ملة الإسلام

السورة 6 · 165 آية · Hashim Tin Myint

سورة الأنعام باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الأنعام (1,262 قارئاً)
مكيةسورة الأنعام١٦٥ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

ٱلۡحَمۡدُ لِلَّهِ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَجَعَلَ ٱلظُّلُمَٰتِ وَٱلنُّورَۖ ثُمَّ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡ يَعۡدِلُونَ ١ချီးမွမ်းခြင်းဟူသမျှသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်သည်။အရှင်မြတ်သည် ‌ကောင်းကင်များနှင့် ပထဝီ‌မြေကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အ‌မှောင်များနှင့် အလင်း‌ရောက်ကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။* ထို့‌နောက် ကာဖိရ်ငြင်းပယ်သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် (အခြားသူများကို) တန်းတူပြုလုပ်ကြသည်။ هُوَ ٱلَّذِي خَلَقَكُم مِّن طِينٍ ثُمَّ قَضَىٰٓ أَجَلًاۖ وَأَجَلٌ مُّسَمًّى عِندَهُۥۖ ثُمَّ أَنتُمۡ تَمۡتَرُونَ ٢ထိုအရှင်မြတ်သည် အသင်တို့ကို ရွှံ့‌မြေမှ ဖန်ဆင်း‌တော်မူသည့်အပြင် (‌သေဆုံးမည့်)အချိန်တစ်ချိန်ကို သတ်မှတ်‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။* ထို့ပြင် (ပြန်ရှင်ထရမည့်)အချိန်သည် အရှင်မြတ်ထံ‌တော်၌ပင် သတ်မှတ်ထား‌တော်မူသည်။ ထို့‌နေုာက် အသင်တို့သည် သံသယဖြစ်‌နေကြသည်။ وَهُوَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَفِي ٱلۡأَرۡضِ يَعۡلَمُ سِرَّكُمۡ وَجَهۡرَكُمۡ وَيَعۡلَمُ مَا تَكۡسِبُونَ ٣ထို့ပြင် ‌ကောင်းကင်များနှင့် ပထဝီ‌မြေတွင် ထို အလ္လာဟ်အရှင်မြတ်သာ (ကိုးကွယ်ထိုက်သည့်အရှင် အဖြစ်)ရှိသည်။ အရှင်မြတ်သည် အသင်တို့၏ လျှို့ဝှက်ချက်နှင့် အသင်တို့၏ ထုတ်‌ဖော်ချက်ကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ ရှာ‌ဖွေသည်များကိုလည်း သိ‌တော်မူသည်။ وَمَا تَأۡتِيهِم مِّنۡ ءَايَةٍ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ ٤ထို့ပြင် သူတို့ထံသို့ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ မည်သည့်သက်‌သေလက္ခဏာမျိုး*‌ရောက်လာသည်ဖြစ်‌စေ သူတို့သည် ထိုသက်‌သေ လက္ခဏာများမှ မျက်နှာလွှဲသွားခဲ့ကြသည်ချည်းပင်ဖြစ်သည်။ فَقَدۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَسَوۡفَ يَأۡتِيهِمۡ أَنۢبَٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٥၎င်းပြင် အမှန်စင်စစ် သူတို့သည် သူတို့ထံသို့ အမှန်တရား ‌ရောက်ရှိလာ‌သောအခါ ထိုအမှန်တရားကိုလည်း မဟုတ်မမှန်ဟု ငြင်းပယ်လိုက်ကြသည်။ သို့ဖြစ်ရာ သူတို့ထံသို့ မကြာမီ သူတို့‌ပြောင်‌လှောင်‌လေ့ရှိခဲ့‌သော အရာ၏သတင်းမှန်(ရလာဒ်ဆိုးကျိုး)သည် ‌ရောက်ရှိလာလိမ့်မည်။ أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٍ مَّكَّنَّٰهُمۡ فِي ٱلۡأَرۡضِ مَا لَمۡ نُمَكِّن لَّكُمۡ وَأَرۡسَلۡنَا ٱلسَّمَآءَ عَلَيۡهِم مِّدۡرَارًا وَجَعَلۡنَا ٱلۡأَنۡهَٰرَ تَجۡرِي مِن تَحۡتِهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ ٦ငါအရှင်မြတ်သည် သူတို့မတိုင်မီ (ဆိုးသွမ်း‌သောမျိုးဆက်)လူမျိုးအ‌မြောက်အမြားကို* ဖျက်ဆီး‌တော်မူခဲ့သည်ကို သူတို့ မမြင်ကြသ‌လော။ ငါအရှင်မြတ်သည် ထိုလူမျိုးများအား ကမာ္ဘ‌ပေါ်တွင် စွမ်း‌ဆောင်နိုင်မှုအင်အားများကို ‌ပေးခဲ့သကဲ့သို့ အသင်တို့အား မ‌ပေးခဲ့‌ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုးဖြိုင်ဖြိုင်ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့၏‌အောက်မှ စီးဆင်း‌နေ‌သော စမ်‌ချောင်းများကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုသူများအား သူတို့၏မ‌ကောင်းမှုများ‌ကြောင့် ဖျက်ဆီးပစ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏‌နောက်တွင် အခြားလူမျိုးများအား ဖန်ဆင်း‌တော်မူခဲ့သည်။ وَلَوۡ نَزَّلۡنَا عَلَيۡكَ كِتَٰبًا فِي قِرۡطَاسٍ فَلَمَسُوهُ بِأَيۡدِيهِمۡ لَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٌ مُّبِينٌ ٧ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် (စာရွက်ကဲ့သို့)‌ရေးမှတ်စရာ၌ ‌ရေးထား‌သောကျမ်းတစ်‌စောင်ကို အသင်၏အ‌ပေါ်ချ‌ပေး‌တော်မူခဲ့ပြီး သူတို့သည် ထိုကျမ်းကို သူတို့၏လက်များနှင့် ထိ‌တွေ့ခဲ့ကြလျှင်လည်း ကာဖိရ်ငြင်းပယ်သူများကမူ “ဤသည် ထင်ရှား‌သော စုန်းပ‌ယောဂဖြစ်သည်“ဟု အမှန်စင်စစ် ‌ပြောဆိုကြလိမ့်မည်။ وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ مَلَكٌۖ وَلَوۡ أَنزَلۡنَا مَلَكًا لَّقُضِيَ ٱلۡأَمۡرُ ثُمَّ لَا يُنظَرُونَ ٨ထို့ပြင် သူတို့က “အဘယ့်‌ကြောင့် ၎င်း(တမန်‌တော်)ထံသို့ ‌ကောင်းကင်တမန်တစ်ပါး ‌စေလွှတ်ခြင်း မခံရသနည်း“ဟု ‌ပြောဆိုကြသည်။* ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်တစ်ပါးပါးကို ‌စေလွှတ်‌တော်မူခဲ့လျှင် အမှန်ပင် ကိစ္စသည် ပြီးဆုံးသွားခဲ့မည်ပင်ဖြစ်သည်။ ထို့‌နောက် သူတို့သည် (အပြစ်ဒဏ်မှ)‌ရွှေ့ဆိုင်းခွင့် (လုံးဝ)ရကြမည် မဟုတ်‌တော့‌ပေ။ وَلَوۡ جَعَلۡنَٰهُ مَلَكًا لَّجَعَلۡنَٰهُ رَجُلًا وَلَلَبَسۡنَا عَلَيۡهِم مَّا يَلۡبِسُونَ ٩ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ၎င်း(လူသားတမန်‌တော်)ကို ‌ကောင်းကင်တမန်တစ်ပါးအဖြစ် ပြုလုပ်‌တော်မူခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထို‌ကောင်းကင်တမန်ကိုလည်း (သူတို့ကြည့်မြင်နိုင်‌သော ပုံသဏ္ဍာန်ရှိ‌သောလူ)‌ယောက်ျားပင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ သံသယဖြစ်‌နေ‌သော အရာထဲ၌ပင် (ထပ်ပြီး) သူတို့အ‌ပေါ်တွင် သံသယဖြစ်‌စေ‌တော်မူဦးမည်ပင်ဖြစ်သည်။ وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٍ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ١٠ထို့ပြင် အသင်(တမန်‌တော်)၏ မတိုင်မီက တမန်‌တော်များသည်လည်း ‌ပြောင်‌လှောင်ခြင်းကို အမှန်စင်စစ် ခံသွားခဲ့ကြရသည်။ ၎င်းပြင် ထိုတမန်‌တော်များကို ‌ပြောင်‌လှောင်‌သောသူများအား သူတို့ ‌ပြောင်‌လှောင်ခဲ့ကြ‌သောအရာ(အပြစ်ဒဏ်)ကပင် ဝိုင်းဝန်းခဲ့သည်။ قُلۡ سِيرُواْ فِي ٱلۡأَرۡضِ ثُمَّ ٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ١١(ယခင်ကလူများ အပြစ်ဒဏ်ခံခဲ့ကြရသည်များကို မယုံကြလျှင် အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အသင်တို့သည် ကမာ္ဘ‌မြေတွင် လှည့်ပတ်သွားလာကြပါ။ ထို့‌နောက် ငြင်းပယ်သူများ၏ အကျိုးရလာဒ်သည် မည်သို့ရှိခဲ့သည်ကို အသင်တို့ ကြည့်ရှုကြပါ။ قُل لِّمَن مَّا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قُل لِّلَّهِۚ كَتَبَ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَۚ لَيَجۡمَعَنَّكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِۚ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ ١٢“‌ကောင်းကင်များနှင့် ပထဝီ‌မြေတွင် ရှိသမျှကို မည်သူပိုင်သနည်း“ဟု (ထို ငြင်းပယ်‌သောသူများအား) အသင်‌ပြောဆို (‌မေးမြန်း)လိုက်ပါ။ (သူတို့မ‌ဖြေလျှင်လည်း) အသင်ကပင် “အရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်“ဟု ‌ဖြေကြားလိုက်ပါ။* ထို့ပြင် အရှင်မြတ်သည် (ဝန်ချ‌တောင်းပန်သူများကို) သနား‌တော်မူရန် အရှင်မြတ်ကိုယ်ကိုအရှင်မြတ် ပြဋ္ဌာန်းထား‌တော်မူသည်(ဟု ‌ပြောလိုက်ပါ။)* ထို့ပြင် အရှင်မြတ်သည် အသင်တို့ကို အမှန်စင်စစ် ကိယာမသ်‌နေ့၌ စုရုံး‌တော်မူမည်။ ထို‌နေ့သည် သံသယဖြစ်စရာ မရှိ‌ပေ။ အကြင်သူတို့သည် မိမိကိုယ်မိမိ ပျက်စီးဆုံးရှုံး‌အောင်လုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ ထိုသူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ။ ۞ وَلَهُۥ مَا سَكَنَ فِي ٱلَّيۡلِ وَٱلنَّهَارِۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ١٣ထို့ပြင် ညနှင့်‌နေ့တွင် ‌နေထိုင်‌သောအရာများသည်လည်း အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قُلۡ أَغَيۡرَ ٱللَّهِ أَتَّخِذُ وَلِيًّا فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَهُوَ يُطۡعِمُ وَلَا يُطۡعَمُۗ قُلۡ إِنِّيٓ أُمِرۡتُ أَنۡ أَكُونَ أَوَّلَ مَنۡ أَسۡلَمَۖ وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ ١٤(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “‌ကောင်းကင်များနှင့် ပထဝီ‌မြေကို စတင်ဖန်ဆင်း‌တော်မူခဲ့‌သောအရှင်ပြီး ထိုအရှင်သည် ‌ကျွေး‌မွေး‌နေ‌သောအရှင်လည်းဖြစ်သည့်အပြင် ‌ကျွေး‌မွေး‌စောင့်‌ရှောက်မှုခံရခြင်းမှ ကင်း‌တော်မူ‌သောအရှင်လည်းဖြစ်‌သော ထိုအလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသူကို) ကူညီ‌စောင်မသူအဖြစ် ကျွန်ုပ်သည် ပြုလုပ်ရဦးမည်‌လော။ အမှန်စင်စစ် ကျွနုပ်သည် ပထမဆုံးအမိန့်နာခံသူ မွတ်စ်လင်မ်ဖြစ်ရန် အမိန့်‌ပေးခံရသည်“ဟု အသင်‌ပြောလိုက်ပါ။ ၎င်းပြင် အသင်သည် မုရှ်ရိက်များထဲတွင် လုံးဝ မပါဝင်ပါနှင့်။ قُلۡ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٍ ١٥(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ ကျွန်ုပ်သည် ကျွန်ုပ်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်၏အမိန့်ကို ဖီဆန်ခဲ့မည်ဆိုလျှင် ကြီးကျယ်‌သော‌နေ့၏အပြစ်ဒဏ်ကို အမှန်ပင်‌ကြောက်သည်။ مَّن يُصۡرَفۡ عَنۡهُ يَوۡمَئِذٍ فَقَدۡ رَحِمَهُۥۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡمُبِينُ ١٦မည်သူမဆို ထို‌နေ့၌ ဤ(အပြစ်ဒဏ်)မှ ဖယ်ရှားခံရလျှင် အမှန်ပင် ထိုသူ့အား အရှင်မြတ်က သနား‌တော်မူလိုက်ပြီဖြစ်သည်။ ၎င်းပြင် ထိုအရာသည် ထင်ရှား‌သော ‌အောင်မြင်မှုဖြစ်သည်။ وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يَمۡسَسۡكَ بِخَيۡرٍ فَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١٧ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ‌ဘေးဒုက္ခတစ်ခုခုဖြစ်‌စေ‌တော်မူမည်ဆိုလျှင် အရှင်မြတ်မှလွဲ၍ ထို‌ဘေးဒုက္ခကို ပ‌ပျောက်‌အောင်လုပ်နိုင်‌သောသူ တစ်ဦးမှ မရှိ‌ပေ။ အကယ်၍ အရှင်မြတ်သည် အသင့်အား အကျိုးတစ်ခုခုဖြစ်ထွန်း‌စေ‌တော်မူမည်ဆိုလျှင်လည်း (မည်သူမှ ထိုအကျိုးကို ပျက်ပြား‌အောင်လုပ်နိုင်သူ မရှိ‌ပေ၊) အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် စွမ်း‌ဆောင်နိုင်‌သောအရှင် ဖြစ်‌တော်မူသည်။ وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ ١٨ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် နိုင်နင်းလွှမ်းမိုး‌တော်မူ‌သောအရှင် လည်းဖြစ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သော်အရှင် ဖြစ်‌တော်မူသည်။ قُلۡ أَيُّ شَيۡءٍ أَكۡبَرُ شَهَٰدَةًۖ قُلِ ٱللَّهُۖ شَهِيدُۢ بَيۡنِي وَبَيۡنَكُمۡۚ وَأُوحِيَ إِلَيَّ هَٰذَا ٱلۡقُرۡءَانُ لِأُنذِرَكُم بِهِۦ وَمَنۢ بَلَغَۚ أَئِنَّكُمۡ لَتَشۡهَدُونَ أَنَّ مَعَ ٱللَّهِ ءَالِهَةً أُخۡرَىٰۚ قُل لَّآ أَشۡهَدُۚ قُلۡ إِنَّمَا هُوَ إِلَٰهٌ وَٰحِدٌ وَإِنَّنِي بَرِيٓءٌ مِّمَّا تُشۡرِكُونَ ١٩(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ မည်သူ၏သက်‌သေခံချက်သည် အကြီးဆုံးဖြစ်သနည်း။ အသင်ကပင်‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်သင်တို့ကြားတွင် မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ၎င်းပြင် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျွန်ုပ်ထံ ပို့ချခြင်းခံရသည်။ မည်သည့်အတွက်ဟုဆိုလျှင် ဤကျမ်း‌တော်ဖြင့် အသင်တို့နှင့် ဤကျမ်း‌တော်‌ရောက်ရှိ‌သောသူများအား ကျွန်ုပ် သတိ‌ပေးနှိုး‌ဆော်ရန်အတွက် ဖြစ်သည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများရှိ‌သေးသည်ဟု အမှန်ပင် သက်‌သေခံကြဦးမည်‌လော။ (သူတို့က ထိုကဲ့သို့ သက်‌သေခံကြဦးမည်ဆိုလျှင်) အသင် ‌ပြောလိုက်ပါ- ကျွန်ုပ်သည် အသင်တို့ ပြုလုပ်ကြ‌သော တွဲဖက်ကိုးကွယ်ခြင်းမှ အမှန်ပင် ကင်းလွတ်သူဖြစ်သည်။ ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡرِفُونَهُۥ كَمَا يَعۡرِفُونَ أَبۡنَآءَهُمُۘ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ ٢٠အကြင်သူများအား ငါအရှင်မြတ်သည် ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထိုသူများသည် သူတို့၏သားများအား သိရှိမှတ်မိကြသကဲ့သို့ ၎င်း(တမန်‌တော် မုဟမ္မဒ်-ဆွ)ကို သိရှိမှတ်မိကြသည်။ (သို့ရာတွင်)သူတို့ကိုယ်သူတို့ နစ်နာဆုံးရှုံး‌အောင်ပြုလုပ်သူများကမူ ယုံကြည်ခြင်း မရှိကြ‌ပေ။ وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ٢١ထို့ပြင် အကြင်သူထက် မတရား‌သောသူ မည်သူရှိဦးမည်နည်း၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ မုသားကို လုပ်ကြံစွပ်စွဲသည်၊ သို့မဟုတ် အရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သည်။* အမှန်စင်စစ် မတရားသူများသည် ‌အောင်မြင်ကြမည် မဟုတ်‌ပေ။ وَيَوۡمَ نَحۡشُرُهُمۡ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُوٓاْ أَيۡنَ شُرَكَآؤُكُمُ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ٢٢ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌တော်မူမည်။ ထို့‌နောက် ငါအရှင်မြတ်သည် ရှိရ်က်ပြုလုပ် တွဲဖက်ကိုးကွယ်ခဲ့ကြ‌သောသူများအား ‌မေးမြန်း‌တော်မူမည်- “အသင်တို့ ‌ပြောဆို(‌ကြွေး‌ကြော် ကိုးကွယ်)ခဲ့ကြ‌သော အသင်တို့၏ အ‌ပေါင်းအ‌ဖော်များသည် အဘယ်မှာနည်း။“ ثُمَّ لَمۡ تَكُن فِتۡنَتُهُمۡ إِلَّآ أَن قَالُواْ وَٱللَّهِ رَبِّنَا مَا كُنَّا مُشۡرِكِينَ ٢٣ထို့‌နောက် သူတို့အတွက် မည်သည့်‌စောဒကမှ တက်စရာမရှိ‌တော့‌ပေ၊ သို့ရာတွင် သူတို့က ဤသို့‌ပြောဆိုကြမည်- “ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ဖြစ်သည့် အလ္လာဟ်အရှင်အား ကျိန်ဆိုပြီး(‌ပြောပါမည်) ကျွန်ုပ်တို့သည် (အရှင်မြတ်နှင့် တစ်စုံတစ်ရာကို်) တွဲဖက်ကိုးကွယ်သူများ မဖြစ်ခဲ့ကြ‌ပေ။“ ٱنظُرۡ كَيۡفَ كَذَبُواْ عَلَىٰٓ أَنفُسِهِمۡۚ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٢٤သူတို့သည် သူတို့နှင့်ဆန့်ကျင်ပြီး မည်သို့ လိမ်‌ပြောကြသနည်း၊ ၎င်းပြင် သူတို့ လုပ်ကြံစွပ်စွဲ ‌ပြောဆို‌လေ့ရှိခဲ့‌သောအရာများသည် သူတို့ထံမှ (မည်သို့)‌ပျောက်ကွယ်သွားသည်ကို အသင် ကြည့်လိုက်ပါ။ وَمِنۡهُم مَّن يَسۡتَمِعُ إِلَيۡكَۖ وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرًاۚ وَإِن يَرَوۡاْ كُلَّ ءَايَةٍ لَّا يُؤۡمِنُواْ بِهَاۖ حَتَّىٰٓ إِذَا جَآءُوكَ يُجَٰدِلُونَكَ يَقُولُ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ٢٥ထို့ပြင် သူတို့ထဲတွင် အသင့်ဘက်သို့ နားစွင့်‌သောသူများလည်း ရှိကြသည်။* ၎င်းပြင် (သူတို့၏ လုပ်ကြံစွပ်စွဲ ‌ပြောဆိုမှုများ‌ကြောင့်) သူတို့အား ကုရ်အာန် နားမလည်နိုင်ကြရန် ငါအရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများအ‌ပေါ်၌ အကာအဆီးများ ချ‌ပေးထား‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့၏ နားများထဲ၌လည်း ‌လေးလံမှုကို ပြုလုပ်ထား‌တော်မူခဲ့သည်။ (နားပင်း‌စေ‌တော်မူခဲ့သည်။) ထို့‌နောက် သူတို့သည် သက်‌သေလက္ခဏာများအားလုံးကို ‌တွေ့မြင်ကြရလျှင်လည်း ထိုသက်‌သေလက္ခဏာများကို ယုံကြည်ကြမည် မဟုတ်‌ပေ။ ‌နောက်ဆုံးတွင် သူတို့သည် အသင်(တမန်‌တော့်)ထံလာ‌ရောက်ကြ‌သောအခါ အသင်နှင့် အငြင်းအခုံ ပြုလုပ်ကာ ထိုကာဖိရ်များကပင် “ဤသည် ‌ရှေးသူများ၏ (လုပ်ကြံထား‌သော) ပုံပြင်များမှလွဲ၍ အခြားမည်သည့်အရာမှ မဟုတ်ဟု ‌ပြောဆိုကြသည်။ وَهُمۡ يَنۡهَوۡنَ عَنۡهُ وَيَنۡـَٔوۡنَ عَنۡهُۖ وَإِن يُهۡلِكُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ ٢٦ထို့ပြင် သူတို့သည် (အခြားသူများကိုလည်း) ထိုကုရ်အာန်ကျမ်း‌တော်မြတ်(ကို နား‌ထောင်ခြင်း)မှ တားဆီးကြသည်။ သူတို့ကိုယ်တိုင်လည်း ထိုကုရ်အာန်ကျမ်း‌တော်မြတ်(ကို နား‌ထောင်ခြင်း)မှ ‌ဝေး‌ဝေး(‌ရှောင်ကြဉ်)‌နေကြသည်။ ထိုု့ပြင် သူတို့သည် (မည်သူ့ကိုမှ) ဖျက်ဆီးကြသည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ ဖျက်ဆီး‌နေကြခြင်းသာ ဖြစ်သည်။ ထို့ပြင် သူတို့သည် (ဤသည်ကိုပင်) အသိမရှိကြ‌ပေ။ وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَى ٱلنَّارِ فَقَالُواْ يَٰلَيۡتَنَا نُرَدُّ وَلَا نُكَذِّبَ بِـَٔايَٰتِ رَبِّنَا وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ ٢٧ထို့ပြင် အသင်(တမန်‌တော်)သည် (သူတို့၏ အဖြစ်အပျက်ကို)မြင်မည်ဆိုလျှင် (အံ့ဩသွားမည်ပင်)၊ သူတို့သည် ငရဲဘုံ‌ပေါ်တွင် ရပ်တန့်‌စေခြင်းခံရ‌သောအခါ သူတို့က ‌ပြောဆိုကြမည်- “‌ဪ- ငါတို့သည် (‌လောကကို) ပြန်လွှတ်ခံရလျှင် ‌ကောင်း‌လေစွ။ (ထိုသို့ဆိုလျှင်) ငါတို့သည် ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အာယသ်‌တော်များကို မဟုတ်မမှန်ငြင်းပယ်မှု မပြုကြဘဲ ငါတို့သည် အီမာန်ယုံကြည်‌သောသူများထဲတွင် ပါဝင်လိုက်ကြမည်။“ بَلۡ بَدَا لَهُم مَّا كَانُواْ يُخۡفُونَ مِن قَبۡلُۖ وَلَوۡ رُدُّواْ لَعَادُواْ لِمَا نُهُواْ عَنۡهُ وَإِنَّهُمۡ لَكَٰذِبُونَ ٢٨အမှန်မှာ (သူတို့သည် ပြန်သွားရလျှင်လည်း ထိုသို့ ပြုလုပ်မည့်သူများ) လုံးဝ မဟုတ်‌ပေ၊ သို့ရာတွင် သူတို့အတွက် ယခင်က ထိမ်ချန်ထားသည်များ ‌ပေါ်သွား(သဖြင့် ဤကဲ့သို့ ‌ပြောလိုက်ရ)သည်သာ ဖြစ်သည်။* ထို့‌နောက် အကယ်၍ သူတို့သည် (‌လောကကို) ပြန်လွှတ်ခြင်းခံရလျှင်လည်း သူတို့အား တားမြစ်ထား‌သောအရာများကို အမှန်ပင် ပြန်လည် ကျူးလွန်ကြမည်သာဖြစ်သည်။ အမှန်မှာ သူတို့သည် လိမ်‌ပြောသူများပင်ဖြစ်ကြသည်။ وَقَالُوٓاْ إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ ٢٩၎င်းပြင် သူတို့က ‌ပြောဆိုကြသည်- အသက်ရှင်ခြင်းသည် ကျွန်ုပ်တို့၏ ဤဘဝ၍ ရှင်ခြင်းမှလွဲ၍ အခြားမရှိ‌ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် (‌သေပြီး‌နောက်) ပြန်ရှင်ထ‌စေခြင်းခံကြရမည့်သူများ မဟုတ်‌ပေ။ وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَىٰ رَبِّهِمۡۚ قَالَ أَلَيۡسَ هَٰذَا بِٱلۡحَقِّۚ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ٣٠ထို့ပြင် အသင်(တမန်‌တော်)သည် (သူတို့၏ အဖြစ်အပျက်ကို)မြင်မည်ဆိုလျှင် (အံ့ဩသွားမည်ပင်)၊ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏‌ရှေ့‌မှောက်၌ ရပ်တန့်‌စေခြင်းခံရ‌သောအခါ အရှင်မြတ်က အမိန့်ရှိ‌တော်မူမည်- ဤ(ရှင်ပြန်ထ‌စေခြင်း)သည် အမှန်ပင် မဟုတ်‌လော။ သူတို့က ပြန်‌ပြောကြမည်- “ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား တိုင်တည်‌ပြောဆိုပါမည်၊ အမှန်ပင်ဖြစ်ပါသည်။ အရှင်မြတ်က မိန့်ကြား‌တော်မူမည်- သို့ဆိုလျှင် အသင်တို့သည် ငြင်းပယ်‌လေ့ရှိခဲ့ကြသည့်အတွက် အပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ။ قَدۡ خَسِرَ ٱلَّذِينَ كَذَّبُواْ بِلِقَآءِ ٱللَّهِۖ حَتَّىٰٓ إِذَا جَآءَتۡهُمُ ٱلسَّاعَةُ بَغۡتَةً قَالُواْ يَٰحَسۡرَتَنَا عَلَىٰ مَا فَرَّطۡنَا فِيهَا وَهُمۡ يَحۡمِلُونَ أَوۡزَارَهُمۡ عَلَىٰ ظُهُورِهِمۡۚ أَلَا سَآءَ مَا يَزِرُونَ ٣١အလ္လာဟ်အရှင်မြတ်နှင့် ‌တွေ့ဆုံကြရမည်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြ‌သောသူများသည် အမှန်စင်စစ် ပျက်စီးခဲ့ကြပြီဖြစ်သည်။ ‌နောက်ဆုံးတွင် သူတို့ထံသို့ ထိုအချိန် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့သည် ရုတ်တရက် ‌ရောက်ရှိလာ‌သောအခါ သူတို့သည် (ထို‌နေ့တွင်) သူတို့၏(အပြစ်)ဝန်ထုပ်များကို သူတို့၏‌ကျောများ‌ပေါ်၌ ထမ်းပိုးလျက် ညည်းညူ‌ပြောဆိုကြမည်- ‌ဪ- ငါတို့သည် ဤအချိန်နှင့်ပတ်သက်၍ ‌ပေါ့‌လျော့ခဲ့ကြခြင်းသည် ‌ကြေကွဲစရာ ဖြစ်ရ‌လေခြင်းပင်။ သတိပြုကြပါ၊ သူတို့ထမ်းပိုးထား‌သောအရာ(အပြစ်)များသည် ဆိုးဝါးလှ‌ပေသည်။ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَعِبٌ وَلَهۡوٌۖ وَلَلدَّارُ ٱلۡأٓخِرَةُ خَيۡرٌ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ ٣٢ထို့ပြင် ဤဘဝ၏အသက်ရှင်မှုသည် အလဟဿ ‌ဆော့ကစားစရာပင်ဖြစ်သည်။* ၎င်းပြင် တမလွန်ဘဝ၏‌နေအိမ်ဗိမာန်ကမူ မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်‌သောသူများအတွက် အမှန်ပင် အလွန်‌ကောင်းသည် ထိုမျှပင် အသင်တို့သည် နားမလည်ကြသ‌လော။ قَدۡ نَعۡلَمُ إِنَّهُۥ لَيَحۡزُنُكَ ٱلَّذِي يَقُولُونَۖ فَإِنَّهُمۡ لَا يُكَذِّبُونَكَ وَلَٰكِنَّ ٱلظَّٰلِمِينَ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ ٣٣သူတို့‌ပြောဆိုကြ‌သောစကားသည် အမှန်စင်စစ် အသင်(တမန်‌တော်)အား စိတ်ပူပန်‌သောက ‌ရောက်‌စေသည်ကို ငါအရှင်မြတ်သည် သိ‌တော်မူသည်။* အမှန်စင်စစ် သူတို့သည် အသင့်အား မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည် မဟုတ်‌ပေ။ သို့ရာတွင် မတရားလုပ်‌သောသူများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော် သက်‌သေလက္ခဏာများကိုသာ ငြင်းပယ်ကြခြင်းဖြစ်သည်။ وَلَقَدۡ كُذِّبَتۡ رُسُلٌ مِّن قَبۡلِكَ فَصَبَرُواْ عَلَىٰ مَا كُذِّبُواْ وَأُوذُواْ حَتَّىٰٓ أَتَىٰهُمۡ نَصۡرُنَاۚ وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِۚ وَلَقَدۡ جَآءَكَ مِن نَّبَإِيْ ٱلۡمُرۡسَلِينَ ٣٤၎င်းပြင် အမှန်ပင် အသင်၏မတိုင်မီက တမန်‌တော်များသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းခံခဲ့ကြရသည်။ ထို့‌နောက် သူတို့သည် သူတို့အား မဟုတ်မမှန်ငြင်းပယ်ခြင်းခံရသည်များနှင့် ဒုက္ခ‌ပေးခြင်းခံခဲ့ကြရသည်များကို ငါအရှင်မြတ်၏ အကူအညီ သူတို့ထံ ‌ရောက်သည်အထိ သည်းခံခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ စကား‌တော်များအား ‌ပြောင်းလဲနိုင်‌သောသူ မည်သူမှ မရှိ‌ပေ။ ထို့ပြင် ‌စေလွှတ်ခြင်းခံရ‌သောသူ (တမန်‌တော်)များ၏အ‌ကြောင်းအရာ သတင်းများသည် အမှန်စင်စစ် အသင်၏ထံသို့ ‌ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ وَإِن كَانَ كَبُرَ عَلَيۡكَ إِعۡرَاضُهُمۡ فَإِنِ ٱسۡتَطَعۡتَ أَن تَبۡتَغِيَ نَفَقًا فِي ٱلۡأَرۡضِ أَوۡ سُلَّمًا فِي ٱلسَّمَآءِ فَتَأۡتِيَهُم بِـَٔايَةٍۚ وَلَوۡ شَآءَ ٱللَّهُ لَجَمَعَهُمۡ عَلَى ٱلۡهُدَىٰۚ فَلَا تَكُونَنَّ مِنَ ٱلۡجَٰهِلِينَ ٣٥ထို့ပြင် အကယ်၍ သူတို့၏မျက်နှာလွှဲ တိမ်း‌ရှောင်သွားခြင်းသည် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် ‌လေးလံမှုဖြစ်‌နေလျှင် (‌မြေလျှိုး မိုးပျံရန်) ‌မြေ(‌အောက်)တွင် လိုဏ်‌ခေါင်းတစ်ခု သို့မဟုတ် မိုး‌ပေါ်(တက်‌သော)‌လှေကားတစ်ခုကို အသင်ရှာ‌ဖွေနိုင်စွမ်းရှိလျှင် သူတို့ထံသို့ သက်‌သေလက္ခဏာ တန်ခိုး‌တော်တစ်ခု ယူ‌ဆောင်ပြလိုက်ပါ။* (ထိုအရာများကို အသင် လုပ်နိုင်မည်မဟုတ်သည့်အတွက် သည်းခံ‌စောင့်ဆိုင်းပါ)။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် သူတို့အားလုံးကို လမ်းမှန်‌ပေါ်၌ပင် စုစည်းထာ‌တော်မူခဲ့မည် အမှန်ပင်။* သို့ဖြစ်ရာ အသင်သည် အသိဉာဏ်မဲ့‌သောသူများထဲတွင် မပါဝင်‌လေနှင့်။ ۞ إِنَّمَا يَسۡتَجِيبُ ٱلَّذِينَ يَسۡمَعُونَۘ وَٱلۡمَوۡتَىٰ يَبۡعَثُهُمُ ٱللَّهُ ثُمَّ إِلَيۡهِ يُرۡجَعُونَ ٣٦နား‌ထောင်‌သောသူများသာ (အမှန်တရားကို)လက်ခံကြမည်ဖြစ်သည်။ ထို့ပြင် လူ‌သေများကိုမူ အလ္လာဟ်အရှင်မြတ်သည်ပင် (သခင်္ျီုင်းများမှ) ရှင်ပြန်‌စေ‌တော်မူမည်။ ထို့‌နောက် သူတို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ وَقَالُواْ لَوۡلَا نُزِّلَ عَلَيۡهِ ءَايَةٌ مِّن رَّبِّهِۦۚ قُلۡ إِنَّ ٱللَّهَ قَادِرٌ عَلَىٰٓ أَن يُنَزِّلَ ءَايَةً وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٣٧၎င်းပြင် သူတို့က ‌ပြောကြသည်- (အကယ်၍ မုဟမ္မဒ်-ဆွသည် တမန်‌တော်ဖြစ်ခဲ့လျှင်) ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ၎င်း၏ထံသို့ တန်ခိုး‌တော်တစ်စုံတစ်ခု အဘယ့်‌ကြောင့် မကျ‌ရောက်သနည်း။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (သူတို့ ‌တောင်းဆိုကြ‌သော)တန်ခိုး‌တော်ကို ချ‌ပေးနိုင်‌သောအရှင် ဖြစ်‌တော်မူသည်။ သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် အသိမရှိကြ‌ပေ။ وَمَا مِن دَآبَّةٍ فِي ٱلۡأَرۡضِ وَلَا طَٰٓئِرٍ يَطِيرُ بِجَنَاحَيۡهِ إِلَّآ أُمَمٌ أَمۡثَالُكُمۚ مَّا فَرَّطۡنَا فِي ٱلۡكِتَٰبِ مِن شَيۡءٍۚ ثُمَّ إِلَىٰ رَبِّهِمۡ يُحۡشَرُونَ ٣٨ထို့ပြင် ပထဝီ‌မြေတွင်ရှိသမျှ သက်ရှိများနှင့် သူတို့၏‌တောင်ပံနှစ်ဖက်နှင့်ပျံသန်း‌နေ‌သော ငှက်များသည် အသင်တို့ကဲ့သို့ အုပ်စုများပင်ဖြစ်ကြသည်။* ငါအရှင်မြတ်သည် (ငါအရှင်မြတ်ထံ‌တော်၌ ‌ရေးမှတ်ထိန်းသိမ်းထား‌သော)စာအုပ်ထဲတွင်* မည်သည့်အရာ တစ်ခုမျှ မချန်ထားခဲ့‌ပေ။ ၎င်းပြင် သူတို့အားလုံးသည် သူတို့၏အရှင်မြတ်ထံ‌တော်၌ပင် စုရုံး‌စေခြင်းကို ခံကြရမည်။ وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا صُمٌّ وَبُكۡمٌ فِي ٱلظُّلُمَٰتِۗ مَن يَشَإِ ٱللَّهُ يُضۡلِلۡهُ وَمَن يَشَأۡ يَجۡعَلۡهُ عَلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٣٩ထို့ပြင် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ငြင်းပယ်‌သောသူများသည် အ‌မှောင်များထဲတွင်ရှိကြ‌သော နားပင်းသူများနှင့် ဆွံ့အသူများပင် ဖြစ်ကြသည်။* အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကို (အမှန်ကို ငြင်းပယ်ခြင်း‌ကြောင့်) လမ်းလွဲ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကို ‌ဖြောင့်မတ်‌သောလမ်း‌ပေါ်တွင် တည်ရှိ‌စေ‌တော်မူသည်။ قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ أَوۡ أَتَتۡكُمُ ٱلسَّاعَةُ أَغَيۡرَ ٱللَّهِ تَدۡعُونَ إِن كُنتُمۡ صَٰدِقِينَ ٤٠(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်သည် အသင်တို့အ‌ပေါ်၌ ကျ‌ရောက်လာခဲ့လျှင်၊ သို့မဟုတ် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့သည် အသင်တို့ထံသို့ ‌ရောက်လာခဲ့လျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားအရာများကို) ဟစ်‌ခေါ်ကြဦးမည်‌လော၊ အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ခဲ့ကြလျှင် အသင်တို့သည် (ငါ့အား)‌ပြောပြကြပါ။ بَلۡ إِيَّاهُ تَدۡعُونَ فَيَكۡشِفُ مَا تَدۡعُونَ إِلَيۡهِ إِن شَآءَ وَتَنسَوۡنَ مَا تُشۡرِكُونَ ٤١ထိုသို့မဟုတ်၊ အမှန်မှာ အသင်တို့သည် (ထိုကဲ့သို့အချိန် ‌ရောက်လာလျှင်) အရှင်မြတ်တစ်ပါးတည်းကိုပင် ဟစ်‌ခေါ်ကြလိမ့်မည်။* ထို့‌နောက် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့(ဖယ်ရှားရန်)ဟစ်‌ခေါ်‌နေ‌သောအရာမှ ဖယ်ရှား‌ပေး‌တော်မူမည်။ ၎င်းပြင် အသင်တို့သည်လည်း အသင်တို့ တွဲဖင်ကိုးကွယ်ကြ‌သောအရာများကို ‌မေ့‌ပျောက်သွားကြလိမ့်မည်။ وَلَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٍ مِّن قَبۡلِكَ فَأَخَذۡنَٰهُم بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَتَضَرَّعُونَ ٤٢အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီ ရှိခဲ့ကြ‌သောလူမျိုးများထံသို့လည်း (တမန်‌တော်များ)‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် (ထိုလူမျိုးများက ငြင်းပယ်ကြ‌သောအခါ)သူတို့ ကျိုးနွံကြရန်အတွက် သူတို့အ‌ပေါ်၌ ဆင်းရဲဒုက္ခများနှင့် ‌ရောဂါ‌ဝေဒနာများကို ကျ‌ရောက်‌စေ‌တော်မူခဲ့သည်။ فَلَوۡلَآ إِذۡ جَآءَهُم بَأۡسُنَا تَضَرَّعُواْ وَلَٰكِن قَسَتۡ قُلُوبُهُمۡ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ مَا كَانُواْ يَعۡمَلُونَ ٤٣ထို့‌နောက် သူတို့သည် သူတို့ထံသို့ ငါအရှင်မြတ်၏ ပြစ်ဒဏ်ကျ‌ရောက်လာ‌သောအခါ အဘယ့်‌ကြောင့် မကျိုးနွံခဲ့ကြသနည်း။ သို့ရာတွင် သူတို့၏စိတ်နှလုံးများသည် (မကျိုးနွံကြသည်သာမက)မာ‌ကျောခဲ့ကြပြီး* ရှိုင်သွာန်သည်လည်း သူတို့ပြုလုပ်သည်များကို သူတို့အတွက် (သူတို့၏အမြင်တွင် လှပ‌စေရန်) တန်ဆာဆင်ပြထားခဲ့သည်။ فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦ فَتَحۡنَا عَلَيۡهِمۡ أَبۡوَٰبَ كُلِّ شَيۡءٍ حَتَّىٰٓ إِذَا فَرِحُواْ بِمَآ أُوتُوٓاْ أَخَذۡنَٰهُم بَغۡتَةً فَإِذَا هُم مُّبۡلِسُونَ ٤٤ထို့‌နောက် သူတို့သည် သူတို့ကို သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရ‌သောအရာများကို ‌မေ့‌ပျောက်ထားကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (စည်းစိမ်၏)တံခါးများအားလုံးကို ဖွင့်‌ပေးလိုက်‌တော်မူခဲ့သည်။ ‌နောက်ဆုံး၌ သူတို့သည် သူတို့‌ပေးခြင်းခံရ‌သော (စည်းစိမ်၏)အရာများနှင့် ဂုဏ်ယူဝင်ကြွားကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့အား ရုတ်တရက် ဖမ်းဆီးလိုက်‌တော်မူသည်။ ထိုအခါ သူတို့သည် ‌မျှော်လင့်ချက်ကင်းမဲ့ပြီး ‌ကြေကွဲသွားကြ‌တော့သည်။ فَقُطِعَ دَابِرُ ٱلۡقَوۡمِ ٱلَّذِينَ ظَلَمُواْۚ وَٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٤٥ထို့‌နောက် မတရားသူများ၏အ‌ခြေအမြစ်သည် ပြတ်‌တောက်သွား‌တော့သည်။ ထို့ပြင် ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အတွက်ပင်ဖြစ်သည်။ قُلۡ أَرَءَيۡتُمۡ إِنۡ أَخَذَ ٱللَّهُ سَمۡعَكُمۡ وَأَبۡصَٰرَكُمۡ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِهِۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ ثُمَّ هُمۡ يَصۡدِفُونَ ٤٦(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ကြားခြင်းနှင့်မြင်ခြင်းကို ရုပ်သိမ်း၍ အသင်တို့၏စိတ်နှလုံးများအား တံဆိပ်ခတ်နှိပ်‌တော်မူခဲ့လျှင်၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထို(ဂုဏ်သတ္တိ)များကို အသင်တို့အား ပြန်‌ပေးမည့်အရှင် မည်သူရှိသနည်းဆိုသည်ကို အသင်တို့ ‌ပြောပြကြပါ။ ငါအရှင်မြတ်သည် သက်‌သေသာဓကများကို မည်သို့‌ပြောင်းလဲပြသ‌တော်မူသည်ကို အသင်ကြည့်ပါ။ ထို့‌နောက်လည်း သူတို့သည် မျက်နှာလွှဲ‌နေကြသည်။ قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ بَغۡتَةً أَوۡ جَهۡرَةً هَلۡ يُهۡلَكُ إِلَّا ٱلۡقَوۡمُ ٱلظَّٰلِمُونَ ٤٧(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်သည် အသင်တို့ထံသို့ ရုတ်တရက် ထင်ရှားစွာ‌ရောက်ရှိလာခဲ့လျှင် မတရားပြုလုပ်သူများမှလွဲ၍ (မည်သူများ)ဖျက်ဆီးခံကြရဦးမည်နည်းဆိုသည်ကို အသင်တို့(ငါ့အား)‌ပြောပြကြပါ။ وَمَا نُرۡسِلُ ٱلۡمُرۡسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَۖ فَمَنۡ ءَامَنَ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٤٨ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်များအားလုံးကို ဝမ်‌မြောက်ဖွယ်သတင်း‌ပေးသူများနှင့် သတိ‌ပေးနှိုး‌ဆော်သူများအဖြစ်သာ ‌စေလွှတ်‌တော်မူ‌လေ့ရှိသည်။* သို့ဖြစ်ရာ မည်သူမဆို အီမာန်ယုံကြည်ပြီး ပြုပြင်ခဲ့လျှင် ထိုသူများအ‌ပေါ်တွင် မည်သည့်စိုးရိမ်စရာမှ မရှိ‌ပေ။ ၎င်းပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်ကြ‌ပေ။ وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا يَمَسُّهُمُ ٱلۡعَذَابُ بِمَا كَانُواْ يَفۡسُقُونَ ٤٩ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များအား မဟုတ်မမှန်ငြင်းပယ်ကြ‌သောသူများကမူ သူတို့သည် စည်းကမ်းကျူးလွန်‌ဖောက်ဖျက်ကြသည့်အတွက် သူတို့အ‌ပေါ်တွင် အပြစ်ဒဏ်ကျ‌ရောက်လိမ့်မည်။ قُل لَّآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ لَكُمۡ إِنِّي مَلَكٌۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّۚ قُلۡ هَلۡ يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُۚ أَفَلَا تَتَفَكَّرُونَ ٥٠(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ်တိုက်များရှိသည်ဟု ကျွန်ုပ် အသင်တို့ကို‌ပြောသည် မဟုတ်‌ပေ။ ကျွန်ုပ်သည် အကွယ်၌ရှိသည်များကို သိမြင်သည်ဟု(လည်း‌ပြောသည်)မဟုတ်‌ပေ။* ထို့ပြင် ကျွန်ုပ်သည် အမှန်ပင် ‌ကောင်းကင်တမန်ဖြစ်သည်ဟု အသင်တို့အား ‌ပြောဆိုသည်မဟုတ်‌ပေ။ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့‌ရောက်ရှိလာ‌သော ဝဟီအမိန့်‌တော်ကိုသာ လိုက်နာ‌နေခြင်း ဖြစ်သည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- မျက်စိမမြင်‌သောသူနှင့် မျက်စိမြင်‌သောသူသည် တူနိုင်ပါသ‌လော။* ထိုမျှပင် အသင်တို့ မစဉ်းစား မဆင်ခြင်ကြ‌လေသ‌လော။ وَأَنذِرۡ بِهِ ٱلَّذِينَ يَخَافُونَ أَن يُحۡشَرُوٓاْ إِلَىٰ رَبِّهِمۡ لَيۡسَ لَهُم مِّن دُونِهِۦ وَلِيٌّ وَلَا شَفِيعٌ لَّعَلَّهُمۡ يَتَّقُونَ ٥١ထို့ပြင် အသင်(တမန်‌တော်)သည် ထိုအရာ(ကုရ်အာန်)နှင့် အကြင်သူများအား သူတို့အပြစ်‌ရှောင်ကြရန်အတွက် သတိ‌ပေးနှိုး‌ဆော်လိုက်ပါ၊ ထိုသူများသည် အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေးမည့်သူအဖြစ်နှင့် ကြားဝင် အသနားခံ‌ပေးမည့်သူအဖြစ် မည်သူမှ မရှိ‌သော အ‌ခြေအ‌နေမျိုးနှင့် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် စုရုံးခံကြရမည်ကို စိုးရိမ်‌နေကြသည်။ وَلَا تَطۡرُدِ ٱلَّذِينَ يَدۡعُونَ رَبَّهُم بِٱلۡغَدَوٰةِ وَٱلۡعَشِيِّ يُرِيدُونَ وَجۡهَهُۥۖ مَا عَلَيۡكَ مِنۡ حِسَابِهِم مِّن شَيۡءٍ وَمَا مِنۡ حِسَابِكَ عَلَيۡهِم مِّن شَيۡءٍ فَتَطۡرُدَهُمۡ فَتَكُونَ مِنَ ٱلظَّٰلِمِينَ ٥٢ထို့ပြင် အသင်(တမန်‌တော်)သည် အကြင်သူတို့အား နှင်ထုတ်ခြင်းမပြုပါနှင့်။* ထိုသူတို့သည် အရှင်မြတ်၏နှစ်သက်မှုကိုသာ ရည်ရွယ်ပြီး သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို နံနက်နှင့်ည‌နေတွင် ဟစ်‌ခေါ်တသ‌နေကြသူများဖြစ်ကြသည်။ အသင်၏အ‌ပေါ်တွင် သူတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းစစ်‌ဆေးရန် တာဝန်မရှိ‌ပေ။ ၎င်းပြင် သူတို့အ‌ပေါ်၌လည်း အသင်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းစစ်‌ဆေးရန် တာဝန်မရှိ‌ပေ။ သို့ဖြစ်ပါလျက် အသင်သည် သူတို့အား နှင်ထုတ်လျှင် အသင်သည် မတရားကျူးလွန်သူများထဲတွင် ပါဝင်သွားလိမ့်မည်။ وَكَذَٰلِكَ فَتَنَّا بَعۡضَهُم بِبَعۡضٍ لِّيَقُولُوٓاْ أَهَٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيۡهِم مِّنۢ بَيۡنِنَآۗ أَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِٱلشَّٰكِرِينَ ٥٣ထို့ပြင် သူတို့သည် “ငါတို့ထဲမှ အလ္လာဟ်အရှင်မြတ်‌ကျေးဇူးပြု‌တော်မူထား‌သောသူများသည် ဤသူများ‌လော“*ဟု ‌ပြောဆိုကြရန်အတွက် ဤနည်းဖြင့် ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့သူများကို အချို့သူများနှင့် စမ်းသပ်‌တော်မူသည်။* အလ္လာဟ်အရှင်မြတ်သည် ‌ကျေးဇူးသိတတ်‌သောသူများအား အသိဆုံးအရှင် မဟုတ်ပါသ‌လော။ وَإِذَا جَآءَكَ ٱلَّذِينَ يُؤۡمِنُونَ بِـَٔايَٰتِنَا فَقُلۡ سَلَٰمٌ عَلَيۡكُمۡۖ كَتَبَ رَبُّكُمۡ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَ أَنَّهُۥ مَنۡ عَمِلَ مِنكُمۡ سُوٓءَۢا بِجَهَٰلَةٍ ثُمَّ تَابَ مِنۢ بَعۡدِهِۦ وَأَصۡلَحَ فَأَنَّهُۥ غَفُورٌ رَّحِيمٌ ٥٤ထို့ပြင် အသင်(တမန်‌တော့်)ထံသို့ ငါအရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ကြသူများ ‌ရောက်လာကြ‌သောအခါ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အသင်တို့အ‌ပေါ်တွင် ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေ“*၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မိမိအ‌ပေါ်၌ သနားကရုဏာကို သတ်မှတ်ပြဋ္ဌာန်း‌တော်မူသည်။ အမှန်စင်စစ် အသင်တို့ထဲမှ မည်သူမဆို မသိဘဲလျက် မ‌ကောင်းမှုတစ်ခုခုကို ပြုမိခဲ့သည်။ ၎င်းပြင် သူသည် ဝန်ချ‌တောင်းပန်ပြီး (သူ့ကိုယ်သူ)ပြုပြင်ခဲ့သည်ဆိုလျှင် အမှန်ပင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلِتَسۡتَبِينَ سَبِيلُ ٱلۡمُجۡرِمِينَ ٥٥ထို့ပြင် ဤသို့ပင် အပြစ်ရှိသူများ၏လမ်းစဉ်သည် ထင်ရှားသွား‌စေရန်အတွက် ငါအရှင်မြတ်သည် အာယသ်‌တော်များကို ရှင်းလင်းထင်ရှားစွာ မိန့်ကြား‌တော်မူသည်။ قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِۚ قُل لَّآ أَتَّبِعُ أَهۡوَآءَكُمۡ قَدۡ ضَلَلۡتُ إِذًا وَمَآ أَنَا۠ مِنَ ٱلۡمُهۡتَدِينَ ٥٦(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်တသကြ‌သောသူများကို ကိုးကွယ်ခြင်းမှ အမှန်ပင် ငါသည် တားမြစ်ခံခဲ့ရပြီးဖြစ်သည်။“* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အသင်တို့၏အလိုဆန္ဒများကို လိုက်နာမည် မဟုတ်‌ပေ။ ထိုကဲ့သို့ လိုက်နာခဲ့လျှင် အမှန်ပင် ငါသည် လမ်းမှားသို့ ‌ရောက်သွား‌ပေမည်။ ထို့ပြင် လမ်းမှန်ရရှိသူများထဲ၌လည်း ပါဝင်မည် မဟုတ်‌တော့‌ပေ။“ قُلۡ إِنِّي عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَكَذَّبۡتُم بِهِۦۚ مَا عِندِي مَا تَسۡتَعۡجِلُونَ بِهِۦٓۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ يَقُصُّ ٱلۡحَقَّۖ وَهُوَ خَيۡرُ ٱلۡفَٰصِلِينَ ٥٧(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ထံမှ သက်‌သေသာဓက အ‌ပေါ်၌ရှိသည်။ ၎င်းပြင် အသင်တို့သည် ထိုအရာကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ အသင်တို့ ‌ဆောလျင်စွာ ‌တောင်းဆိုကြ‌သောအရာ (အပြစ်ဒဏ်)သည် ငါ၏ထံတွင် မရှိ‌ပေ။ အမိန့်ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ အရှင်မြတ်သည် အမှန်ကို ထုတ်‌ဖော်မိန့်ကြား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قُل لَّوۡ أَنَّ عِندِي مَا تَسۡتَعۡجِلُونَ بِهِۦ لَقُضِيَ ٱلۡأَمۡرُ بَيۡنِي وَبَيۡنَكُمۡۗ وَٱللَّهُ أَعۡلَمُ بِٱلظَّٰلِمِينَ ٥٨(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အသင်တို့ ‌ဆောလျင်စွာ ‌တောင်းဆိုကြ‌သောအရာသည် ငါ၏ထံတွင်ရှိလျှင် ငါနှင့် အသင်တို့ကြား၌ဖြစ်‌ပေါ်‌နေ‌သော ပြဿနာသည် အမှန်စင်စစ် ‌ဖြေရှင်းပြီး ဖြစ်ခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတရားသူများအား အသိဆုံးအရှင် ဖြစ်‌တော်မူသည်။ ۞ وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٍ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٍ وَلَا يَابِسٍ إِلَّا فِي كِتَٰبٍ مُّبِينٍ ٥٩ထို့ပြင် အရှင်မြတ်ထံ‌တော်တွင် အကွယ်၏‌သော့များရှိသည်။* ထိုအရာများကို အရှင်မြတ်မှလွဲ၍ မည်သူမှမသိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် ကုန်း‌မြေတွင်ရှိသမျှနှင့် ပင်လယ်ထဲတွင်ရှိသမျှအရာများကို သိ‌တော်မူသည်။ ၎င်းပြင် သစ်ရွက်တစ်ရွက် ‌ကြွေကျသည်ကိုလည်း အရှင်မြတ်သိ‌တော်မူသည်။ ထို့ပြင် ပထဝီ‌မြေ၏အ‌မှောင်များထဲ၌ ကျ‌ရောက်‌နေ‌သော အ‌စေ့အဆံဟူသမျှနှင့် စိမ်းစို‌သောအရာဟူသမျှအပြင် ‌ခြောက်‌သွေ့‌သောအရာသူသမျှသည် ရှင်းလင်းထင်ရှား‌သော (မှတ်တမ်း)စာအုပ်တွင် ရှိကြသည်။ وَهُوَ ٱلَّذِي يَتَوَفَّىٰكُم بِٱلَّيۡلِ وَيَعۡلَمُ مَا جَرَحۡتُم بِٱلنَّهَارِ ثُمَّ يَبۡعَثُكُمۡ فِيهِ لِيُقۡضَىٰٓ أَجَلٌ مُّسَمًّىۖ ثُمَّ إِلَيۡهِ مَرۡجِعُكُمۡ ثُمَّ يُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ٦٠ထို့ပြင် အရှင်မြတ်သည် အသင်တို့ကို ညအချိန်တွင် အိပ်စက်‌စေ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။* ထို့ပြင် ‌နေ့အချိန်၌ အသင်တို့ပြုသမျှကိုလည်း အရှင်မြတ် သိ‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့ကို ‌နေ့အချိန်တွင် ပြန်လည်နိုးထ‌စေ‌တော်မူသည်။ သို့မှသာ သတ်မှတ်ထား‌သော သက်တမ်းသည် ကုန်သွားမည် ဖြစ်‌ပေသည်။ ထို့‌နောက် အရှင်မြတ်ထံ‌တော်၌ပင် အသင်တို့၏ ပြန်လည်‌ရောက်ရှိရာဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့ပြုမူခဲ့သမျှကို အသိ‌ပေး‌တော်မူမည်။ وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۖ وَيُرۡسِلُ عَلَيۡكُمۡ حَفَظَةً حَتَّىٰٓ إِذَا جَآءَ أَحَدَكُمُ ٱلۡمَوۡتُ تَوَفَّتۡهُ رُسُلُنَا وَهُمۡ لَا يُفَرِّطُونَ ٦١ထို့ပြင် အရှင်မြတ်သည်ပင် အရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် နိုင်နင်းလွှမ်းမိုး‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ထံသို့ ထိန်းသိမ်း‌စောင့်‌ရှောက်‌သောသူ (‌ကောင်းကင်တမန်‌တော်)များကို ‌စေလွှတ်‌တော်မူသည်။ ‌နောက်ဆုံးတွင် အသင်တို့ထဲမှ တစ်ဦးဦးထံသို့ ‌သေခြင်း ဆိုက်‌ရောက်လာ‌သောအခါ ငါအရှင်မြတ်၏ ‌စေတမန်များသည် သူ၏(အသက်)ကို ‌ပေါ့ဆစွာ မပြုလုပ်ကြဘဲလျက် ရုပ်သိမ်းကြသည်။ ثُمَّ رُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۚ أَلَا لَهُ ٱلۡحُكۡمُ وَهُوَ أَسۡرَعُ ٱلۡحَٰسِبِينَ ٦٢ထို့‌နောက် သူတို့သည် သူတို့၏စစ်မှန်သည့် အရှင်သခင်ဖြစ်‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ ပြန်လည်ပို့‌ဆောင်ခြင်းခံကြရမည်။ နား‌ထောင်ကြပါ၊ စီရင်ဆုံးဖြတ်ခြင်း၏ အာဏာသည် အရှင်မြတ်ထံ‌တော်၌သာရှိသည်။ ထို့ပြင် အရှင်မြတ်သည် အလျင်မြန်ဆုံး စာရင်းစစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قُلۡ مَن يُنَجِّيكُم مِّن ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ تَدۡعُونَهُۥ تَضَرُّعًا وَخُفۡيَةً لَّئِنۡ أَنجَىٰنَا مِنۡ هَٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّٰكِرِينَ ٦٣(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့ကို ကုန်း‌မြေနှင့် ပင်လယ်၏အ‌မှောင်များမှ မည်သူကယ်တင်သနည်း။ အသင်တို့သည် အရှင်မြတ်ကိုသာ ကျိုးနွံပြီး တိတ်ဆိတ်စွာ ဟစ်‌ခေါ်တသကြသည်။ “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤ‌ဘေးဒုက္ခမှ ကယ်တင်‌တော်မူပါလျှင် ကျွန်ုပ်တို့သည် ‌ကျေးဇူးသိတတ်သူများထဲ၌ အမှန်ပင် ဖြစ်ကြပါမည်“ (ဟု ‌ပြောဆိုကြသည်)။ قُلِ ٱللَّهُ يُنَجِّيكُم مِّنۡهَا وَمِن كُلِّ كَرۡبٍ ثُمَّ أَنتُمۡ تُشۡرِكُونَ ٦٤(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ထို(ဒုက္ခ)နှင့် (အခြား)‌ဘေးဒုက္ခတိုင်းမှ လွတ်‌မြောက်‌စေ‌တော်မူသည်။ ထို့‌နောက်လည်း အသင်တို့သည် ရှိရ်က်တုဖက်ကိုးကွယ်မှု ပြုလုပ်ကြပြန်သည်ပင်။ قُلۡ هُوَ ٱلۡقَادِرُ عَلَىٰٓ أَن يَبۡعَثَ عَلَيۡكُمۡ عَذَابًا مِّن فَوۡقِكُمۡ أَوۡ مِن تَحۡتِ أَرۡجُلِكُمۡ أَوۡ يَلۡبِسَكُمۡ شِيَعًا وَيُذِيقَ بَعۡضَكُم بَأۡسَ بَعۡضٍۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ لَعَلَّهُمۡ يَفۡقَهُونَ ٦٥(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အသင်တို့၏ အထက်မှဖြစ်‌စေ၊ အသင်တို့၏‌ခြေ‌ထောက်များ‌အောက်မှဖြစ်‌စေ အပြစ်ဒဏ်သက်‌ရောက်ရန် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်၊ သို့မဟုတ် အသင်တို့အား အသင်းအဖွဲ့များ ကွဲပြား‌စေပြီး (အချင်းချင်း တိုက်ခိုက်ခိုင်းလျက်) အသင်တို့ထဲမှ အချို့အား အချို့၏တိုက်ခိုက်မှု(အရသာ)ကို မြည်းစမ်း‌စေရန်လည်း ပြုစွမ်းနိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ငါအရှင်မြတ်သည် သူတို့ နားလည်ကြရန်အတွက် အာယသ်‌တော်များကို မည်သို့ ‌ပြောင်းလဲပြသ‌တော်မူသည်ကို အသင်ကြည့်ပါ။ وَكَذَّبَ بِهِۦ قَوۡمُكَ وَهُوَ ٱلۡحَقُّۚ قُل لَّسۡتُ عَلَيۡكُم بِوَكِيلٍ ٦٦ထို့ပြင် ၎င်း(ကုရ်အာန်)သည် အမှန်ပင်ဖြစ်ပါလျက် ၎င်းကို အသင်၏အမျိုးသားများက မဟုတ်မမှန်ငြင်းပယ်ခဲ့ကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အသင်တို့အ‌ပေါ် ကြီးကြပ်အုပ်ထိန်းသူမဟုတ်‌ပေ“။ لِّكُلِّ نَبَإٍ مُّسۡتَقَرٌّۚ وَسَوۡفَ تَعۡلَمُونَ ٦٧သတင်းစကားတိုင်းအတွက် (ဖြစ်ပျက်ရန်) ကန့်သတ်ထား‌သော အချိန်တစ်ချိန်ရှိသည်။ ထို့ပြင် အသင်တို့သည် မကြာမီ သိရလိမ့်မည်။ وَإِذَا رَأَيۡتَ ٱلَّذِينَ يَخُوضُونَ فِيٓ ءَايَٰتِنَا فَأَعۡرِضۡ عَنۡهُمۡ حَتَّىٰ يَخُوضُواْ فِي حَدِيثٍ غَيۡرِهِۦۚ وَإِمَّا يُنسِيَنَّكَ ٱلشَّيۡطَٰنُ فَلَا تَقۡعُدۡ بَعۡدَ ٱلذِّكۡرَىٰ مَعَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٦٨ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မ‌ကောင်း‌ပြော‌နေ‌သောသူများအား အသင်(တမန်‌တော်)မြင်‌သောအခါ သူတို့သည် အခြားအ‌ကြောင်းအရာများထဲသို့ ‌ပြောင်းလဲမ‌ပြောဆိုသမျှ အသင်သည် သူတို့ထံမှ ‌ရှောင်လွှဲ‌နေပါ။ ၎င်း‌နောက် အကယ်၍ ရှိုင်သွာန်သည် အသင့်အား အမှန်ပင် ‌မေ့‌လျော့‌စေခဲ့လျှင် ပြန်သတိရ‌သောအခါ အသင်သည် မတရားပြုလုပ်‌သောသူများနှင့် အတူ မထိုင်ပါနှင့်။ وَمَا عَلَى ٱلَّذِينَ يَتَّقُونَ مِنۡ حِسَابِهِم مِّن شَيۡءٍ وَلَٰكِن ذِكۡرَىٰ لَعَلَّهُمۡ يَتَّقُونَ ٦٩ထို့ပြင် အပြစ်‌ရှောင်ကြဉ်သူများအ‌ပေါ်တွင် မုရှ်ရိက်များ(၏ ပြစ်မှုစာရင်းများထဲမှ) တစ်စုံတစ်ရာကိုမှ တာဝန်မရှိ‌ပေ။* သို့ရာတွင် သူတို့ အပြစ်‌ရှောင်ကြဉ်ကြရန်အတွက် (သူတို့အ‌ပေါ်တွင်) ဆုံးမဩဝါဒစကား‌ပြောရန် တာဝန်သာရှိသည်။ وَذَرِ ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَعِبًا وَلَهۡوًا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ وَذَكِّرۡ بِهِۦٓ أَن تُبۡسَلَ نَفۡسُۢ بِمَا كَسَبَتۡ لَيۡسَ لَهَا مِن دُونِ ٱللَّهِ وَلِيٌّ وَلَا شَفِيعٌ وَإِن تَعۡدِلۡ كُلَّ عَدۡلٍ لَّا يُؤۡخَذۡ مِنۡهَآۗ أُوْلَٰٓئِكَ ٱلَّذِينَ أُبۡسِلُواْ بِمَا كَسَبُواْۖ لَهُمۡ شَرَابٌ مِّنۡ حَمِيمٍ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ ٧٠ထို့ပြင် အသင်သည် အကြင်သူများအား စွန့်ထားလိုက်ပါ။ ထိုသူများသည် သူတို့၏ ဒီန်သာသနာကို ကစားစရာ၊ ‌ပျော်ရွှင်စရာအဖြစ် ပြုလုပ်ထားကြသည်။* ထို့ပြင် ဤ‌လောကီဘဝသည် သူတို့အား လှည့်ဖြားထားသည်။ ထို့‌နောက် တစ်စုံတစ်ဦးသည် သူ၏ အပြုအမူများ‌ကြောင့် အ‌ရေးယူဖျက်ဆီးခြင်း မခံရရန်အတွက် အသင်သည် ဤအရာ(ကုရ်အာန်)နှင့် ဆုံးမ‌နေပါ။ (ထိုကဲ့သို့ ဖျက်ဆီးခံရပြီဆိုလျှင်) သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေးမည့်သူ၊ ကြားဝင်အသနားခံ‌ပေးမည့်သူ ရှိမည်မဟုတ်‌ပေ။ ၎င်းပြင် အကယ်၍ ထိုသူသည် (ပြစ်ဒဏ်မှ လွတ်ရန်) အစားထိုးမှုမှန်သမျှကို အစားထိုး‌ပေးလျှင်လည်း သူထံမှ လက်ခံခြင်း ခံရမည်မဟုတ်‌ပေ။ ထိုသူများပင် သူတို့၏ အပြုအမူများ‌ကြောင့် ဖျက်ဆီးခံရလိုက်သူများ ဖြစ်ကြသည်။ သူတို့အတွက် သူတို့ ငြင်းပယ်လျက်ရှိခဲ့ခြင်း‌ကြောင့် အလွန်ပူ‌လောင်‌သော‌ရေမှ ‌သောက်စရာနှင့် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိသည်။ قُلۡ أَنَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعۡقَابِنَا بَعۡدَ إِذۡ هَدَىٰنَا ٱللَّهُ كَٱلَّذِي ٱسۡتَهۡوَتۡهُ ٱلشَّيَٰطِينُ فِي ٱلۡأَرۡضِ حَيۡرَانَ لَهُۥٓ أَصۡحَٰبٌ يَدۡعُونَهُۥٓ إِلَى ٱلۡهُدَى ٱئۡتِنَاۗ قُلۡ إِنَّ هُدَى ٱللَّهِ هُوَ ٱلۡهُدَىٰۖ وَأُمِرۡنَا لِنُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ ٧١(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ငါတို့ကို အကျိုးလည်းမပြုနိုင်၊ ဒုက္ခလည်းမ‌ပေးနိုင်‌သောအရာများအား ဟစ်‌ခေါ်တသ ကိုးကွယ်ကြရမည်‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား လမ်းမှန်ပို့‌ဆောင်‌တော်မူပြီး‌နောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ ငါတို့‌ကျောခိုင်း၍ ပြန်လှည့်သွားကြရမည်‌လော။ ထိုသူအား ရှိုင်သွာန်များသည် ဖြား‌ယောင်းပြီး မျက်စိလည်လမ်းမှား‌အောင်လုပ်ခဲ့ကြသည့်အတွက် သူသည် ကမာ္ဘ‌မြေတွင် စိတ်ရှုပ်‌ထွေးလျက် တဝဲလည်လည်ဖြစ်‌နေခဲ့သည်။ သူ့တွင် မိတ်‌ဆွေများလည်းရှိသည်။ ထိုမိတ်‌ဆွေများသည် သူ့အား လမ်းမှန်ဘက် “ငါတို့ထံသို့ လာပါ“ဟု ဖိတ်‌ခေါ်‌နေသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသ‌တော်မူ‌သောလမ်းပင် အမှန်စင်စစ် လမ်းမှန်ဖြစ်သည်။ ထို့ပြင် ငါတို့သည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာရန် အမိန့်‌ပေး‌တော်မူခြင်း ခံခဲ့ကြရပြီဖြစ်သည်။ وَأَنۡ أَقِيمُواْ ٱلصَّلَوٰةَ وَٱتَّقُوهُۚ وَهُوَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ ٧٢ထို့ပြင် အသင်တို့သည် စွဲမြဲစွာ စွလာသ်ဝတ်ပြုကြပါ၊ ၎င်းပြင် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါဟု (အမိန့်‌ပေးခံကြရသည်)။ ၎င်းပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် စုရုံးခံကြရမည်။ وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۖ وَيَوۡمَ يَقُولُ كُن فَيَكُونُۚ قَوۡلُهُ ٱلۡحَقُّۚ وَلَهُ ٱلۡمُلۡكُ يَوۡمَ يُنفَخُ فِي ٱلصُّورِۚ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ ٧٣ထို့ပြင် ထိုအရှင်မြတ်သည် ‌ကောင်းကင်များနှင့် ‌မြေပထဝီကို မှန်ကန်တိကျမှုဖြင့် ဖန်ဆင်း‌တော်မူခဲ့‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထို့ပြင် ထို(ကိယာမသ်)‌နေ့တွင် အရှင်မြတ်သည် (ကိယာမသ်‌နေ့အား)“ဖြစ်‌စေ“ဟု မိန့်ကြား‌တော်မူမည်။ သို့ဖြစ်ရာ (ကိယာမသ်)ဖြစ်သွားလိမ့်မည်။ အရှင်မြတ်၏ စကား‌တော်သည် မှန်ကန်‌သောစကားပင်ဖြစ်သည်။ ထို့ပြင် တံပိုးခရာ မှုတ်မည့်‌နေ့တွင် စိုးမိုးအုပ်ချုပ်မှုသည် အရှင်မြတ်၌သာရှိ‌တော်မူမည်။* (အရှင်မြတ်သည်) အကွယ်ရှိအရာနှင့် ‌ရှေ့‌မှောက်ရှိအရာတို့ကို အလွန်သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ۞ وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ ءَازَرَ أَتَتَّخِذُ أَصۡنَامًا ءَالِهَةً إِنِّيٓ أَرَىٰكَ وَقَوۡمَكَ فِي ضَلَٰلٍ مُّبِينٍ ٧٤ထို့ပြင် တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်သည် ၎င်း၏ဖခင် အာဇရ်ကို ‌ပြောခဲ့သည်- “အသင်သည် ရုပ်တုများကို ကိုးကွယ်သည့်အရှင်များအဖြစ် ပြုလုပ်သည်‌လော။ အမှန်စင်စစ် ကျွန်ုပ်သည် အသင်နှင့် အသင်၏အမျိုးသားများအား ထင်ရှား‌သောလမ်းမှား၌ (‌ရောက်‌နေသည်ကို) ‌တွေ့မြင်ရပါသည်။“ وَكَذَٰلِكَ نُرِيٓ إِبۡرَٰهِيمَ مَلَكُوتَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلِيَكُونَ مِنَ ٱلۡمُوقِنِينَ ٧٥ထိုသို့ပင် (တမန်‌တော်)အိဗ်ရာဟီမ်ကို နက်နဲစွာ ယုံကြည်‌သောသူများထဲ၌ အပါအဝင်ဖြစ်ရန်အတွက် ငါအရှင်မြတ်သည် ‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးပိုင်‌တော်မူ‌ကြောင်း ပြသ‌တော်မူခဲ့သည်။ فَلَمَّا جَنَّ عَلَيۡهِ ٱلَّيۡلُ رَءَا كَوۡكَبًاۖ قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَآ أُحِبُّ ٱلۡأٓفِلِينَ ٧٦ထို့‌နောက် ညသည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)ကို ဖုံးလွှမ်း‌သောအခါ ၎င်းသည် ကြယ်တစ်လုံးကို ‌တွေ့မြင်ခဲ့သည်။ ၎င်းက‌ပြောသည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်သည်“။ ထို့‌နောက် ထိုကြယ်သည် ‌ပျောက်ကွယ်သွား‌သောအခါ ၎င်းက‌ပြောဆိုသည်- “ငါသည် ‌ပျောက်ကွယ်သွား‌သောအရာများကို မနှစ်သက်‌ပေ။“ فَلَمَّا رَءَا ٱلۡقَمَرَ بَازِغًا قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَئِن لَّمۡ يَهۡدِنِي رَبِّي لَأَكُونَنَّ مِنَ ٱلۡقَوۡمِ ٱلضَّآلِّينَ ٧٧ထို့‌နောက် ၎င်းသည် လကို‌တောက်ပလျက်(စတင်ထွက်‌ပေါ်လာသည်ကို)‌တွေ့မြင်‌သောအခါ ‌ပြောဆိုပြန်သည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်သည်“။ သို့ရာတွင် ထိုလသည် ‌ပျောက်ကွယ်သွား‌သောအခါ ၎င်းက‌ပြောဆိုသည်- “အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်အား လမ်မှန်မညွှန်ကြား မပြသခဲ့လျှင် ကျွန်ုပ်သည် လမ်းမှားသူများထဲ၌ အမှန်စင်စစ် အပါအဝင်ဖြစ်သွားမည်ပင်။“ فَلَمَّا رَءَا ٱلشَّمۡسَ بَازِغَةً قَالَ هَٰذَا رَبِّي هَٰذَآ أَكۡبَرُۖ فَلَمَّآ أَفَلَتۡ قَالَ يَٰقَوۡمِ إِنِّي بَرِيٓءٌ مِّمَّا تُشۡرِكُونَ ٧٨ထို့‌နောက် ၎င်းက ‌နေကို‌တောက်ပလျက်(စတင်ထွက်‌ပေါ်လာသည်ကို)‌တွေ့မြင်‌သောအခါ ၎င်းက ‌ပြောဆိုပြန်သည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ဤသည် အကြီးဆုံးဖြစ်သည်“။ ထို့‌နောက် ‌နေသည်လည်း ‌ပျောက်ကွယ်သွားပြန်‌သောအခါ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်လျက်ရှိကြ‌သောအရာများမှ လုံးဝ လွတ်ကင်းသည်။“ إِنِّي وَجَّهۡتُ وَجۡهِيَ لِلَّذِي فَطَرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ حَنِيفًاۖ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ ٧٩အမှန်စင်စစ် ငါသည် ငါ၏မျက်နှာလှည့်ခြင်းကို* ‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ဘက်သို့သာ တစ်စိတ်တစ်လက်တည်း*လှည့်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါသည် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သူများထဲမှ မဟုတ်‌ပေ။ وَحَآجَّهُۥ قَوۡمُهُۥۚ قَالَ أَتُحَٰٓجُّوٓنِّي فِي ٱللَّهِ وَقَدۡ هَدَىٰنِۚ وَلَآ أَخَافُ مَا تُشۡرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّي شَيۡـًٔاۚ وَسِعَ رَبِّي كُلَّ شَيۡءٍ عِلۡمًاۚ أَفَلَا تَتَذَكَّرُونَ ٨٠ထို့‌နောက် ၎င်း၏အမျိုးသားများသည် ၎င်းနှင့် အငြင်းအခုံ ပြုလုပ်ခဲ့ကြသည်။ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်-အလိုင်ဟိ)က ‌ပြောသည်- အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ပင် ငါနှင့် အငြင်းအခုံပြုလုပ်ကြသ‌လော။ အမှန်စင်စစ် အရှင်မြတ်သည် ငါ့အား လမ်းမှန် ညွှန်ကြားပြသပြီးဖြစ်သည်။ ထို့ပြင် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် အလိုရှိသည်မှလွဲ၍* အသင်တို့ ယှဉ်တွဲကိုးကွယ်ကြ‌သောအရာများအား မ‌ကြောက်‌ပေ။* ငါ၏အရှင်သည် အရာအားလုံးကို အသိပညာနှင့် ဝန်းခြုံလျက်ရှိ‌တော်မူသည်။ သို့ပါလျက် အသင်တို့သည် အသိတရား မရကြ‌လေသ‌လော။ وَكَيۡفَ أَخَافُ مَآ أَشۡرَكۡتُمۡ وَلَا تَخَافُونَ أَنَّكُمۡ أَشۡرَكۡتُم بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ عَلَيۡكُمۡ سُلۡطَٰنًاۚ فَأَيُّ ٱلۡفَرِيقَيۡنِ أَحَقُّ بِٱلۡأَمۡنِۖ إِن كُنتُمۡ تَعۡلَمُونَ ٨١ငါသည် အသင်တို့ တွဲဖက်ကိုးကွယ်ကြ‌သောအရာများကို အဘယ့်‌ကြောင့် ‌ကြောက်ရမည်နည်း။ ၎င်းပြင် အသင်တို့သည် အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်က သက်‌သေသာဓကတစ်ခုမျှ ချမ‌ပေးခဲ့‌သောအရာများအား အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်‌နေကြသည်ကို အမှန်ပင် အသင်တို့ မ‌ကြောက်ရွံ့ကြ‌ပေ။ သို့ဖြစ်ရာ အုပ်စုနှစ်စုထဲမှ မည်သည့်အုပ်စုသည် ငြိမ်းချမ်းမှုနှင့် ပိုထိုက်သည်ဆိုသည်ကို အကယ်၍ အသင်တို့သိကြလျှင် (‌ပြောပြကြပါ)။ ٱلَّذِينَ ءَامَنُواْ وَلَمۡ يَلۡبِسُوٓاْ إِيمَٰنَهُم بِظُلۡمٍ أُوْلَٰٓئِكَ لَهُمُ ٱلۡأَمۡنُ وَهُم مُّهۡتَدُونَ ٨٢အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် သူတို့၏အီမာန်ယုံကြည်မှုကို ရှိရ်က်တွဲဖက်ကိုးကွယ်မှုနှင့်*‌ရော‌နှောခြင်း မပြုခဲ့ကြ‌ပေ။ ထိုသူများအတွက်သာ ငြိမ်းချမ်းမှုရှိသည်။ ၎င်းပြင် ထိုသူများသည်သာ လမ်းမှန်ရရှိ‌သောသူများဖြစ်ကြသည်။ وَتِلۡكَ حُجَّتُنَآ ءَاتَيۡنَٰهَآ إِبۡرَٰهِيمَ عَلَىٰ قَوۡمِهِۦۚ نَرۡفَعُ دَرَجَٰتٍ مَّن نَّشَآءُۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ٨٣ထို့ပြင် ဤသည် ငါအရှင်မြတ်၏ သက်‌သေသာဓကဖြစ်သည်၊ ငါအရှင်မြတ်သည် ထိုသက်‌သေသာဓကကို (တမန်‌တော်)အိဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများနှင့် ပြိုင်ဆိုင်ရာတွင် ချီးမြှင့်‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် ငါအရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား အဆင့်အတန်းများ တိုးမြှင့်‌ပေး‌တော်မူသည်။ အမှန်စင်စစ် အသင်(တမန်‌တော့်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَۚ كُلًّا هَدَيۡنَاۚ وَنُوحًا هَدَيۡنَا مِن قَبۡلُۖ وَمِن ذُرِّيَّتِهِۦ دَاوُۥدَ وَسُلَيۡمَٰنَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَٰرُونَۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ٨٤ထို့ပြင် ငါအရှင်သည် ၎င်း(အိဗ်ရာဟီမ်)အား(သား‌တော်)အစ္စဟာက်နှင့် (‌မြေး‌တော်)ယအ်ကူဗ်တို့ကို ‌ပေးသနား‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် (၎င်းတို့)အသီးသီးကို လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)၏ မတိုင်မီတွင်ရှိ‌သော (တမန်‌တော်)နူးဟ်ကိုလည်း လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)၏ သား‌မြေးများထဲမှ (တမန်‌တော်များဖြစ်သည့်) ဒါဝူဒ်၊ စုလိုင်မာန်၊ အိုင်ယူဗ်၊ ယူစွဖ်၊ မူစာနှင့် ဟာရှုန်တို့ကိုလည်း (ငါအရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်။) ထို့ပြင် ငါအရှင်မြတ်သည် ‌ကောင်းကျိုးပြုလုပ်သူများအား ဤနည်းအတိုင်း အကျိုး‌ပေး‌လေ့ရှိ‌တော်မူသည်။ وَزَكَرِيَّا وَيَحۡيَىٰ وَعِيسَىٰ وَإِلۡيَاسَۖ كُلٌّ مِّنَ ٱلصَّٰلِحِينَ ٨٥ထို့ပြင် (တမန်‌တော်များဖြစ်သည့်) ဇကရိယာ၊ ယဟ်ယာ၊ အီစာနှင့် အိလ်ယာစ် တို့ကိုလည်း (ငါအရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်။) (၎င်းတို့)အသီးသီးသည် ‌ကောင်းမြတ်‌သော သူ‌တော်စင်များထဲမှပင် ဖြစ်ကြသည်။ وَإِسۡمَٰعِيلَ وَٱلۡيَسَعَ وَيُونُسَ وَلُوطًاۚ وَكُلًّا فَضَّلۡنَا عَلَى ٱلۡعَٰلَمِينَ ٨٦(တမန်‌တော်များဖြစ်သည့်) အစ္စမာအီလ်၊ အလ်ယစအ်၊ ယူနွတ်စ်နှင့် လူသ်ွ တို့ကိုလည်း (ငါအရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် (၎င်းတို့)အသီးသီးကို စကြဝဠာအားလုံးအ‌ပေါ်တွင် မြင့်မြတ်ထူးကဲမှု ချီးမြှင့်‌တော်မူခဲ့သည်။ وَمِنۡ ءَابَآئِهِمۡ وَذُرِّيَّٰتِهِمۡ وَإِخۡوَٰنِهِمۡۖ وَٱجۡتَبَيۡنَٰهُمۡ وَهَدَيۡنَٰهُمۡ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٨٧ထို့ပြင် ၎င်းတို့၏ အဘ၊ အဘိုး၊ ‌ဘေးများထဲမှ အချို့နှင့် ၎င်းတို့၏ သား‌မြေးများထဲမှ အချို့အပြင် ၎င်းတို့၏ ညီ၊ အစ်ကိုများထဲမှ အချို့တို့ကို (ငါအရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့ကို ‌ရွေးချယ်‌တော်မူပြီး ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ညွှန်ကြားပြသ‌တော်မူခဲ့သည်။ ذَٰلِكَ هُدَى ٱللَّهِ يَهۡدِي بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَلَوۡ أَشۡرَكُواْ لَحَبِطَ عَنۡهُم مَّا كَانُواْ يَعۡمَلُونَ ٨٨ဤသည် အလ္လာဟ်အရှင်မြတ်၏တရား‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိ‌တော်မူ‌သောသူကို ထိုတရား‌တော်နှင့် လမ်းမှန်ကို ညွှန်ကြားပြသပို့‌ဆောင်‌တော်မူသည်။ ထို့‌နောက် အကယ်၍ သူတို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့ကြလျှင် သူတို့ပြုလုပ်ခဲ့‌သော ‌ကောင်းမှုဟူသမျှသည် အမှန်စင်စစ် အချည်းအနှီး အကျိုးမဲ့ဖြစ်သွားခဲ့လိမ့်မည်။ أُوْلَٰٓئِكَ ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَۚ فَإِن يَكۡفُرۡ بِهَا هَٰٓؤُلَآءِ فَقَدۡ وَكَّلۡنَا بِهَا قَوۡمًا لَّيۡسُواْ بِهَا بِكَٰفِرِينَ ٨٩ထိုသူများသည် ငါအရှင်မြတ်အ‌နေနှင့် သူတို့ကို ကျမ်းဂန်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် တမန်‌တော်ဖြစ်ခြင်းတို့ကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့‌သောသူများပင် ဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ ဤသူ(ကာဖိရ်)များသည် ဤသည်တို့ကို ငြင်းပယ်ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ဤသည်တို့ကို မငြင်းပယ်မည့် လူမျိုးများထံသို့ လွှဲအပ်‌ပေးလိုက်‌တော်မူမည်။ أُوْلَٰٓئِكَ ٱلَّذِينَ هَدَى ٱللَّهُۖ فَبِهُدَىٰهُمُ ٱقۡتَدِهۡۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ هُوَ إِلَّا ذِكۡرَىٰ لِلۡعَٰلَمِينَ ٩٠ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့အား လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့ပြီးဖြစ်‌သောသူများပင် ဖြစ်သည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည်လည်း သူတို့၏လမ်းစဉ်အတိုင်းလိုက်ပါ။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါသည် ဤအရာ (ကုရ်အာန်ကျမ်း‌တော်ကို ပို့ချရှင်းပြမှု) နှင့်ပတ်သက်၍ အသင်တို့ထံမှ မည်သည့် အဖိုးအခမှ မ‌တောင်းဆို‌ပေ။ ထိုအရာ(ကုရ်အာန်)သည် စကြဝဠာအားလုံး(ရှိ သတ္တဝါအားလုံး)အတွက် ဆုံးမဩဝါဒပင် ဖြစ်သည်။ وَمَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓ إِذۡ قَالُواْ مَآ أَنزَلَ ٱللَّهُ عَلَىٰ بَشَرٍ مِّن شَيۡءٍۗ قُلۡ مَنۡ أَنزَلَ ٱلۡكِتَٰبَ ٱلَّذِي جَآءَ بِهِۦ مُوسَىٰ نُورًا وَهُدًى لِّلنَّاسِۖ تَجۡعَلُونَهُۥ قَرَاطِيسَ تُبۡدُونَهَا وَتُخۡفُونَ كَثِيرًاۖ وَعُلِّمۡتُم مَّا لَمۡ تَعۡلَمُوٓاْ أَنتُمۡ وَلَآ ءَابَآؤُكُمۡۖ قُلِ ٱللَّهُۖ ثُمَّ ذَرۡهُمۡ فِي خَوۡضِهِمۡ يَلۡعَبُونَ ٩١ထို့ပြင် “အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားအ‌ပေါ်မှာ မည်သည့်အရာမျှ ချမ‌ပေးခဲ့ပါ“ဟူ၍ သူတို့က ‌ပြောဆိုကြ‌သောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ‌လေးစားထိုက်သည်ခန့် မ‌လေးစားခဲ့ကြ‌ပေ။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- (တမန်‌တော်)မူစာသည် လူများအတွက် လင်း‌ရောင်ခြည်အဖြစ်နှင့် တရားလမ်းညွှန်အဖြစ် ယူ‌ဆောင်လာခဲ့‌သော ကျမ်းဂန်ကို မည်သူချ‌ပေးခဲ့သနည်း။ အသင်တို့သည် ထိုကျမ်းဂန်ကို ‌ရေးမှတ်စရာများနှင့် ပြုလုပ်(‌ရေးသား)ထားခဲ့ကြသည်။ အသင်တို့သည် ထိုအရာများ(၏ အချို့)ကို ‌ဖော်ထုတ်ပြသကြပြီး အများအပြားကိုမူ ထိမ်ချန်လျှို့ဝှက်ထားကြသည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏ အဘ၊ အဘိုး၊ ‌ဘေးများ မသိရှိခဲ့ကြ‌သောအရာများကို သင်ကြားပို့ချခြင်းခံခဲ့ကြရသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည်ပင် (ထိုကျမ်းဂန်ကို ချ‌ပေး‌တော်မူ‌သောအရှင်)ဖြစ်‌တော်မူသည်“။ ထို့‌နောက် အသင်သည် သူတို့အား (သူတို့၏ အကျိုးမဲ့ မှားယွင်းစွာ ‌ပြောဆိုမှုများထဲ၌) နစ်မွန်း‌ပြောဆိုကစား‌နေကြသည့်အတိုင်းသာ စွန့်ပစ်ထားလိုက်ပါ။ وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٌ مُّصَدِّقُ ٱلَّذِي بَيۡنَ يَدَيۡهِ وَلِتُنذِرَ أُمَّ ٱلۡقُرَىٰ وَمَنۡ حَوۡلَهَاۚ وَٱلَّذِينَ يُؤۡمِنُونَ بِٱلۡأٓخِرَةِ يُؤۡمِنُونَ بِهِۦۖ وَهُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ ٩٢ထို့ပြင် ဤအရာ(ကုရ်အာန်)သည် ငါအရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်းဂန်ဖြစ်သည်။* (ဤကျမ်းဂန်သည်)ဗရကသ်မဂင်္လာ*နှင့် ပြည့်စုံပြီး ၎င်းမတိုင်မီက ကျမ်းဂန်များကိုလည်း (အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ထုတ်ပြန်ချမှတ်‌ပေး‌တော်မူ‌ကြောင်း) ‌ထောက်ခံအတည်ပြု‌သော ကျမ်းဂန်ဖြစ်သည်။ ထို့ပြင် အသင်သည် (ထိုကျမ်းဂန်နှင့်)မက္ကဟ်မြို့*(သားများ)နှင့် ထိုမြို့၏ပတ်ဝန်းကျင်၌*ရှိ‌သောသူများကို သတိ‌ပေးနှိုုး‌ဆော်ရန်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝကို ယုံကြည်‌သောသူများသည် သူတို့၏ စွလာသ်ဝတ်ပြုမှုကို ထိန်းသိမ်းကြလျက်* ဤ(ကုရ်အာန်)ကျမ်းကိုလည်း ယုံကြည်ကြသည်။ وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ قَالَ أُوحِيَ إِلَيَّ وَلَمۡ يُوحَ إِلَيۡهِ شَيۡءٌ وَمَن قَالَ سَأُنزِلُ مِثۡلَ مَآ أَنزَلَ ٱللَّهُۗ وَلَوۡ تَرَىٰٓ إِذِ ٱلظَّٰلِمُونَ فِي غَمَرَٰتِ ٱلۡمَوۡتِ وَٱلۡمَلَٰٓئِكَةُ بَاسِطُوٓاْ أَيۡدِيهِمۡ أَخۡرِجُوٓاْ أَنفُسَكُمُۖ ٱلۡيَوۡمَ تُجۡزَوۡنَ عَذَابَ ٱلۡهُونِ بِمَا كُنتُمۡ تَقُولُونَ عَلَى ٱللَّهِ غَيۡرَ ٱلۡحَقِّ وَكُنتُمۡ عَنۡ ءَايَٰتِهِۦ تَسۡتَكۡبِرُونَ ٩٣ထို့ပြင် အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသား‌ပြောဆို လုပ်ကြံစွပ်စွဲသည်။* သို့မဟုတ် ထိုသူသည် သူ၏အ‌ပေါ်တွင် ဝဟီ အမိန့်‌တော်ကျ‌ရောက်သည်ဟု ‌ပြောဆိုသည်။* ထို့‌နောက်လည်း သူ၏အ‌ပေါ်တွင် မည်သည့်အမိန့်တစ်ခုမျှ ကျ‌ရောက်ခဲ့ခြင်းမရှိ‌ပေ။ ထို့ပြင် (အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိသနည်း) ထိုသူသည် အလ္လာဟ်အရှင်မြတ် ချ‌ပေး‌တော်မူသကဲ့သို့ ကျွန်ုပ်လည်း မကြာမီ (ထိုကဲ့သို့ အာယသ်များကို)ချ‌ပေးမည်ဟု ‌ပြောဆိုသည်။ အကယ်၍ အသင်(တမန်‌တော်)သည် အကြင်အခါ၌ ‌တွေ့မြင်နိုင်လျှင် ‌ကောင်း‌လေစွပင်၊ ထိုအခါ၌ မတရားလုပ်သူများသည် ‌သေခြင်း၏ပြင်းထန်(စွာ ခံစားရ)မှုများတွင် ရှိ‌နေကြလိမ့်မည်။ ၎င်းပြင် ‌ကောင်းကင်တမန်များသည် သူတို့၏လက်များကိုဖြန့်လျက် (ဤသို့ ‌ပြောကြမည်) “အသင်တို့သည် အသင်တို့၏ အသက်များအား ထုတ်(‌ပေး)ကြပါ။* ယ‌နေ့၌မူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ မဟုတ်မမှန် လုပ်ကြံ‌ပြောဆိုသည်သာမက အရှင်မြတ်၏ သက်‌သေလက္ခဏာများမှ မာန‌ထောင်လွှား‌နေကြသည့်အတွက်‌ကြောင့် ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို ခံစားကြရမည်။“ وَلَقَدۡ جِئۡتُمُونَا فُرَٰدَىٰ كَمَا خَلَقۡنَٰكُمۡ أَوَّلَ مَرَّةٍ وَتَرَكۡتُم مَّا خَوَّلۡنَٰكُمۡ وَرَآءَ ظُهُورِكُمۡۖ وَمَا نَرَىٰ مَعَكُمۡ شُفَعَآءَكُمُ ٱلَّذِينَ زَعَمۡتُمۡ أَنَّهُمۡ فِيكُمۡ شُرَكَٰٓؤُاْۚ لَقَد تَّقَطَّعَ بَيۡنَكُمۡ وَضَلَّ عَنكُم مَّا كُنتُمۡ تَزۡعُمُونَ ٩٤ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ ပထမအကြိမ် ငါအရှင်မြတ် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည့်အတိုင်းပင် တစ်ဦးစီ၊ တစ်ဦးစီ(‌သေဆုံးလျက်) အမှန်ပင် လာကြပြီဖြစ်သည်။* ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ‌ပေးသနား‌တော်မူခံ‌သောအရာ(ပစ္စည်းဥစ္စာ)များကိုလည်း အသင်တို့‌နောက်တွင် စွန့်ထားခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့နှင့်အတူတကွ အသင်တို့ကို ကြားဝင်အသနားခံ‌ပေးမည့် အကြင်သူများကိုလည်း မ‌တွေ့မြင်‌ပေ၊ ထိုသူများသည် အသင်တို့၏ အ‌ရေးကိစ္စများတွင် (ငါအရှင်မြတ်နှင့်) ဖက်စပ်ပါဝင်သူများဖြစ်ကြသည်ဟု အသင်တို့ ထင်မြင်ယူဆခဲ့ကြသည်။ (ယခုမူ) အသင်တို့၏စပ်ကြားတွင် အဆက်ပြတ်သွားပြီးဖြစ်သည်။ ထို့ပြင် အသင်တို့ ထင်မြင်ယူဆခဲ့ကြ‌သောအရာသည်လည်း အသင်တို့ထံမှ ‌ပျောက်ကွယ်သွားပြီဖြစ်သည်။ ۞ إِنَّ ٱللَّهَ فَالِقُ ٱلۡحَبِّ وَٱلنَّوَىٰۖ يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَمُخۡرِجُ ٱلۡمَيِّتِ مِنَ ٱلۡحَيِّۚ ذَٰلِكُمُ ٱللَّهُۖ فَأَنَّىٰ تُؤۡفَكُونَ ٩٥အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌စေ့အဆန်ကိုခွဲပြီး ‌ညှောင့်ထွက်‌စေ‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။* အရှင်မြတ်သည်ပင် သက်မဲ့အရာများမှ သက်ရှိသတ္တဝါများကို ထုတ်ယူ‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည်ပင် သက်ရှိ(သတ္တဝါ)များမှ သက်မဲ့(အရာ)များကို ထုတ်ယူ‌တော်မူ‌သောအရှင်မြတ်လည်း ဖြစ်‌တော်မူသည်။ ထိုအရှင်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ သို့ဖြစ်ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။ فَالِقُ ٱلۡإِصۡبَاحِ وَجَعَلَ ٱلَّيۡلَ سَكَنًا وَٱلشَّمۡسَ وَٱلۡقَمَرَ حُسۡبَانًاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ ٩٦(အရှင်မြတ်သည်) အလင်းကို ခွဲထုတ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည်ပင် ညအချိန်ကို(သတ္တဝါအားလုံး)အနားယူရန် ပြုလုပ်ထား‌တော်မူသည်။* ‌နေနှင့်လတို့ကိုလည်း (အချိန်)တိုင်းတာ တွက်ချက်ရန် ပြုလုပ်ထား‌တော်မူသည်။* ဤသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌သောမူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၏ စီမံခန့်ခွဲမှုပင်ဖြစ်သည်။ وَهُوَ ٱلَّذِي جَعَلَ لَكُمُ ٱلنُّجُومَ لِتَهۡتَدُواْ بِهَا فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡلَمُونَ ٩٧ထို့ပြင် အရှင်မြတ်သည် ကြယ်များအား အသင်တို့အတွက် ကုန်း‌မြေနှင့် ပင်လယ်၏အ‌မှောင်များထဲတွင် လမ်းမှန်ရရှိ‌စေရန် ပြုလုပ်‌တော်မူခဲ့‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။* အမှန်စင်စစ် ငါအရှင်မြတ်သည် သက်‌သေသာဓကများကို သိနားလည်‌သောသူများအတွက် အ‌သေးစိတ် ရှင်းလင်းပြသ‌တော်မူသည်။ وَهُوَ ٱلَّذِيٓ أَنشَأَكُم مِّن نَّفۡسٍ وَٰحِدَةٍ فَمُسۡتَقَرٌّ وَمُسۡتَوۡدَعٌۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٍ يَفۡقَهُونَ ٩٨ထို့ပြင် အရှင်မြတ်သည် အသင်တို့အား လူတစ်ဦးတည်းမှ ‌ပေါက်ဖွား‌စေ‌တော်မူခဲ့‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။* ထို့‌နောက် ကြာရှည်‌နေရမည့်‌နေရာ တစ်ခုနှင့် ခဏ‌နေရမည့်‌နေရာ တစ်ခု(ပြုလုပ်‌ပေး‌တော်မူခဲ့သည်)။* အမှန်စင်စစ် ငါအရှင်မြတ်သည် အသိဉာဏ်ရှိ‌သောသူများအတွက် သက်‌သေသာဓကများကို အ‌သေးစိတ် ရှင်းလင်းပြသခဲ့ပြီးဖြစ်သည်။ وَهُوَ ٱلَّذِيٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخۡرَجۡنَا بِهِۦ نَبَاتَ كُلِّ شَيۡءٍ فَأَخۡرَجۡنَا مِنۡهُ خَضِرًا نُّخۡرِجُ مِنۡهُ حَبًّا مُّتَرَاكِبًا وَمِنَ ٱلنَّخۡلِ مِن طَلۡعِهَا قِنۡوَانٌ دَانِيَةٌ وَجَنَّٰتٍ مِّنۡ أَعۡنَابٍ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُشۡتَبِهًا وَغَيۡرَ مُتَشَٰبِهٍۗ ٱنظُرُوٓاْ إِلَىٰ ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَيَنۡعِهِۦٓۚ إِنَّ فِي ذَٰلِكُمۡ لَأٓيَٰتٍ لِّقَوۡمٍ يُؤۡمِنُونَ ٩٩ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ရွာသွန်းချ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုမိုး‌ရေနှင့် ‌ကောက်ပဲသီးနှံ အ‌ညှောင့်မျိုးစုံကို ထွက်‌ပေါ်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုအ‌ညှောင့်မှ စိမ်းစို‌သောအကိုင်းအခက်ကို ထွက်‌စေ‌တော်မူသည်။ ငါအရှင်မြတ်သည် ထိုအကိုင်းအခက်မှ ပြွတ်သိပ်‌နေ‌သော ‌စေ့အဆန်များကို ထွက်‌စေ‌တော်မူသည်။ ထို့ပြင် စွန်ပလွန်ပင်၏အဖူးဝတ်ဆံများမှ တွဲ‌လောင်းကျ‌နေ‌သော အခိုင်များ(ထွက်သည်)။ ၎င်းပြင် (ငါအရှင်မြတ်သည်) စပျစ်ခြံများ၊ သံလွင်သီး၊ သလဲသီးများကိုလည်း (ဖန်ဆင်း‌တော်မူခဲ့သည်)။ အချို့မှာ အချင်းချင်းတူကြပြီး အချို့မှာမူ (ပုံစံတူ‌သော်လည်း အရသာ)မတူကြ‌ပေ။* အသင်တို့သည် ထိုအသီးများ သီး‌သောအခါနှင့် မှည့်‌သောအခါတွင် ထိုအသီးများအား ကြည့်ကြပါ။ အမှန်စင်စစ် ၎င်းတို့ထဲ၌ ယုံကြည်‌သောသူများအတွက် သက်‌သေသာဓကများ ရှိသည်။ وَجَعَلُواْ لِلَّهِ شُرَكَآءَ ٱلۡجِنَّ وَخَلَقَهُمۡۖ وَخَرَقُواْ لَهُۥ بَنِينَ وَبَنَٰتِۭ بِغَيۡرِ عِلۡمٍۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَصِفُونَ ١٠٠ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တွဲဖက်များအဖြစ် ဂျင်န်သတ္တဝါများကို ပြုလုပ်ခဲ့ကြသည်။* ထို့ပြင် (အမှန်မှာ) အရှင်မြတ်သည်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ (ဂျင်န်များက သူတို့ကို ဖန်ဆင်းခဲ့သည် မဟုတ်‌ပေ)။ ထို့ပြင် သူတို့သည် မသိနားမလည်ဘဲနှင့် အလ္လာဟ်အရှင်မြတ်မှာ သားများသမီးများရှိသည်ဟု လုပ်ကြံစွပ်စွဲ ‌ပြောဆိုကြသည်။ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့ စွပ်စွဲ‌ပြောဆိုကြသည်များမှ အလွန်မြင့်မား‌တော်မူသည်။ بَدِيعُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ أَنَّىٰ يَكُونُ لَهُۥ وَلَدٌ وَلَمۡ تَكُن لَّهُۥ صَٰحِبَةٌۖ وَخَلَقَ كُلَّ شَيۡءٍۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٌ ١٠١(အရှင်မြတ်သည်) ‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဆန်းကြယ်စွာ စတင်ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ အရှင်မြတ်၌ ကြင်ရာမရှိဘဲ မည်ကဲ့သို့ အရှင်မြတ်တွင် သားသမီးရှိမည်နည်း။* ၎င်းပြင် အရှင်မြတ်ပင် အရာအားလုံးကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ لَآ إِلَٰهَ إِلَّا هُوَۖ خَٰلِقُ كُلِّ شَيۡءٍ فَٱعۡبُدُوهُۚ وَهُوَ عَلَىٰ كُلِّ شَيۡءٍ وَكِيلٌ ١٠٢ဤသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ (ထိုအရှင်မြတ်သည်)အရာရာကို ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို စီမံခန့်ခွဲ ပြီး‌မြောက်‌စေ‌တော်မူ‌သော အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّا تُدۡرِكُهُ ٱلۡأَبۡصَٰرُ وَهُوَ يُدۡرِكُ ٱلۡأَبۡصَٰرَۖ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ ١٠٣မျက်စိများသည် အရှင်မြတ်ကို ခြုံငုံကြည့်မြင်နိုင်ခြင်း မရှိ‌ပေ။* အရှင်မြတ်ကမူ မျက်စိများကို ခြုံငုံကြည့်မြင်‌နေလျက်ရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قَدۡ جَآءَكُم بَصَآئِرُ مِن رَّبِّكُمۡۖ فَمَنۡ أَبۡصَرَ فَلِنَفۡسِهِۦۖ وَمَنۡ عَمِيَ فَعَلَيۡهَاۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٍ ١٠٤အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်‌သေခံအ‌ထောက်အထားများ ‌ရောက်ရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ထိုအရာများကိုမြင်လျှင် သူ့အတွက် အကျိုးရှိမည်။ ၎င်းပြင် မည်သူမဆို မျက်စိကန်း‌နေလျှင် သူ့အတွက် ဆုံးရှုံးမှုရှိမည်။* ၎င်းပြင် ကျွန်ုပ်(တမန်‌တော်)သည် အသင်တို့အ‌ပေါ်တွင် ကြီးကြပ်အုပ်ထိန်းသူ မဟုတ်‌ပေ။ وَكَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ وَلِيَقُولُواْ دَرَسۡتَ وَلِنُبَيِّنَهُۥ لِقَوۡمٍ يَعۡلَمُونَ ١٠٥ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် သက်‌သေလက္ခဏာများကို အမျိုးမျိုး ‌ပြောင်းလဲရှင်းပြ‌တော်မူသည်။ ထို့ပြင် (ထိုကဲ့သို့ ရှင်းလင်းပြသရခြင်းသည်) ကာဖိရ်များက “အသင်(တမန်‌တော်)သည် သင်ယူထားသည်“ဟု ‌ပြောဆိုကြရန်အတွက်နှင့် ငါအရှင်မြတ်သည် ဤ(ကုရ်အာန်)ကို အသိရှိ‌သောသူများအတွက် ရှင်းလင်းထင်ရှားစွာ ပြသ‌တော်မူရန်အတွက် ဖြစ်သည်။ ٱتَّبِعۡ مَآ أُوحِيَ إِلَيۡكَ مِن رَّبِّكَۖ لَآ إِلَٰهَ إِلَّا هُوَۖ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ ١٠٦အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကျ‌ရောက်လာ‌သော ဝဟီအမိန့်‌တော်များကို လိုက်နာပြီး‌နေပါ။ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ၎င်းပြင် အသင်သည် မုရှ်ရိက်များဘက်မှ မျက်နှာလွှဲပြီး‌နေပါ။ وَلَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكُواْۗ وَمَا جَعَلۡنَٰكَ عَلَيۡهِمۡ حَفِيظًاۖ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٍ ١٠٧ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် သူတို့သည် ရှိရ်က် တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည် မဟုတ်‌ပေ။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သူတို့အ‌ပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားသည် မဟုတ်‌ပေ။ အသင်သည် သူတို့အတွက် တာဝန်ခံလည်း မဟုတ်‌ပေ။ وَلَا تَسُبُّواْ ٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ فَيَسُبُّواْ ٱللَّهَ عَدۡوَۢا بِغَيۡرِ عِلۡمٍۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمۡ ثُمَّ إِلَىٰ رَبِّهِم مَّرۡجِعُهُمۡ فَيُنَبِّئُهُم بِمَا كَانُواْ يَعۡمَلُونَ ١٠٨ထို့ပြင် အသင်တို့သည် ၎င်း(အခြားဘာသာဝင်)တို့က အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်‌နေကြ‌သော ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြနှင့်။ ထိုကဲ့သို့ပြုလုပ်လျှင် သူတို့သည် အသိတရားမရှိသည့်အတွက် စည်း‌ဘောင်‌ကျော်ပြီး အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချမှုပြုလုပ်ကြမည်။* ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် အုပ်စုတိုင်း၏အမြင်တွင် သူတို့၏လုပ်ရပ်များကို လှပတင့်တယ်‌အောင် တန်ဆာဆင်‌ပေးထား‌တော်မူခဲ့သည်။* ထို့‌နောက် သူတို့အားလုံး၏ ပြန့်လှည့်ရာသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် သူတို့အား သူတို့ပြုမူခဲ့‌သောအရာများကို အသိ‌ပေး‌တော်မူမည်။ وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِن جَآءَتۡهُمۡ ءَايَةٌ لَّيُؤۡمِنُنَّ بِهَاۚ قُلۡ إِنَّمَا ٱلۡأٓيَٰتُ عِندَ ٱللَّهِۖ وَمَا يُشۡعِرُكُمۡ أَنَّهَآ إِذَا جَآءَتۡ لَا يُؤۡمِنُونَ ١٠٩ထို့ပြင် အကယ်၍ သူတို့ထံသို့ သက်‌သေလက္ခဏာ တစ်စုံတစ်ခု‌ရောက်လာခဲ့လျှင် ၎င်းကို အမှန်စင်စစ် ယုံကြည်လက်ခံကြပါမည်ဟု သူတို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး အစွမ်းကုန်ကျိန်ဆိုကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ သက်‌သေလက္ခဏာ တန်ခိုး‌တော်များသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။* ထို့ပြင် အမှန်စင်စစ် ထိုသက်‌သေလက္ခဏာများ ကျ‌ရောက်လာခဲ့လျှင်လည်း သူတို့သည် ယုံကြည်ကြမည်မဟုတ် ဆိုသည်ကို အသင်တို့ သိကြပါ၏‌လော။ وَنُقَلِّبُ أَفۡـِٔدَتَهُمۡ وَأَبۡصَٰرَهُمۡ كَمَا لَمۡ يُؤۡمِنُواْ بِهِۦٓ أَوَّلَ مَرَّةٍ وَنَذَرُهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ١١٠ထို့ပြင် သူတို့သည် ပထမအကြိမ် ထို(တန်ခိုး‌တော်များဖြစ်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ယုံကြည်ခြင်းမရှိကြသကဲ့သို့ပင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများနှင့် မျက်စိများကို လှည့်ထား‌ပေးလိုက်‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ကို သူတို့၏‌ခေါင်းမာမှုထဲ၌ပင် တဝဲလည်လည် လွှတ်ထား‌တော်မူမည်။

