بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
حمٓ ١ဟာမီမ်။ تَنزِيلُ ٱلۡكِتَٰبِ مِنَ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ٢(ဤသည်) တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့်အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှ ချပေးသနားတော်မူသော ကျမ်းဂန်ဖြစ်သည်။ مَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّ وَأَجَلٍ مُّسَمًّىۚ وَٱلَّذِينَ كَفَرُواْ عَمَّآ أُنذِرُواْ مُعۡرِضُونَ ٣ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှတို့အား တိကျမှန်ကန်မှုဖြင့် ဖန်ဆင်းတော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ငြင်းပယ်သည့်သူများသည် သူတို့ သတိပေးနှိုးဆော်ခံကြရခြင်းများမှ မျက်နှာလွှဲနေကြသည်။ قُلۡ أَرَءَيۡتُم مَّا تَدۡعُونَ مِن دُونِ ٱللَّهِ أَرُونِي مَاذَا خَلَقُواْ مِنَ ٱلۡأَرۡضِ أَمۡ لَهُمۡ شِرۡكٌ فِي ٱلسَّمَٰوَٰتِۖ ٱئۡتُونِي بِكِتَٰبٍ مِّن قَبۡلِ هَٰذَآ أَوۡ أَثَٰرَةٍ مِّنۡ عِلۡمٍ إِن كُنتُمۡ صَٰدِقِينَ ٤(အို-တမန်တော်)အသင်ပြောလိုက်ပါ-အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်ခေါ်တသကြသည့်အရာများနှင့်ပတ်သက်၍ အသင်တို့အနေနှင့် စဉ်းစားကြည့်ကြ၏လော၊ ထိုအရာများသည် မည်သည့်မြေကို ဖန်ဆင်းခဲ့ကြသနည်းဆိုသည်ကို၊ သို့မဟုတ် မိုးကောင်းကင်များတွင် (မည်သည့်နေရာတွင်)ဖက်စပ်ပါဝင်မှုရှိနေသနည်းဆိုသည်ကို ငါ့အားပြကြပါ။ အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤကျမ်းမတိုင်မီ ကျရောက်ခဲ့သောကျမ်းဂန်တစ်စုံတစ်ခုကိုဖြစ်စေ၊ (အဆင့်ဆင့်ရောက်လာခဲ့သည့်)အသိပညာထဲမှ အထောက်အထားတစ်စုံတစ်ခုကိုဖြစ်စေ ငါ့ထံသို့ယူလာကြပါ။ وَمَنۡ أَضَلُّ مِمَّن يَدۡعُواْ مِن دُونِ ٱللَّهِ مَن لَّا يَسۡتَجِيبُ لَهُۥٓ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ وَهُمۡ عَن دُعَآئِهِمۡ غَٰفِلُونَ ٥ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူများကို ဟစ်ခေါ်သူထက်ပို၍ လမ်းမှားသည့်သူ မည်သူရှိမည်နည်း။ ထို(ဟစ်ခေါ်ခြင်းခံရသည့်)သူများသည် သူ(၏ ဟစ်ခေါ်မှု)ကို ကိယာမသ်နေ့ထိ ဖြေကြားကြမည်လည်း မဟုတ်သည့်အပြင် သူတို့သည် ထိုသူတို့၏ ဟစ်ခေါ်မှုကိုပင် သိလိုက်ကြမည်မဟုတ်ပေ။ ###၁ وَإِذَا حُشِرَ ٱلنَّاسُ كَانُواْ لَهُمۡ أَعۡدَآءً وَكَانُواْ بِعِبَادَتِهِمۡ كَٰفِرِينَ ٦ထို့ပြင် လူများသည် စုရုံးခြင်းခံကြရသောအခါ သူတို့(၏ကိုးကွယ်ရာများ)သည် သူတို့၏ ရန်သူများပင် ဖြစ်သွားကြလိမ့်မည်။ ထို့ပြင် ထို(ကိုးကွယ်ရာ)များသည် သူတို့၏ ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြလိမ့်မည်။ وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٍ قَالَ ٱلَّذِينَ كَفَرُواْ لِلۡحَقِّ لَمَّا جَآءَهُمۡ هَٰذَا سِحۡرٌ مُّبِينٌ ٧ထို့ပြင် သူတို့ရှေ့၌ ငါအရှင်မြတ်၏ ထင်ရှားလျက်ရှိသည့် အာယသ်တော်များကို ဖတ်ကြားခြင်းခံရသည့်အခါ ငြင်းပယ်သူများက အမှန်တရား(ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်)နှင့် ပတ်သက်၍ ထိုအမှန်တရားသည် သူတို့ထံ ရောက်လာသည့်အခါ “ဤသည် ထင်ရှားသော မှော်အတတ်ပညာဖြစ်သည်”ဟု ပြောဆိုကြသည်။ أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ إِنِ ٱفۡتَرَيۡتُهُۥ فَلَا تَمۡلِكُونَ لِي مِنَ ٱللَّهِ شَيۡـًٔاۖ هُوَ أَعۡلَمُ بِمَا تُفِيضُونَ فِيهِۚ كَفَىٰ بِهِۦ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡۖ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ ٨သူတို့က ၎င်း(တမန်တော်မုဟမ်္မဒ်(ဆွ))သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို လုပ်ကြံဖန်တီးထားသည်ဟု ပြောဆိုကြသလော။ (အို-တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ ငါသည် ထိုအရာကို လုပ်ကြံဖန်တီးထားလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား မည်သည့်အရာတစ်ခုမျှ မကယ်နိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ အသင်တို့ ပြောဆိုထိုးနှက်နေကြသည်ကို အရှင်မြတ်သည် အသိဆုံးပင်ဖြစ်တော်မူသည်။ အရှင်မြတ်ပင် အသင်တို့နှင့် ငါ၏ အကြားတွင် သက်သေအဖြစ် လုံလောက်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ قُلۡ مَا كُنتُ بِدۡعًا مِّنَ ٱلرُّسُلِ وَمَآ أَدۡرِي مَا يُفۡعَلُ بِي وَلَا بِكُمۡۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّ وَمَآ أَنَا۠ إِلَّا نَذِيرٌ مُّبِينٌ ٩(အို-တမန်တော်)အသင်ပြောလိုက်ပါ- ကျွန်ုပ်သည် တမန်တော်များထဲမှ အသစ်အဆန်းမဟုတ်ပေ။ ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ အသင်တို့နှင့် ပတ်သက်၍သော်လည်းကောင်း မည်သို့ပြုလုပ်ခြင်းခံရမည်ဆိုသည်ကို မသိပေ။ ကျွန်ုပ်သည် ကျွန်ုပ်၏ထံသို့ ထုတ်ပြန်ခြင်းခံရသော ဝဟီအမိန့်တော်ကိုပင် လိုက်နာခြင်းဖြစ်သည်။ ထို့ပြင် ကျွန်ုပ်သည် ရှင်းလင်းထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦးမှလွဲ၍ အခြားမည်သည့်အရာမျှမဟုတ်ပေ။ قُلۡ أَرَءَيۡتُمۡ إِن كَانَ مِنۡ عِندِ ٱللَّهِ وَكَفَرۡتُم بِهِۦ وَشَهِدَ شَاهِدٌ مِّنۢ بَنِيٓ إِسۡرَٰٓءِيلَ عَلَىٰ مِثۡلِهِۦ فَـَٔامَنَ وَٱسۡتَكۡبَرۡتُمۡۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٠(အို-တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကျွန်ုပ်အားပြောပြကြပါ။ အကယ်၍ ဤကျမ်းတော်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျမ်းဂန်ဖြစ်နေပြီး အသင်တို့သည် ထိုကျမ်းတော်ကို ငြင်းပယ်လျက်ရှိနေကြဦးမည်ဆိုလျှင် (အသင်တို့၏အခြေအနေ မည်သို့ဖြစ်သွားမည်နည်း)။ ထို့ပြင် အစ္စရာအီလ်မျိုးနွယ်ဝင်များထဲမှ သက်သေခံသူတစ်ဦးက (သောင်ရာသ်ကျမ်းသည် အရှင်မြတ်ထံတော်မှချပေးသော ကျမ်းဖြစ်ခဲ့သကဲ့သို့) ထိုသို့ကျမ်းမျိုးပင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်လည်း အရှင်မြတ်ထံတော်မှပင် ချပေးသည့်ကျမ်းဖြစ်သည်)ဟု သက်သေထူခဲ့သည်။ ###၂ ထို့နောက် သူသည် အီမာန်ယူခဲ့သည်။ ထို့ပြင် အသင်တို့ကမူ မာနထောင်နေကြဆဲပင်ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မတရားသည့်အမျိုးသားများကို