Millat al-Islam

Chapter 84 · 25 verses · Hashim Tin Myint

Surah Al-Inshiqaq in Burmese

Arabic with tafsir Listen to Surah Al-Inshiqaq (1262 reciters)

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

إِذَا ٱلسَّمَآءُ ٱنشَقَّتۡ ١မိုး‌ကောင်းကင်သည် အက်ကွဲသွားသည့်အခါ၊ وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ ٢ထို့ပြင် ထိုမိုး‌ကောင်းကင်သည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်ကိုနား‌ထောင်(နာခံ)မည်။ ၎င်းပြင် သူသည် (ထိုသို့နာခံရန်သာ)ထိုက်သည်။ ###၁ وَإِذَا ٱلۡأَرۡضُ مُدَّتۡ ٣ထို့ပြင် ‌မြေပထဝီသည် ဆွဲဖြန့်ခြင်းခံရသည့်အခါ၊ وَأَلۡقَتۡ مَا فِيهَا وَتَخَلَّتۡ ٤ထို့ပြင် ထို‌မြေပထဝီသည် သူ့အတွင်း၌ ရှိ‌သော အရာဝတ်္ထုများကို ထုတ်ပြီးလျှင် ဗလာချည်းဖြစ်သွားမည်။ ###၂ وَأَذِنَتۡ لِرَبِّهَا وَحُقَّتۡ ٥ထို့ပြင် ထို‌မြေပထဝီသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်ကို နား‌ထောင်(နာခံ)မည်။ ထို့ပြင် ထို‌မြေပထဝီသည်(ထိုသို့နာခံရန်သာ)ထိုက်သည်။ يَٰٓأَيُّهَا ٱلۡإِنسَٰنُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدۡحًا فَمُلَٰقِيهِ ٦အို-လူသား၊ အမှန်စင်စစ် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ‌ရောက်ရှိသည်အထိ(‌သေသည်အထိ) ပင်ပန်းစွာ ကြိုးပမ်း‌ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင်(အသင်သည်) ထိုကြိုးပမ်းမှု(၏ရလဒ်အကျိုး)ကို ‌တွေ့ရှိရမည်ဖြစ်သည်။ فَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ ٧မည်သို့ပင်ဖြစ်‌စေ၊ ထိုအခါတွင် မိမိ၏မှတ်တမ်းကို မိမိ၏လက်ယာဘက်လက်ထဲတွင်‌ပေးခြင်းကိုခံရသူသည်၊ فَسَوۡفَ يُحَاسَبُ حِسَابًا يَسِيرًا ٨လွယ်ကူသည့်စစ်‌ဆေးမှုကို မကြာမီစစ်‌ဆေးခြင်းခံရမည်ဖြစ်သည်။ وَيَنقَلِبُ إِلَىٰٓ أَهۡلِهِۦ مَسۡرُورًا ٩ထို့ပြင် သူသည်သူ၏အိမ်သူအိမ်သားများထံသို့ ဝမ်း‌မြောက်‌ပျော်ရွှင်စွာဖြင့် ပြန်လာမည်။ وَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ وَرَآءَ ظَهۡرِهِۦ ١٠ထို့ပြင် မည်သို့ပင်ဖြစ်‌စေ၊ မိမိ၏မှတ်တမ်းကို မိမိ၏‌နောက်‌ကျောဘက်မှ‌ပေးခြင်းခံရသူကမူ၊ فَسَوۡفَ يَدۡعُواْ ثُبُورًا ١١သို့ဖြစ်ရာ သူသည်မကြာမီ‌သေခြင်းကိုဟစ်‌ခေါ်မည်။ وَيَصۡلَىٰ سَعِيرًا ١٢ထို့ပြင် သူသည်မီး‌တောက်မီးလျှံထဲသို့ဝင်ရမည်။ إِنَّهُۥ كَانَ فِيٓ أَهۡلِهِۦ مَسۡرُورًا ١٣အမှန်စင်စစ် သူသည် သူ၏အိမ်သူ အိမ်သားများထဲတွင် (ဤဘဝတွင်)‌ပျော်ရွှင်စွာ ရှိခဲ့သည်။ إِنَّهُۥ ظَنَّ أَن لَّن يَحُورَ ١٤အမှန်စင်စစ် သူသည် (သူ၏အရှင်မြတ်ထံ‌တော်သို့)လုံးဝ ပြန်သွားရမည်မဟုတ်‌ပေဟု ထင်မှတ်ခဲ့သည်။ بَلَىٰٓۚ إِنَّ رَبَّهُۥ كَانَ بِهِۦ بَصِيرًا ١٥အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း၊ အမှန်ပင် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူ့ကို မြင်‌နေ‌တော်မူသည်။ فَلَآ أُقۡسِمُ بِٱلشَّفَقِ ١٦ထို့‌နောက် ငါအရှင်မြတ်သည် ‌နေဝင်ပြီး ‌ရောင်နီကိုသက်‌သေထူ‌တော်မူသည်။ وَٱلَّيۡلِ وَمَا وَسَقَ ١٧ထို့ပြင် ညနှင့် ထိုညက ဖုံးလွှမ်းသည့်အရာကို(သက်‌သေထူ‌တော်မူသည်)။ وَٱلۡقَمَرِ إِذَا ٱتَّسَقَ ١٨ထို့ပြင် လပြည့်လာသည့်အခါထိုလကို (သက်‌သေထူ‌တော်မူသည်)။ لَتَرۡكَبُنَّ طَبَقًا عَن طَبَقٍ ١٩အမှန်ပင် အသင်တို့သည် တစ်ဆင့်မှတစ်ဆင့်သို့ တက်ကြရမည်ဖြစ်သည်။ فَمَا لَهُمۡ لَا يُؤۡمِنُونَ ٢٠ထို့‌နောက်လည်း သူတို့သည် အဘယ့်‌ကြောင့်မယုံကြသနည်း။ وَإِذَا قُرِئَ عَلَيۡهِمُ ٱلۡقُرۡءَانُ لَا يَسۡجُدُونَۤ ۩ ٢١ထို့ပြင် သူတို့‌ရှေ့၌ ကုရ်အာန်ကျမ်း‌တော်မြတ်ဖတ်ကြားသည့်အခါ သူတို့သည် စဂျ်ဒဟ်ဦးချခြင်းမပြုကြ‌ပေ။ بَلِ ٱلَّذِينَ كَفَرُواْ يُكَذِّبُونَ ٢٢ဤမျှသာမက အမှန်စင်စစ် မယုံကြည်ကြသည့် သူများသည်မဟုတ်မမှန်ဟု ပင်ငြင်းပယ်ကြ‌သေးသည်။ وَٱللَّهُ أَعۡلَمُ بِمَا يُوعُونَ ٢٣ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်မျိုသိပ်ထားသည်များကို အသိဆုံးအရှင် ဖြစ်‌တော်မူသည်။ فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ ٢٤သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အားအလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်နှင့် သတင်း‌ကောင်း ‌ပေးလိုက်ပါ။ إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونِۭ ٢٥သို့ရာတွင် အီမာန် ယုံကြည်ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအတွက်ကမူ အဆုံးမရှိ‌သော အကျိုး‌ကျေးဇူးရှိသည်။

Translation: Hashim Tin Myint.