Millat al-Islam

Chapter 67 · 30 verses · Hashim Tin Myint

Surah Al-Mulk in Burmese

Arabic with tafsir Listen to Surah Al-Mulk (1398 reciters)
Meccanسورة الملك30 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

تَبَٰرَكَ ٱلَّذِي بِيَدِهِ ٱلۡمُلۡكُ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١အကြင်အရှင်မြတ်သည် မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံမြင့်မြတ်‌တော်မူသည်။ ထိုအရှင်မြတ်၏ လက်ထဲတွင် အုပ်ချုပ်မှုအာဏာရှိသည်။ ထို့ပြင်ထိုအရှင်မြတ်သည် အရာအားလုံး အ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلًاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ ٢ထိုအရှင်မြတ်သည် အသင်တို့ထဲမှ မည်သူသည်လုပ်ရပ်အ‌နေနှင့် အ‌ကောင်းဆုံးဖြစ်သည်ကို အသင်တို့အား စမ်းသပ်‌တော်မူရန်အတွက် ‌သေခြင်းနှင့် ရှင်ခြင်းကို ဖန်ဆင်း‌တော် မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٍ طِبَاقًاۖ مَّا تَرَىٰ فِي خَلۡقِ ٱلرَّحۡمَٰنِ مِن تَفَٰوُتٍۖ فَٱرۡجِعِ ٱلۡبَصَرَ هَلۡ تَرَىٰ مِن فُطُورٍ ٣ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်ခုနစ်ထပ်ကို အဆင့်ဆင့် ဖန်ဆင်း‌တော်မူခဲ့သည်။ အသင်သည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်၏ ဖန်ဆင်းမှုတွင် ကွာခြားမှု၊ မဆီ‌လျော်မှု ဟူ၍ လုံးဝ‌တွေ့ရှိရမည်မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် မျက်စိကို ပြန်‌မော့ပြီးကြည့်ပါ၊ အသင်သည် အက်ကွဲမှု တစ်စုံတစ်ခု‌တွေ့ရ၏‌လော။ ثُمَّ ٱرۡجِعِ ٱلۡبَصَرَ كَرَّتَيۡنِ يَنقَلِبۡ إِلَيۡكَ ٱلۡبَصَرُ خَاسِئًا وَهُوَ حَسِيرٌ ٤ထို့‌နောက် အသင်သည်မျက်စိကိုပြန်‌မော့ပြီး အကြိမ်ကြိမ်ပြန်ကြည့်ပါ၊ မျက်စိပင် အသင့်ထံသို့ အလိုမပြည့်ဘဲ အရှက်ရကာ ‌ညောင်းလျက်ပြန်လာမည်ဖြစ်သည်။ وَلَقَدۡ زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِمَصَٰبِيحَ وَجَعَلۡنَٰهَا رُجُومًا لِّلشَّيَٰطِينِۖ وَأَعۡتَدۡنَا لَهُمۡ عَذَابَ ٱلسَّعِيرِ ٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အနီးဆုံးမိုး‌ကောင်းကင်(‌အောက်ဆုံးအထပ်)ကို မီးအိမ်များဖြင့် လှပစွာ ဆင်ယင်ထား‌တော်မူပြီး ထိုမီးအိမ်များကို ရှိုင်သွာန်များအား ပစ်ခတ်ရန် လက်နက်အဖြစ် ###၁ ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် ဂျဟန္နမ်ငရဲမီး၏ပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်ပြီးထား‌တော်မူသည်။ وَلِلَّذِينَ كَفَرُواْ بِرَبِّهِمۡ عَذَابُ جَهَنَّمَۖ وَبِئۡسَ ٱلۡمَصِيرُ ٦ထို့ပြင် သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ငြင်းပယ်သူများအတွက် ဂျဟန္နမ်ငရဲမီး၏ ပြစ်ဒဏ်ရှိမည်။ ထို့ပြင် ထိုဂျဟန္နမ် ငရဲသည် အဘယ်မျှဆိုးရွားလှ‌သော စခန်းဖြစ်လိုက်သနည်း။ إِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقًا وَهِيَ تَفُورُ ٧သူတို့အ‌နေနှင့် ဆူပွက်လျက်ရှိ‌သော ငရဲထဲတွင် ပစ်ချခြင်းခံခဲ့ကြရသည့်အခါ ထိုငရဲ၏ဟိန်းသံကိုကြားကြရမည်။ ထို့ပြင် ထိုငရဲသည် အဘယ်မျှ ဆူပွက်‌နေမည်နည်းဆိုလျှင်၊ تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِۖ كُلَّمَآ أُلۡقِيَ فِيهَا فَوۡجٌ سَأَلَهُمۡ خَزَنَتُهَآ أَلَمۡ يَأۡتِكُمۡ نَذِيرٌ ٨အမျက်‌ဒေါသ‌ကြောင့် ‌ပေါက်ကွဲမည့်ဆဲဆဲဖြစ်‌နေမည်။ ထို ဂျဟန္နမ် ငရဲထဲသို့ အုပ်စုတစ်စု ပစ်ချခံရတိုင်း ထိုငရဲကို ‌စောင့်ကြပ်‌သော ‌ကောင်းကင်တမန်များက “အသင်တို့ထံ သတိ‌ပေးနှိုး‌ဆော်သူ မည်သူမျှ မလာခဲ့သ‌လော”ဟု သူတို့အား ‌မေးမြန်းကြမည်။ قَالُواْ بَلَىٰ قَدۡ جَآءَنَا نَذِيرٌ فَكَذَّبۡنَا وَقُلۡنَا مَا نَزَّلَ ٱللَّهُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٍ كَبِيرٍ ٩သူတို့က အဘယ့်‌ကြောင့် မလာရမည်နည်း၊ အမှန်ပင် သတိ‌ပေးနှိုး‌ဆော်သူသည် ကျွန်ုပ်တို့ထံသို့လာခဲ့သည်။ ထို့‌နောက်လည်း ကျွန်ုပ်တို့ကမဟုတ်မမှန်ဟုစွပ်စွဲငြင်းပယ်ခဲ့ကြ သည့်အပြင် အလ္လာဟ် အရှင်မြတ်သည် မည်သည့်အရာမျှ ချ‌ပေး‌တော်မူသည်မရှိ‌ပေ၊ အသင်တို့သည် ကြီးကျယ်‌သော လမ်းမှားတွင် ရှိ‌နေကြသည်ဟု ‌ပြောဆိုခဲ့ကြ‌ကြောင်း ‌ဖြေကြားကြမည်။ وَقَالُواْ لَوۡ كُنَّا نَسۡمَعُ أَوۡ نَعۡقِلُ مَا كُنَّا فِيٓ أَصۡحَٰبِ ٱلسَّعِيرِ ١٠ထို့ပြင် သူတို့က အကယ်၍ ကျွန်ုပ်တို့သည် နား‌ထောင်ခဲ့ကြလျှင် သို့မဟုတ် နားလည်ခဲ့ကြလျှင် ကျွန်ုပ်တို့သည် ငရဲသားများ ဖြစ်ကြမည်မဟုတ်‌ပေဟု ‌ပြောဆိုကြမည်။ فَٱعۡتَرَفُواْ بِذَنۢبِهِمۡ فَسُحۡقًا لِّأَصۡحَٰبِ ٱلسَّعِيرِ ١١ထို့‌နောက် သူတို့သည် (ကိယာမသ်‌နေ့တွင်) သူတို့၏ အပြစ်ကျူးလွန်မှုကို ဝန်ခံကြလိမ့်မည်။ သို့ဖြစ်ရာ ဂျဟန္နမ်ငရဲသားများတွင် ကရုဏာမှကင်း‌ဝေးမှုရှိလိမ့်မည်။ إِنَّ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ لَهُم مَّغۡفِرَةٌ وَأَجۡرٌ كَبِيرٌ ١٢အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကိုမမြင်ဘဲနှင့် ‌ကြောက်ရွံ့‌သောသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးမား‌သော အကျိုး‌ကျေးဇူးရှိသည်။ وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ١٣ထို့ပြင် အသင်တို့သည်အသင်တို့၏ စကားများကို လျှို့ဝှက်‌ပြောဆိုသည်ပင်ဖြစ်‌စေ၊ ကျယ်‌လောင်စွာ‌ပြောဆိုသည်ပင်ဖြစ်‌စေ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသည်ကိုပင် အကြွင်းမဲ့သိရှိ‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ أَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ ١٤အရှင်မြတ်သည် အရှင်မြတ်ဖန်ဆင်း‌တော်မူခဲ့‌သော အဖန်ဆင်းခံများကို မသိဘဲ‌နေမည်‌လော။ ထို့ပြင် အရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ ကြားသိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولًا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ ١٥အရှင်မြတ်ပင် အသင်တို့အတွက် ‌မြေပထဝီကို လက်‌အောက်ခံပြုလုပ်‌ပေးထား‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထို‌မြေပထဝီ၏ သွားရာလမ်းများတွင် လှုပ်ရှားသွား လာကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်‌ပေးသနား‌တော်မူ‌သော ရိက္ခာမှစားသုံးကြပါ။ ထို့ပြင် (အသင်တို့သည်)ရှင်ပြန်ထ၍ အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြ ရမည်ဖြစ်သည်။ ءَأَمِنتُم مَّن فِي ٱلسَّمَآءِ أَن يَخۡسِفَ بِكُمُ ٱلۡأَرۡضَ فَإِذَا هِيَ تَمُورُ ١٦အသင်တို့သည် မိုး‌ကောင်းကင်တွင်ရှိ‌တော်မူ‌သောအရှင်မြတ်ကို ထိုအရှင်မြတ်သည်အသင်တို့အား ‌မြေမျို‌စေ‌တော်မူမည်မဟုတ်‌ပေဆိုပြီး စိုးရိမ်မှုကင်း‌နေကြသ‌လော။ ထိုသို့ (‌မြေမျို‌စေ‌တော်မူ‌သော)အခါ ထို‌မြေပထဝီသည် ပြင်းထန်စွာ တုန်လှုပ်‌နေလိမ့်မည်။ أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبًاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ ١٧သို့မဟုတ် အသင်တို့သည် မိုး‌ကောင်းကင်တွင်ရှိ‌သော အရှင်မြတ်ကို ထိုအရှင်မြတ်သည် အသင်တို့ အ‌ပေါ်တွင်‌ကျောက်စရစ်မိုး ရွာသွန်း‌စေ ###၂ ‌တော်မူမည်မဟုတ် ‌ပေဟု စိုးရိမ်မှုကင်း‌နေကြသ‌လော။ သို့ဖြစ်လျှင် မကြာမီ ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်မှုသည် မည်သို့ရှိခဲ့သည်ကို အသင်တို့ သိရှိကြလိမ့်မည်။ وَلَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَكَيۡفَ كَانَ نَكِيرِ ١٨ထို့ပြင် အမှန်စင်စစ် သူတို့မတိုင်မီ ရှိခဲ့ကြသည့်သူများလည်း မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။ أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَٰٓفَّٰتٍ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ ١٩သူတို့သည် သူတို့၏အထက်တွင် ငှက်များကို အ‌တောင်ပံများဖြန့်‌နေသည်ကိုလည်း‌ကောင်း၊ (ထိုအ‌တောင်ပံများကို) ရုပ်သိမ်း‌နေသည်ကိုလည်း‌ကောင်း မမြင်ခဲ့ကြသ‌လော။ ထိုငှက်များအားရဟ်မာန် အနန္တကရုဏာ‌တော်ရှင်မှလွဲ၍ မည်သူကမျှ ထိန်းသိမ်းမထား‌ပေ။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ် ‌တော်မူသည်။ أَمَّنۡ هَٰذَا ٱلَّذِي هُوَ جُندٌ لَّكُمۡ يَنصُرُكُم مِّن دُونِ ٱلرَّحۡمَٰنِۚ إِنِ ٱلۡكَٰفِرُونَ إِلَّا فِي غُرُورٍ ٢٠ထို့ပြင် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်မှလွဲ၍ အသင်တို့၏ စစ်တပ်အဖြစ် အသင်တို့အား ကူညီမည့်သူ မည်သူရှိမည်နည်း။ ထို့ပြင် ကာဖိရ်များသည် လှည့်စားမှုထဲ၌ပင် ရှိ‌နေကြသည်။ أَمَّنۡ هَٰذَا ٱلَّذِي يَرۡزُقُكُمۡ إِنۡ أَمۡسَكَ رِزۡقَهُۥۚ بَل لَّجُّواْ فِي عُتُوٍّ وَنُفُورٍ ٢١ထို့ပြင် အကယ်၍ အရှင်မြတ်သည် အရှင်မြတ်၏ ရိက္ခာကို ပိတ်ပင်‌တော်မူခဲ့လျှင် အသင်တို့အား ရိက္ခာမည်သူ‌ပေးမည်နည်း။ ထို့ပြင် သူတို့သည် ဆိုးသွမ်းမှုနှင့် စက်ဆုပ် ရွံရှာမှုထဲတွင် စွဲမြဲစွာရှိ‌နေကြသည်။ أَفَمَن يَمۡشِي مُكِبًّا عَلَىٰ وَجۡهِهِۦٓ أَهۡدَىٰٓ أَمَّن يَمۡشِي سَوِيًّا عَلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٢٢သူ၏မျက်နှာ‌ပေါ်တွင် ‌မှောက်လျက်သွားသည့်သူသည် ပို၍လမ်းမှန်သူ‌လော၊ သို့မဟုတ်‌ဖြောင့်မတ်သည့်လမ်း‌ပေါ်တွင် တည့်မတ်စွာ သွား‌နေသူသည် ပို၍လမ်းမှန်သူ‌လော။ قُلۡ هُوَ ٱلَّذِيٓ أَنشَأَكُمۡ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلًا مَّا تَشۡكُرُونَ ٢٣(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အသင်တို့အတွက်အရှင်မြတ်သည် နားများ၊ မျက်စိများနှင့် စိတ်နှလုံးများကို ပြုလုပ်‌ပေးသနား‌တော်မူခဲ့သည်။ အသင်တို့သည် အနည်းငယ်သာ ‌ကျေးဇူးသိတတ်ကြသည်။ قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ٢٤(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အရှင်မြတ်ပင် အသင်တို့အား ‌မြေပထဝီတွင် ပြန့်ပွား‌စေ‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ထံသို့ပင် အသင်တို့ စုရုံးကြရမည်။ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ٢٥ထို့ပြင် “အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ ဖြစ်မည်နည်း”ဟု သူတို့က ‌ပြောဆိုကြသည်။ قُلۡ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ ٢٦(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- “(ထို)အသိသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် ငါသည် ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။ فَلَمَّا رَأَوۡهُ زُلۡفَةً سِيٓـَٔتۡ وُجُوهُ ٱلَّذِينَ كَفَرُواْ وَقِيلَ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَدَّعُونَ ٢٧ထို့‌နောက် သူတို့သည် ထို(ပြစ်ဒဏ်)ကို နီးကပ်စွာ ‌တွေ့မြင်ကြသည့်အခါ ကာဖိရ်များ၏မျက်နှာများသည် ပျက်သွားကြမည်။ ထို့ပြင် ဤသည်အသင်တို့ ‌တောင်းဆို‌နေ ခဲ့ကြသည့်အရာပင် ဖြစ်သည်ဟု‌ပြောဆိုခံကြရမည်။ قُلۡ أَرَءَيۡتُمۡ إِنۡ أَهۡلَكَنِيَ ٱللَّهُ وَمَن مَّعِيَ أَوۡ رَحِمَنَا فَمَن يُجِيرُ ٱلۡكَٰفِرِينَ مِنۡ عَذَابٍ أَلِيمٍ ٢٨(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါ့ကိုသာမက ငါနှင့်အတူရှိသည့်သူများကိုလည်း ဖျက်ဆီး‌တော်မူခဲ့လျှင် ###၃ သို့မဟုတ် အရှင်မြတ်သည် ငါတို့ကို သနားကရုဏာ ပြု‌တော်မူခဲ့လျှင် ကာဖိရ် များအား နာကျင်‌စေသည့်ပြစ်ဒဏ်မှ မည်သူကာကွယ်မည်နည်းဆိုသည်ကို အသင်တို့ ‌ပြောပြကြပါ။ قُلۡ هُوَ ٱلرَّحۡمَٰنُ ءَامَنَّا بِهِۦ وَعَلَيۡهِ تَوَكَّلۡنَاۖ فَسَتَعۡلَمُونَ مَنۡ هُوَ فِي ضَلَٰلٍ مُّبِينٍ ٢٩(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အရှင်မြတ်ပင် ရဟ်မာန်ဆို‌သော အနန္တကရုဏာ‌တော်ရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်ကိုပင် ငါတို့သည် ယုံကြည်ခဲ့ကြသည်။ ထို့ပြင် အရှင်မြတ် အ‌ပေါ်၌ပင် ငါတို့သည် ယုံပုံလွှဲအပ်ခဲ့ကြသည်။ ထို့ပြင် မည်သူသည်ထင်ရှားသည့်လမ်းမှား‌ပေါ်တွင် ရှိ‌နေသည်ကို မကြာမီ အသင်တု့ိ သိကြရမည်။ قُلۡ أَرَءَيۡتُمۡ إِنۡ أَصۡبَحَ مَآؤُكُمۡ غَوۡرًا فَمَن يَأۡتِيكُم بِمَآءٍ مَّعِينِۭ ٣٠(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အကယ်၍ အသင်တို့၏ ‌ရေသည် (‌မြေကြီးထဲသို့)တိမ်မြုပ် (စိမ့်ဝင်)‌ပျောက်ကွယ်သွားခဲ့လျှင် အသင်တို့ထံသို့ ကြည်လင်စီး‌တွေသည့် ‌ရေကိုမည်သူယူလာဦးမည်နည်း။ ###၄

Translation: Hashim Tin Myint.