Millat al-Islam

Chapter 91 · 15 verses · Hashim Tin Myint

Surah Ash-Shams in Burmese

Arabic with tafsir Listen to Surah Ash-Shams (1346 reciters)
Meccanسورة الشمس15 verses

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلشَّمۡسِ وَضُحَىٰهَا ١(ငါအရှင်မြတ်သည်)‌နေနှင့် ထို‌နေ၏ အလင်း‌ရောင် အပူရှိန်ကို သက်‌သေထူ‌တော်မူသည်။ وَٱلۡقَمَرِ إِذَا تَلَىٰهَا ٢ထို့ပြင် ထို‌နေ၏ ‌နောက်မှ လသည် လိုက်သည့်အခါ ထိုလကို သက်‌သေထူ‌တော်မူသည်။ وَٱلنَّهَارِ إِذَا جَلَّىٰهَا ٣ထို့ပြင် ‌နေ့သည် ‌နေကို ‌တောက်ပ‌စေသည့်အခါ ထို‌နေ့ကို သက်‌သေထူ‌တော်မူသည်။ وَٱلَّيۡلِ إِذَا يَغۡشَىٰهَا ٤ထို့ပြင် ညသည် ‌နေကို ဖုံးလွှမ်းသည့်အခါ ထိုညကို သက်‌သေထူ‌တော်မူသည်။ وَٱلسَّمَآءِ وَمَا بَنَىٰهَا ٥ထို့ပြင် မိုး‌ကောင်းကင်နှင့် ထိုမိုး‌ကောင်းကင်ကို ပြုလုပ်ဖန်ဆင်း‌တော်မူ‌သောအရှင်ကိုပါ သက်‌သေထူ‌တော်မူသည်။ وَٱلۡأَرۡضِ وَمَا طَحَىٰهَا ٦ထို့ပြင် (ငါအရှင်မြတ်သည်) ‌မြေပထဝီနှင့် ထို‌မြေပထဝီကိုဖြန့်ခင်း‌တော်မူ‌သောအရှင်ကို သက်‌သေထူ‌တော်မူသည်။ وَنَفۡسٍ وَمَا سَوَّىٰهَا ٧ထို့ပြင် အသက်ဝိညာဉ်နှင့် ထိုအသက်ဝိညာဉ်ကိုစုံလင်‌အောင်ပြုလုပ်‌တော်မူ‌သောအရှင်ကို သက်‌သေထူ‌တော်မူသည်။ فَأَلۡهَمَهَا فُجُورَهَا وَتَقۡوَىٰهَا ٨ထို့‌နောက် အရှင်မြတ်သည် ထိုအသက်ဝိညာဉ်ထဲသို့ ထိုအသက်ဝိညာဉ်၏ မ‌ကောင်းမှု(၏အသိစိတ်)နှင့် ‌ကောင်းမှု(၏အသိစိတ်)ကို ထည့်သွင်း‌တော်မူခဲ့သည်။ ###၁ قَدۡ أَفۡلَحَ مَن زَكَّىٰهَا ٩အမှန်စင်စစ် ထိုအသက်ဝိညာဉ်ကို သန့်ရှင်းစင်ကြယ်‌အောင်လုပ်ခဲ့သူသည် ‌အောင်မြင်ခဲ့ပြီဖြစ်သည်။ وَقَدۡ خَابَ مَن دَسَّىٰهَا ١٠ထို့ပြင် ထိုအသက်ဝိညာဉ်ကို (မ‌ကောင်းမှုများထဲတွင်)နစ်မွန်း‌စေခဲ့သည့်သူသည် ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်သည်။ كَذَّبَتۡ ثَمُودُ بِطَغۡوَىٰهَآ ١١ဆမူဒ်အမျိုးသားတို့သည် သူတို့၏ဆိုးသွမ်းမှုနှင့် (တမန်‌တော်စွာ‌လေ့ဟ်ကို)မဟုတ်မမှန်ငြင်းပယ်ခဲ့ကြသည်။ إِذِ ٱنۢبَعَثَ أَشۡقَىٰهَا ١٢တစ်ခါက သူတို့ထဲမှ နဖူးစာအဆိုးဆုံးသူသည် တရှိန်ထိုးထွက်‌ပေါ်လာခဲ့သည်။ فَقَالَ لَهُمۡ رَسُولُ ٱللَّهِ نَاقَةَ ٱللَّهِ وَسُقۡيَٰهَا ١٣သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်က သူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မကို(သတ်ဖြတ်ခြင်းမှ)သာမကသူ‌ရေ‌သောက်ခြင်းကို(တားမြစ်ခြင်းမှ)လည်း(‌ရှောင်ကြဉ်ကြပါ”ဟု)‌ပြောဆိုခဲ့သည်။ فَكَذَّبُوهُ فَعَقَرُوهَا فَدَمۡدَمَ عَلَيۡهِمۡ رَبُّهُم بِذَنۢبِهِمۡ فَسَوَّىٰهَا ١٤ထို့‌နောက် သူတို့သည် ၎င်း(တမန်‌တော်)ကို မဟုတ်မမှန်ဟု ငြင်းပယ်၍ ထိုကုလားအုတ်မ၏ ‌ခြေများကို ဖြတ်‌တောက်(၍သတ်ဖြတ်)ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က သူတို့အ‌ပေါ်တွင် သူတို့၏ ပြစ်မှုများ‌ကြောင့် ပြစ်ဒဏ်ကိုချမှတ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုပြစ်ဒဏ်ကို အားလုံးအ‌ပေါ်တညီတညာတည်း ပြုလုပ်ချ‌ပေး‌တော်မူလိုက်သည်။ وَلَا يَخَافُ عُقۡبَٰهَا ١٥ထို့ပြင် အရှင်မြတ်သည် ထိုပြစ်ဒဏ်၏ ‌နောက်ဆက်တွဲ (ဖြစ်‌ပေါ်လာမည့် တုံ့ပြန်မှု)ကို လုံးဝ စိုးရိမ်‌တော်မမူ‌ပေ။

Translation: Hashim Tin Myint.