Millat al-Islam

Chapter 36 · 83 verses · Hashim Tin Myint

Surah Ya-Sin in Burmese

Arabic with tafsir Listen to Surah Ya-Sin (1353 reciters)
Meccanسورة يس83 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يسٓ ١ယာစီန်။ وَٱلۡقُرۡءَانِ ٱلۡحَكِيمِ ٢(ငါအရှင်မြတ်သည်)ပညာဉာဏ်အ‌မြော်အမြင်နှင့်ပြည့်စုံ‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကို သက်‌သေထူ‌တော်မူသည်။ إِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ ٣အမှန်စင်စစ် အသင်သည် တမန်‌တော်များထဲတွင် အမှန်ပင် တစ်ပါးအပါအဝင်ဖြစ်သည်။ عَلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٤‌ဖြောင့်မတ်သည့်လမ်း‌ပေါ်တွင် တည်ရှိ‌နေသည်။ تَنزِيلَ ٱلۡعَزِيزِ ٱلرَّحِيمِ ٥တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်(မူ‌သော ကျမ်းဖြစ်)သည်။ لِتُنذِرَ قَوۡمًا مَّآ أُنذِرَ ءَابَآؤُهُمۡ فَهُمۡ غَٰفِلُونَ ٦(ထိုသို့ချ‌ပေး‌တော်မူခြင်းမှာ) အသင်(တမန်‌တော်)သည် အကြင်အမျိုးသားများကို သတိ‌ပေးနှိုး‌ဆော်ရန်အတွက်ဖြစ်သည်။* ထိုအမျိုးသားများ၏ အဘ၊ ဘိုး၊ ‌ဘေးများသည် သတိ‌ပေးနှိုး‌ဆော်ခြင်း မခံခဲ့ကြရ‌ပေ။ သို့ဖြစ်ရာ သူတို့သည် (တရား)မသိသူများဖြစ်‌နေကြသည်။ لَقَدۡ حَقَّ ٱلۡقَوۡلُ عَلَىٰٓ أَكۡثَرِهِمۡ فَهُمۡ لَا يُؤۡمِنُونَ ٧အမှန်စင်စစ် သူတို့ထဲမှ အ‌မြောက်အမြားအ‌ပေါ်တွင် အမိန့်‌တော်သည် အတည်ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ။ إِنَّا جَعَلۡنَا فِيٓ أَعۡنَٰقِهِمۡ أَغۡلَٰلًا فَهِيَ إِلَى ٱلۡأَذۡقَانِ فَهُم مُّقۡمَحُونَ ٨အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏လည်ကုပ်များတွင် လည်ထိပ်*များကို စွပ်ထား‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုလည်ထိပ်များသည် ‌မေး‌စေ့များအထိ ‌ရောက်‌နေပြီဖြစ်သည်။ ထိုအရာ‌ကြောင့် သူတို့သည် ‌ခေါင်း‌မေ့ာ‌နေကြသည်။ وَجَعَلۡنَا مِنۢ بَيۡنِ أَيۡدِيهِمۡ سَدًّا وَمِنۡ خَلۡفِهِمۡ سَدًّا فَأَغۡشَيۡنَٰهُمۡ فَهُمۡ لَا يُبۡصِرُونَ ٩ထို့ပြင် ငါအရှင်မြတ်သည် သူတို့‌ရှေ့၌ အကာအဆီးတစ်ခု၊ ထို့ပြင် သူတို့‌နောက်တွင် အကာအဆီးတစ်ခု ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား (အကာများနှင့်)ဖုံးလွှမ်းထားလိုက်သည့်အတွက် သူတို့သည် (မည်သည့်အရာကိုမျှ) မမြင်နိုင်ကြ‌တော့‌ပေ။ وَسَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ ١٠ထို့ပြင် သူတို့အ‌ပေါ်၌ အတူတူပင်၊ အသင်(တမန်‌တော်)သည် သူတို့အား သတိ‌ပေးနှိုး‌ဆော်ခဲ့သည်ပင်ဖြစ်‌စေ၊ သတိ‌ပေးနှိုး‌ဆော်မှု မပြုခဲ့သည်ပင်ဖြစ်‌စေ၊ သူတို့ကမူ ယုံကြည်ကြမည် မဟုတ်‌ပေ။ إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكۡرَ وَخَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِۖ فَبَشِّرۡهُ بِمَغۡفِرَةٍ وَأَجۡرٍ كَرِيمٍ ١١အသင်(တမန်‌တော်)သည် ဆုံးမဩဝါဒကို လိုက်နာပြီး ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်အား အကွယ်မှ ‌ကြောက်ရွံ့သည့်သူကိုပင် သတိ‌ပေးနှိုး‌ဆော်နိုင်မည်ဖြစ်သည်။* သို့ဖြစ်ရာ အသင်သည် ထိုသူကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်သည့်အကျိုးရှိသည့်အ‌ကြောင်း ဝမ်း‌မြောက်ဖွယ်ရာသတင်းကို ‌ပြောလိုက်ပါ။ إِنَّا نَحۡنُ نُحۡيِ ٱلۡمَوۡتَىٰ وَنَكۡتُبُ مَا قَدَّمُواْ وَءَاثَٰرَهُمۡۚ وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ فِيٓ إِمَامٍ مُّبِينٍ ١٢အမှန်စင်စစ် ငါအရှင်မြတ်သည် ‌သေသူများကို ရှင်‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ကြိုတင်ပို့ခဲ့ကြသည်များနှင့် သူတို့ ‌နောက်ချန်ထားခဲ့ကြသည်များကို ‌ရေးသားထား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို ထင်ရှား‌သောမှတ်တမ်းစာအုပ်တွင် ‌ရေးမှတ်ထားပြီးဖြစ်သည်။ وَٱضۡرِبۡ لَهُم مَّثَلًا أَصۡحَٰبَ ٱلۡقَرۡيَةِ إِذۡ جَآءَهَا ٱلۡمُرۡسَلُونَ ١٣ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့အား ထိုမြို့သူမြို့သားများ၏အ‌ကြောင်းတစ်ခုကို ‌ပြောပြလိုက်ပါ- တစ်ခါက ထိုမြ့ိုသူမြ့ိုသားများထံသို့ တမန်‌တော်များသည် ‌ရောက်ရှိလာခဲ့ကြသည်။ إِذۡ أَرۡسَلۡنَآ إِلَيۡهِمُ ٱثۡنَيۡنِ فَكَذَّبُوهُمَا فَعَزَّزۡنَا بِثَالِثٍ فَقَالُوٓاْ إِنَّآ إِلَيۡكُم مُّرۡسَلُونَ ١٤ထိုစဉ်က ငါအရှင်မြတ်သည် သူတို့ထံသို့ တမန်‌တော်နှစ်ပါးကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့က ထိုနှစ်ပါးလုံးအား လိမ်လည်သူများဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် တတိယ တမန်‌တော်တစ်ပါးနှင့် အင်အားဖြည့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် သူတို့က အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ထံသို့ ‌စေလွှတ်ခြင်းခံကြရ‌သော တမန်‌တော်များဖြစ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။ قَالُواْ مَآ أَنتُمۡ إِلَّا بَشَرٌ مِّثۡلُنَا وَمَآ أَنزَلَ ٱلرَّحۡمَٰنُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا تَكۡذِبُونَ ١٥ထိုမြို့သားများက “အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင်ဖြစ်ကြသည်။ ထို့ပြင် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်သည် အသင်တို့အ‌ပေါ်တွင် မည်သည့်အရာမျှ ချ‌ပေး‌တော်မူသည်မဟုတ်‌ပေ၊ အသင်တို့သည် လိမ်လည်‌ပြောဆို‌နေကြသည်သာဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည်။ قَالُواْ رَبُّنَا يَعۡلَمُ إِنَّآ إِلَيۡكُمۡ لَمُرۡسَلُونَ ١٦ထိုတမန်‌တော်များက ‌ပြောကြားခဲ့ကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ထံသို့ ‌စေလွှတ်ခြင်းခံကြရသည့်သူများဖြစ်‌ကြောင်းကို ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် သိရှိ‌တော်မူသည်။“ وَمَا عَلَيۡنَآ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ١٧ထို့ပြင် ကျွန်ုပ်တို့အ‌ပေါ်မှာမူ (အရှင်မြတ်၏အမိန့်‌တော်များကို) ထင်ရှားစွာ ပို့‌ဆောင်ရန်တာဝန်မှလွဲ၍ အခြား တာဝန်မရှိ‌ပေ။“ قَالُوٓاْ إِنَّا تَطَيَّرۡنَا بِكُمۡۖ لَئِن لَّمۡ تَنتَهُواْ لَنَرۡجُمَنَّكُمۡ وَلَيَمَسَّنَّكُم مِّنَّا عَذَابٌ أَلِيمٌ ١٨ထိုမြ့ိုသားများက ‌ပြောဆိုခဲ့ကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား နမိတ်မ‌ကောင်းသည့်သူများဟု ယူဆကြသည်။ အကယ်၍ အသင်တို့သည် မရပ်စဲကြလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့် ပစ်‌ပေါက်သတ်ကြမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့ထံမှ အသင်တို့ထံသို့ နာကျင်‌စေသည့်ပြစ်ဒဏ်လည်း အမှန်စင်စစ် ကျ‌ရောက်မည်ဖြစ်သည်။“ قَالُواْ طَٰٓئِرُكُم مَّعَكُمۡ أَئِن ذُكِّرۡتُمۚ بَلۡ أَنتُمۡ قَوۡمٌ مُّسۡرِفُونَ ١٩တမန်‌တော်များက ‌ပြောဆိုခဲ့ကြသည်- “အသင်တို့၏ မ‌ကောင်းသည့်အတိတ်နမိတ်သည် အသင်တို့၌ပင် ရှိ‌နေသည်။ အသင်တို့အ‌နေဖြင့် ဆုံးမဩဝါဒ‌ပေးခံရခြင်းသည် မ‌ကောင်း‌သော အတိတ်နမိတ်‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့ပင် စည်း‌ဖောက်သူများဖြစ်ကြသည်။“ وَجَآءَ مِنۡ أَقۡصَا ٱلۡمَدِينَةِ رَجُلٌ يَسۡعَىٰ قَالَ يَٰقَوۡمِ ٱتَّبِعُواْ ٱلۡمُرۡسَلِينَ ٢٠ထို့‌နောက် မြို့စွန်မှ လူတစ်‌ယောက်‌ပြေးလာပြီး ‌ပြောဆိုသည်- “အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် တမန်‌တော်များ၏စကားကို နား‌ထောင်ကြပါ။“ ٱتَّبِعُواْ مَن لَّا يَسۡـَٔلُكُمۡ أَجۡرًا وَهُم مُّهۡتَدُونَ ٢١“အသင်တို့ထံမှ မည်သည့်အကျိုးမျှမ‌တောင်းဘဲ လမ်းမှန်ရရှိ‌နေကြသည့်သူများ၏‌နောက်ကို အသင်တို့လိုက်ကြပါ။“ وَمَالِيَ لَآ أَعۡبُدُ ٱلَّذِي فَطَرَنِي وَإِلَيۡهِ تُرۡجَعُونَ ٢٢ကျွန်ုပ်မှာ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား မကိုးကွယ်ရန် မည်သည့်အ‌ကြောင်းရှိသနည်း။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြရမည်ဖြစ်သည်။ ءَأَتَّخِذُ مِن دُونِهِۦٓ ءَالِهَةً إِن يُرِدۡنِ ٱلرَّحۡمَٰنُ بِضُرٍّ لَّا تُغۡنِ عَنِّي شَفَٰعَتُهُمۡ شَيۡـًٔا وَلَا يُنقِذُونِ ٢٣ကျွန်ုပ်တို့သည် အရှင်မြတ်အား စွန့်၍ ထိုသို့‌သော အခြားအရာများအား ကိုးကွယ်ရမည်‌လော၊ အကယ်၍ ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်သည် ကျွန်ုပ်တို့တွင် ဒုက္ခတစ်စုံတစ်ခု သက်‌ရောက်‌စေရန် ရည်ရွယ်‌တော်မူလျှင် ထိုကိုးကွယ်ရာများ၏ ကြားဝင်အသနားခံ‌ပေးမှုသည်လည်း ကျွန်ုပ်အတွက် အနည်းငယ်မျှ အသုံးဝင်မည်မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ကျွန်ုပ်အား ကယ်တင်နိုင်ကြမည်လည်း မဟုတ်‌ပေ။ إِنِّيٓ إِذًا لَّفِي ضَلَٰلٍ مُّبِينٍ ٢٤ထိုသို့ဖြစ်ခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်သည် ထင်ရှား‌သောလမ်းမှားမှုထဲတွင် ရှိ‌နေပြီဖြစ်သည်။ إِنِّيٓ ءَامَنتُ بِرَبِّكُمۡ فَٱسۡمَعُونِ ٢٥အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ယုံကြည်ခဲ့ပြီဖြစ်သည့်အတွက် အသင်တို့သည် ကျွန်ုပ်(၏စကား)ကို နား‌ထောင်ကြပါ။ قِيلَ ٱدۡخُلِ ٱلۡجَنَّةَۖ قَالَ يَٰلَيۡتَ قَوۡمِي يَعۡلَمُونَ ٢٦(ထို့‌နောက် မြို့သားများသည် သူ့အား သတ်လိုက်သည့်အခါ အရှင်မြတ်ဘက်မှ သူ့အား)မိန့်ကြား‌တော်မူခြင်းခံရသည်- “အသင်သည် ဂျန္နသ်သုခဘုံထဲသို့ ဝင်‌ရောက်ပါ“။ ထို(အသတ်ခံရ)သူက‌ပြောသည်- “‌ဪ- ကျွန်ုပ်၏အမျိုးသားများသည် သိရှိကြလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။“ بِمَا غَفَرَ لِي رَبِّي وَجَعَلَنِي مِنَ ٱلۡمُكۡرَمِينَ ٢٧“ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူခဲ့သည်သာမက ကျွန်ုပ်ကို ဂုဏ်ရှိသူများထဲတွင် ပါဝင်‌စေ‌တော်မူခဲ့သည်ကို (သူတို့ သိရှိကြလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း)။“

Juz 23

۞ وَمَآ أَنزَلۡنَا عَلَىٰ قَوۡمِهِۦ مِنۢ بَعۡدِهِۦ مِن جُندٍ مِّنَ ٱلسَّمَآءِ وَمَا كُنَّا مُنزِلِينَ ٢٨ထို့‌နောက် ငါအရှင်မြတ်သည် ထိုသူ(‌သေဆုံးပြီး)‌နောက်တွင် သူ၏အမျိုးသားများအ‌ပေါ်တွင် မိုး‌ကောင်းကင်မှ မည်သည့် စစ်တပ်ကိုမျှ ‌စေလွှတ်‌တော်မူခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်အတွက် ‌စေလွှတ်ရန်လည်း မလို‌ပေ။ إِن كَانَتۡ إِلَّا صَيۡحَةً وَٰحِدَةً فَإِذَا هُمۡ خَٰمِدُونَ ٢٩(သူတို့အတွက် ပြစ်ဒဏ်မှာ) ပြင်းထန်‌သောဟစ်‌အော်သံတစ်ခုပင် ဖြစ်ခဲ့သည်။ ထို့‌နောက် သူတို့သည် ချက်ချင်းပင် အသက်ချုပ်ငြိမ်းသွားသူများဖြစ်ခဲ့ကြရသည်။ يَٰحَسۡرَةً عَلَى ٱلۡعِبَادِۚ مَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٣٠‌ဪ- ဤသို့ကျွန်များအ‌ပေါ်တွင် ဝမ်းနည်းဖွယ်ရာပင်၊ ထိုသူများထံသို့ မည်သည့်တမန်‌တော် ‌ရောက်လာသည်ဖြစ်‌စေ၊ သူတို့သည် ထိုတမန်‌တော်အား ‌ပြောင်‌လှောင်ခဲ့ကြသည်ချည်းသာဖြစ်သည်။ أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ أَنَّهُمۡ إِلَيۡهِمۡ لَا يَرۡجِعُونَ ٣١ငါအရှင်မြတ်သည် သူတို့မတိုင်မီ လူမျိုးဆက် အ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့‌နောက် ပျက်စီးသွားခဲ့‌သော လူမျိုးဆက်များသည် အမှန်စင်စစ် သူတို့ထံ ပြန်မလာကြသည်ကို သူတို့သည် မမြင်ခဲ့ကြသ‌လော။ وَإِن كُلٌّ لَّمَّا جَمِيعٌ لَّدَيۡنَا مُحۡضَرُونَ ٣٢ထို့ပြင် အားလုံးသည် ငါအရှင်မြတ်ထံ‌တော်သို့ပင် အသင့်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည့်သူများဖြစ်ကြသည်။ وَءَايَةٌ لَّهُمُ ٱلۡأَرۡضُ ٱلۡمَيۡتَةُ أَحۡيَيۡنَٰهَا وَأَخۡرَجۡنَا مِنۡهَا حَبًّا فَمِنۡهُ يَأۡكُلُونَ ٣٣ထို့ပြင် သူတို့အတွက် သက်‌သေသာဓကတစ်ခုမှာ (‌ခြောက်‌သွေ့သည့်)‌မြေ‌သေဖြစ်သည်။ ငါအရှင်မြတ်သည် ထို‌မြေ‌သေကို ရှင်‌စေ‌တော်မူပြီး‌နောက် ထို‌မြေမှ ‌ကောက်ပဲသီးနှံကို ထွက်‌စေ‌တော်မူခဲ့သည့်အတွက် သူတို့သည် ထို‌ကောက်ပဲသီးနှံများကို စားသုံး‌နေကြသည်။ وَجَعَلۡنَا فِيهَا جَنَّٰتٍ مِّن نَّخِيلٍ وَأَعۡنَٰبٍ وَفَجَّرۡنَا فِيهَا مِنَ ٱلۡعُيُونِ ٣٤ထို့ပြင် ငါအရှင်မြတ်သည် ထို‌မြေတွင် စွန်ပလွံခြံများနှင့် စပျစ်ခြံများကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်သာမက ထို‌မြေတွင် စမ်း‌ရေ‌ချောင်းများကိုလည်း ပန်းထွက်စီးဆင်း‌စေ‌တော်မူခဲ့သည်။ لِيَأۡكُلُواْ مِن ثَمَرِهِۦ وَمَا عَمِلَتۡهُ أَيۡدِيهِمۡۚ أَفَلَا يَشۡكُرُونَ ٣٥သူတို့သည် သူတို့၏လက်များက ပြုလုပ်ခဲ့ကြသည်မဟုတ်ပါဘဲလျက် ထိုစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများကို စားသုံးကြရန်ဖြစ်သည်။ သို့ပါလျက် သူတို့သည် ‌ကျေးဇူးမတင်ကြ‌လေသ‌လော။ سُبۡحَٰنَ ٱلَّذِي خَلَقَ ٱلۡأَزۡوَٰجَ كُلَّهَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ وَمِنۡ أَنفُسِهِمۡ وَمِمَّا لَا يَعۡلَمُونَ ٣٦အကြင်အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူသည်၊ ထိုအရှင်မြတ်သည် ‌မြေကြီးမှ ‌ပေါက်‌ရောက်သည့်အရာများနှင့် သူတို့ကိုယ်များတွင်သာမက သူတို့မသိသည့်အရာများတွင်လည်း ဖိုမ စုံတွဲများ အမျိုးမျိုးအစားစား ဖန်ဆင်း‌တော်မူခဲ့သည်။ وَءَايَةٌ لَّهُمُ ٱلَّيۡلُ نَسۡلَخُ مِنۡهُ ٱلنَّهَارَ فَإِذَا هُم مُّظۡلِمُونَ ٣٧ထို့ပြင် သူတို့အတွက် သက်‌သေသာဓကတစ်ခုမှာ ညဖြစ်သည်။ ငါအရှင်မြတ်သည် ထိုညမှ ‌နေ့ကို ချွတ်ခွာယူ‌တော်မူသည်နှင့် တစ်ပြိုင်နက် သူတို့သည် အ‌မှောင်ထဲတွင် ရှိ‌နေကြရ‌တော့သည်။ وَٱلشَّمۡسُ تَجۡرِي لِمُسۡتَقَرٍّ لَّهَاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ ٣٨ထို့ပြင် ‌နေသည် သူ၏လမ်‌ကြောင်းအတိုင်းသွားလာ‌နေသည်။ ဤသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ်၏ တိုင်းတာသတ်မှတ်ချက်ဖြစ်သည်။ وَٱلۡقَمَرَ قَدَّرۡنَٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلۡعُرۡجُونِ ٱلۡقَدِيمِ ٣٩ထို့ပြင် လကို ငါအရှင်မြတ်က ခရီးစခန်းများ သတ်မှတ်‌ပေး‌တော်မူခဲ့သည်။ ‌နောက်ဆုံးထိုလသည် ‌ကွေး‌နေ‌သော စွန်ပလွံခိုင်‌ခြောက်‌ဟောင်းပမာ ပြန်ဖြစ်သွား‌တော့သည်။ لَا ٱلشَّمۡسُ يَنۢبَغِي لَهَآ أَن تُدۡرِكَ ٱلۡقَمَرَ وَلَا ٱلَّيۡلُ سَابِقُ ٱلنَّهَارِۚ وَكُلٌّ فِي فَلَكٍ يَسۡبَحُونَ ٤٠‌နေသည် လကို မမီနိုင်သကဲ့သို့ ညသည်လည်း ‌နေ့ကို မ‌ကျော်လွန်နိုင်‌ပေ။ ထို့ပြင် အားလုံးကိုယ်စီသည် ပတ်လမ်း‌ကြောင်းတစ်ခုစီတွင် ကူးခတ်သွားလာ‌နေကြသည်ဖြစ်သည်။ وَءَايَةٌ لَّهُمۡ أَنَّا حَمَلۡنَا ذُرِّيَّتَهُمۡ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ ٤١ထို့ပြင် သူတို့အတွက် သက်‌သေသာဓကတစ်ခုမှာ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏သား‌မြေးများကို ဝန်အပြည့်တင်ထား‌သော သ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်စီးနင်း‌စေ‌တော်မူခြင်းပင် ဖြစ်သည်။ وَخَلَقۡنَا لَهُم مِّن مِّثۡلِهِۦ مَا يَرۡكَبُونَ ٤٢ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် ထိုသ‌ဘေင်္ာကဲ့သို့ပင် သူတို့ စီးနင်းကြ‌သော အခြားအရာများကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။ وَإِن نَّشَأۡ نُغۡرِقۡهُمۡ فَلَا صَرِيخَ لَهُمۡ وَلَا هُمۡ يُنقَذُونَ ٤٣ထို့ပြင် ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် သူတို့အား နစ်မြှပ်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုအခါ သူတို့အား ကူညီမည့်သူလည်း မည်သူမျှ ရှိမည်မဟုတ်‌ပေ။ သူတို့သည် ကယ်တင်ခြင်းခံကြရမည်လည်း မဟုတ်‌ပေ။ إِلَّا رَحۡمَةً مِّنَّا وَمَتَٰعًا إِلَىٰ حِينٍ ٤٤သို့ရာတွင် (၎င်းသည်) ငါအရှင်မြတ်၏ကရုဏာပင်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ပြီး‌သော အချိန်ကာလထိ (သူတို့အား) အကျိုးခံစား‌စေခြင်းလည်း ဖြစ်သည်။ وَإِذَا قِيلَ لَهُمُ ٱتَّقُواْ مَا بَيۡنَ أَيۡدِيكُمۡ وَمَا خَلۡفَكُمۡ لَعَلَّكُمۡ تُرۡحَمُونَ ٤٥ထို့ပြင် သူတို့အား အသင်တို့သည် သနား‌တော်မူခြင်းခံကြရရန်အတွက် အသင်တို့၏‌ရှေ့‌မှောက်၌ ရှိသည့်အရာ(ပြစ်ဒဏ်)နှင့် အသင်တို့၏‌နောက်တွင် ရှိသည့်အရာ(ပြစ်ဒဏ်)ကိုပါ ‌ကြောက်ရွံ့စိုုးရိမ်ကြပါဟု ‌ပြောခဲ့သည့်အခါ (သူတို့သည် မျက်နှာလွှဲခဲ့ကြသည်)။ وَمَا تَأۡتِيهِم مِّنۡ ءَايَةٍ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ ٤٦ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်များထဲမှ အမိန့်‌တော်တစ်စုံတစ်ခုသည် သူတို့ထံသို့ ‌ရောက်လာတိုင်း သူတို့သည် ထိုအမိန့်‌တော်မှ မျက်နှာလွှဲခဲ့ကြသည်ချည်းပင်ဖြစ်သည်။ وَإِذَا قِيلَ لَهُمۡ أَنفِقُواْ مِمَّا رَزَقَكُمُ ٱللَّهُ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَنُطۡعِمُ مَن لَّوۡ يَشَآءُ ٱللَّهُ أَطۡعَمَهُۥٓ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٍ مُّبِينٍ ٤٧ထို့ပြင် သူတို့အား အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်‌ပေးသနား‌တော်မူခဲ့သည့်အထဲမှ သုံးစွဲလှူဒါန်းကြပါဟု ‌ပြောဆိုသည့်အခါ ကာဖိရ်ငြင်းပယ်သူများက အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် အရှင်မြတ်ကိုယ်တိုင် ‌ကျွေး‌မွေး‌တော်မူမည်ဖြစ်သည့်သူများကို ကျွန်ုပ်တို့က ‌ကျွေး‌မွေးကြရမည်‌လော၊ အသင်တို့သည် ထင်ရှား‌သောလမ်းမှားတွင် ရှိ‌နေကြသည်ဖြစ်သည်ဟု အီမာန်ယုံကြည်သူများအား ‌ပြောဆိုကြသည်။ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ٤٨ထို့ပြင် သူတို့က အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါဖြစ်သနည်းဟု ‌ပြောဆို‌မေးမြန်းကြသည်။ مَا يَنظُرُونَ إِلَّا صَيۡحَةً وَٰحِدَةً تَأۡخُذُهُمۡ وَهُمۡ يَخِصِّمُونَ ٤٩သူတို့သည် မိမိတို့အချင်းချင်း အငြင်းပွား‌နေလျက်ရှိစဉ်၌ပင် သူတို့အား ဖမ်းဆီးဖျက်ဆီးမည့် ဟစ်‌အော်သံတစ်ခုကိုသာ ‌စောင့်‌မျှော်‌နေကြခြင်းဖြစ်သည်။ فَلَا يَسۡتَطِيعُونَ تَوۡصِيَةً وَلَآ إِلَىٰٓ أَهۡلِهِمۡ يَرۡجِعُونَ ٥٠သို့ဖြစ်ရာ ထိုအသံကြားကြရ‌သောအခါ သူတို့သည် မည်သည့်‌သေတမ်းစကားကိုမျှ မှာကြားနိုင်ကြမည်မဟုတ်‌ပေ။ သူတို့၏အိမ်သူအိမ်သားများထံသု့ိ ပြန်သွားနိုင်ကြမည်လည်း မဟုတ်‌ပေ။ وَنُفِخَ فِي ٱلصُّورِ فَإِذَا هُم مِّنَ ٱلۡأَجۡدَاثِ إِلَىٰ رَبِّهِمۡ يَنسِلُونَ ٥١ထို့ပြင် တံပိုးခရာမှုတ်သည့်အခါ သူတို့သည် ချက်ချင်း သချင်္ီုင်းများမှ ထွက်ပြီး သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ‌ပြေးလွှားလျက်လာကြမည်။ قَالُواْ يَٰوَيۡلَنَا مَنۢ بَعَثَنَا مِن مَّرۡقَدِنَاۜۗ هَٰذَا مَا وَعَدَ ٱلرَّحۡمَٰنُ وَصَدَقَ ٱلۡمُرۡسَلُونَ ٥٢သူတို့က ‌ဪ- ငါတို့သည် ပျက်စီးရ‌လေခြင်းပင်။ မည်သူက ငါတို့အား ငါတို့၏အိပ်ရာမှ ထ‌စေသနည်းဟု ‌ပြောဆိုညည်းညူကြမည်ဖြစ်သည်။ (‌ကောင်းကင်တမန်များက ‌ဖြေကြားမည်)- ဤသည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်က ချိန်းဆိုထား‌တော်မူခဲ့‌သော ချိန်းဆိုချက်ပင်ဖြစ်သည်။ ထို့ပြင် တမန်‌တော်များသည် မှန်ကန်စွာပင် ‌ပြောဆိုခဲ့ကြသည်ဖြစ်သည်။ إِن كَانَتۡ إِلَّا صَيۡحَةً وَٰحِدَةً فَإِذَا هُمۡ جَمِيعٌ لَّدَيۡنَا مُحۡضَرُونَ ٥٣ထိုအရာ(တံပိုးခရာမှုတ်ခြင်း)သည် ပြင်းထန်‌သော ဟစ်‌အော်သံတစ်ခုပင်ဖြစ်မည်။ ထို့‌နောက် သူတို့အားလုံးသည် ချက်ချင်းပင် ငါအရှင်မြတ်ထံသို့ ‌ခေါ်‌ဆောင်လာခြင်းခံကြရမည်ဖြစ်သည်။ فَٱلۡيَوۡمَ لَا تُظۡلَمُ نَفۡسٌ شَيۡـًٔا وَلَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ ٥٤ယ‌နေ့မူ မည်သူမျှ အနည်းငယ်မျှ မတရားပြုလုပ်ခြင်းခံရမည် မဟုတ်‌ပေ။ ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များကိုပင် အစား‌ပေးခြင်း ခံရမည်ဖြစ်သည်။ إِنَّ أَصۡحَٰبَ ٱلۡجَنَّةِ ٱلۡيَوۡمَ فِي شُغُلٍ فَٰكِهُونَ ٥٥အမှန်စင်စစ် ဂျန္နသ်သုခဘုံသားများသည် ယ‌နေ့(သူတို့၏)အ‌ရေးကိစ္စများ၌ပင် ‌မွေ့‌လျော်‌ပျော်ရွှင်‌နေကြမည်။ هُمۡ وَأَزۡوَٰجُهُمۡ فِي ظِلَٰلٍ عَلَى ٱلۡأَرَآئِكِ مُتَّكِـُٔونَ ٥٦သူတို့နှင့် သူတို့၏ဇနီးကြင်ရာများသည် အရိပ်များ‌အောက်တွင် မြင့်မား‌သော ထိုင်ခုံများ‌ပေါ်တွင် မှီအုံးများအားမှီ၍ ထိုင်‌နေကြမည်။ لَهُمۡ فِيهَا فَٰكِهَةٌ وَلَهُم مَّا يَدَّعُونَ ٥٧သူတို့အတွက် ထိုသုခဘုံတွင် သစ်သီးဝလံ(မျိုးစုံ)လည်း ရှိကြမည်။ ထို့ပြင် သူတို့အတွက် သူတို့‌တောင်းသမျှ အရာများလည်း ရှိကြမည်။ سَلَٰمٌ قَوۡلًا مِّن رَّبٍّ رَّحِيمٍ ٥٨အလွန်သနားကြင်နာ‌တော်မူ‌သော ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဘက်မှ စလာမ်ငြိမ်းချမ်းပါ‌စေဟု မိန့်ကြား‌တော်မူမည်။ وَٱمۡتَٰزُواْ ٱلۡيَوۡمَ أَيُّهَا ٱلۡمُجۡرِمُونَ ٥٩ထို့ပြင် အို- အပြစ်ရှိသူအ‌ပေါင်းတို့၊ အသင်တို့သည် ယ‌နေ့ သီးခြား‌နေကြ‌ပေ‌တော့(ဟု အရှင်မြတ်က မိန့်ကြား‌တော်မူလိမ့်မည်)။ ۞ أَلَمۡ أَعۡهَدۡ إِلَيۡكُمۡ يَٰبَنِيٓ ءَادَمَ أَن لَّا تَعۡبُدُواْ ٱلشَّيۡطَٰنَۖ إِنَّهُۥ لَكُمۡ عَدُوٌّ مُّبِينٌ ٦٠အို- အာဒမ်၏သားသမီးအ‌ပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့အ‌နေနှင့် ရှိုင်သွာန်ကို မကိုးကွယ်ကြနှင့်ဟု မိန့်မှာ‌တော်မူခဲ့သည်မဟုတ်‌လော။ အမှန်စင်စစ် သူသည် အသင်တို့၏ ထင်ရှား‌သောရန်သူပင်ဖြစ်သည်။ وَأَنِ ٱعۡبُدُونِيۚ هَٰذَا صِرَٰطٌ مُّسۡتَقِيمٌ ٦١ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ကိုပင် ကိုးကွယ်ကြပါ၊ ဤသည်ပင် ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းဖြစ်သည်။ وَلَقَدۡ أَضَلَّ مِنكُمۡ جِبِلًّا كَثِيرًاۖ أَفَلَمۡ تَكُونُواْ تَعۡقِلُونَ ٦٢ထို့ပြင် အမှန်စင်စစ် ထိုရှိုင်သွာန်သည် အသင်တို့ထဲမှ အဖန်ဆင်းခံအ‌မြောက်အမြားအား လမ်းလွဲ‌စေခဲ့ပြီဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မသိနားမလည်ကြသ‌လော။ هَٰذِهِۦ جَهَنَّمُ ٱلَّتِي كُنتُمۡ تُوعَدُونَ ٦٣ဤသည် အသင်တို့ ကတိ‌ပေးချိန်းဆိုခြင်းခံခဲ့ကြရ‌သော ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ٱصۡلَوۡهَا ٱلۡيَوۡمَ بِمَا كُنتُمۡ تَكۡفُرُونَ ٦٤အသင်တို့သည် အသင်တို့ငြင်းပယ်ခဲ့ကြသည့်အတွက်‌ကြောင့် ယ‌နေ့ ထိုငရဲဘုံထဲသို့ ဝင်ကြ‌ပေ‌တော့။ ٱلۡيَوۡمَ نَخۡتِمُ عَلَىٰٓ أَفۡوَٰهِهِمۡ وَتُكَلِّمُنَآ أَيۡدِيهِمۡ وَتَشۡهَدُ أَرۡجُلُهُم بِمَا كَانُواْ يَكۡسِبُونَ ٦٥ယ‌နေ့မူ ငါအရှင်မြတ်သည် သူတို့၏ နှုတ်လျှာများအ‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူမည်။ ထို့ပြင် သူတို့၏လက်များသည် ငါအရှင်မြတ်နှင့် စကား‌ပြောဆိုကြမည်။ ထို့ပြင် သူတို့၏‌ခြေများသည်လည်း သူတို့ပြုလုပ်ခဲ့သမျှများကို သက်‌သေခံကြမည်။ وَلَوۡ نَشَآءُ لَطَمَسۡنَا عَلَىٰٓ أَعۡيُنِهِمۡ فَٱسۡتَبَقُواْ ٱلصِّرَٰطَ فَأَنَّىٰ يُبۡصِرُونَ ٦٦ထို့ပြင် အကယ်၍ ငါအရှင်မြတ် အလိုရှိ‌တော်မူလျှင် (‌လောက ကတည်းက) သူတို့၏မျက်စိများကို ကွယ်‌ပျောက်‌စေ‌တော်မူခဲ့မည်။ ထို့‌နောက် သူတို့သည် လမ်းကို ‌ပြေးကြမည်။ သို့ဖြစ်ရာ သူတို့သည် အဘယ်သို့ မြင်ကြရ‌တော့မည်နည်း။ وَلَوۡ نَشَآءُ لَمَسَخۡنَٰهُمۡ عَلَىٰ مَكَانَتِهِمۡ فَمَا ٱسۡتَطَٰعُواْ مُضِيًّا وَلَا يَرۡجِعُونَ ٦٧ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် သူတို့၏‌နေရာ၌ပင် သူတို့အား ပုံ‌ပြောင်းပစ်လိုက်‌တော်မူခဲ့မည်ဖြစ်သည်။ ထို့‌နောက် သူတို့သည် ‌ရှေ့သို့လည်းမသွားနိုင်၊ ‌နောက်သို့လည်း မဆုတ်နိုင်ဖြစ်ကြလိမ့်မည်။ وَمَن نُّعَمِّرۡهُ نُنَكِّسۡهُ فِي ٱلۡخَلۡقِۚ أَفَلَا يَعۡقِلُونَ ٦٨ထို့ပြင် ငါအရှင်မြတ်သည် အိုမင်းရင့်‌ရော်‌စေ‌တော်မူ‌သောသူကို သူ၏ဖန်ဆင်းမှုတွင် ‌ပြောင်းပြန်ဖြစ်‌စေ‌တော်မူလိုက်သည်။ (သူငယ်ပြန်‌စေ‌တော်မူလိုက်သည်)။ သို့ပါလျက် သူတို့သည် မသိနားမလည်ကြသ‌လော။ وَمَا عَلَّمۡنَٰهُ ٱلشِّعۡرَ وَمَا يَنۢبَغِي لَهُۥٓۚ إِنۡ هُوَ إِلَّا ذِكۡرٌ وَقُرۡءَانٌ مُّبِينٌ ٦٩ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)ကို ကဗျာသင်‌ပေးခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် ထိုကဗျာသည် ၎င်း(တမန်‌တော်)နှင့်လည်း မအပ်စပ်‌ပေ။ အမှန်စင်စစ် ထိုအရာသည် ဆုံးမဩဝါဒနှင့် ထင်ရှား‌သောကုရ်အာန်ကျမ်း‌တော်မြတ်ပင် ဖြစ်သည်။ لِّيُنذِرَ مَن كَانَ حَيًّا وَيَحِقَّ ٱلۡقَوۡلُ عَلَى ٱلۡكَٰفِرِينَ ٧٠(ထို ကုရ်အာန်သည်) ၎င်း(တမန်‌တော်)အ‌နေနှင့် (စိတ်နှလုံး)ရှင်သူများကို သတိ‌ပေးနှိုး‌ဆော်ရန်အတွက်နှင့် ကာဖိရ်များအ‌ပေါ်တွင် စွဲချက်အတည်ဖြစ်ရန်အတွက်ဖြစ်သည်။ أَوَلَمۡ يَرَوۡاْ أَنَّا خَلَقۡنَا لَهُم مِّمَّا عَمِلَتۡ أَيۡدِينَآ أَنۡعَٰمًا فَهُمۡ لَهَا مَٰلِكُونَ ٧١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အတွက် ငါအရှင်မြတ်၏လက်‌တော်နှင့် ပြုလုပ်‌တော်မူခဲ့‌သော အရာများထဲမှ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစာ္ဆန်များကို ဖန်ဆင်း‌တော်မူခဲ့သည့်အတွက် သူတို့သည် ထိုတိရစာ္ဆန်များကို ပိုင်ဆိုင်သူများ ဖြစ်သွားခဲ့ကြသည်ကို သူတို့ မမြင်ခဲ့ကြသ‌လော။ وَذَلَّلۡنَٰهَا لَهُمۡ فَمِنۡهَا رَكُوبُهُمۡ وَمِنۡهَا يَأۡكُلُونَ ٧٢ထို့ပြင် ငါအရှင်မြတ်သည် ထိုတိရစာ္ဆန်များအား အနွံအတာခံ‌စေ‌တော်မူခဲ့သည့်အတွက် ၎င်းတို့ထဲမှ အချို့မှာ သူတို့၏ အစီးအနင်းများဖြစ်‌နေကြသည်။ ထို့ပြင် ၎င်းတို့ထဲမှ အချို့ကို သူတို့စားသုံးကြသည်။ وَلَهُمۡ فِيهَا مَنَٰفِعُ وَمَشَارِبُۚ أَفَلَا يَشۡكُرُونَ ٧٣ထို့ပြင် သူတို့အတွက် ထိုအထဲတွင် အခြား‌ကျေးဇူးများနှင့် ‌သောက်သုံးစရာများလည်းရှိကြသည်။ ထို့‌နောက်လည်း သူတို့သည် ‌ကျေးဇူးမတင်ကြသ‌လော။ وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةً لَّعَلَّهُمۡ يُنصَرُونَ ٧٤ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာများကို သူတို့သည် ကူညီကြရလိမ့်မည်ထင်ပြီး သတ်မှတ်ခဲ့ကြသည်။ لَا يَسۡتَطِيعُونَ نَصۡرَهُمۡ وَهُمۡ لَهُمۡ جُندٌ مُّحۡضَرُونَ ٧٥ထိုကိုးကွယ်ရာများသည် သူတို့အား မကူညီနိုင်သည့်အပြင် (သူတိုု့ကိုယ်သူတို့ပင် မကူညီနိုင်၍) သူတို့သည်ပင် ထိုကိုးကွယ်ရာများ(အား မွမ်းမံပြုပြင်‌ပေးရန်၊ ကာကွယ်‌စောင့်‌ရှောက်‌ပေးရန်၊ မ‌ကောင်း‌ပြောခံရလျှင် ကိုယ်စားပြန်‌ပြော‌ပေးကြရန်)အတွက် ‌ရှေ့၌ အသင့်‌ရောက်ရှိ‌နေကြရ‌သော အုပ်စုတပ်သားများ ဖြစ်‌နေကြရသည်။ فَلَا يَحۡزُنكَ قَوۡلُهُمۡۘ إِنَّا نَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَ ٧٦သို့ဖြစ်ရာ သူတို့၏‌ပြောဆိုမှုသည် အသင့်အား စိတ်မဆင်းရဲ‌စေနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ လျှို့ဝှက်သမျှနှင့် သူတို့ထုတ်‌ဖော်သမျှကို သိရှိ‌တော်မူသည်။ أَوَلَمۡ يَرَ ٱلۡإِنسَٰنُ أَنَّا خَلَقۡنَٰهُ مِن نُّطۡفَةٍ فَإِذَا هُوَ خَصِيمٌ مُّبِينٌ ٧٧လူသားသည် စဉ်းစားမကြည့်ခဲ့သ‌လော။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူ့အား သုက်ရည်တစ်စက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် ချက်ချင်းပင် သူသည် ထင်ရှား‌သော ငြင်းခံသူဖြစ်လာခဲ့သည်။ وَضَرَبَ لَنَا مَثَلًا وَنَسِيَ خَلۡقَهُۥۖ قَالَ مَن يُحۡيِ ٱلۡعِظَٰمَ وَهِيَ رَمِيمٌ ٧٨ထို့ပြင် လူသားသည် ငါအရှင်မြတ်နှင့်ပတ်သက်၍ ပမာတစ်ခု ခိုင်းနှိုင်း‌ပြောဆိုခဲ့သည်။ ထို့ပြင် သူသည် သူဖန်ဆင်းခြင်းခံရသည့်အဖြစ်ကို ‌မေ့သွားခဲ့သည်။ သူက “အရိုးများသည် ‌ဆွေးမြည့်သွားသည့်အခါ မည်သူက ထိုအရိုးများအား ရှင်‌စေဦးမည်နည်း“ဟု ခိုင်းနှိုင်း‌ပြောဆိုခဲ့သည်။ قُلۡ يُحۡيِيهَا ٱلَّذِيٓ أَنشَأَهَآ أَوَّلَ مَرَّةٍۖ وَهُوَ بِكُلِّ خَلۡقٍ عَلِيمٌ ٧٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ပထမအကြိမ် ထိုအရိုးများကို ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်မြတ်ပင် ထိုအရိုးများကို ရှင်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် ဖန်ဆင်းနည်းမျိုးစုံကိုလည်း အလွန်သိရှိ‌တော်မူ‌သော အရှင်ပင်ဖြစ်‌တော်မူသည်။ ٱلَّذِي جَعَلَ لَكُم مِّنَ ٱلشَّجَرِ ٱلۡأَخۡضَرِ نَارًا فَإِذَآ أَنتُم مِّنۡهُ تُوقِدُونَ ٨٠အကြင်အရှင်မြတ်သည် စိမ်းစို‌သောသစ်ပင်မှ အသင်တို့အတွက် မီးကို ဖန်ဆင်း‌တော်မူခဲ့သည့်အတွက် အသင်တို့သည် (အချင်းချင်းပင်) ထိုသစ်ပင်မှ မီး‌မွှေး‌နေကြသည်။ أَوَلَيۡسَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِقَٰدِرٍ عَلَىٰٓ أَن يَخۡلُقَ مِثۡلَهُمۚ بَلَىٰ وَهُوَ ٱلۡخَلَّٰقُ ٱلۡعَلِيمُ ٨١ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်သည် သူတိုု့ကဲ့သို့လူမျိုးကို (‌နောက်တစ်ကြိမ်)ဖန်ဆင်းရန် တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်မြတ် မဟုတ်သ‌လော။ အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း၊ အမှန်ပင် အရှင်မြတ်သည် အကြိမ်ကြိမ်ဖန်ဆင်း‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّمَآ أَمۡرُهُۥٓ إِذَآ أَرَادَ شَيۡـًٔا أَن يَقُولَ لَهُۥ كُن فَيَكُونُ ٨٢အရှင်မြတ်၏အမိန့်ကမူ တစ်စုံတစ်ခုကို အရှင်မြတ်သည် (ဖန်ဆင်း‌တော်မူရန်)ရည်ရွယ်‌တော်မူလျှင် ထိုအရာကို“ဖြစ်‌စေ“ဟု မိန့်လိုက်ရုံပင်ဖြစ်သည်။ ထို့‌နောက် ထိုအရာသည် ဖြစ်လာ‌တော့သည်။ فَسُبۡحَٰنَ ٱلَّذِي بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٍ وَإِلَيۡهِ تُرۡجَعُونَ ٨٣သို့ဖြစ်ရာ အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူပါသည်။ ထိုအရှင်၏လက်ထဲတွင် အရာအားလုံး၏ စိုးမိုးအုပ်ချုပ်မှုအာဏာရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်သွားကြရမည်ဖြစ်သည်။

Translation: Hashim Tin Myint.