ملة الإسلام

السورة 45 · 37 آية · Hashim Tin Myint

سورة الجاثية باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الجاثية (1,150 قارئاً)
مكيةسورة الجاثية٣٧ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

حمٓ ١ဟာမီမ်။ تَنزِيلُ ٱلۡكِتَٰبِ مِنَ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ٢(ဤသည်) တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူ‌သော ကျမ်းဂန်ဖြစ်သည်။ ###၁ إِنَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٍ لِّلۡمُؤۡمِنِينَ ٣အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အီမာန်ယုံကြည်သူများအတွက် အမှန်ပင် သက်‌သေသာဓကများရှိသည်။ وَفِي خَلۡقِكُمۡ وَمَا يَبُثُّ مِن دَآبَّةٍ ءَايَٰتٌ لِّقَوۡمٍ يُوقِنُونَ ٤ထို့ပြင် အသင်တို့အား ဖန်ဆင်းခြင်းနှင့် အရှင်မြတ်ပျံ့နှံ့‌စေ‌တော်မူ‌သော တိရစာ္ဆန်များအားဖန်ဆင်းခြင်းတွင် ယုံကြည်သူများအတွက် သက်‌သေလက္ခဏာများရှိသည်။ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن رِّزۡقٍ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَا وَتَصۡرِيفِ ٱلرِّيَٰحِ ءَايَٰتٌ لِّقَوۡمٍ يَعۡقِلُونَ ٥ထို့ပြင် ညနှင့်‌နေ့တို့အား ‌ပြောင်းလဲခြင်း၊ အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကင်မှ (မိုးရွာ‌စေပြီး)စားနပ်ရိက္ခာကို ချ‌ပေး‌တော်မူခြင်း၊ ထိုမိုး‌ရေနှင့် ‌မြေပထဝီကို ‌ခြောက်‌သွေ့‌သေပြီး‌နောက် ရှင်သန်(စိမ်းလန်း)‌စေ‌တော်မူခြင်း၊ ‌လေများအား(ဦးတည်ရာများကို)‌ပြောင်းလဲတိုက်ခတ်‌စေခြင်းများထဲတွင် သိနားလည်ကြသူများအတွက် သက်‌သေလက္ခဏာများရှိသည်။ تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۖ فَبِأَيِّ حَدِيثِۭ بَعۡدَ ٱللَّهِ وَءَايَٰتِهِۦ يُؤۡمِنُونَ ٦ဤအရာများသည် အလ္လာဟ်အရှင်မြတ်၏သက်‌သေလက္ခဏာ‌တော်များပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုသက်‌သေလက္ခဏာ‌တော်များကို အသင်၏‌ရှေ့၌ တိကျမှန်ကန်စွာ ဖတ်ကြားပြ‌တော်မူသည်။ သို့ဖြစ်ရာ သူတို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များ၏‌နောက်တွင် မည်သည့်စကားကို ယုံကြည်ကြဦးမည်နည်း။ ###၂ وَيۡلٌ لِّكُلِّ أَفَّاكٍ أَثِيمٍ ٧အလွန်လုပ်ကြံမုသား‌ပြောဆိုသူ၊ အလွန်အပြစ်ကျူးလွန်သူတိုင်းအတွက် အကြီးအကျယ်ပျက်စီးခြင်း ###၃ ရှိသည်။ يَسۡمَعُ ءَايَٰتِ ٱللَّهِ تُتۡلَىٰ عَلَيۡهِ ثُمَّ يُصِرُّ مُسۡتَكۡبِرًا كَأَن لَّمۡ يَسۡمَعۡهَاۖ فَبَشِّرۡهُ بِعَذَابٍ أَلِيمٍ ٨သူသည် သူ၏‌ရှေ့၌ ဖတ်ကြားပြသ‌သော အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို နား‌ထောင်သည်။ ထို့‌နောက် သူသည် ထို အာယသ်‌တော်များကို မကြားသကဲ့သို့ပင် မာန‌ထောင်ပြီး ဆက်လက်တင်းမာ‌နေသည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူ့အား အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ဖြင့် သတင်း‌ကောင်း‌ပြောလိုက်ပါ။ وَإِذَا عَلِمَ مِنۡ ءَايَٰتِنَا شَيۡـًٔا ٱتَّخَذَهَا