Millat al-Islam

Chapter 85 · 22 verses · Hashim Tin Myint

Surah Al-Burooj in Burmese

Arabic with tafsir Listen to Surah Al-Burooj (1318 reciters)
Meccanسورة البروج22 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلسَّمَآءِ ذَاتِ ٱلۡبُرُوجِ ١(ငါအရှင်မြတ်သည်) ဗုရူဂျ်များ ###၁ ရှိ‌သော မိုး‌ကောင်းကင်ကို သက်‌သေထူ‌တော်မူသည်။ وَٱلۡيَوۡمِ ٱلۡمَوۡعُودِ ٢ထို့ပြင် ချိန်းဆိုထားသည့်‌နေ့ကို သက်‌သေထူ‌တော်မူသည်။ وَشَاهِدٍ وَمَشۡهُودٍ ٣ထို့ပြင် အသင့်‌ရောက်ရှိသည့်သူနှင့် အသင့်‌ရောက်ရှိခြင်းခံရမည့်သူကို သက်‌သေထူ‌တော်မူသည်။ ###၂ قُتِلَ أَصۡحَٰبُ ٱلۡأُخۡدُودِ ٤တူးထားသည့်တွင်းများ၏ ပိုင်ရှင် ###၃ သည် ပျက်စီးခဲ့ကြရသည်။ ٱلنَّارِ ذَاتِ ٱلۡوَقُودِ ٥ထင်းများ(ဖြင့်ရှို့ပြီးထား)ရှိ‌သော မီး(တွင်းများ)ဖြစ်သည်။ إِذۡ هُمۡ عَلَيۡهَا قُعُودٌ ٦တစ်ခါက သူတို့သည် ထိုမီးတွင်း၏အနီး၌ ထိုင်‌နေခဲ့ကြသည်။ وَهُمۡ عَلَىٰ مَا يَفۡعَلُونَ بِٱلۡمُؤۡمِنِينَ شُهُودٌ ٧ထို့ပြင် သူတို့သည် အီမာန် ယုံကြည်သူများအား သူတို့ (နှိပ်စက်မှု) ပြုလုပ်‌နေသည့်အမှုကိစ်္စကို ကြည့်ရှု‌နေခဲ့ကြသည်။ ###၄ وَمَا نَقَمُواْ مِنۡهُمۡ إِلَّآ أَن يُؤۡمِنُواْ بِٱللَّهِ ٱلۡعَزِيزِ ٱلۡحَمِيدِ ٨ထို့ပြင် သူတို့သည် ထိုအီမာန်ယုံကြည်သူများတွင် သူတို့အ‌နေနှင့် အလ္လာဟ်အရှင်မြတ်ကိုပင် အီမာန်ယုံကြည်ကြသည်မှလွဲ၍ မည်သည့်အရာမျှ (အ‌ရေးယူရန်)အ‌ကြောင်း ရှာ၍ မ‌တွေ့ခဲ့ကြ‌ပေ။ ထိုအရှင်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ٩မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို မျက်‌မှောက်အသိသက်‌သေ ဖြစ်‌နေ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ ١٠အမှန်ပင် အကြင်သူများသည် အီမာန် ယုံကြည် သူ‌ယောက်ျား၊ မိန်းမများအား နှိပ်စက်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ဝန်ချ‌တောင်းပန်ခြင်းလည်း မပြုခဲ့ကြ‌ပေ။ ထိုသူများ အတွက် ဂျဟန္နမ်၏ပြစ်ဒဏ်နှင့် မီး‌လောင်ကျွမ်းခြင်း၏ ပြစ်ဒဏ်ရှိမည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡكَبِيرُ ١١အမှန်စင်စစ် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်သည့်သူများအတွက် အကြင်ဥယျာဉ်များရှိမည်။ ထိုဥယျာဉ်များ၏ ‌အောက်မှ စမ်း‌ချောင်းများ စီးဆင်း‌နေမည်။ ဤသည် ကြီးကျယ်‌သော‌အောင်မြင်မှုပင် ဖြစ်သည်။ إِنَّ بَطۡشَ رَبِّكَ لَشَدِيدٌ ١٢အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ဖမ်းဆီး(အ‌ရေးယူ)မှုသည် အမှန်ပင် ပြင်းထန်သည်။ إِنَّهُۥ هُوَ يُبۡدِئُ وَيُعِيدُ ١٣အမှန်စင်စစ် အရှင်မြတ်သည်ပင် (ပထမအကြိမ်)စတင်ဖန်ဆင်း‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် (‌နောက်တစ်ကြိမ်)ပြန်လည်ဖန်ဆင်း‌တော်မူမည်။ وَهُوَ ٱلۡغَفُورُ ٱلۡوَدُودُ ١٤ထို့ပြင် အရှင်မြတ်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်ချစ်ခင်မြတ်နိုး‌တော်မူ‌သောအရှင်၊ ذُو ٱلۡعَرۡشِ ٱلۡمَجِيدُ ١٥အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင်၊ فَعَّالٌ لِّمَا يُرِيدُ ١٦အရှင်မြတ်ရည်ရွယ်‌တော်မူ‌သောကိစ္စကို ပြီး‌မြောက်‌အောင်‌ဆောင်ရွက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ هَلۡ أَتَىٰكَ حَدِيثُ ٱلۡجُنُودِ ١٧အသင်၏ထံသို့ ထို (တမန်‌တော်များကိုငြင်းပယ်သည့်)အုပ်စုများ၏ အ‌ကြောင်း ‌ရောက်ရှိခဲ့ပြီ‌လော။ فِرۡعَوۡنَ وَثَمُودَ ١٨ဖိရ်‌အောင်န်၏တပ်သားများအ‌ကြောင်းနှင့် ဆမူဒ်အမျိုးသားများ၏အ‌ကြောင်းဖြစ်သည်။ بَلِ ٱلَّذِينَ كَفَرُواْ فِي تَكۡذِيبٍ ١٩(သူတို့၏ နိဂုံးများကိုသိပါလျက်နှင့်) အမှန်ပင် ကာဖိရ်များသည် (အီမာန်မယူဘဲ)မဟုတ်မမှန်ဟု ‌ပြောဆိုငြင်းပယ်‌နေကြခြင်းပင်ဖြစ်သည်။ وَٱللَّهُ مِن وَرَآئِهِم مُّحِيطُۢ ٢٠ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ‌နောက်ဘက်မှ တန်ခိုး‌တော်နှင့်ဝန်းရံထား‌တော်မူသည်။(သူတို့လုပ်ရပ် အားလုံးကို ခြုံငုံသိ‌တော်မူသည်)။ بَلۡ هُوَ قُرۡءَانٌ مَّجِيدٌ ٢١(သူတို့ ငြင်းပယ်‌သော‌ကြောင့် ကုရ်အာန်တွင် မည်သည့်အရာမျှ ထိခိုက်သွားမည်) မဟုတ်‌ပေ၊ အမှန်စင်စစ် ဤသည် အလွန်မြင့်မြတ်‌သော ကုရ်အာန်ကျမ်း‌တော်ဖြစ်သည်။ فِي لَوۡحٍ مَّحۡفُوظِۭ ٢٢လုံခြုံစွာ ထိန်းသိမ်းထား‌သော သင်ပုန်းတွင် (‌ရေးမှတ်ထားပြီးဖြစ်သည်)။

Translation: Hashim Tin Myint.