بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
وَٱلصَّٰٓفَّٰتِ صَفًّا ١(ငါအရှင်မြတ်သည်)ကျနစွာ တန်းစီ မတ်တတ်ရပ်နေကြသူများအား သက်သေထူတော်မူသည်။ فَٱلزَّٰجِرَٰتِ زَجۡرًا ٢ငေါက်ငမ်းမောင်းနှင်သူများအား သက်သေထူတော်မူသည်။ فَٱلتَّٰلِيَٰتِ ذِكۡرًا ٣သတိရတသမှုကို ရွတ်ဖတ်နေသူများအား သက်သေထူတော်မူသည်။ إِنَّ إِلَٰهَكُمۡ لَوَٰحِدٌ ٤အမှန်စင်စစ် အသင်တို့၏ကိုးကွယ်ထိုက်ည့်အရှင်သည် တစ်ပါးတည်းသာ ဖြစ်တော်မူသည်။ رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَرَبُّ ٱلۡمَشَٰرِقِ ٥(ထိုအရှင်သည်) မိုးကောင်းကင်များနှင့် မြေပထဝီသာမက ထိုနှစ်ခုကြားထဲမှ ရှိသမျှကိုလည်း ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထို့ပြင် နေထွက်ရာအရပ်များ*ကိုလည်း ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِزِينَةٍ ٱلۡكَوَاكِبِ ٦အမှန်စင်စစ် ငါအရှင်မြတ်သည် အောက်ဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်နက္ခတ်များနှင့် တန်ဆာဆင်မြန်းတော်မူခဲ့သည်။ وَحِفۡظًا مِّن كُلِّ شَيۡطَٰنٍ مَّارِدٍ ٧ထို့ပြင် (ငါအရှင်မြတ်သည်) ဆိုးသွမ်းသော ရှိုင်သွာန်တိုင်းမှ အကာအကွယ်(အဖြစ် ဤကြယ်တာရာများကို)ပြုလုပ်တော်မူခဲ့သည်။ لَّا يَسَّمَّعُونَ إِلَى ٱلۡمَلَإِ ٱلۡأَعۡلَىٰ وَيُقۡذَفُونَ مِن كُلِّ جَانِبٍ ٨သူတို့သည် အထက်ကောင်းကင်ဘုံသို့(ကပ်ပြီး)နားစွင့်နိုင်ခြင်း မရှိကြသည့်အပြင် သူတို့သည် အဘက်ဘက်မှ (မီးတောက်မီးလျှံနှင့်)ပစ်ပေါက်ခြင်းကို ခံကြရသည်။ دُحُورًاۖ وَلَهُمۡ عَذَابٌ وَاصِبٌ ٩နှင်ထုတ်ခံကြရလျက်၊ ထို့ပြင် သူတို့အတွက် အမြဲခံစားကြရမည့် ပြစ်ဒဏ်လည်းရှိဦးမည်။ إِلَّا مَنۡ خَطِفَ ٱلۡخَطۡفَةَ فَأَتۡبَعَهُۥ شِهَابٌ ثَاقِبٌ ١٠သို့ရာတွင် အကြင်ရှိုင်သွာန်သည် (သတင်းတစ်စုံတစ်ခုကို) ရုတ်တရက်အမြန်ယူ(ထွက်ပြေးသွား)ခဲ့လျှင် တောက်လောင်သည့် မီးတောက်တစ်ခုသည် သူ၏နောက်သို့ လိုက်တော့သည်။ فَٱسۡتَفۡتِهِمۡ أَهُمۡ أَشَدُّ خَلۡقًا أَم مَّنۡ خَلَقۡنَآۚ إِنَّا خَلَقۡنَٰهُم مِّن طِينٍ لَّازِبِۭ ١١ထို့နောက် အသင်(တမန်တော်)သည် သူတို့အား မေးမြန်းလိုက်ပါ- သူတို့အား ဖန်ဆင်းခြင်းသည် ပို၍ခက်ခဲသလော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့်အရာများ(ထိုအဖန်ဆင်းခံများအားလုံးကို ဖန်ဆင်းတော်မူခြင်းသည် ပို၍ခက်ခဲသလော)။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ရွွှံ့စေးနှင့် ဖန်ဆင်းတော်မူခဲ့သည်။ بَلۡ عَجِبۡتَ وَيَسۡخَرُونَ ١٢အမှန်စင်စစ် အသင်သည် (သူတို့၏ငြင်းပယ်မှုကြောင့်)အံ့ဩနေသည်။ ထို့ပြင် သူတို့ကမူ (အသင့်အား) ပြောင်လှောင်နေကြသည်။ وَإِذَا ذُكِّرُواْ لَا يَذۡكُرُونَ ١٣ထို့ပြင် သတိပေးဆုံးမခြင်း ခံကြရသည့်အခါတွင်လည်း သူတို့သည် တရားရကြသည် မဟုတ်ပေ။ وَإِذَا رَأَوۡاْ ءَايَةً يَسۡتَسۡخِرُونَ ١٤ထို့ပြင် သူတို့သည် သက်သေသာဓကတစ်စုံတစ်ခုကို တွေ့မြင်သည့်အခါ ပြောင်လှောင်ကြသည်။ وَقَالُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٌ مُّبِينٌ ١٥ထို့ပြင် သူတို့က ဤသည် ထင်ရှားသော မှော်အတတ်ပညာပင်ဖြစ်သည်ဟု ပြောဆိုကြသည်။ أَءِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ١٦ကျွန်ုပ်တို့သည် သေဆုံးကြပြီး မြေကြီးဖြစ်သွား၍ အရိုးများသာ ကျန်ရှိသည့်အခါ ကျွန်ုပ်တို့သည် အမှန်စင်စစ် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။ أَوَءَابَآؤُنَا ٱلۡأَوَّلُونَ ١٧ထို့ပြင် ယခင်က ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးများလည်း (ရှင်ပြန်ထကြရဦးမည်လော)။ قُلۡ نَعَمۡ وَأَنتُمۡ دَٰخِرُونَ ١٨(အို- တမန်တော်)အသင်ပြောလိုက်ပါ- ဟုတ်သည်၊ (အမှန်ပင် ရှင်ပြန်ထကြရမည်)၊ ထို့ပြင် အသင်တို့သည် သေးသိမ်သူများလည်း ဖြစ်ကြရဦးမည်။ فَإِنَّمَا هِيَ زَجۡرَةٌ وَٰحِدَةٌ فَإِذَا هُمۡ يَنظُرُونَ ١٩ထို့ပြင် ထိုအရာသည် တံပိုးခရာမှုတ်ခြင်း (ပြင်းထန်သည့်အသံ)တစ်ခုသာဖြစ်မည်။ ထိုအခါ ရုတ်တရက် သူတို့သည်(သချင်္ီုင်းထဲမှထပြီး ကြောက်ရွံ့စွာဖြင့်)ကြည့်နေကြလိမ့်မည်။ وَقَالُواْ يَٰوَيۡلَنَا هَٰذَا يَوۡمُ ٱلدِّينِ ٢٠ထို့ပြင် သူတို့က ဪ- ငါတို့သည် ပျက်စီးကြရလေခြင်း၊ ဤသည် အစားပေးမည့်နေ့ပင်လောဟု ပြောဆိုကြမည်။ هَٰذَا يَوۡمُ ٱلۡفَصۡلِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ٢١ဤသည် မဟုတ်မမှန်ဟု အသင်တို့ငြင်းပယ်နေခဲ့ကြသော စီရင်ဆုံးဖြတ်မည့်နေ့ပင် ဖြစ်သည်။ ۞ ٱحۡشُرُواْ ٱلَّذِينَ ظَلَمُواْ وَأَزۡوَٰجَهُمۡ وَمَا كَانُواْ يَعۡبُدُونَ ٢٢(အရှင်မြတ်က ကောင်းကင်တမန်များကို မိန့်ကြားတော်မူမည်)၊ အသင်တို့သည် မတရားနှိပ်စက်ခဲ့ကြသည့်သူများနှင့်၊ သူတို့ကဲ့သို့ အယူအဆတူသော အပေါင်းအဖော်များသာမက သူတို့ ကိုးကွယ်ခဲ့ကြသည့်အရာများကိုလည်း စုရုံးလိုက်ကြပါ။ مِن دُونِ ٱللَّهِ فَٱهۡدُوهُمۡ إِلَىٰ صِرَٰطِ ٱلۡجَحِيمِ ٢٣အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး (သူတို့ ကိုးကွယ်ခဲ့ကြသည့်အရာများကို စုရုံးပါ)။ ထို့ပြင် အသင်တို့သည် သူတို့အားလုံးကို ဂျဟန္နမ်ငရဲဘုံ၏လမ်း(ကိုပြသပြီး ထိုလမ်း)အတိုင်း ခေါ်ဆောင်သွားကြပါ။ وَقِفُوهُمۡۖ إِنَّهُم مَّسۡـُٔولُونَ ٢٤ထို့ပြင် အသင်တို့သည် သူတို့အား (ခဏ)ဆိုင်းငံ့ထားကြပါ။ အမှန်စင်စစ် သူတို့သည် စစ်ဆေးမေးမြန်းခြင်း ခံကြရမည့်သူများပင်ဖြစ်ကြသည်။ مَا لَكُمۡ لَا تَنَاصَرُونَ ٢٥အသင်တို့သည် အဘယ့်ကြောင့် အချင်းချင်း မကူညီကြသနည်း(ဟု ငေါက်ငမ်းသည့်အနေနှင့် ပြောဆိုခံကြရမည်)။ بَلۡ هُمُ ٱلۡيَوۡمَ مُسۡتَسۡلِمُونَ ٢٦ထို့ပြင် သူတို့သည် ထိုနေ့တွင် ဦးခေါင်းငုံ့၌ အညံ့ခံကြမည်။ وَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَسَآءَلُونَ ٢٧ထို့ပြင် သူတို့သည် သူတို့အချင်းချင်း တစ်ဦးဘက်တစ်ဦးလှည့်ပြီး အပြန်အလှန် မေးမြန်းကြမည်။ قَالُوٓاْ إِنَّكُمۡ كُنتُمۡ تَأۡتُونَنَا عَنِ ٱلۡيَمِينِ ٢٨သူတို့(ထဲမှ နောက်လိုက်များ)က (ခေါင်းဆောင်များကို) အမှန်စင်စစ် အသင်တို့သည် အင်အားအရှိန်အဝါနှင့် ကျွန်ုပ်တို့ထံသို့ လာရောက်လေ့ရှိခဲ့ကြသည်။ قَالُواْ بَل لَّمۡ تَكُونُواْ مُؤۡمِنِينَ ٢٩သူတို့(ခေါင်းဆောင်များ)က ပြောကြမည်။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့ကိုယ်တိုင် အီမာန်ယုံကြည်သူများ မဖြစ်ခဲ့ကြပေ။ وَمَا كَانَ لَنَا عَلَيۡكُم مِّن سُلۡطَٰنِۭۖ بَلۡ كُنتُمۡ قَوۡمًا طَٰغِينَ ٣٠ထို့ပြင် ကျွန်ုပ်တို့အတွက် အသင်တို့အပေါ်တွင် မည်သည့်အာဏာလွှမ်းမိုးမှုမျှ မရှိခဲ့ပေ။ အမှန်စင်စစ် အသင်တို့ကိုယ်တိုင်ပင် ကျူးကျော်သောင်းကျန်းသည့်သူများဖြစ်ခဲ့ကြသည်။ فَحَقَّ عَلَيۡنَا قَوۡلُ رَبِّنَآۖ إِنَّا لَذَآئِقُونَ ٣١သို့ဖြစ်ရာ ကျွန်ုပ်တို့သည် အမှန်စင်စစ် (ပြစ်ဒဏ်၏)အရသာကို မြည်းစမ်းမည့်သူများဖြစ်ကြသည်ဟု ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏မိန့်ကြားချက်သည် ကျွန်ုပ်တို့အားလုံးအပေါ်တွင် မှန်ကန်ကြောင်း ထင်ရှားခဲ့ပြီဖြစ်သည်။ فَأَغۡوَيۡنَٰكُمۡ إِنَّا كُنَّا غَٰوِينَ ٣٢သို့ဖြစ်ရာ ကျွန်ုပ်တို့သည် အသင်တို့အား လမ်းလွဲစေခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲသူများပင် ဖြစ်ခဲ့ကြသည်။ فَإِنَّهُمۡ يَوۡمَئِذٍ فِي ٱلۡعَذَابِ مُشۡتَرِكُونَ ٣٣သို့ဖြစ်ရာ အမှန်စင်စစ် သူတို့အားလုံးသည် ထိုနေ့၏ပြစ်ဒဏ်တွင် အတူတကွ ပါဝင်(ခံစား)သူများဖြစ်ကြမည်။ إِنَّا كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ ٣٤အမှန်စင်စစ် ငါအရှင်မြတ်သည် အပြစ်ရှိသူများကို ဤသို့ပင် ပြုလုပ်လေ့ရှိတော်မူသည်။ إِنَّهُمۡ كَانُوٓاْ إِذَا قِيلَ لَهُمۡ لَآ إِلَٰهَ إِلَّا ٱللَّهُ يَسۡتَكۡبِرُونَ ٣٥အမှန်စင်စစ် “အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ“ဟု သူတို့ ပြောဆိုခံခဲ့ကြရသည့်အခါ သူတို့သည် မာနထောင်နေခဲ့ကြသည်။ وَيَقُولُونَ أَئِنَّا لَتَارِكُوٓاْ ءَالِهَتِنَا لِشَاعِرٍ مَّجۡنُونِۭ ٣٦ထို့ပြင် သူတို့က ကျွန်ုပ်တို့သည် ကဗျာဆရာ အရူးတစ်ယောက်၏အပြောနှင့် ကျွန်ုပ်တို့၏ကိုးကွယ်ရာများကို အမှန် စွန့်လွှတ်ကြရမည်လောဟု ပြောဆိုလေ့ရှိခဲ့ကြသည်။ بَلۡ جَآءَ بِٱلۡحَقِّ وَصَدَّقَ ٱلۡمُرۡسَلِينَ ٣٧အမှန်စင်စစ် ၎င်း(တမန်တော်)သည် အမှန်တရားကို ယူဆောင်ခဲ့သည့်အပြင် (အခြား)တမန်တော်များအားလည်း (မှန်ကန်သည်ဟု)ယုံကြည်ထောက်ခံခဲ့သည်။ إِنَّكُمۡ لَذَآئِقُواْ ٱلۡعَذَابِ ٱلۡأَلِيمِ ٣٨အမှန်စင်စစ် သူတို့အားလုံးသည် နာကျင်စေသော ပြစ်ဒဏ်ကို မြည်းစမ်းကြရမည့်သူများဖြစ်ကြသည်။ وَمَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ ٣٩ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသောအရာများ၏ အစားပေးခြင်းကို ခံကြရမည်ဖြစ်သည်။ إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ٤٠သို့ရာတွင် ရွေးချယ်ခြင်းကို ခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များအတွက်ကမူ(မပါဝင်ပေ)၊ أُوْلَٰٓئِكَ لَهُمۡ رِزۡقٌ مَّعۡلُومٌ ٤١ထိုသူများအတွက် သတ်မှတ်ထားသော အစားအစာရှိသည်။ فَوَٰكِهُ وَهُم مُّكۡرَمُونَ ٤٢သူတို့သည် ဂုဏ်ပေးခြင်းခံကြရသည့်သူများဖြစ်ကြလျှက် (သူတို့အတွက်) သစ်သီးဝလံများရှိမည်။ فِي جَنَّٰتِ ٱلنَّعِيمِ ٤٣စည်းစိမ်နှင့်ပြည့်စုံသော ဥယျာဉ်များတွင်၊ عَلَىٰ سُرُرٍ مُّتَقَٰبِلِينَ ٤٤မြင့်မားသော