တရားလမ်းမှန်ကို ပို့တော်မမူပေ။ وَقَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُواْ لَوۡ كَانَ خَيۡرًا مَّا سَبَقُونَآ إِلَيۡهِۚ وَإِذۡ لَمۡ يَهۡتَدُواْ بِهِۦ فَسَيَقُولُونَ هَٰذَآ إِفۡكٌ قَدِيمٌ ١١ထို့ပြင် ငြင်းပယ်သည့်သူများက ယုံကြည်သူများကို ပြောဆိုကြသည်။ အကယ်၍ ၎င်းကုရ်အာန်သည် ကောင်းမြတ်သောအရာတစ်စုံတစ်ခုဖြစ်ခဲ့လျှင် သူတို့သည် ငါတို့ထက်စောပြီး ထိုကုရ်အာန်ကို ယုုံကြည်နိုင်ကြမည်မဟုတ်ပေ။ ထို့နောက် သူတို့သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသည့်အခါ သူတို့က ဤသည် ရှေးဟောင်းမုသားအလိမ်အညာတစ်ခုပင်ဖြစ်သည်ဟု မကြာမီပြောဆိုကြလိမ့်မည်။ وَمِن قَبۡلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامًا وَرَحۡمَةًۚ وَهَٰذَا كِتَٰبٌ مُّصَدِّقٌ لِّسَانًا عَرَبِيًّا لِّيُنذِرَ ٱلَّذِينَ ظَلَمُواْ وَبُشۡرَىٰ لِلۡمُحۡسِنِينَ ١٢ထို့ပြင် ဤကုရ်အာန် ကျမ်းတော်မြတ် မတိုင်မီ (တမန်တော်)မူစာ၏ ကျမ်းဂန် (သောင်ရာသ်)သည် ရှေ့ဆောင်လမ်းပြအဖြစ်နှင့် ကရုဏာအဖြစ်ရှိခဲ့သည်။ ထို့ပြင် ဤကျမ်းဂန်သည် (ထိုသောင်ရာသ်ကျမ်းကို) ထောက်ခံသော ကျမ်းဂန်ဖြစ်ပြီး ###၃ မတရားကျူးလွန်သည့်သူများကို သတိပေးနှိုးဆော်ရန်နှင့် ကောင်းကျိုးပြုသူများအတွက် သတင်းကောင်းဖြစ်ရန်(စာပေအဆင့်အတန်းမြင့်ပြီး စကားကြွယ်သော)အရဗီဘာသာစကားနှင့် ထုတ်ပြန်ထားသည်။ إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ١٣အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်တော်မူသည်ဟု ပြောဆိုကြပြီးနောက် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသည့်သူများတွင် မည်သည့်စိုးရိမ်စရာမှ ရှိမည်မဟုတ်ပေ။ ထို့ပြင် မည်သည့်ပူဆွေးမှုမှလည်း ဖြစ်ကြရမည်မဟုတ်ပေ။ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِ خَٰلِدِينَ فِيهَا جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ ١٤သူတို့သည် သူတို့ပြုလုပ်ခဲ့ကြသည့်အရာများ၏ အစားအဖြစ် ဂျန္နသ်သုခဘုံထဲတွင် အမြဲနေရမည့် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။ وَوَصَّيۡنَا ٱلۡإِنسَٰنَ بِوَٰلِدَيۡهِ إِحۡسَٰنًاۖ حَمَلَتۡهُ أُمُّهُۥ كُرۡهًا وَوَضَعَتۡهُ كُرۡهًاۖ وَحَمۡلُهُۥ وَفِصَٰلُهُۥ ثَلَٰثُونَ شَهۡرًاۚ حَتَّىٰٓ إِذَا بَلَغَ أَشُدَّهُۥ وَبَلَغَ أَرۡبَعِينَ سَنَةً قَالَ رَبِّ أَوۡزِعۡنِيٓ أَنۡ أَشۡكُرَ نِعۡمَتَكَ ٱلَّتِيٓ أَنۡعَمۡتَ عَلَيَّ وَعَلَىٰ وَٰلِدَيَّ وَأَنۡ أَعۡمَلَ صَٰلِحًا تَرۡضَىٰهُ وَأَصۡلِحۡ لِي فِي ذُرِّيَّتِيٓۖ إِنِّي تُبۡتُ إِلَيۡكَ وَإِنِّي مِنَ ٱلۡمُسۡلِمِينَ ١٥ထို့ပြင် ငါအရှင်မြတ်သည် လူသားကို သူ၏ မိဘနှစ်ပါးနှင့် ပတ်သက်၍ ကောင်းမွန်စွာပြုစုဆက်ဆံရန် လေးနက်စွာအမိန့်ပေးတော်မူခဲ့သည်။ သူ၏ မိခင်သည် သူ့အားဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့် လွယ်ပိုက်ခဲ့သည်။ ထို့ပြင် ဒုက္ခပင်ပန်းမှုနှင့်သာ မွေးဖွားခဲ့သည်။ ထို့ပြင် သူ့အား လွယ်ပိုက်ခြင်းနှင့် သူ့အားနို့ဖြတ်ခြင်းသည် လပေါင်းသုံးဆယ်ဖြစ်သည်။ နောက်ဆုံးတွင် ထိုလူသားသည် သူ၏လူလားမြောက်သည့်အရွယ်ရောက်ရှိပြီး အသက်လေးဆယ်ရောက်သည့်အခါ (ဤသို့)လျှောက်ထားပန်ကြားသည်။ အို-ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏မိဘနှစ်ပါးအပေါ်တွင် အရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်နှင့် ပတ်သက်၍ ကျွန်ုပ်အား အမြဲကျေးဇူး သိတတ်စေခြင်း၏အသိတရားကို ထည့်ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်ုပ်အား အမြဲပြုလုပ်နိုင်သောအင်အား ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အတွက် ကျွန်ုပ်၏သားမြေးများကိုလည်း ကောင်းမွန်(သည့်အရည်အချင်းရှိ)အောင်ပြုပြင်ပေးသနားတော်မူပါ။ အမှန်စင်စစ် ကျွန်ုပ်သည် အရှင်မြတ်ထံတော်တွင် ဝန်ချတောင်းပန်ပါသည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် (အလ္လာဟ်အရှင်မြတ်၏)အမိန့်တော်ကို လိုက်နာသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ###၄ أُوْلَٰٓئِكَ ٱلَّذِينَ نَتَقَبَّلُ عَنۡهُمۡ أَحۡسَنَ مَا عَمِلُواْ وَنَتَجَاوَزُ عَن سَيِّـَٔاتِهِمۡ فِيٓ أَصۡحَٰبِ ٱلۡجَنَّةِۖ وَعۡدَ ٱلصِّدۡقِ ٱلَّذِي كَانُواْ يُوعَدُونَ ١٦ထိုသူများသည် အကြင်သူများပင် ဖြစ်ကြသည်။ သူတို့ထံမှ သူတို့၏ ကောင်းမြတ်သည့်လုပ်ရပ်များကို ငါအရှင်မြတ်သည် သဘောတူလက်ခံတော်မူမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏အပြစ်များကို (အရေးမယူဘဲ)လျစ်လျူရှုတော်မူမည်။ (သူတို့သည်) ဂျန္နသ်သုခဘုံသားများထဲတွင် အပါအဝင်ဖြစ်ကြလိမ့်မည်။ (ဤသည်) သူတို့ ကတိပေးခြင်းခံကြရသောမှန်ကန်သည့် ကတိပင်ဖြစ်သည်။ وَٱلَّذِي قَالَ لِوَٰلِدَيۡهِ أُفٍّ لَّكُمَآ أَتَعِدَانِنِيٓ أَنۡ أُخۡرَجَ وَقَدۡ خَلَتِ ٱلۡقُرُونُ مِن قَبۡلِي وَهُمَا يَسۡتَغِيثَانِ ٱللَّهَ وَيۡلَكَ ءَامِنۡ إِنَّ وَعۡدَ ٱللَّهِ حَقٌّ فَيَقُولُ مَا هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ١٧ထို့ပြင် အကြင်သူသည် သူ၏မိဘနှစ်ပါးကို ပြောဆိုသည်-အသင်တို့နှစ်ဦးအတွက် ရှက်စရာပင်ဖြစ်သည်။ အသင်တို့နှစ်ဦးသည် ကျွန်ုပ်ကို (သချုႋင်းထဲမှ)ကျွန်ုပ်ပြန်ထွက်စေခြင်းကို ခံရမည်ဟု ခြိမ်းခြောက်ကြသလော။ ထို့ပြင် ကျွန်ုပ်မတိုင်မီ လူမျိုးဆက်များသည် အမှန်ပင်ကုန်လွန်ခဲ့ပြီဖြစ်သည်။ ###၅ ထို့နောက်လည်း ထိုမိဘနှစ်ပါးသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဟစ်အော်ငိုကြွေး အကူအညီတောင်းခံလျက်ရှိကြသည်။ ###၆ (၎င်းနောက် ထိုသားသမီးကို ပြောဆိုသည်)။ အသင်သည် ပျက်စီးရလေခြင်းပင်၊ အသင်သည် အီမာန်ယုံကြည်လိုက်ပါ။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်၏ချိန်းဆိုမှုကတိသည် မှန်ကန်သည်။ သူကပြောဆိုသည်-ဤသည် ရှေးလူဟောင်းများ၏ပုံပြင်များပင်ဖြစ်သည်။ أُوْلَٰٓئِكَ ٱلَّذِينَ حَقَّ عَلَيۡهِمُ ٱلۡقَوۡلُ فِيٓ أُمَمٍ قَدۡ خَلَتۡ مِن قَبۡلِهِم مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ إِنَّهُمۡ كَانُواْ خَٰسِرِينَ ١٨ဤသူများသည် အကြင်သူများပင်ဖြစ်ကြသည်၊ ထိုသူများသည် ဂျင်န်များနှင့် လူများထဲမှစင်စစ်ကုန်လွန်ပြီးဖြစ်သော အမျိုးသားများနှင့် အတူ သူတို့နှင့် ပတ်သက်သော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည် အမှန်ဖြစ်ခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ဆုံးရှုံးသူများပင်ဖြစ်ကြသည်။ وَلِكُلٍّ دَرَجَٰتٌ مِّمَّا عَمِلُواْۖ وَلِيُوَفِّيَهُمۡ أَعۡمَٰلَهُمۡ وَهُمۡ لَا يُظۡلَمُونَ ١٩ထို့ပြင် လူတိုင်းအတွက် သူတို့ပြုလုပ်ခဲ့ကြသောလုပ်ရပ်များနှင့် အညီ အဆင့်အတန်းများရှိသည်။ ထို့ပြင် (အရှင်မြတ်၏ ဤသို့ အကျိုးပေးတော်မူခဲ့ခြင်းမှာ)အရှင်မြတ်သည် သူတို့အား သူတို့၏ လုပ်ရပ်များအစား သူတို့သည် မတရားပြုလုပ်ခြင်းကို မခံကြရဘဲလျက် အပြည့်အဝပေးတော်မူရန်အတွက်ဖြစ်သည်။ وَيَوۡمَ يُعۡرَضُ ٱلَّذِينَ كَفَرُواْ عَلَى ٱلنَّارِ أَذۡهَبۡتُمۡ طَيِّبَٰتِكُمۡ فِي حَيَاتِكُمُ ٱلدُّنۡيَا وَٱسۡتَمۡتَعۡتُم بِهَا فَٱلۡيَوۡمَ تُجۡزَوۡنَ عَذَابَ ٱلۡهُونِ بِمَا كُنتُمۡ تَسۡتَكۡبِرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَبِمَا كُنتُمۡ تَفۡسُقُونَ ٢٠ထို့ပြင် ငြင်းပယ်သည့်သူများသည် ငရဲမီး၏ရှေ့တွင် ယူဆောင်လာခြင်းခံကြရသည့်အခါ (ဤသို့မိန့်ကြားခံကြရမည်)၊ အသင်တို့သည် အသင်တို့၏ လောကီဘဝ၌ပင် အသင်တို့၏ ကောင်းမြတ်သည့်အရာ စည်းစိမ်ချမ်းသာမှုများကို ဖြုန်းတီးခဲ့ကြပြီးဖြစ်သည်။ ထိုအရာများနှင့် အကျိုးလည်းခံစားခဲ့ကြပြီးဖြစ်သည်။သို့ဖြစ်ရာ ယနေ့မူ အသင်တို့သည် မြေပထဝီတွင် အသင်တို့ မတရားမာနထောင်ခဲ့ကြသည့်အတွက်နှင့်အမိန့်တော်ကို သွေဖည်လျက်ရှိခဲ့ကြသည့်အတွက် သေးသိမ်စေသောပြစ်ဒဏ်ကို အစားပေးခြင်းခံကြရမည်ဖြစ်သည်။ ۞ وَٱذۡكُرۡ أَخَا عَادٍ إِذۡ أَنذَرَ قَوۡمَهُۥ بِٱلۡأَحۡقَافِ وَقَدۡ خَلَتِ ٱلنُّذُرُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦٓ أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٍ ٢١ထို့ပြင် အသင်(တမန်တော်) သည် အာဒ်အမျိုးသားများ၏နောင်တော်(တမန်တော်ဟူဒ်)၏အကြောင်းကို ပြောပြလိုက်ပါ။ တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို အဟ်ကာဖ်ဆိုသော သဲတောင်ကုန်းများတွင် သတိပေးနှိုးဆော်ခဲ့သည်။ (ဤဖြစ်စဉ်ကို အကြောင်းပြုပြီး ဤစူရဟ်ကို အဟ်ကာဖ် ဟုအမည်ပေးထားခြင်းဖြစ်သည်။) ထို့ပြင် ထိုနောင်တော်၏ မတိုင်မီသာမက ၎င်း၏နောက်တွင်လည်း သတိပေးနှိုးဆော်သူများသည် အမှန်ပင်လွန်ခဲ့ပြီးဖြစ်သည်။ (၎င်းကပြောသည်)- အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှလွဲ၍ အခြားမည်သူ့ကိုမှ မကိုးကွယ်ကြနှင့်။ အမှန်စင်စစ် ငါသည် အသင်တို့နှင့် ပတ်သက်၍ ကြီးကျယ်သည့်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်သည်။ قَالُوٓاْ أَجِئۡتَنَا لِتَأۡفِكَنَا عَنۡ ءَالِهَتِنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٢٢သူတို့က ပြောဆိုကြသည်။ အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာများမှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံသို့လာခဲ့သလော။ သို့ဖြစ်ရာ အသင်သည် မှန်ကန်သူတစ်ဦးဖြစ်ခဲ့လျှင်အသင် ကျွန်ုပ်တို့အား ကတိပြုခြိမ်းခြောက်နေသည့်အရာ (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံသို့ ယူဆောင်လာခဲ့ပါ။ قَالَ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَأُبَلِّغُكُم مَّآ أُرۡسِلۡتُ بِهِۦ وَلَٰكِنِّيٓ أَرَىٰكُمۡ قَوۡمًا تَجۡهَلُونَ ٢٣၎င်းကပြောသည်-(အပြစ်ဒဏ်၏ )အသိပညာကမူ အလ္လာဟ်အရှင်မြတ်ထံတော်၌သာရှိသည်။ ထို့ပြင် ငါသည် အသင်တို့ထံသို့ ငါစေလွှတ်ခြင်းခံရသော အမိန့်တော်များကိုပင် ပို့ဆောင်ခြင်းဖြစ်သည်။ သို့ရာတွင် ငါသည်အသင်တို့အား အသိဉာဏ်မရှိသည့်သူများအဖြစ် တွေ့မြင်ရသည်။ فَلَمَّا رَأَوۡهُ عَارِضًا مُّسۡتَقۡبِلَ أَوۡدِيَتِهِمۡ قَالُواْ هَٰذَا عَارِضٌ مُّمۡطِرُنَاۚ بَلۡ هُوَ مَا ٱسۡتَعۡجَلۡتُم بِهِۦۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ ٢٤ထို့နောက် သူတို့သည် ထိုပြစ်ဒဏ်ကို သူတို့၏တောင်ကြားအရပ်များဘက် ဦးလှည့်လာသည့် မိုးတိမ်များအဖြစ် တွေ့မြင်ကြရသည့်အခါ သူတို့က ဤသည် ကျွန်ုပ်တို့အပေါ်ရွာချမည့် မိုးတိမ်ပင်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ထိုအရာသည် အသင်တို့ ဆောလျင်စွာ တောင်းဆိုခဲ့ကြသည့်အရာ(ပြစ်ဒဏ်)ပင်ဖြစ်သည်။ (ထိုအရာသည်) သူ၏အထဲတွင် အလွန်နာကျင်စေ၍ ပြစ်ဒဏ်ပါရှိသော လေပြင်းမုန်တိုင်း တစ်ခုဖြစ်သည်။ تُدَمِّرُ كُلَّ شَيۡءِۭ بِأَمۡرِ رَبِّهَا فَأَصۡبَحُواْ لَا يُرَىٰٓ إِلَّا مَسَٰكِنُهُمۡۚ كَذَٰلِكَ نَجۡزِي ٱلۡقَوۡمَ ٱلۡمُجۡرِمِينَ ٢٥ထိုလေသည် သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်နှင့် အရာအားလုံးကို ဖျက်ဆီးသည်။ ထို့ပြင် သူတို့အိမ်များမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မမြင်ရသည့်အဖြစ်သို့ ရောက်သွားခဲ့ကြသည်။ ငါအရှင်မြတ်သည် အပြစ်ရှိသူများကို ဤသို့ပင် အစားပေးတော်မူသည်။ وَلَقَدۡ مَكَّنَّٰهُمۡ فِيمَآ إِن مَّكَّنَّٰكُمۡ فِيهِ وَجَعَلۡنَا لَهُمۡ سَمۡعًا وَأَبۡصَٰرًا وَأَفۡـِٔدَةً فَمَآ أَغۡنَىٰ عَنۡهُمۡ سَمۡعُهُمۡ وَلَآ أَبۡصَٰرُهُمۡ وَلَآ أَفۡـِٔدَتُهُم مِّن شَيۡءٍ إِذۡ كَانُواْ يَجۡحَدُونَ بِـَٔايَٰتِ ٱللَّهِ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٢٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ပေးတော်မမူခဲ့သော စွမ်းရည်သတ္တိကိုပင် သူတို့အားပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကို ပေးသနားတော်မူခဲ့သည်။ ထို့နောက်လည်း သူတို့၏ နားများ၊ သူတို့၏ မျက်စိများနှင့် သူတို့၏စိတ်နှလုံးများသည် မည်သည့်အရာမျှ အသုံးမဝင်ခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို ငြင်းပယ်နေခဲ့ကြသောကြောင့်ဖြစ်သည်။ ထို့ပြင် သူတို့ ပြောင်လှောင်နေခဲ့ကြသောပြစ်ဒဏ်သည် သူတို့အား ဝန်းရံခဲ့သည်။ وَلَقَدۡ أَهۡلَكۡنَا مَا حَوۡلَكُم مِّنَ ٱلۡقُرَىٰ وَصَرَّفۡنَا ٱلۡأٓيَٰتِ لَعَلَّهُمۡ يَرۡجِعُونَ ٢٧ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်တွင်ရှိခဲ့သော မြို့ရွာများကို ဖျက်ဆီးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့(၏တွဲဖက်ကိုးကွယ်မှုများကိုစွန့်ပြီး)ပြန်လှည့်လာကြရန်အတွက် သက်သေလက္ခဏာများကို အမျိုးမျိုးပြောင်းလဲမိန့်ကြားပြသတော်မူခဲ့သည်။ فَلَوۡلَا نَصَرَهُمُ ٱلَّذِينَ ٱتَّخَذُواْ مِن دُونِ ٱللَّهِ قُرۡبَانًا ءَالِهَةَۢۖ بَلۡ ضَلُّواْ عَنۡهُمۡۚ وَذَٰلِكَ إِفۡكُهُمۡ وَمَا كَانُواْ يَفۡتَرُونَ ٢٨ထို့နောက် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး နီးကပ်မှုရှာဖွေရန်ကိုးကွယ်ရာများအဖြစ် သူတို့သတ်မှတ်ပြုလုပ်ခဲ့ကြသော ကိုးကွယ်ရာများသည် သူတို့အား အဘယ့်ကြောင့် မကူညီခဲ့ကြသနည်း။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ထိုကိုးကွယ်ရာများသည် သူတို့ထံမှ ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။ ထို့ပြင် ထိုအရာများသည် သူတို့၏ လိမ်လည်မုသားနှင့် သူတို့လုပ်ကြံဖန်တီးထားခဲ့သော အရာများပင်ဖြစ်သည်။ وَإِذۡ صَرَفۡنَآ إِلَيۡكَ نَفَرًا مِّنَ ٱلۡجِنِّ يَسۡتَمِعُونَ ٱلۡقُرۡءَانَ فَلَمَّا حَضَرُوهُ قَالُوٓاْ أَنصِتُواْۖ فَلَمَّا قُضِيَ وَلَّوۡاْ إِلَىٰ قَوۡمِهِم مُّنذِرِينَ ٢٩ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ဂျင်န်အုပ်စုတစ်ခုကို ကုရ်အာန်နားထောင်ကြရန်အတွက် အသင်(တမန်တော်)ရှိသည့်နေရာသို့ လှည့်ပေးလိုက်တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ၎င်း(တမန်တော်မြတ်)ထံသို့ ရောက်ရှိကြသည့်အခါ သူတို့က (သူတို့အချင်းချင်း) ဆိတ်ဆိတ်နေကြပါဟု ပြောဆိုခဲ့ကြသည်။ ထို့နောက် ထိုကုရ်အာန်ကျမ်းတော်မြတ်(ဖတ်ရွတ်မှု)ပြီးဆုံးသွားသည့်အခါ သူတို့သည် သူတို့၏ အမျိုးသားများထံသို့ သတိပေးနှိုးဆော်သူများအဖြစ် လှည့်ပြန်ခဲ့ကြသည်။ ###၇ قَالُواْ يَٰقَوۡمَنَآ إِنَّا سَمِعۡنَا كِتَٰبًا أُنزِلَ مِنۢ بَعۡدِ مُوسَىٰ مُصَدِّقًا لِّمَا بَيۡنَ يَدَيۡهِ يَهۡدِيٓ إِلَى ٱلۡحَقِّ وَإِلَىٰ طَرِيقٍ مُّسۡتَقِيمٍ ٣٠သူတို့(ဂျင်န်များ)က ပြောဆိုခဲ့ကြသည်-အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (တမန်တော်)မူစာ၏ နောက်တွင် ချပေးခြင်းခံရ၍ ၎င်း၏မတိုင်မီမှ ကျမ်းများကို ထောက်ခံလျက်ရှိသော ကျမ်းတစ်စောင်ကို ကြားခဲ့ကြရသည်။ ထိုကျမ်းသည် အမှန်တရားနှင့် ဖြောင့်မတ်မှန်ကန်သည့်လမ်းကို ညွှန်ကြားပြသသည်။ يَٰقَوۡمَنَآ أَجِيبُواْ دَاعِيَ ٱللَّهِ وَءَامِنُواْ بِهِۦ يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُجِرۡكُم مِّنۡ عَذَابٍ أَلِيمٍ ٣١အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်သော ၎င်း၏ဖိတ်ခေါ် ချက်ကို လက်ခံလိုက်ကြပါ။ ထို့ပြင် အသင်တို့သည် ထိုဖိတ်ခေါ်သူကို ယုံကြည်ကြပါ။ (သို့ဖြစ်လျှင်)အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာပေးသနားတော်မူမည့်အပြင် အရှင်မြတ်သည် အသင်တို့အား နာကျင်စေသောပြစ်ဒဏ်မှလည်းကာကွယ်စောင့်ရှောက်တော်မူမည်။ وَمَن