Millat al-Islam

Chapter 66 · 12 verses · Hashim Tin Myint

Surah At-Tahrim in Burmese

Arabic with tafsir Listen to Surah At-Tahrim (1200 reciters)
Medinanسورة التحريم12 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يَٰٓأَيُّهَا ٱلنَّبِيُّ لِمَ تُحَرِّمُ مَآ أَحَلَّ ٱللَّهُ لَكَۖ تَبۡتَغِي مَرۡضَاتَ أَزۡوَٰجِكَۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ١အို-တမန်‌တော်၊ အသင်သည် အသင့်အတွက် အလ်္လာဟ် အရှင်မြတ်က (ဟလာလ် ) ခွင့်ပြု‌တော်မူခဲ့သည့်အရာအား အဘယ့်‌ကြောင့် အသင်၏ကြင်ရာများ၏ နှစ်သက်မှုကို လိုလားမှုအတွက်ဖြင့် (ဟရာမ် )တားမြစ်သည့်အရာအဖြစ် ပြုလုပ်လိုက်သနည်း။ ###၁ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင် နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ قَدۡ فَرَضَ ٱللَّهُ لَكُمۡ تَحِلَّةَ أَيۡمَٰنِكُمۡۚ وَٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ ٢အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ ကျိန်ဆိုချက်များကို ‌ဖြေနိုင်ရန် (နည်းလမ်း) သတ်မှတ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကိစ္စများကို ‌ဆောင်ရွက်‌ပေး‌တော်မူသည့်အပြင် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။ وَإِذۡ أَسَرَّ ٱلنَّبِيُّ إِلَىٰ بَعۡضِ أَزۡوَٰجِهِۦ حَدِيثًا فَلَمَّا نَبَّأَتۡ بِهِۦ وَأَظۡهَرَهُ ٱللَّهُ عَلَيۡهِ عَرَّفَ بَعۡضَهُۥ وَأَعۡرَضَ عَنۢ بَعۡضٍۖ فَلَمَّا نَبَّأَهَا بِهِۦ قَالَتۡ مَنۡ أَنۢبَأَكَ هَٰذَاۖ قَالَ نَبَّأَنِيَ ٱلۡعَلِيمُ ٱلۡخَبِيرُ ٣ထို့ပြင် တစ်ခါက တမန်‌တော်သည် ၎င်း၏ကြင်ရာ‌တော်တစ်ပါးအား စကားတစ်ခွန်းကို လျှို့ဝှက်စွာ‌ပြောခဲ့သည်။ ထို့‌နောက် ထိုကြင်ရာ‌တော်က (အခြားကြင်ရာ‌တော်အား) ထိုစကားကို‌ပြောပြသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ထိုအ‌ကြောင်း တမန်‌တော်ကို အသိ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် တမန်‌တော်သည် ထိုစကားထဲမှအချို့ကို အသိ‌ပေးခဲ့ပြီး အချို့ကိုမူ လျစ်လျူရှုထားခဲ့သည်။ ထို့ပြင် တမန်‌တော်သည် ထိုကြင်ရာ‌တော်ကို ထိုစကား‌ပြောပြခဲ့သည့် အခါထိုကြင်ရာ‌တော်က ဤသတင်းကို အသင့်အားမည်သူ‌ပြောပြသနည်းဟု ‌ပြောဆို‌မေးမြန်းခဲ့သည်။ တမန်‌တော်က ကျွန်ုပ်ကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ်က အသိ‌ပေး‌တော်မူခဲ့သည်ဟု ‌ဖြေကြားခဲ့သည်။ إِن تَتُوبَآ إِلَى ٱللَّهِ فَقَدۡ صَغَتۡ قُلُوبُكُمَاۖ وَإِن تَظَٰهَرَا عَلَيۡهِ فَإِنَّ ٱللَّهَ هُوَ مَوۡلَىٰهُ وَجِبۡرِيلُ وَصَٰلِحُ ٱلۡمُؤۡمِنِينَۖ وَٱلۡمَلَٰٓئِكَةُ بَعۡدَ ذَٰلِكَ ظَهِيرٌ ٤အကယ်၍ အသင်မတို့ (ကြင်ရာ‌တော်)နှစ်ပါးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ဝန်ချ‌တောင်းပန်ခဲ့ကြလျှင် (အသင်မတို့အတွက်‌ကောင်းသည်၊ အဘယ့်‌ကြောင့်ဆို ‌သော်) အမှန်စင်စစ် အသင်မတို့၏ စိတ်နှလုံးများသည် (တမန်‌တော် မနှစ်သက်သည့်ဘက်သို့) ယိမ်းညွတ်‌နေခဲ့ကြသည်။ ထို့‌နောက် အကယ်၍ အသင်မတို့နှစ်ဦးသည် တမန်‌တော်နှင့် ဆန့်ကျင်၍ အချင်းချင်း ကူညီ‌နေကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်ကို ကာကွယ်‌တော်မူမည့် မိတ်‌ဆွေဖြစ်‌တော်မူသည်။ ထို့ပြင် ‌ကောင်းကင် တမန်ဂျိဗ်ရီလ်၊ ‌ကောင်းမြတ်‌သော ယုံကြည်သူများသည်လည်း (အကာအကွယ်‌ပေးမည့် မိတ်‌ဆွေများဖြစ်ကြသည်)၊ ၎င်းတို့‌နောက် ‌ကောင်းကင်တမန်များသည်လည်း ကူညီမည့်သူများပင်ဖြစ်ကြသည်။ عَسَىٰ رَبُّهُۥٓ إِن طَلَّقَكُنَّ أَن يُبۡدِلَهُۥٓ أَزۡوَٰجًا خَيۡرًا مِّنكُنَّ مُسۡلِمَٰتٍ مُّؤۡمِنَٰتٍ قَٰنِتَٰتٍ تَٰٓئِبَٰتٍ عَٰبِدَٰتٍ سَٰٓئِحَٰتٍ ثَيِّبَٰتٍ وَأَبۡكَارًا ٥အကယ်၍ တမန်‌တော်သည် အသင်မတို့အား ကွာရှင်းခဲ့လျှင် ထိုတမန်‌တော်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အသင်မတို့အစား ထိုတမန်‌တော်ကို အသင်မတို့ ထက် ပိုထွတ်မြတ်‌သောမွတ်စ်လင်မ် မိန်းမများ၊ ယုံကြည်‌သောမိန်းမများ၊ အမိန့်နာခံ‌သောမိန်းမများ၊ ဝန်ချ‌တောင်းပန်‌သောမိန်းမများ၊ ဝတ်ပြု‌သောမိန်းမများ၊ စွိယာမ်ဥပုသ်‌စောင့်‌သောမိန်းမများ၊ အအိုများ၊ အပျိုများကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قُوٓاْ أَنفُسَكُمۡ وَأَهۡلِيكُمۡ نَارًا وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُ عَلَيۡهَا مَلَٰٓئِكَةٌ غِلَاظٌ شِدَادٌ لَّا يَعۡصُونَ ٱللَّهَ مَآ أَمَرَهُمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ ٦အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ ကိုယ်ကိုသာမက အသင်တို့၏ အိမ်သူအိမ်သားများကိုလည်း(ငရဲ)မီးမှ ကယ်တင်ကြပါ။ ထိုမီး၏ ‌လောင်စာသည်လူများနှင့် ‌ကျောက်တုံးများဖြစ်ကြသည်။ ထိုမီးသည် အကြင်နာကင်းမဲ့‌သော၊ စိတ်ဓာတ်ခက်ထန်‌သော၊ အလွန်ပြင်းထန်‌သော ‌ကောင်းကင်တမန်များ (‌စောင့်ကြပ်လျက်)ရှိ‌နေသည်။သူတို့သည် အလ္လာဟ်အရှင်မြတ်ကို အရှင်မြတ်က သူတို့အား ‌ပေး‌တော်မူထားသည့်အမိန့်‌တော်နှင့် ပတ်သက်၍ မဖီဆန်ကြသည့်အပြင် သူတို့အား အမိန့်‌ပေးခြင်းခံကြရခြင်းကို (မဆိုင်းမတွ)ပြုလုပ်‌ဆောင်ရွက်ကြသည်။ يَٰٓأَيُّهَا ٱلَّذِينَ كَفَرُواْ لَا تَعۡتَذِرُواْ ٱلۡيَوۡمَۖ إِنَّمَا تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ ٧အို-ကာဖိရ် အ‌ပေါင်းတို့၊ ယ‌နေ့ အသင်တို့သည် အ‌ကြောင်းမပြကြ‌လေနှင့်။ အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့ကြသည်များနှင့် ပတ်သက်၍ အစား‌ပေးခြင်းခံ‌နေကြရခြင်းပင်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ تُوبُوٓاْ إِلَى ٱللَّهِ تَوۡبَةً نَّصُوحًا عَسَىٰ رَبُّكُمۡ أَن يُكَفِّرَ عَنكُمۡ سَيِّـَٔاتِكُمۡ وَيُدۡخِلَكُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ يَوۡمَ لَا يُخۡزِي ٱللَّهُ ٱلنَّبِيَّ وَٱلَّذِينَ ءَامَنُواْ مَعَهُۥۖ نُورُهُمۡ يَسۡعَىٰ بَيۡنَ أَيۡدِيهِمۡ وَبِأَيۡمَٰنِهِمۡ يَقُولُونَ رَبَّنَآ أَتۡمِمۡ لَنَا نُورَنَا وَٱغۡفِرۡ لَنَآۖ إِنَّكَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٨အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် စစ်မှန်‌သောဝန်ချ‌တောင်းပန်ခြင်းမျိုးနှင့် ဝန်ချ‌တောင်းပန်ကြပါ။ အသင်တို့အားဖန်ဆင်း ‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့၏အပြစ်များကို အသင်တို့ထံမှ ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် အသင်တို့အားအကြင်ဥယျာဉ်များထဲသို့ အမှန်ပင် ဝင်‌ရောက်‌စေ ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ ‌ချောင်းများသည် စီးဆင်း‌နေမည်။ ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်ကိုလည်း‌ကောင်း၊ တမန်‌တော်နှင့်အတူ ယုံကြည်ခဲ့ ကြသည့်သူများကိုလည်း‌ကောင်း အရှက်တကွဲဖြစ်‌စေ‌တော်မူမည်မဟုတ်‌ပေ။ သူတို့၏အလင်း‌ရောင်သည် သူတို့၏‌ရှေ့နှင့် လက်ယာဘက်များကြားတွင် ‌ပြေး‌နေလိမ့်မည်။ ###၂ သူတို့က ‌လျှောက်ထားကြမည်။ အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည်ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏အလင်း‌ရောင်ကို (ဂျန္နသ်‌ရောက်သည့်တိုင်) အဆုံးထိထားရှိ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ يَٰٓأَيُّهَا ٱلنَّبِيُّ جَٰهِدِ ٱلۡكُفَّارَ وَٱلۡمُنَٰفِقِينَ وَٱغۡلُظۡ عَلَيۡهِمۡۚ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ٩အို-တမန်‌တော်၊ အသင်သည် ကာဖိရ်ငြင်းပယ်ကြသည့်သူများနှင့် မုနာဖိက်အ‌ယောင်‌ဆောင်များကို သက်စွန့်ကြိုးပမ်းတိုက်ခိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အ‌ပေါ်တွင် ကျပ်တည်း‌အောင် ပြုလုပ်ပါ။###၃ ထို့ပြင် သူတို့၏ ခိုလှုံရာဌာနသည် ဂျဟန္နမ်ငရဲပင် ဖြစ်သည်။ ထို့ပြင် ထို(ငရဲဘုံ)သည် အဘယ်မျှ ဆိုးရွားလှ‌သော စခန်းဖြစ်လိုက်သနည်း။ ضَرَبَ ٱللَّهُ مَثَلًا لِّلَّذِينَ كَفَرُواْ ٱمۡرَأَتَ نُوحٍ وَٱمۡرَأَتَ لُوطٍۖ كَانَتَا تَحۡتَ عَبۡدَيۡنِ مِنۡ عِبَادِنَا صَٰلِحَيۡنِ فَخَانَتَاهُمَا فَلَمۡ يُغۡنِيَا عَنۡهُمَا مِنَ ٱللَّهِ شَيۡـًٔا