Millat al-Islam

Chapter 74 · 56 verses · Hashim Tin Myint

Surah Al-Muddathir in Burmese

Arabic with tafsir Listen to Surah Al-Muddathir (1206 reciters)
Meccanسورة المدثر56 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يَٰٓأَيُّهَا ٱلۡمُدَّثِّرُ ١အို-‌စောင်ခြုံထားသူ။ ###၁ قُمۡ فَأَنذِرۡ ٢အသင်သည် ထ၍သတိ‌ပေးနှိုး‌ဆော်ပါ။ ###၂ وَرَبَّكَ فَكَبِّرۡ ٣ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ် ကြီးကဲမြင့်မြတ်‌တော်မူ‌ကြောင်း ‌ပြောဆိုပါ။ ###၃ وَثِيَابَكَ فَطَهِّرۡ ٤ထို့ပြင်အသင်သည် အသင်၏အဝတ်များကို သန့်ရှင်းစွာ ထားပါ။###၄ وَٱلرُّجۡزَ فَٱهۡجُرۡ ٥ထို့ပြင်အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာ‌နေပါ။ وَلَا تَمۡنُن تَسۡتَكۡثِرُ ٦ထို့ပြင် အသင်သည် ပို၍များစွာရလိုသည့်အ‌နေနှင့် ‌ကျေးဇူးပြု ‌ပေးကမ်းမှုမပြုပါနှင့်။ وَلِرَبِّكَ فَٱصۡبِرۡ ٧ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အတွက် သည်းခံပါ။ فَإِذَا نُقِرَ فِي ٱلنَّاقُورِ ٨ထို့ပြင် တံပိုးခရာမှုတ်သည့်အခါ။ فَذَٰلِكَ يَوۡمَئِذٍ يَوۡمٌ عَسِيرٌ ٩ထိုအချိန်သည် ပြင်းထန်ခက်ခဲ‌သော‌နေ့ဖြစ်လိမ့်မည်။ عَلَى ٱلۡكَٰفِرِينَ غَيۡرُ يَسِيرٍ ١٠ကာဖိရ်များအတွက် လွယ်ကူမှုမရှိသည့်(‌နေ့ပင်ဖြစ်သည်)။ ذَرۡنِي وَمَنۡ خَلَقۡتُ وَحِيدًا ١١အသင်(တမန်‌တော်)သည် ငါအရှင်မြတ်နှင့် ငါအရှင်မြတ်က တစ်ဦးတည်း ###၅ ဖန်ဆင်း‌တော်မူခဲ့‌သောသူကို လွှတ်ထားလိုက်ပါ။ وَجَعَلۡتُ لَهُۥ مَالًا مَّمۡدُودًا ١٢ထို့ပြင် ငါအရှင်မြတ်သည် သူ့အား ပစ္စည်းဥစ္စာအ‌မြောက်အမြား‌ပေး‌တော်မူခဲ့သည်။ وَبَنِينَ شُهُودًا ١٣ထို့ပြင် ‌ရှေ့၌ အဆင်သင့်ရှိ‌နေကြ‌သော သား‌ယောက်ျားများကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။ وَمَهَّدتُّ لَهُۥ تَمۡهِيدًا ١٤ထို့ပြင် ငါအရှင်မြတ်သည် သူ့အား (အစစအရာရာ)အဆင်သင့် ပြုလုပ်‌ပေး‌တော်မူပြီး အဆင်‌ပြေ‌အောင်ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ثُمَّ يَطۡمَعُ أَنۡ أَزِيدَ ١٥ထို့‌နောက်လည်း