الجزء الثامن

۞ وَلَوۡ أَنَّنَا نَزَّلۡنَآ إِلَيۡهِمُ ٱلۡمَلَٰٓئِكَةَ وَكَلَّمَهُمُ ٱلۡمَوۡتَىٰ وَحَشَرۡنَا عَلَيۡهِمۡ كُلَّ شَيۡءٍ قُبُلًا مَّا كَانُواْ لِيُؤۡمِنُوٓاْ إِلَّآ أَن يَشَآءَ ٱللَّهُ وَلَٰكِنَّ أَكۡثَرَهُمۡ يَجۡهَلُونَ ١١١ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အမှန်စင်စစ် သူတို့ထံသို့ ‌ကောင်းကင်တမန်များ ‌စေလွှတ်‌တော်မူခဲ့လျှင်၊ ၎င်းပြင် ‌သေသူများသည် သူတို့နှင့် စကား‌ပြောဆိုခဲ့ကြလျှင်၊ ၎င်းပြင် ငါအရှင်မြတ်သည် အရာရာကို သူတို့‌ရှေ့‌မှောက်တွင် စုရုံး‌ပေး‌တော်မူခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူမှလွဲ၍ သူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ။* သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် အသိကင်းမဲ့ကြသည်။ وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوًّا شَيَٰطِينَ ٱلۡإِنسِ وَٱلۡجِنِّ يُوحِي بَعۡضُهُمۡ إِلَىٰ بَعۡضٍ زُخۡرُفَ ٱلۡقَوۡلِ غُرُورًاۚ وَلَوۡ شَآءَ رَبُّكَ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ ١١٢ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် တမန်‌တော်တိုင်းအတွက် လူရှိုင်သွာန်နှင့် ဂျင်န်ရှိုင်သွာန်များကို ရန်သူများအဖြစ် ပြုလုပ်ထား‌တော်မူသည်။ ထိုရှိုင်သွာန်များထဲမှ အချို့သူများသည် အချို့သူများ၏ထံသို့ အပြင်ပန်းလှ‌သော နှစ်လိုဖွယ်စကားများကို လှည့်ဖြားရန် ထည့်သွင်း‌လေ့ရှိကြသည်။ ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် အလိုရှိ‌တော်မူပါလျှင် ထိုရှိုင်သွာန်များသည် ထိုသို့ပြုလုပ်နိုင်ကြမည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် သူတို့နှင့် သူတို့လုပ်ကြံလိမ်လည်‌ပြောဆိုသည်များကို စွန့်ထားလိုက်ပါ။ وَلِتَصۡغَىٰٓ إِلَيۡهِ أَفۡـِٔدَةُ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَلِيَرۡضَوۡهُ وَلِيَقۡتَرِفُواْ مَا هُم مُّقۡتَرِفُونَ ١١٣ထို့ပြင် (ထိုကဲ့သို့နှစ်လိုဖွယ်စကားများကို ရှိုင်သွာန်က ထည့်သွင်းရခြင်းအ‌ကြောင်းမှာ) တမလွန်ဘဝကို မယုံကြည်သူများ၏စိတ်နှလုံးများသည် ထို(စကားများ)ဘက်သို့ ယိမ်းညွတ်‌စေရန်အတွက်နှင့် ‌ကျေနပ်နှစ်သက်‌နေရန်အပြင် သူတို့ပြုလုပ်မြဲဖြစ်‌သောအရာများကို ပြုလုပ်‌နေကြရန်အတွက် ဖြစ်သည်။ أَفَغَيۡرَ ٱللَّهِ أَبۡتَغِي حَكَمًا وَهُوَ ٱلَّذِيٓ أَنزَلَ إِلَيۡكُمُ ٱلۡكِتَٰبَ مُفَصَّلًاۚ وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡلَمُونَ أَنَّهُۥ مُنَزَّلٌ مِّن رَّبِّكَ بِٱلۡحَقِّۖ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ ١١٤(အသင်တမန်‌တော် ‌ပြောလိုက်ပါ) ထို့‌နောက် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထိုအရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အ‌သေးစိတ် ရှင်းလင်းဖွင့်ဆိုထား‌သော (ကုရ်အာန်)ကျမ်း‌တော်ကို ချ‌ပေး‌တော်မူခဲ့ပါလျက် အခြားသူကို စီရင်ဆုံးဖြတ်သူ တရားသူကြီးအဖြစ် ရှာ‌ဖွေရမည်‌လော။ ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်‌ပေးသနားထား‌သောသူများသည်လည်း အမှန်ပင် ဤ(ကုရ်အာန်)ကျမ်း‌တော်မြတ်သည် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ မှန်ကန်မှုနှင့်တကွ ကျ‌ရောက်လာ‌သောကျမ်းဖြစ်သည်ကို သိရှိကြသည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သံသယဖြစ်သူများထဲ၌ အပါအဝင် မဖြစ်‌လေနှင့်။ وَتَمَّتۡ كَلِمَتُ رَبِّكَ صِدۡقًا وَعَدۡلًاۚ لَّا مُبَدِّلَ لِكَلِمَٰتِهِۦۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ١١٥ထို့ပြင် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏စကား‌တော်သည် မှန်ကန်မှု၊ တရားမျှတမှုတို့နှင့် ပြည့်စုံသည်။* အရှင်မြတ်၏စကား‌တော်များကို ‌ပြောင်းလဲနိုင်သူ မရှိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِن تُطِعۡ أَكۡثَرَ مَن فِي ٱلۡأَرۡضِ يُضِلُّوكَ عَن سَبِيلِ ٱللَّهِۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ هُمۡ إِلَّا يَخۡرُصُونَ ١١٦ထို့ပြင် အကယ်၍ အသင်သည် ကမာ္ဘ‌မြေရှိ လူအ‌မြောက်အမြား၏ စကားများကို လိုက်နာခဲ့လျှင် သူတို့သည် အသင့်ကို အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်‌စေကြလိမ့်မည်။ သူတို့သည် ထင်မြင်ယူဆချက်မှလွဲ၍ အခြားမည်သည့်အရာကိုမှ လိုက်နာကြသည်မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် ရမ်းဆ‌ပြောဆိုသူများပင် ဖြစ်ကြသည်။ إِنَّ رَبَّكَ هُوَ أَعۡلَمُ مَن يَضِلُّ عَن سَبِيلِهِۦۖ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ١١٧အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏လမ်းမှ မည်သူလွဲ‌ချော်‌နေသည်ကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် လမ်းမှန်ရရှိထားသူများကိုလည်း အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ فَكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ إِن كُنتُم بِـَٔايَٰتِهِۦ مُؤۡمِنِينَ ١١٨သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသပြီး (လှီးဖြတ်ထား‌သော)သား‌ကောင်ကို စားသုံးကြပါ။ وَمَا لَكُمۡ أَلَّا تَأۡكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ وَقَدۡ فَصَّلَ لَكُم مَّا حَرَّمَ عَلَيۡكُمۡ إِلَّا مَا ٱضۡطُرِرۡتُمۡ إِلَيۡهِۗ وَإِنَّ كَثِيرًا لَّيُضِلُّونَ بِأَهۡوَآئِهِم بِغَيۡرِ عِلۡمٍۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِٱلۡمُعۡتَدِينَ ١١٩အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသပြီး (လှီးဖြတ်ထား‌သော)အရာ (တိရစာ္ဆန်)များကို စားသုံးမှုမပြုရန် မည်သည့်အ‌ကြောင်းရှိသနည်း။* ထို့ပြင် အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် မလွှဲမ‌ရှောင်သာဖြစ်‌သော အခါမှလွဲ၍ (မစားသုံးရန်) အရှင်မြတ်တားမြစ်ထား‌တော်မူ‌သောအရာ(တိရစာ္ဆန်)များကို အ‌သေးစိတ် ရှင်းလင်းပြသပြီးဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အများစုသည် သူတို့၏အလိုဆန္ဒများ(‌နောက်ကို လိုက်ခြင်း)‌ကြောင့် အသိမရှိ‌တော့ဘဲ (သူတစ်ပါးကို လမ်းမှန်မှ) လွဲ‌ချော်‌စေကြသည်။ အမှန်မှာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျူး‌ကျော်‌သောသူများကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ وَذَرُواْ ظَٰهِرَ ٱلۡإِثۡمِ وَبَاطِنَهُۥٓۚ إِنَّ ٱلَّذِينَ يَكۡسِبُونَ ٱلۡإِثۡمَ سَيُجۡزَوۡنَ بِمَا كَانُواْ يَقۡتَرِفُونَ ١٢٠အသင်တို့သည် (မြင်‌နေရ‌သော သိသာ‌ပေါ်လွင်)ထင်ရှားသည့် မ‌ကောင်းမှုများနှင့် (မမြင်ရဘဲ ဖုံးကွယ်)လျှို့ဝှက်‌နေ‌သော အတွင်းမ‌ကောင်းမှုများကို* စွန့်လွှတ်ကြပါ။ စင်စစ် မ‌ကောင်းမှုများကို ရှာ‌ဖွေဆည်းပူးတတ်ကြ‌သောသူများသည် မကြာမီ သူတို့ ကျူးလွန်ခဲ့သည်များ၏ အကျိုးကို ခံစားကြရလိမ့်မည်။ وَلَا تَأۡكُلُواْ مِمَّا لَمۡ يُذۡكَرِ ٱسۡمُ ٱللَّهِ عَلَيۡهِ وَإِنَّهُۥ لَفِسۡقٌۗ وَإِنَّ ٱلشَّيَٰطِينَ لَيُوحُونَ إِلَىٰٓ أَوۡلِيَآئِهِمۡ لِيُجَٰدِلُوكُمۡۖ وَإِنۡ أَطَعۡتُمُوهُمۡ إِنَّكُمۡ لَمُشۡرِكُونَ ١٢١ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသ(၍ လှီးဖြတ်ခဲ့)ခြင်းမရှိ‌သောအရာ (တိရစာ္ဆန်)များထဲမှ မစားသုံးကြနှင့်။ ထို့ပြင် အမှန်မှာ ထိုအရာ(ထိုစားသုံးခြင်း)သည် အမိန့်‌တော်ကို ‌သွေဖည်ခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ရှိုင်သွာန်များသည် အသင်တို့နှင့် ‌ပြောဆိုငြင်းခုံရန်အတွက် သူတို့၏မိတ်‌ဆွေများထံသို့ (သံသယများ)သွတ်သွင်း‌ပေးကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အကယ်၍ သူတို့(၏ စကားများ)ကို လိုက်နာကြမည်ဆိုလျှင် အမှန်စင်စစ် အသင်တို့လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများထဲတွင် အပါအဝင်ဖြစ်ကြလိမ့်မည်။ أَوَمَن كَانَ مَيۡتًا فَأَحۡيَيۡنَٰهُ وَجَعَلۡنَا لَهُۥ نُورًا يَمۡشِي بِهِۦ فِي ٱلنَّاسِ كَمَن مَّثَلُهُۥ فِي ٱلظُّلُمَٰتِ لَيۡسَ بِخَارِجٍ مِّنۡهَاۚ كَذَٰلِكَ زُيِّنَ لِلۡكَٰفِرِينَ مَا كَانُواْ يَعۡمَلُونَ ١٢٢ထို့ပြင် အကြင်သူသည် ‌သေသူဖြစ်ခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူကို ရှင်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူ့အတွက်(အီမာန်)အလင်း‌ရောင်ကို ပြုလုပ်‌ပေးခဲ့သည်။ ထိုအလင်း‌ရောင်ဖြင့် သူသည် လူများထဲတွင် သွားလာ‌နေသည်။ ထိုသူသည် (ကုဖ်ရ်)အ‌မှောင်ထုများထဲတွင် နစ်မွန်း‌နေ၍ ထိုအ‌မှောင်ထုထဲမှ မထွက်နိုင်‌သောသူနှင့် တူနိုင်ပါမည်‌လော။ ဤကဲ့သို့ပင် ကာဖိရ်ငြင်းပယ်သူများ၏အမြင်၌ သူတို့၏အပြုအမူများသည် လှပတင့်တယ်‌အောင် တန်ဆာဆင်မြန်းခြင်းခံရသည်။ وَكَذَٰلِكَ جَعَلۡنَا فِي كُلِّ قَرۡيَةٍ أَكَٰبِرَ مُجۡرِمِيهَا لِيَمۡكُرُواْ فِيهَاۖ وَمَا يَمۡكُرُونَ إِلَّا بِأَنفُسِهِمۡ وَمَا يَشۡعُرُونَ ١٢٣ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် မြို့ရွာတိုင်း၌ ထိုမြို့ရွာများ၏အကြီးအကဲများအား ထိုမြို့ရွာထဲ၌ မ‌ကောင်းကြံစည်ကြရန် ထိုမြို့ရွာ၏ပြစ်မှုကျူးလွန်သူများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။* ၎င်းပြင် သူတို့သည် အသိမရှိကြဘဲလျက် သူတို့ကိုယ်သူတို့သာ မ‌ကောင်းကြံစည်‌နေကြခြင်းဖြစ်သည်။ وَإِذَا جَآءَتۡهُمۡ ءَايَةٌ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٌ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ ١٢٤ထို့ပြင် သူတို့ထံသို့ အာယသ်တစ်စုံတစ်ရာ ‌ရောက်လာ‌သောအခါ သူတို့က “အလ္လာဟ်အရှင်မြတ်၏တမန်‌တော်များ ‌ပေးသနားခြင်းခံရသကဲ့သို့ ငါတို့ကို ‌ပေးသနားမခံရမချင်း ငါတို့သည် မည်သည့်အခါမှ အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ“ဟု ‌ပြောဆိုကြသည်။* အလ္လာဟ်အရှင်မြတ်ပင် အရှင်မြတ်၏တမန်‌တော်ဘွဲ့ကို မည်သူ့အား ‌ပေးရမည်ကို အသိဆုံးဖြစ်‌တော်မူသည်။* ပြစ်မှုကျူးလွန်သူများသည် သူတို့၏ မ‌ကောင်းကြံစည်ခဲ့မှုများ‌ကြောင့် မကြာမီ အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ‌သေးသိမ်မှုနှင့် ပြင်းထန်‌သောအပြစ်ဒဏ်ကို ခံစားကြရလိမ့်မည်။ فَمَن يُرِدِ ٱللَّهُ أَن يَهۡدِيَهُۥ يَشۡرَحۡ صَدۡرَهُۥ لِلۡإِسۡلَٰمِۖ وَمَن يُرِدۡ أَن يُضِلَّهُۥ يَجۡعَلۡ صَدۡرَهُۥ ضَيِّقًا حَرَجًا كَأَنَّمَا يَصَّعَّدُ فِي ٱلسَّمَآءِۚ كَذَٰلِكَ يَجۡعَلُ ٱللَّهُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يُؤۡمِنُونَ ١٢٥သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် အကြင်သူကို လမ်းမှန်‌ရောက်‌အောင်ပို့‌ဆောင်ရန် ရည်ရွယ်‌တော်မူလျှင် ထိုသူ၏ရင်(စိတ်နှလုံး)အား အစ္စလာမ်သာသနာ(ကို လက်ခံနိုင်ရန်)အတွက် ဖွင့်ဟ‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင်ထားရန် ရည်ရွယ်‌တော်မူလျှင် အရှင်မြတ်သည် သူ၏ရင်(စိတ်နှလုံး)ကို အလွန်ခက်ခဲ ကျဉ်းကျပ်‌စေ‌တော်မူသည်။ ထိုသူသည် မိုး‌ကောင်းကင်သို့ တက်‌နေရသကဲ့သို့ (ခက်ခဲကျဉ်းကျပ်မှု)ဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အီမာန်မယုံကြည်သူများအ‌ပေါ်တွင် အညစ်အ‌ကြေး(အပြစ်ဒဏ်)များကို ပြုလုပ်ထား‌တော်မူသည်။ وَهَٰذَا صِرَٰطُ رَبِّكَ مُسۡتَقِيمًاۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٍ يَذَّكَّرُونَ ١٢٦ထို့ပြင် ၎င်း(အစ္စလာမ်သာသနာ)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းပင် ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အာယသ်‌တော်များကို တရားသံ‌ဝေဂရသူများအတွက် အ‌သေးစိပ်ရှင်းလင်းပြသ‌တော်မူပြီး ဖြစ်သည်။ ۞ لَهُمۡ دَارُ ٱلسَّلَٰمِ عِندَ رَبِّهِمۡۖ وَهُوَ وَلِيُّهُم بِمَا كَانُواْ يَعۡمَلُونَ ١٢٧သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ထိုသူများအတွက် ငြိမ်းချမ်းသာယာ‌သော (ဂျန္နသ်)သုခဘုံသည် အဆင်သင့်ရှိသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် သူတို့၏(‌ကောင်းမြတ်‌သော)လုပ်ရပ်များ‌ကြောင့် သူတို့၏မိတ်‌ဆွေအဖြစ်*ရှိသည်။ وَيَوۡمَ يَحۡشُرُهُمۡ جَمِيعًا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٍ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ١٢٨ထို့ပြင် အရှင်မြတ်သည် ထို‌နေ့တွင် သူတို့အားလုံးကို စုရုံး‌တော်မူမည်။ (၎င်းပြင် ဤသို့ မိန့်ကြား‌တော်မူမည်)။ “အို- ဂျင်န်အ‌ပေါင်းတို့၊ အမှန်ပင် အသင်တို့သည် လူများအား (လမ်းမှား‌ရောက်‌အောင် ‌သွေး‌ဆောင်မှု)များစွာ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။“ ထို့‌နောက် လူသားများထဲမှ ဂျင်န်များ၏မိတ်‌ဆွေများက ‌ပြောဆိုကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့ထဲမှ အချို့သည် အချို့ထံမှ အကျိုးခံစားခဲ့ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက် အရှင်မြတ်က သတ်မှတ်ထား‌သော အချိန်ကာလ(ကိယာမသ်‌နေ့)ကို ‌ရောက်လာခဲ့ပြီဖြစ်ပါသည်။“ အရှင်မြတ်က မိန့်ကြား‌တော်မူမည်- “ဂျဟန္နမ်ငရဲဘုံသည် အသင်တို့၏ ‌နေရာဌာနဖြစ်သည်။ ထိုအထဲတွင် အမြဲ‌နေကြရမည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိလျှင်မူ (ထိုထဲမှ ထုတ်လိုကထုတ်မည်ဖြစ်သည်)။“ အသင်(တမန်‌တော့်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်စင်စစ် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ ١٢٩ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် မတရားကျူး‌ကျော်သူများထဲမှ အချို့ကို အချို့အ‌ပေါ်၌ သူတို့၏လုပ်ရပ်များ‌ကြောင့် လွှမ်းမိုးအုပ်ချုပ်‌စေ‌တော်မူမည်။ يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ أَلَمۡ يَأۡتِكُمۡ رُسُلٌ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي وَيُنذِرُونَكُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَاۚ قَالُواْ شَهِدۡنَا عَلَىٰٓ أَنفُسِنَاۖ وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ ١٣٠အို- ဂျင်န်နှင့် လူသားအ‌ပေါင်းတို့၊ အသင်တို့ထံသို့ အသင်တို့ထဲမှပင် တမန်‌တော်များ*သည် ‌ရောက်ရှိလာကြပြီး အသင်တို့အား ငါအရှင်မြတ်၏အမိန့်‌တော်များကို ‌ပြောပြကြကာ အသင်တို့အား ဤ‌နေ့နှင့် ‌တွေ့ဆုံရမည့်အ‌ကြောင်း သတိ‌ပေးနှိုုး‌ဆော်ခဲ့ကြသည် မဟုတ်‌လော။ ထိုဂျင်န်နှင့် လူသားများက ‌ပြောဆိုကြမည်- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်ဆန့်ကျင်၍ပင် သက်‌သေခံကြပြီ ဖြစ်ပါသည်“။ ထို့ပြင် သူတို့ကို ‌လောကီဘဝ၏အသက်ရှင်မှုက လှည့်ဖြားထားခဲ့သည်။ ထို့ပြင် သူတို့သည် (ကိယာမသ်‌နေ့၌) သူတို့ကိုယ်များနှင့် ဆန့်ကျင်ပြီး အမှန်ပင် သူတို့သည် ကာဖိရ်ငြင်းပယ်သူများ ဖြစ်ခဲ့ကြပါသည်ဟု သက်‌သေခံကြလိမ့်မည်။ ذَٰلِكَ أَن لَّمۡ يَكُن رَّبُّكَ مُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٍ وَأَهۡلُهَا غَٰفِلُونَ ١٣١ထိုကဲ့သို့ (တမန်‌တော်များကို ‌စေလွှတ်ခြင်း၏)အ‌ကြောင်းမှာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာသားများသည် ‌မေ့‌လျော့‌နေကြသူများဖြစ်လျက် မတရားကျူးလွန်မှု (ကုဖ်ရ် ငြင်းပယ်မှု)‌ကြောင့် မဖျက်ဆီးလိုသည့်အတွက်ပင် ဖြစ်သည်။ وَلِكُلٍّ دَرَجَٰتٌ مِّمَّا عَمِلُواْۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا يَعۡمَلُونَ ١٣٢ထို့ပြင် (ဂျင်န်နှင့် လူ)အားလုံးတွင် သူတို့၏ အပြုအမူများနှင့်အညီ အဆင့်အတန်းများရှိသည်။* ၎င်းပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့၏ အပြုအမူများကို ‌မေ့‌လျော့‌တော်မူ‌သောအရှင် မဟုတ်‌ပေ။ وَرَبُّكَ ٱلۡغَنِيُّ ذُو ٱلرَّحۡمَةِۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَسۡتَخۡلِفۡ مِنۢ بَعۡدِكُم مَّا يَشَآءُ كَمَآ أَنشَأَكُم مِّن ذُرِّيَّةِ قَوۡمٍ ءَاخَرِينَ ١٣٣ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ သနားကရုဏာရှင် ဖြစ်‌တော်မူသည်။* အကယ်၍ အရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် အသင်တို့အား ဖယ်ရှား‌တော်မူပြီး အသင်တို့အား အခြားလူမျိုးများ၏ သားသမီးများမှ ‌ပေါက်ဖွား‌စေ‌တော်မူသကဲ့သို့ အသင်တို့(မရှိသည့်)‌နောက် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူများအား (အသင်တို့‌နေရာတွင်) ဆက်ခံ‌စေ‌တော်မူမည်။ إِنَّ مَا تُوعَدُونَ لَأٓتٍۖ وَمَآ أَنتُم بِمُعۡجِزِينَ ١٣٤အမှန်စင်စစ် အသင်တို့အား ကတိ‌ပေးထားပြီးဖြစ်‌သောအရာ (ကိယာမသ်‌နေ့နှင့် ပြစ်ဒဏ်များ)သည် အမှန် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် (အရှင်မြတ်အား အသင်တို့ကို အပြစ်ဒဏ်ခတ်ခြင်းမှ) မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်ကြသူများ မဟုတ်ကြ‌ပေ။ قُلۡ يَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَامِلٌۖ فَسَوۡفَ تَعۡلَمُونَ مَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ١٣٥(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏‌နေရာ၌ (အသင်တို့၏ နည်းလမ်းအတိုင်း) ပြုလုပ်‌နေကြပါ။ အမှန်စင်စစ် ငါလည်း(ငါ၏ နည်းလမ်းအတိုင်း)ပြုလုပ်‌နေသူဖြစ်သည်။ ထို့‌နောက် ဤ‌လောက၏(‌ကောင်းမွန်‌သော)အဆုံးသတ် နိဂုံးချုပ်သည် မည်သူ့အတွက်ဖြစ်သည်ဆိုသည်ကို မကြာမီ အသင်တို့ သိကြရလိမ့်မည်။ အမှန်စင်စစ် မတရားကျူးလွန်သူများသည် ‌အောင်မြင်မည် မဟုတ်‌ပေ။ وَجَعَلُواْ لِلَّهِ مِمَّا ذَرَأَ مِنَ ٱلۡحَرۡثِ وَٱلۡأَنۡعَٰمِ نَصِيبًا فَقَالُواْ هَٰذَا لِلَّهِ بِزَعۡمِهِمۡ وَهَٰذَا لِشُرَكَآئِنَاۖ فَمَا كَانَ لِشُرَكَآئِهِمۡ فَلَا يَصِلُ إِلَى ٱللَّهِۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَآئِهِمۡۗ سَآءَ مَا يَحۡكُمُونَ ١٣٦ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်မှ ဖန်ဆင်း‌ပေါက်‌ရောက်‌စေ‌တော်မူထား‌သော လယ်ယာများထဲမှလည်း‌ကောင်း၊ ‌ခြေ‌လေး‌ချောင်း သတ္တဝါများထဲမှလည်း‌ကောင်း ‌ဝေစု‌ဝေပုံကို သတ်မှတ်၍ထားကြသည်။ ၎င်းပြင် သူတို့သည် သူတို့၏ ထင်မြင်ယူဆချက်အတိုင်း ဤသည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သည်၊ ဤသည်ကမူ ငါတို့၏ ကိုးကွယ်ရာများအတွက်ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့၏ ကိုးကွယ်ရာများအတွက်ဖြစ်‌သောအရာ(‌ဝေစု)သည် အလ္လာဟ်အရှင်မြတ်(အတွက်ဖြစ်‌သော ‌ဝေစု)ထဲသို့ ‌ရောက်လာသည်ဟူ၍ မရှိ‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သာအရာ(‌ဝေစု)ကမူ သူတို့၏ ကိုးကွယ်ရာများ(အတွက်ဖြစ်‌သော ‌ဝေစု)ထဲသို့ ‌ရောက်သွား‌ပေသည်။ သူတို့၏ဆုံးဖြတ်ချက်သည် ဆိုးယုတ်လှသည်။ وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِّنَ ٱلۡمُشۡرِكِينَ قَتۡلَ أَوۡلَٰدِهِمۡ شُرَكَآؤُهُمۡ لِيُرۡدُوهُمۡ وَلِيَلۡبِسُواْ عَلَيۡهِمۡ دِينَهُمۡۖ وَلَوۡ شَآءَ ٱللَّهُ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ ١٣٧ထို့ပြင် ထိုသို့ပင် မုရှ်ရိက်များထဲမှ အများစု၏အမြင်တွင် သူတို့၏ကိုးကွယ်ရာ(ရှိုင်သွာန်)များက သူတို့အား ဖျက်ဆီးကြရန်အတွက်နှင့် သူတို့အ‌ပေါ်တွင် သူတို့၏သာသနာကို ရှုပ်‌ထွေးကြ‌စေရန်အတွက် သူတို့၏သားသမီးများအား သတ်ဖြတ်ခြင်းကို လှပတင့်တယ်‌အောင် တန်ဆာဆင်ထားခဲ့ကြသည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် သူတို့သည် ထိုကဲ့သို့ ပြုလုပ်ခဲ့ကြမည်မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့နှင့် သူတို့လုပ်ကြံ‌ပြောဆို‌သောစကားများကို စွန့်လွှတ်ထားလိုက်ပါ။ وَقَالُواْ هَٰذِهِۦٓ أَنۡعَٰمٌ وَحَرۡثٌ حِجۡرٌ لَّا يَطۡعَمُهَآ إِلَّا مَن نَّشَآءُ بِزَعۡمِهِمۡ وَأَنۡعَٰمٌ حُرِّمَتۡ ظُهُورُهَا وَأَنۡعَٰمٌ لَّا يَذۡكُرُونَ ٱسۡمَ ٱللَّهِ عَلَيۡهَا ٱفۡتِرَآءً عَلَيۡهِۚ سَيَجۡزِيهِم بِمَا كَانُواْ يَفۡتَرُونَ ١٣٨ထို့ပြင် သူတို့က သူတို့၏ထင်မြင်ယူဆချက်အတိုင်း ဤသို့ ‌ပြောဆိုကြသည်၊ ဤသည် တိရစာ္ဆန်များနှင့် လယ်ယာ(ထွက်ပစ္စည်း)များဖြစ်သည်။ ဤအရာများသည် ငါတို့ အလိုရှိ‌သောသူများမှလွဲ၍ အခြားမည်သူမှ မစားရ‌အောင် တားမြစ်ပြီးဖြစ်သည်။ ၎င်းပြင် ဤသည် သူတို့၏‌ကျောကုန်း‌ပေါ်၌(စီးနင်းကုန်တင်ရန်) တားမြစ်ထား‌သော တိရစာ္ဆန်များဖြစ်သည်။ ၎င်းပြင် ဤသည် (လှီးဖြတ်ရာ၌) အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသခြင်းမပြုရ‌သော တိရစာ္ဆန်များဖြစ်သည်။ ဤသည် အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံလိမ်လည်‌ပြောဆိုခြင်းပင်ဖြစ်သည်။ အရှင်မြတ်သည် မကြာမီ သူတို့ကို သူတို့၏ လုပ်ကြံစွပ်စွဲလိမ်လည် ‌ပြောဆိုမှု‌ကြောင့် အစား‌ပေး‌တော်မူမည်။ وَقَالُواْ مَا فِي بُطُونِ هَٰذِهِ ٱلۡأَنۡعَٰمِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزۡوَٰجِنَاۖ وَإِن يَكُن مَّيۡتَةً فَهُمۡ فِيهِ شُرَكَآءُۚ سَيَجۡزِيهِمۡ وَصۡفَهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٌ ١٣٩ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “ဤတိရစာ္ဆန်များ၏ဝမ်းထဲ၌ရှိ‌သော (နို့ရည် သို့မဟုတ် သ‌န္ဓေသား)သည် ငါတို့‌ယောက်ျားများအတွက်သာဖြစ်သည်။ ငါတို့၏ဇနီးများအ‌ပေါ်တွင် ဟရာမ် တားမြစ်ထားပြီးဖြစ်သည်။ သို့ရာတွင် (ထိုတိရစာ္ဆန်များ၏ဝမ်းထဲ၌ရှိ‌သော သ‌န္ဓေသားသည်) အ‌သေဖြစ်ခဲ့လျှင် ထိုအရာကို သူတို့(‌ယောက်ျားနှင့်မိန်းမပါ) အတူတူ(ဖက်စပ်ပါဝင်) စားသုံးနိုင်ကြသည်။“ အရှင်မြတ်သည် သူတို့၏ ထိုကဲ့သို့ မဟုတ်မမှန်‌ပြောဆိုမှုများ‌ကြောင့် သူတို့ကို မကြာမီ အစား‌ပေး‌တော်မူမည်။ အမှန်စင်စစ် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قَدۡ خَسِرَ ٱلَّذِينَ قَتَلُوٓاْ أَوۡلَٰدَهُمۡ سَفَهَۢا بِغَيۡرِ عِلۡمٍ وَحَرَّمُواْ مَا رَزَقَهُمُ ٱللَّهُ ٱفۡتِرَآءً عَلَى ٱللَّهِۚ قَدۡ ضَلُّواْ وَمَا كَانُواْ مُهۡتَدِينَ ١٤٠အမှန်စင်စစ် အကြင်သူများသည် ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ထိုသူများသည် သူတို့၏ သားသမီးများကို အသိမရှိဘဲ မိုက်မဲစွာ သတ်ဖြတ်ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံလိမ်လည်‌ပြောဆိုပြီး အရှင်မြတ်က သူတို့အား ‌ပေးထား‌သောအရာများကို ဟရာမ် တားမြစ်ထား‌သောအရာများဟု သတ်မှတ်ကြသည်။ အမှန်မှာ သူတို့သည် လမ်းမှားခဲ့ကြပြီဖြစ်သည်။ ၎င်းပြင် သူတို့သည် (မူလကလည်း) လမ်းမှန်ရရှိခဲ့‌သောသူများ မဟုတ်ခဲ့ကြ‌ပေ။ ۞ وَهُوَ ٱلَّذِيٓ أَنشَأَ جَنَّٰتٍ مَّعۡرُوشَٰتٍ وَغَيۡرَ مَعۡرُوشَٰتٍ وَٱلنَّخۡلَ وَٱلزَّرۡعَ مُخۡتَلِفًا أُكُلُهُۥ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُتَشَٰبِهًا وَغَيۡرَ مُتَشَٰبِهٍۚ كُلُواْ مِن ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَءَاتُواْ حَقَّهُۥ يَوۡمَ حَصَادِهِۦۖ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ١٤١ထို့ပြင် အရှင်မြတ်သည် အမှီပြု၍ နွယ်တက်‌သောဥယျာဉ်များ၊ အမှီမပြုရဘဲ ‌ထောင်တက်‌သောဥယျာဉ်များ၊ အရသာအမျိုးမျိုးရှိ‌သော စွန်ပလွန်ပင်များ၊ ‌ကောက်ပဲသီးနှံများ၊ ဆင်တူယိုးမှားဖြစ်‌သော သံလွင်(ပင်)များ၊ သလဲသီး(ပင်)များနှင့် ဆင်တူမှုမရှိ‌သော သစ်သီး(ပင်)များကို ‌ပေါက်‌ရောက်ဖြစ်ထွန်း‌စေ‌တော်မူခဲ့သည်။ အသင်တို့သည် ထိုအပင်များ၏အသီးအနှံများ သီးပွင့်‌သောအခါ စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ထိုအသီးအနှံများ ဆွတ်ခူးရိတ်သိမ်း‌သော‌နေ့၌ (ပြဋ္ဌာန်းထား‌သော)တာဝန်*ကို ‌ပေးဆပ်ကြပါ။ ၎င်းပြင် အသင်တို့သည် မဖြုန်းတီးကြနှင့်။ အမှန်စင်စစ် အရှင်မြတ်သည် ဖြုန်းတီး‌သောသူများကို နှစ်သက်‌တော်မမူ‌ပေ။ وَمِنَ ٱلۡأَنۡعَٰمِ حَمُولَةً وَفَرۡشًاۚ كُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوٌّ مُّبِينٌ ١٤٢ထို့ပြင် (အရှင်မြတ်သည်) ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များထဲမှ ထမ်းပိုးနိုင်‌သော (ကုလားအုတ်ကဲ့သို့)အရပ်မြင့်‌သော တိရစာ္ဆန်များနှင့် (အသားစား နို့စား သိုးဆိတ်ကဲ့သို့)အရပ်နိမ့်‌သော တိရစာ္ဆန်များကိုလည်း (ဖန်ဆင်း‌တော်မူခဲ့သည်)။ အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနား‌တော်မူ‌သောအရာများကို စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ရှိုင်သွာန်၏ ‌လျှောက်လှမ်းမှု‌ခြေရာများ‌နောက်ကို မလိုက်ကြနှင့်။ အမှန်စင်စစ် ထိုရှိုင်သွာန်သည် အသင်တို့၏ ထင်ရှား‌သောရန်သူပင်ဖြစ်သည်။ ثَمَٰنِيَةَ أَزۡوَٰجٍۖ مِّنَ ٱلضَّأۡنِ ٱثۡنَيۡنِ وَمِنَ ٱلۡمَعۡزِ ٱثۡنَيۡنِۗ قُلۡ ءَآلذَّكَرَيۡنِ حَرَّمَ أَمِ ٱلۡأُنثَيَيۡنِ أَمَّا ٱشۡتَمَلَتۡ عَلَيۡهِ أَرۡحَامُ ٱلۡأُنثَيَيۡنِۖ نَبِّـُٔونِي بِعِلۡمٍ إِن كُنتُمۡ صَٰدِقِينَ ١٤٣(‌ခြေ‌လေး‌ချောင်းသတ္တဝါများထဲမှ)ရှစ်မျိုး*ကို (အရှင်မြတ်က ဖန်ဆင်း‌တော်မူခဲ့သည်)။ သိုးများထဲမှနှစ်မျိုး(အထီးနှင့်အမ)၊ ဆိတ်များထဲမှနှစ်မျိုး(အထီးနှင့်အမ)။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်က အထီးနှစ်‌ကောင်ကို ဟရာမ်ဟု တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်ကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်၏ သားအိမ်၌လွယ်ထား‌သော သ‌န္ဓေသားများကို တားမြစ်‌တော်မူသ‌လော။ အကယ်၍ အသင်တို့သည် အမှန်‌ပြောဆိုသူများဖြစ်လျှင် ငါ့အား အ‌ထောက်အထားပညာရပ်နှင့်တကွ တင်ပြကြပါ။ وَمِنَ ٱلۡإِبِلِ ٱثۡنَيۡنِ وَمِنَ ٱلۡبَقَرِ ٱثۡنَيۡنِۗ قُلۡ ءَآلذَّكَرَيۡنِ حَرَّمَ أَمِ ٱلۡأُنثَيَيۡنِ أَمَّا ٱشۡتَمَلَتۡ عَلَيۡهِ أَرۡحَامُ ٱلۡأُنثَيَيۡنِۖ أَمۡ كُنتُمۡ شُهَدَآءَ إِذۡ وَصَّىٰكُمُ ٱللَّهُ بِهَٰذَاۚ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا لِّيُضِلَّ ٱلنَّاسَ بِغَيۡرِ عِلۡمٍۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٤٤၎င်းပြင် ကုလားအုတ်များထဲမှနှစ်မျိုး(အထီးနှင့်အမ)၊ နွားများထဲမှနှစ်မျိုး(အထီးနှင့်အမ)ကို (လည်း အရှင်မြတ်က ဖန်ဆင်း‌တော်မူခဲ့သည်)။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်သည် အထီးနှစ်‌ကောင်ကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်ကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်၏ သားအိမ်၌လွယ်ထား‌သော သ‌န္ဓေသားများကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ထိုအမိန့်ချမှတ်စဉ်က (သက်‌သေအဖြစ်နှင့်) ‌ရှေ့‌မှောက်၌ ရှိ‌နေကြသ‌လော။* သို့ဖြစ်ရာ အသိပညာမရှိဘဲနှင့် လူများအား လမ်းမှား‌စေရန် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံလိမ်လည်‌ပြောဆိုသူထက် မတရားသူ မည်သူရှိမည်နည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်‌ရောက်‌အောင် ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။ قُل لَّآ أَجِدُ فِي مَآ أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٍ يَطۡعَمُهُۥٓ إِلَّآ أَن يَكُونَ مَيۡتَةً أَوۡ دَمًا مَّسۡفُوحًا أَوۡ لَحۡمَ خِنزِيرٍ فَإِنَّهُۥ رِجۡسٌ أَوۡ فِسۡقًا أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۚ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَّحِيمٌ ١٤٥(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါသည် ငါ၏ထံသို့ကျ‌ရောက်လာ‌သော ဝဟီ အမိန့်‌တော်တွင် (ယခုအငြင်းပွား‌နေ‌သော တိရစာ္ဆန်များထဲမှ)တစ်‌ကောင်မျှပင် မည်သည့်စားသုံးသူအ‌ပေါင်းအ‌ပေါ်၌မှ ထိုအရာကို စားသုံးခြင်း ဟရာမ်ဟု တားမြစ်ထားသည်ကို မ‌တွေ့ရ‌ပေ။* သို့ရာတွင် အ‌သေသား၊ သို့မဟုတ် စီး‌တွေ‌သော‌သွေး၊ သို့မဟုတ် ဝက်သား အမှန်ပင် ဤအရာ(အားလုံး)သည် အလွန်ညစ်ငြမ်း၍ မသန့်စင်သည့်အတွက်၊ သို့မဟုတ် အရှင်မြတ်၏အမိန့်ကို စည်း‌ဖောက်ပြီး အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ရည်စူးပြီး ဇဗဟ်လှီးဖြတ်ခဲ့လျှင် (ဟရာမ်ဟု တားမြစ်ထား‌တော်မူသည်။) ထို့‌နောက် အကြင်သူသည် (ထို တားမြစ်ထား‌သောအရာများကို)အရသာ ခံစားလိုသည်လည်းမဟုတ်ဘဲ၊ အစားကျူးသည်လည်း မဟုတ်ဘဲ မလွှဲမ‌ရှောင်သာ အကျပ်အတည်းဖြစ်(၍ အသက်မ‌သေရုံမျှသာ စားသုံး)ခဲ့လျှင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်စင်စစ် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا كُلَّ ذِي ظُفُرٍۖ وَمِنَ ٱلۡبَقَرِ وَٱلۡغَنَمِ حَرَّمۡنَا عَلَيۡهِمۡ شُحُومَهُمَآ إِلَّا مَا حَمَلَتۡ ظُهُورُهُمَآ أَوِ ٱلۡحَوَايَآ أَوۡ مَا ٱخۡتَلَطَ بِعَظۡمٍۚ ذَٰلِكَ جَزَيۡنَٰهُم بِبَغۡيِهِمۡۖ وَإِنَّا لَصَٰدِقُونَ ١٤٦ထို့ပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်‌သောသူများအ‌ပေါ်တွင် ‌ခြေသည်း လက်သည်းရှိ‌သော တိရစာ္ဆန်တိုင်းကို ဟရာမ်ဟု တားမြစ်‌တော်မူခဲ့သည်။ ၎င်းပြင် နွား ဆိတ်ထဲမှ သူတို့၏‌ကျောကုန်းမျာနှင့်ကပ်‌နေ‌သောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်‌နေ‌သောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်‌နေ‌သောအဆီများမှလွဲ၍ ထိုနွားဆိတ်များထဲမှ အခြားအဆီများကို ဟရာမ်ဟု တားမြစ်‌တော်မူခဲ့သည်။* ဤသည် သူတို့အား သူတို့၏ ဆိုးသွမ်းပုန်ကန်မှု‌ကြောင့် ပြစ်ဒဏ်‌ပေး‌တော်မူခြင်းသာ ဖြစ်သည်။ ထို့ပြင် အမှန်မှာ ငါအရှင်မြတ်သည် စင်စစ် မှန်ကန်စွာ မိန့်ကြား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ فَإِن كَذَّبُوكَ فَقُل رَّبُّكُمۡ ذُو رَحۡمَةٍ وَٰسِعَةٍ وَلَا يُرَدُّ بَأۡسُهُۥ عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ ١٤٧ထို့‌နောက်လည်း သူတို့သည် အသင်(တမန်‌တော်)အား (အသင် ယူလာ‌သောအရာကို) လိမ်လည်ငြင်းပယ်လျှင် အသင်‌ပြောလိုက်ပါ- အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အလွန်ကျယ်ဝန်း‌သော သနားကရုဏာ‌တော်ရှင်ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်၏အပြစ်ဒဏ်သည်လည်း