لَّا يُجِبۡ دَاعِيَ ٱللَّهِ فَلَيۡسَ بِمُعۡجِزٍ فِي ٱلۡأَرۡضِ وَلَيۡسَ لَهُۥ مِن دُونِهِۦٓ أَوۡلِيَآءُۚ أُوْلَٰٓئِكَ فِي ضَلَٰلٍ مُّبِينٍ ٣٢ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သည့်သူ၏ ဖိတ်ခေါ်ချက်ကို လက်မခံခဲ့လျှင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား)ကမ္ဘာမြေတွင် မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်သည့်သူမဟုတ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူ့အတွက် ကာကွယ်စောင့်ရှောက်မည့်သူများလည်း မည်သူမျှရှိမည်မဟုတ်ပေ။ ထိုသူများသည် ထင်ရှားသည့်လမ်းမှားမှု၌ပင် ရှိနေကြသည်။ أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَلَمۡ يَعۡيَ بِخَلۡقِهِنَّ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰۚ بَلَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٣٣ထို့နောက် အမှန်စင်စစ် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခဲ့ပြီး ထိုအရာများကို ဖန်ဆင်းတော်မူခြင်းကြောင့် မောပန်းတော်မူခြင်းမရှိခဲ့သော အလ္လာဟ်အရှင်မြတ်သည် သေသူများအားရှင်စေခြင်းကို အလွန်စွမ်းဆောင်နိုင်သည့်အရှင်ဖြစ်တော်မူကြောင်း သူတို့သည် မစဉ်းစားမတွေ့မြင်ခဲ့ကြလေသလော။ အဘယ့်ကြောင့် မဟုတ်ရမည်နည်း။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးကို အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူသည်။ وَيَوۡمَ يُعۡرَضُ ٱلَّذِينَ كَفَرُواْ عَلَى ٱلنَّارِ أَلَيۡسَ هَٰذَا بِٱلۡحَقِّۖ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ٣٤ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် ငရဲမီး၏ရှေ့သို့ ယူဆောင်လာခြင်းခံကြရသည့်နေ့တွင် ဤသည် အမှန်ပင်မဟုတ်လေသလော(ဟုမေးမြန်းခြင်းခံကြရမည်)။ သူတို့က ပြောဆိုကြမည်- “ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကိုတိုင်တည်ပါသည်၊ ဟုတ်ပါသည်”။ အရှင်မြတ်က မိန့်တော်မူမည်- “သို့ဖြစ်လျှင် အသင်တို့သည် အသင်တို့ ငြင်းပယ်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ကိုမြည်းစမ်းလိုက်ကြပါ”။ فَٱصۡبِرۡ كَمَا صَبَرَ أُوْلُواْ ٱلۡعَزۡمِ مِنَ ٱلرُّسُلِ وَلَا تَسۡتَعۡجِل لَّهُمۡۚ كَأَنَّهُمۡ يَوۡمَ يَرَوۡنَ مَا يُوعَدُونَ لَمۡ يَلۡبَثُوٓاْ إِلَّا سَاعَةً مِّن نَّهَارِۭۚ بَلَٰغٌۚ فَهَلۡ يُهۡلَكُ إِلَّا ٱلۡقَوۡمُ ٱلۡفَٰسِقُونَ ٣٥သို့ဖြစ်ရာ အသင်(တမန်တော်)သည် စိတ်ဓာတ်ကြံ့ခိုင်သော တမန်တော်များကဲ့သို့ပင် သည်းခံပါ။ ထို့ပြင် အသင်သည် သူတို့နှင့် ပတ်သက်၍ အလျင်စလိုမပြုလေနှင့်။ သူတို့သည် သူတို့ချိန်းဆိုခြင်းခံကြရသော ပြစ်ဒဏ်ကိုတွေ့မြင်ကြသည့်နေ့တွင် သူတို့သည် (လောကတွင်) နေ့အချိန်၏ တစ်နာရီမျှအချိန်ထက် ပိုနေခဲ့ကြသည်မဟုတ်သကဲ့သို့ (ထင်မှတ်ကြမည်)။ (ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အသင့်ထံသို့ အမိန့်တော်များ)ပို့ဆောင်ခြင်းပင်ဖြစ်သည်။ ထို့နောက် ငြင်းပယ်သူများပင် ဖျက်ဆီးခြင်းကိုခံကြရလိမ့်မည်။ ###၈