هُزُوًاۚ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ مُّهِينٌ ٩ထို့ပြင် သူသည် ငါအရှင်မြတ်၏ အာယသ်‌တော်များထဲမှ တစ်စုံတစ်ခုသိသည့်အခါ သူသည် ထိုအာယသ်‌တော်ကိုပင်‌ပြောင်‌လှောင်စရာ ပြုလုပ်‌လေ့ရှိသည်။ ထိုသူများအတွက် ‌သေးသိမ်‌စေ‌သော ပြစ်ဒဏ်ရှိမည်။ مِّن وَرَآئِهِمۡ جَهَنَّمُۖ وَلَا يُغۡنِي عَنۡهُم مَّا كَسَبُواْ شَيۡـًٔا وَلَا مَا ٱتَّخَذُواْ مِن دُونِ ٱللَّهِ أَوۡلِيَآءَۖ وَلَهُمۡ عَذَابٌ عَظِيمٌ ١٠သူ့တို့၏ ‌ရှေ့‌မှောက်တွင် ငရဲဘုံသည် ရှိ‌နေသည်။ ထို့ပြင် သူတို့ ရှာ‌ဖွေဆည်းပူးခဲ့သမျှသည်လည်း‌ကောင်း၊ သူတို့က အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ပြီးစီး‌အောင်‌ဆောင်ရွက်‌ပေးသူများအဖြစ် ပြုလုပ်သတ်မှတ်ထားသည့်သူများသည်လည်း‌ကောင်း သူတို့အတွက် မည်သည့်အရာမျှ အသုံးဝင်မည်မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ကြီး‌လေး‌သောပြစ်ဒဏ်ရှိမည်။ هَٰذَا هُدًىۖ وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ رَبِّهِمۡ لَهُمۡ عَذَابٌ مِّن رِّجۡزٍ أَلِيمٌ ١١ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် ###၄ တရားလမ်းညွှန်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ အာယသ်‌တော်များကိုငြင်းပယ်သူများအတွက် ပြင်းထန်‌သောအပြစ်ဒဏ်များထဲမှ အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်ရှိမည်။ ۞ ٱللَّهُ ٱلَّذِي سَخَّرَ لَكُمُ ٱلۡبَحۡرَ لِتَجۡرِيَ ٱلۡفُلۡكُ فِيهِ بِأَمۡرِهِۦ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ١٢အလ္လာဟ်အရှင်မြတ်သည်ပင် ပင်လယ်အားထိုအထဲတွင် သ‌ဘေင်္ာများသည် အရှင်မြတ်၏အမိန့်‌တော်နှင့် သွားလာလှုပ်ရှားရန်အတွက်၊ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ ‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို ရှာ‌ဖွေကြရန်အတွက်နှင့် အသင်တို့သည် ‌ကျေးဇူးတင်ကြရန်အတွက် အသင်တို့၏ လက်‌အောက်ခံဖြစ်‌စေ‌တော်မူခဲ့သည်။ وَسَخَّرَ لَكُم مَّا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ جَمِيعًا مِّنۡهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَتَفَكَّرُونَ ١٣ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့်၊ ‌မြေပထဝီတွင်ရှိသမျှအားလုံးကို အရှင်မြတ်ဘက်မှ အသင်တို့၏ လက်‌အောက်ခံဖြစ်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။ قُل لِّلَّذِينَ ءَامَنُواْ يَغۡفِرُواْ لِلَّذِينَ لَا يَرۡجُونَ أَيَّامَ ٱللَّهِ لِيَجۡزِيَ قَوۡمَۢا بِمَا كَانُواْ يَكۡسِبُونَ ١٤(အို-တမန်‌တော်)အသင်သည် အီမာန်ယုံကြည်သူများအား သူတို့သည် အလ္လာဟ်အရှင်မြတ်၏ (အပြစ်ဒဏ်များကျ‌ရောက်လာမည့်)‌နေ့ရက်များကို မယုံကြည်သူများအား ခွင့်လွှတ်ထားလိုက်ရန် ‌ပြောကြားလိုက်ပါ။ သို့မှသာ အရှင်မြတ်သည် လူမျိုးတစ်မျိုးအား သူတို့ရှာ‌ဖွေပြုလုပ်ခဲ့သည့်အရာများနှင့် ပတ်သက်၍ အစား‌ပေး‌တော်မူမည်ဖြစ်သည်။ مَنۡ عَمِلَ صَٰلِحًا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۖ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ ١٥မည်သူမဆို ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် သူ့အတွက်အကျိုးပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို မ‌ကောင်းမှုပြုလုပ်ခဲ့လျှင် သူ၏အ‌ပေါ်၌ပင် သက်‌ရောက်မည်ဖြစ်သည်။ ထို့‌နောက် အသင်တို့အားလုံးသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ وَلَقَدۡ ءَاتَيۡنَا بَنِيٓ إِسۡرَٰٓءِيلَ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَى ٱلۡعَٰلَمِينَ ١٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များအား ကျမ်းဂန်နှင့် စီရင်ဆုံးဖြတ်မှုအပြင် တမန်‌တော်ဖြစ်ခြင်းကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သန့်ပြန့်စင်ကြယ်‌သော အစားအစာကို စားနပ်ရိက္ခာအဖြစ် ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား (ထို‌ခေတ်က) စကြဝဠာတွင်ရှိသူများထက် ထူးကဲ‌စေ‌တော်မူခဲ့သည်။ وَءَاتَيۡنَٰهُم بَيِّنَٰتٍ مِّنَ ٱلۡأَمۡرِۖ فَمَا ٱخۡتَلَفُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ١٧ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သာသနာ့ကိစ်္စနှင့်ပတ်သက်၍ ထင်ရှား‌သော သက်‌သေသာဓကများကို‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် သူတို့ထံ အသိပညာ‌ရောက်လာပြီး‌နောက်မှပင် သူတို့အချင်းချင်း မလိုမုန်းတီးမှု‌ကြောင့် ကွဲလွဲခဲ့ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့ကြားတွင် ကိယာမသ်‌နေ့၌ သူတို့ကွဲပြား‌နေခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။ ثُمَّ جَعَلۡنَٰكَ عَلَىٰ شَرِيعَةٍ مِّنَ ٱلۡأَمۡرِ فَٱتَّبِعۡهَا وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ لَا يَعۡلَمُونَ ١٨ထို့‌နောက် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)အား သာသနာ့အ‌ရေးနှင့်ပတ်သက်၍လမ်းစဉ်တစ်ခုအ‌ပေါ်တွင် ပြုလုပ်(ရပ်တည်‌စေ)‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် ထိုလမ်းစဉ်ကိုပင်လိုက်နာပါ။ ထို့ပြင် အသင်သည် အသိပညာမဲ့သူများ၏ အလိုဆန္ဒများကို မလိုက်‌လေနှင့်။ ###၅ إِنَّهُمۡ لَن يُغۡنُواْ عَنكَ مِنَ ٱللَّهِ شَيۡـًٔاۚ وَإِنَّ ٱلظَّٰلِمِينَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۖ وَٱللَّهُ وَلِيُّ ٱلۡمُتَّقِينَ ١٩အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး အသင့်အတွက် အနည်းငယ်မျှ လုံးဝအသုံးဝင်ကြမည်မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ်မတရားသူများသည် သူတို့ထဲမှအချို့သည် အချို့၏မိတ်‌ဆွေများပင်ဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများ၏မိတ်‌ဆွေဖြစ်သည်။ هَٰذَا بَصَٰٓئِرُ لِلنَّاسِ وَهُدًى وَرَحۡمَةٌ لِّقَوۡمٍ يُوقِنُونَ ٢٠ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် လူများအတွက် ထင်ရှား‌သော သက်‌သေသာဓကများလည်းဖြစ်သည်။ ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့်ကရုဏာလည်းဖြစ်သည်။ أَمۡ حَسِبَ ٱلَّذِينَ ٱجۡتَرَحُواْ ٱلسَّيِّـَٔاتِ أَن نَّجۡعَلَهُمۡ كَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَوَآءً مَّحۡيَاهُمۡ وَمَمَاتُهُمۡۚ سَآءَ مَا يَحۡكُمُونَ ٢١မ‌ကောင်းမှုများကို ကျူးလွန်သူများက ငါအရှင်မြတ်သည် သူတို့အား အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များပြုလုပ်ခဲ့ကြသည့်သူများကဲ့သို့ သူတို့၏ အသက်ရှင်ခြင်းနှင့် သူတို့၏ အသက်‌သေခြင်းကို တန်းတူပြုလုပ်‌တော်မူမည်ဟု ထင်မှတ်ကြသ‌လော။ သူတို့၏ ဆုံးဖြတ်ချက်သည် အလွန်ပင်ဆိုးရွားလှသည်။ ###၆ وَخَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَلِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ٢٢ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို တိကျမှန်ကန်စွာ ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် လူတိုင်းသည် သူတို့ရှာ‌ဖွေဆည်းပူးခဲ့‌သော (‌ကောင်းသည့်လုပ်ရပ်သို့မဟုတ် မ‌ကောင်းသည့်လုပ်ရပ်)နှင့် ပတ်သက်၍ သူတို့သည် မတရားပြုလုပ်ခြင်းကိုမခံကြရဘဲလျက် အစား‌ပေးခြင်းခံရရန်အတွက် (ဖန်ဆင်း‌တော်မူခဲ့ခြင်း)ဖြစ်သည်။ أَفَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ وَأَضَلَّهُ ٱللَّهُ عَلَىٰ عِلۡمٍ وَخَتَمَ عَلَىٰ سَمۡعِهِۦ وَقَلۡبِهِۦ وَجَعَلَ عَلَىٰ بَصَرِهِۦ غِشَٰوَةً فَمَن يَهۡدِيهِ مِنۢ بَعۡدِ ٱللَّهِۚ أَفَلَا تَذَكَّرُونَ ٢٣မိမိ၏စိတ်အလိုဆန္ဒကိုမိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ထား‌သောသူကို အသင်မမြင်‌လေသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သိလျက်နှင့်ပင် သူ့အားလမ်းမှားတွင်(လွှတ်)ထား‌တော်မူလိုက်သည်။ ထို့ပြင်အရှင်မြတ်သည် သူ၏ နားနှင့် သူ၏ စိတ်နှလုံး‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် သူ၏ မျက်စိ‌ပေါ်တွင် အဖုံးအကာကိုပြုလုပ် ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူ့အား အလ္လာဟ်အရှင်မြတ်၏‌နောက်တွင် မည်သူလမ်းမှန် ညွှန်ကြားပြသဦးမည်နည်း။ ထို့‌နောက်လည်း အသင်တို့သည် တရားမရယူကြသ‌လော။ وَقَالُواْ مَا هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا يُهۡلِكُنَآ إِلَّا ٱلدَّهۡرُۚ وَمَا لَهُم بِذَٰلِكَ مِنۡ عِلۡمٍۖ إِنۡ هُمۡ إِلَّا يَظُنُّونَ ٢٤ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- အသက်ရှင်ခြင်းသည် ဤဘဝတွင် ငါတို့၏ အသက်ရှင်ခြင်းအပြင် အခြားမရှိ‌တော့‌ပေ။ ကျွန်ုပ်တို့သည် (တစ်ခါသာ)အသက်‌သေကြ၍(တစ်ခါသာ)အသက်ရှင်ကြသည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့အား ‌ခေတ်ကာလကပင် ပျက်စီး‌စေခြင်းဖြစ်သည်။ ဤသည်နှင့် ပတ်သက်၍ သူတို့တွင် မည်သည့်အသိပညာမှမရှိဘဲလျက် သူတို့သည် ရမ်းဆ(‌ပြောဆို)‌နေကြသည်ပင်ဖြစ်သည်။ وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٍ مَّا كَانَ حُجَّتَهُمۡ إِلَّآ أَن قَالُواْ ٱئۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ ٢٥ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏ ထင်ရှား‌သော အာယသ်‌တော်များ ဖတ်ကြားခြင်းခံရသည့်အခါ သူတို့က “အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ကျွန်ုပ်တို့၏(‌သေပြီးသည့်)အဘ၊ ဘိုး၊ ‌ဘေးများကို ‌ခေါ်ယူခဲ့ကြပါ”လို့ ‌ပြောဆိုသည်မှလွဲ၍ မည်သည့်အရာမျှ ‌စောဒကတက်နိုင်သည့်အ‌ထောက်အထားမရှိ‌တော့‌ပေ။ قُلِ ٱللَّهُ يُحۡيِيكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يَجۡمَعُكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٢٦(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ရှင်‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အသင်တို့အား ‌သေ‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား သံသယဖြစ်စရာမရှိ‌သော ကိယာမသ်‌နေ့တွင် စုရုံး‌စေ‌တော်မူမည်။ သို့ရာတွင် လူအများစုသည် မသိကြ‌ပေ။ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٍ يَخۡسَرُ ٱلۡمُبۡطِلُونَ ٢٧ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် ကိယာမသ်အချိန်‌ရောက်လာမည့်‌နေ့တွင် အမှားကိုလိုက်စားသူများသည် ပျက်စီးဆုံးရှုံးကြမည်ဖြစ်သည်။ ###၇ وَتَرَىٰ كُلَّ أُمَّةٍ جَاثِيَةًۚ كُلُّ أُمَّةٍ تُدۡعَىٰٓ إِلَىٰ كِتَٰبِهَا ٱلۡيَوۡمَ تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ ٢٨ထို့ပြင် အသင်(တမန်‌တော်)သည် (ကိယာမသ်ရှင်ထမည့်‌နေ့တွင်)သာသနာဝင်အုပ်စုတိုင်းကို ဒူး‌ထောက်လျက်ရှိကြမည်ကို ‌တွေ့မြင်ရမည်။ သာသနာဝင်အုပ်စုတိုင်းသည် သူတို့၏မှတ်တမ်းစာအုပ်ထံသို့ ဖိတ်‌ခေါ် ခြင်းခံကြရမည်။ “ယ‌နေ့မူ အသင်တို့သည် အသင်တို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ အစား‌ပေးခြင်းကို ခံကြရမည်ဖြစ်သည်။” هَٰذَا كِتَٰبُنَا يَنطِقُ عَلَيۡكُم بِٱلۡحَقِّۚ إِنَّا كُنَّا نَسۡتَنسِخُ مَا كُنتُمۡ تَعۡمَلُونَ ٢٩ဤသည် အသင်တို့နှင့် ပတ်သက်၍တိကျမှန်ကန်စွာ ‌ပြောပြ‌နေ‌သော ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့သမျှကို ‌ရေးမှတ်‌စေလျက်ရှိ‌တော်မူခဲ့သည်။ ###၈ فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُدۡخِلُهُمۡ رَبُّهُمۡ فِي رَحۡمَتِهِۦۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡمُبِينُ ٣٠ထို့‌နောက် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများအား သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏ ကရုဏာ‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူသည်။ ဤသည် ထင်ရှား‌သော ‌အောင်မြင်မှုပင်ဖြစ်သည်။ وَأَمَّا ٱلَّذِينَ كَفَرُوٓاْ أَفَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَٱسۡتَكۡبَرۡتُمۡ وَكُنتُمۡ قَوۡمًا مُّجۡرِمِينَ ٣١ထို့ပြင် ငြင်းပယ်သည့်သူများကမူ (ဤသို့ ‌ပြောဆိုခြင်းခံကြရမည်)။ ငါအရှင်မြတ်၏ အာယသ်‌တော်များသည် အသင်တို့၏‌ရှေ့၌ ဖတ်ကြားခြင်းခံခဲ့ရသည်မဟုတ်‌လော။ ထို့‌နောက်လည်း