သူ့အားငါအရှင်မြတ်က ပို‌ပေး‌တော်မူရန် သူသည်လိုလား‌နေသည်။ كـَلَّآۖ إِنَّهُۥ كَانَ لِأٓيَٰتِنَا عَنِيدًا ١٦လုံးဝ(‌ပေး‌တော်မူမည်)မဟုတ်‌တော့‌ပေ။###၆ အမှန်စင်စစ်သူသည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ဆန့်ကျင်သူဖြစ်သည်။ سَأُرۡهِقُهُۥ صَعُودًا ١٧မကြာမီ ငါအရှင်မြတ်သည် သူ့အား (ငရဲ)‌တောင်‌ပေါ်သို့ အတင်းအကျပ်တက်ခိုင်း‌တော်မူမည်။ إِنَّهُۥ فَكَّرَ وَقَدَّرَ ١٨အမှန်စင်စစ် သူသည် စဉ်းစားပြီး ဆုံးဖြတ်ခဲ့သည်။ فَقُتِلَ كَيۡفَ قَدَّرَ ١٩သို့ဖြစ်ရာ သူသည်ပျက်စီးပါ‌စေ၊ သူသည်မည်သို့(စဉ်းစားပြီး) ဆုံးဖြတ်လိုက်သနည်း။ ثُمَّ قُتِلَ كَيۡفَ قَدَّرَ ٢٠သူသည် ထပ်၍ပျက်စီးပါ‌စေ၊ သူသည်မည်သို့(စဉ်းစားပြီး)ဆုံးဖြတ်လိုက်သနည်း။ ثُمَّ نَظَرَ ٢١ထို့ပြင် သူသည်(သူ၏လူများကို)ကြည့်ရှုပြီး (အာယသ်‌တော်များနှင့် ပတ်သက်၍ စဉ်းစားခဲ့သည်)။ ثُمَّ عَبَسَ وَبَسَرَ ٢٢ထို့‌နောက် သူသည် မျက်‌မှောင်ကြုတ်ခဲ့ပြီး ရှုံ့မဲ့ခဲ့သည်။ ثُمَّ أَدۡبَرَ وَٱسۡتَكۡبَرَ ٢٣ထို့‌နောက် သူသည် ‌ကျောခိုင်းခဲ့သည်။ ထို့ပြင် မာန‌ထောင်ခဲ့သည်။ فَقَالَ إِنۡ هَٰذَآ إِلَّا سِحۡرٌ يُؤۡثَرُ ٢٤ထို့ပြင်သူက‌ပြောသည်- ဤသည် ‌ရှေး‌ခေတ်ကတည်းက အဆင့်ဆင့်‌ရောက်လာခဲ့‌သော ‌မှော်အတတ်မှလွဲ၍ အခြားမဟုတ်‌ပေ။ ###၇ إِنۡ هَٰذَآ إِلَّا قَوۡلُ ٱلۡبَشَرِ ٢٥ဤသည် လူသား၏‌ပြောဆိုချက်မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်‌ပေ။ سَأُصۡلِيهِ سَقَرَ ٢٦မကြာမီ ငါအရှင်မြတ်သည် သူ့အား စကရ်ဆို‌သော ငရဲထဲသို့ ဝင်‌ရောက် ‌စေ‌တော်မူမည်။ وَمَآ أَدۡرَىٰكَ مَا سَقَرُ ٢٧ထို့ပြင် စကရ်ငရဲ ဟူသည် မည်သည့်အရာနည်း ဆိုသည်ကို အသင်(တမန်‌တော်)သိပါသ‌လော။ لَا تُبۡقِي وَلَا تَذَرُ ٢٨ထိုအရာသည် (မည်သည့်ကာဖိရ်ကိုမျှ မ‌လောင်ကျွမ်း‌စေဘဲ)ချန်ထားမည်မဟုတ်‌ပေ၊ ထို့ပြင်(မည်သည့်ကာဖိရ်ကိုမျှ ၎င်းထဲသို့မထည့်ဘဲ)လွှတ်ထားမည်လည်းမဟုတ်‌ပေ။ لَوَّاحَةٌ لِّلۡبَشَرِ ٢٩၎င်းသည် လူသား၏ အသားအ‌ရေကို ‌လောင်ကျွမ်းပျက်စီး‌စေ‌သောအရာဖြစ်သည်။ عَلَيۡهَا تِسۡعَةَ عَشَرَ ٣٠ထို