Millat al-Islam

Chapter 75 · 40 verses · Hashim Tin Myint

Surah Al-Qiyama in Burmese

Arabic with tafsir Listen to Surah Al-Qiyama (1375 reciters)

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

لَآ أُقۡسِمُ بِيَوۡمِ ٱلۡقِيَٰمَةِ ١ငါအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့ကို သက်‌သေထူ ကျိန်ဆို‌တော်မူသည်။ ###၁ وَلَآ أُقۡسِمُ بِٱلنَّفۡسِ ٱللَّوَّامَةِ ٢ထို့ပြင် ငါအရှင်မြတ်သည် (မိမိကိုယ်မိမိ)အလွန်ပြစ်တင်ဆုံးမတတ်သည့်စိတ်ကို သက်‌သေထူ ကျိန်ဆို‌တော်မူသည်။ ###၂ أَيَحۡسَبُ ٱلۡإِنسَٰنُ أَلَّن نَّجۡمَعَ عِظَامَهُۥ ٣လူသားသည် သူ၏ အရိုးများကို ငါအရှင်မြတ်က လုံးဝစု‌ပေါင်း‌တော်မူမည်မဟုတ်‌ပေဟု ထင်မှတ်‌နေသ‌လော။ بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّيَ بَنَانَهُۥ ٤အဘယ့်‌ကြောင့် မစု‌ပေါင်းဘဲ ‌နေမည်နည်း။ ငါအရှင်မြတ်သည် ထိုလူသား၏ လက်ဆစ်‌ခြေဆစ်များကိုပင် မူလအ‌ခြေအ‌နေအတိုင်းပြန်ပြီး ‌နေသားတကျဖြစ်‌အောင် ဖန်ဆင်း ‌တော်မူခြင်းကို တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ بَلۡ يُرِيدُ ٱلۡإِنسَٰنُ لِيَفۡجُرَ أَمَامَهُۥ ٥အမှန်စင်စစ် လူသားသည် သူ၏ ‌ရှေ့ အနာဂတ်တွင် အမိန့်ဖီဆန်မှုများကိုပင် ကျူးလွန်လိုသည်။(ကိယာမသ်လာချင်လာစမ်းပါ‌စေ၊ မည်သည့်အရာဖြစ်မည်နည်း ကြည့်ကြ မည်ဆိုသည့်အ‌နေနှင့် ဆိုးသွမ်း‌နေခြင်းဖြစ်သည်)။ يَسۡـَٔلُ أَيَّانَ يَوۡمُ ٱلۡقِيَٰمَةِ ٦ထိုလူသားက ကိယာမသ် မည်သည့်အခါဖြစ်မည်နည်းဟု ‌မေးမြန်းသည်။ فَإِذَا بَرِقَ ٱلۡبَصَرُ ٧ထိုအခါတွင် မျက်စိများသည် (‌ကြောက်လန့်ပြီး) မျက်ဖြူဆိုက်(‌တွေ‌ဝေထိုင်းမှိုင်း)သွားမည်။ وَخَسَفَ ٱلۡقَمَرُ ٨ထို့ပြင် လသည်လည်း အလင်း‌ရောင်ကင်းမဲ့သွားမည်။ وَجُمِعَ ٱلشَّمۡسُ وَٱلۡقَمَرُ ٩ထို့ပြင် ‌နေနှင့်လတို့သည် (အလင်း‌ရောင်မဲ့ပြီး တစ်မျိုးတစ်စားတည်းဖြစ်ကာ)ပူး‌ပေါင်းခံကြရမည်။ يَقُولُ ٱلۡإِنسَٰنُ يَوۡمَئِذٍ أَيۡنَ ٱلۡمَفَرُّ ١٠ထို‌နေ့တွင် လူသားသည် ‌ပြေးစရာမည်သည့် ‌နေရာတွင်ရှိသနည်းဟု ‌မေးလိမ့်မည်။ كـَلَّا لَا وَزَرَ ١١လုံးဝမရှိ‌ပေ။ ခိုလှုံရာလုံးဝမရှိ‌ပေ။ إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمُسۡتَقَرُّ ١٢ထို‌နေ့တွင် ‌နေထိုင်ရာဌာနသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌သာရှိမည်။ ###၃ يُنَبَّؤُاْ ٱلۡإِنسَٰنُ يَوۡمَئِذِۭ بِمَا قَدَّمَ وَأَخَّرَ ١٣ထို‌နေ့တွင် လူသားသည် သူကြိုတင်ပို့ခဲ့သည်များနှင့် သူချန်ထားခဲ့သည်များကို အသိ‌ပေးခြင်းခံရမည်။ بَلِ ٱلۡإِنسَٰنُ عَلَىٰ نَفۡسِهِۦ بَصِيرَةٌ ١٤အမှန်စင်စစ် လူသားသည် သူ့ကိုယ်သူ (မည်သည့်ပြစ်မှုများလုပ်ခဲ့သည်ကို) သိမြင်သူပင်ဖြစ်သည်။ (သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း သက်‌သေ အဖြစ်ရှိ‌နေကြမည်)။ وَلَوۡ أَلۡقَىٰ مَعَاذِيرَهُۥ ١٥ထို့ပြင် သူသည် သူ၏အ‌ကြောင်းပြချက်များကို (အဘယ်မျှပင်)တင်ပြ‌သော်လည်း (သူ့ကိုယ်သူမှာမူ သိပြီးဖြစ်သည်)။ لَا تُحَرِّكۡ بِهِۦ لِسَانَكَ لِتَعۡجَلَ بِهِۦٓ ١٦အသင်(တမန်‌တော်)သည်(‌ကောင်းကင်တမန်က ကုရ်အာန်ကို ဖတ်ရွတ်ပြသည့်အခါ) အသင်၏ နှုတ်လျှာအားထို (ကုရ်အာန်)ကို လျင်မြန်စွာရရှိ‌အောင် (ကျက်မှတ်သကဲ့သို့) မလှုပ်ပါနှင့်။ إِنَّ عَلَيۡنَا جَمۡعَهُۥ وَقُرۡءَانَهُۥ ١٧အမှန်စင်စစ်ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို (စိတ်နှလုံးထဲ၌)စု‌ပေါင်း(ထိန်းသိမ်းထား‌ပေး)ခြင်းနှင့်(နှုတ်လျှာမှ)ဖတ်‌စေခြင်းသည် ငါအရှင်မြတ်၏တာဝန်ဖြစ်သည်။ فَإِذَا قَرَأۡنَٰهُ فَٱتَّبِعۡ قُرۡءَانَهُۥ ١٨ထို့‌နောက် ငါအရှင်မြတ်သည်ထို (ကုရ်အာန်ကျမ်း‌တော်မြတ်)ကိုဖတ်ကြား‌တော်မူသည့်အခါ အသင်သည် ထို(ကုရ်အာန် )ကို ‌နောက်လိုက်ပြီးနား‌ထောင်ပါ။ ثُمَّ إِنَّ عَلَيۡنَا بَيَانَهُۥ ١٩ထို့‌နောက် ထိုကုရ်အာန် ကျမ်း‌တော်မြတ်ကို ရှင်းပြရန်မှာလည်း အမှန်စင်စစ် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်သည်။###၄ كـَلَّا بَلۡ تُحِبُّونَ ٱلۡعَاجِلَةَ ٢٠(‌သေပြီး‌နောက် ရှင်ပြန်မထရဘူးဟု အသင်တို့‌ပြောသကဲ့သို့)လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် ‌လောကီဘဝကို နှစ်သက်‌နေကြခြင်းဖြစ်သည်။ وَتَذَرُونَ ٱلۡأٓخِرَةَ ٢١ထို့ပြင် အသင်တို့သည် တမလွန်ဘဝကို စွန့်လွှတ်ထားကြခြင်းဖြစ်သည်။ وُجُوهٌ يَوۡمَئِذٍ نَّاضِرَةٌ ٢٢ထို‌နေ့တွင် မျက်နှာအ‌မြောက်အမြားသည် ရွှင်လန်း‌နေကြမည်။ إِلَىٰ رَبِّهَا نَاظِرَةٌ ٢٣သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ဖူး‌မြော်‌နေကြမည်။ ###၅ وَوُجُوهٌ يَوۡمَئِذِۭ بَاسِرَةٌ ٢٤ထို့ပြင် ထို‌နေ့တွင် မျက်နှာအ‌မြောက်အမြားကမူ ညှိုးနွမ်း‌နေကြမည်။ تَظُنُّ أَن يُفۡعَلَ بِهَا فَاقِرَةٌ ٢٥သူတို့သည် ခါးရိုးကျိုး‌စေမည့် ပြစ်ဒဏ်ကိုခံရမည်ကို သိ‌နေကြလိမ့်မည်။ كـَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِيَ ٢٦(ပြစ်ဒဏ်ခံရမည်မဟုတ်‌ပေဟုအသင်တို့ ထင်သကဲ့သို့)လုံးဝမဟုတ်‌ပေ။ အမှန်စင်စစ် အသက်ဝိညာဉ်သည်(လည်ပင်းအနီးမှ)ညှပ်ရိုးကို‌ရောက်သွားသည့်အခါ။ ###၆ وَقِيلَ مَنۡۜ رَاقٍ ٢٧ထို့ပြင် (ထို‌သေမည့် လူနာအနီးမှ သူများက)မန်းမှုတ်မည့်သူရှိသ‌လောဟု ‌အော်ဟစ်ကြမည်။ ###၇ وَظَنَّ أَنَّهُ ٱلۡفِرَاقُ ٢٨ထို့ပြင် အမှန်စင်စစ် ဤအချိန်သည် (ဤဘဝမှ) စွန့်ခွာရ‌တော့မည့်အချိန်ဖြစ်သည်ကို သူယုံကြည်လိုက်ပြီဖြစ်သည်။ وَٱلۡتَفَّتِ ٱلسَّاقُ بِٱلسَّاقِ ٢٩ထို့ပြင်‌ခြေသလုံးသည် ‌ခြေသလုံးနှင့် ကပ်သွားမည်။ (ဒုက္ခ‌ပေါ် ဒုက္ခဆင့်သွားမည်)။###၈ إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمَسَاقُ ٣٠ထို‌နေ့တွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင် တွန်းပို့ခံကြရမည်။ فَلَا صَدَّقَ وَلَا صَلَّىٰ ٣١ထို့‌နောက် ထိုလူသားသည် ယုံကြည်‌ထောက်ခံမှုလည်းမပြုခဲ့‌ပေ။ စွလာသ်ဝတ်ပြုခဲ့ခြင်းလည်း မရှိ‌ပေ။ وَلَٰكِن كَذَّبَ وَتَوَلَّىٰ ٣٢သို့ရာတွင် သူသည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ပြီး မျက်နှာပင် လွှဲခဲ့သည်။ ثُمَّ ذَهَبَ إِلَىٰٓ أَهۡلِهِۦ يَتَمَطَّىٰٓ ٣٣ထို့ပြင် သူသည် ‌မော်ကြွားပြီး သူ၏အိမ်သူအိမ်သားများထံသို့ သွားခဲ့သည်။ أَوۡلَىٰ لَكَ فَأَوۡلَىٰ ٣٤အသင့်အတွက် ပျက်စီးခြင်းအ‌ပေါ်တွင် ပျက်စီးခြင်းသာရှိမည်။ ثُمَّ أَوۡلَىٰ لَكَ فَأَوۡلَىٰٓ ٣٥ထို့ပြင် ထပ်ပြီး အသင့်အတွက် ပျက်စီးခြင်းအ‌ပေါ်တွင် ပျက်စီးခြင်းသာရှိမည်။ ###၉ أَيَحۡسَبُ ٱلۡإِنسَٰنُ أَن يُتۡرَكَ سُدًى ٣٦လူသားသည် သူ့အား ဤအတိုင်းပင် စွန့်လွှတ်ထားခြင်းခံ‌နေရမည်ဟု ထင်မှတ်‌နေသ‌လော။ أَلَمۡ يَكُ نُطۡفَةً مِّن مَّنِيٍّ يُمۡنَىٰ ٣٧သူသည်ထည့်သွင်းခြင်းခံရသည့်သုက်ရည်တစ်စက်ပင် ဖြစ်ခဲ့သည် မဟုတ်‌လော။ ثُمَّ كَانَ عَلَقَةً فَخَلَقَ فَسَوَّىٰ ٣٨ထို့‌နောက် ထိုသုက်ရည်သည် ‌သွေးခဲဖြစ်ခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် (သူ့အား) ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် (သူ့အား)‌နေသားတကျဖြစ်‌အောင်ပြုပြင်‌တော်မူခဲ့သည်။ فَجَعَلَ مِنۡهُ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰٓ ٣٩ထို့ပြင် အရှင်မြတ်သည် ထိုသုက်ရည်မှ ‌ယောက်ျားနှင့် မိန်းမအဖြစ် နှစ်မျိုးနှစ်စားပြုလုပ်‌တော်မူခဲ့သည်။ أَلَيۡسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰ ٤٠ထိုအရှင်မြတ်သည် ‌သေသူများကို ပြန်ရှင်‌စေ‌တော်မူရန် တတ်စွမ်းနိုင်‌သောအရှင် မဟုတ်‌လေသ‌လော။ ###၁၀

Translation: Hashim Tin Myint.