အသင်တို့သည် မာန‌ထောင်ခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင်ဖြစ်ခဲ့ကြသည်။ وَإِذَا قِيلَ إِنَّ وَعۡدَ ٱللَّهِ حَقٌّ وَٱلسَّاعَةُ لَا رَيۡبَ فِيهَا قُلۡتُم مَّا نَدۡرِي مَا ٱلسَّاعَةُ إِن نَّظُنُّ إِلَّا ظَنًّا وَمَا نَحۡنُ بِمُسۡتَيۡقِنِينَ ٣٢ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ချိန်းဆိုချက်သည် မှန်ကန်သည်၊ ကိယာမသ်‌နေ့သည် သံသယဖြစ်စရာမရှိ‌ပေဟု ‌ပြောဆိုခြင်းခံခဲ့ရသည့်အခါ အသင်တို့က “ကိယာမသ် ရှင်ပြန်ထမည့်‌နေ့သည် မည်သည့်အရာနည်းဆိုသည်ကို ကျွန်ုပ်တို့မသိကြ‌ပေ။ ကျွန်ုပ်တို့သည် ထင်မြင်ချက်တစ်ခုဟူ၍သာ မြင်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ယုံကြည်သူများ မဟုတ်ကြ‌ပေ”ဟု ‌ပြောဆိုခဲ့ကြသည်။ وَبَدَا لَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٣٣ထို့ပြင် (ထို‌နေ့တွင်)သူတို့၏‌ရှေ့၌ သူတို့ပြုလုပ်ခဲ့ကြ‌သော မ‌ကောင်းမှုများ၏ ဆိုးယုတ်မှုများသည် ‌ပေါ်လွင်လာခဲ့မည်။ ထို့ပြင် သူတို့‌ပြောင်‌လှောင်ခဲ့သည့်အရာများသည်လည်း သူတို့အား ဝိုင်းဝန်းလျက်ရှိလိမ့်မည်။ وَقِيلَ ٱلۡيَوۡمَ نَنسَىٰكُمۡ كَمَا نَسِيتُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَا وَمَأۡوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّٰصِرِينَ ٣٤ထို့ပြင် (သူတို့သည်ဤသို့) ‌ပြောဆိုခြင်းခံကြရမည်။ အသင်တို့သည် အသင်တို့၏ ဤ‌နေ့၏‌တွေ့ဆုံမှုကို ‌မေ့‌လျော့ခဲ့ကြသကဲ့သို့ ငါအရှင်မြတ်သည်လည်း ယ‌နေ့ အသင်တို့အား ‌မေ့‌လျော့‌တော်မူမည်။ ထို့ပြင် အသင်တို့၏ ခိုလှုံရာဌာနသည် ငရဲမီးပင်ဖြစ်သည်။ ထို့ပြင် အသင်တို့တွင် ကူညီမည့်သူလည်း မည်သူမျှ မရှိ‌တော့‌ပေ။ ذَٰلِكُم بِأَنَّكُمُ ٱتَّخَذۡتُمۡ ءَايَٰتِ ٱللَّهِ هُزُوًا وَغَرَّتۡكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ لَا يُخۡرَجُونَ مِنۡهَا وَلَا هُمۡ يُسۡتَعۡتَبُونَ ٣٥ထိုအရာသည် အသင်တို့က အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ‌ပြောင်‌လှောင်စရာအဖြစ်ပြုလုပ်ခဲ့ကြသည့်အတွက်နှင့် ‌လောကီဘဝက အသင်တို့အား လှည့်စားခဲ့သည့်အတွက်‌ကြောင့်ဖြစ်သည်။ ထို့ပြင် ယ‌နေ့မူသူတို့သည် ထိုငရဲမီးမှထွက်‌စေခြင်းခံကြရမည် မဟုတ်‌တော့‌ပေ။ (အရှင်မြတ်ကို)‌ကျေနပ်‌အောင်ခွင့်လွှတ်‌တောင်းပန်မှုလုပ်ရန် ‌တောင်းဆိုခြင်းကိုလည်း ခံကြရမည်မဟုတ်‌ပေ။ ###၉ فَلِلَّهِ ٱلۡحَمۡدُ رَبِّ ٱلسَّمَٰوَٰتِ وَرَبِّ ٱلۡأَرۡضِ رَبِّ ٱلۡعَٰلَمِينَ ٣٦ထို့ပြင် ချီးမွမ်းခြင်းအ‌ပေါင်းသည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် စကြဝဠာအ‌ပေါင်းတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အတွက်ပင် ဖြစ်သည်။ وَلَهُ ٱلۡكِبۡرِيَآءُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٣٧ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်မြင့်မြတ်ကြီးကဲမှုသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အရှင်မြတ်သည်ပင် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.