئۡتُواْ صَفًّاۚ وَقَدۡ أَفۡلَحَ ٱلۡيَوۡمَ مَنِ ٱسۡتَعۡلَىٰ ٦٤သို့ဖြစ်ရာ အသင်တို့သည် အသင်တို့၏ အကြံအစည်များကို စု‌ဆောင်းပြီး တန်းစီလာကြပါ။ ထို့ပြင် အမှန်စင်စစ် ယ‌နေ့မူ အနိုင်ရမည့်သူသာ ‌အောင်မြင်မည်ဖြစ်သည်။ قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ أَوَّلَ مَنۡ أَلۡقَىٰ ٦٥ထို(‌မှော်ဆရာ)များက ‌ပြောဆိုကြသည်- အို- မူစာ၊ အသင်သည် (အသင်၏‌တောင်‌ဝှေးကို ဦးစွာ)ပစ်ချမည်‌လော၊* သို့မဟုတ် ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ကြိုးများ၊ တုတ်များကို) ပထမဦးစွာ ပစ်ချရမည်‌လော။ قَالَ بَلۡ أَلۡقُواْۖ فَإِذَا حِبَالُهُمۡ وَعِصِيُّهُمۡ يُخَيَّلُ إِلَيۡهِ مِن سِحۡرِهِمۡ أَنَّهَا تَسۡعَىٰ ٦٦၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- ဤသို့ မဟုတ်‌ပေ၊ အသင်တို့ပင် ဦးစွာ ပစ်ချကြပါ။ (သူတို့ပစ်ချလိုက်သည့်အခါတွင်)ရုတ်တရက် သူတို့၏ကြိုးများနှင့် တုတ်‌ချောင်းများသည် သူတို့၏‌မှော်အတတ်‌ကြောင့် ၎င်း(တမန်‌တော်မူစာ)၏အမြင်တွင် အမှန်စင်စစ် လှုပ်ရှား‌ပြေးလွှား‌နေသည်ဟု ထင်ရသည်။ فَأَوۡجَسَ فِي نَفۡسِهِۦ خِيفَةً مُّوسَىٰ ٦٧ထို့‌နောက် (တမန်‌တော်)မူစာသည် ၎င်း၏စိတ်ထဲတွင် အနည်းငယ် စိုးရိမ်စိတ်ဝင်လာသည်။ قُلۡنَا لَا تَخَفۡ إِنَّكَ أَنتَ ٱلۡأَعۡلَىٰ ٦٨ငါအရှင်မြတ်က (တမန်‌တော်မူစာကို)မိန့်ကြား‌တော်မူသည်- အသင် မ‌ကြောက်နှင့်၊ အမှန်စင်စစ် အသင်သာလျှင် ‌အောင်နိုင်သူဖြစ်သည်။ وَأَلۡقِ مَا فِي يَمِينِكَ تَلۡقَفۡ مَا صَنَعُوٓاْۖ إِنَّمَا صَنَعُواْ كَيۡدُ سَٰحِرٍۖ وَلَا يُفۡلِحُ ٱلسَّاحِرُ حَيۡثُ أَتَىٰ ٦٩ထို့ပြင် အသင်သည် အသင်၏လက်ယာလက်ထဲမှအရာ(‌တောင်‌ဝှေး)ကို ပစ်ချလိုက်ပါ။ ထိုအရာက ‌မှော်ဆရာများ ကြံစည်ပြုလုပ်ထားသည့်အရာများအား ဝါးမျိုလိမ့်မည်။ အမှန်စင်စစ် သူတို့ ကြံစည်ပြုလုပ်ခြင်းဟူသမျှသည် ‌မှော်ဆရာ၏လှည့်ကွက်ပင်ဖြစ်သည်။ ထို့ပြင် ‌မှော်ဆရာသည် အဘယ်မှပင် လာသည်ဖြစ်‌စေ ‌အောင်မြင်မည်မဟုတ်‌ပေ။ فَأُلۡقِيَ ٱلسَّحَرَةُ سُجَّدًا قَالُوٓاْ ءَامَنَّا بِرَبِّ هَٰرُونَ وَمُوسَىٰ ٧٠ထို့‌နောက် ‌မှော်ဆရာများသည် စဂ်ျဒဟ်ဦးချလျက် ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် (တမန်‌တော်)ဟာရူန်နှင့် (တမန်‌တော်)မူစာတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို အီမာန်ယုံကြည်ကြပါပြီ။ قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَۖ فَلَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٍ وَلَأُصَلِّبَنَّكُمۡ فِي جُذُوعِ ٱلنَّخۡلِ وَلَتَعۡلَمُنَّ أَيُّنَآ أَشَدُّ عَذَابًا وَأَبۡقَىٰ ٧١ဖိရ်‌အောင်န်က ‌ပြောဆိုသည်- အသင်တို့သည် ငါက အသင်တို့အား ခွင့်မပြုရ‌သေးမီပင် ၎င်းကို အီမာန်ယုံကြည်ခဲ့ကြသည်။ အမှန်စင်စစ် ၎င်းသည် အသင်တို့အား ‌မှော်အတတ်ပညာသင်‌ပေးခဲ့‌သော အသင်တို့၏အကြီးအကဲပင်ဖြစ်သည်။* သို့ဖြစ်ရာ အမှန်ပင် ငါသည် အသင်တို့၏လက်များနှင့် ‌ခြေများကို ဘက်လွှဲပြီး (ဆန့်ကျင်ဘက်)ဖြတ်‌တောက်ပစ်မည် ဖြစ်သည်။ ထို့ပြင် အမှန်ပင် ငါသည် အသင်တို့အား စွန်ပလွံပင်၏ပင်စည်များတွင် လက်ဝါးကပ်တိုင်တင်မည်။ ထို့ပြင် အသင်တို့သည် ငါတို့ထဲမှ မည်သူ၏ပြစ်ဒဏ်သည် ပိုပြင်းထန်သည်ဆိုသည်နှင့် ပိုကြာရှည်တည်မြဲသည်ဆိုသည်ကို အမှန်ပင် သိရှိကြမည်ဖြစ်သည်။ قَالُواْ لَن نُّؤۡثِرَكَ عَلَىٰ مَا جَآءَنَا مِنَ ٱلۡبَيِّنَٰتِ وَٱلَّذِي فَطَرَنَاۖ فَٱقۡضِ مَآ أَنتَ قَاضٍۖ إِنَّمَا تَقۡضِي هَٰذِهِ ٱلۡحَيَوٰةَ ٱلدُّنۡيَآ ٧٢ထို‌မှော်ဆရာများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ ‌ရောက်ရှိလာ‌သော သက်‌သေသာဓကများနှင့် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထက် အသင့်အား လုံးဝ ဦးစား‌ပေးနှစ်သက်မည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် အသင်စီရင်ချက်ချလိုသည့်အတိုင်း ချလိုက်ပါ။ (အမှန်စင်စစ်) အသင်သည် ဤဘဝတွင်သာ စီရင်ချက်ချနိုင်မည်ဖြစ်သည်။ إِنَّآ ءَامَنَّا بِرَبِّنَا لِيَغۡفِرَ لَنَا خَطَٰيَٰنَا وَمَآ أَكۡرَهۡتَنَا عَلَيۡهِ مِنَ ٱلسِّحۡرِۗ وَٱللَّهُ خَيۡرٌ وَأَبۡقَىٰٓ ٧٣အမှန်ပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို အရှင်မြတ်သည် ကျွန်ုပ်တို့၏အပြစ်များကိုလည်း‌ကောင်း၊ ကျွန်ုပ်တို့အား ‌မှော်အတတ်ပညာနှင့်ပတ်သက်၍ အတင်းအဓမ္မ အသင်က ‌စေခိုင်းခဲ့ခြင်းအ‌ပေါ် (ကျွန်ုပ်တို့ ပြုလုပ်ခဲ့ရသည့်အပြစ်များကို)လည်း‌ကောင်း ခွင့်လွှတ်ချမ်းသာ ‌ပေး‌တော်မူရန်အတွက် အီမာန်ယုံကြည်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ပင် အ‌ကောင်းဆုံးနှင့် အတည်မြဲဆုံးဖြစ်‌တော်မူသည်။ إِنَّهُۥ مَن يَأۡتِ رَبَّهُۥ مُجۡرِمًا فَإِنَّ لَهُۥ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ ٧٤အမှန်စင်စစ် မည်သူမဆို သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ အပြစ်ရှိသူအဖြစ်နှင့် ‌ရောက်လာလျှင် အမှန်စင်စစ် ထိုသူ့အတွက် ဂျဟန္နမ်ငရဲဘုံပင်ရှိမည်။ သူသည် ထိုငရဲဘုံတွင် ‌သေမည်လည်း မဟုတ်‌ပေ၊ ထို့ပြင် ရှင်မည်လည်း မဟုတ်‌ပေ။ وَمَن يَأۡتِهِۦ مُؤۡمِنًا قَدۡ عَمِلَ ٱلصَّٰلِحَٰتِ فَأُوْلَٰٓئِكَ لَهُمُ ٱلدَّرَجَٰتُ ٱلۡعُلَىٰ ٧٥ထို့ပြင် အကြင်သူသည် အရှင်မြတ်ထံ‌တော်သို့ အီမာန်ယုံကြည်သူအဖြစ်နှင့် ‌ရောက်လာမည်၊ သူသည် အမှန်ပင် ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုလည်း လုပ်ခဲ့မည်ဆိုလျှင်၊ ထိုသူများပင် သူတို့အတွက် မြင့်မားသည့် အဆင့်အတန်းများရှိလိမ့်မည်။ جَنَّٰتُ عَدۡنٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ مَن تَزَكَّىٰ ٧٦အမြဲ‌နေထိုင်ရမည့် ဥယျာဉ်များရှိမည်၊ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ (သူတို့သည်) ၎င်းထဲတွင် အမြဲ‌နေထိုင်ရမည်ဖြစ်သည်။ ထို့ပြင် ၎င်းသည် အပြစ်ကင်းစင်ခဲ့သူများ၏ အကျိုးရလဒ်ဖြစ်သည်။ وَلَقَدۡ أَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَسۡرِ بِعِبَادِي فَٱضۡرِبۡ لَهُمۡ طَرِيقًا فِي ٱلۡبَحۡرِ يَبَسًا لَّا تَخَٰفُ دَرَكًا وَلَا تَخۡشَىٰ ٧٧ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ (ဤသို့)အမိန့်ချ‌ပေး‌တော်မူခဲ့သည်။ အသင်သည် ငါအရှင်မြတ်၏ကျွန်များကို ညအချိန်တွင် ‌ခေါ်‌ဆောင်သွားပါ။ ထို့ပြင် အသင်သည် သူတို့အတွက် ပင်လယ်တွင် ‌ခြောက်‌သွေ့‌သောလမ်းကို ပြသပါ။ အသင်သည် (အသင်တို့အား ရန်သူများ)မီလာကြမည်ကိုလည်း စိုးရိမ်ရမည် မဟုတ်‌ပေ၊ (အသင်တို့သည် ပင်လယ်ထဲတွင် နစ်မြှပ်သွားမည်ကိုလည်း) ‌ကြောက်ရွံ့ရမည် မဟုတ်‌ပေ။ فَأَتۡبَعَهُمۡ فِرۡعَوۡنُ بِجُنُودِهِۦ فَغَشِيَهُم مِّنَ ٱلۡيَمِّ مَا غَشِيَهُمۡ ٧٨ထို့‌နောက် ဖိရ်‌အောင်န်သည် သူ၏စစ်သည်များနှင့်တကွ သူတို့၏‌နောက်မှ လိုက်ခဲ့သည်။ သို့ဖြစ်ရာ သူတို့ကို လွှမ်းမိုး(နစ်မြှပ်‌စေ)သည့် ပင်လယ်‌ရေသည် သူတို့ကို လွှမ်းမိုး(နစ်မြှပ်)ခဲ့သည်။ وَأَضَلَّ فِرۡعَوۡنُ قَوۡمَهُۥ وَمَا هَدَىٰ ٧٩ထို့ပြင် ဖိရ်‌အောင်န်သည် မိမိအမျိုးသားများအား တရားလမ်းမှန်ကို မပြဘဲ လမ်းမှား‌စေခဲ့သည်။ يَٰبَنِيٓ إِسۡرَٰٓءِيلَ قَدۡ أَنجَيۡنَٰكُم مِّنۡ عَدُوِّكُمۡ وَوَٰعَدۡنَٰكُمۡ جَانِبَ ٱلطُّورِ ٱلۡأَيۡمَنَ وَنَزَّلۡنَا عَلَيۡكُمُ ٱلۡمَنَّ وَٱلسَّلۡوَىٰ ٨٠အို အစ္စရာအီလ်မျိုးနွယ်အ‌ပေါင်းတို့၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ကို အသင်တို့၏ရန်သူမှ ကယ်တင်‌တော်မူခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို လက်ယာဘက်၌ရှိ‌သော သွူရ်‌တောင်၏နံ‌ဘေးသို့ (လာရန်)ချိန်းဆို‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် မန်း(နှင်းမုန့်)ကို‌ရော၊ စလ်ဝါ (ငုံး‌ကောင်တစ်မျိုး)ကိုပါ ချ‌ပေး‌တော်မူခဲ့သည်။ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَلَا تَطۡغَوۡاْ فِيهِ فَيَحِلَّ عَلَيۡكُمۡ غَضَبِيۖ وَمَن يَحۡلِلۡ عَلَيۡهِ غَضَبِي فَقَدۡ هَوَىٰ ٨١အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ‌ပေး‌တော်မူခဲ့‌သော စင်ကြယ်သည့် စားစရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ စည်းကမ်းမကျူးလွန်ကြနှင့်။ ထိုသို့ ကျူးလွန်ခဲ့လျှင် ငါအရှင်မြတ်၏အမျက်‌တော်သည် အသင်တို့အ‌ပေါ်တွင် သက်‌ရောက်လိမ့်မည်။ ထို့ပြင် မည်သူမဆို ငါအရှင်မြတ်၏အမျက်‌တော်သည် ထိုသူတို့အ‌ပေါ်တွင် သက်‌ရောက်ခဲ့လျှင် အမှန်ပင် ထိုသူသည် (ငရဲဘုံထဲသို့)ကျသွားမည်။ وَإِنِّي لَغَفَّارٌ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا ثُمَّ ٱهۡتَدَىٰ ٨٢ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အကြင်သူ့ကို အမှန်ပင် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုသူသည် ‌နောင်တရ အမှားဝန်ခံ ‌တောင်းပန်ပြီး အီမာန်ယုံကြည်ခဲ့သည်။ ထို့ပြင် ‌ကောင်းမြတ်‌သော လုပ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။ ထို့ပြင် တရားလမ်းမှန်‌ပေါ်၌သာ တည်ရှိခဲ့သည်။ ۞ وَمَآ أَعۡجَلَكَ عَن قَوۡمِكَ يَٰمُوسَىٰ ٨٣ထို့ပြင် အို- (တမန်‌တော်)မူစာ၊ မည်သည့်အရာက အသင့်အား အသင်၏အမျိုးသားများထက်‌စောပြီး လာ‌ရောက်‌စေခဲ့သနည်း။ قَالَ هُمۡ أُوْلَآءِ عَلَىٰٓ أَثَرِي وَعَجِلۡتُ إِلَيۡكَ رَبِّ لِتَرۡضَىٰ ٨٤၎င်းက ‌ပြောဆို‌လျှောက်ထားသည်- သူတို့သည် ထို‌နေရာတွင် ကျွန်ုပ်‌နောက်မှပင် လိုက်လာခဲ့ကြပါသည်။ ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်သည် အရှင်မြတ်ထံ‌တော်သို့ အရှင်မြတ်‌ကျေနပ်‌တော်မူရန် ‌ဆောလျင်စွာ လာခဲ့ခြင်းသာ ဖြစ်ပါသည်။ قَالَ فَإِنَّا قَدۡ فَتَنَّا قَوۡمَكَ مِنۢ بَعۡدِكَ وَأَضَلَّهُمُ ٱلسَّامِرِيُّ ٨٥အရှင်မြတ်က မိန့်ကြား‌တော်မူသည်- (အို- တမန်‌တော်မူစာ) အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏‌နောက်တွင် အသင်၏အမျိုးသားများအား စမ်းသပ်‌တော်မူခဲ့သည်။ ထို့ပြင် စာမိရီ*သည် သူတို့ကို လမ်းမှား‌စေခဲ့ပြီဖြစ်သည်။ فَرَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفًاۚ قَالَ يَٰقَوۡمِ أَلَمۡ يَعِدۡكُمۡ رَبُّكُمۡ وَعۡدًا حَسَنًاۚ أَفَطَالَ عَلَيۡكُمُ ٱلۡعَهۡدُ أَمۡ أَرَدتُّمۡ أَن يَحِلَّ عَلَيۡكُمۡ غَضَبٌ مِّن رَّبِّكُمۡ فَأَخۡلَفۡتُم مَّوۡعِدِي ٨٦ထို့‌နောက် (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများထံသို့ ‌ဒေါသထွက်ကာ ဝမ်းနည်းပူ‌ဆွေးလျက် ပြန်လာခဲ့ပြီ‌ပြောသည်- အို- ကျွန်ုပ်၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်တို့အား ‌ကောင်းမြတ်သည့်ကတိကို ‌ပေးခဲ့သည်မဟုတ်‌လော။ ထို့ပြင် ထိုအချိန်ကာလသည် အသင်တို့အ‌ပေါ်တွင် ရှည်လျားသွားခဲ့ပြီ‌လော။ သို့မဟုတ် အသင်တို့သည် အသင်တို့အ‌ပေါ်တွင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမျက်‌တော် သက်‌ရောက်သည်ကို အလိုရှိသည့်အတွက် ကျွန်ုပ်နှင့်ပြုထားသည့် ကတိကို ‌ဖောက်ဖျက်ခဲ့ကြသ‌လော။ قَالُواْ مَآ أَخۡلَفۡنَا مَوۡعِدَكَ بِمَلۡكِنَا وَلَٰكِنَّا حُمِّلۡنَآ أَوۡزَارًا مِّن زِينَةِ ٱلۡقَوۡمِ فَقَذَفۡنَٰهَا فَكَذَٰلِكَ أَلۡقَى ٱلسَّامِرِيُّ ٨٧ထိုအမျိုးသားများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်နှင့်ပြုလုပ်ခဲ့‌သော ကတိကို ကျွန်ုပ်တို့သ‌ဘောနှင့် ‌ဖောက်ဖျက်ခဲ့ကြသည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့သည် (ဖိရ်‌အောင်န်၏)အမျိုးသားများထံမှ (ငှားရမ်းခဲ့‌သော)လက်ဝတ်လက်စားများကို သယ်ပိုးယူ‌ဆောင်လာခဲ့ကြသည်။ ထိုအရာများ(သည် ကျွန်ုပ်တို့အတွက် ပိုင်ဆိုင်ခွင့်မရှိသည့်အတွက်၊ ထိုအရာများ)ကို (မီးဖိုထဲ)ပစ်ချခဲ့ကြသည်။ ထို့ပြင် စာမိရီကလည်း ထိုသို့ပင် ပစ်ချခဲ့သည်။ فَأَخۡرَجَ لَهُمۡ عِجۡلًا جَسَدًا لَّهُۥ خُوَارٌ فَقَالُواْ هَٰذَآ إِلَٰهُكُمۡ وَإِلَٰهُ مُوسَىٰ فَنَسِيَ ٨٨ထို့‌နောက် စာမိရီသည် သူတို့အတွက် (‌အော်သံမြည်သံ)အသံထွက်‌သော နွားငယ်‌လေးတစ်‌ကောက်၏ခန္ဓာကိုယ်သဏ္ဍာန်တစ်ခုကို (ပုံ‌လောင်း၍)ထုတ်ယူလာခဲ့သည်။ ၎င်း‌နောက် ထိုအမျိုးသားများက “ဤသည် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင်နှင့် (တမန်‌တော်)မူစာ၏ ကိုးကွယ်ထိုက်သည့်အရှင်ဖြစ်သည်။ သို့ဖြစ်ရာ (တမန်‌တော်)မူစာသည် (၎င်း၏အရှင်ကို)‌မေ့ထားခဲ့ပြီဖြစ်သည်“ဟု ‌ပြောဆိုကြသည်။ أَفَلَا يَرَوۡنَ أَلَّا يَرۡجِعُ إِلَيۡهِمۡ قَوۡلًا وَلَا يَمۡلِكُ لَهُمۡ ضَرًّا وَلَا نَفۡعًا ٨٩သူတို့ မမြင်ကြ‌လေသ‌လော။ ထိုနွားငယ်‌လေးသည် သူတို့၏မည်သည့်စကားကိုမျှ ပြန်ကြားနိုင်သည်လည်း မရှိ‌ပေ။ وَلَقَدۡ قَالَ لَهُمۡ هَٰرُونُ مِن قَبۡلُ يَٰقَوۡمِ إِنَّمَا فُتِنتُم بِهِۦۖ وَإِنَّ رَبَّكُمُ ٱلرَّحۡمَٰنُ فَٱتَّبِعُونِي وَأَطِيعُوٓاْ أَمۡرِي ٩٠ထို့ပြင် အမှန်မှာ(တမန်‌တော်)ဟာရူန်က (တမန်‌တော်မူစာ)ပြန်မ‌ရောက်ခင်ကတည်းက ထိုအမျိုးသားများအား (ဤသို့)‌ပြောဆို