စကရ်ငရဲတွင်(‌ကောင်းကင်တမန်) ၁၉ပါးသည် (‌စောင့်ကြပ်လျက်)ရှိကြသည်။ وَمَا جَعَلۡنَآ أَصۡحَٰبَ ٱلنَّارِ إِلَّا مَلَٰٓئِكَةًۖ وَمَا جَعَلۡنَا عِدَّتَهُمۡ إِلَّا فِتۡنَةً لِّلَّذِينَ كَفَرُواْ لِيَسۡتَيۡقِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَيَزۡدَادَ ٱلَّذِينَ ءَامَنُوٓاْ إِيمَٰنًا وَلَا يَرۡتَابَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡمُؤۡمِنُونَ وَلِيَقُولَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ وَٱلۡكَٰفِرُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلًاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَمَا يَعۡلَمُ جُنُودَ رَبِّكَ إِلَّا هُوَۚ وَمَا هِيَ إِلَّا ذِكۡرَىٰ لِلۡبَشَرِ ٣١ထို့ပြင် ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များကိုပင် ငရဲ‌စောင့်များအဖြစ် ခန့်အပ်ထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုအ‌စောင့်များ၏ အ‌ရေအတွက်ကိုကာဖိရ်များအတွက် စမ်းသပ်မှု ပြုလုပ်ထား‌တော်မူသည်။ (ထိုငရဲ‌စောင့်အ‌ရေအတွက်‌ပြောရခြင်းအ‌ကြောင်းမှာယခင်က) ကျမ်းရသူများသည် (သူတို့ကျမ်းများထဲတွင်လည်း ဤအ‌ရေအတွက်ပင်ပါရှိသည်ကိုသိပြီး ကုရ်အာန်မှန်ကန်‌ကြောင်း)ယုံကြည်လာကြရန်အတွက်နှင့် အီမာန်ယုံကြည်ပြီးသည့်သူများသည်လည်း အီမာန် ပိုတိုးလာ‌အောင်အတွက် ဖြစ်သည်။###၈ ထို့ပြင် ကျမ်းရသူများနှင့် အီမာန်ယုံကြည်သူများသည် သံသယမဖြစ်ကြ‌အောင်အတွက်လည်းဖြစ်သည်။ ၎င်းပြင် စိတ်နှလုံးထဲတွင် ‌ရောဂါရှိသည့်သူများနှင့် ကာဖိရ်များသည် ဤသို့‌သော(အံ့ဩဖွယ်ရာ)အ‌ကြောင်းအရာဖြင့် အလ္လာဟ်အရှင်မြတ်သည် မည်သည်ကို ရည်ရွယ်‌တော်မူပါသနည်းဟု ‌ပြောဆိုလာကြရန်အတွက်လည်းဖြစ်သည်။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လမ်းမှား၌ပင်ထား‌တော်မူပြီး အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လမ်းမှန်ညွှန်ကြား ပြသ‌တော်မူသည်။ ထို့ပြင် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ စစ်တပ်များကို အရှင်မြတ်မှလွဲ၍ မည်သူမျှမသိ‌ပေ။ ###၉ ထို့ပြင် ဤ(ငရဲမီး)သည် လူသားများ အတွက် သတိ‌ပေး ဆုံးမခြင်းပင်ဖြစ်သည်။ كـَلَّا وَٱلۡقَمَرِ ٣٢(ထိုငရဲ‌စောင့်၁၉ဦးမျှကိုမူ ငါတို့ ကာဖိရ်များ စု‌ပေါင်းပြီး အပြတ်ရှင်းလိုက်၍ရသည်ဟု မက္ကဟ်မြို့သားများက ‌ပြောဆိုကြသည်ကို အရှင်မြတ်ကမိန့်ကြား‌တော်မူသည်)-လုံးဝ မရ‌ပေ။ လကို သက်‌သေထူ‌တော်မူသည်။ وَٱلَّيۡلِ إِذۡ أَدۡبَرَ ٣٣ထို့ပြင် ဆုတ်ခွာသွားပြီဖြစ်‌သောညကို သက်‌သေထူ‌တော်မူသည်။ وَٱلصُّبۡحِ إِذَآ أَسۡفَرَ ٣٤ထို့ပြင် လင်းလာပြီဖြစ်‌သော နံနက်ချိန်ကို သက်‌သေထူ‌တော်မူသည်။ إِنَّهَا لَإِحۡدَى ٱلۡكُبَرِ ٣٥အမှန်စင်စစ် ထိုစကရ်သည် (ဂျဟန်္နမ်ငရဲ၏ ) အကြီးအကျယ် ‌ကြောက်စရာ‌ကောင်း‌သော(အထပ်များ)ထဲမှ တစ်ခုဖြစ်သည်။ نَذِيرًا لِّلۡبَشَرِ ٣٦(ထိုစကရ်ငရဲသည်) လူသားကို သတိ‌ပေးနှိုး‌ဆော်လျက်ရှိသည်။ لِمَن شَآءَ مِنكُمۡ أَن يَتَقَدَّمَ أَوۡ يَتَأَخَّرَ ٣٧အသင်တို့ထဲမှ ‌ရှေ့သို့တိုးရန်လိုလားသည့်သူ၊ သို့မဟုတ် ‌နောက်သို့ ဆုတ်ရန်လိုလားသည့်သူကို (သတိ‌ပေးနှိုး‌ဆော်‌နေခြင်းဖြစ်သည်)။ كُلُّ نَفۡسِۭ بِمَا كَسَبَتۡ رَهِينَةٌ ٣٨လူတိုင်းသည် သူရှာ‌ဖွေဆည်းပူးခဲ့သည့်အရာများ၏အစား အ‌ပေါင်ခံပစ္စည်း(အာမခံထားသည့်ပစ္စည်းအဖြစ် ချုပ်‌နှောင်ထားပြီး)ဖြစ်သည်။ ###၁၀ إِلَّآ أَصۡحَٰبَ ٱلۡيَمِينِ ٣٩သို့ရာတွင် လက်ယာဘက်သားများကမူ၊ فِي جَنَّٰتٍ يَتَسَآءَلُونَ ٤٠ဥယျာဉ်များတွင် ရှိကြမည်။ သူတို့သည် ‌မေးမြန်းလျက်ရှိကြမည်။ عَنِ ٱلۡمُجۡرِمِينَ ٤١အပြစ်ရှိသူများနှင့် ပတ်သက်၍၊ مَا سَلَكَكُمۡ فِي سَقَرَ ٤٢မည်သည့်အရာက အသင်တို့အား စကရ်ငရဲထဲ သွတ်သွင်းလိုက်သနည်း။ قَالُواْ لَمۡ نَكُ مِنَ ٱلۡمُصَلِّينَ ٤٣သူတို့က ‌ပြောဆိုကြမည်-ကျွန်ုပ်တို့သည် စွလာသ်ဝတ်ပြုသူများထဲတွင် မပါဝင်ခဲ့ကြ‌ပေ။ وَلَمۡ نَكُ نُطۡعِمُ ٱلۡمِسۡكِينَ ٤٤ထို့ပြင် ကျွန်ုပ်တို့သည် ဆင်းရဲသားများကိုလည်း ‌ကျွေး‌မွေး‌လေ့မရှိခဲ့ကြ‌ပေ။ وَكُنَّا نَخُوضُ مَعَ ٱلۡخَآئِضِينَ ٤٥ထို့ပြင် ကျွန်ုပ်တို့သည် အလဟဿကိစ္စများကို ပြုလုပ်သည့်သူများနှင့်အတူ အလဟဿကိစ္စများကိုပင် ပြုလုပ်‌နေခဲ့ကြသည်။ وَكُنَّا نُكَذِّبُ بِيَوۡمِ ٱلدِّينِ ٤٦ထို့ပြင် ကျွန်ုပ်တို့သည် အစား‌ပေးမည့်‌နေ့ကိုလည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်‌နေခဲ့ကြသည်။ حَتَّىٰٓ أَتَىٰنَا ٱلۡيَقِينُ ٤٧‌နောက်ဆုံး‌တော့ ‌သေခြင်းသည် ကျွန်ုပ်တို့ထံသို့ ဆိုက်‌ရောက်လာခဲ့သည်။ فَمَا تَنفَعُهُمۡ شَفَٰعَةُ ٱلشَّٰفِعِينَ ٤٨သို့ဖြစ်ရာ ကြားဝင်အသနားခံ ‌ပေးသူများ၏ ကြားဝင်အသနားခံ‌ပေးမှုသည် သူတို့အတွက် အကျိုး‌ပေးမည်မဟုတ်‌ပေ။ فَمَا لَهُمۡ عَنِ ٱلتَّذۡكِرَةِ مُعۡرِضِينَ ٤٩သူတို့သည် အဘယ့်‌ကြောင့် ဆုံးမဩဝါဒဘက်မှ မျက်နှာလွှဲ‌နေကြသနည်း။ كَأَنَّهُمۡ حُمُرٌ مُّسۡتَنفِرَةٌ ٥٠သူတို့သည် ‌ကြောက်ကန်ကန်‌သော မြည်းရိုင်းသတ္တဝါများကဲ့သို့ပင် ဖြစ်ကြသည်။ فَرَّتۡ مِن قَسۡوَرَةِۭ ٥١ထိုမြည်းသတ်္တဝါများသည် ခြ‌သေင့်္တိရစာဩန်မှ(လွတ်ရန်) ထွက်‌ပြေး‌နေကြသည်။ بَلۡ يُرِيدُ كُلُّ ٱمۡرِيٍٕ مِّنۡهُمۡ أَن يُؤۡتَىٰ صُحُفًا مُّنَشَّرَةً ٥٢ထို့ပြင် သူတို့ထဲမှ လူတိုင်းသည် ဖွင့်ထားသည့်ကျမ်းဂန်များကို ‌ပေးသနား‌တော်မူခြင်းကိုခံလိုကြသည်။ كـَلَّاۖ بَل لَّا يَخَافُونَ ٱلۡأٓخِرَةَ ٥٣လုံးဝ (‌ပေးသနားခံရမည်)မဟုတ်‌ပေ။ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝကို ‌ကြောက်ရွံ့ စိုးရိမ်ကြသည်မဟုတ်‌ပေ။ ###၁၁ كـَلَّآ إِنَّهُۥ تَذۡكِرَةٌ ٥٤(ကုရ်အာန် သည် သူတို့‌ပြောကြသကဲ့သို့ ‌မှော်အတတ်ပညာ) လုံးဝမဟုတ်‌ပေ။ အမှန်စင်စစ် ကုရ်အာန်သည် ဆုံးမဩဝါဒအမှန်ပင် ဖြစ်သည်။ فَمَن شَآءَ ذَكَرَهُۥ ٥٥သို့ဖြစ်ရာ မည်သူမဆိုအလိုရှိခဲ့လျှင် ထိုဆုံးမဩဝါဒကို ‌လေ့လာကျက်မှတ် တရားရယူရမည်ဖြစ်သည်။ ###၁၂ وَمَا يَذۡكُرُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ هُوَ أَهۡلُ ٱلتَّقۡوَىٰ وَأَهۡلُ ٱلۡمَغۡفِرَةِ ٥٦ထို့ပြင် သူတို့သည် အလ်္လာဟ် အရှင်မြတ်အလိုရှိ‌တော်မူမှပင် ‌လေ့လာကျက်မှတ် တရားရယူနိုင်ကြမည်ဖြစ်သည်။ ###၁၃ ထိုအရှင်မြတ်ပင် ‌ကြောက်ရွံ့ ထိုက်‌သောအရှင်၊ လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။

Translation: Hashim Tin Myint.