Millat al-Islam

Chapter 90 · 20 verses · Hashim Tin Myint

Surah Al-Balad in Burmese

Arabic with tafsir Listen to Surah Al-Balad (1312 reciters)
Meccanسورة البلد20 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

لَآ أُقۡسِمُ بِهَٰذَا ٱلۡبَلَدِ ١ငါအရှင်မြတ်သည် ဤ(မက္ကဟ်)မြို့‌တော်ကို သက်‌သေထူ‌တော်မူသည်။ وَأَنتَ حِلُّۢ بِهَٰذَا ٱلۡبَلَدِ ٢ထို့ပြင် အသင်သည် ဤမြို့‌တော်တွင် ဝင်ခွင့်ပြုခြင်းခံရမည်ဖြစ်သည်။ ###၁ وَوَالِدٍ وَمَا وَلَدَ ٣ထို့ပြင် ဖခင်နှင့် ထိုဖခင်က‌မွေးဖွား‌သော (သားသမီးများ)ကိုသက်‌သေထူ‌တော်မူသည်။ لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِي كَبَدٍ ٤အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို ပင်ပန်းမှုထဲတွင် ဖန်ဆင်း‌တော်မူခဲ့သည်။ ###၂ أَيَحۡسَبُ أَن لَّن يَقۡدِرَ عَلَيۡهِ أَحَدٌ ٥ထိုလူသားသည် သူ့အ‌ပေါ်တွင် မည်သူမျှ တတ်စွမ်းနိုင်မည်မဟုတ်‌ပေဟု ထင်မှတ်သ‌လော။ ###၃ يَقُولُ أَهۡلَكۡتُ مَالًا لُّبَدًا ٦သူက ကျွန်ုပ်သည် ပစ္စည်းဥစ္စာအ‌မြောက်အမြားကိုသုံးဖြုန်းခဲ့သည်ဟု (ကြွား၍)‌ပြောဆိုသည်။ أَيَحۡسَبُ أَن لَّمۡ يَرَهُۥٓ أَحَدٌ ٧သူသည် သူ့အားမည်သူမျှမမြင်ခဲ့‌ပေဟု ထင်မှတ်သ‌လော။ ###၄ أَلَمۡ نَجۡعَل لَّهُۥ عَيۡنَيۡنِ ٨ငါအရှင်မြတ်သည် သူ့အားမျက်စိနှစ်လုံးကိုပြုလုပ်‌ပေးသနား‌တော်မမူခဲ့သ‌လော။ وَلِسَانًا وَشَفَتَيۡنِ ٩ထို့ပြင် လျှာတစ်ခုနှင့် နှုတ်ခမ်းနှစ်ခုကို(ပြုလုပ်‌ပေးသနား‌တော်မမူခဲ့သ‌လော)။ وَهَدَيۡنَٰهُ ٱلنَّجۡدَيۡنِ ١٠ထို့ပြင် ငါအရှင်မြတ်သည် သူ့အား(အ‌ကောင်းအဆိုး)လမ်းနှစ်လမ်းကို ညွှန်ကြားပြသ‌တော်မူခဲ့သည်မဟုတ်‌လော။ ###၅ فَلَا ٱقۡتَحَمَ ٱلۡعَقَبَةَ ١١ထို့‌နောက် သူသည် (သူ၏ပစ္စည်းဥစ္စာကိုသုံးပြီး)မတ်‌စောက်‌သော‌တောင်ကြားလမ်း (တမလွန်ဘဝ၏ခက်ခဲမှု)ကိုအဘယ့်‌ကြောင့်မဖြတ်ကူးခဲ့သနည်း။ وَمَآ أَدۡرَىٰكَ مَا ٱلۡعَقَبَةُ ١٢ထို့ပြင် ‌တောင်ကြားလမ်းသည်အဘယ်အရာနည်းဆိုသည်ကို အသင်သိပါ၏‌လော။ فَكُّ رَقَبَةٍ ١٣ကျွန်တစ်ဦးကို သူ‌ကောင်းပြုခြင်းဖြစ်သည်။ أَوۡ إِطۡعَٰمٌ فِي يَوۡمٍ ذِي مَسۡغَبَةٍ ١٤သို့မဟုတ် ငတ်မွတ်သည့်‌နေ့တွင် ‌ကျွေး‌မွေးခြင်းပင် ဖြစ်သည်။ يَتِيمًا ذَا مَقۡرَبَةٍ ١٥‌ဆွေးမျိုးနီးစပ်‌သောအဘမဲ့က‌လေးတစ်ဦးဦး၊ أَوۡ مِسۡكِينًا ذَا مَتۡرَبَةٍ ١٦‌မြေကြီး‌ပေါ်လူးလိမ့်‌နေ‌သော ဒုက္ခသည်တစ်ဦးဦး (တို့အား ကူညီ‌ထောက်ပံ့ ‌ကျွေး‌မွေးခြင်းဖြစ်သည်)။ ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُواْ وَتَوَاصَوۡاْ بِٱلصَّبۡرِ وَتَوَاصَوۡاْ بِٱلۡمَرۡحَمَةِ ١٧ထို့ပြင် အကြင်သူများထဲတွင် ပါဝင်ခြင်းဖြစ်သည်။ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အချင်းချင်း သည်းခံကြရန် တိုက်တွန်းဆုံးမခဲ့ကြသည်။ ထို့ပြင် အချင်းချင်း သနားကြင်နာကြရန်လည်း တိုက်တွန်းဆုံးမခဲ့ကြသည်။ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡمَيۡمَنَةِ ١٨ထိုသူများသည် လက်ယာဘက်သားများပင် ဖြစ်ကြသည်။ وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِنَا هُمۡ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ ١٩ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည့်သူများသည် လက်ဝဲဘက်သားများပင် ဖြစ်ကြသည်။ عَلَيۡهِمۡ نَارٌ مُّؤۡصَدَةُۢ ٢٠သူတို့အ‌ပေါ်တွင်(‌လေးဘက်‌လေးတန်မှ) ပိတ်ဆို့ လွှမ်းခြုံထား‌သော မီးရှိမည်။

Translation: Hashim Tin Myint.