ထိုင်ခုံများပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိကြမည်။ يُطَافُ عَلَيۡهِم بِكَأۡسٍ مِّن مَّعِينِۭ ٤٥သူတို့၏ရှေ့၌ စီးတွေနေသည့်ချောင်းများမှ အရက်နှင့်ပြည့်လျှံနေသော အရက်ခွက်*များသည် လှည့်ပတ်နေလိမ့်မည်။ بَيۡضَآءَ لَذَّةٍ لِّلشَّٰرِبِينَ ٤٦အဖြူရောင်ဖြစ်ပြီး သောက်သည့်သူများအတွက် အရသာပြည့်စုံသည့် (အရက်ဖြစ်မည်)။ لَا فِيهَا غَوۡلٌ وَلَا هُمۡ عَنۡهَا يُنزَفُونَ ٤٧ထိုအရက်ထဲတွင် ဒုက္ခဖြစ်စေသည့်အရာမရှိပေ၊ ထို့ပြင် သူတို့သည် မူးပြီးသတိလစ်သွားကြမည်လည်း မဟုတ်ပေ။ وَعِندَهُمۡ قَٰصِرَٰتُ ٱلطَّرۡفِ عِينٌ ٤٨ထို့ပြင် သူတို့ထံတွင် မျက်လွှာချနေသော မျက်ဝန်းကျယ်ပြီး လှပသော ကြင်ရာများလည်း ရှိကြမည်။ كَأَنَّهُنَّ بَيۡضٌ مَّكۡنُونٌ ٤٩ထိုကြင်ရာများသည် လျှို့ဝှက်ဖုံးအုပ်ထားသော ဥများကဲ့သို့ဖြစ်ကြလိမ့်မည်။ فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَسَآءَلُونَ ٥٠ထို့နောက် သူတို့သည် သူတို့အချင်းချင်း တစ်ဦးဘက်တစ်ဦးလှည့်ပြီး အပြန်အလှန် မေးမြန်းကြမည်။ قَالَ قَآئِلٌ مِّنۡهُمۡ إِنِّي كَانَ لِي قَرِينٌ ٥١သူတို့ထဲမှ ပြောဆိုသူတစ်ဦးက ပြောဆိုမည်- အမှန်စင်စစ် ကျွန်ုပ်တွင် အဖော်တစ်ဦးရှိခဲ့ဖူးသည်။ يَقُولُ أَءِنَّكَ لَمِنَ ٱلۡمُصَدِّقِينَ ٥٢သူက ကျွန်ုပ်ကို ပြောဆိုလေ့ရှိခဲ့သည်။ အမှန်စင်စစ် အသင်လည်း (သေပြီးနောက် ရှင်ပြန်ထခြင်းကို) ယုံကြည်(ထောက်ခံ)သူတစ်ဦးပင်လော။ أَءِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَدِينُونَ ٥٣ကျွန်ုပ်တို့သည် သေဆုံးပြီး မြေကြီးဖြစ်သွားသည့်နောက် အရိုးများပင် ကျန်ရစ်သည့်အခါ အမှန်ပင် ကျွန်ုပ်တို့သည် အစားပေးခြင်းခံကြရမည့်သူများ ဖြစ်ကြရမည်လော။ قَالَ هَلۡ أَنتُم مُّطَّلِعُونَ ٥٤(အနီးမှအဖော်၊ သို့မဟုတ် အရှင်မြတ်က)ပြောဆိုမည်- အသင်တို့သည် (ထိုအဖော်အား) လှမ်းကြည့်ချင်သည့်သူများလော။ فَٱطَّلَعَ فَرَءَاهُ فِي سَوَآءِ ٱلۡجَحِيمِ ٥٥ထို့နောက် သူသည် လှမ်းကြည့်သည့်အခါ ထိုအဖော်ကို ငရဲဘုံ၏အလယ်တွင် တွေ့မည်။ قَالَ تَٱللَّهِ إِن كِدتَّ لَتُرۡدِينِ ٥٦သူသည် ထိုအဖော်ကိုပြောမည်။ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြောသည်၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်ကို ဖျက်ဆီးမည့်ဆဲဆဲဖြစ်ခဲ့သည်။ وَلَوۡلَا نِعۡمَةُ رَبِّي لَكُنتُ مِنَ ٱلۡمُحۡضَرِينَ ٥٧ထို့ပြင် အကယ်၍ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျေးဇူးတော်သာမရှိခဲ့လျှင် အမှန်ပင် ကျွန်ုပ်လည်း ဖမ်းဆီးအရေးယူခံရမည့်သူများထဲတွင် အပါအဝင်ဖြစ်လိမ့်မည်။ أَفَمَا نَحۡنُ بِمَيِّتِينَ ٥٨ထို့နောက် (ယခုမူ)ကျွန်ုပ်တို့သည် မသေဆုံးတော့မည့်သူများပင် မဟုတ်လော။ إِلَّا مَوۡتَتَنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُعَذَّبِينَ ٥٩ကျွန်ုပ်တို့သည် ပထမအကြိမ် သေဆုံးခဲ့ကြခြင်းမှလွဲ၍၊ ထို့ပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းလည်း မခံကြရတော့မည့်သူများပင် မဟုတ်လော။ إِنَّ هَٰذَا لَهُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٦٠အမှန်စင်စစ် ဤသည် ကြီးကျယ်သော အောင်မြတ်မှုပင်ဖြစ်သည်။ لِمِثۡلِ هَٰذَا فَلۡيَعۡمَلِ ٱلۡعَٰمِلُونَ ٦١ဤသို့ (အောင်မြင်မှု)မျိုးအတွက် အလုပ်လုပ်သည့်သူများသည် လုပ်ရမည်ဖြစ်သည်။ أَذَٰلِكَ خَيۡرٌ نُّزُلًا أَمۡ شَجَرَةُ ٱلزَّقُّومِ ٦٢ဤ(ဖော်ပြခဲ့သော အရည်အချင်းဂုဏ်သည်) ဧည့်ခံပွဲအနေနှင့် ပိုကောင်းသလော၊ သို့မဟုတ် ရှားစောင်းဆူးပင်က ပိုကောင်းသလော။ إِنَّا جَعَلۡنَٰهَا فِتۡنَةً لِّلظَّٰلِمِينَ ٦٣အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသစ်ပင်ကို မတရားကျူးလွန်ကြသည့်သူများအတွက် စမ်းသပ်ရန် ပြုလုပ်တော်မူခဲ့သည်။ إِنَّهَا شَجَرَةٌ تَخۡرُجُ فِيٓ أَصۡلِ ٱلۡجَحِيمِ ٦٤အမှန်စင်စစ် ထိုအရာသည် ငရဲဘုံ၏အောက်ခြေတွင် ပေါက်သော သစ်ပင်တစ်ပင်ဖြစ်သည်။ طَلۡعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَٰطِينِ ٦٥ထိုသစ်ပင်၏အသီးသည် ရှိုင်သွာန်များ၊ မြွေများ၏ပါးပျဉ်းများကဲ့သို့ပင် ဖြစ်သည်။ فَإِنَّهُمۡ لَأٓكِلُونَ مِنۡهَا فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ ٦٦ထို့ပြင် အမှန်ပင် သူတို့သည် ထိုအပင်မှ အမှန်စားသုံးကြရမည်။ ထို့ပြင် သူတို့သည် ထိုသစ်ပင်ဖြင့် ဗိုက်များကို ဖြည့်ကြမည်။ ثُمَّ إِنَّ لَهُمۡ عَلَيۡهَا لَشَوۡبًا مِّنۡ حَمِيمٍ ٦٧ထို့နောက် သူတို့အတွက် ထို(ရှားစောင်းဆူးပင်စားပြီးနောက် ရေတောင်းသည့်)အပေါ်တွင် ပွက်ပွက်ဆူနေသည့်ရေနွေးကိုလည်း အမှန်စင်စစ် တိုက်ခြင်းခံကြရမည်။ ثُمَّ إِنَّ مَرۡجِعَهُمۡ لَإِلَى ٱلۡجَحِيمِ ٦٨ထို့ပြင် အမှန်စင်စစ် သူတို့၏ပြန်လည်ရာဌာနသည် ငရဲဘုံပင်ဖြစ်မည်။ إِنَّهُمۡ أَلۡفَوۡاْ ءَابَآءَهُمۡ ضَآلِّينَ ٦٩အမှန်စင်စစ် သူတို့သည် သူတို့၏အဘ၊ ဘိုး၊ ဘေးများကို လမ်းမှားသူများအဖြစ် တွေ့ခဲ့ကြသည်။ فَهُمۡ عَلَىٰٓ ءَاثَٰرِهِمۡ يُهۡرَعُونَ ٧٠ထို့နောက် သူတို့သည် သူတို့၏အဘများ၏ ခြေရာများအတိုင်း ပြေးလွှားလျက် လိုက်ခဲ့ကြသည်။ وَلَقَدۡ ضَلَّ قَبۡلَهُمۡ أَكۡثَرُ ٱلۡأَوَّلِينَ ٧١ထို့ပြင် အမှန်စင်စစ် သူတို့မတိုင်မီကလည်း ယခင်လူ အမြောက်အမြားသည် လမ်းမှားခဲ့ကြသည်။ وَلَقَدۡ أَرۡسَلۡنَا فِيهِم مُّنذِرِينَ ٧٢ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထဲတွင် သတိပေးနှိုးဆော်သူများကို စေလွှတ်တော်မူခဲ့သည်။ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ ٧٣ထို့နောက် အသင်(တမန်တော်)သည် သတိပေးနှိုးဆော်ခြင်း ခံခဲ့ကြရသည့်သူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သနည်းဆိုသည်ကို ကြည့်လိုက်ပါ။ إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ٧٤သို့ရာတွင် ရွေးချယ်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များကမူ (လွတ်မြောက်ခဲ့ကြသည်)။ وَلَقَدۡ نَادَىٰنَا نُوحٌ فَلَنِعۡمَ ٱلۡمُجِيبُونَ ٧٥ထို့ပြင် အမှန်စင်စစ် (တမန်တော်)နူးဟ်သည် ငါအရှင်မြတ်အား ဟစ်ခေါ်ခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် အမှန်ပင် အဘယ်မျှ ကောင်းမွန်စွာ လက်ခံအဖြေပေးတော်မူသောအရှင် ဖြစ်တော်မူလိုက်သနည်း။ وَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ٧٦ထို့ပြင် ငါအရှင်မြတ်သည် ၎င်းနှင့် ၎င်း၏အိမ်းသားများကို ကြီးကျယ်သော ပူပင်သောကမှ လွတ်မြောက်စေတော်မူခဲ့သည်။ وَجَعَلۡنَا ذُرِّيَّتَهُۥ هُمُ ٱلۡبَاقِينَ ٧٧ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အဆက်အနွယ်ကိုပင် ကျန်ရစ်စေတော်မူခဲ့သည်။ وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ٧٨ထို့ပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားများထဲတွင် ၎င်းအား(အမှတ်တရ အကြောင်းအရာအဖြစ်)ချန်ထားခဲ့သည်။ سَلَٰمٌ عَلَىٰ نُوحٍ فِي ٱلۡعَٰلَمِينَ ٧٩စကြဝဠာအားလုံးမှာ (တမန်တော်)နူးဟ်အပေါ် စလာမ်ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ။ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ٨٠အမှန်စင်စစ် ငါအရှင်မြတ်သည် ကောင်းမြတ်သည့်သူများကို ဤသို့ပင် အစားပေးတော်မူသည်။ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ٨١အမှန်စင်စစ် (တမန်တော်)နူးဟ်သည် ငါအရှင်မြတ်၏ မုအ်မင်န်ကျွန်များထဲတွင် အပါအဝင်ဖြစ်သည်။ ثُمَّ أَغۡرَقۡنَا ٱلۡأٓخَرِينَ ٨٢ထို့နောက် ငါအရှင်မြတ်သည် အခြားသူများကို နစ်မြုပ်စေတော်မူခဲ့သည်။ ۞ وَإِنَّ مِن شِيعَتِهِۦ لَإِبۡرَٰهِيمَ ٨٣ထို့ပြင် အမှန်မှာ ၎င်း(တမန်တော်နူးဟ်)၏လမ်းစဉ်လိုက်သည့်အုပ်စုများထဲတွင် (တမန်တော်)အိဗ်ရာဟီမ်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ إِذۡ جَآءَ رَبَّهُۥ بِقَلۡبٍ سَلِيمٍ ٨٤တစ်ခါက ၎င်း(တမန်တော်အိဗ်ရာဟီမ်)သည် (သံသယရောဂါ)ကင်းစင်သော စိတ်နှလုံးနှင့်တကွ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ လှည့်ခဲ့သည်။ إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَاذَا تَعۡبُدُونَ ٨٥တစ်ခါက ၎င်းသည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ပြောဆိုခဲ့သည်။ အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်ကြသနည်း။ أَئِفۡكًا ءَالِهَةً دُونَ ٱللَّهِ تُرِيدُونَ ٨٦အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ လုပ်ကြံထားသော ကိုးကွယ်ရာများအား (ကိုးကွယ်ရန်)လိုလားကြသလော။ فَمَا ظَنُّكُم بِرَبِّ ٱلۡعَٰلَمِينَ ٨٧သို့ဖြစ်လျှင် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ အသင်တို့သည် မည်သို့ယူဆကြသနည်း။ فَنَظَرَ نَظۡرَةً فِي ٱلنُّجُومِ ٨٨ထို့ပြင် ၎င်းသည် ကြယ်များအား တစ်ချက်ကြည့်လိုက်သည်။ فَقَالَ إِنِّي سَقِيمٌ ٨٩ထို့ပြင် “အမှန်စင်စစ် ငါသည် နေမကောင်းပေ“ဟု ပြောဆိုခဲ့သည်။ فَتَوَلَّوۡاْ عَنۡهُ مُدۡبِرِينَ ٩٠ထို့နောက် သူတို့သည် ၎င်း၏ထံမှ ကျောခိုင်းလှည့်ထွက်သွားခဲ့ကြသည်။ فَرَاغَ إِلَىٰٓ ءَالِهَتِهِمۡ فَقَالَ أَلَا تَأۡكُلُونَ ٩١ထို့နောက် ၎င်းသည် သူတို့၏ကိုးကွယ်ရာများထံသို့ ဝင်ရောက်ပြီး ပြောဆိုခဲ့သည်။ “အသင်တို့သည် အဘယ့်ကြောင့် မစားကြသနည်း။“ مَا لَكُمۡ لَا تَنطِقُونَ ٩٢“အသင်တို့သည် အဘယ့်ကြောင့် စကားမပြောကြသနည်း။“ فَرَاغَ عَلَيۡهِمۡ ضَرۡبَۢا بِٱلۡيَمِينِ ٩٣ထို့နောက် ၎င်းသည် ထိုရုပ်တုများအပေါ်တွင် တဟုန်တိုးသွားပြီး (လက်ယာလက်)အင်အားနှင့် ရိုက်(ချိုးပစ်)တော့သည်။ فَأَقۡبَلُوٓاْ إِلَيۡهِ يَزِفُّونَ ٩٤ထို့နောက် ၎င်း၏အမျိုးသားများသည် ၎င်း၏ထံသို့ အပြေးအလွှားလာခဲ့ကြသည်။ قَالَ أَتَعۡبُدُونَ مَا تَنۡحِتُونَ ٩٥၎င်း(အိဗ်ရာဟီမ်)ကပြောသည်- “အသင်တို့သည် အသင်တို့ကိုယ်တိုင် ထုလုပ်ထားသည့်အရာများကို ကိုးကွယ်ကြသလော။“ وَٱللَّهُ خَلَقَكُمۡ وَمَا تَعۡمَلُونَ ٩٦ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့နှင့် အသင်တို့ပြုလုပ်သောအရာများအား ဖန်ဆင်းတော်မူခဲ့သည်။ قَالُواْ ٱبۡنُواْ لَهُۥ بُنۡيَٰنًا فَأَلۡقُوهُ فِي ٱلۡجَحِيمِ ٩٧သူတို့က ပြောဆိုကြသည်- “အသင်တို့သည် ၎င်းအတွက် အဆောက်အအုံတစ်ခုဆောက်၍ ၎င်းအား မီးထဲပစ်ချကြပါ“။ فَأَرَادُواْ بِهِۦ كَيۡدًا فَجَعَلۡنَٰهُمُ ٱلۡأَسۡفَلِينَ ٩٨ထို့နောက် သူတို့သည် ၎င်းနှင့်ပတ်သက်၍ မကောင်းအကြံအစည်ကို ကြံရွယ်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် သူတို့အား(ရှုံး)နိမ့်စေတော်မူခဲ့သည်။ وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهۡدِينِ ٩٩ထို့နောက် ၎င်းကပြောခဲ့သည်- “အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ သွားတော့မည်။ အရှင်မြတ်သည် ငါ့ကို မကြာမီ လမ်းပြတော်မူလိမ့်မည်။“ رَبِّ هَبۡ لِي مِنَ ٱلصَّٰلِحِينَ ١٠٠အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား ကောင်းမြတ်သည့်သူများထဲမှ (သားတစ်ယောက်)ပေးသနားတော်မူပါ။ فَبَشَّرۡنَٰهُ بِغُلَٰمٍ حَلِيمٍ ١٠١သို့ဖြစ်ရာ ငါအရှင်မြတ်က ၎င်းအား အလွန်သည်းခံမျိုသိပ်သော သားတော်တစ်ပါးနှင့် ဝမ်းမြောက်ဖွယ် သတင်းကောင်းပေးတော်မူခဲ့သည်။ فَلَمَّا بَلَغَ مَعَهُ ٱلسَّعۡيَ قَالَ يَٰبُنَيَّ إِنِّيٓ أَرَىٰ فِي ٱلۡمَنَامِ أَنِّيٓ أَذۡبَحُكَ فَٱنظُرۡ مَاذَا تَرَىٰۚ قَالَ يَٰٓأَبَتِ ٱفۡعَلۡ مَا تُؤۡمَرُۖ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰبِرِينَ ١٠٢ထို့နောက် ထိုသားတော်သည် ၎င်းနှင့်အတူ ပြေးလွှားနိုင်သည့်အရွယ်ရောက်သည့်အခါ ၎င်းက ပြောဆိုသည်- “အို- ချစ်သား၊ ငါသည် အမှန်စင်စစ် အသင့်အား လှီးဖြတ်နေသည်ဟု အိပ်မက်တွင် အမှန်စင်စစ် မြင်မက်သည်။ သို့ဖြစ်ရာ အသင်သည် မည်သို့ ထင်မြင်ယူဆသနည်းဆိုသည်ကို စဉ်းစားပါ။“ သားတော်က ပြောသည်- “အို- ကျွန်ုပ်၏ဖခင်၊ ဖခင်သည် ပေးတော်မူခြင်းခံရသော အမိန့်ကိုပင် လိုက်နာဆောင်ရွက်ပါ၊ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူခဲ့ပါလျှင် ဖခင်သည် ကျွန်ုပ်ကို မကြာမီ သည်းခံသူများထဲမှ တစ်ဦးအဖြစ် တွေ့ရပါလိမ့်မည်။“ فَلَمَّآ أَسۡلَمَا وَتَلَّهُۥ لِلۡجَبِينِ ١٠٣ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် အမိန့်တော်ကို လိုက်နာ၍ ၎င်းက(လှီးဖြတ်ရန်) သားတော်ကို မှောက်လှဲချခဲ့သည့်အခါ။ وَنَٰدَيۡنَٰهُ أَن يَٰٓإِبۡرَٰهِيمُ ١٠٤ငါအရှင်မြတ်သည် ၎င်းအား အသံပြုတော်မူခဲ့သည်- အို- အိဗ်ရာဟီမ်၊ قَدۡ صَدَّقۡتَ ٱلرُّءۡيَآۚ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١٠٥အမှန်စင်စစ် အသင်သည် အိပ်မက်ကို အမှန်ဆောင်ရွက်ခဲ့လိုက်ပြီဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကောင်းမြတ်သည့်သူများအား ဤသို့ပင် အစားပေးလေ့ရှိတော်မူသည်။ إِنَّ هَٰذَا لَهُوَ ٱلۡبَلَٰٓؤُاْ ٱلۡمُبِينُ ١٠٦အမှန်စင်စစ် ဤသည် ထင်ရှားသော စမ်းသပ်မှုတစ်ခု အမှန်ပင်ဖြစ်သည်။ وَفَدَيۡنَٰهُ بِذِبۡحٍ عَظِيمٍ ١٠٧ထို့ပြင် ငါအရှင်မြတ်သည် ကြီးမားမြင့်မြတ်သော သတ်ဖြတ်ရမည့် သားကောင်တစ်ကောင်နှင့် (အစားထိုးပြီး) ထိုသားတော်ကို ရွေးယူတော်မူခဲ့သည်။ وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ١٠٨ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ် နောင်လာနောက်သားများထဲတွင် (သတိရခြင်းကို)ချန်ထားခဲ့သည်။ سَلَٰمٌ عَلَىٰٓ إِبۡرَٰهِيمَ ١٠٩(တမန်တော်)အိဗ်ရာဟီမ်၏အပေါ်တွင် စလာမ်ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ။ كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١١٠ငါအရှင်မြတ်သည် ကောင်းမြတ်သည့်သူများကို ဤသို့ပင် အစားပေးလေ့ရှိတော်မူသည်။ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ١١١အမှန်စင်စစ် ၎င်းသည် ငါအရှင်မြတ်၏အီမာန်ယုံကြည်သည့် ကျွန်များထဲမှဖြစ်သည်။ وَبَشَّرۡنَٰهُ بِإِسۡحَٰقَ نَبِيًّا مِّنَ ٱلصَّٰلِحِينَ ١١٢ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ကောင်းမြတ်သည့်သူများထဲမှ တမန်တော်တစ်ဦးဖြစ်သော အစ္စဟာက်နှင့် ဝမ်းမြောက်ဖွယ်သတင်းပေးတော်မူခဲ့သည်။ وَبَٰرَكۡنَا عَلَيۡهِ وَعَلَىٰٓ إِسۡحَٰقَۚ وَمِن ذُرِّيَّتِهِمَا