အပြစ်ရှိ‌သောသူများထံမှ ဆုတ်ခွာသွားမည် မဟုတ်‌ပေ။ (ခုခံ ဖယ်ရှားခံရမည် မဟုတ်‌ပေ)။ سَيَقُولُ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكۡنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن شَيۡءٍۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ حَتَّىٰ ذَاقُواْ بَأۡسَنَاۗ قُلۡ هَلۡ عِندَكُم مِّنۡ عِلۡمٍ فَتُخۡرِجُوهُ لَنَآۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ أَنتُمۡ إِلَّا تَخۡرُصُونَ ١٤٨မကြာမီ ရှိရ်က် တုဖက်ကိုးကွယ်သူများက ‌ပြောဆိုကြမည်- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး ကိုးကွယ်နိုင်ကြမည် မဟုတ်‌ပေ။ ၎င်းပြင် တစ်စုံတစ်ရာကို ဟရာမ်ဟုလည်း တားမြစ်နိုင်ကြမည် မဟုတ်‌ပေ။* ထိုသို့ပင် သူတို့မတိုင်မီက သူများသည်လည်း (တမန်‌တော်များကို) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ‌နောက်ဆုံးတွင် သူတို့သည် ငါအရှင်မြတ်၏အပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့ထံတွင် (အသင်တို့ ထင်မြင်ယူဆ ‌ပြောဆိုသည်မှာ မှန်ကန်‌ကြောင်း) သက်‌သေသာဓက တစ်စုံတစ်ခုရှိသ‌လော။ ရှိခဲ့လျှင် ငါတို့အား ထိုသက်‌သေသာဓကကို ထုတ်‌ဖော်တင်ပြကြပါ။ အသင်တို့သည် (သက်‌သေသာဓက မရှိဘဲ အသင်တို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြခြင်းဖြစ်သည်။ ၎င်းပြင် အသင်တို့သည် ရမ်းဆ‌ပြောဆိုသူများပင်ဖြစ်သည်။ قُلۡ فَلِلَّهِ ٱلۡحُجَّةُ ٱلۡبَٰلِغَةُۖ فَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ ١٤٩(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်၏သက်‌သေ သာဓကသည် ပြည့်စုံလုံ‌လောက်‌သော သာဓကဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်တို့အားလုံးကို လမ်းမှန်‌ရောက်‌အောင် အမှန်စင်စစ် ပို့‌ဆောင်‌တော်မူခဲ့ပြီး ဖြစ်မည်။ قُلۡ هَلُمَّ شُهَدَآءَكُمُ ٱلَّذِينَ يَشۡهَدُونَ أَنَّ ٱللَّهَ حَرَّمَ هَٰذَاۖ فَإِن شَهِدُواْ فَلَا تَشۡهَدۡ مَعَهُمۡۚ وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَهُم بِرَبِّهِمۡ يَعۡدِلُونَ ١٥٠(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ (တိရစာ္ဆန်များနှင့် လယ်ယာများ)ကို ဟရာမ်ဟု တားမြစ်ထား‌ကြောင်း သက်‌သေခံကြမည့် အသင်တို့၏ သက်‌သေများကို ‌ခေါ်ယူခဲ့ကြပါ။ အကယ်၍ သူတို့သည် (လိမ်လည်)သက်‌သေခံကြလျှင်ပင် အသင်သည် သူတို့နှင့်အတူ သက်‌သေမခံပါနှင့်။* ထို့ပြင် အသင်သည် အကြင်သူများ၏ အလိုဆန္ဒများ‌နောက်ကို မလိုက်‌လေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏ အမိန့်‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ၎င်းပြင် ထိုသူများသည် တမလွန်ဘဝကိုလည်း မယုံကြည်ကြသည့်အပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် (အခြားအရာများကို)တန်းတူထားပြီး ကိုးကွယ်ကြသည်။ ۞ قُلۡ تَعَالَوۡاْ أَتۡلُ مَا حَرَّمَ رَبُّكُمۡ عَلَيۡكُمۡۖ أَلَّا تُشۡرِكُواْ بِهِۦ شَيۡـًٔاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنًاۖ وَلَا تَقۡتُلُوٓاْ أَوۡلَٰدَكُم مِّنۡ إِمۡلَٰقٍ نَّحۡنُ نَرۡزُقُكُمۡ وَإِيَّاهُمۡۖ وَلَا تَقۡرَبُواْ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَۖ وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَعۡقِلُونَ ١٥١(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့လာကြပါ၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အသင်တို့အ‌ပေါ်တွင် ဟရာမ်ဟု တားမြစ်ထား‌သောအရာများကိုု ကျွန်ုပ် ရွတ်ဖတ်ပြမည်။ (ထိုအရာများမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး မည်သည့်အရာကိုမှ မကိုးကွယ်ကြနှင့်။ ၎င်းပြင် မိဘနှစ်ပါးနှင့် ‌ကောင်းမွန်စွာ ဆက်ဆံမှု(ပြုကြပါ)။ ထို့ပြင် အသင်တို့၏ သားသမီးများအား ဆင်းရဲမှု‌ကြောင့် မသတ်ဖြတ်ကြနှင့်။ ငါအရှင်မြတ်သည် အသင်တို့နှင့် ၎င်း(သာသမီး)တို့ကို စားနပ်ရိက္ခာ ‌ပေး‌နေ‌တော်မူသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (မသတ်ဖြတ်ရန်) တားမြစ်ထား‌သော အသက်ကို မတရား မသတ်ဖြတ်ကြနှင့်။ သို့ရာတွင် (အစ္စလာမ့်)တရား‌တော်နှင့်အညီ (သတ်ဖြတ်ပိုင်ခွင့် ခြွင်းချက်ရှိသည်)။ အရှင်မြတ်သည် အသင်တို့ သိနားလည်ကြရန်အတွက် အသင်တို့အား ဤသည်နှင့်ပတ်သက်၍ (အ‌လေးအနက်) မှာကြား‌တော်မူသည်။ وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۖ وَإِذَا قُلۡتُمۡ فَٱعۡدِلُواْ وَلَوۡ كَانَ ذَا قُرۡبَىٰۖ وَبِعَهۡدِ ٱللَّهِ أَوۡفُواْۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَذَكَّرُونَ ١٥٢ထို့ပြင် အသင်တို့သည် ‌ကောင်းမွန်(တိုးတက်‌စေလို)‌သောနည်းလမ်းမှလွဲ၍ အဘမဲ့က‌လေးများ၏ ပစ္စည်းဥစ္စာ၏အနားသို့ သူတို့အရွယ်မ‌ရောက်မချင်း မချဉ်းကပ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် ခြင်ခွက်နှင့် ချိန်ခွင်များကို မျှတပြည့်ဝစွာ ခြင်တွယ်ချိန်ဆ‌ပေးကြပါ။ ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူတတ်စွမ်းနိုင်သည်ထက်ပိုပြီး တာဝန်‌ပေး‌တော်မမူ‌ပေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိ‌သော ကတိသစ္စာကိုလည်း တည်ကြရမည်။ အရှင်မြတ်သည် အသင်တို့ သတိတရားရရန်အတွက် ဤသည်နှင့်ပတ်သက်၍ ‌လေးနက်စွာ မှာကြား‌တော်မူခြင်းဖြစ်သည်။ وَأَنَّ هَٰذَا صِرَٰطِي مُسۡتَقِيمًا فَٱتَّبِعُوهُۖ وَلَا تَتَّبِعُواْ ٱلسُّبُلَ فَتَفَرَّقَ بِكُمۡ عَن سَبِيلِهِۦۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَتَّقُونَ ١٥٣ထို့ပြင် အမှန်စင်စစ် ဤသည် ငါ၏‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းစဉ်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြပါ။ ထို့ပြင် အသင်တို့သည် အခြားလမ်းစဉ်များကို မလိုက်ကြနှင့်။ အဘယ့်‌ကြောင့်ဆို‌သော် ထိုလမ်းစဉ်များသည် အသင်တို့အား အရှင်မြတ်၏လမ်းစဉ်မှ ကွဲကွာ‌စေမည့်အတွက်‌ကြောင့် ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့ (အပြစ်)‌ရှောင်ကြဉ်နိုင်ရန်အတွက် ဤသည်နှင့်ပတ်သက်၍ အသင်တို့အား ‌လေးနက်စွာ မှာကြား‌တော်မူသည်။ ثُمَّ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ تَمَامًا عَلَى ٱلَّذِيٓ أَحۡسَنَ وَتَفۡصِيلًا لِّكُلِّ شَيۡءٍ وَهُدًى وَرَحۡمَةً لَّعَلَّهُم بِلِقَآءِ رَبِّهِمۡ يُؤۡمِنُونَ ١٥٤ထို့‌နောက် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ၎င်း၏အမျိုးသားများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် ‌တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်အတွက် အ‌ကောင်းပြုသူများအ‌ပေါ်တွင် ‌သောင်ရသ်ကျမ်းကို* ပြည့်စုံ‌သော‌ကျေးဇူး‌တော်အဖြစ်၊ အရာရာကို ရှင်းလင်းပြသ‌သောကျမ်းအဖြစ်၊ တရားလမ်းမှန်ကို ညွှန်ကြားပြသ‌သောအရာအဖြစ်နှင့် သနားကရုဏာ‌တော်အဖြစ် ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။ وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٌ فَٱتَّبِعُوهُ وَٱتَّقُواْ لَعَلَّكُمۡ تُرۡحَمُونَ ١٥٥ထို့ပြင် ဤသည် ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သော (ကုရ်အာန်)ကျမ်းမြတ်ဖြစ်သည်။ ‌ကောင်းချီးမဂင်္လာနှင့် ပြည့်စုံ‌သောကျမ်းဖြစ်သည့်အတွက် (ကုရ်အာန်က တားမြစ်ထားသည်များကို) ‌ရှောင်ကြဉ်ကြပါ။ أَن تَقُولُوٓاْ إِنَّمَآ أُنزِلَ ٱلۡكِتَٰبُ عَلَىٰ طَآئِفَتَيۡنِ مِن قَبۡلِنَا وَإِن كُنَّا عَن دِرَاسَتِهِمۡ لَغَٰفِلِينَ ١٥٦(ကယာမသ်‌နေ့တွင်) အသင်တို့က “ကျွန်ုပ်တို့မတိုင်မီရှိခဲ့ကြ‌သော အုပ်စုနှစ်ခု(ယဟူဒီနှင့် နတ်စွ်ရာနီ)အ‌ပေါ်၌သာ ကျမ်းဂန်များ* ကျ‌ရောက်လာခဲ့သည်။ ကျွန်ုပ်တို့မှာမူ သူတို့၏ သင်ကြား‌လေ့ကျင့်မှုများကို အမှန်ပင် မသိခဲ့ကြပါ“ဟု မ‌ပြောနိုင်ကြရန် (ငါအရှင်မြတ်သည် ဤ ကုရ်အာန်ကျမ်း‌တော်ကို ချ‌ပေး‌တော်မူခဲ့သည်)။ أَوۡ تَقُولُواْ لَوۡ أَنَّآ أُنزِلَ عَلَيۡنَا ٱلۡكِتَٰبُ لَكُنَّآ أَهۡدَىٰ مِنۡهُمۡۚ فَقَدۡ جَآءَكُم بَيِّنَةٌ مِّن رَّبِّكُمۡ وَهُدًى وَرَحۡمَةٌۚ فَمَنۡ أَظۡلَمُ مِمَّن كَذَّبَ بِـَٔايَٰتِ ٱللَّهِ وَصَدَفَ عَنۡهَاۗ سَنَجۡزِي ٱلَّذِينَ يَصۡدِفُونَ عَنۡ ءَايَٰتِنَا سُوٓءَ ٱلۡعَذَابِ بِمَا كَانُواْ يَصۡدِفُونَ ١٥٧သို့မဟုတ် အသင်တို့က “အကယ်၍ ကျွန်ုပ်တို့အ‌ပေါ်၌ ကျမ်းဂန်ကျ‌ရောက်ခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့ထက်ပိုပြီး လမ်းမှန်ရရှိသူများ ဖြစ်ကြပါမည်“ဟု မ‌ပြောနိုင်ကြရန် (ငါအရှင်မြတ်သည် ဤကျမ်းကို ချ‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်)။ သို့ဖြစ်ရာ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သောလက္ခဏာ၊ လမ်းမှန်ညွှန်ကြားချက်နှင့် သနားကရုဏာသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အကြင်သူထက်ပို၍ မတရားသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ငြင်းပယ်ပြီး (အခြားသူများအားလည်း) ထိုသက်‌သေလက္ခဏာများ(ကို အီမာန်ယုံကြည်ခြင်း)မှ တားမြစ်သည်။ ငါအရှင်မြတ်သည် မကြာမီ ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများ(ကို ယုံကြည်ခြင်း)မှ တားမြစ်‌သောသူများအား သူတို့၏တားမြစ်မှု‌ကြောင့် အလွန်ဆိုးဝါး‌သော အပြစ်ဒဏ်ကို အစား‌ပေး‌တော်မူမည်။ هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَٰٓئِكَةُ أَوۡ يَأۡتِيَ رَبُّكَ أَوۡ يَأۡتِيَ بَعۡضُ ءَايَٰتِ رَبِّكَۗ يَوۡمَ يَأۡتِي بَعۡضُ ءَايَٰتِ رَبِّكَ لَا يَنفَعُ نَفۡسًا إِيمَٰنُهَا لَمۡ تَكُنۡ ءَامَنَتۡ مِن قَبۡلُ أَوۡ كَسَبَتۡ فِيٓ إِيمَٰنِهَا خَيۡرًاۗ قُلِ ٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ ١٥٨သူတို့သည် သူတို့ထံသို့ ‌ကောင်းကင်တမန်များ‌ရောက်လာသည်ကို၊ သို့မဟုတ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကိုယ်တိုင် ကြွ‌ရောက်လာ‌တော်မူသည်ကို၊ သို့မဟုတ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာအချို့ ‌ရောက်ရှိလာသည်ကို ‌စောင့်ဆိုင်း‌နေကြသ‌လော။ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာအချို့ ‌ရောက်ရှိလာ‌သော‌နေ့တွင် ယခင်ကတည်းက အီမာန်ယုံကြည်မှုမရှိခဲ့‌သောသူ သို့မဟုတ် သူ၏ယုံကြည်မှုနှင့် ‌ကောင်းမှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့သူအား သူ၏အီမာန်ယုံကြည်မှုက အကျိုးဖြစ်ထွန်း‌စေမည် မဟုတ်‌ပေ။* (အို- တမန်‌တော်)အသင် (သူတို့အား)‌ပြောလိုက်ပါ- “အသင်တို့‌စောင့်ဆိုင်း‌နေကြပါ။ ငါတို့လည်း ‌စောင့်ဆိုင်း‌နေကြသည်။“ إِنَّ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعًا لَّسۡتَ مِنۡهُمۡ فِي شَيۡءٍۚ إِنَّمَآ أَمۡرُهُمۡ إِلَى ٱللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُواْ يَفۡعَلُونَ ١٥٩အမှန်စင်စစ် အကြင်သူတို့သည် သူတို့၏သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြသည်။* ထို့‌နောက် သူတို့သည် ဂိုဏ်းဂဏများ ကွဲခဲ့ကြသည်။ အသင်သည် သူတို့နှင့် မည်သို့မှ မပတ်သက်‌ပေ။ စင်စစ် သူတို့၏ကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ လွှဲအပ်ထားပြီး ဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည်ပင် သူတို့အား သူတို့ ပြုလုပ်ခဲ့သည်များကို အသိ‌ပေး‌တော်မူမည်။ مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ عَشۡرُ أَمۡثَالِهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَا وَهُمۡ لَا يُظۡلَمُونَ ١٦٠မည်သူမဆို ‌ကောင်းမှုကို ယူ‌ဆောင်လာခဲ့လျှင် ထိုသူသည် ထို‌ကောင်းမှု၏ဆယ်ဆကို ရရှိမည်။ ၎င်းပြင် မည်သူမဆို မ‌ကောင်းမှုကို ယူ‌ဆောင်လာလျှင် ထိုသူသည် ထိုမ‌ကောင်းမှုနှင့်ဆတူ အညီအမျှ အစား‌ပေးခြင်းခံရမည်။* ၎င်းပြင် သူတို့သည် မတရားနှိပ်စက်ခြင်း ခံကြရမည် မဟုတ်‌ပေ။ قُلۡ إِنَّنِي هَدَىٰنِي رَبِّيٓ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ دِينًا قِيَمًا مِّلَّةَ إِبۡرَٰهِيمَ حَنِيفًاۚ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ١٦١(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်ပင် ငါ့ကို ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းသို့ ပို့‌ဆောင်‌တော်မူခဲပြီဖြစ်သည်။ (ထိုလမ်းသည်) အလွန်တည်တံ့ခိုင်မာ‌သော သာသနာပင်ဖြစ်သည်။ (တမန်‌တော်)အိဗ်ရာဟီမ်၏လမ်းစဉ်ပင်ဖြစ်သည်။ ၎င်းသည် (အရှင်မြတ်ဘက်) တစ်ဖက်တည်းကို ဦးလှည့်သူဖြစ်သည်။ ထို့ပြင် ၎င်းသည် တုဖက်ကိုးကွယ်သူများထဲတွင် အပါအဝင် မဖြစ်ခဲ့‌ပေ။ قُلۡ إِنَّ صَلَاتِي وَنُسُكِي وَمَحۡيَايَ وَمَمَاتِي لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ١٦٢(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ၏ စွလာသ်ဝတ်ပြုမှု၊ ငါ၏ခဝပ်ကိုးကွယ်မှု၊ ငါ၏အသက်ရှင်ခြင်းနှင့် ငါ၏အသက်‌သေခြင်းတို့သည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်(နှစ်သက်ရန်)အတွက်သာဖြစ်သည်။ لَا شَرِيكَ لَهُۥۖ وَبِذَٰلِكَ أُمِرۡتُ وَأَنَا۠ أَوَّلُ ٱلۡمُسۡلِمِينَ ١٦٣ထိုအရှင်မြတ်၌ တွဲဖက်လုံးဝ မရှိ‌ပေ။ ၎င်းပြင် ငါသည် ထိုအရာနှင့်ပတ်သက်ပြီး အမိန့်‌ပေးခြင်းခံရသည်။ ၎င်းပြင် ငါသည် အမိန့်နာခံ‌သောသူများထဲတွင် ပထမဦးဆုံးနာခံသူဖြစ်သည်။ قُلۡ أَغَيۡرَ ٱللَّهِ أَبۡغِي رَبًّا وَهُوَ رَبُّ كُلِّ شَيۡءٍۚ وَلَا تَكۡسِبُ كُلُّ نَفۡسٍ إِلَّا عَلَيۡهَاۚ وَلَا تَزِرُ وَازِرَةٌ وِزۡرَ أُخۡرَىٰۚ ثُمَّ إِلَىٰ رَبِّكُم مَّرۡجِعُكُمۡ فَيُنَبِّئُكُم بِمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ١٦٤(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အရှင်မြတ်သည် အရာရာကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌နေပါလျက်နှင့် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်အဖြစ် ရှာ‌ဖွေရဦးမည်‌လော။“ ထို့‌နောက် မည်သူမဆို ရှာ‌ဖွေဆည်းပူးပြုလုပ်ခဲ့လျှင် ထိုသူ၏အ‌ပေါ်၌သာ(တာဝန်)ရှိသည်။ ၎င်းပြင် မည်သည့် သယ်ပိုးသူတစ်ဦးကမှ သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုးမည် မဟုတ်‌ပေ။* ထို့‌နောက် အသင်တို့၏ ပြန်လည်ရာသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ပင် ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား အသင်တို့ ကွဲလွဲခဲ့ကြ‌သော ကိစ္စရပ်များကို အသိ‌ပေး‌တော်မူမည်။ وَهُوَ ٱلَّذِي جَعَلَكُمۡ خَلَٰٓئِفَ ٱلۡأَرۡضِ وَرَفَعَ بَعۡضَكُمۡ فَوۡقَ بَعۡضٍ دَرَجَٰتٍ لِّيَبۡلُوَكُمۡ فِي مَآ ءَاتَىٰكُمۡۗ إِنَّ رَبَّكَ سَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٌ رَّحِيمُۢ ١٦٥အရှင်မြတ်သည်ပင် အသင်တို့အား ‌မြေပထဝီတွင် ကိုယ်စားလှယ်များအဖြစ် ပြုလုပ်‌ပေးသနား‌တော်မူခဲ့သည်။* ၎င်းပြင် အရှင်မြတ်သည်ပင် အသင်တို့အား အရှင်မြတ်‌ပေးထား‌သော ‌ကျေးဇူး‌တော်များနှင့်ပတ်သက်၍ စမ်းသပ်‌တော်မူရန် အသင်တို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းမြင့်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်လျင်မြန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ၎င်းပြင် အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.