وَقِيلَ ٱدۡخُلَا ٱلنَّارَ مَعَ ٱلدَّٰخِلِينَ ١٠အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်ကြသည့်သူများအတွက်(တမန်‌တော်)နူးဟ်၏ ဇနီးကြင်ရာနှင့် (တမန်‌တော်)လူသွ်၏ဇနီးကြင်ရာကို ပမာခိုင်းနှိုင်းမိန့်ကြား‌တော်မူ သည်။ ထို ဇနီးကြင်ရာနှစ်ဦးသည် ငါအရှင်မြတ်၏ ကျွန်များထဲမှ ‌ကောင်းမြတ်‌သောကျွန်နှစ်ဦး၏ (ထိမ်းမြားမှု)‌အောက်တွင်ရှိခဲ့ကြသည်။ ထို့‌နောက်လည်း ထိုဇနီးကြင်ရာနှစ်ဦးသည် ထိုကျွန်နှစ်ဦးနှင့် ပတ်သက်၍ (သာသနာ‌ရေးရာတွင်)သစ္စာ‌ဖောက်ခဲ့သည့်အတွက် ထိုကျွန်နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ ထိုကြင်ရာနှစ်ဦးအတွက် အနည်းငယ်မျှ အကျိုးမပြုနိုင်ခဲ့ကြ‌ပေ။ ထို့ပြင် “အသင်မတို့ နှစ်ဦးလည်း (အခြား)ဝင်‌ရောက်ကြသည့်သူများနှင့်အတူ မီးထဲသို့ ဝင်‌ရောက်ကြ‌ပေ‌တော့” ဟု အမိန့်‌ပေး‌တော်မူခြင်း ခံခဲ့ကြရသည်။ ###၄ وَضَرَبَ ٱللَّهُ مَثَلًا لِّلَّذِينَ ءَامَنُواْ ٱمۡرَأَتَ فِرۡعَوۡنَ إِذۡ قَالَتۡ رَبِّ ٱبۡنِ لِي عِندَكَ بَيۡتًا فِي ٱلۡجَنَّةِ وَنَجِّنِي مِن فِرۡعَوۡنَ وَعَمَلِهِۦ وَنَجِّنِي مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ١١ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအတွက် ဖိရ်‌အောင်န်၏ ဇနီးကြင်ရာကို ပမာခိုင်းနှိုင်းမိန့်ကြား‌တော်မူသည်။ တစ်ခါက သူမသည် ‌လျှောက်ထားခဲ့ သည်။ အို-ကျွန်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်တွင် ဂျန္နသ်သုခဘုံ၌ ကျွန်မအတွက် ‌နေအိမ်တစ်လုံးကို ပြုလုပ်‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်မကို ဖိရ်‌အောင်န်နှင့် သူ၏လုပ်ရပ်များမှ လွတ်‌မြောက်‌စေ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်မကို မတရားသည့်အမျိုးသားများမှလည်းကယ်တင်‌တော်မူပါ။ ###၅ وَمَرۡيَمَ ٱبۡنَتَ عِمۡرَٰنَ ٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهِ مِن رُّوحِنَا وَصَدَّقَتۡ بِكَلِمَٰتِ رَبِّهَا وَكُتُبِهِۦ وَكَانَتۡ مِنَ ٱلۡقَٰنِتِينَ ١٢ထို့ပြင် အင်မ်ရာန်၏သမီး မရ်ယမ်ကို (ပမာခိုင်းနှိုင်းမိန့်ကြား‌တော်မူခဲ့သည်)၊ သူမသည် သူမ၏သိက္ခာကို ‌စောင့်ထိန်းခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူမထဲသို့ ငါအရှင်မြတ်ထံ‌တော်မှ ဝိညာဉ်မှုတ်ထည့်‌တော်မူခဲ့သည်။ ထို့ပြင် သူမသည် သူမအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မိန့်ကြားချက်များနှင့် အရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည် ‌ထောက်ခံခဲ့သည့်အပြင် သူမသည် အမိန့်‌တော်ကို နာခံသူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။ ###၆

Translation: Hashim Tin Myint.