مُحۡسِنٌ وَظَالِمٌ لِّنَفۡسِهِۦ مُبِينٌ ١١٣ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော် အိဗ်ရာဟီမ်)နှင့် (တမန်တော်)အစ္စဟာက်အပေါ်တွင် ကောင်းချီးမဂင်္လာကို ချပေးတော်မူခဲ့သည်။ ထို့ပြင် ၎င်းတို့နှစ်ဦး၏သားမြေးများထဲတွင် ကောင်းမြတ်သောသူနှင့် မိမိကိုယ်မိမိ အထင်အရှား နှိပ်စက်သည့်သူလည်း ရှိသည်။ وَلَقَدۡ مَنَنَّا عَلَىٰ مُوسَىٰ وَهَٰرُونَ ١١٤ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရူန်အပေါ်တွင် ကျေးဇူးပြုတော်မူခဲ့သည်။ وَنَجَّيۡنَٰهُمَا وَقَوۡمَهُمَا مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ١١٥ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးနှင့် ၎င်းတို့နှစ်ဦး၏ အမျိုးသားများကို ကြီးမားသော ပူပင်သောကမှ ကယ်တင်တော်မူခဲ့သည်။ وَنَصَرۡنَٰهُمۡ فَكَانُواْ هُمُ ٱلۡغَٰلِبِينَ ١١٦ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကူညီတော်မူခဲ့သည့်အတွက် ၎င်းတို့ပင် အောင်မြင်သူများဖြစ်ခဲ့ကြသည်။ وَءَاتَيۡنَٰهُمَا ٱلۡكِتَٰبَ ٱلۡمُسۡتَبِينَ ١١٧ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သားသော (သောင်ရာသ်)ကျမ်းတော်ကို ပေးသနားတော်မူခဲ့သည်။ وَهَدَيۡنَٰهُمَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ ١١٨ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးစလုံးအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့သည်။ وَتَرَكۡنَا عَلَيۡهِمَا فِي ٱلۡأٓخِرِينَ ١١٩ထို့ပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားများထဲတွင် ၎င်းတို့နှစ်ဦးစလုံးအပေါ်တွင် (သတိရခြင်းကို)ချန်ထားတော်မူခဲ့သည်။ سَلَٰمٌ عَلَىٰ مُوسَىٰ وَهَٰرُونَ ١٢٠စလာမ်ငြိမ်းချမ်းသာယာမှုသည် (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရူန်အပေါ်တွင် ကျရောက်ပါစေ။ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١٢١အမှန်စင်စစ် ငါအရှင်မြတ်သည် ဤသို့ပင် ကောင်းမြတ်သည့်သူများကို အစားပေးလေ့ရှိတော်မူသည်။ إِنَّهُمَا مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ١٢٢အမှန်စင်စစ် ထိုနှစ်ဦးစလုံးသည် ငါအရှင်မြတ်၏ အီမာန်ယုံကြည်သော ကျွန်များထဲမှဖြစ်ကြသည်။ وَإِنَّ إِلۡيَاسَ لَمِنَ ٱلۡمُرۡسَلِينَ ١٢٣ထို့ပြင် အမှန်စင်စစ် အိလ်ယာစ်သည် တမန်တော်များထဲမှ ဖြစ်သည်။ إِذۡ قَالَ لِقَوۡمِهِۦٓ أَلَا تَتَّقُونَ ١٢٤တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို ပြောကြားခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်ကို) မကြောက်ကြသလော။ أَتَدۡعُونَ بَعۡلًا وَتَذَرُونَ أَحۡسَنَ ٱلۡخَٰلِقِينَ ١٢٥အသင်တို့သည် အကောင်းဆုံးဖန်ဆင်းတော်မူသော အရှင်မြတ်အား စွန့်ထားပြီး ဗအ်လ်(ရုပ်တု)ကို ဟစ်ခေါ်(ကိုးကွယ်)ကြသလော။ ٱللَّهَ رَبَّكُمۡ وَرَبَّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ١٢٦အသင်တို့အား ဖန်ဆင်မွေးမြူတော်မူသော အရှင်၊ ထို့ပြင် အသင်တို့၏ အဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား (စွန့်ထားကြသလော)။ فَكَذَّبُوهُ فَإِنَّهُمۡ لَمُحۡضَرُونَ ١٢٧ထို့နောက် သူတို့သည် ၎င်းကို လိမ်လည်သူဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် အမှန်စင်စစ် သူတို့သည် (ငါအရှင်မြတ်၏)ရှေ့၌ အသင့်ရောက်ရှိခြင်းကို ခံကြရမည့်သူများ အမှန်ပင်ဖြစ်သည်။ إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ١٢٨သို့ရာတွင် ရွေးချယ်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များကမူ (လွတ်မြောက်စေခြင်းကို ခံကြရမည်ဖြစ်သည်)။ وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ١٢٩ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ် နောင်လာနောက်သားများထဲတွင် (သတိရခြင်းကို) ချန်ထားတော်မူခဲ့သည်။ سَلَٰمٌ عَلَىٰٓ إِلۡ يَاسِينَ ١٣٠စလာမ်ငြိမ်းချမ်းသာယာမှုသည် (တမန်တော်)အိလ်ယာစီန်၏အပေါ်တွင် ကျရောက်ပါစေ။ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١٣١အမှန်စင်စစ် ငါအရှင်မြတ်သည် ကောင်းမြတ်သည့်သူများကို ဤသို့ပင် အစားပေးလေ့ရှိတော်မူသည်။ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ١٣٢အမှန်စင်စစ် ၎င်းသည် ငါအရှင်မြတ်၏ အီမာန်ယုံကြည်သော ကျွန်များထဲမှ ဖြစ်သည်။ وَإِنَّ لُوطًا لَّمِنَ ٱلۡمُرۡسَلِينَ ١٣٣ထို့ပြင် အမှန်စင်စစ် လူသွ်ဟာလည်း တမန်တော်များထဲမှ ဖြစ်သည်။ إِذۡ نَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ ١٣٤တစ်ခါက ငါအရှင်မြတ်သည် ၎င်း(တမန်တော်လူသွ်)နှင့် ၎င်း၏အိမ်သားအားလုံးတို့အား ကယ်တင်တော်မူခဲ့သည်။ إِلَّا عَجُوزًا فِي ٱلۡغَٰبِرِينَ ١٣٥သို့ရာတွင် အမယ်အိုတစ်ဦးမှာ ကျန်ရစ်ခဲ့သူများထဲတွင် ပါဝင်ခဲ့သည်။ ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ ١٣٦ထို့နောက် ငါအရှင်မြတ်သည် အခြားသူများအား ဖျက်ဆီးတော်မူခဲ့သည်။ وَإِنَّكُمۡ لَتَمُرُّونَ عَلَيۡهِم مُّصۡبِحِينَ ١٣٧ထို့ပြင် အမှန်စင်စစ် အသင်တို့သည် နံနက်အချိန်အခါတွင် သူတို့၏(ပျက်စီးနေသည့်မြို့ရွာ)အနီးမှ ဖြတ်သန်းသွားလာလျက် အမှန်ပင် ရှိကြသည်။ وَبِٱلَّيۡلِۚ أَفَلَا تَعۡقِلُونَ ١٣٨ထို့ပြင် (အသင်တို့သည်) ညအခါတွင်လည်း (ဖြတ်သန်းသွားလာလျက်ပင် ရှိကြသည်)၊ ထို့နောက်လည်း မသိနားမလည်ကြသလော။ وَإِنَّ يُونُسَ لَمِنَ ٱلۡمُرۡسَلِينَ ١٣٩ထို့ပြင် အမှန်စင်စစ် ယူနွတ်စ်သည်လည်း တမန်တော်များထဲမှ တစ်ပါးဖြစ်ခဲ့သည်။ إِذۡ أَبَقَ إِلَى ٱلۡفُلۡكِ ٱلۡمَشۡحُونِ ١٤٠တစ်ခါက ၎င်းသည် ကုန်အပြည့်တင်ထားသော သဘေင်္ာအနီးသို့ ပြေးသွားခဲ့သည်။ فَسَاهَمَ فَكَانَ مِنَ ٱلۡمُدۡحَضِينَ ١٤١ထို့နောက် ၎င်းသည် (သဘေင်္ာပေါ်၌ရှိသူများအား)မဲနှိုက်ရာတွင် ပါဝင်နှိုက်ခိုင်သည့်အခါ ၎င်းသည် အရေးရှုံးနိမ့်သူ ဖြစ်ခဲ့ရသည်။ فَٱلۡتَقَمَهُ ٱلۡحُوتُ وَهُوَ مُلِيمٌ ١٤٢ထို့နောက် ၎င်းသည် မိမိကိုယ်မိမိအပြစ်တင်လျက်ရှိနေစဉ်၌ပင် ငါးကြီးသည် ၎င်းအား မျိုချခဲ့သည်။ فَلَوۡلَآ أَنَّهُۥ كَانَ مِنَ ٱلۡمُسَبِّحِينَ ١٤٣ထို့ပြင် အကယ်၍ ၎င်းသည် (ငါအရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း ရွတ်ဆိုသူ အမှန်စင်စစ် မဖြစ်ခဲ့လျှင်။ لَلَبِثَ فِي بَطۡنِهِۦٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ١٤٤အမှန်ပင် ၎င်းသည် ကိယာမသ်ရှင်ပြန်ထမည့်နေ့ထိ ထိုငါး၏ဝမ်းဗိုက်ထဲ၌ နေခဲ့ရမည်ဖြစ်သည်။ ۞ فَنَبَذۡنَٰهُ بِٱلۡعَرَآءِ وَهُوَ سَقِيمٌ ١٤٥ထို့နောက် ၎င်းသည် နွမ်းနယ်လျက်ရှိစဉ်၌ပင် ငါအရှင်မြတ်က ၎င်းအား လွင်တီးခေါင်ပြင်တွင် ချပေးတော်မူခဲ့သည်။ وَأَنۢبَتۡنَا عَلَيۡهِ شَجَرَةً مِّن يَقۡطِينٍ ١٤٦ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ်တွင် နွယ်ပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူခဲ့သည်။ وَأَرۡسَلۡنَٰهُ إِلَىٰ مِاْئَةِ أَلۡفٍ أَوۡ يَزِيدُونَ ١٤٧ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား (လူဦးရေ)တစ်သိန်း သို့မဟုတ် တစ်သိန်းကျော်ရှိသော အမျိုးသားများထံသို့ (တမန်တော်)အဖြစ်စေလွှတ်တော်မူခဲ့သည်။ فَـَٔامَنُواْ فَمَتَّعۡنَٰهُمۡ إِلَىٰ حِينٍ ١٤٨ထို့နောက် ထိုအမျိုးသားများသည် အီမာန်ယုံကြည်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား သတ်မှတ်ထားသောအချိန်ကာလအထိ အကျိုးခံစားခွင့်ပေးတော်မူခဲ့သည်။ فَٱسۡتَفۡتِهِمۡ أَلِرَبِّكَ ٱلۡبَنَاتُ وَلَهُمُ ٱلۡبَنُونَ ١٤٩အသင်သည် သူတို့အား မေးမြန်းလိုက်ပါ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်တွင် သမီးမိန်းကလေးများရှိ၍၊ သူတို့တွင်မူ သားယောက်ျားလေးများရှိကြသလော။ أَمۡ خَلَقۡنَا ٱلۡمَلَٰٓئِكَةَ إِنَٰثًا وَهُمۡ شَٰهِدُونَ ١٥٠သို့မဟုတ် သူတို့ မျက်မြင်သက်သေများဖြစ်လျက် ရှိကြစဉ်၌ပင်* ငါအရှင်မြတ်သည် ကောင်းကင်တမန်များကို မိန်းမများအဖြစ် ဖန်ဆင်းတော်မူခဲ့သလော။ أَلَآ إِنَّهُم مِّنۡ إِفۡكِهِمۡ لَيَقُولُونَ ١٥١သတိပြုကြပါ၊ အမှန်စင်စစ် သူတို့သည် သူတို့၏လုပ်ကြံစွပ်စွဲမှုနှင့်သာ အမှန်ပင် ပြောဆိုနေကြခြင်းဖြစ်သည်။ وَلَدَ ٱللَّهُ وَإِنَّهُمۡ لَكَٰذِبُونَ ١٥٢“အလ္လာဟ်အရှင်မြတ်သည် (သားသမီး)မွေးဖွားတော်မူသည်“ဟု (ပြောဆိုကြသည်)။ ထို့ပြင် အမှန်စင်စစ် သူတို့သည် လိမ်လည်ပြောဆိုသူများပင်ဖြစ်ကြသည်။ أَصۡطَفَى ٱلۡبَنَاتِ عَلَى ٱلۡبَنِينَ ١٥٣အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းကလေးများကို သားယောက်ျားလေးများထက် ဦးစားပေးတော်မူခဲ့သလော။ مَا لَكُمۡ كَيۡفَ تَحۡكُمُونَ ١٥٤အသင်တို့မှာ မည်သို့အကြောင်းပြချက်ရှိသနည်း။ အသင်တို့သည် မည်သို့ အဆုံးအဖြတ် ပေးကြသနည်း။ أَفَلَا تَذَكَّرُونَ ١٥٥အသင်တို့သည် စဉ်းစားဆင်ခြင်မှု မရှိကြသလော။ أَمۡ لَكُمۡ سُلۡطَٰنٌ مُّبِينٌ ١٥٦သို့မဟုတ် အသင်တို့တွင် ထင်ရှားသော သက်သေအထောက်အထားတစ်စုံတစ်ခု ရှိသလော။ فَأۡتُواْ بِكِتَٰبِكُمۡ إِن كُنتُمۡ صَٰدِقِينَ ١٥٧ထိုသို့ရှိခဲ့လျှင် အကယ်၍ အသင်တို့သည် မှန်ကန်စွာ ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့၏ကျမ်းကို ယူပြကြပါ။ وَجَعَلُواْ بَيۡنَهُۥ وَبَيۡنَ ٱلۡجِنَّةِ نَسَبًاۚ وَلَقَدۡ عَلِمَتِ ٱلۡجِنَّةُ إِنَّهُمۡ لَمُحۡضَرُونَ ١٥٨ထို့ပြင် သူတို့သည် (သူတို့၏စိတ်ကူးနှင့်) အရှင်မြတ်နှင့် ဂျင်န်များကြား၌ ဆွေမျိုးတော်စပ်မှုကို လုပ်ကြံဖန်တီးခဲ့ကြသည်။ အမှန်စင်စစ် ဂျင်န်များကိုယ်တိုင် သူတို့သည် (ပြစ်ဒဏ်ခံကြရဖို့)အမှန်ပင် အသင့်ရောက်ရှိစေခြင်းခံကြရမည့်သူများဖြစ်ကြသည်ကို သိပြီးဖြစ်သည်။ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ ١٥٩အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံပြောဆိုသည်များမှ လုံးဝကင်းရှင်း စင်ကြယ်တော်မူသည်။ إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ١٦٠သို့ရာတွင် ရွေးချယ်ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ကျွန်များကမူ (ပြစ်ဒဏ်မှ ကင်းလွတ်ကြလိမ့်မည်)။ فَإِنَّكُمۡ وَمَا تَعۡبُدُونَ ١٦١သို့ဖြစ်ရာ အမှန်စင်စစ် အသင်တို့နှင့် အသင်တို့၏ကိုးကွယ်ရာများ၊ مَآ أَنتُمۡ عَلَيۡهِ بِفَٰتِنِينَ ١٦٢အသင်တို့သည် အရှင်မြတ်ဘက်မှ (အသင်တို့ဘက်ရောက်သွာအောင်) သွေးဆောင်ဖြားယောင်းနိုင်ခြင်း မရှိပေ။ إِلَّا مَنۡ هُوَ صَالِ ٱلۡجَحِيمِ ١٦٣ဂျဟန္နမ်ငရဲဘုံတွင် ကျမည့်သူကလွဲ၍ အခြားမည်သူ့ကိုမျှ (မဆွဲဆောင်နိုင်ကြပေ)။ وَمَا مِنَّآ إِلَّا لَهُۥ مَقَامٌ مَّعۡلُومٌ ١٦٤(ကောင်းကင်တမန်များက ပြောဆိုကြသည်)- ထို့ပြင် ကျွန်ုပ်တို့ထဲမှ လူတိုင်းအတွက် အဆင့်အတန်း တစ်ခုစီ သတ်မှတ်ပြီးဖြစ်သည်။ وَإِنَّا لَنَحۡنُ ٱلصَّآفُّونَ ١٦٥ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် စီတန်းနေသူများဖြစ်ကြသည်။ وَإِنَّا لَنَحۡنُ ٱلۡمُسَبِّحُونَ ١٦٦ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် (အရှင်မြတ်)စင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေသူများပင်ဖြစ်ကြသည်။ وَإِن كَانُواْ لَيَقُولُونَ ١٦٧ထို့ပြင် အမှန်စင်စစ် ထို(မုရှ်ရိက်)များသည် (ဤသို့)ပြောဆိုနေခဲ့ကြသည်။ لَوۡ أَنَّ عِندَنَا ذِكۡرًا مِّنَ ٱلۡأَوَّلِينَ ١٦٨အကယ်၍ ကျွန်ုပ်တို့ထံတွင် ယခင်လူများ၏ ဆုံးမဩဝါဒ တစ်စုံတစ်ခု အမှန်ပင်ရှိခဲ့လျှင်။ لَكُنَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ١٦٩အမှန်ပင် ကျွန်ုပ်တို့သည် ရွေးချယ်ခြင်းခံကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များပင်ဖြစ်ကြမည်။ فَكَفَرُواْ بِهِۦۖ فَسَوۡفَ يَعۡلَمُونَ ١٧٠ထို့နောက်လည်း သူတို့သည် ထိုဆုံးမဩဝါဒကို ငြင်းပယ်ခဲ့ကြသည်ပင်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် မကြာမီ သိရလိမ့်မည်။ وَلَقَدۡ سَبَقَتۡ كَلِمَتُنَا لِعِبَادِنَا ٱلۡمُرۡسَلِينَ ١٧١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏တမန်တော်များဖြစ်ကြသည့် ကျွန်များနှင့်ပတ်သက်၍ ငါအရှင်မြတ်၏အမိန့်တော်သည် ယခင်ကတည်းက သတ်မှတ်ပြီးဖြစ်ခဲ့သည်။ إِنَّهُمۡ لَهُمُ ٱلۡمَنصُورُونَ ١٧٢အမှန်စင်စစ် သူတို့ပင် ကူညီခြင်းခံကြရမည့်သူများ ဖြစ်ကြောင်း။ وَإِنَّ جُندَنَا لَهُمُ ٱلۡغَٰلِبُونَ ١٧٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏တပ်သားများပင် လွှမ်းမိုးသူများဖြစ်ကြမည်။ فَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٍ ١٧٤သို့ဖြစ်ရာ အသင်သည် သူတို့အား အချိန်ကာလ အနည်းငယ် စွန့်လွှတ်ထားလိုက်ပါ။ وَأَبۡصِرۡهُمۡ فَسَوۡفَ يُبۡصِرُونَ ١٧٥ထို့ပြင် အသင်သည် သူတို့အား ကြည့်နေပါ။ ထို့ပြင် မကြာမီ သူတို့လည်း မြင်ကြရမည်ဖြစ်သည်။ أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ ١٧٦သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို ဆောလျင်စွာ တောင်းဆိုကြသလော။ فَإِذَا نَزَلَ بِسَاحَتِهِمۡ فَسَآءَ صَبَاحُ ٱلۡمُنذَرِينَ ١٧٧ထို့နောက် ပြစ်ဒဏ်သည် သူတို့၏အိမ်းဝင်းထဲတွင် ကျရောက်လာသည့်အခါ သတိပေးနှိုးဆော်ခြင်း ခံကြရသည့်သူများ၏ နံနက်အချိန်သည် အလွန်ဆိုးရွားလှသော နံနက်အချိန်ပင်ဖြစ်လိမ့်မည်။ وَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٍ ١٧٨ထို့ပြင် အသင်(တမန်တော်)သည် သူတို့အား အချိန်ကာလအနည်းငယ် စွန့်လွှတ်ထားလိုက်ပါ။ وَأَبۡصِرۡ فَسَوۡفَ يُبۡصِرُونَ ١٧٩ထို့ပြင် အသင်သည် ကြည့်နေပါ၊ သူတို့လည်း မကြာမီ မြင်ကြရမည်ဖြစ်သည်။ سُبۡحَٰنَ رَبِّكَ رَبِّ ٱلۡعِزَّةِ عَمَّا يَصِفُونَ ١٨٠အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊အနန္တဂုဏ်ထူးရှင်ဖြစ်တော်မူသော အရှင်မြတ်သည် သူတို့ လုပ်ကြံပြောဆိုသည်များမှ ကင်းစင်သန့်ရှင်းတော်မူသည်။ وَسَلَٰمٌ عَلَى ٱلۡمُرۡسَلِينَ ١٨١ထို့ပြင် ငြိမ်းချမ်းသာယာမှုသည် တမန်တော်များအပေါ်တွင် ကျရောက်ပါစေ။ وَٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ١٨٢ထို့ပြင် ချီးမွမ်းခြင်းအပေါင်းသည် စကြာဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာ ထိုက်တန်သည်။