သတိ‌ပေးခဲ့သည်။ “အို- ကျွန်ုပ်၏အမျိုးသားတို့၊ အမှန်စင်စစ် အသင်တို့သည် ဤနွားရုပ်နှင့် စမ်းသပ်ခံခဲ့ကြရပြီဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ပင် ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်၏‌နောက်သို့လိုက်ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ قَالُواْ لَن نَّبۡرَحَ عَلَيۡهِ عَٰكِفِينَ حَتَّىٰ يَرۡجِعَ إِلَيۡنَا مُوسَىٰ ٩١သူတို့က ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ (တမန်‌တော်)မူစာပြန်မလာမချင်း ထိုနွားရုပ်အ‌ပေါ်တွင်သာ အမြဲစွဲကပ်(ကိုးကွယ်)‌နေမည်။ قَالَ يَٰهَٰرُونُ مَا مَنَعَكَ إِذۡ رَأَيۡتَهُمۡ ضَلُّوٓاْ ٩٢(ထို့‌နောက်)၎င်း(တမန်‌တော်မူစာ ပြန်လာ၍)‌ပြောဆိုသည်- အို- ဟာရူန်၊ အသင်သည် သူတို့ လမ်းမှားခဲ့ကြသည်ကို ‌တွေ့မြင်သည့်အခါ အသင့်အား မည်သည့်အရာက တားဆီးခဲ့သနည်း၊ أَلَّا تَتَّبِعَنِۖ أَفَعَصَيۡتَ أَمۡرِي ٩٣ကျွန်ုပ်ထံသို့ လိုက်လာခြင်းမှ။ အသင်သည် ကျွန်ုပ်၏အမိန့်ကို ဖီဆန်ခဲ့သ‌လော။ قَالَ يَبۡنَؤُمَّ لَا تَأۡخُذۡ بِلِحۡيَتِي وَلَا بِرَأۡسِيٓۖ إِنِّي خَشِيتُ أَن تَقُولَ فَرَّقۡتَ بَيۡنَ بَنِيٓ إِسۡرَٰٓءِيلَ وَلَمۡ تَرۡقُبۡ قَوۡلِي ٩٤၎င်း(တမန်‌တော်ဟာရူန်)က ‌ပြောဆိုသည်- အို- ကျွန်ုပ်အ‌မေ၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်နှင့် ကျွန်ုပ်၏ဦး‌ခေါင်းကို ကိုင်ဆွဲခြင်း မပြုပါနှင့်။ အမှန်စင်စစ် ကျွန်ုပ်သည် အသင် ကျွန်ုပ်အား (ဤသို့)‌ပြောမည်ကို စိုးရိမ်ခဲ့သည်- “အသင်သည် ကျွန်ုပ်၏စကားကိုပင် မ‌စောင့်ဘဲ အစ္စရာအီလ်မျိုးနွယ်ဝင်များကြားတွင် ‌သွေးကွဲ‌အောင် အသင် ပြုလုပ်လိုက်သည်။“ قَالَ فَمَا خَطۡبُكَ يَٰسَٰمِرِيُّ ٩٥၎င်း(တမန်‌တော်မူစာ)က‌ပြောသည်- အို- စာမိရီ၊ အသင်၏ရည်ရွယ်ချက်သည် မည်သို့နည်း။ قَالَ بَصُرۡتُ بِمَا لَمۡ يَبۡصُرُواْ بِهِۦ فَقَبَضۡتُ قَبۡضَةً مِّنۡ أَثَرِ ٱلرَّسُولِ فَنَبَذۡتُهَا وَكَذَٰلِكَ سَوَّلَتۡ لِي نَفۡسِي ٩٦သူက‌ပြောသည်- ကျွန်ုပ်သည် အခြားသူများ မမြင်ခဲ့ကြသည့်အရာကို ‌တွေ့မြင်ခဲ့ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်သည် ‌ကောင်းကင်တမန်၏(မြင်း)‌ခြေရာမှ (‌မြေကြီး)လက်တစ်ဆုပ်ကို ယူခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်သည် ထိုအရာကို ဤ(နွားငယ်‌လေး၏ခန္ဓာကိုယ်ထဲတွင်)ထည့်ခဲ့ပါသည်။ ထို့ပြင် ဤသို့ပင် ကျွန်ုပ်၏စိတ်နှလုံးသည် ကျွန်ုပ်ကို ဖြား‌ယောင်းခဲ့ပါသည်။ قَالَ فَٱذۡهَبۡ فَإِنَّ لَكَ فِي ٱلۡحَيَوٰةِ أَن تَقُولَ لَا مِسَاسَۖ وَإِنَّ لَكَ مَوۡعِدًا لَّن تُخۡلَفَهُۥۖ وَٱنظُرۡ إِلَىٰٓ إِلَٰهِكَ ٱلَّذِي ظَلۡتَ عَلَيۡهِ عَاكِفًاۖ لَّنُحَرِّقَنَّهُۥ ثُمَّ لَنَنسِفَنَّهُۥ فِي ٱلۡيَمِّ نَسۡفًا ٩٧၎င်း(တမန်‌တော်မူစာ)က (စာမိရီကို)‌ပြောဆိုခဲ့သည်- သို့ဖြစ်လျှင် အသင်ထွက်သွား‌တော့။ အမှန်စင်စစ် အသင့်တွင် ဤဘဝတစ်‌လျှောက်လုံး(ခံစားရမည့် ပြစ်ဒဏ်ကမူ) အသင်သည် (အသင်၏အနီးသို့ ကပ်လာသည့်သူများအား ကျွန်ုပ်ကို)မထိနှင့် (မထိနှင့်)ဟူ၍ ‌ပြောဆို‌နေရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင့်အတွက် (တမလွန်ဘဝ၏ပြစ်ဒဏ်သည်လည်း) သတ်မှတ်ထားမှုတစ်ခုရှိ‌သေးသည်။ အသင်သည် ထိုသတ်မှတ်ချက်မှ လွဲ‌စေခြင်း လုံးဝခံရမည် မဟုတ်‌ပေ။ ထို့ပြင် အသင်သည် အမြဲစွဲ‌နေခဲ့‌သော အသင်၏ကိုးကွယ်ရာကို ကြည့်ပါ။ အမှန်ပင် ငါတို့သည် ထိုအရာကို မီးရှို့ပြီး အမှန်ပင် ၎င်း(၏ပြာ)ကို မြစ်ထဲတွင် ကြဲချကြမည်။ إِنَّمَآ إِلَٰهُكُمُ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۚ وَسِعَ كُلَّ شَيۡءٍ عِلۡمًا ٩٨(အမှန်စင်စစ်)အသင်တို့၏ ကိုးကွယ်ထိုက်သည့်အရှင်သည် အကြင် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်သည် (အရှင်မြတ်၏)အသိဉာဏ်‌တော်နှင့် အရာအားလုံးကို လွှမ်းခြုံထား‌တော်မူသည်။ كَذَٰلِكَ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ مَا قَدۡ سَبَقَۚ وَقَدۡ ءَاتَيۡنَٰكَ مِن لَّدُنَّا ذِكۡرًا ٩٩ထိုသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီက လွန်ခဲ့‌သောသူများ၏အ‌ကြောင်းကို အသင်၏အ‌ပေါ်တွင် အမှန်စင်စစ် ‌ပြောပြ‌တော်မူသည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အရှင်မြတ်ထံ‌တော်မှ သတိ‌ပေးနှိုး‌ဆော်သည့် ကျမ်းဂန်တစ်‌စောင်(ကုရ်အာန်)ကို ‌ပေးသနား‌တော်မူခဲ့သည်။ مَّنۡ أَعۡرَضَ عَنۡهُ فَإِنَّهُۥ يَحۡمِلُ يَوۡمَ ٱلۡقِيَٰمَةِ وِزۡرًا ١٠٠မည်သူမဆို ထို(ကျမ်း‌တော်)မှ မျက်နှာလွှဲခဲ့လျှင် အမှန်စင်စစ် ထိုသူသည် ကိယာမသ်‌နေ့တွင် (‌လေးလံသည့်အကုသိုလ်) ဝန်ထုပ်ဝန်ပိုးကို သယ်ပိုးထမ်း‌ဆောင်ရမည်ဖြစ်သည်။ خَٰلِدِينَ فِيهِۖ وَسَآءَ لَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ حِمۡلًا ١٠١(ထိုသူများသည်) ထို(ဝန်ထုပ်ကို ထမ်း‌ဆောင်‌နေရသည့်)အဖြစ်တွင် အမြဲခံစား‌နေကြရမည်ဖြစ်သည်။ ထို့ပြင် ထိုဝန်ထုပ်သည် သူတို့အတွက် ကိယာမသ်‌နေ့တွင် အလွန်ဆိုးဝါး‌သော ဝန်ထုပ်ပင် ဖြစ်လိမ့်မည်။ يَوۡمَ يُنفَخُ فِي ٱلصُّورِۚ وَنَحۡشُرُ ٱلۡمُجۡرِمِينَ يَوۡمَئِذٍ زُرۡقًا ١٠٢ထို‌နေ့တွင် တံပိုးခရာကို မှုတ်လိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌နေ့တွင် အပြစ်ရှိသူများကို မျက်ကန်း(များ)အဖြစ်နှင့် စုရုံး‌စေ‌တော်မူမည်။ يَتَخَٰفَتُونَ بَيۡنَهُمۡ إِن لَّبِثۡتُمۡ إِلَّا عَشۡرًا ١٠٣(ထို‌နေ့တွင်)သူတို့သည် သူတို့အချင်းချင်း “အသင်တို့သည် သချင်္ီုင်းများထဲတွင် ဆယ်ရက်မျှသာ ‌နေခဲ့ကြခြင်းဖြစ်သည်“ဟု တီးတိုး‌ပြောဆိုကြမည်။ نَّحۡنُ أَعۡلَمُ بِمَا يَقُولُونَ إِذۡ يَقُولُ أَمۡثَلُهُمۡ طَرِيقَةً إِن لَّبِثۡتُمۡ إِلَّا يَوۡمًا ١٠٤ငါအရှင်မြတ်သည် သူတို့ ‌ပြောဆိုကြသည်ကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ တစ်ခါ၌ သူတို့ထဲမှ အကြံဉာဏ်အ‌နေနှင့် အ‌တော်ဆုံးသူက “အသင်တို့သည် (သချင်္ီုင်းများထဲတွင်) တစ်ရက်သာ ‌နေခဲ့ကြခြင်းဖြစ်သည်“ဟု ‌ပြောဆိုလိမ့်မည်။ وَيَسۡـَٔلُونَكَ عَنِ ٱلۡجِبَالِ فَقُلۡ يَنسِفُهَا رَبِّي نَسۡفًا ١٠٥ထို့ပြင် ထို(မက္ကဟ်မြို့သား ကာဖိရ်)များသည် အသင်(တမန်‌တော်)အား ‌တောင်များနှင့်ပတ်သက်၍ ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) ထို‌တောင်များကို (အစိတ်စိတ် အပိုင်းပိုင်းဖြစ်‌စေပြီး) လွင့်ပါး‌စေ‌တော်မူမည်။ فَيَذَرُهَا قَاعًا صَفۡصَفًا ١٠٦ထို့‌နောက် အရှင်မြတ်သည် ထို(‌မြေ)ကို ညီညာသည့်လွင်ပြင်အဖြစ် ကျန်ရစ်‌စေ‌တော်မူမည်။ لَّا تَرَىٰ فِيهَا عِوَجًا وَلَآ أَمۡتًا ١٠٧အသင်သည် ထို(‌မြေ)တွင် မည်သည့်ချိုင့်ဝှမ်း၊ မည်သည့်ကုန်းမြင့်ကိုမျှ ‌တွေ့မြင်ရမည် မဟုတ်‌ပေ။ يَوۡمَئِذٍ يَتَّبِعُونَ ٱلدَّاعِيَ لَا عِوَجَ لَهُۥۖ وَخَشَعَتِ ٱلۡأَصۡوَاتُ لِلرَّحۡمَٰنِ فَلَا تَسۡمَعُ إِلَّا هَمۡسًا ١٠٨ထို‌နေ့တွင် လူများသည် ဆင့်‌ခေါ်သူ၏‌နောက်သို့ ‌ကွေ့‌ကောက်ခြင်းမရှိဘဲ (‌ဖြောင့်‌ဖြောင့်)လိုက်ကြမည်။ ထို့ပြင် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၏ ‌ရှေ့‌တော်‌မှောက်တွင် အသံများသည် ငြိမ်သက်သွားကြမည်။ သို့ဖြစ်ရာ အသင်သည် ‌ခြေသံသဲ့သဲ့မှလွဲ၍ မည်သည့်အသံမှ ကြားရမည်မဟုတ်‌ပေ။ يَوۡمَئِذٍ لَّا تَنفَعُ ٱلشَّفَٰعَةُ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَرَضِيَ لَهُۥ قَوۡلًا ١٠٩ထို‌နေ့တွင် ကြားဝင်အသနားခံခြင်းသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင် ခွင့်ပြု‌တော်မူ‌သောသူမှလွဲ၍ ထို့ပြင် အရှင်မြတ်အ‌နေဖြင့် ထို(ကြားဝင်အသနားခံ‌ပေး)သူ၏ စကားတစ်စုံတစ်ရာကို နှစ်သက်‌တော်မူ‌သောသူမှလွဲ၍ (မည်သည့်အရာမျှ) အကျိုး‌ပေးမည် မဟုတ်‌ပေ။ يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يُحِيطُونَ بِهِۦ عِلۡمًا ١١٠အရှင်မြတ်သည် သူတို့၏ ‌ရှေ့‌နောက်အဖြစ်အပျက်အားလုံးကို သိရှိ‌တော်မူသည်။ သို့ရာတွင် သူတို့ကမူ အရှင်မြတ်(သိ‌တော်မူသည့်အ‌ကြောင်း)ကို (သူတို့၏)အသိပညာဖြင့် ဝန်းခြုံ(၍ သိရှိ)နိုင်ကြခြင်း မရှိ‌ပေ။ ۞ وَعَنَتِ ٱلۡوُجُوهُ لِلۡحَيِّ ٱلۡقَيُّومِۖ وَقَدۡ خَابَ مَنۡ حَمَلَ ظُلۡمًا ١١١ထို့ပြင် (ထို‌နေ့တွင် လူများ၏)မျက်နှာများသည် အမြဲရှင်‌နေ‌တော်မူ‌သော၊ အမြဲတည်ရှိ‌နေ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌တော်‌မှောက်တွင် ‌အောက်ကျို့ကြမည်။ ထို့ပြင် အမှန်စင်စစ် မတရားမှုကို ထမ်း‌ဆောင်ခဲ့သည့်သူကမူ အလိုမပြည့်‌တော့‌ပေ။ وَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ وَهُوَ مُؤۡمِنٌ فَلَا يَخَافُ ظُلۡمًا وَلَا هَضۡمًا ١١٢ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်သူဖြစ်လျက်နှင့် ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်သည်ဆိုလျှင် သူသည် မတရားပြုလုပ်မှုကို‌သော်လည်း‌ကောင်း၊ ‌လျော့နည်း‌စေခြင်းကို‌သော်လည်း‌ကောင်း စိုးရိမ်ရမည် မဟုတ်‌ပေ။ وَكَذَٰلِكَ أَنزَلۡنَٰهُ قُرۡءَانًا عَرَبِيًّا وَصَرَّفۡنَا فِيهِ مِنَ ٱلۡوَعِيدِ لَعَلَّهُمۡ يَتَّقُونَ أَوۡ يُحۡدِثُ لَهُمۡ ذِكۡرًا ١١٣ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ထို(ကျမ်းဂန်)ကို (စကား‌ပြေပြစ် ‌ကောင်းမွန်သည့်)အရဗီ ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ် ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ထဲတွင် ခြိမ်း‌ခြောက်မှုများကို သူတို့ ‌ကြောက်ရွံ့ကြရန်အတွက် နည်းအမျိုးမျိုးဖြင့် မိန့်ကြား‌တော်မူခဲ့သည်။ သို့မဟုတ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် သူတို့အတွက် သတိတရားဖြစ်‌ပေါ်‌စေရန်ဖြစ်သည်။ فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۗ وَلَا تَعۡجَلۡ بِٱلۡقُرۡءَانِ مِن قَبۡلِ أَن يُقۡضَىٰٓ إِلَيۡكَ وَحۡيُهُۥۖ وَقُل رَّبِّ زِدۡنِي عِلۡمًا ١١٤ထို့‌နောက် စိုးမိုးအုပ်ချုပ်‌တော်မူ‌သော (ဘုရင်)အစစ်အမှန်ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူသည်။ ထို့ပြင် အသင်(တမန်‌တော်)သည် အသင့်ထံသို့ အရှင်မြတ်၏ဝဟီအမိန့်‌တော်ပြီးဆုံးသည်အထိ မကျ‌ရောက်‌သေးမီ ကုရ်အာန်ကျမ်း‌တော်မြတ်(ကို ဖတ်ရွတ်ရာ)တွင် အလျင်စလို မပြုပါနှင့်။ ၎င်းပြင် အသင်သည် “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား အသိပညာတိုးပွား‌စေ‌တော်မူပါ“ဟု ‌ပြောဆို‌လျှောက်ထားပါ။ وَلَقَدۡ عَهِدۡنَآ إِلَىٰٓ ءَادَمَ مِن قَبۡلُ فَنَسِيَ وَلَمۡ نَجِدۡ لَهُۥ عَزۡمًا ١١٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)အာဒမ်ထံသို့ (ဂျန္နသ်ရှိသစ်ပင်မှ အသီးကိုမစားမီ) ယခင်က အမိန့်ထုတ်ပြန်ချမှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ၎င်းသည် (ထိုအမိန့်‌တော်ကို)‌မေ့‌လျော့ခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတွင် စွဲမြဲကြံခိုင်မှုကို ‌တွေ့‌တော်မမူခဲ့‌ပေ။ وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ ١١٦ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား အသင်တို့သည် (တမန်‌တော်)အာဒမ်၏‌ရှေ့၌ စဂျ်ဒဟ်ဦးချကြပါဟု မိန့်ကြား‌တော်မူသည့်အခါ အိဗ်လီစ်မှလွဲ၍ အားလုံးသည် ဦးချခဲ့ကြသည်။ သူကမူ ဖီဆန်ငြင်းဆိုခဲ့သည်။ فَقُلۡنَا يَٰٓـَٔادَمُ إِنَّ هَٰذَا عَدُوٌّ لَّكَ وَلِزَوۡجِكَ فَلَا يُخۡرِجَنَّكُمَا مِنَ ٱلۡجَنَّةِ فَتَشۡقَىٰٓ ١١٧ထို့‌ကြောင့် ငါအရှင်မြတ်သည် မိန့်ကြား‌တော်မူသည်- အို- အာဒမ်။ အမှန်စင်စစ် ဤသူ(ရှိုင်သွာန်)သည် အသင်နှင့် အသင့်ကြင်ရာ၏ ရန်သူပင်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် အသင်တို့နှစ်ဦးအား ဂျန္နသ်သုခဘုံမှ လုံးဝ မထုတ်‌စေနှင့်။ သို့ဖြစ်လျှင် အသင်သည် အ‌ကြောင်းမလှသူဖြစ်လိမ့်မည်။ إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعۡرَىٰ ١١٨အမှန်စင်စစ် အသင့်အတွက် ထိုဂျန္နသ်တွင် ဆာ‌လောင်မှုလည်းရှိမည် မဟုတ်‌ပေ၊ ထို့ပြင် အသင်သည် အဝတ်ကင်းမဲ့မှုလည်းဖြစ်မည် မဟုတ်‌ပေ။ وَأَنَّكَ لَا تَظۡمَؤُاْ فِيهَا وَلَا تَضۡحَىٰ ١١٩ထို့ပြင် အမှန်ပင် အသင်သည် ၎င်းထဲတွင် ‌ရေဆာ‌လောင်သည်လည်း မရှိ‌ပေ။ ထို့ပြင် အသင်သည် ‌နေပူဒဏ်လည်း မခံရ‌ပေ။ فَوَسۡوَسَ إِلَيۡهِ ٱلشَّيۡطَٰنُ قَالَ يَٰٓـَٔادَمُ هَلۡ أَدُلُّكَ عَلَىٰ شَجَرَةِ ٱلۡخُلۡدِ وَمُلۡكٍ لَّا يَبۡلَىٰ ١٢٠ထို့‌နောက် ရှိုင်သွာန်သည် ထိုအာဒမ်၏စိတ်ထဲတွင် ‌သွေး‌ဆောင်ဖြား‌ယောင်းခဲ့သည်။ သူက အို-အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အမြဲရှင်‌စေမည့်သစ်ပင်နှင့် ပျက်စီးခြင်းမရှိ‌သော အုပ်ချုပ်မှုအာဏာကို ညွှန်ပြရမည်‌လောဟု ‌ပြောဆိုခဲ့သည်။ فَأَكَلَا مِنۡهَا فَبَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۚ وَعَصَىٰٓ ءَادَمُ رَبَّهُۥ فَغَوَىٰ ١٢١သို့ဖြစ်ရာ ၎င်းတို့(ဇနီး‌မောင်နှံ)နှစ်ဦးသည် ထိုသစ်ပင်မှ(အသီးကို)စားသုံးခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းတို့နှစ်ဦး၏(ဖုံးအုပ်‌နေသည့်)အရှက်များသည် ၎င်းတို့‌ရှေ့၌‌ပေါ်သွားခဲ့သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ၎င်းတို့ကိုယ်ကို သုခဘုံမှ သစ်ရွက်များဖြင့် စတင်ဖုံးအုပ်မှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် (တမန်‌တော်)အာဒမ်သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်(အမိန့်‌တော်)ကို (ချွတ်‌ချော်မှားယွင်းပြီး) မလိုက်နာမိခဲ့သည့်အတွက် လမ်းမှန်မှ လွဲခဲ့ရသည်။ ثُمَّ ٱجۡتَبَٰهُ رَبُّهُۥ فَتَابَ عَلَيۡهِ وَهَدَىٰ ١٢٢ထို့‌နောက် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ၎င်းကို ‌ရွေးချယ်‌တော်မူပြီး ၎င်း၏ဝန်ချ‌တောင်းပန်မှုကို လက်ခံခွင့်လွှတ်‌တော်မူခဲ့သည်။ ထို့ပြင် တရားလမ်းမှန်ကိုလည်း ညွှန်ကြားပြသ‌တော်မူခဲ့သည်။ قَالَ ٱهۡبِطَا مِنۡهَا جَمِيعَۢاۖ بَعۡضُكُمۡ لِبَعۡضٍ عَدُوٌّۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدًى فَمَنِ ٱتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشۡقَىٰ ١٢٣အရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်- အသင်တို့နှစ်ဦးစလုံးသည် ထိုဂျန္နသ်သုခဘုံမှ ဆင်းသွားကြပါ။ အသင်တို့(၏ သားသမီးများ)ထဲမှ တစ်ဦးနှင့်တစ်ဦးသည် ရန်သူများ ဖြစ်ကြလိမ့်မည်။ ထို့‌နောက် အကယ်၍ အသင်တို့ထံသို့ ငါအရှင်မြတ်ထံ‌တော်မှ တရားလမ်းညွှန်ချက် တစ်စုံတစ်ခု အမှန်ပင် ‌ရောက်လာသည့်အခါ မည်သူမဆို ငါအရှင်မြတ်၏ လမ်းမှန်ညွှန်ကြားပြသချက်အတိုင်း လိုက်နာခဲ့လျှင် ထိုသူသည် လမ်းမှားမည်လည်း မဟုတ်‌ပေ။ ထို့ပြင် နဖူးစာဆိုး ဒုက္ခ‌ရောက်မည်လည်း မဟုတ်‌ပေ။ وَمَنۡ أَعۡرَضَ عَن ذِكۡرِي فَإِنَّ لَهُۥ مَعِيشَةً ضَنكًا وَنَحۡشُرُهُۥ يَوۡمَ ٱلۡقِيَٰمَةِ أَعۡمَىٰ ١٢٤ထို့ပြင် မည်သူမဆို ငါအရှင်မြတ်၏တရား‌တော်မှ မျက်နှာလွှဲခဲ့လျှင် အမှန်စင်စစ် ထိုသူတွင် ကျပ်တည်း‌သော အသက်‌မွေးဝမ်း‌ကျောင်းမှု ရှိလိမ့်မည်။* ထို့ပြင် ငါအရှင်မြတ်သည် သူ့ကို ကိယာမသ်‌နေ့တွင် မျက်ကန်းအဖြစ်နှင့် ရှင်ပြန်ထ‌စေ‌တော်မူမည် ဖြစ်သည်။ قَالَ رَبِّ لِمَ حَشَرۡتَنِيٓ أَعۡمَىٰ وَقَدۡ كُنتُ بَصِيرًا ١٢٥သူက ‌ပြောဆို‌လျှောက်ထားမည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်သည် မျက်စိမြင်သူဖြစ်ခဲ့ပါလျက် အရှင်မြတ်သည် အဘယ့်‌ကြောင့် ကျွန်ုပ်အား မျက်ကန်းအဖြစ်နှင့် ရှင်ပြန်ထ‌စေ‌တော်မူပါသနည်း။“ قَالَ كَذَٰلِكَ أَتَتۡكَ ءَايَٰتُنَا فَنَسِيتَهَاۖ وَكَذَٰلِكَ ٱلۡيَوۡمَ تُنسَىٰ ١٢٦အရှင်မြတ်က မိန့်ကြား‌တော်မူမည်- ထိုသို့ပင်၊ ငါအရှင်မြတ်၏အာယသ်‌တော်များသည် အသင့်ထံသို့ ‌ရောက်လာခဲ့‌သောအခါ အသင်သည် ထိုအရာများကို (လက်ခံယုံကြည်မှုမရှိဘဲ)စွန့်ပစ်ထားခဲ့သည်။ ထို့ပြင် ထိုသို့ပင် ယ‌နေ့ အသင်လည်း စွန့်ပစ်ထားခြင်းခံရမည်ဖြစ်သည်။ وَكَذَٰلِكَ نَجۡزِي مَنۡ أَسۡرَفَ وَلَمۡ يُؤۡمِنۢ بِـَٔايَٰتِ رَبِّهِۦۚ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَدُّ وَأَبۡقَىٰٓ ١٢٧ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် အကြင်သူ့ကို အစား‌ပေး‌တော်မူမည်။ ထိုသူသည် စည်းကမ်းကျူး‌ကျော်ခဲ့သည်။ ထို့ပြင် သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အာယသ်‌တော်များကိုလည်း မယုံကြည်ခဲ့‌ပေ။ ထို့ပြင် အမှန်ပင် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပိုပြင်းထန်၍ ပိုလည်းတည်မြဲသည်။ أَفَلَمۡ يَهۡدِ لَهُمۡ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ يَمۡشُونَ فِي مَسَٰكِنِهِمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّأُوْلِي ٱلنُّهَىٰ ١٢٨ငါအရှင်မြတ်သည် သူတို့မတိုင်မီက လူအ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့ခြင်းသည် သူတို့အတွက် တရားလမ်းမှန်ကို မရရှိ‌စေခဲ့သ‌လော။ သူတို့သည် ယခင်ကလူများ၏ ‌နေထိုင်ရာ‌ဒေသများတွင် သွားလာ‌နေကြသည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။ وَلَوۡلَا كَلِمَةٌ سَبَقَتۡ مِن رَّبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُّسَمًّى ١٢٩ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်တစ်ခုနှင့် သတ်မှတ်ထား‌သောအချိန်ကာတစ်ခုသာ ယခင်ကတည်းက မရှိခဲ့လျှင် အမှန်ပင် (ပြစ်ဒဏ်သည် သူတို့အ‌ပေါ်တွင်)မလွှဲမ‌ရှောင်သာ ဆိုက်‌ရောက်ခဲ့မည်ဖြစ်သည်။ فَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَسَبِّحۡ بِحَمۡدِ رَبِّكَ قَبۡلَ طُلُوعِ ٱلشَّمۡسِ وَقَبۡلَ غُرُوبِهَاۖ وَمِنۡ ءَانَآيِٕ ٱلَّيۡلِ فَسَبِّحۡ وَأَطۡرَافَ ٱلنَّهَارِ لَعَلَّكَ تَرۡضَىٰ ١٣٠သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့‌ပြောဆိုကြ‌သောကိစ္စနှင့် ပတ်သက်၍ သည်းခံပါ။ ထို့ပြင် အသင်သည် ‌ကျေနပ်မှုရရန်အတွက် ‌နေမထွက်မီနှင့် ‌နေမဝင်မီတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ စင်ကြယ်‌ကြောင်း ‌ပြောဆိုပါ။ ထို့ပြင် အသင်သည် ညအချိန်နှင့် ‌နေ့၏အစွန်းများတွင် (အရှင်မြတ်) စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။ وَلَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجًا مِّنۡهُمۡ زَهۡرَةَ ٱلۡحَيَوٰةِ ٱلدُّنۡيَا لِنَفۡتِنَهُمۡ فِيهِۚ وَرِزۡقُ رَبِّكَ خَيۡرٌ وَأَبۡقَىٰ ١٣١ထို့ပြင် အသင်(တမန်‌တော်)သည် ငါအရှင်မြတ်က ထို(ကာဖိရ်)များထဲမှ လူအမျိုးမျိုးကို ‌လောကီဘဝ၏ ခမ်းနားထည်ဝါမှုအဖြစ် အကျိုးခံစား‌စေ‌တော်မူခဲ့‌သော ပစ္စည်းဥစ္စာများဘက်သို့ အသင်၏မျက်စိနှစ်လုံးဖြင့် လုံးဝ ‌မော်၍ပင် မကြည့်ပါနှင့်။ ငါအရှင်မြတ်သည် ထိုအရာများနှင့် သူတို့အား စမ်းသပ်‌တော်မူရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင့် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ စားနပ်ရိက္ခာသည် အ‌ကောင်းဆုံးနှင့် အတည်မြဲဆုံးဖြစ်သည်။ وَأۡمُرۡ أَهۡلَكَ بِٱلصَّلَوٰةِ وَٱصۡطَبِرۡ عَلَيۡهَاۖ لَا نَسۡـَٔلُكَ رِزۡقًاۖ نَّحۡنُ نَرۡزُقُكَۗ وَٱلۡعَٰقِبَةُ لِلتَّقۡوَىٰ ١٣٢ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏အိမ်သူအိမ်သားများအား စွလာသ်ဝတ်ပြုရန် အမိန့်‌ပေး‌နေပါ။* ထို့ပြင် အသင်ကိုယ်တိုင်လည်း ထိုစွလာသ်ဝတ်ပြုမှုအ‌ပေါ်တွင် စွဲမြဲစွာ ရပ်တည်ပါ။ ငါအရှင်မြတ်သည် အသင်၏ထံ စားနပ်ရိက္ခာ‌တောင်းခံ‌တော်မူမည် မဟုတ်‌ပေ။ ငါအရှင်မြတ်ကပင် အသင့်အား ရိက္ခာ‌ပေးသနား‌တော်မူသည်။ ထို့ပြင် ‌နောက်ဆုံးအကျိုးဆက်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက်ပင် ဖြစ်သည်။ وَقَالُواْ لَوۡلَا يَأۡتِينَا بِـَٔايَةٍ مِّن رَّبِّهِۦٓۚ أَوَلَمۡ تَأۡتِهِم بَيِّنَةُ مَا فِي ٱلصُّحُفِ ٱلۡأُولَىٰ ١٣٣ထို့ပြင် သူတို့က ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အဘယ့်‌ကြောင့် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာတစ်စုံတစ်ရာကို ကျွန်ုပ်တို့ထံ ယူ‌ဆောင်မလာသနည်းဟု ‌ပြောဆိုကြသည်။ သူတို့ထံသို့ ပထမကျမ်းဂန်များတွင် ပါရှိ‌သောရှင်းလင်းချက်(ကုရ်အာန်)သည် ‌ရောက်ရှိမလာခဲ့‌လေသ‌လော။ وَلَوۡ أَنَّآ أَهۡلَكۡنَٰهُم بِعَذَابٍ مِّن قَبۡلِهِۦ لَقَالُواْ رَبَّنَا لَوۡلَآ أَرۡسَلۡتَ إِلَيۡنَا رَسُولًا فَنَتَّبِعَ ءَايَٰتِكَ مِن قَبۡلِ أَن نَّذِلَّ وَنَخۡزَىٰ ١٣٤ထို့ပြင် အကယ်၍သာ ငါအရှင်မြတ်က သူတို့အား ဤ(ကုရ်အာန် မကျ‌ရောက်မီ)အလျင် ပြစ်ဒဏ်တစ်စုံတစ်ရာနှင့် ဖျက်ဆီး‌တော်မူခဲ့လျှင် အမှန်ပင် သူတို့က “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ့်‌ကြောင့် ကျွန်ုပ်တို့ထံသို့ တမန်‌တော်တစ်ပါးပါး ‌စေလွှတ်‌တော်မမူခဲ့ပါသနည်း။ ထိုသို့ ‌စေလွှတ်‌တော်မူခဲ့လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာမကျမီအလျင်နှင့် အရှက်မရမီအလျင် အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြမည်ဖြစ်ပါသည်“ဟု အမှန်ပင် ‌ပြောဆိုကြမည်ဖြစ်သည်။ قُلۡ كُلٌّ مُّتَرَبِّصٌ فَتَرَبَّصُواْۖ فَسَتَعۡلَمُونَ مَنۡ أَصۡحَٰبُ ٱلصِّرَٰطِ ٱلسَّوِيِّ وَمَنِ ٱهۡتَدَىٰ ١٣٥(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အားလုံးသည် ‌စောင့်‌မျှော်‌နေကြသည့်သူများဖြစ်သည့်အတွက် အသင်တို့လည်း ‌စောင့်‌မျှော်‌နေကြပါ။ ထို့‌နောက် မည်သူတို့သည် ‌ဖြောင့်မတ်မှန်ကန်သည့်လမ်း‌ပေါ်တွင် ရှိခဲ့သူများဖြစ်ကြသည်ကို လည်း‌ကောင်း၊ မည်သူတို့သည် တရားလမ်းမှန်ရရှိခဲ့သူများဖြစ်ကြသည်ကို လည်း‌ကောင်း အသင်တို့သည် မကြာမီ သိရှိကြလိမ့်မည်။

Translation: Hashim Tin Myint.