بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
وَٱلۡفَجۡرِ ١(ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူသည်။ وَلَيَالٍ عَشۡرٍ ٢ထို့ပြင် ညဆယ်ညကို သက်သေထူတော်မူသည်။ ###၁ وَٱلشَّفۡعِ وَٱلۡوَتۡرِ ٣ထို့ပြင် စုံနှင့်မကို သက်သေထူတော်မူသည်။ وَٱلَّيۡلِ إِذَا يَسۡرِ ٤ထို့ပြင် ညသည် (ကုန်လွန်)သွားသည့်အခါ ထိုညကို သက်သေထူတော်မူသည်။ ###၂ هَلۡ فِي ذَٰلِكَ قَسَمٌ لِّذِي حِجۡرٍ ٥ဤအရာများတွင် ဉာဏ်အမြော်အမြင်ရှိသည့်သူများအတွက် လုံလောက်သော ကျိန်ဆိုချက်မဟုတ်လော။ أَلَمۡ تَرَ كَيۡفَ فَعَلَ رَبُّكَ بِعَادٍ ٦အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒ် အမျိုးသားများအား မည်သို့ ပြုလုပ်တော်မူခဲ့သည်ကို အသင် မသိမြင်ခဲ့သလော။ إِرَمَ ذَاتِ ٱلۡعِمَادِ ٧အရပ်အမောင်းထွားကြိုင်းသော၊ တိုင်ရှည် ကြီးများ၏ ပိုင်ရှင်ဖြစ်သော “အိရမ် ”(၏ အဆက်အနွှယ်)ကို။ ٱلَّتِي لَمۡ يُخۡلَقۡ مِثۡلُهَا فِي ٱلۡبِلَٰدِ ٨မြို့ရွာများတွင် သူတို့ကဲ့သို့ မည်သူမျှ ဖန်ဆင်းခြင်း မခံခဲ့ရပေ။ وَثَمُودَ ٱلَّذِينَ جَابُواْ ٱلصَّخۡرَ بِٱلۡوَادِ ٩ဝါဒိလ် ကုရာအရပ်တွင် ကျောက်ဆောင် (ကျောက်တောင်ကမ်းပါးယံ)များကို ထွင်းခဲ့ကြသော ဆမူဒ်အမျိုးသားများကို။ وَفِرۡعَوۡنَ ذِي ٱلۡأَوۡتَادِ ١٠ငုတ်များ၏ ပိုင်ရှင်ဖြစ်သော ဖိရ်အောင်န်ကို (မည်သို့ ပြုလုပ်တော်မူခဲ့သည်ကို အသင်မသိမြင်ခဲ့သလော)။ ٱلَّذِينَ طَغَوۡاْ فِي ٱلۡبِلَٰدِ ١١ထိုသူများသည် တိုင်းပြည်များတွင် ဆိုးသွမ်းခဲ့ကြသည်။ فَأَكۡثَرُواْ فِيهَا ٱلۡفَسَادَ ١٢ထို့နောက် သူတို့သည် ထိုတိုင်းပြည်များတွင် ပျက်စီးရာ ပျက်စီးကြောင်းများကို များစွာ ပြုလုပ်ခဲ့ကြသည်။ فَصَبَّ عَلَيۡهِمۡ رَبُّكَ سَوۡطَ عَذَابٍ ١٣သို့ဖြစ်ရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် သူတို့အပေါ်တွင် ကြာပွတ်ပြစ်ဒဏ်(၏ရိုက်နှက်မှု)၊ ပြစ်ဒဏ် တစ်မျိုးကို သွန်းချတော်မူခဲ့သည်။ إِنَّ رَبَّكَ لَبِٱلۡمِرۡصَادِ ١٤အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကွယ်မှ(ချောင်းမြောင်းပြီး) စောင့်ကြည့်နေတော်မူသည်။ فَأَمَّا ٱلۡإِنسَٰنُ إِذَا مَا ٱبۡتَلَىٰهُ رَبُّهُۥ فَأَكۡرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّيٓ أَكۡرَمَنِ ١٥ထို့နောက်မည်သို့ပင်ဖြစ်စေ၊ လူသားသည်သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သူ့ကိုစမ်းသပ်တော်မူသည့်အခါ အရှင်မြတ်သည် သူ့ကိုဂုဏ်ပေးသနားတော်မူသည်။ ထို့ပြင် သူ့ကိုကျေးဇူးပြုတော်မူသည်။ သို့ဖြစ်ရာ သူကကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကျွန်ုပ်ကို ဂုဏ်ပေးတော်မူခဲ့သည်ဟု ပြောဆိုသည်။ وَأَمَّآ إِذَا مَا ٱبۡتَلَىٰهُ فَقَدَرَ عَلَيۡهِ رِزۡقَهُۥ فَيَقُولُ رَبِّيٓ أَهَٰنَنِ ١٦ထို့ပြင် မည်သို့ပင်ဖြစ်စေ၊ အရှင်မြတ်က သူ့ကို(နောက်တစ်မျိုးဖြင့်) စမ်းသပ်တော်မူသည့်အခါ သူ့အပေါ်တွင် သူ၏ စားနပ်ရိက်္ခာကို ကျပ်တည်းစေတော်မူခဲ့သည်။ သို့ဖြစ်ရာ သူက ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကျွန်ုပ်ကို သေးသိမ်အောင်ပြုလုပ်ခဲ့လိုက်ပြီဖြစ်သည်ဟု ပြောဆိုသည်။ كـَلَّاۖ بَل لَّا تُكۡرِمُونَ ٱلۡيَتِيمَ ١٧ထိုသို့ လုံးဝမဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့သည် အဘမဲ့ကလေးများကို ဂုဏ်မပေးကြပေ။ وَلَا تَحَٰٓضُّونَ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ ١٨ထို့ပြင် အသင်တို့သည် ဆင်းရဲသားများကို ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြခြင်းလည်းမရှိပေ။ وَتَأۡكُلُونَ ٱلتُّرَاثَ أَكۡلًا لَّمًّا ١٩ထို့ပြင် အသင်တို့သည် အမွေပစ်္စည်းများကိုလည်း (အမွေဆိုင်များအား အချိုးကျခွဲမပေးဘဲ)သိမ်းကျုံးစားသုံးကြသည်။ وَتُحِبُّونَ ٱلۡمَالَ حُبًّا جَمًّا ٢٠ထို့ပြင် အသင်တို့သည် ပစ်္စည်းဥစ်္စာကိုလည်း အလွန်ချစ်ကြသည်။ كـَلَّآۖ إِذَا دُكَّتِ ٱلۡأَرۡضُ دَكًّا دَكًّا ٢١လုံးဝမဟုတ်ပေ၊ မြေပထဝီသည် ကြေညက်အောင် ထုထောင်း(၍ ညီညာအောင်လုပ်)ခြင်းခံရသည့်အခါ၊ وَجَآءَ رَبُّكَ وَٱلۡمَلَكُ صَفًّا صَفًّا ٢٢ထို့ပြင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကြွလာတော်မူသည့်အခါ၊ ထို့ပြင်ကောင်းကင်တမန်များသည် စီတန်း(ပြီးလာ)သည့်အခါ၊ وَجِاْيٓءَ يَوۡمَئِذِۭ بِجَهَنَّمَۚ يَوۡمَئِذٍ يَتَذَكَّرُ ٱلۡإِنسَٰنُ وَأَنَّىٰ لَهُ ٱلذِّكۡرَىٰ ٢٣ထို့ပြင် ထိုနေ့တွင် ဂျဟန္နမ်ငရဲသည် ယူဆောင်လာခြင်းကို ခံရသည့်အခါ၊ ထိုနေ့တွင် လူသားသည်သတိတရားရလာလိမ့်မည်။ ထို့နောက် သတိတရားရခြင်းသည် အဘယ်မှ သူ့အား အကျိုးရှိစေတော့မည်နည်း။ يَقُولُ يَٰلَيۡتَنِي قَدَّمۡتُ لِحَيَاتِي ٢٤လူသားက ပြောဆိုမည်-ဪ-ကျွန်ုပ်သည် (တမလွန်ဘဝတွင်)ကျွန်ုပ်၏အသက်ရှင်ရေးအတွက် (ကောင်းမှုများ)ကြိုတင်ပို့ခဲ့လိုက်လျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။ فَيَوۡمَئِذٍ لَّا يُعَذِّبُ عَذَابَهُۥٓ أَحَدٌ ٢٥ထို့ပြင် ထိုနေ့တွင် အရှင်မြတ်၏ အပြစ်ဒဏ်စီရင်ခြင်းမျိုးကို မည်သူမျှ ပြစ်ဒဏ်စီရင်မည်မဟုတ်ပေ။ وَلَا يُوثِقُ وَثَاقَهُۥٓ أَحَدٌ ٢٦ထို့ပြင် အရှင်မြတ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းမျိုးကိုလည်း မည်သူမျှ ဖမ်းဆီးချုပ်နှောင်မည်မဟုတ်ပေ။ يَٰٓأَيَّتُهَا ٱلنَّفۡسُ ٱلۡمُطۡمَئِنَّةُ ٢٧အို-တည်ငြိမ်နေသော အသက်ဝိညာဉ်။ ###၃ ٱرۡجِعِيٓ إِلَىٰ رَبِّكِ رَاضِيَةً مَّرۡضِيَّةً ٢٨အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ ကျေနပ်စွာဖြင့် (အရှင်မြတ်၏)ကျေနပ်မှုခံယူ၍ ပြန်သွားပါ။ فَٱدۡخُلِي فِي عِبَٰدِي ٢٩ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ ကျွန်များထဲတွင် ပါဝင်လိုက်ပါ။ وَٱدۡخُلِي جَنَّتِي ٣٠ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ ဂျန္နသ်သုခဘုံထဲတွင် ဝင်လိုက်ပါ။